← Chapters

အပိုင်း (၆၂၄):

Vol. 013 Ch. 624

အပိုင်း (၆၂၄):

Vol. 013 Ch. 624

ငွေရောင်နဂါးက ဝမ်လင်းကို စူးစိုက်ကြည့်ပြီးနောက် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သည့်နောက် ၎င်း၏ ခန္ဓာကိုယ်က လှုပ်ရှားလို့လာ၏။ ၎င်း၏ ကြီးမားသည့် လက်သည်းကြီးက ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။ ဧရိယာတစ်ခုလုံးက ချက်ခြင်းပင် ပြင်းထန်သောအော်ရာနှင့် ပြည့်နှက်သွား၏။

ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်သည်။သူက လွန်ခဲ့သောရက်များက သည်နဂါး၏စွမ်းအားနှင့်ပတ်သတ်ပြီး တွေ့ကြုံဖူးလေသည်။ ဝမ်လင်းက လှုပ်ရှားခြင်းမပြုချေ။သို့သော် သတ်ဖြတ်မှုစွမ်းအင်အမျှင်တန်း (၃၇၅၂)ခုက ပြင်းထန်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လာ၏။ သည်သတ်ဖြတ်ခြင်း စိတ်ဆန္ဒ ပျံ့နှံ့လာသည့်အခါ အော်ရာက ကောင်းကင်ထက်သို့ ထိုးဖောက်လို့သွား၏။

သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း သုံးထောင်ကျော်က မွန်းစတားဆန်လှကာ ငွေရောင်နဂါး၏လက်သည်း ထံသို့ ဓားတစ်လက်ကဲ့သို့ တိုးဝင်သွားသည်။

ပေါက်ကွဲသံတစ်ခုနှင့်အတူ သည်သွေးရောင်ကမ္ဘာတစ်ခုလုံးက တုန်ခါသွားသည်။ နဂါးလက်သည်းသည်လည်း သတ်ဖြတ်ခြင်းစွမ်းအင်အောက်၌ ပြိုကျသွားခဲ့ရ၏။

ငွေရောင်နဂါးက ကြမ်းကြုတ်စွာ မာန်သွင်းပြီး ၎င်း၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုမှု စိတ်ဆန္ဒက ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့လေ၏။

၎င်းက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း ဒဏ်ရာများ ရခဲ့ဖူးသော်လည်း ခုလို ပုရွက်ဆိတ်တစ်ကောင်သာသာကြောင့် ဒဏ်ရာ ရခြင်းက ပထမဆုံးပင်။ သည်လက်သည်းတိုက်ချက်က ၎င်း၏ စွမ်းအားအပြည့် မဟုတ်သော်လည်း သူ့အစာသာသာလောက်သာ ရှိသည့်လူများ ခုခံနိုင်သည့် အရာလည်း ဟုတ်မနေချေ။

နတ်ဆိုးဗိုလ်ချုပ်များပင် သည်လက်သည်းတိုက်ချက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သည်အခိုက်တွင် ၎င်းက အလွန်ပင် ဒေါသထွက်နေခဲ့ပြီ ဖြစ်၏။နတ်ဆိုးအင်ပါယာဓားအဖြစ် ၎င်းက စစ်မှန်သော ဂုဏ်သိက္ခာ ပိုင်ဆိုင်၏။ ထို့ကြောင့် ၎င်း၏ အစာသာသာလောက်ရှိသည့် ဝမ်လင်းက စိန်ခေါ်လာသည့်အခါ သူက ချက်ခြင်း ဖျက်စီးပစ်ရန် ဆုံးဖြတ်လိုက်သည်။

ထို ငွေရောင်နဂါး၏ ခန္ဓာကိုယ်က လှုပ်ရှားသွား၏။ ၎င်းက ဟိန်းသံပြုလိုက်ရာ ဓားစွမ်းအင်တန်းတစ်ခုက ၎င်း၏ ပါးစပ်ဝတွင် ပေါ်လာ၏။ဓားစွမ်းအင် ပေါ်လာသည့်အခိုက်တွင် သွေးရောင်ကမ္ဘာက ပြိုကျတော့မလား ထင်မှတ်ရ၏။ တစ်ခုတည်းသောအရာက ဓားစွမ်းအင်တန်းသာ ရှိတော့၏။ယင်းဓားစွမ်းအင်က ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာတော့သည်။

ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိ အလင်းတန်းအလား လှုပ်ရှားသွားသည်။သို့သော် သူက ငွေရောင်နဂါးထံသို့ တိုးဝင်သွားခြင်း မဟုတ်ပေ။ထိုအစား သူက လှည့်၍ ထွက်ပေါက်ထံသို့ တိုးဝင်သွားခြင်း ဖြစ်သည်။

သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း (၃၇၉၂)ခုကလည်း သူ့နောက်သို့ လိုက်ပါလာပြီး တစ်ခုပြီးတစ်ခု အသက်ဓာတ်ချိပ်တံဆိပ်များ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း အသက်ဓာတ်ချိပ်တံဆိပ်ပေါင်း (၃၇၉၂)ခုက ဝမ်လင်းနှဖူးထက်သို့ ခတ်နှိပ်သွားကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ချက်ခြင်းပျံ့နှံ့လို့သွားသည်။ သူ့ခန္ဓာကိုယ် ပတ်လည်ရှိ သုံးထောင်ကျော် အသက်ဓာတ်အားချိပ်တံဆိပ်များသည် ဝမ်လင်းကို အကာအကွယ်အလွှာပေါင်း သုံးထောင်ကျော် ရရှိသွားစေခြင်း မည်၏။

သည်အခိုက်တွင် ငွေရောင်နဂါး၏ ဓားစွမ်းအင်က ဝမ်လင်းထံသို့ ကျရောက်လာသည်။ ဝမ်လင်း ပတ်လည်ရှိ အသက်ဓာတ်ချိပ်တံဆိပ်များက တဖျပ်ဖျပ် တောက်ပသွား၏။ အက်ကွဲသံများလည်း ဆက်တိုက် ထွက်ပေါ်လာသည်။ဝမ်လင်းခန္ဓာကိုယ်က ရပ်တန့်သွားခြင်း မရှိဘဲ ဝင်ပေါက်ကို ဖြတ်ကျော် ပျောက်ကွယ်သွား၏။

သူ ပျောက်ကွယ်သွားသည့် အခိုက်တွင် သွေးရောင်ကမ္ဘာထဲရှိ အနက်ရောင်ဆံပင်နှင့်လူငယ်က ကြိုးစားပမ်းစား ပြောလိုက်သည်။ “ငါ့ကို တစ်ကြိမ်လောက် ကယ်တင်ပေးပါ…”

သူ့အသံက အလွန်တိုးညှင်းလှ၏။

ငွေရောင်နဂါးက မှင်သက်သွား၏။၎င်းက သေချာပေါက်သတ်နိုင်မည်ဟု တွက်ထားသည့် ဓားစွမ်းအင်က ဝမ်လင်း၏ တားဆီးခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်သည်။ ၎င်းအတွက် သည်အရာက အလွန်အမင်း စောက်ကားခြင်းသာ ဖြစ်၏။

ငွေရောင်နဂါး၏ ဒေါသက နောက်တစ်ဆင့် မြင့်တက်သွားပြန်သည်။၎င်းက အနက်ရောင်ဆံပင်နှင့်လူကို အဖက်ပင် မလုပ်ချေ။၎င်း၏ ခန္ဓာကိုယ်ကလှုပ်ရှားသွားပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

တစ်ပြိုင်နက်တည်းမှာပင် အင်ပါယာနန်းတော်ထဲရှိ ဓားခန်းမတွင်လည်း လုံးဝဗလာဖြစ်သွား၏။ ထိုခန်းမက ရိုးစင်းကာ အလယ်တွင် မြေလိမ်မြွေကောက် ငွေဓားတစ်ခု စိုက်ထွင်းထားသည့် သွေးအစီအရင်တစ်ခုသာ ရှိသည်။

သည်အခိုက်တွင် ထိုမြေလိမ်ဓားက ရုတ်တရက် ဓားတေးသံများကို ထုတ်လွှတ်လာ၏။သိပ်မကြာခင်တွင် ဓားတစ်လက်က ကောင်းကင်ထက်သို့ ပျံသန်းထိုးတက်သွားသည်။၎င်းဓားမှ ထွက်ပေါ်လာသည့် ဓားစွမ်းအင်ကို ကောင်းကင်နတ်ဆိုးမြို့ရှိ လူတိုင်းက ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပေသည်။၎င်းဓားက ကောင်းကင်ထက်၌ တစ်ပတ်လှည့်ပတ်လိုက်ပြီးနောက် ဟုန်မြို့သို့ တန်းမတ်စွာ ဦးတည်သွားတော့သည်။

သည်အခိုက်တွင် အကြီးအကဲချုပ်များနှင့် နတ်ဆိုးဗိုလ်ချုပ်များက သည်ဓားစွမ်းအင်ကို သတိပြုမိသွားကြသည်။သူတို့က အပြင်ထွက်လာပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။

အင်ပါယာအိမ်တော်ထဲ၌ အဖြူရောင်ဝတ်စုံနှင့် သတ်လတ်ပိုင်းလူကြီးက ညကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဘယ်သူက အင်ပါယာဓားကို အစီအရင်ထဲက ထွက်လာအောင် ရန်စလိုက်ရတာလဲ…”

နတ်ဆိုးဗိုလ်ချုပ် ရှီရှောင်ကလည်း သူ့ကိုယ်ပိုင်အိမ်တော်ကနေ ကောင်းကင်ထက်သို့ မော့ကြည့်သည်။ စွန်ထောင်ကလည်း ကောင်းကင်ထက်ရှိ ငွေရောင်အလင်းကို ကြည့်ကာ သူ့အသွင်က အလေးအနက် ဖြစ်လို့သွား၏။ သူက အလွန်ပင် တုန်လှုပ်မိသွားသည်။

“အင်ပါယာဓားက သူ့ဟာသူ ပျံသန်းလာတယ်။ဒါနဲ့ ပတ်သတ်လို့ တစ်ခုခု ထူးဆန်းနေပြီ…” ရှိရှောင်က အသက်ဝဝရှူသွင်းကာ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။

စကြဝဠာအတွင်းမြို့တွင် အနက်ရောင်ဆံပင်နှင့်လူတစ်ယောက်က သူ့ခြံဝန်းထဲကနေ ကောင်းကင်ထက်သို့ မော့ကြည့်၏။ သူ့အသွင်က ထွက်ပေါ်လာသော်လည်း သူ့မျက်နှာကိုတော့ ဖော်ပြခြင်း မရှိပေ။ သူက ကောင်းကင်ထက်ရှိ ငွေရောင်အလင်းကို ကြည့်လိုက်သည်။ “ဒါက အင်ပါယာဓားရဲ့ ဓားအိမ်ပဲ။ အင်ပါယာဓားနဲ့ ပတ်သတ်လို့ မင်းတို့ နှစ်ယောက် ဘယ်လို မြင်လဲ…”

သူ့နောက်တွင်တော့ လူနှစ်ယောက် ရှိနေ၏။ သူတို့က နောက်ကျောဘက်တွင် ဓားကြီးနှစ်လက် ရှိနေ၏။ သူတို့ မျက်လုံးများက ကောင်းကင်ထက်ရှိ ငွေရောင်အလင်းတန်းကို စူးစိုက်ကြည့်နေရင်း ထူးဆန်းမှုများ ထွက်ပေါ်လာသည်။

သူတို့နှစ်ယောက်ထဲက တစ်ယောက်သည် အနည်းငယ်စဉ်းစားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒါကဆရာ့ဓားထက် နည်းနည်းလေးမှ အားနည်းမှာ မဟုတ်ဘူး…”

“အဲ့လိုလား…” အနက်ရောင်ဆံပင်နှင့်လူက လှည့်လာသည်။ ထိုအခါ သူ့ချောမောသော မျက်နှာ ပေါ်လာ၏။

သူက မီးနတ်ဆိုးနိုင်ငံ အနားမှာ ရှိသည့် မြို့၏ နံပါတ်တစ်ဗိုလ်ချုပ် မိုဖန် ဖြစ်လေ၏။

သို့ရာတွင် လူတစ်ယောက်က နီးကပ်စွာ ကြည့်ပါက ထိုလူသည် ဟုန်အကျဉ်းထောင်ထဲရှိ အနက်ရောင်ဝတ်စုံနှင့်လူနှင့် တစ်ပုံစံတည်း ရှိသည်ကိုတွေ့ရမည် ဖြစ်သည်။

မိုအိမ်တော် အတွင်းရှိ မိုလီဟိုင်၏ မျက်နှာတွင်လည်း ကောင်းကင်ထက်ရှိ ငွေရောင်အလင်းကို ကြည့်၍ တုန်လှုပ်မှုတို့ ရှိနေသည်။ သူက သည်အရာက ဟုန်အကျဉ်းထောင်မှ ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ တွေ့ခဲ့ပေသည်။ ထိုအရာက သူ့နှလုံးကို မြန်ဆန်စွာ ခုန်ပေါက်သွားစေသည်။ သူက စိတ်ထင့်လိုနေသည်။

“အင်ပါယာဓား…။ဒါက ဝမ်လင်းကြောင့် လှုပ်ရှားလာတာ လား…” ထို့နောက်မိုလီဟိုင်က ခေါင်းယမ်းကာ သူ့ကိုယ်သူ ပြောလိုက်သည်။ “ဝမ်လင်း ကျင့်ကြံမှုအဆင့်နဲ့ သူက ဘယ်လိုလုပ် ဒီဓားကို ရွေ့လျားစေနိုင်မှာလဲ။ ငါက တော်တော်လေး အတွေးလွန်နေပီ…”

သူက ထိုသို့ပြောလိုက်သော်လည်း သူ့စိတ်ထင့်မှုက ပိုဆိုးလာခဲ့သည်။

တော်ဝင်နန်းတော်ထဲ၌ တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ကောင်းကင်ထက်သို့ မော့ကြည့်ကာ ပြုံးပြလိုက်သည်။ “ဒီဓားက ဘာကိုများ ခံစားခဲ့ရလို့လဲ။ ငါက ဒီဓား ခုလောက် ဒေါသထွက်တာ မတွေ့တာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ။ စိတ်ဝင်စားစရာပဲ…”

တော်ဝင်ဝတ်စုံနှင့်လူ၏ နောက်တွင် ကျက်သရေရှိ၊လှပလွန်းသော အမျိုးသမီးတစ်ယောက်က ညင်သာစွာ ပြောလိုက်သည်။ “အင်ပါယာ…ဘာကြောင့်များ ခုလောက် ပျော်နေရတာလဲ…”

ဝမ်လင်း ခန္ဓာကိုယ်က ဟုန်အကျဉ်းထောင်အတွင်းရှိ လှေကားတိုင်း အထက်သို့ မြန်ဆန်စွာ ရွှေ့လျားလာသည်။ သူက ပြေးနေရင်း သူ့ခန္ဓာကိုယ်ထဲရှိ သွေးများက ဆူပွက်လို့လာသည်။ ဓားစွမ်းအင်၏ ဓားက သူ့အသက်ဓာတ်ချိပ်တံဆိပ်များကြောင့် တန့်သွားခဲ့သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ သွေးများကို ဗြောင်းဆန်သွားစေခဲ့တုန်းပင်။

သိပ်မကြာခင်တွင် သူက လှေကားထစ်ထိပ်သို့ ရောက်လာ၏။ ရှုလို့ခေါ်သည့်လူက ထိုနေရာတွင် မတ်တပ်ရပ်နေရင်း ကောင်းကင်ထက်သို့ ကြည့်နေလျက် ရှိသည်။ သူအသွင်က ထူးဆန်းနေကာ သူ့ကိုယ့်သူ ပြောလိုက်၏။ “ဒီကိစ္စ…ထိန်းချုပ်မှုကနေ ကင်းလွတ်သွားပြီ…”

ဝမ်လင်းက ဖျပ်ခနဲ ပေါ်လာသည်။ သူပေါ်လာသည်နှင့် ရှုလို့ခေါ်သည့်လူက ဆက်ခနဲ လှည့်ကြည့်လာသည်။ သူက သက်ပြင်းချလိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သင်က ဒီနေရာကနေ ထွက်သွားလို့ မရသေးဘူး။ ငါ့နောက် လိုက်ခဲ့…” ထိုသို့ပြောပြီးနောက် သူက ဘေးတစ်ဖက်သို့ ခုန်လိုက်ပြီးနောက် နောက်ထပ်လမ်းကြောင်းတစ်ခုအတိုင်း ပျံသန်းသွားတော့သည်။

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။သို့သော် သိပ်မကြာခင်တွင် သူက အံ့မခန်း ဓားစွမ်းအင်တစ်ခုက အလင်းနှုန်းဖြင့် ပျံသန်းသွားသည်ကို ခံစားမိလိုက်သည်။ သူက ထိုဓားစွမ်းအင်နှင့် ရင်းနှီးနေပေ၏။ယင်းဓားစွမ်းအင်က ငွေနဂါး၏ဓားစွမ်းအင်ပင်။

ဝမ်လင်းက ထုံထိုင်းသွား၏။ သူက ရှုလို့ခေါ်သည့်လူနောက်သို့ မြန်ဆန်စွာ လိုက်ပါသွား၏။ သူက သူ့တည်ရှိမှုကိုပါ မြန်ဆန်စွာ ဖုံးကွယ်ထားလိုက်သည်။

သူတို့နှစ်ယောက်လုံးက အလွန်မြန်ဆန်စွာ လှုပ်ရှားလာကြသည်။ ဟုန်အကျဉ်းထောင်ကို ဖြတ်ကျော်ပြီးနောက် ပျောက်ကွယ်လို့သွားတော့သည်။

သူတို့နှစ်ယောက် ထွက်ခွာသွားပြီး သိပ်မကြာခင်တွင် အင်ပါယာဓားကလည်း ရောက်ရှိလာပြီး ဂိတ်ပေါက်ဝကို တိုက်ရိုက် ဖြတ်ကျော် လာ၏။ ၎င်းက အကျဉ်းထောင်ကို သိမ်းကြုံးဖြတ်ကျော်ကာ သူ့ဂုဏ်သိက္ခာကို ချနင်းခဲ့သည့် အစာ( ဝမ်လင်း) ကို လိုက်ရှာတော့သည်။

သည်အခိုက်တွင် ဟုန်မြို့ထဲရှိ နေအိမ်တစ်ခုမှ နံရံပေါက်က တိတ်တဆိတ် ပွင့်လာသည်။ဝမ်လင်းက ထိုပွင့်နေသောအဟကနေ လှမ်းလျှောက်ထွက်လာ၏။ ရှုလို့ခေါ်သည့်လူက လိုက်ပါထွက်လာခြင်း မရှိပေ။ သူက သက်ပြင်းချကာ ခပ်မြန်မြန် ပြောလိုက်သည်။ “ငါတို့ သဘောတူထားတာ မမေ့ပါနဲ့…”

ထိုသို့ပြောပြီးနောက် နံရံပေါက်က ပြန်ပိတ်သွားသည်။ ရှုသည်လည်း ခပ်မြန်မြန် ပြန်ထွက်ခွာသွား၏။ သူက ပြေးလွှားနေရင်း သူ့ကိုယ်သူ ပြောလိုက်သည်။ “ဒါက မတန်တော့ဘူး။ သူကသာ အင်ပါယာရဲ့ဓားကို စွဲဆောင်နိုင်မှန်း သိရင် ဘာပဲဖြစ်နေပါစေ ငါ သူ့ကို အဲ့နေရာကို ပို့မိမှာ မဟုတ်ဘူး…”

ဝမ်လင်းတည်ရှိမှုက လုံးဝ ဖျောက်ဖျက်ထားသည်။သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကိုပင် အသုံးပြု၍ မပျံသန်းပေ။ သူက လမ်းသွယ်များအတိုင်း တိတ်တဆိတ် ခပ်သုတ်သုတ် လျှောက်လာ၏။သူက အကွာအဝေးတစ်ခုရှိ ဟုန်အကျဉ်းထောင်ထဲရှိ ဒေါမာန်တကြီး ဖြစ်နေသည့် ဓားတေးသံများကို ကြားနေရပေသည်။

အမွှေးတိုင်တစ်တိုင်ဝက်စာ ကုန်လွန်သွားပြီးနောက် သူက မိုအိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။မိုလီဟိုင်က ခြံဝန်းထဲတွင် မတ်တပ်ရပ်ကာ ဟုန်အကျဉ်းထောင် ရှိရာသို့ ကြည့်နေသည်။ သူ့စိတ်ထဲတွင်လည်း ဆိုးရွားစွာ စိတ်ထင့်နေမိ၏။

သည်အခိုက်မှာပင် သူက ဝမ်လင်းကို မြင်လိုက်သည်။ ဝမ်လင်းက သူ့တည်ရှိမှုကို ဖုန်းကွယ်ထားသည်ကို တွေ့လိုက်သည့်အခါ သူက ဖြစ်ပျက်သမျှကို ချက်ခြင်းသိသွားသည်။ သူက ခါးသီးစွာ ပြုံး၍ ဝမ်လင်းကို တောင်အတုထံသို ခေါ်သွားကာ လက်ဝါးတစ်ချက်ဖြင့် အပေါက်တစ်ခုကို ဖန်တီးလိုက်သည်။

“ဒါက ငါတံခါးပိတ်ကျင့်ကြံတဲ့ နေရာပဲ။ သင်က ဒီနေရာမှာ ခဏလောက် ပုန်းနေသင့်တယ်…”

ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။သည့်နောက် စကားတစ်ခွန်းမှ မဆိုဘဲ ခုန်ဝင်သွား၏။ မိုလီဟိုင်က အသက်ဝဝရှူသွင်းကာ ထိုင်ချမိသည်။ ထိုအပေါက်သည်လည်း ပြန်ပိတ်သွား၏။ သူက ထိုနေရာတွင် မည်သည့်နေရာမှ မှားနေခြင်း မရှိသကဲ့သို့ ထိုင်ကျင့်ကြံနေလိုက်၏။

သည်ညကတော့ မိုလီဟိုင်အတွက် အိပ်မပျော်သည့်ညပင်။ ကောင်းကင်နတ်ဆိုးမြို့တွင် နေထိုင်သူများသည်လည်း ထို့အတူသာ ဖြစ်၏။

ကောင်းကင်နတ်ဆိုးနိုင်ငံမြို့တစ်ခုလုံးက ညအခါတွင် ငွေရောင်အလင်းကြောင့် လင်းထင်သွားသည်။ အင်ပါယာဓားက ၎င်းကို ဒဏ်ရာရာသွားစေသည့် အစာသာသာမျှဖြစ်သည့် ဝမ်လင်းကို ရှာမတွေ့နိုင် ဖြစ်နေ၏။ ၎င်းက ပိုပိုဒေါသထွက်လာသည်။ ၎င်းက ဟုန်အကျဉ်းထောင်ကို ဖျက်စီးရန်ပင် ဆုံးဖြတ်လိုက်သ်ည။ သည့်နောက် ၎င်းက ကောင်းကင်နတ်ဆိုးမြို့ကိုပတ်၍ ကသုတ်ကရက် လိုက်ရှာပြန်လေသည်။

ထို့အတွက်ကြောင့် မိုလီဟိုင်အတွက် လုပ်ဆောင်ရန် ပိုခက်ခဲသွားသည်။ သူက ဝမ်လင်း၏ တည်ရှိမှုကို နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်နှင့် ဖုံးပေးထား၏။ထို့ကြောင့် အင်ပါယာဓားက ဝမ်လင်းကို ရှာမတွေ့နိုင် ဖြစ်နေသည်။

အင်ပါယာဓားက မိုလီဟိုင် သတိပြုမိခဲ့၏။သို့သော် မိုလီဟိုင်က သူ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို များစွာ ဖြန့်ကျက်ထားရာ သည့်အတွက် အင်ပါယာဓားက ဖြတ်ကျော်လို့သာ သွားသည်။ အင်ပါယာဓားက အနီးကပ် ကြည့်လျှင်ပင် ဝမ်လင်းကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်လင်းက သူ့အော်ရာကို ဥသုံဖုံးကွယ်ထားကာ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်နေနေ‌၏။ သူက လီမူဝမ်၏ စဦးစိတ်ဝိညာဉ် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။

ညအချိန် ကုန်ဆုံးလာသည်နှင့် အင်ပါယာဓားက ပိုပိုဒေါသကြီးလာ၏။ ၎င်းက ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးကို တစ်ညလုံး ရှာဖွေနေသည်။ သို့သော် ၎င်းက ခုချိန်ထိ ဝမ်လင်း၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ ဖြစ်နေ၏။

၎င်း၏ ဒေါသက ပိုပိုကြီးလာသည်။

သည်အရာက ၎င်းအတွက် နောက်တစ်ကြိမ် ထပ်စော်ကားခြင်းပင် မဟုတ်လား။

မနက်အစောပိုင်းတွင် အင်ပါယာဓားက ဓားတေးသံတစ်ခုကို ထုတ်ဖော်လိုက်သည်။ ၎င်းက ဟုန်အကျဉ်းထောင်ထံသို့ ပြန်လှည့်သွားကာ ဓားစွမ်းအင်းတန်တစ်ခုကို ထုတ်လွှတ်ကာ ပေတစ်ထောင်ကျော် အက်ကွဲတစ်ခုကို ဖန်တီးလိုက်၏။

၎င်း၏ ဒေါသကို ဖြေလျော့ပြီးနောက် အင်ပါယာ၏ဓားက ဒေါသအပြည့်ဖြင့် အစီအရင်အဖြစ်သို့ ပြန်ပြောင်းသွားတော့သည်။

ဟုန်အကျဉ်းထောင်က ကောင်းကင်နတ်ဆိုးနိုင်ငံ၏ အဓိကထောင်လေးခုမှ တစ်ခု ဖြစ်သည်။

၎င်းက အင်ပါယာဓားကြောင့် ပျက်စီးသွားသော်လည်း လူသားရင်းမြစ်နှင့်ပစ္စည်းများကြောင့် လျင်မြန်စွာ ပြန်ပြုပြင် ပြီးသွားလေ၏။ သို့ရာတွင် အင်ပါယာဓားက ဟုန်အကျဉ်းထောင်က သူ့မြင်ကွင်းတွင် အကောင်းတိုင်း ပြန်ပေါ်လာသည်နှင့် ၎င်းက ထပ်ပေါ်လာကာ အကျဉ်းထောင်ကို ထပ်ဖျက်စီး၍ သူ့ဒေါသကို ဖြေလျော့ပြန်သည်။

All Chapters