← Chapters

အခန်း ၁၅၇

Vol. 15 Ch. 157

အခန်း ၁၅၇

Vol. 15 Ch. 157

Chapter 157

~

အခန်း ၁၅၇ :ရှင်... ရှင် ကျွန်မကို ထိုးမိနေပြီ...

~

​ခြံဝင်းထဲသို့ ပြန်ရောက်လာကြသည် ။

​ယန်ဖူကွေ့က ယန်ကျီဝမ်ကို ကြည့်၍...

​" လောင်အာ.. ယွီလီကို ခေါ်ပြီး ခြံဝင်းထဲက လူတွေကို မင်္ဂလာသကြားလုံးတွေ လိုက်ဝေပေးလိုက်အုံး.. ပြီးရင် ခြံဝင်းထဲက အခြေအနေတွေကို မင်းတို့ နှစ်ယောက် ဆွေးနွေးသင့်တယ် .."

​" နားလည်ပါပြီ .."

​ယန်ကျီဝမ်က ယွီလီအား...

​" သွားရအောင် မိန်းမ .."

​သူ၏ ကပ်စေးနဲသော အဖေဖြစ်သူ၏ စကားအဓိပ္ပါယ်ကို သူ ကောင်းကောင်းနားလည်သည် ။ ယွီလီက ယခုမှစ၍ ဤနေရာတွင် အခြေချ နေထိုင်ရတော့မည်ဖြစ်ရာ တချို့အရာများကို သေချာ ရှင်းပြထားရန် လိုအပ်ပေသည် ။

​ပထမဆုံးအနေဖြင့် အိမ်ရှေ့ခြံဝင်း ။ အိမ်ရှေ့ခြံဝင်းက အဆင်ပြေပေသည် ။ ယွီလီသည် ယန်မိသားစုအိမ်သို့ မကြာခဏ လာလည်ဖူး၍ အားလုံးနှင့် ရင်းနှီးပြီးသားပင် ။

​အိမ်နီးချင်းများက မင်္ဂလာသကြားလုံးများ ရသောအခါ ဝမ်းမြောက်စကားများ ပြောကြပြီး ထိုမျှနှင့်ပင် ပြီးသွား၏ ။

​ထို့နောက် သူတို့နှစ်ဦး အလယ်ခြံဝင်းသို့ ရောက်လာကြသည် ။ ယန်ကျီဝမ်က ယွီလီကို ယီမိသားစုအိမ်သို့ ခေါ်လာပြီး...

​" လီလီ.. ဒါက ပထမဦးလေး ရဲ့အိမ်ပဲ .."

​တံခါးခေါက်ပြီးနောက် ခဏစောင့်လိုက်လျှင် ယီကျုံးဟိုင် ထွက်လာပြီး တံခါးဖွင့်ပေးသည် ။

​ယန်ကျီဝမ်နှင့် ယွီလီကို မြင်လျှင် ဇဝေဇဝါဖြင့်...

​" ယန်ကျီဝမ်.. ဘာကိစ္စ ရှိလို့လဲ .."

​" ပထမဦးလေး.. ယွီလီနဲ့ ကျွန်တော် ဒီနေ့ လက်ထပ်စာချုပ် ရပြီလေ.. အဲ့တာ လာမိတ်ဆက်ကြတာပါ .."

​ယန်ကျီဝမ် စကားဆုံးသည်နှင့် ယွီလီက သိတက်စွာဖြင့် သကြားလုံး အနည်းငယ်ကို ကမ်းပေးလိုက်ပြီး...

​" မင်္ဂလာပါ ပထမဦးလေး.. သမီး နာမည်က ယွီလီ ပါ .."

​" မင်္ဂလာပါကွယ် .."

​ယီကျုံးဟိုင်က ခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည် ။

​ထို့နောက် ယန်ကျီဝမ်နှင့် ယွီလီတို့ လှည့်ထွက်လာခဲ့ကြ၏ ။

​ယီကျုံးဟိုင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည် ။ မူလက ယန်ကျီဝမ်အား မင်္ဂလာပွဲ ကျင်းပမည်လားဟု သူ မေးရန် စဥ်းစားထားခြင်းပင် ။

​' ထားလိုက်ပါတော့.. မနက်ဖြန်ကျမှ လောင်ယန်ကို မေးကြည့်တာ ပိုကောင်းလိမ့်မယ်..'

​နောက်တစ်အိမ်က ကျားမိသားစုပင် ။ ချင်ဟွိုင်ရု ထွက်လာသည် ။

​" ယန်ကျီဝမ်.. ဘာကိစ္စ ရှိလို့လဲ .."

​" ဒါက ကျွန်တော့်ဇနီးပါ.. ဒီနေ့ ကျွန်တော်တို့ လက်ထပ်စာချုပ် ရပြီလေ .."

​ယန်ကျီဝမ် စကားဆုံးသည်နှင့် ယွီလီဘက်သို့ လှည့်ကာ...

​" လီလီ.. သူက ကျားမိသားစုက မရီးချင်လေ .."

​" မင်္ဂလာပါ မရီးချင် .."

​ယွီလီက ပြုံး၍ သကြားလုံး အနည်းငယ် ကမ်းပေးလိုက်သည် ။

​" အမချင်လို့ပဲ ခေါ်ပါကွယ် .."

​ချင်ဟွိုင်ရုက သကြားလုံးများကို လှမ်းယူလိုက်ပြီး...

​" မင်းတို့ နှစ်ယောက် သားရတနာလေး အမြန်ဆုံး ရပါစေလို့ ဆုတောင်းပေးပါတယ် .."

​" ကျေးဇူးတင်ပါတယ် .."

​နှစ်ယောက်သား ကျေးဇူးတင်စကား ပြောပြီးနောက် လှည့်ထွက်လာခဲ့ကြသည် ။

​" အဲ့တာ ယန်လောင်အာ.. အဲ့ဒီ ကောင်စုတ်လေးလား .."

​ထိုအချိန် ကျားကျန်းရှီ အိမ်ထဲမှ ထွက်လာ၏ ။ ချင်ဟွိုင်ရုက ခေါင်းညိတ်ပြလိုက်ပြီး...

​" သူတို့ မင်္ဂလာသကြားလုံး လာဝေတာပါ .."

​" ဘယ်လိုမှ တရားမျှတမှု မရှိဘူး.. ဒီကောင်စုတ်လေးက မိန်းမတောင် ရသွားပြီတဲ့လား .."

​ကျားကျန်းရှီက အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်ပြီး ချင်ဟွိုင်ရု လက်ထဲမှ သကြားလုံးများကို ဆွဲလုလိုက်ကာ မထီမဲ့မြင်ဟန်ဖြင့်...

​" ဒီကောင်စုတ်လေးက ကပ်စေးနဲလိုက်တာ.. ဒီလောက်လေး ဝေရုံနဲ့ ဘယ်သူ့အတွက် လောက်မှာလဲ .."

​ထိုသို့ပြောရင်း သကြားလုံး တစ်လုံးကို သူမ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏ ။

​ချင်ဟွိုင်ရု၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည် ။ သူမ ကလေးများအတွက် သိမ်းထားရန် ရည်ရွယ်ထားသော်လည်း ဤအဘွားကြီးက လုယူသွားလိမ့်မည်ဟု မျှော်လင့်မထားချေ ။

​' ဒီအဘွားကြီးက ဘယ်လို လူစားမျိုးလဲ.. ကလေးတွေ စားမယ့် သကြားလုံးကိုတောင် လုစားရတယ်လို့..'

​ထို့နောက် ယန်ကျီဝမ်နှင့် ယွီလီက ရှာကျူး မိသားစုနှင့် နောက်ဖေးခြံဝင်းသို့ ဆက်သွားကြသည် ။ ရွှီတာမော့က အိမ်တွင် မရှိ၍ သကြားလုံးဝေပြီးနောက် နှစ်ယောက်သား ယန်ကျီဝမ်၏ အခန်းငယ်လေးဆီသို့ ပြန်လာခဲ့ကြသည် ။

​ယွီလီက အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ကုတင်ပေါ်တွင် ထိုင်နေ၏ ။ ဘာတွေ ဆက်ဖြစ်လာမည်ကို သူမ သိထားပြီးသားပင် ။ သူမ၏ ရင်ထဲတွင် မျှော်လင့်ချက်များနှင့်အတူ ကြောက်ရွံ့မှုများပါ ရောယှက်နေသည် ။

​ယွီလီ၏ ပုံစံကိုမြင်လျှင် ယန်ကျီဝမ်က ရယ်လိုက်ပြီး...

​" လီလီ.. မင်း အရမ်း စိတ်လှုပ်ရှားနေပြီလား .."

​ယွီလီက သူ့အား အံ့အားသင့်စွာ မော့ကြည့်လိုက်သည် ။

​ယန်ကျီဝမ်က လေသံတိုးတိုးဖြင့်...

​" အဲ့ကိစ္စအတွက် ရက်နည်းနည်းလောက် စောင့်ရအောင်.. ဒီအခန်းက သေးလွန်းတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မှ မရတာ .."

​နောက်ဘက်အခန်းတွင် ယန်ကျီဖန့်နှင့် ယန်ကျီချန်းတို့ ရှိနေသည် ။

​သို့သော် ယန်ကျီချန်းက အိမ်၌ မရှိ ။ နေ့လည်ကတည်းက အပြင်ထွက်သွားခဲ့ခြင်း ဖြစ်ပြီး ညစာစားချိန်ထိ ပြန်မလာသေးချေ ။

​သို့ရာတွင် ယန်ကျီဖန့်က အိမ်၌ ရှိနေသေးပြီး အဖေနှင့် အမေကလည်း အပြင်ဘက်၌ ရှိနေကြသည် ။

​ယန်ကျီဝမ်က အသံများ ကျယ်လောင်သွားပြီး ကသိကအောက် ဖြစ်ရမည်ကို စိုးရိမ်နေခြင်းပင် ။

​" အင်းပါ .."

​ယွီလီ ရှက်သွေးဖြာသွားပြီး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည် ။ သူမ အနည်းငယ် ရှက်ရွံ့နေသော်လည်း ယန်ကျီဝမ်က အတင်းအကြပ် တောင်းဆိုလာလျှင်တော့ သဘောတူမည်သာ ။

​နှစ်ယောက်သား ကုတင်ပေါ်တွင် လှဲလျောင်းနေကြ၏ ။ ယန်ကျီဝမ် အနည်းငယ် စိတ်ရှုပ်ထွေးနေသည် ။ သူ့ဘေးတွင် ဇနီးအသစ်စက်စက်လေး လှဲလျောင်းနေသော်လည်း သူ ထိုအလုပ် ကို မလုပ်နိုင်ချေ ။ ဤသည်က အလွန် နာကျင်စရာကောင်းလှ၏ ။

​သို့သော် သူ မည်သို့ တက်နိုင်မည်နည်း ။ ဤကဲ့သို့ ကျပ်တည်းသော ပတ်ဝန်းကျင်တွင် သူ လွတ်လွတ်လပ်လပ် လှုပ်ရှားရန် အဆင်မပြေ ။

​သူ သည်းခံရန်သာ တက်နိုင်တော့သည် ။ သူတို့ နှစ်ဦးစလုံးမှာလည်း အိပ်ချင်စိတ် မရှိကြပေ ။

​ယန်ကျီဝမ်က...

​" လီလီ.. ခြံဝင်းထဲက အခြေအနေတွေကို ကိုယ် ရှင်းပြမယ် .."

​" အင်း .."

​ယွီလီက နားစွင့်၍ သေချာ နားထောင်နေလိုက်၏ ။ ထို့ကြောင့် ယန်ကျီဝမ်က ခြံဝင်းအတွင်းရှိ လူများ၏ စရိုက်လက္ခဏာများနှင့် သူတို့၏ အပြုအမူများကို တစ်ခုချင်းစီ သေချာ ရှင်းပြလိုက်သည် ။

​အားလုံး ရှင်းပြပြီးရန် အချိန်အတော်ကြာသွားခဲ့သည် ။ ယွီလီက နားထောင်ရင်း ဆွံ့အသွားပြီး...

​" ရှင်တို့ ခြံဝင်းက ဒီလောက်တောင် ရှုပ်ထွေးနေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး .."

​သူမ စိတ်ထဲ မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ချေ ။

​' ကိုယ်ကျင့်တရား ကောင်းမွန်ပြီး အားလုံးရဲ့ လေးစားမှုကို ခံရသူ ကိုယ်ကျင့်တရားသူတော်စင် ယီကျုံးဟိုင် ..ဘိုးဘေးကြီး နားမကြားသည့် အဘွား ၊ ဝိညာဥ်ခေါ်ကျားကျန်းရှီ နှင့် အရာရှိရူး လျှိုဟိုင်ကျုံး ..။ ထိုလူများက မည်သို့သော နတ်ဘုရားများ ဖြစ်ကြသနည်း ။

​သူမတို့ ခြံဝင်းထဲတွင် ပြဿနာ အများကြီး မရှိ ။ လူတိုင်းက ကိုယ့်ဘဝနှင့်ကိုယ် အေးချမ်းစွာ နေထိုင်ခဲ့ကြသည် ။ ယနေ့မှသာ သူမ၏ မျက်လုံးများ အမှန်တကယ် ပွင့်သွားခဲ့ရလေပြီ ။

​သူမက...

​" ရှင်တို့ ခြံဝင်းထဲမှာ ဒီလောက် ပြဿနာများတယ်ဆိုတာ သိရင် ရှင့်ကို ယူမှာ မဟုတ်ဘူး .."

​" သိပ်နောက်ကျသွားပြီလေ .."

​ယန်ကျီဝမ်က ရယ်လိုက်ပြီး...

​" လက်ထပ်စာချုပ်တောင် ရနေပြီ.. အခုကစပြီး မင်းက ကိုယ့်အပိုင်ပဲ .."

​" အာ .."

​ယန်ကျီဝမ်က သူမကို အနောက်မှ သိုင်းဖက်လိုက်သဖြင့် ယွီလီ လန့်သွား၏ ။

​ထို့နောက် အခြားသူများ ကြားသွားမည် စိုး၍ ပါးစပ်ကို လက်ဖြင့် အလျင်အမြန် အုပ်ထားလိုက်သည် ။

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​" ကိုယ် အခုချက်ချင်း ဘာမှ မလုပ်နိုင်ရင်တောင် မင်းကို ဖက်ထားလို့တော့ ရတယ်မလား .."

​" ရှင်.. ရှင် ကျွန်မကို ထိုးမိနေပြီ .."

​ယန်ကျီဝမ်...

​" ... "

​...

​ဤသို့ဖြင့် ထိုညက ဘာမှ မဖြစ်ခဲ့ပေ ။

​မနက်ခင်း ရောက်လျှင် ရန်ရွေ့ဟွား မနက်စာ ပြင်ဆင်ရာတွင် ကူညီပေးရန် ယွီလီ ထလာသည် ။

​ရန်ရွေ့ဟွားက ယွီလီအား အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့်...

​" လီလီ.. မင်းနဲ့ ယန်လောင်အာ မနေ့ညက ဘာမှ မဖြစ်ခဲ့ကြဘူးလား .."

​ယွီလီ၏ လှပသော မျက်နှာလေး ချက်ချင်း နီရဲသွားပြီး...

​" ယန်ကျီဝမ်က အိမ်သစ်ကို ပြောင်းတဲ့အထိ စောင့်ကြမယ်လို့ ပြောထားလို့ပါ .."

​" အိုး.. ဘာတွေ ရှက်နေရတာလဲ.. လူတိုင်း ဒီလိုပဲ ဖြတ်သန်းရတာချည်းပဲကို .."

​ရန်ရွေ့ဟွား ခေါင်းခါလိုက်၏ ။ သူမ မြေးတစ်ယောက် အမြန် ပွေ့ချီချင်နေပြီ ။ သို့သော် ယန်လောင်အာက အမြဲတမ်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိသူဖြစ်၍ သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်တော့သည် ။

​မည်သို့ပင် ဆိုစေကာမူ ထိုအိမ်ကို ပြင်ဆင်ရန် ရက်အနည်းငယ်သာ လိုတော့သည် ။ သိပ်မကြာခင် အဆင်သင့် ဖြစ်သွားပေလိမ့်မည် ။ ယွီလီသည်တော့ ရှက်လွန်း၍ ဘာမှ ပြန်မပြောနိုင်တော့ချေ ။

​ရန်ရွေ့ဟွားက...

​" လီလီ.. မင်းတို့ အိမ်ပြောင်းပြီးရင်တော့ သေချာ ကြိုးစားရမယ်နော်.. အမေက မြေးလေး တစ်ယောက် ချီချင်နေပြီ .."

​" ဟုတ် .."

​ယွီလီ မည်သို့ တက်နိုင်မည်နည်း ။ လောလောဆယ် ခေါင်းညိတ် သဘောတူထားရန်သာ ရှိသည် ။ သို့ရာတွင် ဤကိစ္စက သူမ တစ်ယောက်တည်း၏ အားထုတ်မှုဖြင့် မရနိုင်ပေ ။

​မနက်စာ စားချိန်တွင်...

​ယန်ဖူကွေ့က ယန်ကျီဝမ်အား...

​" လောင်အာ.. မနက်ဖြန်ကျရင် သတို့သမီးအိမ် အလည်ပြန်ဖို့ မင်းဘာသာ သေချာ ပြင်ဆင်ထားလိုက်.. ငါကတော့ ဟောက်ဟိုင်ကန်ကို ငါးမျှား သွားရအုံးမယ် .."

​ယန်ကျီဝမ် ခေါင်းညိတ်လိုက်သည် ။

​ယန်ဖူကွေ့က ထပ်၍...

​" ခွင့်တိုင်ဖို့ မမေ့နဲ့အုံးနော် .."

​ယန်ကျီဝမ်က...

​" အဆင်ပြေပါတယ်.. ကျွန်တော့် အလုပ်ချိန်က သတ်သတ်မှတ်မှတ်မှ မရှိတာ.. မသွားလည်း ဘာမှ မဖြစ်ဘူး.. ခွင့်တိုင်စရာ မလိုပါဘူး ကိုယ့်ဘာသာ စီစဥ်လိုက်ရုံပဲ .."

​မနက်စာ စားပြီးနောက် ယန်ဖူကွေ့က အပိုဝင်ငွေ ရှာရန် ငါးမျှားထွက်သွား၏ ။ သတို့သမီး အသစ်ဖြစ်သော ယွီလီသည်တော့ အလုပ်များဖြင့် လက်မလည်နိုင်အောင် ဖြစ်နေသည် ။

​ယန်ကျီဝမ်က သူမကို အပြင်သို့ လည်ပတ်ရန် ခေါ်သွားမည်ဟု စဥ်းစားထားသော်လည်း သူမက မလိုက်ချေ ။ သူလည်း ဘာမှ လုပ်စရာ မရှိ၍ အိမ်ပြုပြင်ရေး အခြေအနေ မည်သို့ ရှိသည်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည် ။

​" ရဲဘော်လေး.. ရောက်လာပြီလား .."

​ဆရာလဲ့ က ယန်ကျီဝမ်ကို မြင်လျှင် လှမ်းနှုတ်ဆက်သည် ။

​သူ့အနားတွင် တပည့်ဖြစ်ဟန်တူသော လူငယ်တစ်ဦးကိုလည်း တွေ့ရ၏ ။ လူငယ်လေးက ယန်ကျီဝမ်ကို ခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည် ။ ရိုးသားပြီး တာဝန်သိတက်သည့် ပုံစံမျိုးပင် ။

​" ဆရာလဲ့.. ဆရာ့အလုပ် ဆရာ လုပ်ပါ.. ကျွန်တော် ဒီအတိုင်း လာကြည့်တာ .."

​ဆရာလဲ့အား ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်ပြီးနောက် ယန်ကျီဝမ်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည် ။ ကြီးကြီးမားမား ပြုပြင်စရာများ မရှိတော့ဘဲ အချောကိုင်ရန်သာ ကျန်တော့သဖြင့် အားလုံးနီးပါး ပြီးစီးနေပြီဟု ဆိုရမည် ။

​လောလောဆယ်၌ အိမ်သာ ဆောက်လုပ်နေကြပြီး တစ်ရက်အတွင်း ပြီးစီးသွားမည်မှာ သေချာပေသည် ။ ယန်ကျီဝမ် လိုက်ကြည့်နေသည်ကို မြင်လျှင် ဆရာလဲ့က...

​" ရဲဘော်လေး.. မကျေနပ်တာ တစ်ခုခု ရှိလို့လား .."

​" အားလုံး အရမ်းကောင်းပါတယ် .."

​ယန်ကျီဝမ်က ဆရာလဲ့ကို လက်မထောင်ပြလိုက်ပြီး...

​" ဆရာလဲ့ လက်ရာက အကောင်းဆုံးပဲ .."

​" ရဲဘော်လေး ကတော့ မြှောက်ပြောနေပြန်ပြီ .."

​ဆရာလဲ့က...

​" ရဲဘော်လေး.. အိမ်သာအတွက် ရေကန်ကို ကိုယ်တိုင် ဝယ်မှာလား.. ဒါမှမဟုတ် ငါပဲ စီစဥ်ပေးရမလား .."

​" အိုး .."

​ယန်ကျီဝမ် အံ့အားသင့်သွားပြီး...

​" ဆရာလဲ့ဆီမှာ အဲ့ပစ္စည်းတွေ ရှိလို့လား.. ဈေးဘယ်လောက် ကျမလဲ .."

​ဤခေတ်တွင် ခေတ်မီ ရေဆွဲအိမ်သာများ မရှိနိုင်သော်လည်း ကြွေပြားကပ်ထားသော ရေကန်တော့ ရှိသင့်သည် ။ သို့ရာတွင် အဆက်အသွယ် ကောင်းကောင်းတော့ လိုအပ်ပေလိမ့်မည် ။

( ဘိုထိုင်မဟုတ်ပေမဲ့ ဘိုထိုင်လိုပဲ ရေဆွဲချလို့ရတဲ့ ရေကန်လေးမျိုး.. )

​ယန်ကျီဝမ်သည် ဤကိစ္စအတွက် ခေါင်းရှုပ်နေခဲ့ရာ ဆရာလဲ့ထံတွင် ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ ။ သို့သော် ဆရာလဲ့က လဲ့ဗိသုကာမိသားစု၏ မျိုးဆက်ဖြစ်၍ ဤအရည်အချင်းမျိုး ရှိနေသည်က အံ့သြစရာတော့ မဟုတ်ပေ ။

All Chapters