အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း (၁၅၈)
ခြားနားချက်
ပြည်နယ်ဘုရင်ခံအိမ်တော်အတွင်းရှိ လေ့ကျင့်ရေးကွင်းပြင်၌ ဝမ်ကျင်းသည် ထက်မြက်သောဓားတစ်လက်ကို ကိုင်စွဲကာ သိုင်းကွက်များကို လေ့ကျင့်နေခဲ့သည်။ သူသည် လက်ရှိတွင် သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ၎င်းကို မည်သို့အသုံးချရမည်ကိုမူ မသိသေးချေ။ နောင်အနာဂတ် သွေးဖြင့် ယဇ်ပူဇော်ခြင်းများမှ ရရှိလာမည့် တဖြည်းဖြည်း အားကောင်းလာမည့်အခြေအနေအတွက် ဝမ်ကျင်းသည် သိုင်းပညာကို အချိန်ရတိုင်း လေ့ကျင့်တတ်သည်။
လေ့ကျင့်ရေးကွင်းပြင်ကို ဝန်းရံထားသော တော်ဝင်ကိုယ်ရံတော်များထဲမှ အချို့ကို တစ်ခါတစ်ရံတွင် ရှေ့သို့တက်လှမ်းကာ ဝမ်ကျင်းနှင့် လက်ရည်စမ်းရန် ရွေးချယ်တတ်သည်။
တစ်ဖက်တွင်မူ ကုရန်သည် လက်ပိုက်ရပ်လျက် ဘေးနားရှိ ကျိုးကျန်းနှင့် စကားစမြည် ပြောဆိုနေခဲ့သည်။
“အကိုကြီးကျန်း... ဒါဆို အခုအချိန်ထိ အစီအစဉ်က အရမ်းချောမွေ့နေတုန်းပဲပေါ့”
ကျိုးကျန်းသည် ဓားသိုင်းလေ့ကျင့်နေသော ဝမ်ကျင်းကို ကြည့်ကာ လှည့်မကြည့်ဘဲ အသာအယာသာ ခေါင်းညိတ်လိုက်သည်။
“အားလုံး ထိန်းချုပ်မှုအောက်မှာပဲ”
“ဒါဆို ကောင်းတာပေါ့။ မကြာသေးခင်က သခင်ကြီးက ဒီကိစ္စကို ခဏခဏ ပြောနေတာ၊ ကျွန်တော်တို့ ရာက္ခသဂိုဏ်း အဖွဲ့ဝင်ဟောင်းတွေလည်း သခင်ကြီးရဲ့ ကွန်ရက် အဖွဲ့ထဲမှာ အရေအတွက် တိုးပွားလာတဲ့ တော်ဝင်ကိုယ်ရံတော်တွေရဲ့ အရိပ်အောက် ရောက်မသွားအောင် အောင်မြင်မှုတွေ ပိုပြီး ထူထောင်ဖို့ လိုအပ်တယ်”
“ဟင်...”
ထိုစကားကို ကြားသောအခါ ကျိုးကျန်းသည် မျက်မှောင်ကြုတ်သွားပြီး ကုရန်ကို လှည့်ကြည့်လိုက်သည်။
“အာရန်... နောင်ကို မင်းမှာ ပြိုင်ဆိုင်လိုတဲ့ စိတ် လုံးဝမရှိစေနဲ့တော့။ သခင်ကြီးရဲ့ လက်အောက်မှာ ကွန်ရက်အဖွဲ့ပဲ ရှိတယ်၊ ရာက္ခသဂိုဏ်းနဲ့ တော်ဝင်ကိုယ်ရံတော်ဆိုပြီး ခွဲခြားထားတာ မရှိဘူး”
ကျိုးကျန်း၏ လေသံမှာ တည်ကြည်လေးနက်နေသည်။ သူသည် သူ၏ညီငယ်ကို အလွန် ကောင်းစွာ နားလည်ထားသည်။ သူသည် သန်းပေါင်းများစွာတွင် တစ်ယောက်သာ ပေါ်ထွက်တတ်သည့် ကိုယ်ခံပညာ ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း လူတို့၏ စိတ်သဘောထားကို ဖတ်ရမည့်နေရာတွင်မူ မကျွမ်းကျင်ချေ။ သခင်ကြီးသည် ရာက္ခသဂိုဏ်းနှင့် တော်ဝင်ကိုယ်ရံတော်များကို ကွန်ရက်အဖွဲ့အတွင်းသို့ တကူးတက ပေါင်းစည်းလိုက်ခြင်းမှာ နှစ်ဖက်စလုံး၏ မူလအမှတ်အသားများကို ဖျောက်ဖျက်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန်အတွက် မဟုတ်ပါလားဟူ၍ သူ မတွေးမိခဲ့ချေ။
အကယ်၍ သူတို့သည် နေ့စဉ်ရက်ဆက် ‘မင်းနဲ့ငါ’ ဟု ဆက်လက်ခွဲခြားနေမည်ဆိုပါက သခင်ကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေမည်မှာ အသေအချာပင်ဖြစ်သည်။ အထူးသဖြင့် ကုရန်အနေဖြင့် ထိုကဲ့သို့သော အတွေးမျိုးကို လုံးဝ မပြသသင့်ချေ။ ရာက္ခသဂိုဏ်းချုပ်၏ သားဖြစ်သည့်အားလျော်စွာ သူ၏ နှုတ်ထွက်စကားနှင့် အပြုအမူတိုင်းသည် အခြားသော ရာက္ခသဂိုဏ်းဝင်များအပေါ် သက်ရောက်မှုရှိနေသည်။
ကုရန်သည် ကျိုးကျန်း၏ တည်ကြည်သော မျက်နှာထားကို ကြည့်လိုက်သည်။ သူ၏ ဦးနှောက်က လုံးဝ သဘောမပေါက်သေးသော်လည်း သူသည် ငြင်းခုံခြင်းမပြုဘဲ စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ ကျိုးကျန်းသည် မိမိကို နစ်နာအောင် လုပ်မည်မဟုတ်ကြောင်း သူသိထားပြီး သူကိုယ်တိုင်ကလည်း ကျိုးကျန်းလောက် မထက်မြက်ချေ။ ထို့ကြောင့် လုံးဝ နားမလည်နိုင်သေးသော်လည်း သူသည် နာခံရန်သာ ရွေးချယ်လိုက်သည်။
လက်ရှိတွင် ဓားသိုင်းလေ့ကျင့်နေသော ဝမ်ကျင်းသာ ဤဂိုဏ်းတူညီအကိုနှစ်ဦး၏ စကားဝိုင်းကို သိရှိသွားပါက အော်ဟစ်ရယ်မောမိပေလိမ့်မည်။
သူသည် အမှန်တကယ်တွင် ထိုမျှအထိ မတွေးတောခဲ့ချေ။ တော်ဝင်ကိုယ်ရံတော်များဟူသည် ကွန်ရက်အဖွဲ့ကို တည်ထောင်ပြီးနောက်မှ ဖန်တီးခဲ့သော ပုံစံတူများသာ ဖြစ်ပြီး အတိတ်တွင် ထိုကဲ့သို့သော အဖွဲ့အစည်းမျိုး မရှိခဲ့ဖူးချေ။ ၎င်းမှာ ကျိုးကျန်းတို့ တွေးထင်ထားသည်နှင့် လုံးဝ ခြားနားနေသည်။
ဝမ်ကျင်းသည် မိမိ၏ ခွန်အားများ တဖြည်းဖြည်း ကုန်ခမ်းလာသည်ကို ခံစားမိသောအခါ လက်ထဲမှ ဓားကို မိမိနှင့် လက်ရည်စမ်းနေသည့် တော်ဝင်ကိုယ်ရံတော်ထံသို့ လွှင့်ပစ်လိုက်သည်။
“မင်းအတွက်ပဲ”
တော်ဝင်ကိုယ်ရံတော်သည် ဓားကို ဖမ်းယူလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ဝမ်းသာပီတိများ လျှံထွက်လာသည်။
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
ထို့နောက် သူသည် ပတ်ဝန်းကျင်ရှိ လူများ၏ မနာလို အားကျသော အကြည့်များကြားမှ နောက်သို့ ဆုတ်ခွာသွားခဲ့သည်။
ဤဆင့်ခေါ်ထားသော တော်ဝင်ကိုယ်ရံတော်များသည်လည်း လူသားများသာ ဖြစ်ကြပြီး စားသောက်ရန်၊ ရှင်သန်ရန်နှင့် အပန်းဖြေရန် လိုအပ်သည့်အပြင် နောင်အနာဂတ်တွင်လည်း အိမ်ထောင်ပြုကာ သားသမီးများ ရရှိကြမည်ဖြစ်သည်။ ဝမ်ကျင်းအပေါ် သူတို့၏ သစ္စာရှိမှုမှာ အကြွင်းမဲ့ သတ်မှတ်ထားခြင်း ခံရသော်လည်း သူတို့ကိုယ်တိုင်၌မူ ခံစားချက်နှင့် အလိုဆန္ဒများ ရှိကြပေသည်။
ဝမ်ကျင်း အသုံးပြုသော ဓားသည် အသုံးပြုထားသည့် ကုန်ကြမ်းနှင့် လက်ရာပိုင်း နှစ်ခုစလုံးတွင် အလွန် ကောင်းမွန်လှသဖြင့် အလွန် တန်ဖိုးကြီးမားသည်။ ထို့အပြင် ၎င်း၏တန်ဖိုးကို ထည့်မတွက်လျှင်ပင် ဝမ်ကျင်းကိုယ်တိုင် ဆုလာဘ်အဖြစ် ပေးသနားသော ဓားတစ်လက်မှာ ရှားပါးလှသော ဂုဏ်ဒြပ်တစ်ခု ဖြစ်ပေသည်။
ဝမ်ကျင်းသည် ဟန်ဆောင်မှု ကင်းမဲ့စွာဖြင့် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် ကုရန်နှင့် သူ၏အကိုကြီးထံသို့ လက်လှမ်းပြလိုက်သည်။
ထိုသူနှစ်ဦးသည် အချက်ပြမှုကို မြင်သောအခါ လျှောက်လှမ်းလာကြသည်။ သူတို့သည် တစ်ချိန်တည်းတွင် ရောက်ရှိလာသော်လည်း ကုရန်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး ကျိုးကျန်းကမူ အနည်းငယ် ကပျာကယာ ခြေလှမ်းအပြေးဖြင့် လာခဲ့သည်။
မိမိဘေးနားသို့ ရောက်ရှိလာသော သူနှစ်ဦးကို ကြည့်ကာ ဝမ်ကျင်းသည် လက်ညှိုးထိုးလျက် ကျိုးကျန်းကို ကြည့်ကာ ပြုံးလျက် ခေါင်းခါလိုက်သည်။
“မင်းကတော့လေ... ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး”
ကျိုးကျန်း ကမ်းပေးသော မျက်နှာသုတ်ပုဝါကို ယူကာ ဝမ်ကျင်းသည် နဖူးပြင်မှ ချွေးစက်များကို သုတ်လိုက်ရင်း မေးမြန်းလိုက်သည်။
“စွန်းစုက အစီအစဉ်အတိုင်း လှုပ်ရှားရဲ့လား”
“သတင်းပို့ပါတယ် သခင်ကြီး... ငါးစာကို အစီအစဉ်အတိုင်း ချထားပြီးပါပြီ”
ထိုစကားကို ကြားသောအခါ ဝမ်ကျင်းသည် ခေတ္တမျှ စဉ်းစားတွေးတောလိုက်သည်။
“စွန်းမိသားစုဝင်တွေ စိတ်ပြောင်းသွားတာမျိုး မဖြစ်ရအောင် သူတို့ရဲ့ လှုပ်ရှားမှုနဲ့ အပြုအမူတွေကို အနီးကပ် စောင့်ကြည့်ဖို့ လူအင်အား ပိုလွှတ်လိုက်”
“အမိန့်အတိုင်းပါ သခင်ကြီး”
“သွားတော့”
ကျိုးကျန်းသည် လျင်မြန်ဖြတ်လတ်စွာဖြင့် လှည့်ထွက်သွားခဲ့သည်။
ကျိုးကျန်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဝမ်ကျင်း၏ အကြည့်များမှာ အေးစက်နေခဲ့သည်။
‘စွန်းမိသားစုရဲ့ စွန်းစုကတော့ အမှန်တကယ်ပဲ အမြော်အမြင်ရှိပြီး ပြတ်သားမှုရှိတာပဲ၊ အကယ်၍ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ရင် ငါ့အနေနဲ့ ဆုလာဘ်တွေ ပေးဖို့ ဝန်တိုမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဆင်မပြေခဲ့ရင်တော့... ဟဲဟဲ... အထာမနပ်တဲ့ ခွေးတစ်ကောင်က ဘာအသုံးဝင်မှာလဲ။’
ဝမ်ကျင်းသည် ခွန်အားအချို့ ပြန်လည်ရရှိလာသောအခါ မတ်တတ်ရပ်ကာ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး ချွေးစိုနေသော ခန္ဓာကိုယ်ကို ဆေးကြောရန်အတွက် အသစ်တည်ဆောက်ထားသော ရေချိုးဆောင်ထံသို့ လျှောက်လှမ်းသွားခဲ့သည်။
သူသည် အသင့်စောင့်ဆိုင်းနေသော အစေခံမိန်းကလေးနှစ်ဦး၏ ချစ်စဖွယ် မျက်နှာလေးများကို အသာအယာ ဆိတ်လိုက်ပြီးနောက် တံခါးပြင်ပတွင် စောင့်ဆိုင်းနေသော ကုရန်ကို ညွှန်ကြားလိုက်သည်။
“ဟို စွန်းကျဲကို သွားခေါ်လိုက်”
“အမိန့်အတိုင်းပါ”
နွေးထွေးသော ရေကန်ထဲတွင် လဲလျောင်းနေရင်း ဝမ်ကျင်း၏ မျက်နှာတွင် ဇိမ်ခံနေသော အမူအရာ ပေါ်လွင်နေသည်။ ရေကန်ထဲတွင် စိမ်ထားသော ကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေသည့် ဆေးဘက်ဝင်အပင်များသည်လည်း မြင့်မားသောအပူချိန်အောက်တွင် ၎င်းတို့၏ အာနိသင်ကို ပြသကာ သူ၏ ခန္ဓာကိုယ်ကို အညောင်းအညာ ပြေပျောက်သွားစေသည်။
မကြာမီတွင် နွေးထွေးနူးညံ့သော လက်တစ်စုံသည် ဝမ်ကျင်း၏ ကျောပြင်ကို ထိတွေ့လာပြီး စတင် နှိပ်နယ်ပေးခဲ့သည်။ ထိုအသာအယာ ဖိနှိပ်မှုမှာ နှိပ်နယ်ပေးခြင်းထက် ဆွဲဆောင်နေခြင်းနှင့် ပိုတူသည်။
ဝမ်ကျင်းသည် နောက်သို့ လှမ်းကိုင်လိုက်ပြီး သူ့နောက်ကွယ်မှ အမျိုးသမီးကို ရေကန်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်လိုက်သည်။ သူတမင် ဝတ်ဆင်ထားသော အဝတ်အစားများသည် ရေကန်ထဲတွင် လုံးဝ စိုရွှဲသွားပြီး ပါးလွှာသော ပိတ်စသည် သူမ၏ သွယ်လျလှပသော ခန္ဓာကိုယ်ကောက်ကြောင်းများပေါ်တွင် ကပ်ညှိလျက် မြှူဆွယ်မှုကို ဖြစ်ပေါ်စေသည်။
ဝမ်ကျင်း၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ခြင်း ခံထားရသော စွန်းကျဲသည် ဝမ်ကျင်းကို မြတ်နိုးဖွယ် အကြည့်တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ ဦးခေါင်းကို အနည်းငယ် စောင်းကာ မျက်လုံးများကို မှိတ်လိုက်ရာ ၎င်းမှာ ခန္ဓာကိုယ်ကို ပေးအပ်ရန် အသင့်ဖြစ်နေသည့်အလား ထင်မှတ်ရသည်။
ဤကဲ့သို့ လှပသော မြင်ကွင်းကို ရင်ဆိုင်ရသောအခါ ဝမ်ကျင်းသည် ဖြည်းညှင်းစွာ လက်လှမ်းကာ စွန်းကျဲ၏ အဝတ်အစား ကြယ်သီးများကို ဖြုတ်လိုက်သည်။
“ကျဲအာ... မင်းရဲ့ဖခင်က မင်းကို ငါ့ဆီ အလုပ်အကျွေးပြုဖို့ ပြည်နယ်ဘုရင်ခံအိမ်တော်ကို စေလွှတ်လိုက်တာ စိတ်ထဲမှာ မကျေနပ်မှုတွေ ရှိလား။ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် တခြားမိသားစုတစ်ခုခုကို လက်ထပ်ရင်တောင်မှ တရားဝင် ဇနီးကြီး ဖြစ်နိုင်တာပဲ”
စွန်းကျဲသည် ဝမ်ကျင်း၏ မေးခွန်းကို ကြားသောအခါ မျက်လုံးများကို ဖွင့်လိုက်ပြီး ဝမ်ကျင်း၏ စွဲမက်ဖွယ်ကောင်းသော မက်မွန်ပွင့်မျက်ဝန်းများကို ကြည့်ကာ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“သခင်ကြီးနဲ့ မတွေ့ဆုံခင်ကတော့ မကျေနပ်ချက်တွေ ရှိခဲ့တာ အမှန်ပါပဲ၊ ဒါပေမဲ့ သခင်ကြီးနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ အားလုံး ကွယ်ပျောက်သွားပါပြီ”
“ဟမ်... မင်းရဲ့ ချယ်ရီသီးလို နီမြန်းတဲ့ နှုတ်ခမ်းလေးတွေက လူကို ချော့မြူတဲ့နေရာမှာ တကယ်ကို တော်တာပဲ”
ထိုသို့ ပြောရင်း သူသည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ စွန်းကျဲ၏ နီမြန်းသော ချယ်ရီနှုတ်ခမ်းလွှာကို အသာအယာ ပွတ်သပ်ပေးလိုက်မိသည်။
စွန်းကျဲသည် ညှို့ဓာတ်ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဝမ်ကျင်း၏ လက်ညှိုးကို ညင်သာစွာ လျက်လိုက်သည်... ဝမ်ကျင်းသည် စိတ်ရမ္မက်များ ထကြွလာသဖြင့် စွန်းကျဲကို ပင့်မြှောက်လိုက်ပြီး ရေပြင်ထက်တွင် နွေဦးသီချင်းတစ်ပုဒ်ကို စတင်သီဆိုလိုက်တော့သည်။
အတန်ကြာပြီးနောက်... ကာမစိတ်ရမ္မက်များ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး လှုပ်ရှားနေသော ရေကန်သည်လည်း ဖြည်းညှင်းစွာ တည်ငြိမ်သွားခဲ့သည်။
စွန်းကျဲသည် ဝမ်ကျင်း၏ ခန္ဓာကိုယ်ပေါ်တွင် ပျော့ခွေစွာ မှီတွဲနေပြီး သူမ၏ ဖြူဝင်းနူးညံ့သော အသားအရေပေါ်တွင် ဆိတ်ဆွဲခြင်း၊ ကိုက်ခဲခြင်းနှင့် စုပ်ယူခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော အမှတ်အသားများဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း ဝမ်ကျင်း၏ မျက်ဝန်းများမှာ ယခုအခါ ကြည်လင်နေပြီဖြစ်သည်။ စိတ်ဆန္ဒများ ပြီးမြောက်သွားပြီးနောက် ဖြစ်ပေါ်လာသော ကြည်လင်မှုကြောင့် အလှအပအပေါ် သူ၏ ခုခံနိုင်စွမ်းမှာ ကာမဂုဏ်ကင်းမဲ့သော ဗုဒ္ဓတစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။
“အာရန်...”
ဝမ်ကျင်းက အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်ရာ တံခါးပြင်ပရှိ ကုရန်သည် ကြားသည်နှင့် ချဉ်းကပ်လာခဲ့သည်။
“သခင်ကြီး... ကျွန်တော် ဒီမှာပါ”
“စာကြည့်ဆောင်ထဲက ပေးစာတွေကို သွားယူပြီး ငါ့ကို ဖတ်ပြစမ်း”
“အမိန့်အတိုင်းပါ”
မကြာမီတွင် ကုရန်သည် ပေးစာအချို့ကို ကိုင်ဆောင်ကာ တံခါးပြင်ပတွင် ပေါ်လာပြီး ၎င်းတို့၏ အကြောင်းအရာများကို အသံကျယ်ကျယ်ဖြင့် စတင်ဖတ်ကြားခဲ့သည်။
ဝမ်ကျင်းသည် မိမိပေါ်တွင် လိမ္မာယဉ်ကျေးစွာ လဲလျောင်းနေသော စွန်းကျဲကို ပွတ်သပ်ပေးရင်း ကုရန် ဖတ်ပြနေသည့် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ ပါဝင်ပုံရသော အရေးကြီးသော လျှို့ဝှက်သတင်းအချက်အလက်များကို နားထောင်နေခဲ့သည်။ သို့သော်လည်း သူ၏ မျက်ဝန်းများထဲတွင် နူးညံ့ပျော့ပျောင်းမှု အရိပ်အယောင် လုံးဝ မရှိတော့ချေ။
ဤအရာများသည် စွန်းစုထံသို့ သတင်းအချက်အလက်များ ရောက်ရှိမရှိကို စမ်းသပ်ရန်အတွက် ဝမ်ကျင်းမှ စွန်းကျဲကို တမင်တကာ ချပြထားသော သတင်းမှားများသာ ဖြစ်ကြသည်။
အကယ်၍ သူ သတင်းရရှိသွားပါက စွန်းစု၏ ရည်ရွယ်ချက်မှာ မရိုးသားကြောင်း သက်သေပြမည်ဖြစ်ပြီး ထိုအခါတွင် စွန်းမိသားစု တည်ရှိနေရန် မလိုအပ်တော့သကဲ့သို့ သူ၏ ရင်ခွင်ထဲမှ အလှပဂေးလေးသည်လည်း သေဆုံးပျက်စီးရပေလိမ့်မည်။ အကယ်၍ သူ သတင်းမရရှိခဲ့ပါကမူ စွန်းစုသည် သမီးဖြစ်သူကို စေလွှတ်ခြင်းမှာ သစ္စာခံခြင်းနှင့် အညံ့ခံခြင်း၏ ပြသမှုသက်သက်သာ ဖြစ်ကြောင်း သက်သေပြမည်ဖြစ်ပြီး ထိုအခါတွင် ဝမ်ကျင်းသည် စွန်းစုကို အရေးကြီးသော တာဝန်တစ်ခု အပ်နှင်းပေလိမ့်မည်။
ပေးစာအချို့ကို ဖတ်ကြားပြီးနောက် ဝမ်ကျင်းသည် စွန်းကျဲကို ပွေ့ချီကာ ရေချိုးကန်ထဲမှ ထွက်လာခဲ့ပြီး ညင်သာစွာ ပြောလိုက်သည်။
“မင်း ဗိုက်ဆာနေရောပေါ့... ငါနဲ့အတူ တစ်ခုခု သွားစားရအောင်။ နေ့ခင်းက ကုရန်က ရေကန်ထဲကနေ ဆူဖြိုးတဲ့ ငါးကြီးတစ်ကောင် ဖမ်းမိထားတယ်၊ ညဉ့်နက်စာ စားဖို့ အတော်ပဲ”
“ဟုတ်ကဲ့ပါ”