← Chapters

အိပ်မက် ကုန်းပြင်မြင့်

Vol. 19 Ch. 215

အိပ်မက် ကုန်းပြင်မြင့်

Vol. 19 Ch. 215

ကျယ်ပြန့် လှသော လွင်ပြင် ကြီး တစ်ခုလုံး ကို ဖုံးလွှမ်း ထားသည့် နံနက်ခင်း မြူခိုး များ ထဲတွင် သွေးနံ့ သင်းသင်းလေး တစ်ခု ပါဝင်နေ၏။

ဤ ဒေသ နှစ်ခု ကြားရှိ နယ်စပ်နေရာလေး မှာ သောင်းနှင့်ချီသော လူများ ၏ အရိုး များနှင့် မြောက်များစွာသော မကျွတ်မလွတ် သေးသည့် ဝိညာဉ် များ ဖြင့် ပြည့်နှက်နေတော့သည်။

လီယွမ် သည် ပါးလွှာသော မြူခိုး များကို ဖြတ်သန်း ကာ အလျင်အမြန် လျှောက်လှမ်းလာခဲ့၏။

ဓားနတ်သမီး လည်း သူ့အနီး မှလိုက်ပါလာခဲ့၏။

လွန်ခဲ့သော နှစ်ပေါင်း သုံးထောင် ခန့် က ဓားနတ်သမီး သည် တောင်ပိုင်း နယ်စပ် ရှိ... နတ်ဆိုး နှိမ် ချောက်နက် မြို့ တွင် သေဆုံး ခဲ့ရသည်။ ဘဝ ၏ အကောင်းဆုံး အချိန် တွင် သူမ သည် နတ်ဆိုး များ၏ ချုံခို တိုက်ခိုက် သတ်ဖြတ် ခံခဲ့ရသည်။

ဓားနတ်သမီး ၏ ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်သော မျက်နှာ ကို ကြည့်ရင်း... လီယွမ် ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှား သွားရတော့၏။

“ဒီ အရူးမ လေး က အဲဒီ အချိန် တုန်းက တိုင်းပြည် နဲ့ လူမျိုး အတွက် အမှုတော် ထမ်းခဲ့တဲ့... သူရဲကောင်းမလေး တစ်ယောက် ဖြစ်ခဲ့မှာ သေချာတယ်”

ထို ခေတ် ထို အခါ က လင်းရှောင် ဓားဂိုဏ်းကြီး သည် ၎င်း၏ အထွတ်အထိပ် သို့ ရောက်ရှိနေပြီး ဓားနတ်သမီး သည်လည်း ခေတ် တစ်ခေတ် ကို လွှမ်းမိုး နိုင်ခဲ့သည့် ပြိုင်ဘက်ကင်း အစွမ်းထက် ပညာရှင် တစ်ဦး ဖြစ်ရာ သူတို့ အနေဖြင့် သေချာပေါက် ကောင်းစွာ ကာကွယ် စောင့်ရှောက် ခံခဲ့ရသင့်၏။

သို့သော် လည်း နတ်ဆိုး နယ်မြေ ၏ အဆက်မပြတ် ကြံစည် မှုများ ကြောင့်... နယ်စပ် တွင် သွေးထွက်သံယို မှုများ ဖြစ်ပွား ခဲ့ရဆဲပင်။

လီယွမ် က တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ဒီ တစ်ကြိမ် တော့ ငါ မင်းကို ဦးဆောင် ပြီး နယ်စပ် ကနေ စတင်ကာ နတ်ဆိုး နယ်မြေ တစ်ခုလုံး ကို ဖြတ်သန်း တိုက်ခိုက် မယ်”

“ဝီ…”

ဓားနတ်သမီး ၏ နှင်းပွင့်ကြွေဓား မှ ရှည်လျား ကျယ်လောင်သော ဓားမြည် သံ တစ်ခု... ထွက်ပေါ်လာတော့၏။

ဓားနတ်သမီး ၏ အနောက် သို့ နှစ်ပေါင်း သုံးထောင် တိုင်အောင်လိုက်ပါ ခဲ့ရသော နှင်းပွင့်ကြွေ နတ်ဘုရား ဓား လည်း ဝိညာဉ် ဆန်မှု အနည်းငယ် ကို ဖွံ့ဖြိုးလာခဲ့ပြီ ဖြစ်ပြီး သွေးစွန်းနေသော မြေကွက် ကြီး က ၎င်း၏ မှတ်ဉာဏ် များကို နိုးထလာစေသည့်နှယ် ပင်။

ဓားနတ်သမီး သည် နှင်းပွင့်ကြွေဓား ၏ အသွား ကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူမ၏ မျက်လုံး များ ထဲတွင် ကြင်နာ ယုယမှု အရိပ်အယောင် လေး တစ်ခု... ပေါ်ထွက်လာတော့၏။

ဓားနတ်သမီး ၏ အသိစိတ် များ အပြည့်အဝ ပြန်လည် နိုးထလာရန် အချိန် သိပ် မလိုတော့ဘဲ...နောက်ဆုံး တွန်းအားလေး တစ်ခုသာ လိုအပ် တော့သည် ဟု... လီယွမ် အပြည့်အဝ ယုံကြည်လာသည်။

‘နောက်ဆုံး အခွင့်အရေး က ဒီနေရာမှာ ရှိနေလောက်တယ်…’

သူတို့ နှစ်ဦး သည် လွင်ပြင် ကြီး ပေါ်တွင် လျှောက်လှမ်းနေကြ၏။

လီယွမ် ၏ စိတ်စွမ်းအား အဆင့် ဖြင့် လူငယ် မျိုးဆက် များ ကြားတွင် ပြိုင်ဘက်ကင်းနေလေပြီ။

ကင်းထောက် ကူကောင် အမြောက်အမြား ဖြင့် အရပ် မျက်နှာ အားလုံး ကို စောင့်ကြည့်နေသဖြင့် မြေအောက် လှုပ်ရှားမှု များကို ပင်လျှင် သူ၏ ထိန်းချုပ် မှု အောက်မှ မလွတ်ကင်း နိုင်ပါချေ။

မကြာမီ မှာပင် လွင်ပြင် ကြီး ပေါ်တွင် ကျက်စားနေသော နတ်ဆိုး ကင်းထောက် အဖွဲ့ ငယ် တစ်ဖွဲ့ ကို သူ ရှာဖွေ တွေ့ရှိလိုက်သည်။

အဆင့် ခြောက် နတ်ဆိုး တစ်ကောင်၊ အဆင့် ငါး နှစ်ကောင် နှင့် အဆင့် လေး အနည်းငယ် တို့ ဖြစ်ကြ၏။

သာမန် ကင်းထောက် အဖွဲ့ တစ်ဖွဲ့ အတွက် ဆိုလျှင် ဤ ဖွဲ့စည်းပုံ မှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်သော်ငြားလည်း ကံမကောင်း စွာဖြင့် သူတို့ သည် လီယွမ် နှင့်လာတွေ့နေ၏။

“ငါ လှုပ်ရှား ရမလား... မင်း လှုပ်ရှား မလား”

လီယွမ် သည် ဓားနတ်သမီး ရှိရာ သို့ လှမ်းကြည့်လိုက်သည်။

နှစ်ပေါင်း များစွာ အတွင်း ဓားနတ်သမီး သည် အထောက်အကူ နှင့် ဝှက်ဖဲ တစ်ခု အဖြစ်သာ အမြဲတမ်း ပါဝင် ခဲ့ပြီး လွတ်လွတ် လပ်လပ် လှုပ်ရှား တာမျိုး ခဲယဉ်း ကာ လီယွမ် ၏ အမိန့် များကို သာ အမြဲတမ်းလိုက်နာခဲ့၏။

ယခု အခါ သူမ ၏ အသိစိတ် ကို ပြန်လည် နိုးထ စေရန် အတွက်... 'အရာဟောင်း' အချို့ ကို သူမ လိုအပ်နေသည်။

ဓားနတ်သမီး နှင့် လီယွမ် တို့ အချင်းချင်း အကြည့် ချင်း ဖလှယ်လိုက်ကြပြီးနောက် ထိုနေရာ မှ ပျောက်ကွယ် သွားကြ ကာ နတ်ဆိုး ကင်းထောက် အဖွဲ့ ၏ အနီးတွင် ပြန်လည် ပေါ်ထွက်လာတော့၏။

“ရွှစ်…”

ဓားသွား က လျှပ်ခနဲ ဝင်းလက် သွားပြီး မျက်တောင် တစ်ခတ် အတွင်း ပျောက်ကွယ် သွားသည်။

အေးစက် လှသော ဓား ချီ စွမ်းအင် က နတ်ဆိုး ကင်းထောက် အဖွဲ့ ၏ ခန္ဓာကိုယ် များကို မျက်တောင် တစ်ခတ် အတွင်း ထိုးဖောက် သွားပြီး သူတို့ကို တုံ့ပြန် ချိန် ပင် မရလိုက်ဘဲ အစိတ်စိတ် အမွှာမွှာ ဖြစ်သွား စေတော့၏။

“မဟုတ်ဘူး... မဟုတ်ဘူး... အဲဒီလို မလုပ်ရဘူး လေ”

လီယွမ် က လျှောက်သွား ရင်း ပြောလိုက် သည်။

“မင်း သယံဇာတ တွေကို အလဟဿ ဖြုန်းတီးနေတာပဲ... နတ်ဆိုး တစ်ကောင် ကို သတ်တဲ့ အခါ သူ့ရဲ့ သေကွင်းသေကွက် ကိုပဲ ရိုက်ပါ... ကျန်တဲ့ အစိတ်အပိုင်း တွေ က ရတနာ တွေ ချည်းပဲ... နားလည်လား”

သူ့စကားအား ဓားနတ်သမီး က နားမလည် သော မျက်နှာ ထား ဖြင့် ခေါင်းညိတ် ပြလိုက်၏။

“ဆက်သွားမယ်”

သူတို့ နှစ်ဦး သည် လွင်ပြင် ကြီး တစ်လျှောက် သွားလာနေကြသည်။ လူ လုံလုံလောက်လောက် သတ်ဖြတ် ပြီး အချိန် လုံလုံလောက်လောက် ကြာအောင်နေထိုင် မည် ဆိုပါက နတ်ဆိုး နယ်မြေ သည် တစ်ခုခု ထူးခြားနေကြောင်း ကို သေချာပေါက် သတိပြု မိမည် ဖြစ်ပြီး သူတို့ကို ရင်ဆိုင် ရန် အတွက် နတ်ဆိုး ကိုးပါး ကို စေလွှတ်လာမည်ပင်။

လီယွမ် သည် တစ်ခါတစ်ရံ မသိလိုက်ဘဲ ကျန်ရစ် ခဲ့သော ရတနာ အချို့ ကို ရှာတွေ့တတ်သည်။ အားလုံး ကို ကောက်ယူ ကာ သူ၏ ရတနာ သိုလှောင် ရာနေရာ ထဲသို့ ထည့်သိမ်းလိုက်၏။

အချိန် တွေ က တရွေ့ရွေ့ ကုန်လွန် သွားခဲ့လေပြီ။

မျက်တောင် တစ်ခတ် အတွင်းမှာပင် လီယွမ် သည် လွင်ပြင် ကြီး တစ်လျှောက် လှည့်လည် သွားလာနေခဲ့သည်မှာ ငါးရက် တိတိ ကြာမြင့်ခဲ့ချေပြီ။ စုစုပေါင်း နတ်ဆိုး ကင်းထောက် အဖွဲ့ ဆယ့်ခြောက် ဖွဲ့ ကို ချေမှုန်း ပစ်နိုင် ခဲ့၏။

ထို အချိန် အတွင်း တာ့ယန် မှ ကင်းထောက် များ သို့မဟုတ် နတ်ဆိုး များကို သတ်ဖြတ် ရန် အုပ်စု ဖွဲ့ထားသော ကျန်းဟူ သိုင်းသမား များ နှင့်လည်း သူတို့ ဆုံတွေ့ ခဲ့ရ၏။

လီယွမ် သည် တမင်သက်သက် ရှောင်ဖယ် ခြင်း မရှိခဲ့ပါချေ။ ဆန့်ကျင်ဘက် အနေဖြင့် သူ၏ နာမည် ကြီးလာ စေရန် သူတို့ကို အသုံးပြု ရန် ရည်ရွယ် ထားခဲ့လေ၏။

အဆင့်နိမ့် နတ်ဆိုး များကို သတ်ဖြတ် ခြင်းက သူ့ အတွက် သိပ်ပြီး အသုံး မဝင် တော့ပါချေ။ သာမန် မူလ ပစ္စည်း များသည် ရှောင်ချိုက် ကို ဆင့်ကဲ ပြောင်းလဲ အောင် ကူညီ ပေးရန် မလုံလောက် တော့ဘဲ... အနည်းဆုံး 'ရေခဲ ခြင်ဆီ ကျောက်စိမ်း အရည်' ၏ အဆင့် သို့ ရောက်ရှိ ရန် လိုအပ် ပြီး အိပ်မက် ရောင်စုံ နတ်မိမယ် နှင့်လည်း လိုက်ဖက် ညီရန် လိုအပ် ၏။

...

မကြာမီ မှာပင်

တောင်ပိုင်း နယ်စပ် နှင့် နတ်ဆိုး နယ်မြေ ကြားရှိ နယ်စပ် ဒေသ သို့ ချီလင် ရောက်ရှိလာပြီ ဖြစ်ပြီး အိပ်မက် ကုန်းပြင်မြင့် တွင် ပေါ်လာ ကြောင်း သတင်းက ဟိုးလေးတကျော် ဖြစ်သွားတော့၏။

နတ်ဆိုး များ အကြောင်း ဖြစ်စေ၊ လူသား မျိုးနွယ်စု ၏ နယ်စပ် အကြောင်း ဖြစ်စေ... ကောလာဟလများ နေရာ အနှံ့ ပျံ့နေတော့သည်။

တာ့ယန် ၏ လူငယ် မျိုးဆက် များ ကြားတွင် စိတ်ပျက် အားလျော့ မှုများ က တစ်နှစ် ကျော်ကြာအောင် စုပုံနေခဲ့ပြီ ဖြစ်ပြီး နတ်ဆိုး များ၏ အတင့်ရဲ မှု ကလည်း ၎င်း၏ အထွတ်အထိပ် သို့ ရောက်ရှိနေကာ 'ချီလင်' ကို သတ်ဖြတ် ပြီး တာ့ယန် စစ်သည် များကို လုံးဝ ဖိနှိပ် ချေမှုန်း ပစ်ရန် အလွန်အမင်း ဆန္ဒ ရှိနေကြ၏။

နှစ်ဖက် စလုံး က ဤ တိုက်ပွဲ ကြီး ကို စောင့်မျှော်နေကြ၏။

‘တစ်နှစ် ကျော် ကြာအောင် ကောလာဟလ တွေ ထွက်ပေါ်နေခဲ့တဲ့ ကူလမ်းစဉ် ရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင် က တကယ်ပဲ အဲဒီ လောက် အစွမ်းထက် လို့လား..

သူ က နတ်ဆိုး ကိုးပါး ထဲက တစ်ယောက် ကို သတ်ဖြတ် နိုင်ပြီး သူရဲကောင်း လေးယောက် ထဲက တစ်ယောက် သေဆုံး ခဲ့ရတဲ့ အရှက်ရ မှုကို ချေဖျက် နိုင်ပါ့မလား..

ပြီးတော့... သူ က နတ်ဆိုး ကိုးပါး ရဲ့ ခေါင်းဆောင် ကျန်းလင်း ကို အနိုင် ယူနိုင်ပါ့မလား’

ချီလင် ပေါ်လာ သည် ဟူသော သတင်း သည် မုရုံစု ၏ နားထဲ သို့ အလျင်အမြန် ရောက်ရှိ သွားတော့၏။

“နောက်ဆုံး တော့ သူ ထွက်လာ ပြီပေါ့လေ...”

မုရုံစု သည် သူ၏ ယပ်တောင်ကို ပိတ်လိုက်သည့်အခိုက် သူ၏ မျက်လုံး များ ထက်ရှနေတော့၏။

“ဒီ ချီလင် က အရင် ကလို ပဲ မာန ကြီးနေတုန်း ပဲ... သူ က ဘာ အောင်မြင်မှု မှ မရသေး ဘူး... ဒါပေမဲ့ သူ့ရဲ့ နာမည် ကတော့ ကောင်းကင် အထိ ရောက်အောင် ကြီးကျယ်နေပြီ”

အိုးရန်ရှန်း က ဆက်ပြောလိုက်သည်။

“ကူလမ်းစဉ် က အခွင့်အရေး ရတုန်း လေး တိုးတက် အောင် လုပ်ဖို့ အမြဲတမ်း ဆန္ဒ ရှိနေခဲ့တာ... လှုပ်ရှား မှု တွေ ပို ကြီးလေလေ... သတင်း တွေ ပို ပြန့်လေလေ... သူတို့ အတွက် ပိုပြီး အကျိုး ရှိလေလေ ပဲ”

မုရုံစု သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး

“မင်း ကိုယ်တိုင် အဲဒီ ကို သွားပြီး လီယွမ် ကို မသတ် နိုင်ရင် တောင်မှ အနည်းဆုံး တော့ သူ့ရဲ့ သွေး နဲ့ ဆံပင် နည်းနည်း လောက် ရအောင် ယူခဲ့ဖို့... နတ်ဆိုး နယ်မြေ ကို သွားပြီး အကြောင်းကြားလိုက်”

အိုးရန်ရှန်း ၏ မျက်လုံး များက အရောင်လက် သွားတော့၏။

“သခင်လေး... သခင်လေး က သူ့ အပေါ်မှာ အနက်ရောင်မှော်ပညာ စမ်းသပ် ဖို့ ရည်ရွယ် ထားတာလား”

“သူ က အဲဒီလို ခံထိုက် ပါတယ်”

မုရုံစု က အဓိပ္ပာယ် ပါပါ ပြုံးလိုက် ၏။

“သူ က လီယွမ် ပဲ ဖြစ်ဖြစ် ချီလင် ပဲ ဖြစ်ဖြစ် သတ်ပစ် ဖို့ တန်ပါတယ်... အဲဒါ က ငါတို့ အတွက် အကျိုး ပဲ ရှိစေမှာပါ”

အရေး အကြီးဆုံး အချက် မှာ သူ လီယွမ် ကို ရှာမတွေ့ နိုင်ခဲ့ခြင်း ပင် ဖြစ်ပြီး သဲကန္တာရ ထဲမှ လူများ ကလည်း အလွန်အမင်း မကျေမနပ် ဖြစ်နေကြပြီ ဖြစ်၏။

သဲကန္တာရ သို့ ပြန်ရောက် ပြီးနောက် သူတော်စင်မလေး နင်ဟုန်ယွီ သည် အစွမ်းထက် သော နည်းလမ်း အများအပြား ကို ထုတ်ဖော် ပြသ ခဲ့ပြီး သူစိမ်း နယ်မြေ တွင် သူမ အတွက်နေရာ တစ်နေရာ ဖန်တီး နိုင်ခဲ့သည် ဟု ကောလာဟလ များ ထွက်ပေါ်နေ၏။

ယနေ့ အခါ နင်ဟုန်ယွီ သည် သဲကန္တာရ ထဲရှိ လူများစွာ ၏ ယုံကြည် မှုကို ရရှိနေခဲ့ပြီပင်။

သဲကန္တာရ နိုင်ငံ ကြီး ဆယ့်ခြောက် နိုင်ငံ မှ အဆင့်မြင့် အရာရှိ ကြီးများ အကြား တွင် နင်ဟုန်ယွီ ထီးနန်း တက်ရန် နှင့် ဘုရင်မ အဖြစ် ကြေညာ ရန် ထောက်ခံ သူ အများအပြား ရှိနေ၏။

ဤ အရာ အားလုံး ၏ အဓိက အကြောင်းရင်း မှာ နင်ဟုန်ယွီ ၏ အာဏာရှင် ဆန်သော ကိုယ်ရည် ကိုယ်သွေး ကြောင့် မဟုတ်ဘဲ... သူမ ၏ သန့်စင်သော သွေး မျိုးဆက် က ဝိညာဉ် အပျက်အစီး နယ်မြေ ( လင်းရွှီ) ဆယ့်ခြောက် ခု စလုံး ၏ အသိအမှတ်ပြု မှုကို ရရှိ ခဲ့သောကြောင့် ပင် ဖြစ်ပြီး သူမအား အစွမ်းထက်လာစေရန် အရင်းအနှီးကြီး တစ်ခု ဖြစ်လာ စေခဲ့လေ၏။

သဲကန္တာရ တွင် သွေး မျိုးဆက် က အရာ အားလုံး ပင် ဖြစ်၏။

ဤမျှ သန့်စင် သော သွေး မျိုးဆက် ၏ ရှေ့တွင် တစ်စုံတစ်ယောက် ၏ မူလ ဇာစ်မြစ် ဆိုသည်မှာ အရေး မကြီး တော့ပါချေ။ နင်ဟုန်ယွီ ဘုရင်မ ၏ ထီးနန်း သို့ တက်လှမ်း ရန် ဆိုသည်မှာ အချိန် ပြဿနာ တစ်ခု သာ ဖြစ်ပြီး သူမ ကို တားဆီး ရန် ကြိုးစားနေသော ခေါင်းမာ သူ အနည်းငယ် မျှသာ ရှိနေတော့သည်။

နင်ဟုန်ယွီ ပိုမို ကောင်းမွန် စွာ လုပ်ဆောင် နိုင်လေလေ... လီယွမ် သေဆုံး ရမည် ဟူသော အကြောင်းရင်း က ပိုမို ခိုင်မာလာလေလေ ပင်။

ထို့ကြောင့် မုရုံစု အနေဖြင့် တစ်ကြိမ် လောက်တော့ စမ်းသပ် ရလေမည်။ ချီလင် သည် လီယွမ် ဖြစ်သည် ဖြစ်စေ မဖြစ်သည် ဖြစ်စေ... မိမိ၏ အကောင်းဆုံး ဝှက်ဖဲ အချို့ ကို အသုံးပြုလိုက်၏။

ထိုသို့ သာ မဟုတ်လျှင်... သဲကန္တာရ က မိမိကို အကူအညီ ပေးရန် ရပ်တန့်လိုက်သည် နှင့် မိမိ၏ အခြေအနေ မှာ ပို၍ပို၍ ခက်ခဲလာမည်ပင်။

“လက်အောက်ငယ်သား နားလည် ပါပြီ”

အိုးရန်ရှန်း သည် အမိန့် ကို လက်ခံလိုက်ပြီး ထွက်ခွာ သွားတော့၏။

...

နတ်ဆိုး နယ်မြေ။

အိပ်မက် စခန်း တွင်…

“အနီရင့်ရောင် အကြေးခွံ နတ်ဆိုး သူတော်စင် ကို သတင်း ပို့ပါတယ်... ကျွန်တော် တို့နဲ့ ပူးပေါင်းနေတဲ့ သခင်လေး ကျန်း က စာ တစ်စောင် ထပ်ပို့လိုက်ပါတယ်... နယ်စပ် မှာ ရှိတဲ့ အိပ်မက် ကုန်းပြင်မြင့် ကို ချီလင် ရောက်နေပြီ လို့ စာထဲမှာ ပါပါတယ်”

နတ်ဆိုး ကင်းထောက် တစ်ကောင် က အရေးပေါ် အစီရင်ခံ စာ တစ်စောင် ကိုလာရောက် ပေးပို့ သည်။

လူ့ အရေခွံ ဖြင့် ရက်လုပ် ထားသော ကုလားထိုင် ပေါ်တွင် နတ်ဆိုး သူတော်စင် ကျန်းလင်း က သရော် သည့် လေသံ ဖြင့် ရယ်လိုက်ပြီး သူ၏ အကြေးခွံ များဖြင့် ဖုံးလွှမ်းနေသော လက်များ က ကလေး အရိုး တစ်ချောင်း ကို ဆော့ကစားနေ၏။

“သတင်း က ယုံကြည် စိတ်ချ ရရဲ့လား”

“ယုံကြည် ရပါတယ်”

ကင်းထောက် က ပြန်လည် ဖြေကြားလိုက်သည်။

“မကြာသေးခင် က အိပ်မက် ကုန်းပြင်မြင့် မှာ ရှိတဲ့ ကင်းထောက် အဖွဲ့ တွေ အများကြီး အထိနာ ခဲ့ပြီး ထိပ်တန်း အဖွဲ့ တွေ အများကြီး လုံးဝ ချေမှုန်း ခံလိုက် ရပါတယ်... အဲဒါ ကို ချီလင် လုပ်ခဲ့တာ ဖြစ်ပြီး တာ့ယန် ဘက် မှာလည်း သတင်း တွေ ပြန့်နေပါတယ်”

“ဒါ က ငါတို့ ကိုးပါး ကို စိန်ခေါ် တာပဲ”

ကျန်းလင်း ၏ စိတ်ဝင်စား မှုများ မြင့်တက်လာတော့၏။

“ကူလမ်းစဉ် ရဲ့ ပါရမီရှင် ချီလင် ဟုတ်လား... ဘာအောင်မြင် မှု မှ အခိုင်အမာ မရှိပေမဲ့ တကယ့်ကို မာန ကြီးတာပဲ”

“ဒီနေရာ ကိုလာခဲ့ဖို့ ဈာပန ထုံးစံ နဲ့ ဂူ တစ်ထောင် ကို သွားပြီး အကြောင်းကြားလိုက်”

ချီလင် တွင် တိုက်ပွဲ မှတ်တမ်း မရှိသော်ငြားလည်း ကျန်းလင်း သည် သူ တစ်ယောက်တည်း တိုက်ခိုက်ဖို့ လုံးဝ မတွေးထား ခဲ့ပါချေ။ အကူအညီ အတွက် သူ၏ သူငယ်ချင်း များကို ဖိတ်ခေါ် ရမည်။ လူကြီး မျိုးဆက် များနှင့် လူငယ် မျိုးဆက် များ အားလုံး ထိုနေရာတွင် ရှိနေရလေမည်။

လူငယ် မျိုးဆက် များသည် သူတို့ တစ်ယောက်တည်း မနိုင်သည့် အခါ ဝိုင်းအုံ တိုက်ခိုက် ရန် တာဝန် ယူထား ကြ၏။

လူကြီး မျိုးဆက် များသည် အခြေအနေ များ ပြိုကျ ပျက်စီး တော့မည့် အချိန်တွင် စားပွဲ ကို မှောက်လှန် ပစ်ရန် တာဝန် ယူထား ကြသည်။

“ချီလင်.. ချီလင်.. အရမ်းကို မာန ကြီးလွန်း တယ်... ကျူးယန် တံခါးဝ မှာ သူရဲကောင်း လေးယောက် ထဲက ချင်းချန် ကို သူ အပြတ်အသတ် ရိုက်နှက် ခဲ့ပြီး ကြွားလုံး ထုတ်တဲ့ စကား တွေ ပြောခဲ့လို့ သိုင်းလောက တစ်ခုလုံး ဒေါသ ထွက်နေကြတာ... သူ့မှာ အသင်းအဖွဲ့ ဆိုလို့ ဘယ်သူ မှ ကျန်တော့မှာ မဟုတ်ဘူး မလား”

“သူ့ကို လုပ်ကြံ သတ်ဖြတ် ဖို့ နည်းလမ်း တစ်ခု ရှာရမယ်”

Book 19 end.

All Chapters