← Chapters

အခန်း ၁၅၆

Vol. 15 Ch. 156

အခန်း ၁၅၆

Vol. 15 Ch. 156

Chapter 156

~

အခန်း ၁၅၆ : လက်ထပ်စာချုပ်...

~

​ အဖေယွီက နောက်ပြောင်လိုက်ပြီးနောက် ယန်ကျီဝမ်ကို ကြည့်၍ မကျေမနပ်ဖြင့်..

​ " လောင်ယန်.. ခင်ဗျား စောစောလာခဲ့သင့်တယ်.. အားလုံးက မင်းအမှားပဲ ကောင်လေး.. မင်းအလုပ် အတည်တကျဖြစ်တဲ့အထိ စောင့်ပြီးမှ လက်ထပ်ခွင့်တောင်းမယ်ဆိုပြီး အတင်းလုပ်နေတော့ ယွီလီက ငါ့ကို နေ့တိုင်း ညည်းညူနေတော့တာပဲ.. တကယ်ကို ခေါင်းကိုက်စရာပဲ.. "

​ ယွီလီက သူမအခန်းထဲမှ ထိုစကားကို ကြားသောအခါ ချက်ချင်း ရှက်သွေးဖြာသွားသည် ။

​ သူမသာ ရှက်မနေလျှင် အပြင်ထွက်လာပြီး သူမအဖေကို မျက်လုံးလှန်ပြလိုက်မိမည်မှာ သေချာသည် ။

​ " ဦးလေး.. ယွီလီရော ဘယ်မှာလဲ.. "

​ ယန်ကျီဝမ်က မေးလိုက်သည် ။

​ အမေယွီက ပြုံး၍...

​ " သူ ရှက်ပြီး အခန်းထဲမှာ ပုန်းနေတာ.. မင်း လက်ထပ်ခွင့်တောင်းဖို့ လာတာ သူမှ ကြို မသိတာ.. "

​ ယန်ကျီဝမ်က လက်ဝေ့ယမ်းလိုက်ပြီး...

​ " ဟီးဟီး... ကျွန်တော် ဒီကို လာတာ ပထမဆုံးအကြိမ်မှ မဟုတ်တာ.. ဘာလို့ ရှက်နေရတာလဲ.. လပ်ထပ်စာချုပ် ချုပ်ပြီးတာနဲ့ သူ့ကို အိမ်ခေါ်သွားဖို့ ကျွန်တော် စဥ်းစားနေတာ.. "

​ " ကောင်းပြီ.. ငါ သဘောတူတယ်.. "

​ အဖေယွီက နောက်ပြောင်လိုက်ပြီး...

​ " အခု မိသားစုက စားဖို့တောင် မလောက်တော့ဘူး.. ဒါကြောင့် ယွီလီကို မင်းတို့ မိသားစုကပဲ ကျွေးထားကြပေတော့.. "

​ ယန်ဖူကွေ့၏ မျက်နှာအမူအရာက ထိုစကားကို ကြားသောအခါ လေးနက်သွားပြီး...

​ " လောင်ယွီ.. မိသားစုက အဲ့ဒီလောက်တောင် အခြေအနေ ဆိုးနေပြီလား.. "

​ " ဒါ..... "

​ အဖေယွီ၏ မျက်နှာ နီမြန်းသွားသည် ။ သူ နောက်ပြောင်ပြောဆိုလိုက်ခြင်းသာ ဖြစ်သော်လည်း ယန်ဖူကွေ့က အလေးအနက်ထားသွားမည်ဟု မျှော်လင့်မထားမိ ။

​ ယန်ဖူကွေ့က ထိုသည်ကိုမြင်လျှင် သူခန့်မှန်းသည်က မှန်ကန်ကြောင်း သိလိုက်သည် ။

​ ထို့ကြောင့် သူက ယန်ကျီဝမ်ကို ပြောလိုက်သည် ။

​ " ဒုတိယသား.. မနက်ဖြန်ကျရင် မင်းရဲ့ ယောက္ခမအိမ်ကို ကောက်ပဲသီးနှံတွေ လာပို့ပေးလိုက်.. "

​ " မလိုပါဘူး.. "

​ အဖေယွီက ငြင်းလိုက်ပြီး...

​ " ဆိုရိုးစကားအတိုင်း ဆင်းရဲတာကို မကူညီဘဲ အရေးပေါ်အခြေအနေကိုပဲ ကူညီသင့်တယ်.. ငါတို့ မိသားစုနှစ်စုက ဆွေမျိုးတွေ ဖြစ်လာတော့မှာ ဆိုပေမဲ့ မိသားစုက ဒီလောက် ခက်ခဲတဲ့ အခြေအနေအထိတော့ မရောက်သေးပါဘူး.. "

​ " ရပါတယ်.. ကျုပ်တို့ မိသားစုက အရင်က ကောက်ပဲသီးနှံတွေ အများကြီး သိုလှောင်ထားတာ ရှိတယ်.. လောင်ယွီ.. ကျုပ်ကို အားနာနေဖို့ မလိုဘူး.. "

​ ယန်ဖူကွေ့၏ သဘောထားက ပြတ်သားပြီး ပြဿနာကို တိုက်ရိုက် ဖြေရှင်းလိုက်သည် ။

​ အမှန်တော့ ယန်မိသားစုတွင် ကောက်ပဲသီးနှံများကြီး ရှိနေသောကြောင့်ပင် ။ မဟုတ်လျှင် သူ ဤမျှ ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်မည် မဟုတ်ပေ ။

​ ထိုသည်ကို မြင်သောအခါ အဖေယွီက ကျေးဇူးတင်စကားသာ ဆိုနိုင်တော့သည် ။

​ အဘယ်ကြောင့်ဆိုသော် ယွီမိသားစုတွင် စားနပ်ရိက္ခာများ အမှန်တကယ် ပြတ်လပ်နေသောကြောင့်ပင် ။

​ ကောက်ပဲသီးနှံ ကိစ္စအား ဆွေးနွေးပြီးနောက် ယန်ဖူကွေ့က တည်ကြည်စွာဖြင့်...

​ " လောင်ယွီ.. ဒါဆိုရင် ယန်ကျီဝမ်နဲ့ ယွီလီတို့ရဲ့ ကိစ္စက ပြီးပြီပေါ့.. "

​ အဖေယွီက ခေါင်းညိတ်လိုက်ပြီး သူ့ပုံမှန်အတိုင်း နောက်ပြောင်လိုက်သည် ။

​ " တခြား ဘာပြောစရာ ရှိတော့မှာလဲ.. ယွီလီက အိမ်ထောင်ပြုဖို့ စိတ်မရှည်ဖြစ်နေတာ ကြာပြီလေ.. "

​ ပြောပြီးနောက် သူက ယန်ကျီဝမ်ကို တည်ကြည်စွာ ကြည့်၍...

​ " ယန်ကျီဝမ်.. အခုကစပြီး ယွီလီကို မင်းလက်ထဲ အပ်လိုက်ပြီ.. သူက ခေါင်းမာတဲ့ စရိုက်ရှိတော့ နောင်ဆိုရင် မင်းက ပိုပြီး သည်းခံပေးရလိမ့်မယ်.. "

​ " ဟုတ်ကဲ့ပါ ဦးလေး.. အာ.. မဟုတ်ဘူး.. အဖေ.. ကျွန်တော် ယွီလီ့အပေါ် သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်.. "

​ ယန်ကျီဝမ်က အလေးအနက် ကတိပေးလိုက်သည် ။

​ " ကောင်းတယ်.. ကောင်းတယ်.. "

​ အဖေယွီက အဖေ ဟူသော အခေါ်အဝေါ်ကို အလွန် ကျေနပ်အားရသွားသည် ။

​ အမေယွီကလည်း ပြုံး၍...

​ " ယန်ကျီဝမ်.. အဒေါ့်ကို ခေါ်တဲ့ အခေါ်အဝေါ်ရော ပြောင်းသင့်ပြီ မလား.. "

​ " အမေ.. "

​ " အင်း.. လိမ္မာတဲ့ ကလေးပဲ.. "

​ အမေယွီလည်း အလွန် ပျော်ရွှင်သွား၏ ။

​ ဤသားမက်ကို နောက်ဆုံးတော့ အပိုင်ဖမ်းနိုင်ခဲ့ပြီ ။

​ လက်ထပ်ရန် ဆုံးဖြတ်ပြီးနောက် အဖေယွီက ဇဝေဇဝါဖြင့် မေးလိုက်သည် ။

​ " ယန်ကျီဝမ်.. မင်းအလုပ် အတည်တကျဖြစ်မှ လက်ထပ်ခွင့်တောင်းမယ်လို့ ယွီလီကို ပြောထားတာ မဟုတ်ဘူးလား.. ဘာလို့ အခု ရောက်လာတာလဲ.. "

​ " ဘာလို့လဲဆိုတော့ ဒီကလေးရဲ့အလုပ်က အတည်တကျ ဖြစ်သွားလို့ပေါ့.. "

​ ယန်ဖူကွေ့က ဝင်ပြောလိုက်သည် ။

​ " ဘာ.. "

​ အမေယွီက အံသြတကြီးဖြင့်...

​ " ယန်ကျီဝမ်.. သား တရားဝင် ဝန်ထမ်း ဖြစ်သွားပြီပေါ့.. အမေ မှတ်မိသလောက်ဆိုရင် သား အလုပ်ဝင်တာ တစ်ပတ်ပဲ ရှိသေးတာ မဟုတ်ဘူးလား.. "

​ ယန်ကျီဝမ်က ကျေနပ်အားရစွာဖြင့်...

​ " ဘာလို့လဲဆိုတော့ အမေ့ရဲ့ သားမက်က အရမ်းတော်လို့ပေါ့.. ခေါင်းဆောင်က ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို မြင်ပြီး အစောကြီး ရာထူးတိုးပေးခဲ့တဲ့အပြင် အိမ်တစ်လုံးတောင် ချပေးလိုက်သေးတယ်.. "

​ " အိမ်တစ်လုံး.. "

​ အမေယွီက မေးလိုက်သည် ။

​ " ဘယ်နေရာမှာ ချပေးလိုက်တာလဲ.. "

​ ယန်ကျီဝမ်က ပြန်ဖြေသည် ။

​ " ကျွန်တော်တို့ အိမ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အခန်းပါ.. အိမ်နဲ့နီးပေမဲ့ ကျွန်တော်တို့ မပြောင်းခင် နည်းနည်းပြင်ဖို့ လိုသေးတယ်.. လက်ထပ်ပြီးရင်တော့ ယွီလီက ကျွန်တော်နဲ့အတူ ကျပ်ကျပ်တည်းတည်း နေရလိမ့်မယ်.. "

​ " ရပါတယ်.. ရက်နည်းနည်းလောက် အောင့်အီးနေလိုက်ရင် ရတာပဲ.. "

​ အမေယွီက စိတ်မဝင်စားစွာ လက်ကို ဝှေ့ယမ်းပြလိုက်သည် ။

​ အခန်းထဲတွင် ခိုးနားထောင်နေသော ယွီလီလည်း အလွန်ပျော်ရွှင်နေ၏ ။

​ ' ငါ ရွေးချယ်ထားတဲ့လူက မျှော်လင့်ထားတဲ့အတိုင်းပဲ တကယ်ကို တော်လိုက်တာ.. '

​ သူမ တွေးလိုက်မိသည် ။

​ ဤမျှလောက် တိုတောင်းသော အချိန်အတွင်းမှာပင် သင့်တော်သည့် အလုပ်တစ်ခု ရခဲ့ရုံသာမက အိမ်တစ်လုံးကိုပါ ရရှိခဲ့သည် ။

​ " ယွီလီ.. မြန်မြန် ထွက်လာခဲ့တော့.. ထပ်ပြီး ပုန်းမနေနဲ့တော့.. "

​ အဖေယွီက အတွင်းခန်းထဲသို့ လှမ်းခေါ်လိုက်သည် ။

​ ရွေးချယ်စရာ မရှိတော့သဖြင့် ယွီလီက ရှက်ရွံ့စွာ ထွက်လာ၏ ။

​ " မင်္ဂလာပါ ဦးလေးယန်.. "

​ ယန်ဖူကွေ့က မကျေမနပ်ဖြင့်...

​ " ဟမ့်.. ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ.. "

​ " ဖေ.. ဖေဖေ.. "

​ ယွီလီ ဘာတတ်နိုင်မည်နည်း ။ သူမ အခေါ်အဝေါ် ပြောင်းခေါ်ရုံသာ တတ်နိုင်တော့သည် ။

​ " အင်း.. "

​ ယန်ဖူကွေ့က ပြုံး၍ ထူးလိုက်ပြီးနောက် ဆယ်ယွမ်တန် ငွေစက္ကူ တစ်ရွက်ကို ထုတ်ယူလိုက်သည် ။

​ " ယွီလီ.. ဒါ ယူထားလိုက်.. ဒါ အဖေက အခေါ်အဝေါ် ပြောင်းတဲ့အတွက် ပေးတဲ့ မင်္ဂလာလက်ဖွဲ့ပဲ.. "

​ ယွီလီက သူမအဖေကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသောအခါမှ သူမ လက်ခံယူလိုက်သည် ။

​ အဖေယွီက အကူအညီမဲ့စွာဖြင့်...

​ " လောင်ယန်.. ခင်ဗျားက ကျုပ်အတွက် အရမ်း ခက်ခဲအောင် လုပ်နေတာပဲ.. "

​ ထိုသို့ပြောပြီး သူ့အိတ်ကပ်ထဲမှ နှစ်ယွမ်ကို ထုတ်ယူလိုက်သည် ။

​ " ယန်ကျီဝမ်.. ငါတို့ မိသားစုရဲ့ အခြေအနေက မင်းတို့ မိသားစုလောက် မကောင်းဘူး.. ဒါကြောင့် အဖေက မင်္ဂလာလက်ဖွဲ့အတွက် ဒီလောက်ပဲ ပေးနိုင်တယ်.. "

​ " ကျေးဇူးတင်ပါတယ် အဖေ.. "

​ ယန်ကျီဝမ်က အပြုံးဖြင့် ယူလိုက်သည် ။

​ ထိုသည်ကို မြင်လျှင် အမေယွီကလည်း တစ်ယွမ် ထုတ်ပေးလေသည် ။

​ " မိန်းမ.. ယွီလီ့အတွက် အိမ်ထောင်စုစာရင်းစာအုပ် သွားယူပေးလိုက်.. "

​ အဖေယွီက အမေယွီကို ပြောလိုက်ပြီးနောက် ယန်ကျီဝမ်ကို ကြည့်ကာ...

​ " ယန်ကျီဝမ်.. မင်းနဲ့ ယွီလီ လမ်းရုံးကို သွားပြီး လက်ထပ်စာချုပ် သွားယူကြတော့.. "

​ နှစ်ယောက်သား သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည် ။

​ ထို့နောက် အဖေယွီက ယန်ဖူကွေ့ကို မေးလိုက်၏ ။

​ " လောင်ယန်.. မင်္ဂလာပွဲကရော ဘယ်လို စီစဥ်မှာလဲ.. "

​ ယန်ဖူကွေ့က စဥ်းစားထားပြီးသား ဖြစ်၏ ။ သူက တောင်းပန်သည့်ဟန်ဖြင့်...

​ " ကျုပ် အဲ့ဒါကိုပဲ ပြောမလို့.. အခုအချိန်တွေက ခက်ခဲနေပြီး နိုင်ငံကလည်း ချွေတာရေးကို အားပေးနေတော့ ကြီးကြီးမားမား မလုပ်တော့ဘူး.. ကျုပ်တို့ မိသားစုနှစ်စု အတူတူ ထမင်းစားကြတာပေါ့.. လောင်ယွီ.. ဘယ်လိုထင်လဲ.. "

​ အဖေယွီက ခေါင်းညိတ်ပြီး...

​ " ကျုပ် ကန့်ကွက်စရာ မရှိပါဘူး.. "

​ အဖေယွီ သဘောတူသည်ကို မြင်သောအခါ ယန်ဖူကွေ့ ပြုံးလိုက်သည် ။

​ " ဒါပေမဲ့ မင်္ဂလာသကြားလုံးတွေတော့ ဝေပေးဖို့ လိုသေးတယ်.. ကျုပ် ပြင်ဆင်ပြီးပါပြီ.. "

​ ကိစ္စများ ပြေလည်သွားပြီးနောက် ယန်ကျီဝမ်သည် သူ့စက်ဘီးကိုစီး၍ ယွီလီအား လက်ထပ်မှတ်ပုံတင်ရန် ခေါ်ဆောင်သွားခဲ့သည် ။

​ ဤခေတ်တွင် မင်္ဂလာဆောင်ရသည်မှာ အလွန်ကို မြန်ဆန်လှ၏ ။ မနက်ပိုင်းတွင် လက်ထပ်ခွင့်တောင်းပြီး ညနေပိုင်းတွင် ထမင်းအတူစားကာ ပွဲကျင်းပခြင်းကိုပင် မင်္ဂလာဆောင်သည်ဟု သတ်မှတ်ကြသည် ။

​ မိသားစုနှစ်စုသည် ယွီမိသားစု၏ အိမ်တွင်ပင် ပွဲကျင်းပရန် ဆုံးဖြတ်လိုက်ကြသည် ။

​ ယန်မိသားစု၏ခြံဝင်းထဲတွင် မလိုလားအပ်သော ဇာတ်ကောင်အမျိုးမျိုး ရှိနေသည် မဟုတ်ပါလော။

​ သူတို့ကို မဖိတ်ကြားလျှင် မည်သို့ ဒုက္ခမျိုး ပေးမည်ကို ဘုရားသာ သိပေလိမ့်မည် ။ ။

​ ယန်ကျီဝမ်နှင့် ယွီလီတို့ ထွက်သွားပြီးနောက် ယန်ဖူကွေ့လည်း နှုတ်ဆက်၍ အိမ်ပြန်သွားကာ ညနေပိုင်းတွင် မိသားစု တစ်ခုလုံးကို ခေါ်လာခဲ့မည်ဟု ပြောကြားခဲ့သည် ။

​ ...

​ လမ်းရုံး ဝင်ပေါက်တွင်...

​ ယန်ကျီဝမ်နှင့် ယွီလီတို့ ထွက်လာကြသည် ။

​ သူတို့ လက်ထဲတွင် နောက်ထပ် စာရွက်စာတမ်း တစ်ခုကို ကိုင်ဆောင်ထား၏ ။ ထိုအရာက တရားဝင် လက်ထပ်စာချုပ်ပင် ဖြစ်သည် ။

​ ဤခေတ်တွင် ခေတ်မီ လက်ထပ်စာအုပ်ဟူ၍ မရှိခဲ့ဘဲ စာရွက်တစ်ရွက်သာ ဖြစ်သည် ။

​ ယန်ကျီဝမ်က ယွီလီထံသို့ လက်ကမ်းပေးလိုက်ပြီး....

​ " ယွီလီ.. ကျေးဇူးပြုပြီး ကိုယ့်တို့ရဲ့ ဘဝတစ်လျှောက်လုံး ကိုယ့်ကို လမ်းညွှန်ပေးပါအုံး.. "

​ ယွီလီ ရှက်သွေးဖြာသွားပြီး ယန်ကျီဝမ်၏ လက်ထဲသို့ သူမ လက်ကို ထည့်လိုက်သည် ။

​ သူမ အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်ပြီး အထူးသဖြင့် လမ်းပေါ်တွင် လူများ ကြည့်နေသည့်အချိန်၌ ပို၍ပင် ရှက်နေမိ၏ ။

​ " သွားကြစို့.. "

​ ယန်ကျီဝမ်က သူ့စက်ဘီးပေါ် တက်လိုက်ပြီး ယွီလီက သူ့နောက်မှ ထိုင်လိုက်သည် ။

​ နှစ်ယောက်သား လမ်းရုံးမှ ထွက်လာခဲ့ကြသည် ။ ယနေ့မှစ၍ သူတို့နှစ်ဦးသည် တရားဝင် ဇနီးမောင်နှံ ဖြစ်သွားကြလေပြီ ။

​ ယွီလီက ယန်ကျီဝမ်၏ ခါးကို ညင်သာစွာ ဖက်ထားလိုက်၏ ။

​ အချိန်အတော်ကြာ စောင့်မျှော်ပြီးနောက်တွင်တော့ သူမ ဆန္ဒရှိသည့်အတိုင်း ဤအမျိုးသားကို နောက်ဆုံး၌ လက်ထပ်နိုင်ခဲ့ပြီ ဖြစ်သည် ။

​ ညနေပိုင်းအချိန်တွင်...

​ ယန်မိသားစု တစ်ခုလုံး ယွီအိမ်သို့ ရောက်လာကြသည် ။

​ ယန်ဖူကွေ့က ရန်ရွေ့ဟွားကို စက်ဘီးနောက်မှ တင်စီးလာခဲ့ပြီး ယန်ကျီဝမ်၊ ယန်ကျီဖန့်နှင့် အငယ်နှစ်ဦးတို့လည်း အတူပါလာကြသည် ။

​ ယွီလီကိုတော့ ယွီအိမ်သို့ အစောကြီးကတည်းက ပြန်ပို့ထားခဲ့ပြီး ဖြစ်သည် ။

​ မိသားစုနှစ်စု အတူတူ စားသောက်ကြရင်း ဤသည်ကိုပင် မင်္ဂလာပွဲအဖြစ် သတ်မှတ်လိုက်ကြ၏ ။

​ ယန်ကျီဝမ်က ယွီလီ အတွက် စိတ်မကောင်း ဖြစ်မိပေသည် ။ မိန်းကလေး တစ်ယောက်အတွက် မင်္ဂလာပွဲဆိုသည်က ဘဝတွင် တစ်ကြိမ်သာ ရရှိသည့် အခွင့်အရေး မဟုတ်ပါလော ။

​ သို့သော် ယခုအချိန်က ခက်ခဲသည့် ကာလဖြစ်ပြီး နိုင်ငံကလည်း ချွေတာရေးကို အားပေးနေသည့်အတွက် သူ ဤကိစ္စကို အကြီးအကျယ် လုပ်ရန် မဖြစ်နိုင်ချေ ။

​ ညစာစားပြီးနောက် ယန်ကျီဝမ်နှင့် ယွီလီတို့သည် ခြံဝင်းအတွင်းရှိ အိမ်နီးချင်းများအား မင်္ဂလာသကြားလုံးများ လိုက်ဝေခဲ့ကြပြီး သူတို့၏ မင်္ဂလာပွဲကို ကြေညာလိုက်၏ ။

​ ထို့နောက် ယန်မိသားစုသည် နှုတ်ဆက်ကာ ခြံဝင်းဆီသို့ ပြန်လာခဲ့ကြသည် ။

​ သို့သော် ယခုတစ်ကြိမ် သူတို့ ပြန်လာသည့်အခါတွင်မူ မိသားစုထဲ၌ နောက်ထပ် လူတစ်ဦး တိုးလာခဲ့လေပြီ ။

All Chapters