← Chapters

အခန်း ၄၆၇

Vol. 47 Ch. 467

အခန်း ၄၆၇

Vol. 47 Ch. 467

အခန်း (၄၆၇)

နံနက်ခင်း အရုဏ်တက်ချိန်။

ချင်တိုင်းပြည်သံအမတ်အိမ်တော်၌ ချင်စီယောင်သည် စောစီးစွာ နိုးထလာခဲ့လေ၏။

သူမ၏ ပုံမှန်အလေ့အထအတိုင်းပင်။

အစေခံမလေးများ၏ အကူအညီဖြင့် မျက်နှာသစ်သန့်စင်ပြီးနောက်၊ ချင်စီယောင်သည် ခြံဝင်းထဲ၌ တစ်နာရီခန့် တရားထိုင်ဆင်ခြင်ခဲ့ပြီး၊ ၎င်းနောက် နာရီဝက်ခန့် စာပေဖတ်ရှုနေခဲ့ပေသည်။

ချင်စီယောင်အတွက်မူ ယခင်က သူမ အမုန်းဆုံးဖြစ်ခဲ့သော ကျင့်ကြံခြင်းနှင့် စာပေဖတ်ရှုခြင်းဟူသည့် အရာနှစ်ခုမှာ ယခုအခါ နေ့စဉ်အလေ့အကျင့်များ ဖြစ်လာခဲ့ချေပြီ။ သူမသည် အချိန်တခဏတာလေးများကိုပင် ကျင့်ကြံခြင်းအတွက် အသုံးချခဲ့လေသည်။

စစ်နာရီယံ ထက်ဝက်ခန့်သို့ ရောက်သောအခါ ချင်စီယောင်က စာအုပ်ကို အောက်ချလိုက်ပြီး သူမ၏အစေခံမလေး မင်ယွဲ့ကို ဆိုလေ၏ "သွားကြစို့... အပြင်ဘက်ကို လမ်းနည်းနည်းလောက် ထွက်လျှောက်ရအောင်။"

"မင်းသမီးက နန်းတော်ဆီကို ကြွချီမလို့လားရှင်၊"

မင်ယွဲ့က မေးလိုက်၏။

ကျိုးတိုင်းပြည်၏ ဧကရာဇ်မြို့တော်သို့ ရောက်ရှိလာခဲ့ပြီးကတည်းက၊ မင်းသမီးသည် အားလပ်ချိန်ရရှိတိုင်း ကျိုးနန်းတော်ဆီသို့သာ အမြဲတစေ ထွက်ခွာသွားလေ့ရှိပေသည်။

ယခုဆိုလျှင် မင်္ဂလာပွဲတော်ကျင်းပရန် လဝက်ပင် မလိုတော့ချေ။

မင်းသမီး၏ ကျိုးနန်းတွင်းကျင့်ဝတ်သင်ခန်းစာများသည်လည်း မနေ့ကပင် ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ၊ ယနေ့မှစ၍ သူမ၏အချိန်များသည် သူမကိုယ်ပိုင်သာ ဖြစ်တော့၏။

ထို့ကြောင့် မင်ယွဲ့၏အမြင်တွင် မင်းသမီးသည် ဤရက်များအတွင်း အချိန်အများစုကို ကျိုးနန်းတော်ဆီသို့ သွားရောက်ခြင်းဖြင့်သာ ကုန်ဆုံးသင့်ပေသည်။

"မဟုတ်ဘူးလေ၊" ချင်စီယောင်က ပြုံးလျက် ခေါင်းခါလိုက်သည်။ "ကျိုးနန်းတော်နဲ့ ယှဉ်လိုက်ရင်၊ ဒီနေ့ ငါ သွားချင်တဲ့ တခြားနေရာတစ်ခု ရှိသေးတယ်။"

ထိုသို့ပြောပြီးနောက် ချင်စီယောင်သည် မတ်တတ်ရပ်ကာ သံအမတ်အိမ်တော်ထဲမှ လမ်းလျှောက်ထွက်သွားလေတော့၏။

မင်ယွဲ့လည်း အမီလိုက်နိုင်ရန် ကပျာကယာ ပြေးလိုက်သွားရတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်။

ချင်စီယောင် စီးနင်းလာသော ရထားယာဉ်မှာ ဤခြံဝင်းငယ်လေး၏ အရှေ့တွင် ရပ်တန့်သွားလေ၏။

မင်ယွဲ့က မင်းသမီးကို ရထားယာဉ်ပေါ်မှ ဆင်းနိုင်ရန် ကူညီတွဲကူပေးလိုက်သည်။

မင်ယွဲ့သည် ဤမျှ ခေါင်ဖျား၍ သာမန်ဆန်လှသော ဤခြံဝင်းငယ်လေးကို ဝေ့ဝဲကြည့်လိုက်ရင်း၊ မင်းသမီးကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ရလောက်အောင် မည်သူများ နေထိုင်နေသနည်းဟု စိတ်ဝင်တစား သိချင်နေမိတော့သတည်း။

ချင်စီယောင်က ရှေ့သို့လှမ်းကာ တံခါးကို ခေါက်လိုက်လေ၏ ပထမတစ်ချက်ကို ညင်သာစွာ၊ ထို့နောက် နှစ်ချက်ကို ခပ်ပြင်းပြင်း။

"လာပါပြီ... ခဏလောက် စောင့်ပါဦးရှင်။"

ချင်စီယောင်က တံခါးသုံးချက်ခေါက်ပြီးနောက်၊ ခြံဝင်းထဲမှနေ၍ မိန်းကလေးတစ်ဦး၏ အသံကို မင်ယွဲ့ ကြားလိုက်ရပေ၏။

တံခါးမှာ လျင်မြန်စွာ ပွင့်လာပြီး အသက်နှစ်ဆယ်စွန်းစွန်းအရွယ်ခန့်ရှိပုံရသော မိန်းကလေးတစ်ဦးက ချင်စီယောင်နှင့် မင်ယွဲ့တို့၏ အရှေ့တွင် မတ်တတ်ရပ်နေလေတော့သည်။

"မင်္ဂလာပါရှင်... သခင်လေးကျင်းယွမ်က ဒီမှာ နေတာလားရှင်၊" ဟု ချင်စီယောင်က ပြုံးလျက် မေးလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ကျွန်မက သူ့ရဲ့ဇနီး ကျီယွဲ့ပါ။ သခင်မလေးတို့က ဘယ်သူတွေများလဲရှင်။"

ကျီယွဲ့သည် ချင်စီယောင်ကို ငေးမောမှင်တက်စွာ ကြည့်နေမိလေ၏။

ဤမျှလောက် လှပကျော့ရှင်းသော မိန်းကလေးမျိုးကို ကျီယွဲ့ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူမ၏ အရေပြားမှာ ဆီးနှင်းဖြူများဖြင့် ပြုလုပ်ထားသော စက္ကူသားအလား ဖြူစင်ဝင်းမွတ်နေပြီး၊ နံနက်ခင်းနေရောင်အောက်တွင် အထိမခံနိုင်လောက်အောင် နူးညံ့သိမ်မွေ့နေပုံရပေသည်။

ထို့အပြင် ဤမိန်းကလေး၏ မျက်နှာသွင်ပြင်အချိုးအစားမှာ အလွန်အမင်း လှပပြောင်မြောက်လှပြီး၊ သူမ၏ ခန္ဓာကိုယ်ဟန်ပန်မှာလည်း များစွာ ကျော့ရှင်းလှပနေပေ၏။

သူမ၏ လှုပ်ရှားမှုတိုင်းက ဂုဏ်သတင်းကြီးမားလှသော အထက်တန်းလွှာမိသားစုမှ သခင်မလေးတစ်ဦး၏ အငွေ့အသက်များကို သယ်ဆောင်ထားလေသည်။

ကျီယွဲ့၏အမြင်တွင် သူမရှေ့ရှိ မိန်းကလေးမှာ ပန်းချီကားတစ်ချပ်ထဲမှ သက်ဝင်လှုပ်ရှား ထွက်ပေါ်လာသည့်အလား ထင်မှတ်ရပေသည်။

ဤမျှလောက် လှပသော မိန်းကလေးမျိုးကို သူမ အမှန်တကယ်ပင် တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။

"မင်္ဂလာပါ သခင်မလေး။ ကိစ္စက ဒီလိုပါ... ကျွန်မရဲ့ဖခင်က သခင်လေးကျင်းယွမ်ရဲ့ လက်ရေးလက်သားကို အရမ်း နှစ်သက်သဘောကျလို့၊ စာလိပ်နှစ်လိပ်လောက် လာရောက်တောင်းဆိုမလို့ပါ။ သခင်လေးကျင်း အဆင်ပြေပါ့မလားလို့ သိချင်လို့ပါရှင်" ဟု ချင်စီယောင်က ပြုံးလျက် ဆိုလေ၏။

"သြော်... ဒီလိုကိုး။ သေချာပေါက် အဆင်ပြေတာပေါ့ရှင်။ ကြွပါ... အထဲကို ဝင်ကြပါရှင်။"

ကျီယွဲ့က ချင်စီယောင်ကို ခြံဝင်းထဲသို့ ကပျာကယာ ခေါ်ဆောင်သွားလေတော့သည်။

ချင်စီယောင်သည် ကျောက်ထိုင်ခုံတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်ပြီး၊ မင်ယွဲ့ကမူ သူမ၏နံဘေးတွင် အပါးတော်မြဲအဖြစ် မတ်တတ်ရပ်နေခဲ့၏။

ကျီယွဲ့က အိမ်ထဲမှ လက်ဖက်ခြောက်များကို ထုတ်ယူလာပြီး သူတို့နှစ်ဦးအတွက် လက်ဖက်ရည်တစ်အိုး ပြင်ဆင်ဖျော်ကျက်ပေးလေသည်။

"ကျွန်မတို့အိမ်မှာ လက်ဖက်ရည်ကောင်းကောင်းတော့ မရှိဘူးရှင်၊ သခင်မလေးတို့ အပြစ်မမြင်ဘူးလို့ မျှော်လင့်ပါတယ်" ဟု ကျီယွဲ့က လက်ဖက်ရည်ပန်းကန်လုံးများကို ကမ်းပေးရင်း ပြောလိုက်သည်။

"သခင်မလေးရယ်... အဲဒီလို မပြောပါနဲ့ရှင်" ချင်စီယောင်က ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ လှမ်းယူလိုက်၏။ "ဒီလက်ဖက်ရည်က အရမ်းကို ကောင်းမွန်နေပါပြီ။"

တစ်ဖက်လူက ယဉ်ကျေးသမှုဖြင့် ပြောဆိုနေခြင်းဖြစ်ကြောင်းကို သိရှိသောကြောင့် ကျီယွဲ့က သိမ်မွေ့စွာ ပြုံးလိုက်လေသည်။ "သခင်မလေး... ခဏလောက် စောင့်ပါဦးရှင်။ ကျွန်မရဲ့အမျိုးသားက စာသင်ကျောင်းကနေ မကြာခင် ပြန်ရောက်လာတော့မှာပါ။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်ရှင်။"

"ကျွန်မတို့က အရင် ဝင်ရောက်နှောင့်ယှက်မိတာပါ၊ တောင်းပန်ရမယ့်သူတွေက ကျွန်မတို့ပါရှင်။" ချင်စီယောင်က လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ပေသည်။ "သခင်မလေးရဲ့ လက်ဖက်ရည်ဖျော်တဲ့လက်ရာက တကယ်ကို ပြောင်မြောက်လှပါတယ်ရှင်။"

"သခင်မလေးက မြှောက်ပြောနေပြန်ပါပြီရှင်။ သခင်မလေးတို့ ခံတွင်းတွေ့ရင်ကိုပဲ လုံလောက်နေပါပြီ။" ကျီယွဲ့က ချင်စီယောင်အတွက် နောက်ထပ်တစ်ခွက် ထပ်ထည့်ပေးလိုက်၏။ "ဒါနဲ့နေပါဦး... သခင်မလေးရဲ့ဖခင်က ကျွန်မအမျိုးသားကို ဘယ်လိုလုပ်ပြီး သိရှိသွားတာလဲရှင်။"

"ကိစ္စက ဒီလိုပါရှင်... ကျွန်မရဲ့ဖခင်က ဆင်ဖြူတော်ပုဂ္ဂလိကစာသင်ကျောင်းနားကနေ ဖြတ်သွားတဲ့အချိန်၊ စူးစမ်းချင်စိတ်နဲ့ အထဲကို ဝင်ကြည့်လိုက်တော့ သခင်လေးကျင်းယွမ် စာရေးနေတာကို တိုက်ဆိုင်စွာ မြင်တွေ့ခဲ့ရတာပါ။ အဲဒီအချိန်တုန်းက ဖခင်က စာလိပ်တစ်လိပ်လောက် တောင်းဆိုချင်ခဲ့တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ သခင်လေးကျင်းက စာသင်ကြားပေးနေတာဖြစ်လို့၊ ဖခင်က သူ့ကို မနှောင့်ယှက်လိုသလို၊ အတန်းပြီးတဲ့အထိ စောင့်နေဖို့လည်း အချိန်မရခဲ့ဘူးလေ။

ဒါကြောင့် ဒီနေ့ ကျွန်မကို အလည်အပတ် လွှတ်လိုက်တာပါရှင်။"

ချင်စီယောင်သည် ကြိုတင်ပြင်ဆင်ထားခဲ့သော ဇာတ်လမ်းကို အသုံးပြုလျက် ကျီယွဲ့အား ရှင်းပြလိုက်လေတော့သတည်း။

"သြော်... ဒီလိုကိုး" ဟု ကျီယွဲ့က ခေါင်းညိတ်လိုက်ပြီး၊ ချင်စီယောင်၏ ရှင်းပြချက်ကို ယုံကြည်လက်ခံသွားလေ၏။

ထိုနောက်တွင် သူတို့နှစ်ဦးသား အပြန်အလှန် စကားစမြည် ပြောဆိုနေကြတော့သည်။

မင်ယွဲ့သည် ဘေးဘက်၌ အပါးတော်မြဲလုပ်နေရင်း ခြံဝင်းကို စောင့်ကြည့်လေ့လာနေခဲ့ပေ၏။

ခြံဝင်းမှာ အလွန် ရိုးရှင်းလှပြီး၊ အနည်းငယ် ဟောင်းနွမ်းပျက်စီးနေသည်ဟုပင် ဆိုနိုင်ပေသည်။

သို့ရာတွင် မင်းသမီးနှင့် စကားပြောဆိုနေသော ထိုမိန်းကလေးမှာ ဆင်းရဲနွမ်းပါးသည့် သာမန်ပြည်သူတစ်ဦးနှင့် မတူခဲ့ချေ။ သူမ၏ အပြောအဆိုနှင့် အမူအကျင့်များကို ကြည့်ရသည်မှာ၊ အနည်းဆုံးတော့ ပညာတတ်အထက်တန်းလွှာအမျိုးသမီးတစ်ဦး ဖြစ်ပုံရပြီး သူမသည် လွန်စွာမှ လှပပေ၏။

မင်ယွဲ့၏အမြင်တွင် ကျီယွဲ့၏ ရုပ်ဆင်းသွင်ပြင်မှာ မင်းသမီးထက် သုံးဆယ်ရာခိုင်နှုန်းခန့်သာ လျော့နည်းပေသည်။

လူတစ်ယောက်အနေဖြင့် မင်းသမီး၏ အလှတရားခုနစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခြင်းကပင် အလွန်အမင်း ရှားပါးလှသော ကိစ္စတစ်ရပ် ဖြစ်နေခဲ့ချေပြီ

ဤမိန်းကလေး၏ အပြောအဆိုနှင့် ရုပ်သွင်ပြင်ကို ဘေးဖယ်ထားလိုက်လျှင်...

မင်ယွဲ့ကို အသိချင်ဆုံးဖြစ်စေခဲ့သည့်အရာမှာ ဤမိန်းကလေးအပေါ် ထားရှိသော မင်းသမီး၏ သဘောထားပင် ဖြစ်လေ၏။

မည်သို့ ပြောရမည်နည်း။

မင်းသမီးသည် သူမအား အလွန်တရာ ကြာမြင့်လှသော အချိန်ကာလတစ်ခုကတည်းက သိကျွမ်းနေခဲ့သည့်အလား ခံစားရပေသည်။

မင်းသမီးသည် နှစ်ပေါင်းများစွာ မတွေ့ရသော ဆွေမျိုးသားချင်းတစ်ဦးနှင့် စကားပြောဆိုနေသည့်အလား၊ သဘာဝကျသော ရင်းနှီးကျွမ်းဝင်မှုတစ်ရပ်ကို သယ်ဆောင်ထားလျက် စကားဆိုနေခဲ့ခြင်းပေတည်း။

နောက်ပိုင်းတွင် ဤမိန်းကလေးနှင့် မင်းသမီးတို့ ပြောဆိုနေကြသော စကားများကို နားထောင်ရင်း၊ ၎င်းတို့သည် ကျိုးမြို့တော်မှ ဒေသခံများမဟုတ်ဘဲ ကျန်းနန်နယ်မှ ဖြစ်ကြောင်းကိုလည်း မင်ယွဲ့ သိရှိသွားခဲ့လေသည်။

ကျီယွဲ့သည် အမှန်တကယ်ပင် အထက်တန်းလွှာမိသားစုကြီးတစ်ခုမှ သခင်မလေးတစ်ဦးဖြစ်ပြီး၊ သူမ၏ အဆင့်အတန်းမှာ မနိမ့်ကျခဲ့ချေ။ သူမသည် သာမန် ကုန်သည်မိသားစုမှမဟုတ်ဘဲ အရာရှိမျိုးနွယ်စုတစ်ခုမှ မွေးဖွားလာခဲ့ခြင်း ဖြစ်ပေ၏။

သို့သော်လည်း ကံကြမ္မာ၏ အလှည့်အပြောင်းတစ်ခုကြောင့် ကျီယွဲ့သည် ဆင်းရဲသော စာပေပညာရှင်တစ်ဦးကို ချစ်မိသွားခဲ့လေ၏။ ထိုသူမှာ ကျီယွဲ့၏ လက်ရှိအမျိုးသားဖြစ်သော ကျင်းယွမ်ပင် ဖြစ်ပေသည်။

ကျီယွဲ့သည် ဤဆင်းရဲသောစာပေပညာရှင်နှင့် လက်ထပ်ရန် အခိုင်အမာ ဆုံးဖြတ်ခဲ့၏။

သို့ရာတွင် သူမ၏ မိဘများက သဘောမတူခဲ့ကြချေ။

ကျီယွဲ့မှာ ကြည့်ရသည်မှာ နုနယ်ပုံရသော်လည်း၊ အမှန်တကယ်တော့ စိတ်ဓာတ်ခိုင်မာပြတ်သားသော မိန်းကလေးတစ်ဦး ဖြစ်ပေသည်။

သူမသည် သူမ၏ ကိုယ်ပိုင်စုဆောင်းငွေများနှင့် ရတနာသေတ္တာကို တိုက်ရိုက်ဆွဲယူကာ ကျင်းယွမ်အမည်ရှိသော ထိုအမျိုးသားနှင့်အတူ ခိုးရာလိုက်ပြေးခဲ့လေတော့သတည်း။

သူတို့နှစ်ဦးသည် ကောင်းကင်နှင့်မြေကြီးကို စေ့စပ်ပေးသူအဖြစ် မှတ်ယူကာ၊ ကြယ်များနှင့် လမင်းကို သက်သေအဖြစ်ထား၍ ၎င်းတို့၏ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြလေ၏။

ထိုနောက်တွင် ကျင်းယွမ်သည် ပြည်နယ်အဆင့်စာမေးပွဲကို အောင်မြင်ကာ ကျွီးရန်တစ်ဦး ဖြစ်လာခဲ့ပြီး၊ နန်းတွင်းစာမေးပွဲဖြေဆိုရန်အတွက် မြို့တော်သို့ ရောက်ရှိလာခဲ့ကာ နွေဦးစာမေးပွဲရာသီစတင်မည့်အချိန်ကို စောင့်ဆိုင်းရင်း ဤခြံဝင်းလေးထဲ၌ နေထိုင်နေကြခြင်း ဖြစ်ပေသည်။

၎င်းတို့၏ ခရီးစရိတ်များမှာ ကုန်သလောက်နီးပါး ဖြစ်နေပြီဖြစ်သောကြောင့်၊ ကျီယွဲ့သည် အိမ်မှုကိစ္စများကို စီမံခန့်ခွဲရင်း အိမ်ထောင်စုဝင်ငွေကို ဖြည့်တင်းနိုင်ရန် အပ်ချုပ်ပန်းထိုးအလုပ်များကိုပါ လုပ်ကိုင်ခဲ့ရပေ၏။

ကျင်းယွမ်အမည်ရှိသော ထိုအမျိုးသားက စာမေးပွဲများအတွက် ပြင်ဆင်နေစဉ်၊ သူသည် ပုဂ္ဂလိကစာသင်ကျောင်းတစ်ခုတွင် စာသင်ကြားပေးပြီး လက်ရေးပန်းချီစာလိပ်များကိုလည်း ရောင်းချခဲ့လေသည်။

သူတို့၏ဘဝများမှာ လွန်စွာမှ ခက်ခဲကြမ်းတမ်းနေခဲ့သော်ငြားလည်း၊ ကျီယွဲ့၏ မျက်လုံးများထဲတွင် မကျေမနပ်ညည်းတွားလိုသည့်အရိပ်အယောင် တစ်စက်ကလေးကိုမျှ မမြင်တွေ့ရချေ ၎င်းအစား ရိုးရှင်းသော ပျော်ရွှင်ကြည်နူးမှုတစ်ရပ်သာ ကိန်းအောင်းနေခဲ့ပေတော့သတည်း။

"မိန်းမရေ... ကိုယ် ပြန်ရောက်ပြီ။"

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်၊ ချင်စီယောင်နှင့် ကျီယွဲ့တို့ စိတ်ပါလက်ပါ စကားပြောဆိုနေကြဆဲအချိန်လေးမှာပင်၊ ခြံဝင်းတံခါးအပြင်ဘက်မှနေ၍ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာလေ၏။

ကျီယွဲ့က ကပျာကယာ မတ်တတ်ရပ်ကာ တံခါးကိုဖွင့်လိုက်ပြီး၊ သူမ၏ ခင်ပွန်းဖြစ်သူကို ပျော်ရွှင်ကြည်နူးစွာ ဆီးကြိုလိုက်လေသည် "ခင်ပွန်း... ပြန်ရောက်လာပြီလား။"

"ကိုယ် ပြန်ရောက်ပြီလေ။"

ကျင်းယွမ်အမည်ရှိသော ထိုအမျိုးသားက ခေါင်းညိတ်လိုက်ပြီးနောက်၊ သူ၏ အကြည့်များမှာ ခြံဝင်းထဲရှိ မိန်းကလေးနှစ်ဦးထံသို့ ကျရောက်သွားလေတော့၏။

၎င်းတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့်၊ အထူးသဖြင့် ထိုင်နေသော မိန်းကလေးမှာ၊ ၎င်းတို့၏ အဆင့်အတန်းသည် သေချာပေါက်ကို ထူးကဲမြင့်မားနေပြီး အနည်းဆုံးတော့ သူဌေးသူကြွယ်မိသားစုမှ သခင်မလေးတစ်ဦး ဖြစ်ပေလိမ့်မည်။

All Chapters