အခန်း ၂၀၁
Vol. 20 Ch. 201
အခန်း ၂၀၁ - ရွှေအမြုတေအဆင့် ငါးခုမြောက်အလွှာ (၂)
ချန်အန်သည် ညစာမစားဘဲ ဆေးဖော်စပ်သည့်အခန်းထဲတွင် သန်းခေါင်ယံအချိန်အထိ အောင်းနေခဲ့သည်။ ဇနီးသည်များနှင့် သမီးဖြစ်သူများ အိပ်စက်အနားယူရန်နှင့် ကျင့်ကြံခြင်းပြုရန် မိမိတို့အခန်းထဲ အသီးသီးပြန်သွားကြသည့် အချိန်ကျမှသာ သူသည် ဆေးဖော်စပ်သည့်အခန်းထဲမှ ထွက်လာပြီး ဂူရှင်းယွဲ့၏ အခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းခဲ့သည်။
ယနေ့ညသည် ဂူရှင်းယွဲ့၏ အလှည့်ဖြစ်သည်။
ကျွိ...
ဂူရှင်းယွဲ့၏ အခန်းရှေ့သို့ ရောက်သောအခါ ချန်အန်သည် တံခါးကိုတွန်းဖွင့်ကာ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။ ထိုအချိန်တွင် ဂူရှင်းယွဲ့သည် ချောင်ချိသော ပိုးထည်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ဖြစ်ကာ ကုတင်ပေါ်တွင် လျောင်းစောင်းရင်း သူ့အလာကို စောင့်မျှော်နေလေသည်။ သူ ဝင်လာသည်ကို မြင်မြင်ချင်းမှာပင် သူမက ချက်ချင်း ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
"ယောက်ျား"
"ယွဲ့အာ... ကိုယ့်ကို စောင့်ရတာ စိတ်မရှိပါနဲ့ဦး"
"အာ... အဲဒီလိုမဟုတ်ပါဘူးရှင့်"
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိသွားခဲ့သည်။
[စိတ်အာရုံစွမ်းအား +၄၊ မြေဓာတ်စွမ်းအားအမြုတေ ပါရမီ +၄] X ၅၈
[စိတ်အာရုံစွမ်းအား - အဆင့်မြင့် အလွှာ ၃ • ၁%]
"အင်း... တော်တော်ကောင်းတယ်"
ချန်အန်သည် တစ်ညလုံး မအိပ်ခဲ့ချေ။ အသိပေးချက် ပေါ်လာသည့် မြင်ကွင်းကို ကြည့်ရင်း သူ၏မျက်နှာထက်တွင် ပြုံးပန်းဝေဆာသွားသည်။ ယခုအချိန်တွင် သူသည် တဖြည်းဖြည်းနှင့် ပိုမိုသန်မာလာနေပြီ ဖြစ်သည်။ အချိန်အတန်ကြာပြီးနောက် 'ကောင်းကင်မြေကမ္ဘာဂိုဏ်း' သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လျှင် ထိုနေရာ၌ပင် စိတ်အေးချမ်းသာစွာ ကျင့်ကြံရင်း၊ ဇနီးမယား သမီးသားတို့နှင့်အတူ လောကဓံဒီရေ အတက်အကျကို အတူတကွ ငေးမောကြည့်ရှုကာ ထာဝရအသက်ရှည်စွာ နေထိုင်သွားနိုင်တော့မည် ဖြစ်သည်။
အချိန်တွေက ကုန်လွန်သွားလိုက်တာ မြန်ဆန်လွန်းလှသည်။ မသိမသာနှင့်ပင် ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားခဲ့ပြန်ပြီ။
ဒီနေ့ နေ့လယ်စာ စားပြီးနောက် ချန်အန်သည် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေစဉ် တံခါးအပြင်ဘက်မှ ရှန်းချင်းယီ၏ အသံထွက်ပေါ်လာသည်။
"ယောက်ျား... အထဲဝင်ခဲ့လို့ ရမလားရှင့်"
"အင်း... ဝင်ခဲ့လေ"
ထို့နောက် ချန်အန် တံခါးဖွင့်ပေးလိုက်ရာ ရှန်းချင်းယီသည် ဖြည်းညှင်းစွာ လျှောက်ဝင်လာပြီး ချန်အန်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူမက လိုရင်းကို တန်းပြောကာ "ယောက်ျား... အိမ်ထောင်ရေးသုခကို လိုချင်တယ်ရှင့်" ဟု ဆိုလာသည်။
"ဒါဆိုလည်း လာလေ... မင်းဆန္ဒကို ကိုယ်ဖြည့်ဆည်းပေးပါ့မယ်"
ချန်အန်က ပြောပြောဆိုဆိုဖြင့် သူမ၏ ပန်းထိုးဖိနပ်နှင့် ခြေအိတ်ဖြူအရှည်ကို ချွတ်ပေးလိုက်ပြီး ကုတင်ပေါ်သို့ အသာအယာ လှဲချကာ ဖိကပ်ပွေ့ဖက်လိုက်သည်။
နာရီအနည်းငယ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
[ဓားသိုင်းပညာ +၄၊ သံဓာတ်စွမ်းအားအမြုတေ ပါရမီ +၄] X ၇၈
'ငါနဲ့ မိန်းမငယ်လေးကြားက သံယောဇဉ်က မသိမသာနဲ့ ကြယ် ၄ ပွင့်အဆင့်ကို ရောက်သွားပြီပဲ' ဟု ချန်အန်က အသိပေးချက်ကို ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
ရှန်းချင်းယီက သူ့ရင်ခွင်ထဲသို့ တိုးဝင်ရင်း တိုးတိုးညင်သာစွာ ပြောရှာသည်။
"ယောက်ျား... ယွဲ့အာကို အမြန်ဆုံး ကိုယ်ဝန်ရအောင် နည်းလမ်းရှာပေးပါဦး ကျမလည်း ရှင့်အတွက် ကလေးမွေးပေးချင်တယ်"
"အင်းပါ... ကိုယ် 'ကောင်းကင်မြေကမ္ဘာဂိုဏ်း' ရဲ့ ဆေးဖော်စပ်ရေးခန်းမကို ရောက်တာနဲ့ ဒီကိစ္စကို အဆင်ပြေအောင် ဖြေရှင်းပေးပါ့မယ်။ မင်းတို့အားလုံး ကိုယ်ပိုင်ကလေးလေးတွေ ရစေရမယ်" ဟု ချန်အန်က ကတိပေးလိုက်သည်။
ထို့နောက် သူက ဆက်လက်၍ "အခု စာမေးပွဲဖြေရမယ့်ရက်ကလည်း နီးနေပြီဆိုတော့ အဆင့် ၃ ဆေးလုံးတွေကို ပိုပြီးကျွမ်းကျင်အောင် အမြန်လေ့လာရဦးမယ်။ အခုတော့ မင်းအနားမှာ မနေပေးနိုင်သေးဘူး" ဟု ဆိုရာ ရှန်းချင်းယီကလည်း နားလည်မှုရှိစွာဖြင့် "ကောင်းပါပြီ ယောက်ျား... သွားပါရှင့်" ဟု ဆိုသည်။
ချန်အန်သည် သူမ၏ နှုတ်ခမ်းနီနီလေးကို နမ်းရှိုက်လိုက်ပြီးနောက် ဆေးဖော်စပ်သည့်အခန်း တံခါးဝသို့ ရောက်ရှိသွားသည်။ သို့သော် တံခါးကို တွန်းမဖွင့်ရသေးမီမှာပင် သူ့ရှေ့၌ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာပြန်သည်။
[သင့်သမီးဖြစ်သူ ချန်ယီခဲ့သည် ‘ချီ’ စွမ်းအင်ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ပါသည်။ ဆုလာဘ်အဖြစ် ကျင့်ကြံခြင်းသက်တမ်း နှစ် ၃၀ ကို ပေးအပ်လိုက်သည်]
[ကျင့်ကြံခြင်းအဆင့် - ရွှေအမြုတေအဆင့် အလွှာ ၅]
ချန်အန်သည် မိမိရှေ့ရှိ အသိပေးချက်ကို ကြည့်ကာ အံ့အားသင့်ပြီး ငေးကနဲ ဖြစ်သွားရသည်။
'ငါ့ရဲ့ အူကြောင်ကြောင် သမီးလေးက ဒီအတိုင်းလေးနဲ့တင် ‘ချီ’ စွမ်းအင် စုစည်းမှုကို အောင်မြင်သွားတာလား'
'အသက် တစ်နှစ်သားအရွယ်လေးနဲ့တင် ချီသန့်စင်ခြင်းနယ်ပယ်ထဲကို ခြေလှမ်းလှမ်းနိုင်ခဲ့တာပေါ့'
ထိုအတွေးများ စိတ်ထဲဝင်လာသည်နှင့် တစ်ပြိုင်နက် ချန်အန်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။
'ငါ့သမီးလေးကတော့ ဧကရာဇ်တစ်ပါး ဖြစ်လာမယ့် ရုပ်လက္ခဏာမျိုးပဲ'
ယခုဆိုလျှင် မိသားစုဝင် ခုနစ်ယောက်စလုံးသည် မသေမျိုးကျင့်ကြံသူများ ဖြစ်သွားကြပြီ ဖြစ်သည်။
ညဘက်တွင် ဧည့်ခန်းမ၌ မိသားစု ခုနစ်ယောက်စလုံး စုဝေးထိုင်ကြပြီး ချန်ယီခဲ့၏ ‘ချီ’ စွမ်းအင် စုစည်းမှု အောင်မြင်ကာ ချီသန့်စင်ခြင်းကျင့်ကြံသူ ဖြစ်လာခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် ဆင်နွှဲကြသည်။ ဂူရှင်းယွဲ့က စေတနာအပြည့်ဖြင့် မြိန်ရှက်ဖွယ်ကောင်းသော ညစာကို ချက်ပြုတ်ပေးထားရာ ချန်ယီခဲ့လေးမှာ ပါးစပ်တွင် ဆီများပေပွလျက် မရပ်မနား တမြုံ့မြုံ့စားနေရှာသည်။
ညစာစားပြီးနောက် အားလုံးသည် ကျင့်ကြံခြင်း၊ စာဖတ်ခြင်းစသည်ဖြင့် အသီးသီး အလုပ်ရှုပ်နေကြသည်။
ချန်အန်သည် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေစဉ် အပြင်ဘက်မှ ဆောင်ဟွာယင်း၏ လေသံတိုးတိုးလေး ထွက်ပေါ်လာသည်။
"ယောက်ျား... ညီမ အထဲဝင်ပြီး စကားခဏလောက် လာပြောလို့ ရမလား"
"ရတာပေါ့"
ဆောင်ဟွာယင်းသည် တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး ချန်အန်၏ ဘေးတွင် ကျွမ်းကျင်စွာ ဝင်ထိုင်ရင်း သူ့ကိုယ်လေးကို အသာအယာ မှီတွယ်လိုက်သည်။ သူမသည် နွေးထွေးနူးညံ့သော လက်ကလေးကို ဆန့်ထုတ်ကာ ချန်အန်၏ လက်ချောင်းများကြားထဲသို့ ယှက်သွယ်ဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
"ယောက်ျား... အချိန်တွေ ကုန်လွန်သွားတာ တကယ် မြန်တာပဲနော်။ မျက်စိတစ်မှိတ်အတွင်းမှာတင် ငါးနှစ်နီးပါး ရှိသွားပြီ"
"ကျွန်မတို့ စတင်ဆုံတွေ့ခဲ့တဲ့နေ့က... ကျွန်မဟာ လူ့လောကထဲမှာ ဒုက္ခရောက်ပြီး ကိုယ့်ကိုယ်ကိုယ် ရောင်းချဖို့အထိ အခြေအနေမဲ့နေခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပဲ ရှိသေးတာ"
"အခုတော့ ကျွန်မဟာ ကလေးအမေတစ်ယောက် ဖြစ်နေပြီ။ သမီးလေးတောင် ကျန်းကျန်းမာမာနဲ့ သုံးနှစ်ကျော် အရွယ်ကို ရောက်လာပြီလေ။ ဒါ့အပြင် ကျွန်မတို့ နှစ်ယောက်စလုံးက မသေမျိုးကျင့်ကြံသူတွေ ဖြစ်နေကြပြီဆိုတော့ တကယ့်ကို မယုံနိုင်စရာပါပဲ"
ဆောင်ဟွာယင်းသည် ပြောရင်းပြောရင်းနှင့် ပို၍ပင် ကြည်နူးပီတိ ဖြစ်လာရသည်။ သို့သော် ချန်အန်၏ လက်များက သူမ၏ ကိုယ်ပေါ်တွင် ငြိမ်ငြိမ်မနေဘဲ လျှောက်စမ်းနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိမနေပါက သူမကိုယ်သူမ အိပ်မက်မက်နေသည်ဟု ထင်မှတ်မိပေလိမ့်မည်။
ချန်အန်သည် ဇနီးသည်၏ ရင်ဖွင့်စကားကို နားထောင်ရင်း သူမနည်းတူပင် ခံစားမိရသည်။ သို့သော်လည်း သူ၏ စိတ်ထဲတွင်မူ ရာဂစိတ်များက ထကြွနေဆဲ ဖြစ်သည်။ သူသည် ဇနီးသည်ကို ကုတင်ပေါ်သို့ အသာအယာ လှဲချလိုက်ပြီး အလှပဆုံးသော မျက်ဝန်းလေးများ၊ နှာတံလေးနှင့် နှုတ်ခမ်းနီနီလေးတို့ကို နမ်းရှိုက်ကာ ချစ်တင်းနှီးနှောရန် ပြင်လိုက်သည်။
သို့သော် သူ၏ လက်ကို ဇနီးသည်၏ ခါးဝတ်ကြိုးပေါ်သို့ တင်လိုက်သည့်အခါတွင်မူ ဇနီးဖြစ်သူက သူ့ကို တားဆီးလိုက်ပြီး တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် -
"ယောက်ျား... ဒါကို ခေတ္တဆိုင်းငံ့ထားလို့ ရမလား ကျွန်မရဲ့ ခြေထောက်လေးတွေကို ဆေးပေးပါဦး။ ညီမကို ပထမဆုံး လက်ထပ်တုန်းကလို ကြင်နာယုယတာမျိုးကို ပြန်ပြီး ခံစားချင်လို့ပါ"
"ကောင်းပါပြီဗျာ"
ချန်အန်သည် ဇနီးသည်၏ စကားကို အမြဲ နားထောင်တတ်သူ ဖြစ်သည်။ လွန်လွန်ကဲကဲ တောင်းဆိုမှုမျိုး မဟုတ်သရွေ့ သူက ဝမ်းမြောက်ဝမ်းသာ လက်ခံပေးတတ်စမြဲပင်။
သူသည် အပူချိန် အနေတော်ဖြစ်သော ရေနွေးဇလုံကို ယူဆောင်လာခဲ့သည်။ ရေနွေးအပူချိန်ကို မိမိ၏ ဆေးဖော်စပ်သည့် မီးလျှံဖြင့် မျှတအောင် ထိန်းညှိပေးရင်း ဇနီးသည်၏ ခြေထောက်များကို ဂရုတစိုက် ဆေးကြောပေးလေသည်။ စင်စစ်အားဖြင့် ဇနီးဖြစ်သူ၏ ခြေထောက်များသည် ညစ်ပတ်ပေရေမနေသလို မကောင်းသော အနံ့အသက်လည်း လုံးဝမရှိချေ။ ပန်းနတ်ဘုရား၏ သွေးနှောမှုကြောင့် ဖြစ်ပေါ်လာသော ပန်းရနံ့ သင်းသင်းလေးပင် မွှေးပျံ့နေသေးရာ လူကို စိတ်လက်ပေါ့ပါး လန်းဆန်းစေသည်။
သို့သော်လည်း သူမက ချန်အန်ကို ခြေထောက်ဆေးပေးစေချင်ရုံ သက်သက်သာ ဖြစ်သည်။ သူတို့ စတင်လက်ထပ်စဉ်က ချန်အန် မိမိအပေါ် ခြေထောက်ဆေးပေးကာ အလိုလိုက် ယုယခဲ့ပုံများကို ပြန်လည်အောက်မေ့ရင်း သူမ၏ စိတ်နှလုံးထဲတွင် ချိုမြိန်ခြင်းအတိ ပြီးနေတော့သည်။
...............................................................