← Chapters

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း (၂၅၅) - ကောင်းကင်ဘုံသို့ တက်လှမ်းရန် လမ်းမရှိ (၁)

ထွက်ပြေးရမည်။

လက်ရှိအချိန်တွင် သူတို့သုံးယောက်၏သူလျှိုသရုပ်မှန် ပေါ်လွင်သွားခြင်း မရှိသေးသော်လည်း ထိုလူနှစ်ယောက်က သူတို့ကို လွှတ်ပေးမည်မဟုတ်သည်မှာ သေချာနေပေသည်။

မျက်နှာချင်းဆိုင်မိသည်နှင့် သေသည်အထိ တိုက်ခိုက်ကြတော့မည်သာ ဖြစ်၏။

ချူလျန်သည် လာလမ်းအတိုင်း ပြန်လည်လှည့်ထွက်လာခဲ့သည်။ ခုနကလမ်းအတိုင်း ပြန်ပြေးလာရင်း အတောင်ပံပါမီးမြွေ သုံးကောင်နှင့် တွေ့ဆုံခဲ့သော နေရာသို့ ပြန်လည်ရောက်ရှိလာလေသည်။

ထိုမြေကွက်လပ်တွင် နဂါးမျိုးနွယ်သားရဲပေါက်လေးတစ်ကောင်သာ ကျန်ရစ်ပြီး ပါးစပ်ကို ပလွတ်ပလွတ်မြည်အောင် စားသောက်နေ၏။

ရွှေရောင်အစင်းရာ ဘယ်ရီသီး၏အရသာကို ပြန်လည်ခံစားနေဟန်ရပြီး နောက်ထပ်နှစ်လုံးလောက် ထပ်စားရလျှင် ကောင်းမည်ဟု တွေးတောနေပုံရပေသည်။

ဖွပ်... ဖွပ်...

ရွှေရောင်အစင်းရာ ဘယ်ရီသီးနှစ်လုံးမှာ ကောင်းကင်ထက်မှ ချက်ချင်းကျဆင်းလာကာ သတ္တဝါငယ်လေး၏ခေါင်းပေါ်သို့ ပြုတ်ကျသွားသဖြင့် ၎င်းလေးမှာ ကြောင်အမ်းအမ်းဖြစ်သွားလေတော့သည်။

"မင်းရဲ့ အဖေနဲ့အမေကို သွားခေါ်ပေးစမ်းပါဦး..."

ချူလျန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး လေပွေတစ်ရပ်ကဲ့သို့ အလျင်အမြန် ဖြတ်ပြေးသွားလေ၏။

နဂါးမျိုးနွယ်သားရဲပေါက်လေးမှာ သေချာကြားလိုက်သလား၊ မကြားလိုက်သလား မသိရသော်လည်း ခေတ္တမျှကြောင်အမ်းသွားပြီးနောက် ဘယ်ရီသီးနှစ်လုံးကို ကိုက်ချီကာ တစ်ဖက်သို့ယိမ်းထိုးယိုင်နဲ့စွာဖြင့် ပြေးထွက်သွားလေတော့သည်။

နောက်တစ်စက္ကန့်အကြာတွင် ဆရာမု၏ပုံရိပ်မှာ ထိုနေရာ၌ပင်ပေါ်လာချေပြီ။

သူ့လှုပ်ရှားမှုမှာ အလွန်တရာထူးဆန်းလှပေသည်။ သူ့ခန္ဓာကိုယ်မှာ လှုပ်ရှားသွားခြင်း မရှိသည့်တိုင် သူ့ခြေအောက်ရှိ သိုင်းကွက်ပုံရိပ်ယောင်မှာ အလွန်လျင်မြန်စွာ ပြန့်ကားသွားပြီး မျက်စိတစ်မှိတ်အတွင်း ပေတစ်ရာပတ်လည်အထိ ဖုံးလွှမ်းသွားခြင်းပင်။

ထို့နောက် သူ့ပုံရိပ်မှာ သိုင်းကွက်၏အလယ်ဗဟိုမှနေ၍ သိုင်းကွက်အရှေ့ဆုံးသို့ ရုတ်တရက်ရောက်ရှိသွားကာ တစ်ခဏအတွင်း ပေတစ်ရာကျော်ခန့် ရှေ့သို့ ရောက်ရှိသွားလေသည်။

သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ သိုင်းကွက်မှာ ဆက်လက်ပြန့်ကားသွားပြီး နောက်တစ်စက္ကန့်တွင် ရှေ့သို့ဆက်လက်၍ ရုတ်တရက် ကူးပြောင်းသွားလေတော့သည်။

ထိုကဲ့သို့ လျင်မြန်လှသော အရှိန်အဟုန်ဖြင့် အကြိမ်အနည်းငယ် ရုတ်တရက် ကူးပြောင်းပြီးနောက်တွင် အရှေ့ဘက်ရှိ လူသုံးယောက်၏ ပုံရိပ်ကို ပြန်လည်မြင်တွေ့လိုက်ရပေသည်။

လျိုမိုဂျီမှာလည်း ဆဋ္ဌမအဆင့်တွင်ရှိနေသော်လည်း အရှိန်အဟုန်ပိုင်းတွင် ဆရာမုထက် အနည်းငယ်နောက်ကျနေသည်မှာ သိသာလှ၏။

သို့တိုင်အောင် အများကြီးနောက်ကျကျန်ရစ်ခဲ့ခြင်းမျိုး မဟုတ်ဘဲ အနီရောင်အလင်းတန်းတစ်ခုအဖြစ် အနီးကပ်လိုက်ပါလာခဲ့သည်။

ထိုလူနှစ်ယောက်သည် အချိန်အနည်းငယ်မျှကြာသည်နှင့် ချူလျန်တို့ကို အမီလိုက်နိုင်တော့မည် ဖြစ်သည်။

ထိုစဉ်မှာပင် ကောင်းကင်ကြီးမှာ ရုတ်တရက်မှောင်မိုက်သွားလေ၏။

ဝေါင်း...

ရုတ်တရက်ထွက်ပေါ်လာသော ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ ကောင်းကင်နှင့် နေမင်းကြီးကို ဖုံးကွယ်သွားနိုင်လောက်အောင် ကြီးမားလှသော နဂါးတောင်ပံတစ်စုံမှာ ဖုံးအုပ်ကျဆင်းလာခဲ့သည်။

ကြီးမားလှသော အတောင်ပံပါနဂါးကြီးမှာ ပါးစပ်ကို ဟလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အစွယ်သုံးတန်းကို ထုတ်ဖော်ပြသလိုက်လေသည်။

၎င်းက ဆရာမုကို တစ်ကိုက်တည်းဖြင့်မျိုချပစ်ရန် ရည်ရွယ်ထားပုံရပေသည်။

ရွှီး...

ဆရာမု၏ပုံရိပ်မှာ ထပ်မံ၍လှုပ်ရှားသွားပြီး သိုင်းကွက်၏ အခြားတစ်ထောင့်သို့ ရောက်ရှိသွားကာ ရုတ်တရက်တိုက်ခိုက်မှုကို အေးအေးဆေးဆေးပင် ရှောင်တိမ်းသွားလေ၏။

သူ့မျက်ဝန်းများမှာမူ အေးစက်နေပေသည်။

ဆဋ္ဌမအဆင့်နဂါးမျိုးနွယ်မှာ အခြားသူများ၏ အမြင်တွင် ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်နေသော်လည်း သူ၏အမြင်တွင်မူ ထိုမျှလောက်အထိ ခက်ခဲသောပြိုင်ဘက်မျိုး မဟုတ်ပေ။

ဝေါင်း...

အတောင်ပံပါနဂါးမှာ တိုက်ခိုက်မှုလွဲချော်သွားသဖြင့် ကြီးမားသောတောင်ပံကြီးကို ဝှေ့ယမ်းကာ ထပ်မံ၍ရိုက်ချလိုက်ပြန်သည်။

ဆရာမုက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီး လေဟာပြင်ကို ဆုပ်ကိုင်လိုက်၏။

သိုင်းကွက်ပုံရိပ်ယောင်နှစ်ခုမှာ လေဟာပြင်ထဲမှ ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ တစ်ခုမှာ သူ့အရှေ့တွင် ပေါ်လာပြီး အတောင်ပံပါနဂါးကြီး၏ရိုက်ချက်ကို ကာကွယ်လိုက်ကာ အခြားတစ်ခုမှာမူ အတောင်ပံပါနဂါးကြီးအရှေ့တွင် ပေါ်လာပြီး ကြီးမားသောအင်အားများဖြင့် ၎င်း၏ကိုယ်ပေါ်သို့ ဝင်တိုက်လိုက်လေသည်။

ဘုန်း...

ထိုသိုင်းကွက်ပုံရိပ်ယောင်က အတောင်ပံပါနဂါး၏ ကြီးမားလှသော အင်အားများအားလုံးကို ၎င်း၏ကိုယ်ပေါ်သို့ ပြန်လည်ရောက်ရှိသွားစေခြင်းပင်။

ရန်သူ့အင်အားကို အသုံးပြု၍ ရန်သူ့ကိုပြန်လည်တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

အတောင်ပံပါနဂါးမှာ မိမိအင်အားဖြင့်ပင် ပြန်လည်တိုက်ခိုက်ခံလိုက်ရသဖြင့် ပေပေါင်းဆယ်နှင့်ချီ၍ နောက်ဆုတ်သွားရလေ၏။

ထိုသို့ အနည်းငယ်သာ ရင်ဆိုင်တိုက်ခိုက်ရသေးချိန် မျက်စိတစ်မှိတ်အတွင်းမှာပင် လျိုမိုဂျီ ရောက်ရှိလာခဲ့သည်။

သူမက လက်ညှိုးကိုမြှောက်လိုက်သည်နှင့် ကြက်သွေးရောင်သွေးဓားတစ်လက်မှာ လေဟာပြင်ထဲတွင် ပေါ်လာကာ ထိုအတောင်ပံပါနဂါးဆီသို့ ထိုးစိုက်သွားလေတော့သည်။

သို့သော် ထိုစဉ်မှာပင်သူမခြေထောက်အောက်၌ သတ်ဖြတ်ခြင်းအငွေ့အသက်များ လှုပ်ရှားလာခဲ့၏။

'ချုံခိုတိုက်ခိုက်မှု ရှိနေတာပဲ...'

လျိုမိုဂျီမှာ အလန့်တကြားဖြင့်နောက်ဆုတ်သွားသော်လည်း ရှောင်တိမ်းရန် နောက်ကျသွားခဲ့ကာ အနက်ရောင်နဂါးထွက်သက်တစ်ခုက သူမခန္ဓာကိုယ်တစ်ခြမ်းကို ပွတ်တိုက်သွားလေသည်။

ချီး...။

ထိုနဂါးထွက်သက်ထိမှန်သွားခြင်းကြောင့် သူမခန္ဓာကိုယ်တစ်ခြမ်းနှင့် ခြေလက်များမှာ ချက်ချင်းပင်အရည်ပျော်ကာ သွေးရည်များအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရိုးဖြူများ ပေါ်ထွက်လာတော့သည်။

အမှန်တကယ်တွင် ထိုအတောင်ပံပါနဂါးလင်မယားမှာ နည်းဗျူဟာကို အသုံးပြုနေခြင်းပင်။

တစ်ကောင်က အရှေ့ဘက်မှနေ၍ ရန်သူ့အာရုံကို ဆွဲဆောင်ထားပြီး အခြားတစ်ကောင်ကမူ အသက်ရှူသံကိုဖုံးကွယ်ကာ အနောက်မှလှည့်၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းဖြစ်သည်။

မြေပြင်အနေအထားကို ကျွမ်းကျင်မှုနှင့် ပေါင်းစပ်လိုက်သောအခါ ထိုနည်းဗျူဟာမှာ အမြဲတမ်း အလုပ်ဖြစ်နေတော့၏။

လျိုမိုဂျီက လေပေါ်သို့ပျံတက်သွားသည်။ တစ်ချိန်တည်းမှာပင် ပျက်စီးနေသော ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းများလှုပ်ရှားလာကာ ဒဏ်ရာမှနေ၍ အနီရောင်အလင်းတန်းများက တဖြည်းဖြည်းဖုံးအုပ်လာခဲ့၏။

အလင်းတန်းများ ဖြတ်သန်းသွားသော နေရာများတွင်အသားစများက တဖြည်းဖြည်း ပြည့်နှက်လာပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးပြည့်စုံသောခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။

သို့သော် စုတ်ပြဲသွားသောအဝတ်အစားများကိုမူ ပြန်လည်ပြင်ဆင်၍ မရနိုင်တော့သဖြင့် ဖြူဖွေးအိစက်နေသော လက်တစ်ဖက်နှင့် ခြေတံရှည်တစ်ချောင်းမှာ ပေါ်လွင်နေပြီး ယခင်ကထက်ပင် ပို၍ချောမွတ်နေသကဲ့သို့ ထင်မှတ်ရပေသည်။

အင်မော်တယ်မန္တန်တစ်ခုဖြစ်သည့် သွေးတစ်စက်ဖြင့် ပြန်လည်မွေးဖွားခြင်းပင် ဖြစ်တော့သည်။

ဒဏ္ဍာရီများထဲတွင် သွေးတစ်စက်မျှကျန်ရုံဖြင့် ပြန်လည်မွေးဖွားနိုင်ပြီး သေဆုံးနိုင်ခြင်းမရှိသော ခန္ဓာကိုယ်မျိုးဖြစ်သည်ဟု ဆိုကြသည်။

သူမ၏ လက်ရှိအခြေအနေမှာ ထိုမျှလောက် လုပ်ဆောင်နိုင်ခြင်းမရှိသေးသော်လည်း သွေးများ၏ အစွမ်းထက်လှသောဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ချက်ချင်းပင် ပြီးပြည့်စုံစွာ ပြန်လည်ကောင်းမွန်လာခြင်းက အံ့မခန်းစွမ်းအားကို ပြသလိုက်ခြင်းပင် ဖြစ်လေသည်။

သူမက ဆရာမုဘေးသို့ ရောက်ရှိလာပြီး လေဟာပြင်တွင် ယှဉ်တွဲ၍ရပ်လိုက်၏။

ထိုအတောင်ပံပါနဂါးလင်မယားမှာလည်း အချင်းချင်းပူးပေါင်းသွားကာ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး ရက်စက်ကြမ်းကြုတ်သောအကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

ကြီးမားသောတိုက်ပွဲကြီးတစ်ခုမှာ အချိန်မရွေးစတင်တော့မည့် အနေအထားပင်။

...

ထိုအချိန်တွင် ချူလျန်တို့သုံးယောက်မှာ အခြားလမ်းကြောင်းတစ်ခုမှနေ၍ သစ်တောအုပ်၏နယ်နိမိတ်ထဲမှ လွတ်မြောက်လာခဲ့ကြပြီဖြစ်သည်။

ထိုအတောင်ပံပါနဂါးလင်မယားက မိစ္ဆာဂိုဏ်းမှ လူနှစ်ယောက်ကို အချိန်မည်မျှကြာအောင် ဟန့်တားပေးနိုင်မည်ကိုမသိရသဖြင့် သူတို့၏ ခြေလှမ်းများမှာ အနည်းငယ်မျှပင် ရပ်တန့်ရဲခြင်းမရှိကြချေ။

မိစ္ဆာသားရဲများနှင့် နှိုင်းယှဉ်လျှင် လူသားကျင့်ကြံသူများ၏ တန်ခိုးစွမ်းအင်များနှင့် မှော်ဝင်ပစ္စည်းများမှာ အလွန်များပြားလှပေသည်။

ထိုလူနှစ်ယောက်အနေဖြင့် အတောင်ပံပါနဂါးလင်မယားကို သတ်ဖြတ်နိုင်စွမ်း မရှိလျှင်ပင် ထွက်ပြေးလွတ်မြောက်ရန်မှာ အလွန်အမင်းခက်ခဲမည်မဟုတ်ပေ။

ထို့ကြောင့် သူတို့ ရရှိနိုင်မည့်အချိန်မှာ အများကြီးရှိမည်မဟုတ်ချေ။

သို့သော် သူတို့သုံးယောက် သစ်တောအုပ်ထဲမှထွက်လာပြီး မကြာမီမှာပင် အန္တရာယ်အသစ်တစ်ခုနှင့် ထပ်မံကြုံတွေ့ရပြန်လေသည်။

ကျိ...

လေထဲတွင် ပို၍သွေးဆာနေပြီး အန္တရာယ်ကြီးမားပုံရသော စူးရှသည့် အော်သံအသစ်တစ်ခု ထွက်ပေါ်လာခဲ့၏။

အနီရောင်အလင်းတန်းတစ်ခုမှာ ဘေးဘက်မှနေ၍ လျင်မြန်စွာ ဖြတ်သန်းသွားပြီး ဘုန်းတော်ကြီးပုရှန်ကို ထိခိုက်မိလုနီးပါး ဖြစ်သွားသည်။

ကံကောင်းထောက်မစွာဖြင့် သူက လက်ကြီးကိုဝှေ့ယမ်းလိုက်ရာ ဖြူဖွေးသော အလင်းတန်းဖြင့် ဖန်တီးထားသည့် ဧရာမလက်ဝါးကြီးတစ်စုံက ခြင်တစ်ကောင်ကို ရိုက်ချလိုက်သကဲ့သို့ ဝင်ရောက်တိုက်ခိုက်လာသောရန်သူကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်လေတော့သည်။

မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော မိစ္ဆာသားရဲမှာ ပုံပန်းသဏ္ဍာန် ပျက်ယွင်းသွားသော်လည်း ခန္ဓာကိုယ်တစ်ပြင်လုံးတွင် အကြေးခွံများ ဖုံးလွှမ်းနေသော လင်းနို့တစ်ကောင်ပုံစံမျိုးဖြစ်ကြောင်း ဝေဝါးဝါး မြင်တွေ့ရပေသည်။

အရွယ်အစားမှာမကြီးမားလှဘဲ ကလေးငယ်တစ်ယောက်ခန့်သာ ရှိသော်လည်း မျက်နှာသွင်ပြင်မှာမူ အလွန်ပင်ရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။

"သွေးလင်းနို့နဂါးတွေပဲ... ဒီမိစ္ဆာသားရဲတွေက တစ်ကောင်တည်းဆိုရင် စွမ်းအားမကြီးပေမဲ့ အမြဲတမ်း အုပ်စုလိုက်နေထိုင်တတ်ကြတယ်... တစ်ကောင်ကို တွေ့လိုက်ရပြီဆိုရင် အကောင်တစ်ထောင်၊ တစ်သောင်းလောက် ရှိနေနိုင်တယ်..."

လော့ယောင်က လေပေါ်မှနေ၍ ပြောလိုက်လေသည်။

သူမစကားသံပင် မဆုံးသေးမီ အောက်ဘက်မှနေ၍ သွေးရောင်အလင်းတန်းသုံးခုမှာ လျင်မြန်စွာ ထွက်ပေါ်လာပြီး သူမကို ဝိုင်းဝန်းတိုက်ခိုက်လာကြသည်။

လော့ယောင်က ၏လက်ကိုလှည့်ကာ အဖြူရောင်စက္ကူထီးကိုဖွင့်လိုက်ရာ အဖြူရောင်သရဲပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူမကိုဝိုင်းရံကာကွယ်ပေးလိုက်၏။

ဝင်ရောက်တိုက်ခိုက်လာသော သွေးလင်းနို့နဂါးသုံးကောင်လုံးမှာ ထိုသရဲပုံရိပ်၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။

သူမက စက္ကူထီးနှစ်လက်ကိုအနောက်ဘက်တွင် ချိတ်ဆွဲထားလိုက်ပြီး ညာလက်ဖြင့် ကြီးမားလှသော ဓားကောက်ကြီးကို ဆွဲထုတ်လိုက်လေတော့သည်။

ရွှီး...

အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သွေးလင်းနို့နဂါးသုံးကောင်လုံးကို ခုတ်ပိုင်းချလိုက်ခြင်းပင်။

မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုတွင် သွေးလင်းနို့နဂါး အနည်းငယ်က သူတို့သုံးယောက်ကို ကြီးမားသောထိခိုက်ဒဏ်ရာများ ရရှိစေခဲ့ခြင်း မရှိပုံရပေသည်။

သို့သော် သူတို့အားလုံးမှာ ဝေါခနဲမြည်ဟည်းသွားသော အသံများကို ကြားလိုက်ရပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားမတတ် များပြားလှသော အနီရောင်တိမ်တိုက်ကြီးတစ်ခုမှာ တောင်ခါးပန်းမှနေ၍ ထွက်ပေါ်လာခဲ့သည်။

သွေးလင်းနို့နဂါးအုပ်စုကြီး ရောက်ရှိလာပြီဖြစ်၏။

ချူလျန်သည် နဂါးသွေးလျှို့ဝှက်ပညာရပ်ကို အစွမ်းကုန်အသုံးပြုကာ သူတို့အတွက် သွေးလင်းနို့နဂါးအုပ်စုကြီးကို တားဆီးပေးရန်ကြိုးစားလိုက်သည်။

သို့သော် ဤသွေးလင်းနို့နဂါးများ၏ တစ်ကောင်ချင်းစီ စွမ်းအားနှင့် ဉာဏ်ရည်မှာ အတောင်ပံပါနဂါးကို မမီနိုင်ပေ။

၎င်းတို့က ချူလျန်ကိုမတိုက်ခိုက်ကြဘဲ သူ့ဘေးတွင်ရှိနေသော လူနှစ်ယောက်ကိုမူ သွေးဆာနေသည့် အရှိန်အဟုန်များဖြင့် ဝင်ရောက်တိုက်ခိုက်နေကြဆဲပင်။

"ဒီကောင်တွေကို ကျုပ်တားထားပေးမယ်... ခင်ဗျားတို့အရင်ဆုတ်ခွာကြ..."

ချူလျန်က ချက်ချင်းပင် အော်ပြောလိုက်လေ၏။

သူသည် ဝူချန်ဓားကိုထုတ်ယူကာ ဓားရာထောင်ချီမန္တန်ကို အသုံးပြုလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးထွက်သက်နှင့် တိမ်တိုက်ဖြတ် ဓားရည်ရွယ်ချက်များပါဝင်နေသော အလင်းတန်းရာပေါင်းများစွာ ဖြတ်သန်းသွားပြီး ဓားစွမ်းအင်ခံစစ်စည်းတစ်ခုကို တည်ဆောက်လိုက်လေတော့သည်။

ရွှီး… ရွှီး... ရွှီး...

ဖြတ်သန်းသွားသော သွေးလင်းနို့နဂါးများအားလုံးမှာ သူ့ခုတ်ပိုင်းမှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြပြီး အကောင်များစွာမှာ ခန္ဓာကိုယ်များ ပြတ်တောက်သွားသော်လည်း မသေဆုံးသေးဘဲ ဆက်လက်၍ မလိုက်လံနိုင်တော့ပေ။

သို့တိုင်အောင် ထိုသွေးလင်းနို့နဂါးများမှာ ချူလျန်ကိုတိုက်ခိုက်ရဲခြင်းမရှိဘဲ ရှောင်ကွင်းသွားရန်သာ ကြိုးစားနေကြသည်။

သွေးပင်လယ်ကြီးတစ်ခုက ကျောက်ဆောင်တစ်ခုနှင့် တွေ့ဆုံသွားကာ ဘေးမှနေ၍ ခွဲထွက်စီးဆင်းသွားလိုသည့်အလားပင်။

All Chapters