အပြတ်အသတ်တိုက်ပွဲဖြစ်လာပြီ
Vol. 98 Ch. 1366
ကြယ်တာရာကောင်းကင်ထဲတွင် အပြင်သူပါရာဂွန်နှစ်ဦး - ရွှမ်းဖန်နှင့် ဒဏ္ဍာရီနဂါးသည် တုန်လှုပ်နေပုံပေါ်၏။ ဒဏ္ဍာရီနဂါးမှာ တွန့်ဆုတ်နေသော်လည်း ရွှမ်းဖန်က သက်ပြင်းချရုံသာ ရုံ၍ ကောင်းကင်ဘုံ (၅) အား လက်ညှိုးထိုးလိုက်သည်။
“ဒဏ္ဍာရီနဂါး ငါ့ကို နောက်တစ်ခေါက် ကူညီပါဦး”
ဒဏ္ဍာရီနဂါးသည် အမှောင်ခြုံထည်အတွင်း၌ သက်ပြင်းချ၏။ “ကောင်းပြီ။ ငါက စစ်ရေးပရိယာယ်နဲ့ပတ်သက်ရင် အသုံးမကျဘူး။ ဘာလုပ်ရမလဲသာ ပြောပါတော့” ထို့နောက် သူက သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ရာ နဂါးတစ်ကောင်၏ဟိန်းသံသဲ့သဲ့ ထွက်လာသည်။ တစ်ချိန်တည်းမှာပင် မှုန်ဝါးဝါးအရိပ်များစွာ ပေါ်လာပြီး သူ့ကို လှည့်ပတ်နေစဉ် သူက ရွှမ်းဖန် ကောင်းကင်ဘုံ (၅) အား စေစားနိုင်အောင် ကူညီပေးလိုက်၏။
ကောင်းကင်ဘုံ (၅) ဖြစ်သည့် ဧရာမမြေထုကြီးသည် တဂျုန်းဂျုန်းမြည်သံများကို ထုတ်လွှတ်လျက် တောင်ပင်လယ်လောကထံ ကျဆင်းစပြုနေလေပြီ။
ထိုစဉ် အင်ပါယာသခင်ဆယ့်ရှစ်ဦး၏စွမ်းအား ပေါ်ထွက်လာသည်။ သူတို့၏ခန္ဓာမဲ့ဝိညာဉ်များက မီးတဟုန်းဟုန်းကျွမ်းလောင်တောက်လျက် မိုးနှင့်မြေ၏ကြောက်ခမန်းလိလိစွမ်းအားကို ကောင်းကင်ဘုံ (၃) ထံ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။
တဝုန်းဝုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်သွားသည်။ အက်ကွဲကြောင်းများက ကောင်းကင်ဘုံ (၃) တစ်လျှောက် စတင်ပျံ့နှံ့သွား၍ မကြာခင် ကောင်းကင်ဘုံ (၃) တစ်ခုလုံး ပြိုကျစပြုလာတော့သည်။
အလောင်းဆယ့်ရှစ်လောင်းက ကောင်းကင်ဘုံ (၄) ထံ တဟုန်ထိုးတက်သွားသော အလင်းမြားတန်းဆယ့်ရှစ်တန်း အသွင်ပြောင်းသွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူတို့သည် ကောင်းကင်ဘုံ (၄) အနားရောက်သည့်အခါ ... ဖောက်ခွဲဖို့ ရွေးချယ်လိုက်ကြ၏။
အုန်းးးးးးးးးးးးးးးးးးးးးးးးးးးးး
အလောင်းဆယ့်ရှစ်လောင်းက ရှိရှိသမျှ လက်ကျန်အသက်စွမ်းအားကို အသုံးပြုကာ ဖောက်ခွဲလိုက်ကြသည်။ ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့်တုန်ခါသွားပြီး ကောင်းကင်ဘုံ (၄) မှာ အားလှိုင်း၏ရိုက်ခတ်မှုကို မရှောင်နိုင်ဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း .... မြေထုကြီးတစ်ခုလုံး .... ကြေမွသွားလေပြီ။ ထို့နောက် ပြာကျသွား၏။
ကောင်းကင်ဘုံ (၃) ၏ အကြွင်းအကျန်အပိုင်းအစများ တောင်ပင်လယ်လောထံ ဆက်လက်ပြုတ်ကျလာသည့်အချိန်မှာပင် ဓားအလင်းတန်းများစွာ ထွက်လာသည်။ ရုတ်တရက် ... ဓားကိုးလက်သည် တောင်ပင်လယ်လောကမှ ထိုးထွက်သွား၏။
ဤဓားကိုးလက်အပေါ်တွင် ... သက်ဆိုင်ရာတောင်ပင်လယ်အသီးသီးမှ မြင့်မြတ်သောရေစီးဓားဂူကျင့်ကြံသူများ၏ စိတ်ဆန္ဒတို့ စုဝေးနေသည်။ ပါရာဂွန်အင်မော်တယ်လောကမှ အဖိုးထိုက်ဓားကိုးလက်က ကောင်းကင်ဘုံ (၃) ၏အစအနများကို အရှင်းဖယ်ရှားလိုက်လေပြီ။
တောင်ပင်လယ်လောကတစ်ဝန်း စိုးမိုးပြည့်နှက်သွားသော ဓားအလင်းရောင်က ကျန်ရှိသမျှအရာအားလုံးကို မှောင်မိုက်သွားစေတော့သည်။
မန်ဟိုက ဖြစ်ပျက်နေသောအရာအားလုံးကို နေ၏အပေါ်မှ ရပ်ကြည့်ရင်း စိတ်လှုပ်ရှားလွန်း၍ ရင်တဒိန်းဒိန်းခုန်နေသည်။ တစ်ချိန်တည်းမှာပင် ရွှမ်းဖန်နှင့် ဒဏ္ဍာရီနဂါး၏ ထိန်းချုပ်မှုအောက်ရှိ ကောင်းကင်ဘုံ (၅) က တောင်ပင်လယ်လောကအပေါ် ကျဆင်းလာသည်။
“တောင်ပင်လယ်လောက ရှိသမျှ ဝှက်ဖဲအကုန်ထုတ်သုံးရအောင် ငါတို့ ဖိအားပေးဖို့ လိုတယ်။ ကောင်းကင်ဘုံ (၇) နဲ့ ကျန်တဲ့ကောင်းကင်ဘုံတွေ ဒီစစ်ပွဲမှာ ဝင်မပါနိုင်ပေမယ့် ဖြစ်နေတာတွေကို ကြည့်နေနိုင်သေးတယ်...” ရွှမ်းဖန်သည် ကောင်းကင်ဘုံ (၃) နှင့် (၄) ပြီးနောက် ကောင်းကင်ဘုံ (၅) ကို စေစားဖို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ထုတ်လွှတ်လိုက်၏။
ကောင်းကင်ဘုံ (၅) သည် အရှေ့ကောင်းကင်ဘုံအားလုံးထက် အဆများစွာ ကြီးမား၍ ၎င်းကျဆင်းလာလျှင်ချင်း ကြယ်တာရာကောင်းကင်မှာ ပြိုကွဲစပြုလာသည်။ ဧရာမကွဲကြောင်းကြီးများ မြေလိမ်မြွေကောင် ဖြာထွက်သွားသော်လည်း တစ်ချိန်တည်းမှာပင် ပထမတောင်မှ အဘိုးအိုတစ်ဦး ဖျတ်ခနဲ ပျံထွက်လာသည်။
ထိုအဘိုးအိုသည် တန်ခိုးရှင်တစ်ယောက်၏အသွင်အပြင် ရှိသော်လည်း သေချာကြည့်လျှင် သူအား ဖောက်ထွင်းမြင်ရကြောင်း တွေ့ရလိမ့်မည်။ သူသည် အစစ်အမှန်မဟုတ်၊ ပုံရိပ်ယောင်ဖြစ်၏။ သူ ပေါ်လာသည့်အချိန်မှာပင် တောင်ပင်လယ်လောက၏ တောင်ကိုးလုံးထဲရှိ အင်မော်တယ်ရှေးတာအိုဆရာဝတ်ပြုကျောင်းများမှာ ကျမ်းစာရွတ်သံများ ပဲ့တင်ထပ်လာသည်။
ကျမ်းစာ ရွတ်သံများသည် တောင်ပင်လယ်လောကတစ်ခုလုံးတွင် ပြည့်နှက်သွားပြီး ဆင့်ခေါ်နေသကဲ့သို့ ထူးဆန်းစွားသော စွမ်းအားတစ်ရပ် ပေါ်ထွက်လာသည်။ ကြည့်ရသရွေ့ ဆင့်ခေါ်ခံနေရသည်က ထိုပုံရိပ်ယောင်အဘိုးအိုဖြစ်သယောင်ပင်။
မန်ဟို ထိုအဘိုးအိုကို ချက်ချင်း မှတ်မိလိုက်သည်။ ထိုလူသည် စွန့်ပစ်ခံ အင်မော်တယ်ရှေးတာအိုဆရာဝတ်ပြုကျောင်းသို့ သူ ရောက်ခဲ့စဉ်တုန်းက တာအိုတရားဟောနေခဲ့သောအဘိုးအို၊ သူ့လက်ချောင်းဖြင့် လေထဲတွင် အင်မော်တယ် 仙 စာလုံးကို ရေးခဲ့သော အဘိုးအိုပင် ဖြစ်၏။
ယခုတွင် ထိုအဘိုးအိုကား ရှေးခေတ်မှ မျက်မှောက်ခေတ်သို့ ပို့ဆောင်ခံလိုက်ရသည့်အလား ဟင်းလင်းပြင်ထဲတွင် ပျံဝဲနေလေပြီ။ သူ၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော ခံစားချက်များအား မြင်ရနိုင်ပြီး သူက သက်ပြင်းချလျက် လက်ဆန့်တန်းကာ လာနေသော ကောင်းကင်ဘုံ (၅) ထံ တွန်းလိုက်သည်။
ထိုရိုးရိုးတန်းတန်းလှုပ်ရှားမှုလေးက ကောင်းကင်ဘုံ (၅) တစ်ခုလုံးကို တုံ့ခနဲ ရပ်သွားစေသည်။ ထို့နောက် မြေထုတစ်ခုလုံး မှုန့်မှုန့်ညက်ညက် ကြေသွားသဖြင့် မန်ဟိုမှာ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်ဖြစ်သွား၏။
ဖြစ်ပျက်သွားသည်ကား မြန်ဆန်လွန်း၍ မည်သူမျှမတုံ့ပြန်နိုင်လိုက်ပေ။ အဘိုးအို၏လက်ဟန်လေးက ကောင်းကင်ဘုံ (၅) တစ်ခုလုံးကို ... ပျောက်ကွယ်သွားစေခဲ့လေပြီ။
ထို့နောက် အဘိုးအို၏ပုံရိပ် ပျောက်ကွယ်သွားသည်။ တစ်ဆက်တည်းမှာပဲ အင်မော်တယ်ရှေးတာအိုဆရာဝတ်ပြုကျောင်းများရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိုဆင့်ခေါ်မှုအတွက် သွေးအန်လိုက်ကြရသည်။
“အင်ပါယာသခင်အလောင်းတွေ။ အသက်နုတ်တာအိုနယ်ပယ်ရတနာတွေ၊ ပါရာဂွန်အရိပ်တွေ ... တောင်ပင်လယ်လောကရဲ့အရင်းအမြစ်တွေက မယုံနိုင်လောက်အောင် နက်ရှိုင်းတာပဲ” ရွှမ်းဖန်သည် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ ပျောက်ကွယ်နေသော အဘိုးအိုကို စိုက်ကြည့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ထို့နောက် သူ၏မျက်ဝန်းများ၌ ရူးမိုက်မှုတို့ တောက်ပလာသည်။
“ကောင်းကင်ဘုံ (၇) နဲ့ ကျန်ကောင်းကင်ဘုံတွေ ရောက်လာတဲ့အထိ ငါတို့ အချိန်မဆွဲနိုင်လောက်ဘူး။ ဒဏ္ဍာရီနဂါး ဒီအချိန်မှာ .. ငါတို့ ရွေးချယ်စရာတစ်ခုပဲ ရှိတော့တယ်... ငါတို့ ဒီနေ့သေရရင်တောင်မှ အစွမ်းကုန်ထုတ်ကြစို့” ရွှမ်းဖန်သည် ထရပ်၍ ကောင်းကင်ဘုံ (၆)အား လှမ်းကြည့်ကာ ခြေပြင်းပြင်းဆောင့်နင်းလိုက်၏။
ချက်ချင်းပင် ကောင်းကင်ဘုံ (၆) မှာ စောင်းလာသည်။ ပါရာဂွန်ဒဏ္ဍာရီနဂါးက သက်ပြင်းချရင်း တိတ်ဆိတ်စွာ ရပ်နေသည်။ စစ်ရှုံးရခြင်းမှာ သူ့ကြောင့်မှန်း သိသည့်အတွက် တွန့်ဆုတ်မနေဘဲ သူလည်း မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် ခြေပြင်းပြင်းဆောင့်နင်းလိုက်၏။
ကောင်းကင်ဘုံ (၆) ဖြစ်သော မြေထုကြီးသည် တဝုန်းဝုန်းအော်ြမည်လျက် တောင်ပင်လယ်လောကထံ တအိအိရွေ့လျားလာလေပြီ။
“မြေထုငါးခုက သူတို့ရဲ့ပထမခံစစ်ကြောင်းကို ထိုးဖောက်ဖို့တောင် မလုံလောက်ဘူး” ရွှမ်းဖန်က ပြောသည်။ “တောင်ပင်လယ်လောရဲ့အရင်းအမြစ်တွေကို ထည့်တွက်ရင် ... ငါတို့ဟာ အနိုင်ယူဖို့ ကောင်းကောင်းမပြင်ဆင်ထားခဲ့မိဘူး
“ဒါပေမဲ့ ငါ ဒီတိုင်းမထားနိုင်ဘူး။ ဒဏ္ဍာရီနဂါး ငါတို့ အတတ်နိုင်ဆုံးကြိုးပမ်းရမယ်... ဒီခံစစ်ကြောင်းကို ဖြိုခွင်းနိုင်မလား ကြည့်ကြစို့၊ တောင်ပင်လယ်လောကမှာ သူတို့ကို ကာကွယ်ပေးနိုင်မယ့် လှည့်ကွက်တွေ ရှိဦးမလား ကြည့်ကြစို့....
“သူတို့အရင်းအမြစ် များများသုံးလေလေ၊ ကောင်းကင်ဘုံတွေအတွက် သူတို့နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နိုင်လေလေပဲ။ ဒါဆို တောင်ပင်လယ်လောကဟာ ပိုပြီးဆိုးရွားတဲ့အဆုံးသတ်နဲ့ စစ်ရှုံးရလိမ့်မယ်” ဒဏ္ဍာရီနဂါးနှင့်အတူ ကောင်းကင်ဘုံ (၆) အား တောင်ပင်လယ်လောကထံ စေစစားနေစဉ် ရွှမ်းဖန်၏မျက်လုံးများသည် သွေးအေးအေးလင်းလက်နေ၏။
တစ်ချိန်တည်းမှာပင် နောက်ဆုံးအပြင်သူတပ်ဖွဲ့သည် ရွှမ်းဖန်၏နတ်ဘုရားစိတ်ဆန္ဒ ညွှန်ကြားသောနေရာများတွင် စုဝေးလျက် ကောင်းကင်ဘုံ (၆) ကို ဝန်းရံကာ တောင်ပင်လယ်လောကကို ဖိနှိပ်လိုက်ကြသည်။
အပြတ်အသတ်စစ်ပွဲကား ... ဆောလျင်၍ ဖြစ်ပွားနေချေပြီ။
တောင်ပင်လယ်လောကအတွက် အားတင်းရန် အချိန်တခဏသာ ရသည်။ ကောင်းကင်ဘုံ (၆) စတင်ကျဆင်းလာသည့်အချိန်မှာပင် ကိုးပင်လယ်နတ်လောကမုခ်ဦးအောက်ရှိ ပင်လယ်နဂါးဆယ်သိန်းသည် ဟိန်းဟောက်၍ ၎င်းကို ရင်ဆိုင်ရန် ပျံတက်လာကြ၏။
သို့သော် သူတို့အနားရောက်လာသည့်အခါ ဒဏ္ဍာရီနဂါး၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ တဟုန်းဟုန်းတောက်လာသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ သူ့အား လွှမ်းခြုံထားသည့် အမှောင်ထုထဲမှ နဂါးဟိန်းသံ ကြားလိုက်ရသည်။ ရုတ်တရက် မီတာသုံးသောင်းတိတိ ရှည်လျားသော မကောင်းဆိုးဝါးနဂါးနက်တစ်ကောင် ထွက်လာသည်။ ၎င်း၏ရောက်ရှိလာမှုက မိုးနှင့်မြေကို ပြင်းပြင်းထန်ထန် တုန်ရီသွားစေပြီး ပင်လယ်နဂါးဆယ်သိန်းထံမှ ဒေါသတကြီးဟိန်းသံတစ်သံ ထွက်လာစေ၏။
ကြောက်ခမန်းလိလိဟိန်းသံများက အရာခပ်သိမ်း တုန်ရီနေစေပြီး တစ်ချိန်တည်းမှာပင် ဒဏ္ဍာရီနဂါးက ပါရာဂွန်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ စစ်ရေးပရိယာယ်မကြွယ်သော်လည်း ... သူသည် တိုက်ခိုက်သတ်ဖြတ်ရာ၌ ကျွမ်းကျင်သူမဟုတ်ပါလော။
သူ လက်ဝှေ့ယမ်းလိုက်လျှင်ချင်း မကောင်းဆိုးဝါးနဂါးနက်၏ဟိန်းသံက ပင်လယ်နဂါးများကို တဆတ်ဆတ် တုန်လာစေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့၏အသားများ ကွာထွက်၍ အရိုးစုများ ဖြစ်ကာ ပြာကျကုန်တော့သည်။
ထို့နောက် မကောင်းဆိုးဝါးနဂါးနက်က ကိုးပင်လယ်နတ်လောက၏ မုခ်ဦးထံ ပြေးဝင်သွားသည်။
သို့သော် ဤအခိုက်အတန့်တွန် မုခ်တံခါးသည် ဒုန်းခနဲ ပွင့်၍ မီတာသုံးသောင်းပင်လယ်နဂါးကြီးတစ်ကောင် ထွက်လာ၏။ ဤပင်လယ်နဂါးတွင် အသားတစ်မျှင်မှမရှိ ... အရိုးများဖြင့်သာ ဖွဲ့စည်းထားသည်။
၎င်း ပျံထွက်လာလျှင်ချင်း ကျန်ပင်လယ်နဂါးများ၏ ပြိုကွဲနေသော အသွေးအသားနှင့် အရိုးပြာမှုန်တို့သည် ဧရာမပင်လယ်နဂါးကြီး၏အရိုးများကို လွှမ်းခြုံသွား၏။ ယခုတွင် ၎င်းသည် အသွေးအသားကိုယ်ကို ပိုင်ဆိုင်သွားပြီး မာန်သွင်းဟိန်းဟောက်လျက် မကောင်းဆိုးဝါးနဂါးထံ ပျံသန်းသွားလေပြီ။
ဤအခိုက်အတန့်တွင် ပါရာဂွန်ပင်လယ်အိပ်မက်က မန်ဟိုထိန်းချုပ်ထားသော ပါရာဂွန်ရုပ်သေးရုပ်နှင့်အတူ ပျံထွက်လာသည်။ မန်ဟိုလည်း နေမှ ထွက်၍ စစ်မြေပြင်သို့ သွားသည်။
မြင့်မြတ်သောရေစီးဓားဂူမှ ဓားကိုးလက်က ကောင်းကင်ဘုံ (၆) မြေထုကြီးထံ ဦးတည်နေသည်။
တောင်ပင်လယ်လောက၏အတွင်းထဲရှိ အင်မော်တယ်ရှေးတာအိုဆရာအဖွဲ့မှ ကျမ်းစာရွတ်ဖတ်သံများ နောက်တစ်ဖန် ထွက်လာသည်။ ဤတစ်ခေါက်တွင် သက်လတ်ပိုင်းလူတစ်ယောက် ဘွားခနဲ ပေါ်လာ၏။ သူ၏မျက်လုံးများက ငိုင်တွေနေပြီး သူ့လက်ထဲတွင် လှံရှည်တစ်လက်ကိုင်ထားသည်။ သူက ချက်ချင်း ရှေ့တက်၍ အပြင်သူများကို စတင်ကွပ်မျက်တော့သည်။
တစ်ချိန်တည်းမှာပင် ပါရာဂွန်ဒဏ္ဍာရီနဂါးက သုံးကိုယ်ခွဲလိုက်သည်။ တစ်ကိုယ်က ပါရာဂွန်ပင်လယ်အိပ်မက်ထံ၊ နောက်တစ်ကိုယ်က ပါရာဂွန်ရုပ်သေးရုပ်ထံ ထွက်သွား၏။
နောက်ဆုံးတစ်ကိုယ်က ဓားကိုးလက်ထံ တရှိန်ထိုးပြေးဝင်သွားသော အနက်ရောင်အလင်းတန်းတစ်တန်း ဖြစ်လာသည်။ ဒဏ္ဍာရီနဂါးကို ဝန်းရံထားသော အလင်းရောင်သည် ဓားကိုးလက်အား ရစ်သိုင်းလှည့်ပတ်၍ ပိတ်လှောင်လိုက်သော ချုပ်နှောင်အင်းကွက်တစ်ကွက် ဖြစ်သွား၏။
သူ့ကို လွှမ်းခြုံထားသည့် အနက်ရောင်အလင်းမရှိတော့သည့်အခါ ပါရာဂွန်ဒဏ္ဍာရီနဂါး၏ပုံစံမှာ ဖော်ပြခံလိုက်ရတော့သည်။ သူသည် မျက်လုံးမှိတ်ထားသော ခေါင်းနှစ်ခေါင်း၊ မျက်လုံးဖွင့်ထားသော ခေါင်းတစ်ခေါင်းဖြင့် ဧရာမကြီးမား၏။ အလယ်ခေါင်း၏ မျက်လုံးနီနီကြီးက အင်မော်တယ်ရှေးတာအိုဆရာအဖွဲ့ ဆင့်ခေါ်ခဲ့သော သက်လတ်ပိုင်းလူကို ကြည့်နေသည်။
မကြာမီ မှော်သိုင်းကွက်အရောင်အဝါများ လင်းလက်ပြိုးပြက်လာ၏။
ထိုအရာအားလုံး ဖြစ်ပွားနေစဉ် ရွှမ်းဖန်က မန်ဟို့ထံ ဦးတည်သွားသည်။
တောင်ပင်လယ်လောက၏ အဓိကလူအားလုံး ရန်သူကိုယ်စီဖြင့် ချုပ်ခံထားရသည့်အတွက် ကောင်းကင်ဘုံ (၆) အား မတားနိုင်တော့ပေ။ ၎င်းသည် ပထမတောင်ကို အုန်းခနဲ တိုက်ချလိုက်၏။ တောင်တစ်တောင်လုံး လှုပ်ခတ်သွားပြီး အက်ကြောင်းများ တဂျုန်းဂျုန်းပွင့်ထွက်လာသည်။ ထို့နောက် မြေထုကြီးသည် ပထမတောင်တစ်လုံးစလုံး ပြားကပ်သွားသည့်တိုင်အောင် ဆက်လက်ဖိချသွား၏။
ဤအချိန်တွင် ကောင်းကင်ဘုံ (၆)၏ အစိတ်အပိုင်းအများစု ပျက်စီးသွားလေပြီ။ အဆုံးမရှိသော ကျောက်တုံးမြေခဲများက ကျန်တောင်ပင်လယ်များအပေါ်သို့ မိုးသဖွယ် ရွာကျလာသည်။ ချက်ချင်းပင် ဒုတိယပင်လယ်၏မန္တန်ဝင်္ကပါများ အသက်ဝင်လာပြီး ကျဆင်းလာနေသော ကျောက်ခဲများကို တားလိုက်ရသဖြင့် ဒုတိယပင်လယ်မှာ အိကျလာတော့သည်။
တောင်တွေ ပြားကပ်၍ ပင်လယ်တွေ သေဆုံးကုန်ချေပြီ။
တဝုန်းဝုန်းကျနေသော ကျောက်ခဲများကို တားဖို့ ဒုတိယပင်လယ် အိကျပျက်စီးနေသည့်အချိန်၌ ခိတိဂဗ္ဗသည် လပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏မျက်လုံးများ ပွင့်လာသောအခါ ၎င်းတို့သည် သွေးအေးစွာ တောက်ပနေပြီး သူက ဒဏ်ရာရထားသည့်တိုင် ဒိုင်းကို အသက်သွင်းလိုက်သည်။
တလက်လက်တောက်ပနေသော ဒိုင်းသည် ဒုတိယတောင်ထက်၌ ပေါ်လာပြီး ကျလာသည့်ကျောက်တုံးမြေခဲများ ပြာကျသွား၏။
မည်သည့်ပျက်စီးမှုမှ ထပ်မံမဖြစ်ပွားတော့ပေ။ ကောင်းကင်ဘုံ (၆) မှ အန္တရာယ် ပျောက်ကွယ်သွားချေပြီ။
“ဒါပဲလား ...” ရွှမ်းဖန်က သက်ပြင်းချရင်း ပြောသည်။ သူ့အနောက်ရှိ အပြင်သူနောက်ဆုံးတပ်ဖွဲ့သည် တောင်ပင်လယ်ကျင့်ကြံသူများထံ ချီတက်သွားကြ၏။ ချက်ချင်းပင် ရက်စက်ပြင်းထန်သော တိုက်ပွဲဖြစ်ပွားတော့သည်။ တစ်ချိန်တည်းမှာပင် ဒုတိယတောင်၏အနောက်ရှိ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သည့်အတတ်မှ ၊ မည်သည့်သိုင်းကွက်မှ ထုတ်လွှတ်မခံရတော့ပေ။ “အရင်းအမြစ်တွေ ထပ်သုံးစရာမလိုတော့ဘူးလို့ ခံစားရတယ်ပေါ့လေ။ ကောင်းပြီ ဒါဆိုရင်လည်း....”
ရွှမ်းဖန်က ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ မန်ဟို့ထံ လက်ညှိုးထိုးလိုက်သည်။ သို့သော် မန်ဟို လှုပ်ရှားတော့မည့်အချိန်မှာပင် ရွှမ်းဖန်က တဟားဟားရယ်ရင်း လက်ပြန်ရုတ်သည်။
“ကျန်တဲ့ကောင်းကင်ဘုံမှာ ဘာနည်းလမ်းတွေပဲ ရှိရှိ မကြာခင် ရောက်လာနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တောင်ပင်လယ်လောကကလည်း ကျန်ရဲ့အရင်းအမြစ်တွေကို ထုတ်သုံးတော့မှာမဟုတ်ဘူးဆိုတော့..... ဒီကောင်လေး၊ အဲဒီနေနဲ့လ ပျက်စီးစေရမယ်
“အင်မော်တယ်အကျဉ်းချဝင်္ကပါ အသက်ဝင်စမ်း”