← Chapters

အခန်း ၃၇၀

Vol. 30 Ch. 370

အခန်း ၃၇၀

Vol. 30 Ch. 370

အခန်း (၃၇၀) 【 ရွှေရောင်မျိုးနွယ်စု၏ ရဲစွမ်းသတ္တိ 】

သူမ၏ ရထားကို ဤနေရာသို့ တည်နေရာ ရွှေ့ပြောင်းလာခဲ့သော ကျောက်လင်က အနောက်သို့ လှည့်ကြည့်လိုက်ရာ ရဲချီယန်၏ လက်ချောင်းထိပ်ဖျားလေးများထက်တွင် လည်ပတ်နေသည့် ငွေဖြူရောင် ကတ်ပြားလေးကို မြင်လိုက်ရသဖြင့် အနည်းငယ် မှင်တက်သွားလေ၏။ သူမ၏ ရင်ခုန်သံများက အကြောင်းရင်းမသိရဘဲ မြန်ဆန်လာခဲ့ချေပြီ။

ပြင်းပြလှသော ပိုင်ဆိုင်လိုစိတ် တစ်စုံတစ်ရာက သူမ၏ ရင်တွင်းအောက်ခြေဆီမှ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။ ဤကဲ့သို့သော ခံစားချက်မျိုးကို သူမ နောက်ဆုံးအကြိမ် ခံစားခဲ့ရသည်မှာ ယဇ်ပလ္လင်၏ ထိပ်ဆုံးသို့ လျှောက်လှမ်းသွားပြီး လောင်းကစား ကတ်ပြား ခဲ၊ ကတ်ကြေး၊ စက္ကူဂိမ်းကို မြင်တွေ့ခဲ့ရစဉ်ကပင် ဖြစ်ပေ၏။

"အစ်ကိုချီယန်... ဒီကတ်က"

"လောင်းကစား ကတ်ပြားတစ်ခုလေ။ အရင်ကလည်း မင်း ဒီလိုပုံစံမျိုးတွေကို မြင်ဖူးမှာပါ။ လိုချင်လို့လား"

"လိုချင်တယ်... အာ၊ မဟုတ်ဘူး... မဟုတ်ဘူး။ ဟိုလေ... ဘာပဲဖြစ်ဖြစ် အဲ့ဒီ့ပစ္စည်းက အစ်ကို့ဟာလေ..."

သူမက ရင်တွင်းအောက်ခြေမှ အမှန်ကန်ဆုံးသော အတွေးများကို အလိုအလျောက် ဗြုန်းကနဲ နှုတ်မှ ထုတ်ပြောမိသွားခြင်း ဖြစ်၏။ မျက်လုံးများအတွင်းရှိ ပြင်းပြသော ဆန္ဒကိုတော့ မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။

"မင်း လိုချင်တယ်ဆိုရင်လည်း ကိုယ် ရောင်းပေးမှာပေါ့"

"တကယ်လား။ ကျေးဇူးတင်ပါတယ် အစ်ကိုချီယန်။ ဒါဆို... ဈေးနှုန်းက ဘယ်လောက်လဲ"

ရဲချီယန်က လက်ထဲရှိ ကတ်ပြား အစီအစဉ်ကို ပေါ့ပေါ့ပါးပါး မြှောက်ဆော့လိုက်ရာ ကျောက်လင်၏ အကြည့်များကလည်း လန်ထွက်နေသော ကတ်ပြားလေးနှင့်အတူ လိုက်ပါ ရွေ့လျားနေတော့၏။ ဤမျှလောက်အထိ ဖြစ်နေသည့်တိုင် ဈေးနှုန်းကို မေးမြန်းရန် သတိရနေသေးခြင်းကပင် သူမအတွက် အတော်လေးကို ဂုဏ်ယူဖွယ်ကောင်းလှပေသည်။

"မင်း ဘယ်လိုထင်လဲ"

"မင်းအတွက် ကတ်ပြား အစီအစဉ်တစ်ခုက ဘယ်လောက်တန်ဖိုး ရှိသင့်တယ်လို့ ထင်လဲ"

ရဲချီယန်က မေးခွန်းကို ကျောက်လင့်ထံသို့သာ ပြန်လည် ပစ်ပေါက်ပေးလိုက်လေ၏။

"..."

တိတ်ဆိတ်မှု။ ပြင်းပြသောဆန္ဒ။ လွန်ဆွဲနေသော အတွေးများ... ခံစားချက် အသီးသီးက လေထုပြင်ကို လွှမ်းမိုးသွားတော့သည်။

"ခဏလေးနော်... ကျွန်မ စဉ်းစားပါဦးမယ်"

အမှန်တကယ်တော့ စဉ်းစားနေစရာ ဘာမှမရှိခဲ့ချေ။

ကျောက်လင်က သူမ၏ ရထားဆီသို့ ပြန်သွားလေ၏။ သူမက မကြာမီကမှ ရရှိထားခဲ့သော ရထားဒင်္ဂါး ခုနစ်ရာကျော်ကို ထုတ်ယူလိုက်ပြီးနောက် အနည်းငယ် တွေဝေသွားကာ ရထားတွဲတစ်ခုအတွင်းမှ ဂရုတစိုက် သိမ်းဆည်းထားခဲ့သော သေတ္တာအချို့ကိုပါ ထပ်မံ ထုတ်ယူလာခဲ့သည်။

"ဒါတွေ... ပြီးတော့ ဒါတွေနဲ့ဆိုရင် စုစုပေါင်း ရထားဒင်္ဂါး (၇၆၆) ပြား ရှိပါတယ်။ အကယ်၍ ဒါတောင် မလုံလောက်သေးဘူးဆိုရင် ကျွန်မဆီမှာ ကျန်တော့တာ ဒါတွေပဲ ရှိပါတော့တယ်... အစ်ကိုချီယန်၊ ဒီထဲမှာ အစ်ကို လိုချင်တဲ့ပစ္စည်းများ ပါမလား"

ရဲချီယန်၏ အကြည့်များက ရထားဒင်္ဂါးများပေါ်သို့ မကျရောက်ခဲ့ဘဲ သေတ္တာများပေါ်သို့သာ ကျရောက်သွားလေ၏။ ထိုသေတ္တာများအတွင်း၌ အဆင့်နိမ့် ပစ္စည်းများနှင့် ပုံစံကြမ်းများ ပါဝင်နေပေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ၎င်းတို့မှာ ကျောက်လင်က ရတနာသေတ္တာများထဲမှ ဖွင့်ဖောက် ရရှိထားခဲ့သောအရာများဖြစ်ကြောင်း အလွန် သိသာလှ၏။ အဆင့်များမှာ သိပ်ပြီး မမြင့်မားလှဘဲ အားလုံးက အဆင့် (၅) သို့မဟုတ် (၆) ဝန်းကျင်ခန့်သာ ရှိကြပေသည်။

ရဲချီယန်က အရောင်းအဝယ်ပြုလုပ်ရန် လောဆော်မနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်လင့်ထံ လာရောက်ရခြင်းမှာ ငွေရှာရန် သက်သက်အတွက် မဟုတ်သောကြောင့်ပင်။ အရေးအကြီးဆုံးသော ကိစ္စတစ်ခုတည်းသာ ရှိလေ၏။

"မလောပါနဲ့၊ ကိုယ့်ကို အကူအညီတစ်ခုလောက် ပေးပါ"

ဝေါလီက အဆုံးစွန်သော ကံကောင်းခြင်း ရတနာသေတ္တာကို ခေါင်းပေါ်တွင် တင်ကာ ဟန်ချက်ညီညီဖြင့် အရှိန်အဟုန်ပြင်းစွာ ပြေးလာပြီး ရဲချီယန့်ထံသို့ ကမ်းပေးလိုက်လေ၏။

"ရတနာသေတ္တာတစ်ခုလား။ အကူအညီ ဟုတ်လား။ ရပါတယ်... အစ်ကိုချီယန် ကျွန်မကို ဘာလုပ်ပေးစေချင်လို့လဲ"

ရဲချီယန်က ရတနာသေတ္တာ၏ ဖွင့်လှစ်သော ခလုတ်ပေါ်သို့ လက်တင်လိုက်ပြီး ကျောက်လင့်အား နွေးထွေးစွာ ပြုံးပြလိုက်လေသည်။

"ကိုယ့်အတွက် ကံကောင်းစေဖို့ ဆုတောင်းပေးပါ"

သူ ကံကောင်းခြင်း အနည်းငယ်ကို လိုအပ်နေခဲ့၏။ ကျောက်လင်၏ ကောင်းချီးပေးမှုက စနစ်ပေါ်တွင် လုံးဝ ထွက်ပေါ်လာမည် မဟုတ်လျှင်တောင်မှပေါ့။ သို့သော်... ကံကောင်းခြင်းဆိုသည်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်တည်း။ မကြာခဏဆိုသလို လူများတွင် လိုအပ်နေတတ်သောအရာမှာ ထိုသေးငယ်ပြီး အရေးမပါလှသည့် ကံကောင်းခြင်း အနည်းငယ်လေးသာ ဖြစ်ပေသည်။ ကျောက်လင်၏ ပါရမီစွမ်းရည်... ပိုမှန်အောင် ပြောရလျှင် သူမ၏ တည်ရှိနေမှု ကိုယ်တိုင်ကပင် တစ်စုံတစ်ယောက်အား ထိုကံကောင်းခြင်း အနည်းငယ်ကို ပေးအပ်နိုင်စွမ်း ရှိနေပေ၏။

"ဟူး..."

ကျောက်လင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ ကတ်ပြား အစီအစဉ်ကြောင့် လှုပ်ခတ်နေခဲ့သော စိတ်အာရုံမှာ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ သူမက ရဲချီယန့်ရှေ့သို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသွားလေ၏။ သူ၏ အနည်းငယ် အံ့သြနေသော အကြည့်များအောက်တွင် သူမက ရဲချီယန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် အလွန်အမင်း ရိုးသား လှိုက်လှဲသော လေယူလေသိမ်းဖြင့်၊ သူတို့ နှစ်ဦးတည်းသာ ကြားနိုင်သော အသံလေးကို အသုံးပြုကာ ကောင်းချီးပေးလိုက်လေတော့သည်။

"အစ်ကိုချီယန်... ကံကောင်းပါစေနော်"

【 ရတနာသေတ္တာ ဖွင့်လှစ်ခြင်း — — 】

ရဲချီယန်၏ လက်က အလိုအလျောက် ဖိနှိပ်မိလျက်သား ဖြစ်သွား၏။ ထိုနောက် ချက်ချင်းဆိုသလိုပင် ပွင့်ဟသွားသော အဆုံးစွန်သော ကံကောင်းခြင်း ရတနာသေတ္တာဆီမှ ရွှေရောင် အလင်းတန်းကြီးတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။

ဒါက... ပစ္စည်းကောင်းတစ်ခု ထွက်လာတာများလား။

ထူးဆန်းသော တုန်ခါမှုလှိုင်းများက လေထုပြင်အတွင်း၌ အကြောင်းရင်းမသိရဘဲ ထွက်ပေါ်လာလေ၏။ ၎င်းမှာ စွမ်းအားဟုခေါ်သော တုန်ခါမှုလှိုင်းတစ်ခုပင်တည်း။ တခြားသော မည်သည့် တည်ရှိမှုနှင့်မျှ ရောနှောမနေသည့် သန့်စင်သော စွမ်းအားသက်သက်ပင်။ ဤအခိုက်အတန့်၌ ထိုတုန်ခါမှုကို ခံစားမိသူတိုင်းသည် အံ့သြတကြီး ရေရွတ်မိကြပေလိမ့်မည်။

"ဒါက... စွမ်းအားလား" ဘယ်လို စွမ်းအားမျိုးလဲ။ သန့်စင်လှတဲ့ စွမ်းအားကြီးပဲ။

"မဟုတ်သေးဘူး... ဒီခံစားချက်က... နည်းနည်း ရင်းနှီးနေသလိုပဲ"

ရဲချီယန်က ၎င်းနှင့် ဆင်တူသောအရာတစ်ခုခုများ ရှိမရှိ သိနိုင်ရန် သူပိုင်ဆိုင်ထားသော ပစ္စည်းများကို ခေါင်းထဲ၌ ဆက်တိုက် ပြန်လည် စဉ်းစားနေမိ၏။

"ရွှေရောင်... ရွှေရောင် အပြင်းအထန်တိုက်ခိုက်မှု ကတ်ပြားများလား"

ဟုတ်တယ်။ ဤစွမ်းအားက ရဲချီယန်အတွက်တော့ ထို ရွှေရောင် အပြင်းအထန်တိုက်ခိုက်မှု ကတ်ပြား ကြီးနှင့် လုံးဝကို ထပ်တူကျနေခဲ့ပေသည်။

ဝုန်း ဝုန်း ဝုန်း

နားကွဲမတတ် ဟိန်းဟောက်သံကြီးကြောင့် သူက နားနှစ်ဖက်ကို အလိုအလျောက် ပိတ်ဆို့ထားလိုက်မိတော့၏။ သို့သော် အသံကြီးက သူ၏ လက်ဖဝါးပြင်များကို ထိုးဖောက်ကာ နားစည်အတွင်းပိုင်းအထိ တိုက်ရိုက် ရောက်ရှိလာသည်။ အလွန် ဆူညံလွန်းလှ၏... ၎င်းမှာ တိုက်ပွဲတစ်ခုဆီမှ ထွက်ပေါ်လာတတ်သော ထိုကဲ့သို့သော ဆူညံသံမျိုးပင် ဖြစ်ချေသည်။

ဒင်

ညင်သာသော တုန်ခါသံလေးတစ်ခု

အနီးအနားတွင် တိတ်ဆိတ်စွာ စောင့်ကြပ်နေခဲ့သော မျက်ရည်နီက ချက်ချင်း ဓားကို ဆွဲထုတ်လိုက်လေ၏။ သူမက ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသော ရတနာသေတ္တာဆီသို့ ခပ်ပြင်းပြင်း တစ်ချက် ခုတ်ပိုင်းချလိုက်တော့သည်။

"ရပ်လိုက်စမ်း"

အမိန့်ကို ထုတ်ပြန်လိုက်ချေပြီ

မျက်ရည်နီက သူမ၏ ဓားကို ချက်ချင်း ရပ်တန့်လိုက်၏။ သူမ တစ်ယောက်တည်းသာမက တစ်ချိန်တည်းမှာပင် ရတနာသေတ္တာအတွင်းရှိ တည်ရှိမှုကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသော လီဆက်နှင့် အီဗ်တို့သည်လည်း ရဲချီယန်၏ တားဆီးခြင်းကို ခံလိုက်ကြရပေသည်။ သူတို့၏ အကြည့်များအတွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည့်တိုင် ရဲချီယန်ကတော့ အလင်းတန်းများကို ဆက်လက် တောက်ပခွင့်ပြုထားရန်သာ ရွေးချယ်လိုက်လေတော့သည်။

ရဲချီယန်၏ ဘေးနားတွင် ကျောက်လင်က သူ၏ ဘေးတိုက် မျက်နှာပြင်ကို ငေးမောစွာ စိုက်ကြည့်နေမိ၏

"အစ်ကိုချီယန်က... ပြုံးနေတာလား"

"ဒီလောက်တောင် အန္တရာယ်များတဲ့ မြင်ကွင်းကြီးဖြစ်နေတာတောင်မှ၊ သူကိုယ်တိုင် ဒဏ်ရာရနေခဲ့ပြီ ဖြစ်တာတောင်မှလေ"

"ဘာဖြစ်လို့ သူက... ပြုံးနေရတာလဲ"

ရဲချီယန်က သေချာပေါက် ပြုံးရပေမည်။ အဘယ်ကြောင့်ဆိုသော် ဤရတနာသေတ္တာအတွင်းရှိ ပစ္စည်းက ဤမျှလောက် ကြီးမားသော လှုပ်ခတ်မှုကို အမှန်တကယ် ဖြစ်ပေါ်စေနိုင်ခဲ့ပြီဖြစ်ရာ သံသယဝင်စရာပင် မလိုတော့ချေ။ ၎င်းမှာ သေချာပေါက် အဆင့် (၉) ပစ္စည်းတစ်ခု ဖြစ်ရပေမည်။ အကယ်၍ အဆင့် (၉) ပစ္စည်းတစ်ခုကသာ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ခံယူလိုက်မည်ဆိုပါက ၎င်း၏ အလားအလာသည် အဆင့် (၁၀) သို့ မရောက်ရှိနိုင်လျှင်တောင်မှ သူ အဆင့်မြင့် အသွင်ကူးပြောင်းပြီးသားဖြစ်သော အဆင့် (၈) ပစ္စည်းများ၏ ရလဒ်ထက်ကိုတော့ သေချာပေါက် သာလွန်နေပေလိမ့်မည်။

"မင်းက အတိအကျ ဘာကြီးလဲဆိုတာ ကြည့်ရသေးတာပေါ့"

အလင်းတန်းများက မှေးမှိန် ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။ ၎င်းမှာ ရန်စနေခြင်းတစ်ခုများလား။ မဟုတ်ပေ။ ၎င်းက ရဲချီယန် ကိုယ်တိုင် ဦးဆောင်လှုပ်ရှားကာ လက်ဆန့်ထုတ်ပြီး ရတနာသေတ္တာအတွင်းရှိ ပစ္စည်းကို ဆုပ်ကိုင်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းသာ ဖြစ်လေတော့သည်။

【 ပုန်ကန်မှု 】

နတ်ဆိုး စွမ်းအားများ စီးဆင်း ပေါင်းဆုံခြင်း

ရဲချီယန်၏ ဘယ်ဘက် မျက်လုံးအိမ်မှာ နက်မှောင်သော အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏။

အနက်ရောင် ကြက်တောင်များ၊ သေဆုံးခြင်းတရား။ ကြိုတင်သတိပေးသူ၏ နတ်ဆိုးစွမ်းအားများသည် ရဲချီယန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင် ပေါင်းစပ်သွားလေပြီ။

အနက်ရောင် ကြက်တောင်မုန်တိုင်းတစ်ခုက သူ၏ ညာလက်ဖဝါးဆီတွင် စုစည်းလာသည်။ သူက အရှေ့သို့ လက်ဆန့်ထုတ်လိုက်၏။ ထိုရွှေရောင် အလင်းတန်းများ၏ အနက်ရှိုင်းဆုံးနေရာအထိ သူ ထိုးဖောက် ဝင်ရောက်သွားသည်အထိပင် ပူပြင်းလှ၏... လောင်ကျွမ်းမတတ် ပူလောင်နေပြီး အစွမ်းထက်လှပေသည်။ လွင့်မျောကြယ် သန့်စင်သော အမှတ်အသားက ချက်ချင်း အသက်ဝင်လာတော့၏။ စတင် ရရှိကတည်းက တစ်ကြိမ်တစ်ခါမျှ ပြောင်းလဲသွားခြင်းမရှိခဲ့သော လွင့်မျောကြယ် သန့်စင်သော အမှတ်အသားသည် ယခုအခါ သွေးကဲ့သို့ နီရဲနေသည့် ခမ်းနား ကြီးကျယ်လှသော အလင်းတန်းများကို ဖြာထွက်နေခဲ့ချေပြီ။

အတွင်းပိုင်းဆီသို့ တဖြည်းဖြည်း ရွေ့လျားသွား၏။ တစ်စစီ၊ အရှေ့သို့ အဆက်မပြတ် တိုးဝင်သွားလေသည်။ နောက်ဆုံးတွင်တော့... သေတ္တာအတွင်း၌ တည်ရှိနေသော ထိုအရာဝတ္ထုကို သူ မြဲမြံစွာ ဆုပ်ကိုင်လိုက်နိုင်လေတော့သတည်း။

【 ဒင်... ဒင်... ဒင်... ဒင်... 】

စနစ်၏ အလင်းမျက်နှာပြင်ပြင်ကြီးသည် ရွှေရောင် အလွှာတစ်ခုဖြင့် လုံးဝ ဖုံးလွှမ်းသွားတော့သည်။

【 ဂုဏ်ပြုပါတယ်... သင်သည် အဆုံးစွန်သော ကံကောင်းခြင်း ရတနာသေတ္တာကို ဖွင့်လှစ်လိုက်ပါပြီ 】

【 ရရှိပါသည် 】

【 အဆင့် (၉) ပစ္စည်း 】 【 ရွှေရောင်မျိုးနွယ်စု၏ ရဲစွမ်းသတ္တိ 】

ထိုအရာက ရွှေတုံးတစ်တုံး ဖြစ်နေခဲ့၏။ ဟုတ်တယ်။ ၎င်းမှာ ရွှေတုံးတစ်တုံး သက်သက်မျှသာ ဖြစ်နေခဲ့သည်။ ၎င်း၏ အသွင်သဏ္ဌာန်အရပဲဖြစ်ဖြစ်၊ ထိတွေ့ရသော ခံစားချက်အရပဲဖြစ်ဖြစ်၊ ၎င်းမှာ ရွှေစစ်စစ်ပင် ဖြစ်၏။

သို့သော်... ၎င်းက သာမန် ရွှေတုံးတစ်တုံး သက်သက်ပဲလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

【 ရွှေရောင်မျိုးနွယ်စု၏ ရဲစွမ်းသတ္တိ (အဆင့် ၉) 】 【 မည်သည့် ကာကွယ်ရေး ပစ္စည်းနှင့်မဆို ပေါင်းစပ်နိုင်သည်။ ပေါင်းစပ်ပြီးနောက် အမည်မသိ အထူး အကျိုးသက်ရောက်မှု တစ်ရပ်ကို ရရှိမည် ဖြစ်သည် 】

【 မှတ်ချက် ရွှေရောင်မျိုးနွယ်စု ကောင်းကင်ကို သတ်ဖြတ်၊ မြေကြီးကို သတ်ဖြတ်ကာ အရာအားလုံးကို သတ်ဖြတ်ခဲ့ပြီး ပျောက်ကွယ် တိမ်းကောသွားခဲ့ပြီဖြစ်သော မျိုးနွယ်စုတစ်ခု ဖြစ်သည်။ သူတို့သည် ကောင်းကင်တမန်များထက် ပို၍ ကြင်နာတတ်ကာ၊ နတ်ဆိုးများထက် ပို၍ ဆိုးသွမ်းယုတ်မာပြီး နတ်ဘုရားများထက် များစွာ ပို၍ အစွမ်းထက်ကြသည်။ လူသားများနှင့် နှိုင်းယှဉ်လျှင်တော့... သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူတို့ ကျရှုံးသွားခဲ့ကြဆဲပင် ဖြစ်၏ 】

【 မှတ်ချက် ၂ ရဲစွမ်းသတ္တိ တိုက်ခိုက်မှုများ အားလုံးက သင့်အပေါ် မည်သည့် အကျိုးသက်ရောက်မှုမှ မပေးနိုင်တော့သရွေ့ သင့်မှာ ရဲစွမ်းသတ္တိ မရှိဘူးလို့ ဘယ်သူက ဆိုနိုင်တော့မှာလဲ 】

ရွှေရောင်မျိုးနွယ်စု။ ဤမျိုးနွယ်စု၏ နာမည်ကို ရဲချီယန် ကြားဖူးသည်မှာ ဒါဒုတိယမြောက်အကြိမ် ဖြစ်လေ၏။ ပထမဆုံးအကြိမ်ကတော့ သေဆုံးသွားပြီဖြစ်သော နတ်ဘုရားတစ်ပါး၏ နှုတ်မှ ကြားခဲ့ရခြင်း ဖြစ်သည်။ ဤမျိုးနွယ်စုမှာ အလွန်အမင်းကို ထူးခြား ဆန်းကြယ်နေပုံရပေ၏။

"အစ်ကို... အစ်ကိုချီယန်..."

ရဲချီယန်က ထိုရွှေတုံးကို ထုတ်ယူလိုက်သည့် အခိုက်အတန့်မှာပင် သူ၏ ဘေးနားဆီမှ ဘု ဟူသော လဲကျသံတစ်ခု ထွက်ပေါ်လာလေ၏။ အသံထွက်လာရာသို့ သူ လှမ်းကြည့်လိုက်သောအခါ တစ်ကိုယ်လုံးတွင် ကံဆိုးခြင်း အနက်ရောင် အလင်းရောင်ဝန်းများဖြင့် ဖုံးလွှမ်းနေသော ကျောက်လင်ကို မြင်လိုက်ရပေသည်။

ရဲချီယန်က သူမ၏ ခန္ဓာကိုယ်ကို ထိန်းကိုင်ပေးလိုက်ပြီး မျက်နှာ ဖြူဖျော့ကာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရသော ကျောက်လင်ကို ကြည့်လျက် ဗိုက်စင်သီး တစ်လုံးကို တိတ်တဆိတ် ထုတ်ယူလိုက်လေသည်။

"ဒါလေး စားလိုက်ဦး"

"အစ်ကို... အစ်ကိုချီယန်... ကျွန်မရဲ့ ကံကောင်းမှုက အသုံးဝင်ခဲ့ရဲ့လား" ကျောက်လင်က မေးမြန်းလာ၏။

"အင်း... အများကြီး အသုံးဝင်ခဲ့ပါတယ်"

"မင်း အများကြီး ကူညီပေးနိုင်ခဲ့တာပဲ"

All Chapters