← Chapters

အခန်း ၈၉၈

Vol. 85 Ch. 898

အခန်း ၈၉၈

Vol. 85 Ch. 898

အခန်း (၈၉၈) - အဆင့်မြင့်ဥပဒေသ၊ အစစ်အမှန်ဝိညာဉ်များ သန်မာရခြင်း၏ လျှို့ဝှက်ချက် (၁)

ဖုန်းရှီးကျွန်း၊ မြူခိုးပင်လယ်နယ်မြေ။

ရွှီး... ရွှီး... ရွှီး...

ပျံသန်းရေးသင်္ဘောများသည် မြူခိုးပင်လယ်နယ်မြေဆီသို့ ပျံသန်းလာကြလေသည်။

ထိုသင်္ဘာပျံများ၏ပိုင်ရှင်များမှာ ခြင်နက်မျိုးနွယ်စုမှကျင့်ကြံသူများပင် ဖြစ်သည်။

ဦးဆောင်လာသူမှာ ခြင်နက်မျိုးနွယ်စု၏ ခန္ဓာပေါင်းစည်းခြင်းအစောပိုင်းအဆင့်ရှိ အစွမ်းထက်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဝမ်ခွန်ယန်ဟု အမည်ရ၏။

"ချီးတဲ့မှ... လတ်တလော ခွန်ဖန်ပင်လယ်နယ်မြေက ကန္တာရသားရဲတွေ လုံးဝကို ရူးသွပ်နေကြတာပဲ... ဘာမဟုတ်တာလေးနဲ့ ဖြတ်သွားဖြတ်လာ သင်္ဘောပျံတွေကို ဝင်တိုက်ခိုက်ကြတယ်... အခုဆို ငါတို့ကိုတောင် လိုက်ကိုက်နေကြပြီ... တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ..."

လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ ခြင်နက်မျိုးနွယ်စုကျင့်ကြံသူတစ်ဦးက အံကြိတ်ကာ ပြောလိုက်၏။

ရိုးရိုးသားသားဆိုရလျှင် သူတို့ခမျာ ကံဆိုးမိုးမှောင်ကျနေခြင်းပင်။ မူလက ဤပင်လယ်နယ်မြေကို မတော်တဆ ဖြတ်သန်းလာရုံမျှသာ ဖြစ်သည်။

သို့သော် ထောင်သောင်းချီသော ကန္တာရသားရဲများ၏ ရုတ်တရက်တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

ထိုအထဲတွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကန္တာရသားရဲသုံးကောင်ပင် ပါဝင်လေသည်။

တစ်ခဏအတွင်းမှာပင် သူတို့၏သင်္ဘောပျံအုပ်စုကြီး ဖျက်ဆီးခံလိုက်ရပြီး ရူးသွပ်မတတ် ထွက်ပြေးနေရချေပြီ။

အဘယ်ကြောင့်ဆိုသော် သူတို့အနီးတွင် ခန္ဓာပေါင်းစည်းခြင်းအစောပိုင်းအဆင့်ရှိ အစွမ်းထက်ကျင့်ကြံသူတစ်ဦးသာ ရှိသောကြောင့်ပင်။ ထိုကန္တာရသားရဲအုပ်စု၏ပြိုင်ဘက် မည်သို့ဖြစ်နိုင်ပါမည်နည်း။

"မတတ်နိုင်ဘူးလေ... ဒီကန္တာရသားရဲတွေက မိစ္ဆာချီရဲ့ လွှမ်းမိုးမှုကို ခံထားရတော့ မိစ္ဆာစိတ်ဝင်မယ့် လက္ခဏာတွေ ပြနေပြီ... ဒီမိစ္ဆာချီတွေက သူတို့ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူးဆိုပေမယ့် သတ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒတွေကို ကြီးထွားလာအောင် လုပ်ဖို့ကတော့ အရမ်းလွယ်ကူတယ်...”

“ဒါကြောင့် ဒီအချိန်ကာလအတွင်းမှာ ကန္တာရသားရဲတွေက ပုံမှန်ထက် ပိုပြီးတော့ ဒေါသထွက်လွယ်နေကြတာပဲ... ဒီပင်လယ်နယ်မြေကလည်း အရင်ကထက် ပိုပြီး အန္တရာယ်များလာပြီ... သံသယဖြစ်စရာမလိုဘူး... ဒါက ငရဲမိစ္ဆာကမ္ဘာ ကျူးကျော်ဝင်ရောက်လာမှုကနေ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ..."

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဝမ်ခွန်ယန်က အလွန်တရာ အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။

ဤမျှကြီးမားသော အခြေအနေဆိုးကြီးကို သူလည်း မတားဆီးနိုင်ပေ။

"ခွန်ယန်အကြီးအကဲ... အရှေ့ဘက်မှာ မြူခိုးပင်လယ်နယ်မြေတစ်ခု ပေါ်လာသလိုပဲ..."

ထိုအခိုက်အတန့်မှာပင် ခြင်နက်မျိုးနွယ်စုကျင့်ကြံသူတစ်ဦးက အော်ပြောလိုက်လေ၏။

အရှေ့ဘက်ရှိ ပင်လယ်နယ်မြေတစ်ခုလုံးမှာ အဆုံးမဲ့မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်အခြေအနေအား လုံးဝမမြင်ရသည်ကို ချက်ချင်းပင် တွေ့လိုက်ရလေသည်။

"မြူခိုးပင်လယ်နယ်မြေလား... စိတ်ဝင်စားစရာပဲ... ဒါက သဘာဝအတိုင်း ဖြစ်ပေါ်လာတာတော့ မဟုတ်လောက်ဘူး... နောက်ပိုင်းမှ အစီအရင်တစ်ခုနဲ့ ဖန်တီးထားတာ ဖြစ်ရမယ်... အနည်းဆုံးတော့ သတ္တမအဆင့် အစီအရင်တစ်ခုပဲ... ဒီနေရာမှာ အားနည်းတဲ့ မျိုးနွယ်စုတစ်ခု နေထိုင်နေတာ ဖြစ်နိုင်တယ်..."

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဝမ်ခွန်ယန်၏ မျက်လုံးများက အလွန်စူးရှနေပြီး ဤမြူခိုးပင်လယ်နယ်မြေ၏ နောက်ကွယ်မှ အကြောင်းအရာများစွာကို တစ်ခဏအတွင်း သိမြင်သွားလေသည်။

သူသည် မြူခိုးများ၏ အနက်ရှိုင်းဆုံးနေရာတွင် အစီအရင်ပုံစံများစွာ ပေါ်ထွက်နေပြီး ကောင်းကင်နှင့်မြေကြီးကို ဆက်စပ်ကာ အတိုင်းအဆမသိနိုင်လောက်အောင် နက်နဲနေသည်ကို မြင်တွေ့လိုက်ရ၏။

"ခွန်ယန်အကြီးအကဲ... ဒါက အားနည်းတဲ့ မျိုးနွယ်စုမှန်း ဘယ်လိုလုပ် သိတာလဲ..."

ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများစွာက သိချင်စိတ်ဖြင့် မေးလိုက်ကြ၏။

"မေးနေစရာ လိုသေးလို့လား... ဒီလိုခေါင်ဖျားတဲ့ ပင်လယ်နယ်မြေမျိုးမှာ နေထိုင်တဲ့ မျိုးနွယ်စုတွေထဲမှာ ဘယ်သူကများ အားကောင်းလို့လဲ... ပြီးတော့ ဒါက သတ္တမအဆင့် အစီအရင်တစ်ခုသာသာပဲ... ဒါက အဲ့ဒီအားနည်းတဲ့ မျိုးနွယ်စု ခင်းကျင်းနိုင်တဲ့ အမြင့်ဆုံးစွမ်းရည် ဖြစ်လောက်တယ်...”

“တကယ်အားကောင်းတဲ့ မျိုးနွယ်စုတွေက အနည်းဆုံးတော့ အဋ္ဌမအဆင့် အစီအရင်ကိုတောင် ခင်းကျင်းနိုင်တယ်လေ... ဒါက အရမ်းကို ရိုးရှင်းတဲ့ ကောက်ချက်ချမှုပဲ... နားမလည်နိုင်စရာ ဘာရှိလို့လဲ..."

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဝမ်ခွန်ယန်က ခက်ထန်စွာဖြင့် ပြောလိုက်၏။

"ခွန်ယန်အကြီးအကဲက တကယ်ကို ဉာဏ်ပညာ ကြီးမားလှပါပေတယ်..."

ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများစွာမှာ ချက်ချင်းပင် အလွန်တရာ လေးစားသွားကြပြီး ရှေ့တိုးကာ ဖားယားလိုက်ကြလေသည်။

"ဟားဟား... မဆိုးဘူး၊ မဆိုးဘူး... တကယ်ကို ကောင်းကင်က ငါတို့ကို ကူညီလိုက်တာပဲ... အစက ဒီကန္တာရသားရဲတွေရဲ့ လိုက်လံသတ်ဖြတ်မှုကနေ ဘယ်လိုလွတ်မြောက်အောင် ပြေးရမလဲလို့ ငါ တွေးနေတာ... အိပ်ငိုက်နေတုန်း ခေါင်းအုံးနဲ့ တိုးမယ်လို့ မထင်ထားဘူး...”

“ငါတို့ ခုချက်ချင်းပဲ ဒီမြူခိုးပင်လယ်နယ်မြေထဲကို ဝင်ကြမယ်... ဒီအားနည်းတဲ့ မျိုးနွယ်စုရဲ့ သတ္တမအဆင့် အစီအရင်ကို အသုံးချပြီးတော့ ဒီကန္တာရသားရဲတွေကို ခုခံဖို့ သူတို့ကို အကူအညီတောင်းမယ်... ငါတို့တွေ အသက်ရှင်လျက် လွတ်မြောက်ဖို့ သူတို့ဆီက အကူအညီယူရမယ်..."

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဝမ်ခွန်ယန်က ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။

"ခွန်ယန်အကြီးအကဲ... ဒါက နည်းနည်းလေး စွန့်စားရာ မကျလွန်းဘူးလား... ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူတစ်ပါးရဲ့ နယ်မြေလေ... တကယ်လို့ ရန်သူ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်သွားရင် ကျုပ်တို့ရဲ့ သေခြင်းရှင်ခြင်းက တစ်ဖက်လူရဲ့ လက်ထဲကို ရောက်သွားမှာ မဟုတ်ဘူးလား... တစ်ဖက်လူက အားနည်းတဲ့ မျိုးနွယ်စုဆိုရင်တောင် သတ္တမအဆင့် အစီအရင်ရဲ့ စွမ်းအားက အာပလာမှ မဟုတ်တာ..."

အချို့သော ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများမှာ ချက်ချင်းပင် လန့်ဖြန့်သွားကြသည်။ အကြီးအကဲဖြစ်သူက ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ချမှတ်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။

ထိုသို့လုပ်ဆောင်ခြင်းက အလွန်တရာ အန္တရာယ်များလွန်းသည်ဟု သူတို့ ခံစားလိုက်ရ၏။

"ငတုံးတွေ... အခု ငါတို့က ဒီကန္တာရသားရဲတွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံနေရတာ... ဆက်ပြေးနေရင်လည်း သေလမ်းပဲ ရှိတယ်... ဒီအားနည်းတဲ့ မျိုးနွယ်စုရဲ့ နယ်မြေထဲကို ဝင်သွားတာကမှ အသက်ရှင်နိုင်မယ့် အခွင့်အရေး တစ်ကြိမ်တော့ ရနိုင်ဦးမယ်...”

“ပြီးတော့ ဒီအားနည်းတဲ့ မျိုးနွယ်စုတွေကလည်း ဉာဏ်ကောင်းကြမှာပါ... ငါတို့ ခြင်နက်မျိုးနွယ်စုရဲ့ နောက်ကြောင်းကိုသာ သိသွားရင် သေချာပေါက် ငါတို့ကို ဒုက္ခပေးရဲမှာ မဟုတ်ဘူး...”

“မဟုတ်ရင် မျိုးနွယ်စုထဲက ဘိုးဘေးတွေသာ ဒီကိစ္စကို သိသွားတဲ့အခါ ငါတို့အတွက် လက်စားချေဖို့ သေချာပေါက် လာသတ်ကြလိမ့်မယ်... ဦးနှောက်မရှိတဲ့ ကန္တာရသားရဲအုပ်စုသာ မဟုတ်ဘူးဆိုရင် အကျိုးအပြစ်တွေကို ဘယ်လို ချိန်ဆရမလဲဆိုတာ သိကြမှာပါ..."

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဝမ်ခွန်ယန်၏မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ပေါ်ထွက်လာလေသည်။

သူသည် ဤကိစ္စက သေချာပေါက် အောင်မြင်မည်ဟု ခံစားနေရသည်။ မိမိ၏ဘေးအန္တရာယ်ကို ခုခံရန် ဤအားနည်းသောမျိုးနွယ်စုကို အကူအညီယူခြင်းက တစ်ဖက်လူအတွက် ဂုဏ်ယူစရာပင် ဖြစ်ပေသည်။ အကယ်၍ တစ်ဖက်လူအနေဖြင့် အခြေအနေကို နားမလည်ပါက ဤပင်လယ်နယ်မြေတွင် ဆက်လက်ရှင်သန်နေရန် အကြောင်းမရှိတော့ပေ။

"ခွန်ယန်အကြီးအကဲ ပြောတာ မှန်တယ်... ဒါက ငါတို့အတွက် အသက်ရှင်နိုင်မယ့် အခွင့်အရေးပဲ... လုံးဝ ကြောက်နေစရာ မလိုဘူး... ဒီအားနည်းတဲ့ မျိုးနွယ်စုသာ ဉာဏ်ကောင်းမယ်ဆိုရင် ငါတို့ကို ဒုက္ခပေးရဲမှာ မဟုတ်ဘူး...”

“ဟမ့်... တကယ်လို့ တစ်ဖက်လူက တစ်ခုခုများ လုပ်ရဲမယ်ဆိုရင် ငါတို့ကလည်း အသေအကြေ တိုက်ခိုက်ပြီး ဒီသတ္တမအဆင့် အစီအရင်ကြီးကို ဖျက်ဆီးပစ်လိုက်မယ်... ဒီအားနည်းတဲ့ မျိုးနွယ်စုက ဒီပင်လယ်နယ်မြေမှာ ဆက်လက်ရှင်သန်နိုင်ဖို့ ဘာစွမ်းရည်တွေ ရှိသေးလဲ ကြည့်ကြသေးတာပေါ့... တကယ်လို့ ဒီမျိုးနွယ်စုက တကယ်ပဲ အားနည်းနေမယ်ဆိုရင် ငါတို့ကလည်း အခွင့်ကောင်းယူပြီးတော့ ဓနဥစ္စာတွေ အများကြီး ရှာနိုင်တာပေါ့..."

ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများစွာက အချင်းချင်း ဆွေးနွေးလိုက်ကြ၏။

အကြီးအကဲဖြစ်သူ၏ ထိုကဲ့သို့သောစကားများကို ကြားလိုက်ရသောအခါ မြူခိုးပင်လယ်နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းက တကယ်ကို မဆိုးလှသော ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း သူတို့လည်း ခံစားလိုက်ရသည်။

မိမိတို့၏ဘေးအန္တရာယ်ကို ခုခံကာကွယ်ရန် တစ်ဖက်လူ၏အစီအရင်ကို အခွင့်ကောင်းယူ၍ အသုံးပြုနိုင်ပေမည်။ အကယ်၍ တစ်ဖက်လူသာ မခုခံနိုင်ပါက သူတို့လည်း အခွင့်ကောင်းယူကာ ထွက်ပြေးနိုင်ပြီး တစ်ဖက်လူကို ကိုယ်စားသေခိုင်းနိုင်ပေမည်။

ဤသည်မှာ သူတို့အသက်ရှင်ရန်အတွက် အချိန်ဆွဲပေးခြင်းပင် မဟုတ်ပါလော။

ရွှီး... ရွှီး... ရွှီး...

ထပ်မံ တုံ့ဆိုင်းမနေတော့ဘဲ သင်္ဘောပျံခုနစ်စင်းမှာ မြူခိုးပင်လယ်နယ်မြေအတွင်းသို့ ချက်ချင်းပင် တိုးဝင်သွားကြတော့သည်။ အနောက်မှ ထောင်သောင်းချီသော ကန္တာရသားရဲများကလည်း ထပ်ချပ်မကွာ လိုက်ပါလာကြ၏။

ထိုအထဲတွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကန္တာရသားရဲသုံးကောင်၊ လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲထောင်ချီ ပါဝင်ပြီး ကျန်သည်တို့မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကန္တာရသားရဲများ ဖြစ်ကြသည်။

သူတို့သည် ဤခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများ၏အငွေ့အသက်ကို မှတ်သားထားပြီး အလျှော့မပေးဘဲ လိုက်လံဖမ်းဆီးနေကြခြင်းပင်။

ထိုကန္တာရသားရဲများသည်လည်း လုံးဝတုံ့ဆိုင်းမနေဘဲ မြူခိုးပင်လယ်နယ်မြေအတွင်းသို့ ချက်ချင်းပင် တိုးဝင်သွားကြလေသည်။

"ဒါက..."

မြူခိုးပင်လယ်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများစွာ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကြသည်။ ဤနေရာတွင် ခင်းကျင်းထားသော သတ္တမအဆင့် အစီအရင်ကို သူတို့ အထင်သေးမိခဲ့ပြီဟု ခံစားလိုက်ရ၏။

ဤသည်မှာ သတ္တမအဆင့် အဆင့်နိမ့်အစီအရင်တစ်ခုမျှသာ မဟုတ်သည်မှာ သေချာလှသည်။ သတ္တမအဆင့် အထွတ်အထိပ်ပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် မိမိတို့၏အာရုံခံနိုင်စွမ်းများက အလွန်ကြီးမားသောဖိနှိပ်မှုကို ခံနေရကြောင်း သူတို့တွေ့ရှိလိုက်ရသောကြောင့်ပင်။

ယခုဆိုလျှင် အာရုံခံနိုင်စွမ်းလွှမ်းခြုံနိုင်သော အကွာအဝေးက တစ်မီတာထက်ပင် မကျော်လွန်နိုင်တော့ဘဲ ပတ်ဝန်းကျင်အခြေအနေကို လုံးဝမမြင်ရတော့ချေ။

All Chapters