← Chapters

ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ် (၃)

Vol. 013 Ch. 623

ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ် (၃)

Vol. 013 Ch. 623

ငွေရောင်နဂါး ပျောက်ကွယ်သွားသည့်အခိုက်တွင် ဝမ်လင်းမျက်လုံးက ကြည်လင်သွားသည်။ သူက သည်ငွေရောင်နဂါးက ရှုလို့ခေါ်သည့်လူ ပြောပြခဲ့သည့် နတ်ဆိုးအင်ပါယာဓားဖြစ်ကြောင်း နားလည်လိုက်သည်။ သည်နေရာကနေ ထုတ်လွှတ်သည့် သတ်ဖြတ်ခြင်းစွမ်းအင်များသည် ထိုနတ်ဆိုးဓားအတွက် အစာ ဖြစ်နေပေ၏။

အနက်ရောင်ဆံပင်နှင့်လူငယ်က သေဆုံးသွားသော်လည်း သူက သွေးအိုင်ထဲ၌ ပြန်လည် မွေးဖွားလာမည်သာ ဖြစ်၏။ သူ့ပတ်လည်တွင် ဝန်းရံနေသည့် သွေးရောင်မြူများကတော့ ရှိမနေတော့ပေ။

တစ်နေ့တာ သတ်ဖြတ်ပွဲကြီး ပြီးဆုံးသွားသည့်နောက် သည်နေရာက တိတ်ဆိတ်သွား၏။ ဝမ်လင်းက သွေးအိုင်ထဲတွင် ထိုင်နေကာ သတ်ဖြတ်သူနှလုံးသားကို ဆင်ခြင်နေ၏။

“အတိတ်တုန်းက ငါ ဒီကောင်းကင်ဘုံသတ်ဖြတ်ခြင်းမန္တန်ကို သင်ယူခဲ့တုန်းက အဲ့လူက ငါဟာ သေခြင်းရှင်ခြင််းနယ်ပယ်ကို ကျင့်ကြံတဲ့အတွက် ဒီမန္တန်ကို ကျင့်ကြံနိုင်လိမ့်မယ်လို့ ပြောခဲ့တယ်။နောက်ဆုံးတော့ အခု ငါနားလည်သွားခဲ့ပြီ…” သွေးအိုင်ထဲမှ သတ်ဖြတ်မှုစိတ်ဆန္ဒအမျှင်တန်းများက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

“ဒါပေမဲ့ ဝိုးတဝါးဖြစ်နေတဲ့ အချက်အလက်တွေတော့ ရှိသေးတယ်…ငါ့ သေခြင်းရှင်ခြင်းနယ်ပယ်နဲ့ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ် ကြား ဆက်နွှယ်မှု…” ဝမ်လင်းက စဉ်းစားလို့နေသည်။

တစ်ညတာ ကုန်ဆုံးသွားခဲ့လေ၏။ ဒုတိယမြောက်နေ့တွင် သတ်ဖြတ်ပွဲများက နောက်တစ်ဖန် စတင်လာပြန်သည်။

ဝမ်လင်းက သည်နေရာရှိ သတ်ဖြတ်ခြင်းပွဲတွင်သာ သူ့ကိုယ်သူ နစ်မြုပ်ထား၏။ သူ့ပတ်လည်ရှိ သတ်ဖြတ်မှုစိတ်ဆန္ဒများကလည်း အားကောင်းသထက် အားကောင်းလာခဲ့ကာ အချိန်မည်မျှကုန်ဆုံးနေသည်ကိုပင် မသိပေ။

အဆုံးမဲ့သည့် သတ်ဖြတ်မှု၊ အဆုံးမဲ့သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို စုပ်ယူခြင်းတို့က ဝမ်လင်းကို သတ်ဖြတ်သူနှလုံးသားနှင့် ပတ်သတ်၍ ဖြည်းဖြည်းချင်း နားလည်စေနိုင်ခဲ့ပေသည်။

ဝမ်လင်း သည်နေရာသို့ ပထမဆုံးအကြိမ် ရောက်တုန်းက သတ်ဖြတ်ပွဲတစ်ခုပြီးနောက် လူတစ်ရာကျော် ကျန်ခဲ့ပေသည်။သို့သော် ခု ဝမ်လင်းက လူတစ်ယောက်ကို လက်ညိုးတစ်ချက်ဖြင့်ပင် လွယ်ကူစွာ သတ်နိုင်လာခဲ့ပြီ ဖြစ်သည်။ သူက သွေးဆာနေသည့်မျက်လုံးဖြင့် သည်ဧရိယာကို သိမ်းကြုံးကြည့်လိုက်ရာ လူငါးဆယ်သာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။

ထိုလူငါးဆယ်က တစ်ယောက်နှင့်တစ်ယောက် ဆက်လက်သတ်ဖြတ်ခြင်း မပြုကြတော့ပေ။ ကျင့်ကျန်ရန်အတွက် ဆိုင်ရာဆိုင်ရာ သွေးအိုင်များထံသို့ လူစုခွဲလိုက်ကြသည်။ တစ်နေ့တာ သတ်ဖြတ်ပွဲပြီးသည့်နောက် ဝမ်လင်း ပတ်လည်ရှိ သွေးရောင်မြူက ပေငါးဆယ်အထိ ကျယ်ပြန့်လာခဲ့သည်။

နောက်တစ်ကြိမ် သတ်ဖြတ်ပွဲကြီးတစ်ခုက စတင်ခဲ့ပြန်သည်။ ထိုတိုက်ပွဲ အဆုံးသပ်တွင် ဝမ်လင်းက မာန်သွင်းအော်ဟစ်လိုက်၏။ ခုချိန်တွင် လူနှစ်ဆယ်အောက်သာ ကျန်ခဲ့တော့၏။ ဝမ်လင်း ပတ်လည်ရှိ သွေးရောင်မြူကလည်း ပေခုနစ်ဆယ်ထိ ကျယ်ပြန့်လာခဲ့ပြီ ဖြစ်၏။

သည် သွေးရောင်ကမ္ဘာတွင် နေ့ရက်များ ကုန်ဆုံးလာခဲ့၏။ ဝမ်လင်းက ခုချိန်တွင် သူ့တည်ကြည်မှုကို ပြန်ရသော်လည်း အချိန်မည်မျှ ကုန်ဆုံးခဲ့ပြီး ဖြစ်သည်ကိုတော့ မသိပေ။ သတ်ဖြတ်သူစွမ်းအင်အမျှင်တန်းငါးခုက အသက်ဓာတ်အားချိပ်တံဆိပ်အဖြစ် ပြောင်းလဲပြီး သူ့တစ်ကိုယ်လုံးကိုသာ ဖုံးအုပ်ပေးထားခြင်း မရှိပါက သည်နေရာတွင် သူက အကြိမ်များစွာ သေဆုံးပြီး ဖြစ်နေမည်ကို သိလေသည်။

သူ့ခန္ဓာကိုယ်ပတ်လည်ရှိ အသက်ဓာတ်အားချိပ်တံဆိပ်နှင့် ဝမ်လင်းက အားကောင်းသော ကျားရိုင်းတစ်ကောင်လို ဖြစ်လာခဲ့ရပေ၏။

သည်နေ့တွင် နေ့တစ်ရက်၏ နောက်ဆုံးသတ်ဖြတ်ပွဲက ပြီးဆုံးသွားခဲ့၏။ ထိုအခါ ကောင်းကင်ထက်တွင် နှစ်ယောက်သာ ကျန်ခဲ့တော့သည်။

နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဝမ်လင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည့် သွေးရောင်မြူက ပေရာချီ ရှိလာခဲ့ပြီ ဖြစ်သည်။

သူ့ရှေ့တွင်တော့ အနက်ရောင်ဆံပင်နှင့်လူငယ် ရှိနေ၏။ သူကလည်း ထိပ်ဆုံးသို့ ပြန်တက်လှမ်းလာခဲ့ပြန်၏။ သူ့ပတ်လည်ရှိ သွေးရောင်မြူများကလည်း ဝမ်လင်းထက် နည်းနည်းလေးမှ အားနည်းခြင်း မရှိပေ။

ထိုအခိုက်မှာပင် ငွေရောင်အလင်းတန်းတစ်ခုက ထပ်မံ ပေါ်လာ၏။ ၎င်းငွေရောင်နဂါး၏ အကြည့်က ဝမ်လင်းနှင့် လူငယ်တို့ထံသို့ ကျရောက်လာသည်။သည့်နောက် ၎င်းက စုပ်ယူလိုက်ပြန်၏။

အနက်ရောင်ဝတ်စုံနှင့်လူက မာန်သွင်းအော်ဟစ်ကာ ထိုငွေရောင်နဂါးထံသို နောက်တစ်ကြိမ် တိုးဝင်သွားပြန်သည်။ ငွေရောင်နဂါးက အထင်သေးဟန်ဖြင့် ကြည့်ကာ ၎င်း၏ လက်သည်းကြီးအား အောက်သို့ ဖိရိုက်ချလိုက်၏။

သည်အခိုက်မှာပင် ကောင်းကင်က ပြိုကျလာသလား ထင်မှတ်ရ၏။ လူငယ့်ကိုယ်ထဲမှ ပေါက်ကွဲသံများ ထွက်ပေါ်လာရာ သူ့ခန္ဓာကိုယ်ကလည်း အပိုင်းပိုင်းအစစ ဖြစ်သွား၏။ သို့သော် သူက မသေဆုံးခင်လေး အခိုက်၌ အချို့သွေးရောင်မြူက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ ထို့နောက်မှ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း ပျက်စီးသွားခဲ့ရခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင် အနက်ရောင်ဆံပင်နှင့်လူငယ်က သွေးအိုင်တစ်ခုထဲ၌ ပြန်လည် ရှင်သန်လာပြန်၏။ သူ့ပတ်လည်တွင် ဝန်းရံနေသော သွေးမြူများကတော့ ရှိမနေတော့ပေ။ သူက သွေးအိုင်ထဲ၌ တိတ်တဆိတ် ကျင့်ကြံနေကာ ကောင်းကင်ထက်သို့ ကြည့်ပင် မကြည့်ချေ။

သည်အခိုက်တွင် ငွေရောင်နဂါးအကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။

ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိ သူ့ပတ်လည်ရှိ သွေးရောင်မြူများကို ငွေရောင်နဂါးစုပ်ယူနိုင်ရန် အတွက် ထုတ်လွှတ်ပေးလိုက်၏။ သည့်နောက် ငွေရောင်နဂါးက ပျောက်ကွယ်လို့သွား၏။ ဝမ်လင်းကလည်း လေထဲမှသည် အောင်သို့ ကျလာခဲ့၏။

သူက ငွေရောင်နဂါးပျောက်ကွယ်သွားသည့်နေရာသို့ ကြည့်လိုက်စဉ်တွင် သူ့မျက်လုံးက ရှင်းလင်းသွားပြန်၏။ သူက သွေးအိုင်ရှိရာသို့ ဖြည်းဖြည်းချင်း ဆက်လျှောက်လို့သွားသည်။ သွေးအိုင်ထဲတွင် ရှိနှင့်နေသည့် လူတော်တော်များများက ခပ်မြန်မြန်ထ ထွက်သွားကြ၏။

ဝမ်လင်းက သွေးအိုင်ထဲ၌ ထိုင်ချလိုက်၏။ သူ့မျက်လုံးက ကြည်လင်ပြတ်သားလို့ နေမြဲသာ။ သူ့မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။သည့်နောက် သူက ပြုံးရာကနေ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ သူ့ရယ်သံက သည်သွေးရောင်ကမ္ဘာတွင် ပဲ့တင်ထပ်လို့သွား၏။ မည်သူကမျှ သူ့အပေါ်တွင် အာရုံစိုက်နေခြင်း မရှိပေ။ သူတို့က သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို စုပ်ယူရန်အတွက်သာ အာရုံစိုက်လို့ထား၏။

“ကောင်းကင်ဘုံ သတ်ဖြတ်ခြင်း ပညာရပ်….အသက်တစ်ခုကို သတ်ဖြတ်ရယူပြီး အသက်ဓာတ်ချိပ်တံဆိပ်တစ်ခု ဖန်တီးခြင်း။ ဒါက သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကို ဖန်တီးတာပဲ…”

တကယ်တော့ သည်မန္တန်က သေခြင်းရှင်ခြင်း ပြန်လည်မွေးဖွားခြင်းပင်။သေခြင်းနှင့်ရှင်ခြင်းအား ကူးပြောင်းခြင်းလည်း မည်၏။သည်ငွေရောင်နဂါးကလည်း သေဆုံးခြင်းဓာတ်တွေကို စုပ်ယူပြီး အသက်ဓာတ်ကို ပြောင်းလဲခြင်းကို ပြုလုပ်နေခဲ့ခြင်း ဖြစ်၏။သည်နေရာရှိ အစီအရင်ကလည်း ထိုနည်းလည်းကောင်းသာ ဖြစ်နေသည်။ ထို့ကြောင့် သည်နေရာက သေလိုက်၊ပြန်ရှင်လိုက်နှင့် လည်ပတ်လို့နေခြင်း ဖြစ်သည်။ ဝမ်လင်း မျက်လုံးများက တောက်ပနေ၏။ သူက ဉာဏ်အလင်း ရရှိသွားချေပြီ။

သူက ဉာဏ်အလင်း ရရှိသွားသည့် အခိုက်တွင် သတ်ဖြတ်သူစွမ်းအင်အမျှင်တန်းငါးခုက သူ့ပတ်လည်တွင် အသက်ဓာတ်ချိပ်တံဆိပ်များ အဖြစ် အသွင်ပြောင်းကာ ပေါ်လာခဲ့၏။ သူတို့က စုစည်းသွားကာ သူ့ရင်ဘက်ရှေ့တွင် ဧရာမမီးခိုးရောင် ဝဲကတော့တစ်ခုကို ဖြစ်ပေါ်သည်။

သည်ဝဲကတော့က လျင်မြန်စွာ လှည့်ပတ်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်လို့သွားသည်။သည်အခိုက်တွင် ဝမ်လင်းတစ်ကိုယ်လုံးက ပြောင်းလဲသွားသည်။ သည်သွေးရောင်ကမ္ဘာတွင်လည်း တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ရသည့် သတ်ဖြတ်ခြင်းအော်ရာတစ်ခုလည်း ရုတ်တရက် ထွက်ပေါ်လို့လာလေ၏။

သည်အခိုက်တွင် သွေးရောင်ကမ္ဘာထဲရှိ လူတိုင်းက မျက်လုံးဖွင့်လာပြီး ဝမ်လင်းကို ကြည့်လိုက်ကြသည်။

“သတ်ဖြတ်သူအော်ရာ…” ဝမ်လင်းအသံက သည်သွေးရောင်ကမ္ဘာတွင် ပဲ့တင့်ထပ်လို့သွား၏။

သူ့ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်က လွင့်ပြယ်လာစဉ် ဝမ်လင်းအနီးအနားရှိ သွေးအိုင်များထံမှ ပေါက်ကွဲသံများ ထွက်ပေါ်လို့လာ၏။ ထိုသွေးအိုင်ထဲရှိ လူများက အသတ်ခံလိုက်ရကာ ပြန်ရှင်သန်လိုက် ပြန်သေဆုံးသွားလိုက် ဖြစ်စဉ်သည် အကြိမ်များစွာ ဖြစ်ပျက်နေတော့သည်။ သည့်နောက် သတ်ဖြတ်မှုစွမ်းအင်အမျှင်တန်းများက ဖြစ်တည်လာလေ၏။

မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်မှုစွမ်းအင် အမျှင်တန်း တစ်ရာကျော် ဖြစ်ပေါ်လာသည်။ ယင်းအမျှင်တန်းများက ဝမ်လင်းပတ်လည်တွင် လှည့်ပတ်နေကြ၏။

သည်အရာက အဆုံးမသပ်သေးချေ။ ဝမ်လင်းကို ဗဟိုပြုကာ သွေးအိုင်ထဲရှိ လူများအားလုံး ပေါက်ကွဲထွက်ပြီး မီးခိုးရောင်အခိုးငွေ့များ အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

သည်သွေးရောင်ကမ္ဘာက စတင်ပြိုကျလာသည်။ မြောက်များစွာသော မီးခိုးရောင်အခိုးငွေ့များက သတ်ဖြတ်ခြင်းစွမ်းအင်များအဖြစ် ဝမ်လင်း ပတ်လည်တွင် လှည့်လည် လာ၏။

သည်လူများက ပြန်လည် ရှင်သန်နိုင်စွမ်း မရှိကြတော့ချေ။ သည်အကြိမ်၌ သူတို့က အမှန်ပင် သေဆုံးသွားခဲ့ကြသည်။သူတို့ခန္ဓာကိုယ်များ ပေါက်ကွဲသွားသည့်အခိုက်တွင် မရေမတွက်နိုင်သော နှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုသူတို့၏ မျက်လုံးထဲ၌ ကြည်လင်မှု ထွက်ပေါ်သွားကြ၏။ ထိုကြည်လင်မှုထဲ၌ စိတ်သက်သာရာ ရဟန်များ ပါဝင်နေခဲ့ပေသည်။

သည်သွေးရောင်ကမ္ဘာတွင် ပေါက်ကွဲသံများနှင့် မီးခိုးရောင်အခိုးငွေ့များ၏ မြင်ကွင်းများသာ ပြည့်နှက်လို့နေ၏။ အကွာအဝေးတစ်ခုရှိ သွေးအိုင်ထဲမှ အနက်ရောင်ဆံပင်နှင့် လူငယ်က ရုတ်တရက် ခေါင်းမော့လာသည်။ သူ့မျက်လုံးများက လုံးဝနီရဲနေ၏။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပါးလွှာသောသွေးမြူတစ်ခု ရှိနေသည်။ သူက ငြီးငြူလိုက်ရပြီး အံတင်းတင်းကြိတ်ထားသည်။ ထိုသူက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကြောင့် ပျက်စီးမသွားသည့် တစ်ဦးတည်းသောသူ ဖြစ်လာခဲ့သည်။

ဝမ်လင်းခန္ဓာကိုယ်ပတ်လည်တွင် (၃၇၉၂)ခုသော မီးခိုးရောင်အခိုးငွေ့အမျှင်တန်းများက လှည့်ပတ်နေသည်။ သူက သွေးအိုင်ထဲ၌ မတ်တပ်ထရပ်လိုက်သည်။ ထိုအခိုက်တွင် သည်သွေးရောင်ကမ္ဘာထဲ၌ သူနှင့် အနက်ရောင်ဆံပင်လူငယ်တို့သာ ကျန်ရှိတော့သည်။

ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ငွေရောင်နဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုငွေရောင်နဂါးက လှည့်လာကာ ၎င်း၏မျက်လုံးကြီးများဖြင့် ဝမ်လင်းကို အသေသတ်ချင်သည့်စိတ်ဖြင့် စူးစိုက်ကြည့်လိုက်လေသည်။

All Chapters