အခန်း ၂၀၄
Vol. 20 Ch. 204
အခန်း ၂၀၄ - ကျိုကျီ အညံ့ခံခြင်း
ရက်ရက်ဆက်ဆက် ကုန်လွန်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ‘ကောင်းကင်မြေကမ္ဘာဂိုဏ်း’ ၏ စာမေးပွဲဖြေဆိုရမည့်ရက်သို့ သုံးရက်သာ လိုတော့သည်။
ပန်းပေါင်းတစ်ထောင်တောအုပ်၊ လိုဏ်ခေါင်းအတွင်းရှိ ဆေးဖော်စပ်သည့်အခန်းထဲတွင်...
ချန်အန်သည် အဆင့် ၃ ဆေးလုံးများ ဖော်စပ်သည့်ပညာကို စိတ်အာရုံစူးစိုက်ကာ လေ့လာနေခဲ့သည်။ နေ့စဉ်ရက်ဆက် ဤအတိုင်းပင် ဖြတ်သန်းခဲ့သည်။ ယခုအချိန်အထိ သူသည် အမျိုးအစားမတူညီသော အဆင့် ၃ ဆေးလုံးပေါင်း တစ်ရာကျော် ဖော်စပ်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။ ဤသည်မှာ သာမန် အဆင့် ၃ ဆေးဆရာတစ်ယောက်၏ စံနှုန်းထက် များစွာ သာလွန်လွန်းလှသည်။
"ဒီလောက်ဆို စာမေးပွဲအတွက် အဆင်ပြေပါပြီ"
ချန်အန်သည် ဆေးဖိုအိုးထဲရှိ ဆေးလုံးကို ကြည့်ကာ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုမိုတိုးပွားလာသည်။ ယခုအချိန်တွင် သူသည် သုံးရက်အကြာတွင် ကျင်းပမည့် ‘ကောင်းကင်မြေကမ္ဘာဂိုဏ်း’ ဆေးဖော်စပ်ရေးခန်းမ၏ စာမေးပွဲကိုပင် စိတ်စောစွာ မျှော်လင့်နေမိတော့သည်။ သူသည် ဆေးဖိုမီးကို ငြှိမ်းသတ်လိုက်ပြီး ဆေးဖော်စပ်ခန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။
ထို့နောက် ခေတ္တမျှ ထိုင်၍ အနားယူလိုက်သည်။
မကြာမီမှာပင် ချန်အန်သည် ‘မြေလျှိုးမန္တန်’ ကို အသုံးပြုကာ ဂူရှင်းယွဲ့၏ အခန်းဆီသို့ ဦးတည်လိုက်သည်။ သူသည် သူမနှင့် သံယောဇဉ်အဆင့် ပိုမိုတိုးတက်စေရန် သွားရောက်ရှာဖွေခြင်း ဖြစ်သည်။
ထိုနေ့က ကျိုကျီအား မိမိ၏ သွေးအဆီအနှစ်ကို အတင်းအကျပ် မျိုချစေကာ ကျွန်ပြုခဲ့သည့် အချိန်မှစ၍ ချန်အန်သည် သူမထံသို့ တစ်ခေါက်မျှ သွားမကြည့်ခဲ့ချေ။ ယခုဆိုလျှင် နှစ်လနီးပါး ရှိသွားခဲ့ပြီ ဖြစ်သည်။ နှစ်လတိုင်တိုင် သူမသည် မှောင်မိုက်သော ဂူခန်းကျဉ်းထဲတွင် အပိတ်လှောင်ခံထားရသည်။ ရေတစ်စက်ပင် မသောက်ခဲ့ရသလို မည်သူတစ်ဦးတစ်ယောက်နှင့်မျှလည်း စကားမပြောခဲ့ရချေ။
ထို့အပြင် သူမ၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များအားလုံးကိုလည်း ‘ပင်လယ်အလင်းကျောက်’ များက အကုန်အစင် စုပ်ယူထားသဖြင့် ကျင့်ကြံခြင်းစွမ်းအားဖြင့် အသက်ဆက်ရန်လည်း မဖြစ်နိုင်ချေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် လူတစ်ယောက်သည် အနှေးနှင့်အမြန် ရူးသွပ်သွားရစမြဲပင်။ မသေမျိုးကျင့်ကြံသူများပင် ဖြစ်လင့်ကစား ထူးခြားမည်မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုသော် ထိုမှောင်မိုက်ခြင်းသည် သက်ရှိတို့၏ အချိန်အာရုံခံစားမှုကို ဝါးမြိုဖျက်ဆီးပစ်တတ်ပြီး တစ်ရက်ကို တစ်နှစ်ကဲ့သို့ ခံစားရစေကာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို သေချာပေါက် ညှဉ်းပန်းနှိပ်စက်တတ်သောကြောင့် ဖြစ်သည်။ ချန်အန်၏ ခန့်မှန်းချက်အရ ကျိုကျီသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။
သို့သော်လည်း သူသည် ကျိုကျီထံသို့ သွားရောက်ကြည့်ရှုရန် အစီအစဉ် မရှိသေးချေ။ ‘ကောင်းကင်မြေကမ္ဘာဂိုဏ်း’ ဆေးဖော်စပ်ရေးခန်းမ၏ စာမေးပွဲ ပြီးဆုံးသွားမှသာ သူမ၏ အခြေအနေကို သွားရောက်စစ်ဆေးပြီး အသက်မသေရုံနှင့် လွတ်မပြေးနိုင်ရုံမျှ အသက်ဓာတ်စွမ်းအင်အချို့ သွားရောက်ကျွေးမွေးရန် စဉ်းစားထားသည်။
ဂူရှင်းယွဲ့၏ အခန်းအတွင်း၌...
ချန်အန်သည် ရေခဲပြင်နှင်းဆီကဲ့သို့ အေးစက်လှပသော ဇနီးငယ်လေးအား ရင်ခွင်ထဲ၌ ဖက်တွယ်ကာ ချစ်တင်းနှီးနှောပြီးနောက် လှိုင်းလေငြိမ်သက်သွားသည့် ကြည်နူးစရာ အခိုက်အတန့်ကို ခံစားနေသည်။
"ယောက်ျား... ညီမ တကယ်ပဲ ရှင့်အတွက် ကလေးတစ်ယောက် မွေးပေးချင်တယ်"
ဂူရှင်းယွဲ့က ချန်အန်၏ ရင်ခွင်ထဲသို့ တိုးဝင်ရင်း သွယ်လျဖြူစင်သော သူမ၏ ညာဘက်လက်ကလေးဖြင့် သူ၏ ထင်ရှားလှသော ဝမ်းဗိုက်ကြွက်သားများကို အသာအယာ ပွတ်သပ်နေရှာသည်။ သူမ၏ လေသံထဲတွင် စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်တမ်းတမှုများ ပြည့်နှက်နေသည်။ ချန်အန်က သူမ၏ လှပသော မျက်နှာလေးကို ပွတ်သပ်ပေးရင်း ချော့မော့လိုက်သည်။
"မွေးရမှာပေါ့... ကိုယ် နောင်ကျရင် ‘ကောင်းကင်မြေကမ္ဘာဂိုဏ်း’ ရဲ့ ဆေးဖော်စပ်ရေးခန်းမကို ဝင်ပြီးတာနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေပေးပါ့မယ်"
"အင်းပါရှင့်"
ဂူရှင်းယွဲ့က တိုးတိုးလေး ပြန်လည်ထူးလိုက်သည်။ သူမသည် မိမိကိုယ်ဝန်ဆောင်ထားရမည့် ပုံစံကိုပင် စိတ်ကူးယဉ်ကြည့်နေမိပြီ ဖြစ်သည်။ ဤသို့ တွေးတောမိသည်နှင့်အမျှ သူမ၏ အေးစက်ကျော့ရှင်းသော မျက်နှာထက်တွင် ချိုမြိန်သော အပြုံးတစ်ခု ပေါ်ထွန်းလာပြီး နောင်လာမည့် ရက်စွဲများအတွက် မျှော်လင့်ချက်များ ပြည့်နှက်သွားတော့သည်။
ချန်အန်က ကုတင်ပေါ်တွင် မတ်တပ်ထထိုင်လိုက်ပြီး ရင်ခွင်ထဲမှ ဂူရှင်းယွဲ့ကို အသာအယာ ပုတ်လိုက်သည်။
"ယွဲ့အာ... မင်း အနားယူတာ လောက်လောက်ငြင်ငြင် ရှိပြီဆိုတော့ ကိုယ်တို့ ဆက်ကြရအောင်"
"အင်းပါ..."
ဂူရှင်းယွဲ့က တိုးညင်းစွာ ပြန်လည်ထူးလိုက်ပြန်ပြီး ချန်အန်၏ အချစ်လှိုင်းလုံးများကို နွေးထွေးစွာ တုံ့ပြန်ပေးရှာသည်။ တစ်ချိန်တည်းမှာပင် သူမသည် လင်ယောက်ျား၏ ရင်သွေးကို အမြန်ဆုံး လွယ်ထားနိုင်ပါစေကြောင်း စိတ်ထဲမှ ဆုတောင်းနေမိတော့သည်။
နှစ်ရက် ထပ်မံကုန်ဆုံးသွားခဲ့သည်။ မနက်ဖြန်သည် ‘ကောင်းကင်မြေကမ္ဘာဂိုဏ်း’ ဆေးဖော်စပ်ရေးခန်းမသို့ သွားရောက်ကာ စာမေးပွဲဖြေဆိုရမည့် ရက် ဖြစ်သည်။
ဒီနေ့တွင်မူ ချန်အန်သည် ဆေးဖော်စပ်ခြင်းကို မလေ့လာတော့သလို၊ ဇနီးသည်များထံ သွားရောက်ကာ ချစ်တင်းနှီးနှောခြင်းလည်း မပြုတော့ချေ။ သူသည် စာမေးပွဲကို ရင်ဆိုင်ရန်အတွက် အားအင်အပြည့် ဖြည့်တင်းထားရမည် ဖြစ်သည်။ အခန်းထဲတွင် ချန်အန်သည် တစ်နာရီခန့် အိပ်စက်အနားယူပြီးနောက် နိုးထလာခဲ့သည်။ သူသည် အားအင်ပြည့်ဝစွာဖြင့် ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။
ထို့နောက် စိတ်အာရုံတစ်ခုဖြင့် မိမိ၏ ကိုယ်ရေးအချက်အလက် စာမျက်နှာကို ဖွင့်လှစ်ကြည့်ရှုလိုက်သည်။
[အမည် - ချန်အန်]
[ဆေးဖော်စပ်မှုအတတ်ပညာ - အဆင့်မြင့် အဆင့် ၃ • ၆၈%]
[စိတ်အာရုံစွမ်းအား - အဆင့်မြင့် အဆင့် ၃ • ၇၇%]
[မီးဓာတ်စွမ်းအားအမြုတေ - စိန္တေကျော်အဆင့် ၅၅%]
[သစ်ဓာတ်စွမ်းအားအမြုတေ - ထိပ်တန်းအဆင့် ၈၉%]
[မြေဓာတ်စွမ်းအားအမြုတေ - ထိပ်တန်းအဆင့် ၂%]
[ပိုင်နိုင်သော မန္တန်များ - ရွှေလက်ညှိုးမန္တန် (ပြည့်စုံအဆင့်)၊ ရိပ်ဖြတ်သတ်ဖြတ်ခြင်း (အမြင့်ဆုံးအဆင့်)၊ ကိုယ်ရောင်ဖျောက်မန္တန် (အမြင့်ဆုံးအဆင့်)၊ မှတ်ဉာဏ်ပညာရပ် (အမြင့်ဆုံးအဆင့်)၊ မျက်လှည့်မန္တန် (ကျွမ်းကျင်အဆင့် ၂%)၊ ...]
[ပိုင်ဆိုင်သော ရတနာများ - တိမ်နင်းဖိနပ် (အဆင့် ၃)၊ နေလခုနစ်စင်ဝတ်ရုံ (အဆင့် ၃)၊ ရုပ်ပြောင်းမျက်နှာဖုံး (အဆင့် ၃)၊ နဂါးပျံဓား (အဆင့် ၃)၊ မိုးကြိုးသစ်သားခြေချင်း (အဆင့် ၃)၊ ...]
[ဇနီးမယားများ - ဆောင်ဟွာယင်း (ကြယ် ၅ ပွင့် - အမြင့်ဆုံး)၊ ဂူရှင်းယွဲ့ (ကြယ် ၅ ပွင့် - အမြင့်ဆုံး)၊ ဝမ်ကျိယန် (ကြယ် ၅ ပွင့် - အမြင့်ဆုံး)၊ ရှန်းချင်းယီ (ကြယ် ၅ ပွင့် - အမြင့်ဆုံး)]
[ရင်သွေးများ - ချန်ယုကျန်း (ကြယ် ၄ ပွင့် • ၆၄%)၊ ချန်ယီခဲ့ (ကြယ် ၃ ပွင့် • ၈၅%)]
ယခု ကိုယ်ရေးအချက်အလက် စာမျက်နှာကို တစ်ချက်ကြည့်ရုံမျှဖြင့်ပင် အလွန်အမင်း ခမ်းနားထည့်ဝါလှသည်။ အထူးသဖြင့် ‘ရတနာများ’ ကဏ္ဍတွင် ဖြစ်သည်။ ကျိုကျီ၏ သိုလှောင်လက်စွပ်ကို မိမိအပိုင်အဖြစ် သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ ထိုအထဲရှိ ရတနာအားလုံးသည် သူ၏ ပိုင်ဆိုင်မှုများ ဖြစ်လာခဲ့သည်။ အဆင့် ၁ ရတနာများမှာ နွားမွေးကဲ့သို့ပင် ရေတွက်မကုန်နိုင်အောင် များပြားလှပြီး အဆင့် ၂ ရတနာများမှာလည်း လူအများကို မနာလိုဖြစ်စေလောက်အောင် များပြားလှသည်။
အဆင့် ၃ ရတနာ ဆယ်ခုကျော် ရှိသည့်အနက် ချန်အန်သည် မိမိအတွက်သာ တစ်စုံစီ ချန်ထားခဲ့သည်။ ကျန်ရှိသော အဆင့် ၁ နှင့် အဆင့် ၂ ရတနာများကိုမူ သူ၏ ဇနီးသည်များနှင့် သမီးဖြစ်သူများကို အကုန်အစင် ခွဲဝေပေးအပ်လိုက်ရာ ၎င်းတို့မှာ ခေါင်းအစ ခြေအဆုံး လက်နက်ကိရိယာများ ဆင်ယင်ပြီးသား ဖြစ်သွားကြသည်။ ရွှေအမြုတေကျင့်ကြံသူတစ်ဦးနှင့် မတွေ့သရွေ့ ၎င်းတို့သည် ခန္ဓာကိုယ်ပေါ်ရှိ ရတနာများကို အသုံးပြုကာ အသက်ဘေးမှ လွတ်မြောက်နိုင်ကြမည် ဖြစ်သည်။
ဤသို့ ရတနာများ ပေးအပ်ခြင်းကြောင့် ဇနီးမောင်နှံကြားရှိ သံယောဇဉ်အဆင့်များ ပိုမိုတိုးတက်လာခဲ့သည်။ ထို့အပြင် ချန်အန်သည် ယခုတစ်လောအတွင်း ကျိုကျီထံ သွားရောက်ခြင်း မရှိဘဲ၊ ဆေးနည်းများ ဝယ်ယူရန် ဈေးသို့သွားသည့် အချိန်မှလွဲ၍ ကျန်ရှိသော အချိန်များကို အိမ်၌ပင် ဇနီးသည်များနှင့် အတူဖြတ်သန်းကာ သမီးလေးများနှင့် ဆော့ကစားပေးခဲ့သည်။
ဇနီးသည်များသည် ဤမျှ ဂရုစိုက်တတ်သော လင်ယောက်ျားကို မြင်တွေ့ရသည့်အခါ ၎င်းတို့၏ သံယောဇဉ်အဆင့်သည် မကြာမီမှာပင် ကြယ် ၅ ပွင့်အဆင့်သို့ အသီးသီး ရောက်ရှိသွားကြတော့သည်။ ၎င်းတို့အားလုံးသည် ‘ကောင်းတူဆိုးဖက် မျှဝေခံစားခြင်း’ သံယောဇဉ်စွမ်းရည်ကို ရရှိသွားကြပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် အပိုဆောင်းဆုလာဘ်အဖြစ် ‘အံ့အားသင့်ဖွယ် ကံစမ်းသေတ္တာ’ သုံးလုံးကိုလည်း ရရှိခဲ့သည်။ ချန်အန်သည် ထိုကံစမ်းသေတ္တာ သုံးလုံးကို ဖွင့်လှစ်လိုက်ရာ ‘မှန်ထဲကပန်း လထဲကလမင်း’ ဟူသော မျက်လှည့်မျက်မှောက်မန္တန်၊ အဆင့် ၃ ရတနာ ‘နေလခုနစ်စင်ဝတ်ရုံ’ နှင့် အဆင့် ၃ ရတနာ ‘ရုပ်ပြောင်းမျက်နှာဖုံး’ တို့ကို ရရှိခဲ့သည်။
ထိုမျက်လှည့်မန္တန်သည် ပစ်မှတ်အား အဆုံးမရှိသော စိတ်အာရုံယောင်မှားမှုများထဲသို့ ကျရောက်သွားစေကာ အမှန်နှင့် အမှားကို ခွဲခြားမရနိုင်အောင် ပြုလုပ်နိုင်သည်။ ‘နေလခုနစ်စင်ဝတ်ရုံ’ သည် မိမိထံ ကျရောက်လာမည့် တိုက်ခိုက်မှုဒဏ် ၅၀ ရာခိုင်နှုန်းကို ခုခံကာကွယ်ပေးနိုင်သည်။ ‘ရုပ်ပြောင်းမျက်နှာဖုံး’ ကမူ မိမိ၏ ရုပ်သွင်ကို စိတ်ကြိုက် ပြောင်းလဲစေနိုင်စွမ်း ရှိပေသည်။
..............................................................