အခန်း ၉၇
Vol. 10 Ch. 97
အပိုင်း ၉၇ - မှတ်ဉာဏ်များကို စစ်ဆေးခြင်း
"လင်းစုယွီ... နင် ဘာလို့ ဟောင်ကောင်ကို ရောက်လာရတာလဲ။ နင်သာ ရောက်မလာရင် ဒါမျိုးတွေ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ အခု နင်လာတာ ငါ့ကို လှောင်ပြောင်ဖို့လား၊ ဒါမှမဟုတ် ဟားးဖို့လား"
ဒီအချိန်မှာတော့ လင်းမိသားစုရဲ့ ပထမသခင်လေးဟာ ငြိမ်သက်နေတဲ့ ရေပြင်လို တည်ငြိမ်နေသည်။ လင်းဟွာရှန်းက သူ့ကို စွန့်လွှတ်လိုက်စည့်အချိန်ကတည်းက သူဟာ သူ့ရဲ့နိဂုံးကို ကြိုတင်တွက်ဆထားပြီးသားပါ။ ဒါကြောင့် လင်းစုယွီနဲ့ ပြန်တွေ့တဲ့အခါ သူဟာ အေးအေးဆေးဆေးပဲ ရင်ဆိုင်နိုင်ခဲ့သည်။
"အဲလိုပြောတာတော့ မှားတာပေါ့။ ရှင် ဒီလိုဖြစ်သွားရတာ ကျွန်မကြောင့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှင့်ရဲ့ ညီမအရင်း လင်းရှင်းယောင်သာ လောဘတက်ပြီး ပိုင်မိသားစုဆီမှာ လာပြီး ဆွေမျိုးမတော်စပ်ခဲ့ရင် ဒါမျိုးတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး"
လင်းမိသားစုကို ဒီလို အကျပ်အတည်းထဲ တွန်းပို့ခဲ့တာက လင်းရှင်းယောင်ရဲ့ လောဘကြောင့်ဆိုတာ ထင်ရှားနေတာမို့ လင်းစုယွီကတော့ အပြစ်တင်ခံဖို့ စိတ်ကူးမရှိပါဘူး။
"ဟက်... နင်ပြောတာ မှန်ပါတယ်။ လင်းရှင်းယောင်ပဲ။ မထိုက်တန်တဲ့ စည်းစိမ်နဲ့ ဂုဏ်ဒြပ်ပေါ်မှာ ထားတဲ့ လင်းရှင်းယောင်ရဲ့ လောဘကပဲ လင်းမိသားစုကိုရော၊ ငါ့ကိုရော ဖျက်ဆီးခဲ့တာ"
သခင်လေးလင်းဟာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောလိုက်ပြီးနောက် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားသည်။ တကယ်တော့ သူဟာ လင်းစုယွီကို ရန်ငြိုးထားဖို့ အခွင့်အရေး မရှိဘူး။ ဒါပေမဲ့ သူမရဲ့ စကားတွေကို ကြားရတဲ့အခါ သူ့ရင်ထဲမှာ နာကျည်းမှုတွေ ပြည့်နှက်သွားရသည်။
သူ ဟောင်ကောင်ကို စရောက်တုန်းက 'ရီအန်း' အဖွဲ့ရဲ့ တတိယအဆင့်ရှိတဲ့ ခေါင်းဆောင်ကို ကူညီခွင့်ရခဲ့တဲ့ ကံကောင်းမှု ရရှိခဲ့သည်။ ထိုလူသည် သစ္စာရှိသည့်သူ တစ်ယောက်ဖြစ်သည်။ သူဟာ ဟောင်ကောင်မှာ လူသစ်ဖြစ်ပြီး အလုပ်မရှိသေးတာကို သိတော့ အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်ပြီး ရာထူးတစ်ခု စီစဉ်ပေးခဲ့သည်။
အကယ်၍ လင်းရှင်းယောင်သာ ဟောင်ကောင်က ပိုင်မိသားစုကို သွားမရှုပ်ခဲ့ရင် သူဟာ ရီအန်းအဖွဲ့ရဲ့ အထောက်အပံ့နဲ့ တောက်ပတဲ့ အနာဂတ် ရှိနေမှာပါ။ တတိယခေါင်းဆောင်ရဲ့ စောင့်ရှောက်မှုကြောင့် မကြာခင်မှာပဲ သူဟာ အဖွဲ့ရဲ့ ကြေးစားလူသတ်သမားတွေကို စေခိုင်းရတဲ့ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ဒီလို ရာထူးနေရာ ရထားလို့လည်း သူ့ရဲ့ မာန်မာနတွေ တက်ကြွနေခဲ့တာပါ။ လင်းရှင်းယောင်ရဲ့ ကိုယ်ရေးရာဇဝင် အမှန်ကို ဖော်ထုတ်ဖို့အတွက် ပိုင်ချီမင်က လင်းစုယွီကို ဟောင်ကောင်ကို ခေါ်လာနိုင်တယ်လို့ သူ့အမေ ပြောလိုက်တဲ့အခါ၊ သူဟာ အမှန်တရားကို ဖုံးကွယ်ဖို့အတွက် ပိုင်မိသားစုရဲ့ သခင်လေးကို လုပ်ကြံဖို့ လူသတ်သမားတွေကို ချက်ချင်း စေလွှတ်ခဲ့မိသည်။
အရာအားလုံးက သူကိုယ်တိုင် ပြုလုပ်ခဲ့တာရော၊ လင်းရှင်းယောင်ရဲ့ အမှားတွေကြောင့်ရော ဖြစ်လာရတာပါ။
လင်းစုယွီကတော့ သခင်လေးလင်း ဘာတွေတွေးနေလဲဆိုတာ ဂရုမစိုက်တော့ပေ။ သူမ လိုချင်တဲ့ အဖြေအားလုံး ရှိနေမယ့် သူ့ရဲ့ မှတ်ဉာဏ်တွေကို အမြန်ဆုံး စစ်ဆေးဖို့ပဲ လိုသည်။
သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ သခင်လေးလင်းရဲ့ အသိစိတ်ထဲကို ထိုးဖောက်ဝင်ရောက်သွားပြီး၊ အတိတ်က အမှတ်သညာတွေဟာ သူမ ကြည့်ရှုနိုင်ဖို့အတွက် အစီအရီ ပေါ်လာပါတော့သည်။
အံ့ဩစရာပဲ။ ခြောက်လအတွင်းမှာတင် သခင်လေးလင်းရဲ့ လက်တွေဟာ လူ့အသက်ပေါင်းများစွာရဲ့ သွေးတွေ စွန်းထင်းခဲ့ပြီးပြီလား။
မယုံနိုင်စရာပဲ။ သခင်လေးလင်း ပရိယာယ်တွေ၊ လက်နက်တွေ သုံးပြီး ပထမဆုံး ရှင်းပစ်ခဲ့တဲ့သူက 'ပုဆိန်ဂိုဏ်း' ရဲ့ ဂိုဏ်းခွဲခေါင်းဆောင်တစ်ဦးရဲ့ ညီဖြစ်နေတာလား။
တစ်ကယ့် ဒရာမာပဲဟေ့! လင်းကတော်က ဟောင်ကောင်မှာ လူဟောင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့တာကို သခင်လေးလင်းက သူ့အမေဟာ ဖောက်ပြန်ပြီး ဖခင်ဖြစ်သူကို အရှက်ခွဲနေတယ်လို့ သံသယဝင်နေခဲ့တာလား။
သခင်လေးလင်းရဲ့ မှတ်ဉာဏ်တွေကို ကြည့်ပြီးတဲ့နောက်၊ သူဟာ အသက်ရှင်ခြင်းနဲ့ သေခြင်းကို တကယ်ပဲ လျစ်လျူရှုထားတာ မဟုတ်သလို၊ အပြင်ပန်းမှာ မြင်ရသလို တည်ငြိမ်နေတာ မဟုတ်ဘူးဆိုတာ လင်းစုယွီ သဘောပေါက်သွားသည်။
သခင်လေးလင်းဟာ သူ့လက်က ရွှေနာရီကို သုံးပြီး ပိုင်မိသားစုရဲ့ အလုပ်သမားသစ်တစ်ယောက်ကို လာဘ်ထိုးထားပြီးပါပြီ။ သူ့အသက်ကို ကယ်ဖို့အတွက် 'ရီအန်း' အဖွဲ့က တတိယခေါင်းဆောင်ကို သွားရှာခိုင်းထားခဲ့သည်။
တောက်... ဒီလူက ပရိယာယ်တွေကို လျှော့ပြီး ရိုးသားမှုလေး နည်းနည်းလောက်တောင် မရှိနိုင်ဘူးလား။ သူမရှေ့မှာတော့ 'နှလုံးသား သေဆုံးသွားလို့ ဘာမှမဖြစ်တော့သလို' ဟန်ဆောင်ပြနေတာကိုး။
ကောင်းပြီလေ... ရှင်က တစ်ယောက်ယောက် လာကယ်မှာကို အားကိုးတကြီး စောင့်နေတယ်ဆိုတော့ ရှင့်ကို လက်တွေ့က ဘယ်လိုလဲဆိုတာ သိအောင် လုပ်ပေးရမှာပေါ့။
"သခင်လေးလင်း... ရှင့်ရဲ့ ရွှေနာရီကို ရထားတဲ့ ပိုင်မိသားစုရဲ့ အစေခံက ပိုင်မိသားစုကို သစ္စာဖောက်ပြီး ရီအန်းအဖွဲ့ဆီ သွားအကူအညီတောင်းပေးရဲမယ်လို့ တကယ်ပဲ ထင်နေတာလား"
"နင်... ဒါကို ဘယ်လိုသိတာလဲ။ အဲဒီအစေခံက နင့်ကို ပြောပြလိုက်တာလား"
လင်းစုယွီရဲ့ စကားအနည်းငယ်ကပဲ သခင်လေးလင်းရဲ့ စိတ်ကူးယဉ်မှုတွေကို ရိုက်ချိုးလိုက်သည်။ သူ့ရဲ့ မျှော်လင့်ချက်လေး ပျက်စီးသွားတဲ့အခါမှာတော့ စိတ်ပျက်အားငယ်မှုတွေပဲ ကျန်ရစ်တော့သည်။
"ကျွန်မကို အဲဒီလို ရန်လိုတဲ့ အကြည့်တွေနဲ့ မကြည့်ပါနဲ့။ ကျွန်မက စေတနာနဲ့ သတင်းလာပေးတာပါ။ ဒါ့အပြင် ရှင့်ကို တကယ် ဒုက္ခပေးခဲ့တာ ဘယ်သူလဲဆိုတာ ရှင်ကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ"
"အော်... ထားလိုက်ပါတော့။ ကျွန်မက ဘာလို့ ဒီလောက်တောင် ပြောနေမိတာလဲ။ ကျေးဇူးမတင်တဲ့ အလုပ်ကို လုပ်နေမိပြီ။ ရှင့်ကို ကျွန်မက မနှောင့်ယှက်နိုင်ရင်တောင် အနည်းဆုံးတော့ ရှောင်သွားလို့ ရတာပဲ"
လင်းစုယွီဟာ သူ့ကို ကြောက်သလိုလို ဟန်ဆောင်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ သခင်လေးလင်းရဲ့ မျက်လုံးထဲက အမုန်းတရားတွေကတော့ ဓားတွေအလား ထက်ရှနေပါပြီ။ သူ နောက်တစ်ကြိမ် လင်းရှင်းယောင်နဲ့ တွေ့တဲ့အခါ သူ့ကိုယ်သူ ထိန်းနိုင်ပါဦးမလားဆိုတာ သူမ သိချင်နေမိသည်။
သခင်လေးလင်းကို ချုပ်နှောင်ထားတဲ့ အခန်းကနေ ထွက်လာပြီးနောက် လင်းစုယွီဟာ သခင်ကြီးလင်းကို ပိတ်လှောင်ထားတဲ့ အမှောင်ခန်းဆီကို လျှောက်လှမ်းသွားခဲ့သည်။
တကယ်တော့ သူမဟာ လင်းဟွာရှန်းရဲ့ မှတ်ဉာဏ်တွေကိုလည်း ကြည့်ချင်နေတာပါ။ သူ့ရဲ့ အတွေးတွေကို အတည်ပြုဖို့ လိုအပ်သည်။ လင်းမိသားစုဝင် အတော်များများက သူမနဲ့ ရန်သူတွေ ဖြစ်ကုန်ကြပြီဆိုတော့ သခင်ကြီးလင်းကရော တကယ်ပဲ သူမအပေါ် ရန်ငြိုးမရှိတာလား၊ ဒါမှမဟုတ် တစ်ခုခုကို ဖုံးကွယ်ထားတာလားဆိုတာ သိချင်နေမိသည်။
သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားအောက်မှာတော့ သူမအပေါ် ရန်လိုသူတွေဟာ အဝတ်မပါဘဲ လမ်းလျှောက်နေသူတွေလိုပါပဲ။ သူမ အလိုရှိသရွေ့ သူတို့ရဲ့ ဘယ်အတွေးကိုမှ ဖုံးကွယ်ထားလို့ မရပေ။
"စုယွီလား... ဒီလိုအချိန်မှာ လာကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပိုင်မိသားစုက ဟောင်ကောင်ရဲ့ အင်အားကြီး မိသားစုကြီး လေးစုထဲက တစ်ခုပဲ။ အခုကစပြီး ပိုင်မိသားစုထဲမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"
ဘယ်လောက်တောင် ကြင်နာတတ်တဲ့ စကားတွေလဲ။ သို့သော် လျစ်လျူရှုထားသည့် လင်းစုယွီ အတွက်တော့ ထိုကြင်နာစကားများမှာ မျက်ကန်းရှေ့ ကပြနေသကဲ့သို့ပင် ဖြစ်နေသည်။
လင်းစုယွီ - 'ဖူး... ငါက မျက်စိမကန်းပါဘူး'
"သခင်ကြီးလင်း... ရှင့်ရဲ့ဇနီး လျန်ကျစ်ယင်း ဘယ်မှာ ပုန်းနေလဲဆိုတာ ရှင် တကယ်ပဲ မသိတာလား"
သူမ ရောက်လာတာက ရုတ်တရက်ဆန်မနေအောင် လင်းစုယွီက စကားစဖို့အတွက် အကြောင်းအရာတစ်ခုကို ရှာပြောလိုက်သည်။
တစ်ချိန်တည်းမှာပဲ သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားက တိတ်တဆိတ် ပျံ့နှံ့သွားပြီး လင်းဟွာရှန်းရဲ့ မှတ်ဉာဏ်တွေကို စတင်ကြည့်ရှု့တော့သည်။
ဒီအချိန်မှာတော့ လင်းဟွာရှန်းရဲ့ အချိန်တွေ ရပ်တန့်သွားသလိုပါပဲ။ လင်းဟွာရှန်းဘက်က ကြိုတင်ကာကွယ်ထားတာ မရှိသရွေ့နဲ့ လင်းစုယွီရဲ့ လှုပ်ရှားမှုက နူးညံ့ညင်သာနေသရွေ့တော့ သူ့ရဲ့ စိတ်ထဲကို စိတ်ဝိညာဉ်စွမ်းအား ကျူးကျော်ဝင်ရောက်နေတာကို သူ သိမှာမဟုတ်ချေ။
ထင်ထားတဲ့အတိုင်းပါပဲ... လင်းဟွာရှန်းရဲ့ နှလုံးသား နက်နက်ရှိုင်းရှိုင်းမှာ ပိုင်ဝမ်ချင်း၊ ပိုင်မိသားစုနဲ့ သူမ (လင်းစုယွီ) အပေါ်မှာပါ ချစ်ခြင်းနဲ့ မုန်းခြင်းတွေ ရောယှက်နေသည်။
သူဟာ ပိုင်ဝမ်ချင်းရဲ့ တောက်ပထူးချွန်မှုကို ချစ်မြတ်နိုးခဲ့ပေမဲ့ သူမ ရွေးချယ်ခဲ့တဲ့သူက သူ မဟုတ်တဲ့အတွက် နာကျည်းခဲ့သည်။ ပိုင်ဝမ်ချင်းက နောက်ဆုံးမှာ အဲဒီလူရဲ့ကလေးကို မွေးဖို့အတွက် အသက်နဲ့ရင်းခဲ့တာကိုတောင် သူက မုန်းတီးနေခဲ့တာပါ။
ထိုအခါက ပိုင်မိသားစုဟာလည်း ရှန်ဟိုင်းမှာ ထိပ်တန်း မိသားစုကြီးတစ်ခုဖြစ်ခဲ့သည်။ သူ့ရဲ့ ထျန်းကျင်း လင်းမိသားစု နောက်ခံနဲ့ဆိုရင် ပိုင်မိသားစုက သူ့ကို သမက်အဖြစ် လက်ခံလိမ့်မယ်လို့ သူ ထင်ခဲ့တာပါ။ သို့သော် ပိုင်မိသားစုက ပိုင်ဝမ်ချင်းကို လွတ်လပ်ခွင့်တွေ အများကြီး ပေးထားခဲ့တာကြောင့် သူ့ရဲ့ မိသားစုနောက်ခံဟာ သူမအတွက် ဘာမှ အဓိပ္ပာယ်မရှိခဲ့ပါ။
ဒါကြောင့် လင်းဟွာရှန်းဟာ ပိုင်မိသားစုအပေါ် ခါးသီးသည့်ခံစားချက်တွေ ရှိနေဆဲပါ။ ဒါကြောင့်သာ မဟုတ်ရင် သူဟာ လင်းရှင်းယောင်နဲ့ ပူးပေါင်းပြီး ပိုင်ဝမ်ချင်းရဲ့ သမီးအဖြစ် ဟန်ဆောင်ခိုင်းကာ ပိုင်မိသားစုနဲ့ ဆွေမျိုးတော်စပ်ဖို့ ခွင့်ပြုခဲ့မှာ မဟုတ်ချေ။
လင်းစုယွီနဲ့ ပတ်သက်ရင်တော့ သူမကို မွေးဖွားခဲ့လို့သာ ပိုင်ဝမ်ချင်းဟာ အန္တရာယ်ပြုခံခဲ့ရတာလို့ သူက ယူဆထားသည်။ သူဟာ ပိုင်ဝမ်ချင်းကို မကာကွယ်နိုင်ခဲ့ပေမဲ့ သူမရဲ့ သမီးကို စောင့်ရှောက်ပါ့မယ်လို့တော့ ကတိပေးခဲ့သည်။
ဒီလို ရှုပ်ထွေးနေတဲ့ ခံစားချက်တွေအောက်မှာပဲ လင်းဟွာရှန်းသည် လင်းကတော်နဲ့ လင်းရှင်းယောင်တို့က လင်းစုယွီကို နှိပ်စက်နေတာကို အေးအေးလူလူ ကြည့်နေခဲ့တာပင်။ သူ့စိတ်ထဲမှာတော့ လင်းစုယွီဟာ ဒီလို နှိပ်စက်ခံရတာနဲ့ ထိုက်တန်တယ်လို့တောင် ထင်နေခဲ့သည်။
ဘဝဆိုတာ တကယ်ပဲ သရုပ်ဆောင်မှုတွေပေါ် မူတည်နေတဲ့ ပြဇာတ်တစ်ခုပါပဲ။ လင်းဟွာရှန်းရဲ့ မှတ်ဉာဏ်တွေကို မမြင်ခဲ့ရဘူးဆိုရင် လင်းစုယွီဟာ သူက ဒီလောက်အထိ ဟန်ဆောင်ကောင်းတဲ့ လူလိမ်တစ်ယောက်ဆိုတာ ယုံမှာတောင် မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ်... လင်းဟွာရှန်းကိုတော့ ပိုင်မိသားစုရဲ့ အဆုံးအဖြတ်အတိုင်းပဲ လွှတ်ထားလိုက်တော့မည်။ သူမအပေါ် ပိုပြီး ရန်ငြိုးကြီးတဲ့ လင်းကတော် ဘယ်မှာ ပုန်းနေလဲဆိုတာကိုပဲ စိတ်ပူရတော့မှာပါ။
ဒါပေမဲ့ လင်းဟွာရှန်းရဲ့ မှတ်ဉာဏ်တွေကို စစ်ဆေးပြီးတဲ့နောက်မှာတော့ သူဟာ လင်းကတော် ပုန်းနေတဲ့နေရာကို တကယ်မသိတာ တွေ့လိုက်ရသည်။ ဒါပေမဲ့ ဟောင်ကောင်မှာရှိတဲ့ လင်းကတော်ရဲ့ မိတ်ဆွေဟောင်းက ဘယ်သူလဲဆိုတာတော့ သူ သိနေပါသည်။ လင်းကတော်က ထိုလူနဲ့ ဖောက်ပြန်နေသလားဆိုတာကို စုံစမ်းဖို့အတွက်တောင် လူငှားထားခဲ့သေးတာပါ။
သူဟာလည်း တိတ်တဆိတ် သည်းခံနေတဲ့ မြေခွေးအိုကြီး တစ်ယောက်ဖြစ်နေတာပဲ။ သခင်လေးလင်းကတော့ သူ့အမေရဲ့ လျှို့ဝှက်ချက်တွေကို သူကပဲ ကောင်းကောင်း ဖုံးကွယ်ထားပေးနိုင်တယ်လို့ ထင်နေတာ၊ သူ့အဖေက အစကတည်းက အကုန်သိနေတာကို သူ မသိရှာပါဘူး။
"စုယွီလား။ နင် ဘာလို့ ဒီမှာ ရှိနေတာလဲ"
သတိပြန်ဝင်လာတဲ့ လင်းဟွာရှန်းဟာ အခုလေးတင် ဘာဖြစ်သွားလဲဆိုတာကို လုံးဝ မမှတ်မိတော့တဲ့ ပုံစံပါပဲ။
ဒီတစ်ခါမှာတော့ လင်းစုယွီက ပြုံးပြီး သူ့ကို ပြောလိုက်ပါသည်။
"သခင်ကြီးလင်း... ကျွန်မ ဒီကိုလာတာက လင်းရှင်းယောင် ရူးသွားပြီဆိုတာ ပြောပြဖို့ပါ။ ကျွန်မပြောတာ ယုံလား"
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း