အခန်း ၈၉၇
Vol. 85 Ch. 897
အခန်း (၈၉၇) - တိုက်ရိုက်သေဆုံးခြင်း နှလုံးသားမျက်လုံး၊ သေခြင်းတရား ဥပဒေသကို ရှုမြင်ခြင်းနှင့် ဥပဒေသ၏ တန်ပြန်သက်ရောက်မှု (၄)
တစ်ကြိမ်တစ်ခါသာ မသေမျိုးမြက်မျိုးစေ့ကို ရရှိလိုက်သည်နှင့် 'ဆေးဝါးကူ' ၏ စွမ်းအားကို အသုံးပြုကာ ၎င်းကို လျင်မြန်စွာ ပျိုးထောင်နိုင်မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် သူသည် 'ရွှေပုစဉ်းရင်ကွဲကူ' ကို ဖော်စပ်ရန် လိုအပ်သော များပြားလှသည့် ကုန်ကြမ်းပစ္စည်းများကို ရရှိနိုင်မည်ပင်။
အကယ်၍ 'ရွှေပုစဉ်းရင်ကွဲကူ' ကိုသာ အောင်မြင်စွာ ဖော်စပ်နိုင်မည်ဆိုပါက သူသည် မသေမျိုးခန္ဓာကိုယ်ကို ရရှိသွားသည်နှင့် တူညီပေလိမ့်မည်။
မည်မျှပင် ပြင်းထန်သော ဒဏ်ရာများကို ရရှိသည်ဖြစ်စေ လျင်မြန်စွာ သက်သာပျောက်ကင်းသွားပြီး နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာမည် ဖြစ်၏။
ထို့အပြင် 'ရွှေပုစဉ်းရင်ကွဲကူ' ၏ စွမ်းအားကို အကူအညီယူကာ အခြားသော ကျင့်ကြံသူများ၏ ဒဏ်ရာများကိုပါ ကုသပေးနိုင်မည် ဖြစ်ရာ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ရသည်ဟုပင် ဆိုနိုင်သည်။
‘'ပစ္စည်းရှာဖွေကူ' ရဲ့ သတင်းအချက်အလက်အရဆိုရင် မသေမျိုးမြက်မျိုးစေ့က အနီးအနားက ပင်လယ်နယ်မြေထဲမှာ ရှိနေပုံပဲ...’
‘ဒီနေရာနဲ့ဆို သိပ်ပြီး မဝေးလှဘူး...’
‘ကိုယ်ပွားကို စေလွှတ်ပြီး သွားကြည့်ခိုင်းလို့ အဆင်ပြေတာပဲ...’
‘မတော်လို့ တစ်ခုခု မထင်မှတ်ထားတာ ဖြစ်လာခဲ့ရင်တောင် မူလခန္ဓာကိုယ်နဲ့ ထပ်သွားရင်လည်း နောက်ကျစရာအကြောင်းမရှိဘူး...’
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။ မသေမျိုးမြက်မျိုးစေ့ကို သူ မဖြစ်မနေ ရယူရပေမည်။
...
နာရီဝက်ခန့် ကြာပြီးနောက်။
ကျိုးစွေ့သည် ကျင့်ကြံမှုကို ခိုင်မာစေပြီးနောက် ဂူစံအိမ်ထဲမှ ထွက်ခွာလာခဲ့သည်။
ဧည့်ခန်းထဲတွင် ပိုင်စုကျဲ့၊ ထောင်ချီလီနှင့် ဟွားစစ်ချင်တို့ သုံးယောက်သား စကားစမြည်ပြောဆိုနေကြသည်ကို မြင်လိုက်ရ၏။
သူသည် အနီးသို့ လျှောက်သွားလိုက်ရာ ခန္ဓာကိုယ်ထဲမှ နဂါးဆင်သွေးချီများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။
"ယောက်ျား..."
မိန်းမလှလေးသုံးယောက်သည် ကျိုးစွေ့ကို မြင်လိုက်ရသောအခါ မျက်ဝန်းများက ရီဝေသွားကြပြီး ချွဲနွဲ့သော အသံလေးများဖြင့် ခေါ်ရင်း သွယ်လျသော လက်လေးများကို ဝှေ့ယမ်းပြလိုက်ကြလေသည်။
ကျိုးစွေ့သည် ပြုံးလိုက်ပြီးနောက် အနီးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အချိန်အတန်ကြာ ချစ်ပွဲဝင်ပြီးနောက်မှသာ ရပ်တန့်သွားကြလေတော့သည်။
"ချီလီ... မကြာသေးခင်က ကျင့်ကြံမှုအခြေအနေ ဘယ်လိုနေလဲ..."
ကျိုးစွေ့က အလှပဂေးလေး ထောင်ချီလီကို ဖက်ထားရင်း မေးလိုက်သည်။
သူ၏ စိတ်ထဲတွင် အောင်မြင်ကျေနပ်မှုများဖြင့် ပြည့်နှက်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤမိန်းမလှလေးသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူ တစ်ဦးဖြစ်ပြီး သူ၏ တာအိုလက်တွဲဖော် ဖြစ်လာခဲ့သောကြောင့်ပင်။
ပုရွက်ဆိတ်က နတ်နဂါးကို စီးနင်းလိုက်ရသည်နှင့် တူညီနေပေရာ ဤသည်မှာ မည်မျှကြီးမားလှသော အောင်မြင်မှုမျိုး ဖြစ်ပေသနည်း။
"မဆိုးပါဘူး... နှစ်အတော်ကြာ ကျင့်ကြံပြီးတဲ့နောက်မှာတော့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံမှုကို လုံးဝခိုင်မာသွားအောင် လုပ်နိုင်ခဲ့ပြီ..."
"အခုမှပဲ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ စွမ်းအားကြီးမားပုံကို သိရတော့တယ်။ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေထက် အများကြီး သာလွန်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး..."
"ဒီနှစ်ခုက လုံးဝကို အဆင့်အတန်း မတူဘူး..."
"အခုဆိုရင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ဝိုင်းရံတိုက်ခိုက်လာရင်တောင် သက်တောင့်သက်သာနဲ့ သတ်ဖြတ်ပစ်နိုင်တယ်။ အားစိုက်ထုတ်စရာတောင် မလိုဘူး..."
"ဒါပေါ့လေ... ယောက်ျားလို မကောင်းဆိုးဝါးမျိုးကလွဲလို့ပေါ့..."
ထောင်ချီလီက သက်ပြင်းချကာ ပြောလိုက်လေသည်။
သူမသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် သက်တမ်းမှာ ကြီးမားစွာ တိုးလာသည်သာမက၊ စွမ်းရည်များလည်း များစွာတိုးတက်လာခဲ့ပြီး ယခင်ကနှင့် နှိုင်းယှဉ်ပါက လုံးဝကို ကွာခြားသွားပြီဟု ခံစားနေရ၏။
သို့တိုင် ယောက်ျားဖြစ်သူကို ရင်ဆိုင်ရချိန်တွင်မူ ယုံကြည်မှု များစွာမရှိသကဲ့သို့ ခံစားနေရဆဲပင် ဖြစ်သည်။
ယောက်ျားဖြစ်သူ၏ ယခုလက်ရှိ ကျင့်ကြံမှုက လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သာ ရှိသေးသော်လည်း ခန္ဓာကိုယ်တွင် များပြားလှသော နည်းလမ်းများကို ပိုင်ဆိုင်ထားပေရာ သူမကဲ့သို့ ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူကိုပင် ထိတ်လန့်သွားစေနိုင်သည်။
သူမကိုယ်တိုင်ပင် ညတိုင်း ရက်ရက်စက်စက် အနိုင်ကျင့်ခံရကာ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသည်အထိ နှိပ်စက်ခံနေရသည် မဟုတ်ပါလော။
သို့ရာတွင် သူမကိုယ်၌က ဤအရာကို လိုလိုလားလားပင် လက်ခံနေမိသည်။
"ယောက်ျားက တကယ်ကို မျက်နှာလိုက်လွန်းတယ်။ ကျွန်မဆို ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို မတက်ရသေးဘူးလေ... ဟွန့်…"
ဟွားစစ်ချင်က မကျေမနပ်ဖြင့် ကျိုးစွေ့ကို ကိုက်လိုက်လေသည်။
"စိတ်ချပါ... ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးက အခု နှစ်လုံး ကျန်သေးတယ်လေ..."
"မင်းရဲ့ ကျင့်ကြံမှုက လေဟာနယ်သန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်တာနဲ့ ချက်ချင်းသောက်ပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ပြီ..."
"ခန္ဓာပေါင်းစည်းခြင်းအဆင့်ရဲ့ ကပ်ဘေးအတွက်တော့ စိတ်ပူစရာ မလိုပါဘူး..."
"ကိုယ် ကူညီပေးမယ်ဆိုရင် သက်တောင့်သက်သာနဲ့ ဖြတ်ကျော်နိုင်မှာ သေချာတယ်..."
"အဲဒီအချိန်ကျရင် ဖုန်းရှီးကျွန်းမှာ ဒုတိယမြောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ပေါ်လာတော့မှာပဲ..."
ကျိုးစွေ့က အသာအယာ ပြုံးလိုက်လေသည်။
မိမိ၏ တာအိုလက်တွဲဖော်များအပေါ်တွင်မူ သူသည် အမြဲတမ်း တန်းတူညီမျှ ဆက်ဆံပြီး ဘယ်သောအခါမှ မျက်နှာလိုက်လေ့ မရှိပေ။
"ကောင်းပါပြီ…”
ဟွားစစ်ချင်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် အလွန် ဝမ်းသာသွားသည်။ သူမသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် ပြဿနာကြီးကြီးမားမား မရှိတော့သည်ကို သိနေ၏။
နောက်တစ်ဆင့်အနေဖြင့် သူမသည် ကျင့်ကြံမှုကို လေဟာနယ်သန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်သို့ တိုးမြှင့်ရန်သာ လိုအပ်တော့သည်။
သို့သော် သူမအတွက်မူ ဤသည်မှာ အလွန်လွယ်ကူလွန်းလှပြီး အခြေခံအားဖြင့် မည်သည့် ပိတ်ဆို့မှုမျှ ရှိမည်မဟုတ်ချေ။
"နှမြောစရာပဲ... ကျွန်ရဲ့ ကျင့်ကြံမှုက အခုထိ လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ဖို့ အများကြီး လိုသေးတယ်..."
"ကျွန်မက ယောက်ျားရဲ့ ကျင့်ကြံမှုနှုန်းလောက် မမြန်ဘူးလေ..."
ပိုင်စုကျဲ့က အနည်းငယ် နှမြောတသစွာဖြင့် ပြောလိုက်လေသည်။
ယခင်က သူမ၏ ကျင့်ကြံမှုသည် ယောက်ျားဖြစ်သူထက် သာလွန်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း ဤအမျိုးသားက သူမထက် သာလွန်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ထို့အပြင် ဤသည်မှာ အလွန်အမင်း အလှမ်းကွာဝေးသွားခြင်းမျိုး ဖြစ်ပေသည်။
"ကိစ္စမရှိပါဘူး... ကိုယ် ဆဋ္ဌမအဆင့် အဖိုးတန်ဆေးလုံးတချို့ ဖော်စပ်ပြီးတဲ့အထိ စောင့်လိုက်..."
"မင်းရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို သေချာပေါက် မြန်ဆန်စေမှာပါ..."
"အဲဒီအချိန်ကျရင် အချိန်အများကြီး မလိုဘဲနဲ့ မင်းက လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့် ဒါမှမဟုတ် လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်အထိ တက်လှမ်းနိုင်မှာပါ..."
"အဲဒါက အချိန်ပြဿနာတစ်ခုလောက်ပါပဲ..."
ကျိုးစွေ့သည် ဘယ်ဘက်လက်ဖြင့် ပိုင်စုကျဲ့ကိုလည်း ပွေ့ဖက်လိုက်သည်။
ယခုအချိန်တွင် သူသည် သတ္တမအဆင့် အောက်ခြေအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ ဆဋ္ဌမအဆင့် အဖိုးတန်ဆေးလုံးတချို့ ဖော်စပ်ရန်မှာ အလွန်လွယ်ကူလှပေသည်။
မှန်ပေသည်၊ အရေးအကြီးဆုံးအချက်မှာ 'ဆေးဝါးကူ' ၏ စွမ်းအားကြောင့် သူသည် ရှန်းဟိုင်ပုလဲ နေရာလွတ်ထဲတွင် ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်၊ ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်နှင့် သတ္တမအဆင့် ဝိညာဉ်ဆေးပင်များကိုပင် အများအပြား စိုက်ပျိုးထားနိုင်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် ယခုအချိန်တွင် သူသည် ဆေးလုံးဖော်စပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို လှည့်ကြည့်နေစရာ မလိုတော့ပေ။
ဆဋ္ဌမအဆင့် အဖိုးတန်ဆေးလုံးများကို ဖော်စပ်နိုင်သည်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံမှုအမြန်နှုန်းကို သဘာဝကျကျ မြန်ဆန်လာစေပေမည်။
ထို့အပြင် ပိုင်စုကျဲ့ကိုယ်တိုင်ကလည်း အံ့မခန်း ပါရမီရှိပြီး ဆေးလုံးများ၏ အကူအညီပါ ပေါင်းထည့်လိုက်မည်ဆိုပါက ကျားကို အတောင်တပ်ပေးသကဲ့သို့ ဖြစ်သွားမည်မှာ အသေအချာပင်။
ဘန်း… ဘန်း… ဘန်း…
ထိုအခိုက်အတန့်မှာပင် ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင် တစ်ခုလုံးထံမှ ရုတ်တရက် သိမ်မွေ့သော တုန်ခါမှုတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး မြူခိုးများ လှိမ့်တက်လာပြီးနောက် တစ်ဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာတော့သည်။
"ဟင်..."
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်၏။
အစီအရင်အပြင်ဘက်တွင် ထောင်သောင်းချီသော ကန္တာရသားရဲ အမြောက်အမြားသည် အစီအရင်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေကြကြောင်းကို သူ ချက်ချင်း အာရုံခံသိရှိလိုက်လေသည်။
"ဘာဖြစ်လို့လဲ ယောက်ျား... တစ်ခုခု ဖြစ်လို့လား..."
ပိုင်စုကျဲ့၊ ထောင်ချီလီနှင့် ဟွားစစ်ချင်တို့ သုံးယောက်မှာ ကျိုးစွေ့၏ မျက်နှာအမူအရာကို ချက်ချင်း သတိထားမိသွားကြပြီး စူးစမ်းစွာဖြင့် မေးလိုက်ကြသည်။
သေချာပေါက် တစ်ခုခုဖြစ်နေပြီဟု သူတို့ သိလိုက်ကြ၏။ ထိုသို့မဟုတ်လျှင် သူတို့၏ အမျိုးသားက ဤကဲ့သို့ မျက်နှာအမူအရာမျိုး ဖြစ်လာမည် မဟုတ်ပေ။
"ကိုယ်တို့ရဲ့ ဖုန်းရှီးကျွန်းကို မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ဝင်လာလို့ သွားရှင်းလိုက်ဦးမယ်..."
"မင်းတို့ အရင် အနားယူနေကြ... ကိုယ် သွားကြည့်လိုက်ဦးမယ်..."
ရွှစ်...
စကားသံဆုံးသည်နှင့် သူသည် အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီးနောက် ရေပူစမ်းထဲမှ ချက်ချင်း ထွက်ခွာသွားလေတော့သည်။
ဤတစ်ကြိမ် ရောက်ရှိလာသော မဖိတ်ခေါ်ထားသည့် ဧည့်သည်များမှာ ကန္တာရသားရဲ အမြောက်အမြားသာမကဘဲ မျိုးနွယ်ခြား ကျင့်ကြံသူတစ်အုပ်ပါ ပါဝင်နေပေသည်။