← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း။ ၂၂၈

သို့သော်လည်း ဤအားသာချက်နှစ်ခုတည်းနှင့်တင် ၎င်းမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။

လျှူကွမ်း၏ ရွှေခန္ဓာဂူမှာ အမှန်တကယ်ပင် ကောင်းစွာ သွေးရည်သောက်ထားပုံပင်။

၎င်းသည် ကုယွမ်၏ ငွေနဂါးဓားမှ ထွက်ပေါ်လာသော ဓားအလင်းကို အံ့ဩဖွယ်ရာ ကြံ့ကြံ့ခံရင်ဆိုင်နိုင်သဖြင့် ပြင်းထန်သော အားပြိုင်မှုတစ်ခု ဖြစ်ပွားနေသည်။

ကုယွမ်က လက်ချောင်းများကို ဓားမန္တန်အမှတ်အသားအဖြစ် စုစည်းလိုက်ပြီး တည်ကြည်စွာ အမိန့်ပေးလိုက်သည်။

“ငါ့အတွက် ခွဲထွက်စမ်း”

သူ့စကားသံ အဆုံး၌ ငွေရောင်ဓားအလင်းမှာ တစ်ခုမှနှစ်ခု၊ နှစ်ခုမှလေးခု၊ လေးခုမှရှစ်ခုနှင့် ရှစ်ခုမှသည် ဆယ့်ခြောက်ခုအထိ တစ်ခဏချင်း ကွဲထွက်သွားတော့သည်။

ထိုဓားအလင်းတန်းများမှာ အားနည်းသွားမည့် အရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ လွန်စွာ ထက်မြက်လှပြီး အချင်းချင်း စည်းချက်ညီစွာ ပူးပေါင်းလျက် ရွှေခန္ဓာဂူကို အလယ်တွင် ပိတ်လှောင်ထားလိုက်ကြသည်။

“ဓားအလင်း ခွဲထွက်ခြင်း အတတ်ပညာလား”

တစ်စုံတစ်ယောက်က အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သဖြင့် လူအများအပြားမှာ မျက်နှာအမူအရာ ပျက်သွားကြသည်။ ရှန်ယွီမင်နှင့် ကျိချန်ဟိုင်တို့ပင်လျှင် ကုယွမ်ကို ပိုမို၍ အလေးအနက်ထားကာ ဂရုစိုက်လာရသည်။

ဓားအလင်း ခွဲထွက်ခြင်းဟူသည် ဓားသိုင်းအတတ်ပညာ၏ အဆင့်မြင့်နယ်ပယ်တစ်ခု ဖြစ်ရာ ဤမျှလောက်သော အဆင့်သို့ ရောက်ရှိနေခြင်းက ကုယွမ်၏ ဓားသိုင်းပါရမီ ထူးချွန်ပြောင်မြောက်လှကြောင်း သက်သေပြနေသည်။

သူသည် ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံခြင်းအဆင့်မျှဖြင့် ရွှေအမြုတေနယ်ပယ် မိစ္ဆာကျင့်ကြံသူတစ်ဦးကို ဘာလို့ သတ်ဖြတ်နိုင်ခဲ့တာလဲဆိုသည်မှာ ယခုတော့ မဆန်းတော့ပေ။။

ကျိချန်ဟိုင်သည် ယခင်က ကုယွမ်ကို အဖော်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ တကယ့်ကို မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း တွေးမိလိုက်သည်။

ဖန်ရှောက်ကျဲမှာမူ အတော်လေး အံ့ဩသွားရသည်။ မည်သို့ပင်ဆိုစေ သူသည် ကုယွမ်ထက် အသက် ဆယ်နှစ်ခန့် ပိုကြီးပြီး ဆေးဘုရင်တောင်တန်းသို့လည်း ကုယွမ်ထက် အနှစ်နှစ်ဆယ်

ခန့် စောစီးစွာ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ သူက ဂျူနီယာညီလေး ကုယွမ်ထက် သာလွန်နိုင်သောအရာမှာ ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းသာ ရှိတော့ကြောင်း သိရှိလိုက်ရသည်။

အကယ်၍ ငါ တို့နှစ်ယောက်သာ တကယ်ပဲ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ကြမယ်ဆိုရင် ကုယွမ်ရဲ့ ဆန်းပြားထက်မြက်လွန်းတဲ့ ဓားသိုင်းအောက်မှာ ငါ တကယ်ကော အနိုင်ရပါဦးမလား...

လူတိုင်း စိတ်ထဲတွင် အတွေးကိုယ်စီဖြင့် လှုပ်ရှားနေကြသော်လည်း တိုက်ပွဲကွင်းပြင်အတွင်း၌မူ ကုယွမ်သည် ဓားအလင်းတန်းများကို ထိန်းချုပ်ကာ မောင်းနှင်လျက် ရိုးရှင်းသော ဓားအစီအရင်တစ်ခုကို ဖော်ဆောင်နေခဲ့ပြီ ဖြစ်သည်။

ဓားအလင်းများမှာ အချင်းချင်း စည်းချက်ညီစွာ လှုပ်ရှားနေပြီး စွမ်းအင်များ ဆက်နွှယ်နေသဖြင့် ၎င်းတို့၏ စွမ်းရည်မှာ အဆပေါင်းများစွာ မြင့်တက်သွားသည်။

ကြီးမားလှသော ဖိအားများကြောင့် ရွှေခန္ဓာဂူ၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်။

ချလွင် ချလွင် ချလွင် ချလွင်

ဓားအလင်းများက အဆက်မပြတ် တရစပ် ခုတ်ပိုင်းချလိုက်ရာ ရွှေခန္ဓာဂူကို ထပ်ခါတလဲလဲ ထိမှန်သွားပြီး ကြားရသူများ၏ သွားများကို ကျိန်းစပ်သွားစေလောက်သော သတ္တုသံများ ထွက်ပေါ်လာသည်။

ရွှေခန္ဓာဂူမှာ အလွန်အမင်း မာကျောလှသည်မှာ မှန်သော်လည်း ဤကဲ့သို့ တရစပ် အခုတ်ခံရချိန်တွင်မူ ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ၎င်း၏ တောက်ပလှသော ရွှေရောင်ခန္ဓာကိုယ်မှာ လျင်မြန်စွာ မှေးမှိန်သွားကာ မျက်နှာပြင်ပေါ်တွင်လည်း ဓားရာများ ထင်ကျန်လာတော့သည်။

လျှူကွမ်းသည်လည်း ဒီအတိုင်း ထိုင်ကြည့်မနေနိုင်တော့ချေ။

သူသည် ခါးဘေးမှ ဝိညာဉ်သားရဲအိတ်ကို အမြန်ဖြုတ်ယူကာ ကြိုးကို လျှော့ချလိုက်ရာ ၎င်း၏ အတွင်းပိုင်းမှ ထူထပ်လှသော ဝူးဝူးဝါးဝါး မြည်ဟီးသံများ ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက် နီရဲသော မြူခိုးတိမ်တိုက်ကြီးတစ်ခုအလား သွေးခြင်ကောင်အုပ်ကြီးတစ်အုပ်မှာ အပြင်သို့ အုံလိုက်ကျင်းလိုက် တိုးဝှေ့၍ ထွက်ပေါ်လာခဲ့သည်။

ဤသွေးခြင်ကောင်များမှာ သေးငယ်လှပြီး တစ်ကိုယ်လုံး သွေးကဲ့သို့ နီရဲနေကာ လွန်စွာ လျင်မြန်လှသည့်အပြင် ၎င်းတို့၏ မြည်ဟီးသံမှာ စိတ်အနှောင့်အယှက် ဖြစ်စေသဖြင့် စိတ်

အာရုံကို တည်ငြိမ်အောင် ထိန်းချုပ်ရန် ခက်ခဲသည်။

၎င်းတို့ အပြင်သို့ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကုယွမ်ရှိရာဘက်သို့ အုံလိုက်ကျင်းလိုက် ပျံသန်းသွားကြတော့သည်။

အနီးသို့ပင် မချဉ်းကပ်ရသေးမီမှာပင် သွေးဆာနေပြီး ရူးသွပ်လှသော သတ်ဖြတ်ခြင်းဆန္ဒများ လေထုထဲတွင် ပျံ့နှံ့သွားရာ အသက်နှင့်သေခြင်းစင်မြင့်ပြင်ပမှ ကြည့်ရှုနေကြသူများစွာကိုပင် သက်ရောက်မှုရှိစေကာ သူတို့၏ မျက်နှာများကို ဖြူဖျော့သွားစေခဲ့သည်။

“သွေးဆာမိစ္ဆာခြင်ကောင်တွေလား”

ကုယွမ်၏ မျက်ဝန်းအစုံ ကျဉ်းမြောင်းသွားခဲ့ပြီး ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုအတွက် ကြိုတင်ပြင်ဆင်လိုက်တော့သည်။

ဤသွေးဆာမိစ္ဆာခြင်ကောင်များဟူသည် ကျင့်ကြံခြင်းလောကတွင် အတွေ့ရများသော်လည်း ကြောက်မက်ဖွယ်ကောင်းလှသော ပိုးကောင်အမျိုးအစား ဖြစ်သည်။

၎င်းတို့ကို အတွေ့ရများသဖြင့် သာမန်ဟု သတ်မှတ်နိုင်သော်လည်း အကယ်၍ ၎င်းတို့၏ အရေအတွက်မှာ နည်းပါးပြီး ကြိုတင်ပြင်ဆင်မှုများ ရှိထားမည်ဆိုပါက သာမန်ကျင့်ကြံသူများပင် ကိုင်တွယ်နိုင်သည်။

သို့သော် ၎င်းတို့ ကြောက်မက်ဖွယ်ကောင်းရခြင်းမှာ သက်ရှိသတ္တဝါများ၏ သွေးအပေါ်တွင် အဆုံးမရှိ မက်မောတွယ်တာတတ်ခြင်းကြောင့်ပင်။

စပါးစေ့ခန့်သာရှိသော သွေးဆာမိစ္ဆာခြင်ကောင်တစ်ကောင်သည် သာမန်လူတစ်ယောက်၏ သွေးအားလုံးကို ခမ်းခြောက်အောင် စုပ်ယူနိုင်စွမ်းရှိပြီး သွေးစုပ်ပြီးပါက လူဦးခေါင်းခန့်အထိ ကြီးထွားသွားနိုင်သည်။

ဤမျှလောက်သာ ဆိုလျှင်မူ ၎င်းတို့သည် သာမန်ကျင့်ကြံသူများကိုသာ ခြိမ်းခြောက်နိုင်စွမ်းရှိသဖြင့် အလွန်အမင်း ကြောက်စရာမလိုပေ။။

သို့သော်ငြားလည်း ဤသွေးဆာမိစ္ဆာခြင်ကောင်များသည် အမြဲတမ်း အုပ်စုလိုက် သောင်းနဲ့ချီ၊ သိန်းနဲ့ချီ၍ ရွေ့လျားတတ်ကြခြင်းပင်။

၎င်းတို့၏ အရေအတွက်မှာ အတိုင်းအဆမရှိ များပြားလာချိန်၌မူ ကြောက်မက်ဖွယ်ကောင်းသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတတ်ပြီး သဘာဝအလျောက်ပင် သွေးဝိညာဉ်မိုးကြိုးဟူသော နတ်ဘုရားအတတ်ပညာကို တတ်မြောက်သွားကြကာ ခန္ဓာကိုယ်ကာကွယ်ရေးအတားအဆီးများကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့်အပြင် ဝိညာဉ်လက်နက်များကိုလည်း ညစ်ညမ်းစေနိုင်သည်။

သွေးဆာမိစ္ဆာခြင်ကောင် အရေအတွက် ပိုမိုများပြားလေလေ သွေးဝိညာဉ်နတ်ဆိုးမိုးကြိုး၏ စွမ်းရည်က ပိုမိုပြင်းထန်လေလေ ဖြစ်သည်။

အကယ်၍ သူတို့၏ အရေအတွက်မှာ တစ်သိန်းကျော်အထိ ရှိနေမည်ဆိုပါက ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူကြီးများပင်လျှင် ထိုစွမ်းအားကို တိုက်ရိုက်မရင်ဆိုင်ရဲဘဲ ရှောင်တိမ်းကြရပေလိမ့်မည်။

သူတို့၏ အရေအတွက်မှာ သန်းဂဏန်းအထိ ရောက်ရှိသွားချိန်၌မူ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သွေးဝိညာဉ်မိုးကြိုးသည် သွေးဝိညာဉ်မိစ္ဆာမိုးကြိုးအဖြစ်သို့ အဆင့်ဆင့် ပြောင်းလဲသွားကာ နတ်ဆိုးဝိညာဉ်အဆင့် တန်ခိုးရှင်ကြီးများကိုပင် ထွက်ပြေးတိမ်းရှောင်ရစေနိုင်သည်။

ဤနေရာရှိ သွေးဆာမိစ္ဆာခြင်ကောင်များ၏ အရေအတွက်မှာ အလွန်အမင်း မများပြားလှဘဲ သောင်းဂဏန်းကျော်မျှသာ ရှိသော်လည်း ကုယွမ်အနေဖြင့်မူ စိုးစဉ်းမျှ ပေါ့ဆရဲခြင်း မရှိပေ။။ သူသည် မိမိ၏ ဝိညာဉ်သားရဲအိတ်ကို တစ်ချက်ပုတ်လိုက်ရာ စိမ်းပြာရောင် ဝိညာဉ်လိပ်ပြာလေးတစ်ကောင် ပျံသန်း၍ ထွက်ပေါ်လာခဲ့တော့သည်။

၎င်း၏ လှပနွဲ့နှောင်းလှသော ကပြဝဲပျံမှုနှင့်အတူ ထူထပ်လှသော စိမ်းပြာရောင် ဓားချီများသည် အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သွေးဆာမိစ္ဆာခြင်ကောင်အုပ်ကြီးကို ဖရိုဖရဲဖြစ်အောင် အပိုင်းပိုင်း ဖြတ်တောက်ကာ ခြေမှုန်းပစ်လိုက်တော့သည်။

ခန့်ညားထက်မြက်လှသော ဓားဆန္ဒများ ပျံ့နှံ့သွားခဲ့ပြီး သွေးဆာမိစ္ဆာခြင်ကောင် တစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ ၎င်းတို့ကို သေးငယ်လှသော သွေးစက်အမှုန်အမွှားများအဖြစ် ပြောင်းလဲလျက် မြေပြင်ပေါ်သို့ တစ်စစီ ကြွေလွင့်သွားစေခဲ့သည်။

ထိုအရာက စိမ်းပြာရောင် ဓားလိပ်ပြာ အစစ်အမှန်ပင်။

လျှူကွမ်း၏ မျက်ဝန်းများ အေးစက်သွားပြီးနောက် မကျေနပ်မှုနှင့်အတူ လောဘဇောများပါ ရောပြွန်း၍ ထွက်ပေါ်လာသည်။

ဤကဲ့သို့ ရှားပါးလှသည့် ပိုးကောင်များသည် ပိုင်ရှင်တစ်ဦးတည်းကိုသာ သစ္စာစောင့်သိတတ်မှန်း ကြိုတင်မသိထားပါက သူကိုယ်တိုင်ပင် အဓမ္မ လုယူမိမည်ပင်။

မည်သို့ပင်ဆိုစေ သူတို့နှစ်ဦး ရန်ငြိုးဖွဲ့ခဲ့ရခြင်းမှာလည်း ဤစိမ်းပြာရောင်ဓားလိပ်ပြာကြောင့်ပင်။

သွေးဆာမိစ္ဆာခြင်ကောင်အုပ်ကြီးမှာ ဓားချီဒဏ်ကြောင့် အထိနာကာ ဖရိုဖရဲ ဖြစ်သွားသည်။ ထို့နောက် ကြွင်းကျန်ရစ်သော ခြင်ကောင်များမှာ အသိဉာဏ်ရှိသည့်အလား တစ်နေရာတည်းတွင် ပြန်စုမိသွားကြသည်။

သူတို့သည် သူတို့၏ သွေးအလင်းများကို ပေါင်းစပ်ပြီးနောက် နက်မှောင်နီရဲသော သွေးဝိညာဉ်မိုးကြိုးအဖြစ် ပြောင်းလဲကာ ကုယွမ်ထံသို့ တိုက်ရိုက် ပစ်လွှတ်လိုက်တော့သည်။

ထိုသွေးရောင်လျှပ်စီးများသည် တိတ်ဆိတ်စွာ ကျရောက်လာသော်လည်း အေးစက်လှသော ဖျက်ဆီးခြင်းအရှိန်အဝါများ ကိန်းဝပ်နေသည်။ ၎င်းတို့ ဖြတ်သန်းသွားရာ လေထုထဲတွင် တိုက်စားခံရသည့် အမှတ်အသားများ ထင်ကျန်ရစ်ခဲ့သည်။

သို့သော် ဤကြောက်မက်ဖွယ် သွေးဝိညာဉ်မိုးကြိုးနှင့် ရင်ဆိုင်ရချိန်၌ပင် စိမ်းပြာရောင်ဓားလိပ်ပြာလေးသည် အတောင်ပံကို သာမန်မျှသာ ခါယမ်းကာ ရိပ်ခနဲ ပျောက်ကွယ်လျက် လွယ်ကူစွာ ရှောင်တိမ်းသွားခဲ့သည်။

ထိုမိုးကြိုးများ ကျောက်စင်မြင့်ပေါ် ကျရောက်ပေါက်ကွဲသွားချိန်တွင်မူ အနက်ရောင် တိုက်စားရာများနှင့်အတူ လက်မဝက်ခန့် နက်သော အပေါက်ငယ်များ ဖြစ်ပေါ်သွားသည်။

ဤကျောက်စင်မြင့်ကြီးမှာ သံမဏိထက် မာကျောသော အထူးပစ္စည်းဖြင့် ပြုလုပ်ထားပြီး အစီအရင်များဖြင့် ကာကွယ်ထားခြင်းပင်။

ရှောင်တိမ်းရန် မဖြစ်နိုင်တော့သည့်အခါတွင်မူ စိမ်းပြာရောင်ဓားလိပ်ပြာလေးသည် ဦးခေါင်းပေါ်ရှိ အာရုံခံအမျှင်နှစ်ခုမှတစ်ဆင့် စိမ်းပြာရောင်အလင်းတန်းများကို စုစည်း၍ ပစ်လွှတ်လိုက်ရာ ကျရောက်လာသော သွေးဝိညာဉ်မိုးကြိုးများကို အလွယ်တကူပင် အပိုင်းပိုင်း ဖြတ်တောက်ကာ ခြေမှုန်းပစ်လိုက်တော့သည်။

၎င်းက အတောင်ပံများကို ထပ်မံခါယမ်းလိုက်ရာ ပိုးစုန်းကြူးအလင်းအလား ဓားအလင်းအမှုန်အမွှားလေးများ ဝဲပျံထွက်ပေါ်လာပြီး သွေးဆာမိစ္ဆာခြင်ကောင်အားလုံးကို လွှမ်းခြုံသွားသည်။

ထိုဓားအလင်းများ ကျရောက်သွားသည်နှင့်အမျှ သွေးဆာမိစ္ဆာခြင်ကောင်များမှာ တစ်ကောင်ပြီးတစ်ကောင် သေဆုံးကာ ပျောက်ကွယ်သွားကြရတော့သည်။

အချို့သော ဓားအလင်းများမှာ ကျောက်စင်မြင့်ပေါ်သို့ ကျရောက်သွားပြီး သေးငယ်နက်ရှိုင်းသော အပေါက်ငယ်များကို အားစိုက်စရာမလိုဘဲ တိုက်ရိုက် ဖြစ်ပေါ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ငွေနဂါးဓားမှ ခွဲထွက်လာသော ဆယ့်ခြောက်စင်းသော ဓားအလင်းများ၏ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရသည့် ရွှေခန္ဓာဂူမှာလည်း တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

၎င်းက စူးရှသော အော်ဟစ်သံတစ်ချက် ထုတ်ဖော်ပြီးနောက် ဓားချီများ၏ နှစ်ပိုင်းဖြတ်တောက်ခြင်းကို ခံလိုက်ရကာ ၎င်း၏ ရုပ်ကလာပ်မှာ မြေပြင်သို့ မကျရောက်မီမှာပင် ကုယွမ်၏ ဓားအလင်းဖြင့် သိမ်းပိုက်ခြင်း ခံလိုက်ရတော့သည်။

ဤရွှေခန္ဓာဂူသည် ရှားပါးလှသော ပိုးကောင်တစ်ကောင် ဖြစ်ရာ ၎င်း၏ တန်ဖိုးမှာ စိမ်းပြာရောင်ဓားလိပ်ပြာကို မမီနိုင်သေးသော်လည်း ငွေရောင်ကျောကုန်းကင်းခြေများထက် မနိမ့်ပေ။ထို့ကြောင့် ၎င်း၏ ရုပ်ကလာပ်မှာလည်း လွန်စွာ အဖိုးတန်လှသဖြင့် သူ၏ ဝိညာဉ်သားရဲကို အစာကျွေးရန် အသုံးချနိုင်ပေရာ အချည်းနှီး အလကားအဖြစ်မခံနိုင်ပေ။။

ဝဲပျံနေသော ဓားအလင်းများ ပြန်လည်စုစည်းသွားပြီး တောက်ပသော ငွေရောင်ဓားကြာပန်းကြီးတစ်ပွင့်အဖြစ် အသွင်ပြောင်းလဲသွားကာ လေထုထဲတွင် တစ်ချက် ဝဲလည်သွားပြီးနောက် လျှူကွမ်းရှိရာဘက်သို့ အုပ်မိုး၍ ကျရောက်သွားတော့သည်။

ထိုဓားကြာပန်းကြီးထံမှ အေးစက်ထက်မြက်သော သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်လာပြီး လျှူကွမ်း၏ ခန္ဓာကိုယ်ကို သေချာပေါက် ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။

လျှူကွမ်းအနေဖြင့် မည်သို့ပင် ရှောင်တိမ်းသည်ဖြစ်စေ ဤဓားကြာပန်းသည် အရိပ်တစ်ခုပမာ နောက်ကနေ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်မည်ဖြစ်ပြီး လျှူကွမ်းကို လုံးဝ သတ်ဖြတ်ပြီးသည့် အခိုက်အတန့်ကျမှသာ ရပ်တန့်သွားမည်ပင်။

သို့သော်ငြားလည်း ဤငွေရောင်ဓားကြာပန်း၏ ပြင်းထန်လှသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင်မူ လျှူကွမ်းသည် စိုးစဉ်းမျှ ထိတ်လန့်တုန်လှုပ်ခြင်းမရှိသည့်အပြင် သူ၏ နှုတ်ခမ်းဖျားထက်တွင်မူ ဆန်းကြယ်သော အေးစက်စက် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ဟင်...”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကုယွမ်သည် စိတ်ထဲတွင် မတင်မကျဖြစ်သွားရပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

အတိအကျဆိုရသော် ထိုအခိုက်အတန့်မှာပင် ဆံပင်အမျှင်တစ်မျှင်ခန့်သာ ရှိသော အမည်းရောင် ဂူလေးတစ်ကောင်သည် သွေးဆာမိစ္ဆာခြင်ကောင်အုပ်ကြီးထဲမှ လျှို့ဝှက်စွာ ထွက်ပေါ်လာခဲ့ပြီး မည်သည့်အသံမျှမထွက်ဘဲ ကုယွမ်ရှိရာဘက်သို့ လျှပ်စီးလက်သကဲ့သို့ တိုးဝှေ့ကာ ပျံသန်းသွားခဲ့တော့သည်။

၎င်း၏ အရှိန်မှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လွန်းသည်။

ကုယွမ်ပင်လျှင် အချိန်မီ တုံ့ပြန်ရန် ပျက်ကွက်သွားခဲ့ရတော့သည်။

ဤအမည်းရောင် ဂူလေးသည် လျှူကွမ်း၏ အစစ်အမှန် လျှို့ဝှက်လက်နက်ပင်။

သူသည် အစောပိုင်းက ရွှေခန္ဓာဂူနှင့် သွေးဆာမိစ္ဆာခြင်ကောင်များကို အတိအလင်း ထုတ်သုံးခဲ့ပြီး သူ့ကိုယ်သူ သားကောင်အဖြစ် အသုံးချခဲ့ခြင်းမှာ ဤအဆုံးအဖြတ် အခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းပင်။

All Chapters