အခန်း ၂၁၀
Vol. 20 Ch. 210
အခန်း ၂၁၀ - ဓာတ်ကြီးငါးပါး စွမ်းအားအမြုတေကို စုစည်းခြင်း (၁/၂)
ညဉ့်နက်သန်းခေါင်ယံအချိန်... ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ချန်အန်သည် ကုတင်ထက်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။ သူသည် ထွက်သက်ဝင်သက် မန္တန်ကို လည်ပတ်စေပြီး လေထုထဲရှိ ဓာတ်လေးပါး၏ ချီစွမ်းအင်များကို စုပ်ယူနေခဲ့သည်။
ကျင့်ကြံနေစဉ်အတောအတွင်း သူသည် တစ်ချက်ခုတ် နှစ်ချက်ပြတ်အဖြစ် မိမိ၏ စိတ်အာရုံစွမ်းအားကိုပါ ဘေးပတ်ဝန်းကျင်သို့ ဖြန့်ကြက်ထားခဲ့သည်။ သူ၏ စိတ်အာရုံ အစိတ်အပိုင်းတစ်ခုသည် ကျိုကျီ၏ အခန်းတွင်းသို့ တိုးဝင်သွားပြီး ဤမြေခွေးမလေး ညဘက်တွင် ဘာများလုပ်နေသည်ကို အကဲခတ်နေမိသည်။
ခေတ္တမျှ စောင့်ကြည့်ပြီးနောက် မည်သည့် ထူးခြားမှုမျှ မတွေ့ရှိရချေ။ ပင်လယ်အလင်းကျောက်၏ ကန့်သတ်ချုပ်ချယ်မှုကြောင့် ကျိုကျီသည် လုံးဝ ကျင့်ကြံနိုင်ခြင်း မရှိပေ။ ယခုအချိန်တွင် သူမသည် ဝါးကုတင်လေးထက်၌ ငြိမ်သက်စွာ လှဲလျောင်းရင်း မျက်နှာကြက်ကို စိုက်ကြည့်နေသည်။ သူမ၏ လှပသော မျက်နှာပြင်လေးမှာ အလွန်တည်ငြိမ်နေပြီး စိတ်ထဲမှ ဘာတွေ တွေးတောနေသည်ကိုမူ မည်သူမျှ မသိနိုင်ချေ။ ချန်အန်ကမူ သူမသည် မိမိ၏ အနာဂတ် သို့မဟုတ် မနက်ဖြန်တွင် ကျင်းပမည့် မင်္ဂလာပွဲအကြောင်းကို တွေးတောနေခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်သည်။
"ယောက်ျား... အိပ်ပျော်ပြီလားဟင်"
အခန်းတံခါးအပြင်ဘက်မှ ဆောင်ဟွာယင်း၏ အသံလေး ထွက်ပေါ်လာခဲ့သည်။
သူမ၏ လေသံလေးမှာ အလွန်ပင် ညင်သာလှသည်။ ကြားရသူအဖို့ နူးညံ့ပျော့ပျောင်းပြီး ချွဲနွဲ့နေသည့်နှယ် ခံစားရစေကာ နားထဲတွင် အလွန်ပင် သာယာနာပျော်ဖွယ် ရှိလှပေသည်။
"ကိုယ် မအိပ်သေးဘူး"
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချန်အန်သည် ထုံးစံအတိုင်း စိတ်အာရုံဖြင့် တံခါးကို အဝေးမှ လှမ်းဖွင့်ပေးလိုက်ပြီး ဆောင်ဟွာယင်းအား အထဲသို့ ဝင်လာစေခဲ့သည်။
ယခုအချိန်တွင် ဆောင်ဟွာယင်းသည် ခြေသလုံးပေါ်ရုံမျှရှိသော ဇာပန်းပွင့် ဝတ်စုံတိုလေးကို ဝတ်ဆင်ထားသည်။ ဝတ်စုံအောက်မှ သွယ်လျဖြူစင်လှသော ခြေသလုံးတစ်စုံမှာ အလွန်ပင် ဆွဲဆောင်မှုရှိနေပြီး ချန်အန်၏ အကြည့်များကို ချက်ချင်းပင် ဖမ်းစားသွားတော့သည်။ ဤဇာဝတ်စုံလေးမှာ ဆောင်ဟွာယင်း ကိုယ်တိုင် ပုံစံထုတ် ချုပ်လုပ်ထားခြင်း ဖြစ်သည်။
သူမသည် မိမိ၏ လင်ယောက်ျားဖြစ်သူမှာ သူမ၏ ခြေတံလှလှလေးများကို ကြည့်ရသည်ကို နှစ်သက်ကြောင်း သိရှိထားသဖြင့် ဝတ်စားဆင်ယင်မှုတွင် သူ၏ အကြိုက်ကို အထူးတလည် ဖြည့်ဆည်းပေးထားခြင်း ဖြစ်ပေသည်။
"ဒီလောက် ညဉ့်နက်နေပြီကို ကိုယ့်ဆီ လာရှာနေသေးတယ်နော်။ ညဦးပိုင်းတုန်းက မင်းကို ကိုယ် ကောင်းကောင်း မကျွေးမွေးခဲ့လို့လား"
ချန်အန်သည် မိမိထံသို့ နွဲ့နှောင်းစွာ လျှောက်လှမ်းလာသော ဇနီးသည်ကို ကြည့်ကာ သဘာဝကျကျပင် သူမ၏ သွယ်လျသော ခါးလေးကို လှမ်း၍ ဖက်လိုက်ပြီး ရာဂစိတ်အနည်းငယ် ပါဝင်သော မျက်နှာပေးဖြင့် စနောက်လိုက်သည်။
ဆောင်ဟွာယင်းက သူမ၏ နှုတ်ခမ်းနီလေးကို အနည်းငယ် စူလိုက်ပြီး အပြစ်တင်သံလေးဖြင့် -
"ယောက်ျားကတော့... အမြဲတမ်း စနောက်နေတာပဲ။ ကျွန်မက မိန်းကလေးမလို့ ရှက်တတ်တာပေါ့... ရှင့်ရဲ့ အဲဒီလို စနောက်တာတွေကို တကယ် မခံနိုင်ဘူး" ဟု ဆိုရှာသည်။
ချန်အန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း -
"အဲဒီလိုလား... ဒါပေမဲ့ မင်း ကိုယ့်ကို ဖေဖေလို့ အကြိမ်ကြိမ် အော်ဟစ်ခေါ်ဖူးတာကို ကိုယ် မှတ်မိနေသေးတယ်နော်။ ပြီးတော့ မင်းက ကိုယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ မကြာခဏ မြှူဆွယ်တတ်သေးတာ။ အထဲက မြေခွေးမလေးတောင် မင်းလောက် စိတ်မပွင့်လင်းဘူး"
"ယောက်ျား... တော်ပါတော့။ အထဲက ကျိုကျီ ကြားသွားပါဦးမယ်"
ဆောင်ဟွာယင်း၏ မျက်နှာလေး ချက်ချင်း ရဲခနဲ ဖြစ်သွားရသည်။ သူမသည် လင်ယောက်ျား၏ ရှေ့မှောက်တွင်သာ ချွဲနွဲ့တတ်ခြင်း ဖြစ်ပြီး အခြားသူများ၏ ရှေ့တွင်မူ သိက္ခာကို အလွန်အမင်း ဂရုစိုက်တတ်ဆဲ ဖြစ်သည်။
ချန်အန်က ရယ်မောကာ -
"စိတ်မပူပါနဲ့... ကိုယ် အခန်းတိုင်းမှာ အသံလုံမန္တန်အလွှာ တည်ဆောက်ထားပြီးသားပါ။ အထဲက ကျိုကျီ လုံးဝ မကြားနိုင်ပါဘူး" ဟု ဆိုလိုက်သည်။
ဆောင်ဟွာယင်းက - "ဒါပေမဲ့လည်း မကောင်းပါဘူး... အကယ်၍ သူမ ရုတ်တရက် အခန်းထဲက ထွက်လာရင် ဘယ်လိုလုပ်မလဲ"
ချန်အန်က - "သူမ အပြင်ထွက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ ခွင့်ပြုချက်ကို အရင်တောင်းရမှာပါ။ အဲဒီလိုမှမဟုတ်ရင် သူမ လုံးဝ အပြင်မထွက်ရဲပါဘူး"
ဆောင်ဟွာယင်းသည် ထိုစကားကို ကြားရသည့်အခါ အနည်းငယ် အံ့အားသင့်သွားပြီး နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"ယောက်ျား... ညီမလေးကျိုကျီအပေါ် ဒီလိုမျိုး ဆက်ဆံတာက လူသားဆန်မှု အနည်းငယ် ကင်းမဲ့လွန်းမနေဘူးလားဟင်"
"လူသားဆန်မှုနဲ့ ယှဉ်ရင် ကိုယ်က မင်းတို့ရဲ့ ဘေးကင်းလုံခြုံရေးကို ပိုပြီး ဂရုစိုက်တယ်"
ဤသို့ ပြောကြားပြီးနောက် ချန်အန်က ဆက်လက်၍ -
"ကျိုကျီက အခု ကိုယ့်ဆီမှာ အညံ့ခံထားတယ်ဆိုပေမဲ့ ဒါက အခြေအနေအရ မတတ်သာလို့ ရွေးချယ်ခဲ့ရတာ သက်သက်ပဲ။ သူမရဲ့ စိတ်ရင်းက ကိုယ့်ဆီမှာ ရှိမနေသေးဘူး" ဟု ရှင်းပြလိုက်သည်။
ဆောင်ဟွာယင်းက ခေါင်းညိတ်ကာ - "ဟုတ်ပါတယ်... ဒါလည်း ဟုတ်တာပဲ"
စကားဆုံးသည်နှင့်တစ်ပြိုင်နက် သူမက ထပ်မံ၍ - "ဒါဆိုရင် ယောက်ျား... ရှင့်အနေနဲ့ ညီမလေးကျိုကျီကို ဒီလိုမျိုးပဲ အမြဲတမ်း ဆက်ဆံသွားမှာလားဟင်"
"သေချာတာပေါ့... မဟုတ်ပါဘူး" ချန်အန်က ဇနီးသည်၏ ခါးပတ်ကို ဖြည်ပေးရင်း သာမန်ကာလျှံကာ ပြန်လည်ဖြေကြားလိုက်သည်။ "အချိန်တွေ ကုန်လွန်လို့ ကိုယ်တို့ကြားမှာ သံယောဇဉ်တွေ ဖြစ်ပေါ်လာတဲ့အခါ ကျရင်တော့ ကိုယ် မင်းတို့ကို ဆက်ဆံသလိုမျိုးပဲ သူမကိုလည်း သဘာဝကျကျ ဆက်ဆံသွားမှာပါ"
"ယောက်ျား... အဲဒီအချိန်က အလွန်အမင်း ဝေဝါးလွန်းပါတယ်။ ဘယ်လောက်အထိ ကြာမြင့်မှာလဲဟင်"
"ကိုယ်လည်း အတိအကျ မသိဘူး။ အကယ်လို့ သေချာပေါက် ပြောရမယ်ဆိုရင်တော့ ကျိုကျီ ကိုယ့်ရဲ့ ရင်သွေးလေးကို လွယ်ထားရတဲ့ အချိန်မျိုး ဖြစ်လိမ့်မယ်"
"ယောက်ျား... ကျွန်မလည်း ရှင့်အတွက် နောက်ထပ် ရင်သွေးလေးတစ်ယောက် ထပ်ပြီး လွယ်ချင်သေးတယ်"
စကားပြောရင်းနှင့်ပင် ဆောင်ဟွာယင်းသည် ချန်အန်ကို ချွဲနွဲ့သော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ပြီဖြစ်ရာ သူမ၏ မျက်ဝန်းအစုံမှာ ကာမဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။ ချန်အန်သည်လည်း ဇနီးသည်အား ထပ်မံ၍ စောင့်ဆိုင်းမနေစေတော့ဘဲ မကြာမီမှာပင် ၎င်းတို့သည် အဓိက လုပ်ငန်းစဉ်ကြီးကို စတင်လိုက်ကြတော့သည်။
နှစ်နာရီကျော် ကြာမြင့်ပြီးနောက်...
ဆောင်ဟွာယင်းသည် စိတ်ကျေနပ်မှု အပြည့်ရှိသော မျက်နှာပေးဖြင့် ချန်အန်၏ ရင်ခွင်ထဲတွင် မှီတွဲလဲလျောင်းနေခဲ့သည်။ သူမ၏ လေသံလေးထဲတွင် ကာမစည်းစိမ် ခံစားပြီးနောက် ဖြစ်ပေါ်လာသော မောပန်းနွမ်းနယ်မှုများ စိမ့်ဝင်နေသည်။
"ယောက်ျား... ကျွန်မ အထဲဝင်ပြီး ကျိုကျီနဲ့ စကားသွားပြောချင်တယ်၊ ရမလားဟင်"
"မင်း သူမနဲ့ ဘာတွေ ပြောချင်လို့လဲ" ချန်အန်က အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
ဆောင်ဟွာယင်းက - "ဘာမှ အထူးတလည် မဟုတ်ပါဘူး။ သူမအကြောင်းကို ပိုပြီး သိရှိသွားအောင် ရင်းနှီးမှု သွားယူမလို့ပါ"
"ကောင်းပြီလေ... သွားပါ"
"ယောက်ျား... ကျွန်မ မသွားခင် အရင်ဆုံး အနမ်းတစ်ချက် ပေးဦးလေ။ နမ်းပြီးမှ သွားမယ်"
ဆောင်ဟွာယင်းက ချွဲနွဲ့စွာ ဆိုလိုက်သည်။
ချန်အန်သည် သူမ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးခဲ့သည့်အပြင် သူမ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်အောင် လုပ်ဆောင်ခဲ့သည်။ သူသည် သူမအား အသက်ရှူရပင် ခက်ခဲသွားသည်အထိ ပြင်းပြစွာ နမ်းရှိုက်ပစ်လိုက်သည်။
အတန်ကြာမှ အသက်ကို ဝဝရှူလိုက်ပြီးနောက်...
ဆောင်ဟွာယင်းသည် ဘေးနားရှိ အဝတ်အစားများကို ကောက်ယူကာ သိမ်မွေ့လှပစွာ ပြန်လည်ဝတ်ဆင်လိုက်သည်။ ထို့နောက် ကုတင်ပေါ်မှ ဆင်းကာ ကျိုကျီ၏ အခန်းတွင်းသို့ လျှောက်လှမ်းသွားပြီး ကန့်လန့်ကာအရှေ့တွင် မတ်တပ်ရပ်လျက် တိုးညင်းစွာ လှမ်းခေါ်လိုက်သည်။
"ညီမလေးကျိုကျီ... မမက မမဆောင်ပါ။ မင်းဆီ ဝင်လာပြီး စကားစမြည် ပြောလို့ ရမလားဟင်"
"ရပါတယ်... ဝင်လာခဲ့ပါ မမ"
မကြာမီမှာပင် အခန်းထဲမှ ကျိုကျီ၏ ပြန်လည်ဖြေကြားသံ ထွက်ပေါ်လာခဲ့သည်။
ယခုအချိန်တွင် သူမ၌ ဤအိမ်တွင် မည်သည့် ဆွေးမျိုးသားချင်းမျှ မရှိသဖြင့် ဤနေရာတွင် နေထိုင်ရခြင်းမှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်နေရသည်။ ယခုအခါ ဆောင်ဟွာယင်းက မိမိထံသို့ တက်ကြွစွာ လာရောက်၍ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်လိုသည် ဖြစ်ရာ သူမအဖို့ ငြင်းပယ်ရန် အကြောင်းပြချက် မရှိချေ။ အမှန်တကယ်ပင် သူမအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို အလွန်ပင် လိုလားတမ်းတနေမိခြင်း ဖြစ်သည်။
ဆောင်ဟွာယင်း အထဲသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျိုကျီသည် ကုတင်ပေါ်မှ ထထိုင်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ကုတင်ဘေးတွင် မတ်မတ်ထိုင်ကာ အထဲသို့ ဝင်လာသော ဆောင်ဟွာယင်းအား ပြုံး၍ စိုက်ကြည့်ရင်း -
"မမဆောင်..." ဟု အခြေအနေသိစွာဖြင့် နှုတ်ဆက်လိုက်သည်။
"ညီမလေးကျိုကျီရဲ့ အသံလေးက ငှက်ငယ်လေးတစ်ကောင်လို ညင်သာသာယာပြီး နားထောင်လို့ တကယ်ကောင်းတာပဲ"
ဆောင်ဟွာယင်းသည် လူမှုဆက်ဆံရေးတွင် အလွန်ကျွမ်းကျင်လှသူ ဖြစ်သည်။ သူမသည် ရောက်သည်နှင့်တစ်ပြိုင်နက် ကျိုကျီအား ချီးမွမ်းစကား ဆိုလိုက်ရာ ၎င်းတို့ကြားရှိ စိမ်းသက်မှုများမှာ သိသိသာသာ လျော့ပါးသွားခဲ့ရသည်။
ထို့နောက်တွင်မူ သူမသည် ကျိုကျီ၏ ဘေးတွင် ဝင်ရောက်ထိုင်လိုက်ပြီး အလွန်ပင် ရင်းရင်းနှီးနှီး စကားစမြည် ပြောတော့သည်။ သူမသည် မိမိကိုယ်ကိုယ်လည်း ‘ပန်းနတ်ဘုရား’ ၏ သွေးမျိုးဆက် ပါဝင်သော မိစ္ဆာတစ်ဦး ဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ကျိုကျီသည် ထိုစကားကို ကြားရသည့်အခါ အလွန်အံ့အားသင့်သွားရသည်။ မမဆောင်သည်လည်း မိစ္ဆာမျိုးနွယ်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ သို့ဖြစ်ရာ သူမသည် ဆောင်ဟွာယင်းအပေါ် အလိုအလျောက်ပင် ပိုမို၍ ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရတော့သည်။
၎င်းတို့နှစ်ဦးသည် အကြောင်းအရာများစွာကို အပြန်အလှန် ပြောဆိုခဲ့ကြပြီး ညီအစ်မနှစ်ဦးစလုံးသည် တစ်ညလုံး လုံးဝ အိပ်စက်ခဲ့ကြခြင်း မရှိပေ။
..............................................................