← Chapters

အခန်း ၂၀၂

Vol. 20 Ch. 202

အခန်း ၂၀၂

Vol. 20 Ch. 202

အခန်း ၂၀၂ - ရွှေအမြုတေအဆင့် ငါးခုမြောက်အလွှာ (၃)

​[သင်သည် ဇနီးဖြစ်သူ ဆောင်ဟွာယင်း၏ ခြေထောက်များကို ဆေးကြောပေးခဲ့သဖြင့် သူမအား လွန်ခဲ့သော ငါးနှစ်က ပထမဆုံး လက်ထပ်ခဲ့စဉ်က ခံစားချက်ကို ပြန်လည်အောက်မေ့စေခဲ့ပါသည်။ ဇနီးမောင်နှံသံယောဇဉ် +၁+၃+၁+၄+၅+၂+၀...]

[သင်နှင့် ဇနီးဖြစ်သူ ဆောင်ဟွာယင်းတို့ကြားရှိ သံယောဇဉ်အဆင့်သည် ကြယ် ၅ ပွင့်သို့ တိုးမြင့်သွားခဲ့ပါပြီ။ သင်သည် “ကောင်းတူဆိုးဖက် မျှဝေခံစားခြင်း” ဟူသော အထူးသံယောဇဉ်စွမ်းရည်ကို ရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆုလာဘ်ဆန်းတစ်ခုဖြစ်သည့် “အံ့အားသင့်ဖွယ် ကံစမ်းသေတ္တာ” ကိုလည်း ရရှိပါသည်။]

[အမည် - ဆောင်ဟွာယင်း]

[ကျင့်ကြံခြင်းအဆင့် - ချီသန့်စင်ခြင်း အဆင့် ၃]

[ပင်ကိုယ်အရည်အချင်း - ကျေးဇူးသိတတ်ခြင်း]

[သံယောဇဉ်အဆင့် - ကြယ် ၅ ပွင့် (အမြင့်ဆုံးအဆင့်)]

​"ကြယ်ငါးပွင့်ပါလား"

​ချန်အန်သည် စိတ်ထဲမှ အလွန်အမင်း ဝမ်းသာပီတိဖြစ်သွားရသဖြင့် မအောင့်အီးနိုင်ဘဲ အာမေဍိတ်သံ ထွက်သွားမိသည်။ ဆောင်ဟွာယင်းက အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး -

"လင်ယောက်ျား... ဘာကိုကြယ်ငါးပွင့်လဲဟင်" ဟု မေးလာသည်။

သူမ၏ နားလည်မှုအရ ကြယ်ငါးပွင့်ဟူသော စကားရပ်မျိုး မရှိသဖြင့် ‘ဓာတ်ကြီးငါးပါး’ သို့မဟုတ် ‘ငါးပါးသီလ’ ကဲ့သို့သော အရာမျိုးကို ပြောသည်ဟု ထင်မှတ်သွားခြင်း ဖြစ်သည်။

​ချန်အန်သည် သူမအား ရှင်းမပြတော့ဘဲ “ကောင်းတူဆိုးဖက် မျှဝေခံစားခြင်း” သံယောဇဉ်၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ရန်သာ စိတ်စောနေတော့သည်။ သူက သူမ၏ အဝတ်အစားများကို ချွတ်ပေးရင်း -

"လာပါ ဟွာယင်းအာ... အချိန်တန်ပြီ" ဟု ဆိုလိုက်သည်။

"ယောက်ျားကတော့ တကယ့်ကို စိတ်စောတာပဲ"

​ဆောင်ဟွာယင်းက ရွှတ်နောက်နောက်ဖြင့် အပြစ်တင်လိုက်သော်လည်း သူမ၏ သွယ်လျသော လက်ကလေးကို ဆန့်ထုတ်ကာ ချန်အန်၏ အဝတ်အစားများကို ကူညီချွတ်ပေးရှာသည်။ ထို့နောက်တွင်မူ သူမသည် သူ့အောက်သို့ ရောက်ရှိသွားတော့သည်။

​အမွှေးတိုင်တစ်ဝက်စာခန့် အချိန်ကုန်လွန်ပြီးနောက်...

​[ဆေးဖော်စပ်မှု အတွေ့အကြုံ +၅၊ သစ်ဓာတ်စွမ်းအားအမြုတေ ပါရမီ +၅]

​ချန်အန်သည် မိမိလုပ်ဆောင်နေသည်များကို ရပ်တန့်လိုက်ပြီး အသက်ရှူသံ အနည်းငယ် ပြင်းထန်နေသော ဆောင်ဟွာယင်းကို ကြည့်လိုက်သည်။

"ဟွာယင်းအာ... မင်းရဲ့ ဝမ်းဗိုက်ထဲမှာ ဆေးဖော်စပ်မှု အတွေ့အကြုံတွေ တိုးပွားလာသလိုမျိုး ခံစားရလား။ ပြီးတော့ မင်းနှလုံးသားဘေးက မိစ္ဆာအမြုတေ ပါရမီကော နည်းနည်း တက်လာသလိုမျိုး မရှိဘူးလား"

​သူ့စကားကို ကြားမှ ဆောင်ဟွာယင်းသည် အခြေအနေကို သတိပြုမိသွားပြီး မိမိ၏ ဆေးဖော်စပ်မှု အတွေ့အကြုံနှင့် မိစ္ဆာအမြုတေ ပါရမီတို့မှာ အနည်းငယ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း အလွန် သိသာထင်ရှားလှသည်တော့ မဟုတ်ချေ။ အကယ်၍ သေသေချာချာ အာရုံမစိုက်ပါက သတိပြုမိရန်ပင် ခက်ခဲလှသည်။

​ဆောင်ဟွာယင်းက ခံစားရသမျှကို ချန်အန်အား အကုန်အစင် ပြောပြလိုက်သည်။ ချန်အန်သည် ခေါင်းညိတ်ပြလိုက်ပြီး ဘာမျှ ထပ်မပြောတော့ဘဲ ခေါင်းငုံ့ကာ ပြန်လည် ကြိုးပမ်းအားထုတ်ပြန်သည်။

​အကြိမ်တိုင်း ပြီးဆုံးသွားလေတိုင်း သူသည် ဆောင်ဟွာယင်း မည်သို့ခံစားရသည်ကို ချက်ချင်း မေးမြန်းပြီး တုံ့ပြန်မှုကို မှတ်သားထားတတ်သည်။ အကြိမ်ပေါင်း နှစ်ဆယ်နီးပါးခန့် စမ်းသပ်ပြီးနောက်တွင်မူ သူသည် တိကျသော ကောက်ချက်တစ်ခုကို အောင်မြင်စွာ ချမှတ်နိုင်ခဲ့ပြီ ဖြစ်သည်။

​ထိုအရာမှာ ကောင်းတူဆိုးဖက် မျှဝေခံစားခြင်း သံယောဇဉ်သည် သူ ယခင်က တွေးတောခဲ့သကဲ့သို့ပင် ဖြစ်သည်။ သူသည် ဇနီးသည်များထံမှ အကျိုးကျေးဇူးများ ရရှိနေစဉ်မှာပင် ဇနီးသည်များကိုလည်း အကျိုးကျေးဇူးအချို့ ပြန်လည် ခံစားခွင့် ရစေခြင်း ဖြစ်သည်။

​ဤအကျိုးကျေးဇူးမှာ အပိုဆောင်းရရှိခြင်း ဖြစ်သော်လည်း ပမာဏအားဖြင့်မူ အလွန်အမင်း များပြားလှသည်တော့ မဟုတ်ချေ။ ဥပမာအားဖြင့် ရိုးရှင်းသော ကိန်းဂဏန်းဖြင့် ပြရသော် -

ဤသံယောဇဉ်ကို မရရှိမီက ချန်အန်သည် ဇနီးသည်ထံမှ အတွေ့အကြုံ အမှတ် ၁၀ ကို တစ်ဖက်သတ် ရရှိခဲ့သည်။ ယခု ကောင်းတူဆိုးဖက် မျှဝေခံစားခွင့် ရရှိလာချိန်တွင်မူ သူသည် ဇနီးသည်ထံမှ အမှတ် ၁၀ ကို ရရှိနေဆဲဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် ဇနီးဖြစ်သူကလည်း အမှတ် ၁ ကို ပြန်လည် ရရှိခံစားရခြင်းမျိုး ဖြစ်သည်။

​'ဒီလိုဆိုရင်တော့ ငါ့မိန်းမတွေရဲ့ ကျင့်ကြံခြင်းအဆင့်အတွက် စိတ်ပူစရာ မလိုတော့ဘူးပဲ'

'သူတို့သာ ငါနဲ့ ဒီသံယောဇဉ်ကို မျှဝေခံစားခွင့် ရမယ်ဆိုရင် ငါနဲ့အတူ မသေမျိုး သုခဘုံဆီ လိုက်ပါလာနိုင်ကြမှာပဲ'

'နေပါဦး... ဒါဆို ငါ့သမီးလေး နှစ်ယောက်ကျတော့ကော'

​ချန်အန်သည် ဤပြဿနာကို ရုတ်တရက် တွေးမိသွားသည်။ သူနှင့် သူ့ဇနီးသည်များသည် အချင်းချင်း ပျော်ရွှင်အကျိုးခံစားနိုင်ကြသော်လည်း သမီးဖြစ်သူများမှာမူ ဤသို့ မရနိုင်ချေ။

'ထားလိုက်ပါတော့လေ... တစ်လှမ်းချင်းပဲ သွားရမှာပေါ့'

'နောင်တစ်ချိန်မှာ သမီးလေးတွေနဲ့ ဖခင်-သမီး သံယောဇဉ်က ကြယ် ၅ ပွင့်အဆင့်ကို ရောက်သွားရင် ဖခင်နဲ့ သမီး သီးသန့်အတွက် အထူးသံယောဇဉ်စွမ်းရည်မျိုး ရှိလာနိုင်တာပဲ'

​သူသည် အတွေးကမ္ဘာထဲ နစ်မျောနေရင်း ရင်ခွင်ထဲရှိ ဇနီးသည်ကို ခေတ္တမျှ ထပ်မံ ကြင်နာယုယပြီးနောက် မကြာမီမှာပင် အခန်းထဲမှ ထွက်လာခဲ့သည်။

​သူသည် ဆေးလုံးဖော်စပ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဆေးဖော်စပ်သည့် အခန်းထဲသို့ အပြေးအလွှား သွားရောက်ကာ ခုနကတင် ရရှိထားသော ‘အံ့အားသင့်ဖွယ် ကံစမ်းသေတ္တာ’ ကို စစ်ဆေးကြည့်ရှုလိုက်သည်။ သေတ္တာ၏ ပုံသဏ္ဌာန်မှာ အလွန်ပင် ရိုးရှင်းလှသည်။ အဝေးမှ ကြည့်လျှင် ရိုးရိုး သစ်သားသေတ္တာတစ်လုံးမျှသာ ဖြစ်ပြီး ထူးခြားချက် တစ်စုံတစ်ရာ မရှိချေ။

​ထို့ကြောင့် ချန်အန်သည် အချိန်ဆွဲမနေတော့ဘဲ မျှော်လင့်ချက်အပြည့်ဖြင့် သေတ္တာကို ဖွင့်လှစ်လိုက်သည်။ နောက်တစ်ကိုယ်တွင် သေတ္တာသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် လေထဲ၌ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။

​[ဂုဏ်ယူပါသည်၊ သင်သည် ကျင့်ကြံခြင်းသက်တမ်း နှစ် ၅၀ ကို ရရှိပါသည်။]

[ကျင့်ကြံခြင်းအဆင့် - ရွှေအမြုတေအဆင့် အလွှာ ၅]

​"ဒါပဲလား..."

​ချန်အန်သည် အနည်းငယ် ဆွံ့အသွားရသည်။ ဤအံ့အားသင့်ဖွယ် ကံစမ်းသေတ္တာထဲမှ ထူးခြားဆန်းပြားသော ရတနာတစ်စုံတစ်ရာ ရရှိလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင်မူ ကျင့်ကြံခြင်း သက်တမ်း တိုးလာရုံမျှသာ ဖြစ်နေသည်။ စင်စစ်အားဖြင့်ဆိုလျှင် အစကတည်းက ကျင့်ကြံခြင်းသက်တမ်းကို တိုက်ရိုက် ဆုချလိုက်ခြင်းက ပို၍ ကောင်းမွန်ပေဦးမည်။ မိမိမှာတော့ အလကားသက်သက် မျှော်လင့်ချက် အကြီးအကျယ် ထားလိုက်ရသည်။ ချန်အန်သည် အနည်းငယ် စိတ်ပျက်သွားမိသည်။

​သို့သော်လည်း နောက်တစ်ခဏ၌ သူ၏ မျက်ဝန်းများ ဝင်းလက်တောက်ပသွားခဲ့သည်။

​'နေဦး... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့် ငါးခုမြောက်အလွှာကို ရောက်သွားပြီပဲ။ ဂူထဲမှာ ပိတ်လှောင်ခံထားရတဲ့ ‘ကျိုကျီ’ ထက် တစ်အလွှာ ပိုမြင့်သွားပြီ'

​ဤအရာသည် မိမိ၏ သွေးအဆီအနှစ်ကို အသုံးပြုကာ သူမအား ကျွန်အဖြစ် စေခိုင်းနိုင်ပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ဤသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ချန်အန်သည် တစ်စက္ကန့်မျှပင် ထပ်မံ မဆိုင်းတွတော့ချေ။

​သူသည် ဇနီးသည်များကို အလျင်အမြန် အကြောင်းကြားလိုက်ပြီးနောက် ဓားပျံကို စီးနင်းကာ ကျိုကျီရှိရာဆီသို့ အပြေးအလွှား ပျံသန်းသွားတော့သည်။

..................................................................

All Chapters