← Chapters

ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ် (၃)

Vol. 013 Ch. 622

ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ် (၃)

Vol. 013 Ch. 622

ဝမ်လင်းက အလွန်ဉာဏ်များသည့်သူ ဖြစ်သည်။ သူက ရှုလို့ခေါ်သည့်လူ၏ စကားများကို နှစ်ဆယ်ရာခိုင်နှုန်းသာ ယုံကြည်မှု ရှိသည်။သူက သည်နေရာသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်သည့် အကြောင်းရင်းက သည်နေရာမှ ထွက်ပေါ်လာသည့် အသတ်အဖြတ်စွမ်းအင်များက တုန်လှုပ်ဖွယ်ကောင်းနေသောကြောင့် ဖြစ်သည်။

ဒီစွမ်းအင်တွေရဲ့ သက်ရောက်မှုနဲ့ဆိုရင် ဒီနေရာက ငါ့ကို ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်မှာ ကျွမ်းကျွင်သွားအောင် သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်…” ဝမ်လင်းက အကျဉ်းထောင်အနက်ပိုင်းအတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။

“ဒီကမ္ဘာမှာ တစ်ချို့အရာတွေကို ငါတို့က ရွေးချယ်ရတယ်။ ဒီလိုတစ်ခုကို ရွေးချယ်ရင် တစ်ခုကို ဆုံးရှုံးတက်တာ သဘာဝပဲ…” ဝမ်လင်းက လှေကားထစ်အတိုင်း ဆင်းလာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာချိန်ပြီးနောက် သူ့ရှေ့ရှိ သွေးရောင်အလင်းက ပိုသိပ်သည်းလာခဲ့သည်။

လှေကားအောက်ခြေက သွေးရောင်ကမ္ဘာတစ်ခုပင်။ထိုနေရာက ကြီးမားက ကြမ်းပြင်ပေါ်တွင်လည်း ထူထဲသော သွေးကွက်များ ရှိနေ၏။

ဝမ်လင်းက သူ့ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း သူက သည်နေရာ၏ အဆုံးသပ်ကို မတွေ့ရချေ။

သည်ကမ္ဘာတွင် မြေကြီးပေါ်၌ များစွာသော သွေးအိုင်များ ထွန်းနေ၏။ ထိုသွေးအိုင်တိုင်းတွင် လူများစွာ ရှိနေ၏။ သူတို့က မျက်လုံးမှိတ်ကာ သွေးအိုင်များတွင် ကျင့်ကြံနေကြသည်။

ဝမ်လင်းက သည်နေရာသို့ ဝင်လာသည့်အခါ သတ်ဖြတ်သူစွမ်းအင်အမျှင်တန်းငါးခုက ပျံသန်းထွက်လာ၏။ ယင်းအမျှင်တန်းများက သူ့ပတ်လည်တွင် ဝန်းရံလို့နေကာ စိတ်လှုပ်ရှားနေသည့်ဟန် ဖြစ်ပေါ်နေ၏။

ဝမ်လင်းက အသက်ခပ်ဝဝရှုသွင်းလိုက်ရာ သွေးနံ့များက သူ့ပါးစပ်ထဲသို့ ဝင်ရောက်လာပြီး သူ့တစ်ကိုယ်လုံးက အသ◌တ်အဖြတ်စိတ်ဆန္ဒနှင့် ပြည့်နှက်သွားတော့သည်။ ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက လှုပ်ရှားလိုက်ပြီး သွေးအိုင်တစ်ခု ဘေးနားသို့ ရောက်လာ၏ သူက အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်သွားပြီးနောက် ထိုသွေးအိုင်ထဲတွင် ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။်တန်းများက သူ့ပတ်လည်တ

သူ့ခန္ဓာကိုယ်တစ်ဝက်က သွေးအိုင်ထဲ၌ နစ်မြုပ်သွားသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ဝင်ရောက်လာပြီး တစ်ကိုယ်လုံး ပျံ့နှံ့လို့သွားလေသည်။

သူ အသက်ရှူလိုက်သည့် အကြိမ်တိုင်း သူ့ခန္ဓာကိုယ်ထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက သိပ်သည်းလာခဲ့သည်။ သူက ကျင့်ကြံလိုက်တိုင်း သွေးအိုင်ထဲမှ ပိုများပြားသည့် အသတ်အဖြတ်စိတ်ဆန္ဒများက တိုးဝင်လာနေတော့သည်။

တဖြည်းဖြည်းဖြင့် ဝမ်လင်းမျက်လုံးက နီရဲလို့လာသည်။ သူ့ သတ်ဖြတ်သူစွမ်းအင်အမျှင်တန်းငါးခုကလည်း တဝီဝီ ဖြစ်နေသည်။

သူ့နှလုံးသားထဲရှိ သတ်ဖြတ်လိုမှုကလည်း ပြင်းထန်သထက် ပြင်းထန်လာခဲ့သည်။ ပထမ၌ သူက သည်စိတ်ဆန္ဒကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် ခုခံသေးသည်။ သို့သော် အနည်းငယ်စဉ်းစားပြီးနောက် သူက ထိုသို့မပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့စိတ်ကို ပိတ်ချိပ်ထားပြီးနောက် သူက သည်သတ်ဖြတ်ခြင်းဆန္ဒများ သူ့ကိုယ်ထဲသို့ လွတ်လွတ်လပ်လပ် စီးဝင်စေလိုက်၏။

အချိန်မည်မျှကြာသွားမှန်း မသိသည့်နောက် သွေးအိုင်ထဲရှိ လူတိုင်းက မျက်လံးပွင့်လာခဲ့ကြသည်။ ထိုသူတို့၏ မျက်လုံးများမှ နှိုင်းဆမရသည့် အသတ်အဖြတ်စိတ်ဆန္ဒများ ထွက်ပေါ်လာနေသည်။

သည်သွေးရောင်ကမ္ဘာတစ်ခုလုံးက ပေါက်ကွဲထွက်လာသော သတ်ဖြတ်မှုစွမ်းအင်များနှင့်သာ ချက်ခြင်းလွှမ်းခြုံသွားတော့သည်။ လူများက သွေးအိုင်ထဲကနေ ခုန်ထွက်လာပြီး ဟစ်ကြွေးအော်ဟစ်လိုက်ကြသည်။

သည်လူများအားလုံးတွင် နီရဲသောမျက်လုံးများ ပိုင်ဆိုင်ထားကြ၏။

သတ်…။

သတ်…။

သတ်…။

သည် အော်ဟစ်သံများနှင့်အတူ လူတိုင်းက ချက်ခြင်း ခုန်ပျံထွက်လာကြပြီး သူတို့အနီးအနားရှိ လူတိုင်းနှင့် စတင်တိုက်ခိုက်ကြတော့သည်။ သူတို့၏ တိုက်ချက်တိုင်းတွင် သတ်ဖြတ်မှုစိတ်ဆန္ဒ ပါဝင်နေသည်။ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ရာ ထိုသွေးအိုင်များထဲ၌ လူတစ်ထောင်လောက် ရှိနေသည်ကို တွေ့လိုက်ရ၏။

သည်အခိုက်တွင် သတ်ဖြတ်မှု တိုက်ပွဲ ဖြစ်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မွန်းစတားဆန်လှသည်။

ဝမ်လင်းမျက်လုံးများသည်လည်း နီရဲလာသည်။ သည်အခိုက်တွင် သူက သူ့စိတ်ကို ချိပ်ပိတ်ထားခဲ့ပြီး ဖြစ်ကာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှု မရှိတော့ပေ။ သူ့ထံ၌ သတ်ဖြတ်မှုစိတ်ဆန္ဒဖြင့်သာ ပိတ်ဖုံးလို့နေ၏။

ရုတ်တရက်သူက သွေးအိုင်ထဲကနေ ခုန်ထွက်ကာ ကျယ်လောင်စွာ အော်ဟစ်သည်။ထို့နောက် သူက တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်နေကြသော လူများထံသို့ မုန်တိုင်းတစ်ခုအလား တိုးဝင်သွားတော့၏။

သတ်ဖြတ်သူလမ်းကြောင်းတစ်ခုက စတင်ခဲ့လေပြီ။

ဝမ်လင်းက သူ့သတိတရားကို လုံးဝ ဆုံးရှုံးနေပြီး သတ်ဖြတ်မှု၌သာ လုံးဝဥသုံနစ်မြုပ်နေ၏။ တိုက်ချက်တိုင်းက သတ်ရန်သာ ဖြစ်သည်။ မရဏလက်ချောင်း၊ နတ်ဆိုးလက်ချောင်း၊ များစွာသော ရတနာများကို အသုံးပြု တိုက်ခိုက်သည့် တိုက်ကွက်တိုင်းက သတ်ရန်တစ်ခုကိုသာ ကိုယ်စားပြုသည်။

သူ ဖြတ်ကျော်သွားသည် နေရာရှိ လူတိုင်း သူ့အတွက် သေပေးနေရ၏။

ဝမ်လင်းမျက်လုံးများက လုံးဝနီရဲနေသည်။ ခုချိန်တွင် သူ့စိတ်ထဲရှိ တစ်ခုတည်းသော အရာက သတ်ဖြတ်ရန်သာ ဖြစ်၏။

သည်နေရာတွင် သူက တခြားလူများကို မသတ်လျှင် သူက အခြားလူများ၏ သတ်ဖြတ်ခြင်းကို ခံရမည် မဟုတ်လော။ သည်နေရာက သတ်ဖြတ်သူများ၏ တိုက်ပွဲကွင်းပြင် မည်၏။

ဝမ်လင်း တစ်ကိုယ်လုံးက သွေးများနှင့်စွန်းထင်းနေသည်။ သူက မြင်သမျှရန်သူများထံ မမောပန်းသည့်အလား တိုးဝင်သွားနေသည်။ သူက နည်းနည်းလေးပင် တုံ့ဆိုင်းမှုမရှိပဲ မန္တန်များကို အသုံးပြုနေသည်။

အသတ်ခံလိုက်ရသည့်လူတိုင်းက တကယ်အသံခံရခြင်းတော့ မ‌ဟုတ်ပေ။အကြောင်းကတော့ သည်နေရာရှိ အစီအရင်၏ သက်ရောက်မှုကို ခံထားရသောကြောင့် ဖြစ်သည်။အစီအရင်ကြောင့် ထိုသူများက သွေးအိုင်များတွင် ကျင့်ကြံ၍ အသက်ပြန်ဝင်လာကြသည်။သည်နေရာသို့ ဝင်လာသည့်လူတိုင်းက လူဟူ၍ပင် ယူဆနိုင်တော့မည် မဟုတ်ပေ။ သူတို့က သတ်ဖြတ်မှုစွမ်းအင်များကို ကျားကန်ထောက်ပံ့ပေးနေသည့် ကိရိယာများနှင့်ပင် ဆင်တူနေပေသည်။

ထိုသူတို့၏ သတ်ဖြတ်ခြင်းကနေ ဖန်တီးထားသည့် သတ်ဖြတ်မှုစွမ်းအင်ကို ကောင်းကင်က စုပ်ယူနေပြီး သဲလွန်စမရှိ‌ ပျောက်ကွယ်သွားကြသည်။

သည် သတ်ဖြတ်မှုက အချိန်အတန်ကြာပြီးမှသာ အဆုံးသပ်လေ့ ရှိသည်။ သည်လူများအားလုံးက မွန်းစတားဆန်သည့် သတ်ဖြတ်မှုအော်ရာများ ပိုင်ဆိုင်ထားကြကာ သွေးဆာလွန်းလှသည်။ ခုချိန်တွင် ဝမ်လင်းအပါအဝင် လူတစ်ရာကျော်သာ ကျန်တော့၏။

သတ်ပွဲဖြတ်ပွဲကြီးက တိတ်ဆိတ်သွား၏။ ကျန်သည့်လူအားလုံး၏ ပတ်လည်တွင် သုံးပေခန့်ရှိသည့် သွေးမြူတစ်ခုက သိသာစွာ ရှိနေကြသည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ပင် မကြည့်ကြချေ။ သူတို့က လူစုခွဲလိုက်ပြီး သွေးအိုင်တစ်ခုစီကို ရှာဖွေလိုက်ကြ၏။

ဝမ်လင်းက သူပတ်လည်ရှိ သုံးပေခန့်ရှိသည့် သွေးမြူကို တစ်ပါးတည်း ယူဆောင်ပြီး သွေးအိုင်တစ်ခုထံသို့ သွားသည်။ ထိုသူသွားသည့် သွေးအိုင်ထဲတွင် ထိုင်နေသည့် လူဆယ့်နှစ်ယောက်ကျော်က ချက်ခြင်းထလာကာ ခပ်မြန်မြန် ထွက်သွားကြ၏။ သူတို့၏ သွေးနီရောင်မျက်လုံးထဲ၌ ဝမ်လင်းအပေါ် လေးစားသည့်အရိပ်အယောင်များ ဖြစ်ပေါ်နေကြတော့သည်။

ဝမ်လင်းက သွေးအိုင်ထဲ၌ ထိုင်ချကာ မျက်လုံးမှိတ်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လာသည်။ သူ့မျက်လုံးထဲရှိ နီရဲနေမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာကာ ပြန်ကြည်လင်လာ၏။

“ရှုလို့ခေါ်တဲ့ ပြောတဲ့ သတ်ဖြတ်ခြင်းနှလုံးသားဆိုတာ သတ်ဖြတ်သူနှလုံးသား ဖြစ်တယ်လို့ ငါ ယုံကြည်တယ်။ သတ်ဖြတ်သူနှလုံးသား ရရှိခြင်းကသာ ငါ့ သတ်ဖြတ်သူစွမ်းအင်ကို အောင်မြင်စွာ သန့်စင်နိုင်လိမ့်မယ်…” ဝမ်လင်းက အသက်ဝဝရှူသွင်းပြီးနောက် မျက်လုံးပြန်မှိတ်ကာ နောက်တစ်ဖန် သူ့ကိုယ်သူ သွေးအိုင်ထဲသို့ နစ်မြုပ်ထားလိုက်ပြီး သတ်ဖြတ်သူနှလုံးသားကို နားလည်ရန် စတင်တော့သည်။

အချိန်အတန်ကြာပြီးနောက် သတ်ပွဲဖြတ်ပွဲကြီးက သည်သွေးရောင်ကမ္ဘာတွင် နောက်တစ်ဖန် စတင်ပြန်လေသည်။ လူတိုင်းက လေထဲသို့ ခုန်တက်က ပထမတစ်ခါလိုပင် သတ်ဖြတ်ကြပြန်သည်။

သည်လို သတ်ဖြတ်ပွဲက နေ့တိုင်း အကြိမ်များစွာ ဖြစ်ပွားလေ့ ရှိ၏။သည်သတ်ဖြတ်မှုများတွင် လူများစွားက သေဆုံးရပြီး လူအနည်းငယ်ကသာ သူတို့၏ ပတ်လည်တွင် သွေးရောင်မြူလွှမ်းလာပြီး သန်မာသထက် သန်မာ လာကြပေသည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ သည်နေ့တွင် သတ်ဖြတ်ပွဲစုစုပေါင်း လေးကြိမ် ရှိသွားခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက အဆုံးသပ်ထိ တောင့်ခံနိုင်ခဲ့ပေသည်။ သို့သော် သူ့ပတ်လည်ရှိ သွေးမြူများကတော့ ခုနစ်လက်မခန့်သာ ရှိသေးပေ၏။အခြားလူများနှင့် ယှဉ်ပါက သည်အရာက တော်တော် များပေ၏။ သို့သော် သည်နေရာတွင် ပေတစ်ရာကျော် ရှိသည့် သွေးမြူ လွှမ်းခြုံထားသော အနက်ရောင်ဆံပင်နှင့် လူတစ်ယောက်လည်း ရှိနေပေသည်။

သူက လေထဲတွင် ဘုရင်တစ်ပါးအလား ရပ်တည်နေသည်။

နောက်ဆုံး သတ်ဖြတ်ပွဲ ပြီးသွားသည့်နောက် ဘုရင်တစ်ပါးနှင့်တူသည့် လူငယ်တစ်ယောက်က ခေါင်းမော့ကာ ဟစ်ကြွေးလိုက်၏။ သူ့ပတ်လည်ရှိ သွေးမြူများက တဝီဝီ လှည့်ပတ်လာသည်။

ထိုအခိုက်တွင် အလင်းတန်းတစ်ခုက ကောင်းကင်ထက်ကနေ ရုတ်တရက် ဖြတ်သန်းလာပြီး ငွေရောင်နဂါးတစ်ကောင်က ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းနဂါးက သူ့အော်ရှိ အရာအားလုံးကို အေးစက်စွာကြည့်သည်။ထို့နောက် ၎င်းက စုပ်ယူလိုက်လေသည်။

သည့်အတွက် လူတိုင်းကို ဝန်းရံနေသည့် သွေးမြူများက သူတို့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားစေပြီး ထိုငွေရောင်နဂါး၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

ဘုရင်တစ်ပါးနှင့်တူသည့် လူငယ်က မာန်သွင်းကာ ထိုငွေရောင်နဂါးထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ သို့ရာတွင် သူက ပေတစ်ထောင်ခန့် ပျံသန်းသွားပြီးနောက ငွေနဂါးက လှည့်ကြည့်လာသည်။ နဂါးထံမှ အကြည့်တစ်ချက်ဖြင့်ပင် ထိုလူငယ်၏ ခန္ဓာကိုယ်က ပျက်စီးသွား၏။ လူငယ်၏ သွေးမြူများကလည်း ထိုငွေရောင်နဂါး၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။သည့်နောက် ငွေရောင်နဂါးက ပျောက်ကွယ်လို့သွားတော့၏။

All Chapters