← Chapters

ဓားဂိုဏ်း၏ အကြံအစည်

Vol. 20 Ch. 216

ဓားဂိုဏ်း၏ အကြံအစည်

Vol. 20 Ch. 216

နယ်စပ် ဒေသ ကား..လင်းရှောင် ဓားဂိုဏ်း အခြေစိုက် ရာ နေရာ ဖြစ်သည်။

ဓားဂိုဏ်း မှ လူများ သည်လည်း နယ်စပ် ဒေသ အိပ်မက် ကုန်းပြင်မြင့် သို့ ချီလင် ရောက်ရှိလာပြီ ဆိုသော သတင်းကို ရရှိ ခဲ့ကြ၏။

ပင်မ နေရာတွင် ထိုင်နေသော ဂိုဏ်းချုပ်ကြီး ယွင်မိုဝမ် က မျက်မှောင် အနည်းငယ် ကုတ်လိုက်ပြီး ချက်ချင်း ပင် အမိန့် ပေးလိုက်သည်။

“ဝူပင်း... မင်း အခု အိပ်မက် ကုန်းပြင်မြင့်ကိုသွားပြီး ချီလင်ကို သွားရှာလိုက်... မင်း ဝင်တိုက်ခိုက် စရာ မလိုဘူး... လိုအပ် ရင် သူ့ကို ကူညီ ပေးဖို့ အတွက်ပဲ”

“ဂိုဏ်းချုပ်ကြီး... ဘာဖြစ်လို့လဲ”

“အဲဒီ ကောင်စုတ်လေးကို ဘာလို့သွားကူညီ ရမှာလဲ…”

“သူ က တစ်ယောက်တည်း ကုန်းပြင်မြင့် ထဲကို ဝင်သွားတာလေ... ကျွန်တော်တို့ကို နည်းနည်းလေး တောင် တိုင်ပင် တာမျိုး မရှိဘူး... သူ က အရမ်းကို မာနကြီးပြီး ဘယ်သူ့ အကူအညီ မှ မလိုဘူး လို့ ထင်နေတာ... ကျွန်တော်တို့က ဘာကိစ္စ သူ့ကို သွားကူညီ နေရမှာလဲ”

“ဟုတ်တယ်... ဝူပင်း မပါရင် တောင် ကျွန်တော်တို့က ပါရမီရှင် တွေပဲ လေ... တစ်နှစ် လောက်လေး အတွင်းမှာ ကျွန်တော်တို့ အများကြီး တိုးတက် လာခဲ့တယ်... သူ့ထက် အားနည်း မှာ မဟုတ်ဘူး လေ”

အကြီးအကဲများစွာ မှာ နားမလည် နိုင်အောင် ဖြစ်နေကြ၏။

ကျူးယန် တံခါးဝ တိုက်ပွဲ တွင် ချီလင် သည် အလွန်အမင်း မာနကြီးလွန်း ခဲ့ပြီး သိုင်းတာအို၏ ခေါင်းကို နင်းကာ အာဏာ တည်ဆောက်ခဲ့သည်။

သူတို့ အနေဖြင့် ချီလင်၏ မာနကြီးသော မျက်နှာကို တစ်သက်လုံး မှတ်မိ နေကြမည်ဖြစ်၏။

“အဟွတ်... အဟွတ်”

ထောင့် တစ်နေရာ တွင် ထိုင်နေသော ကျိုးဝူပင်း က အနေခက် စွာ ရယ်လိုက်ပြီး...

“ကျွန်တော် က သူ့ထက် အားနည်း ပါတယ်... ဒါကြောင့် ခင်ဗျား တို့ရဲ့ ကြွားလုံး တွေ ထဲမှာ ကျွန်တော့်ကို ဆွဲမထည့် ပါနဲ့ဗျာ”

“ငါတို့ ဓား သိုင်းသမား တွေ က အဲဒီ လောက် အမြင် ကျဉ်းမြောင်း နေစရာ မလိုပါဘူး”

ယွင်မိုဝမ် က ပြုံးလျက်

“ဓားဂိုဏ်း က နဝမ ကူနန်းတော် နဲ့ အမြဲတမ်း ဆက်ဆံရေး ကောင်းခဲ့တာပါ... အကယ်၍ ဒီလို အချိန် မျိုးမှာ ငါတို့ ကတောင် လက်တစ်ကမ်း မကူညီ ဘူး ဆိုရင် ချီလင်ကို ဘယ်သူ က ကူညီ တော့မလဲ... အဲဒါ က ငါတို့ကို လှောင်ပြောင် စရာ ဖြစ်သွား စေမှာ မဟုတ်ဘူး လား”

ထိုအခါ

အကြီးအကဲ တစ်ယောက် က ခနဲ့ သည့် လေသံ ဖြင့်

“သူ့ အတွက် ဘာ အကူအညီ မှ လိုမယ် မထင်ပါဘူး” ဟု ပြောလိုက်၏။

“ဒါက ငါတို့ ကူညီ ချင်တဲ့ ဆန္ဒ ရှိတယ် ဆိုတာကို ပြသ တာပါ”

ယွင်မိုဝမ် က ဆက်ပြောလိုက်သည်။

“တိုတို ပြောရရင်... ဒါက ဆိုးတဲ့ ကိစ္စ တော့ မဟုတ်ပါဘူး... သေချာ စဉ်းစား ကြည့်ကြပါဦး... တကယ်လို့ ဓားနတ်သမီး ဘိုးဘေးကြီး သာ ပြန်ရောက် လာခဲ့မယ် ဆိုရင် ငါတို့ နဲ့ နဝမ ကူနန်းတော် က အရင်းနှီး ဆုံး မဟာမိတ် တွေ ဖြစ်နေဦး မှာပါ”

“အကယ်၍ ဓားဂိုဏ်း ကသာ ဒီ ကိစ္စ မှာ လက်ပိုက် ကြည့်နေပြီး... ကူလမ်းစဉ် ရဲ့ ပါရမီရှင်ကို တစ်ယောက်တည်း လွှတ်ထားလိုက်မယ် ဆိုရင်... ဓားနတ်သမီး ဘိုးဘေးကြီး စိတ်မကောင်း ဖြစ်သွား မယ် လို့များ မထင်ဘူး လား”

“နဝမ ကူနန်းတော် ဆိုတာ ဘိုးဘေးကြီးကို နှစ်ပေါင်း သုံးထောင် တိုင်အောင် ပြုစု ပျိုးထောင် ပေးခဲ့ပြီး ဘဝ သစ် တစ်ခုကို ယူဆောင် လာပေးခဲ့တဲ့ နေရာပဲ”

“ရှုထောင့် တစ်ခု ကနေ ကြည့်မယ် ဆိုရင်... ဓားနတ်သမီး ဘိုးဘေးကြီး ရဲ့ နဝမ ကူနန်းတော် အပေါ် ထားတဲ့ သံယောဇဉ် က ဓားဂိုဏ်း အပေါ် ထားတဲ့ သံယောဇဉ် ထက် အများကြီး ကျော်လွန် နေပြီ... အကယ်၍ ငါတို့ ဘာမှ မလုပ်ဘူး ဆိုရင်... ဘိုးဘေးကြီး က ငါတို့ကို တကယ် စွန့်လွှတ်သွားလိမ့်မယ်”

ဤ စကားများကို ကြားလိုက် ရသော အခါ အကြီးအကဲများ အားလုံး တိတ်ဆိတ်သွားကြတော့၏။

ကျိုးဝူပင်း သည် အကြော ဆန့်လိုက်ပြီး မတ်တပ် ရပ်လိုက် ကာ ရှောင်လွှဲ ၍ မရနိုင် တော့ကြောင်းကို သဘောပေါက်လိုက်သည်။

“ဂိုဏ်းချုပ် ပြောတာ မှန်ပါတယ်... တပည့် အခုပဲ အိပ်မက် ကုန်းပြင်မြင့်ကိုသွားပြီး စီနီယာ အစ်ကို ချီလင်ကို ကူညီ ပေးပါ့မယ်”

“အင်း”

ယွင်မိုဝမ် က သတိပေးလိုက်၏။

“ဂရုစိုက် ဦး နော်”

ကျိုးဝူပင်း ထွက်သွား ပြီးနောက် ယွင်မိုဝမ် သည် အကြီးအကဲများ အားလုံးကို ခြုံငုံကြည့်လိုက်ပြီး မေးလိုက်သည်။

“ပန်းဓားသူတော်စင် နဲ့ တွေ့ဖို့ စီစဉ် ထားတဲ့ ကိစ္စ က ဘယ်လို အခြေအနေ ရှိလဲ”

“ပန်းဓားသူတော်စင် က သွားတာ လာတာ အရိပ်အယောင် မရှိဘူး... တစ်နေရာ တည်း မှာလည်း ကြာကြာ မနေတတ် ဘူး... ကျွန်တော် တို့ သူ့ကို လုံးဝ မတွေ့ခဲ့ရ ပါဘူး”

ဓား သခင် အကြီးအကဲများက ခါးသီး စွာ ပြုံးလျက် ဖြေကြားလိုက်ကြ၏။

ယွင်မိုဝမ် က တိုးညင်းစွာ သက်ပြင်း ချလိုက်ပြီး...

“ငါကိုယ်တိုင်သွားရမယ့် ပုံပဲ”

မကြာသေးမီ နှစ်များ အတွင်း တွင် လင်းရှောင် ဓားဂိုဏ်း သည် နယ်စပ် စစ်ပွဲများ နှင့် နတ်ဆိုး သတ်ဖြတ် ရေး တွင် ပါဝင် ရုံသာ မကဘဲ ထူးချွန်သော ဓား သိုင်းသမားများကို လည်းလိုက်လံ ရှာဖွေ နေခဲ့သည်။

ကံမကောင်း စွာ ဖြင့် မည်သူ ကမျှ သူ၏ မျှော်လင့် ချက်များ နှင့်ကိုက်ညီမှု မရှိခဲ့ပါချေ။

မည်သူ ကမျှ 'နတ်ဘုရား ဓား ပေါင်းစပ် ခြင်း သိုင်းကွက်'ကို အသုံးပြု နိုင်သည့် အဆင့် သို့ မရောက်ရှိ ခဲ့ကြပေ။

လီယွမ် သည် ဓားဂိုဏ်း၏ ဖိတ်ကြား ချက်များကို လုံးဝ အကြောင်း မပြန်ခဲ့ပါချေ။ ၎င်းက သူ သည် လင်းရှောင် ဓားဂိုဏ်း နှင့် ပူးပေါင်း ရန် ဆန္ဒ မရှိကြောင်း ရှင်းလင်းစွာ ပြသ နေပြီး သူတို့ အနေဖြင့် လည်း သူ့ကို အတင်းအကြပ် ဖိအားပေး ၍ မရနိုင်ပေ။

သို့သော် သူတို့ အနေဖြင့် 'နတ်ဘုရား ဓား ပေါင်းစပ် ခြင်း'ကို အသုံးပြု ကာ ဓားနတ်သမီး ဘိုးဘေးကြီးကို ဆင့်ခေါ် နိုင်မည့် သူ တစ်ယောက်ကိုတော့ မဖြစ်မနေ ရှာဖွေ ရမည်ဖြစ်၏။

ဒါမှမဟုတ်လည်း ဘိုးဘေးကြီး ပြန်ရောက် လာမယ့် အချိန်ကို စောင့်ကြို ရမှာပဲ...

ဒါမှမဟုတ်ရင်လည်း... လုံးဝ လက်လျှော့လိုက်ရတော့မှာပဲ...

လူငယ် မျိုးဆက်များ ကြားတွင် သင့်တော် သူကို ရှာမတွေ့ နိုင်သဖြင့် ယွင်မိုဝမ် သည် လူလတ်ပိုင်း မျိုးဆက်များ အပေါ်သို့ သူ၏ အာရုံကို လွှဲပြောင်း ရန် မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါချေ။

ထို့ကြောင့်... ပြင်းထန်သော ယှဉ်ပြိုင် မှုများ ကြားမှ ထွက်ပေါ် လာသော ဓားသူတော်စင် လေးယောက် သည် သေချာပေါက် အကောင်းဆုံးသော လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာနိုင်၏။

စစ်သားများ ၏ ဓားသူတော်စင် ပိုင်ချန် လား...

တိုက်ရိုက် ပင် ငြင်းဆန်လိုက်၏။ နိုင်ငံကို ကာကွယ် စောင့်ရှောက် နေသော ကြီးမြတ်သည့် စစ်သူကြီးချုပ် တစ်ယောက် က ဤကဲ့သို့သော လှည့်ကွက် မျိုး တွင် လုံးဝ ပူးပေါင်းပါဝင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဓားသူတော်စင် ပိုင်ချန် သာ ကူညီမည် ဆိုလျှင် ပင် ဓားဂိုဏ်း အနေဖြင့် ပေးဆပ်ရမည့် တန်ဖိုး မှာ အလွန်ကြီးမား လွန်းလှ၏။

အရိပ်ဝှက် ဓားသူတော်စင် ယွင်ရှန်းယင်း လား...။

ဒါ လည်း မဖြစ်နိုင် ပါချေ။

သူမ သည် ညဇီးကွက် အစောင့်တပ်၏ အရိပ်ဝှက် မြို့စားကြီး ဖြစ်ပြီး နောက်ထပ် ညဇီးကွက်ဘုရင် နေရာ အတွက် အားအကောင်းဆုံး ယှဉ်ပြိုင် သူ တစ်ဦး ပင် ဖြစ်၏။ ဤကဲ့သို့သော သူ နှင့် ပူးပေါင်း မည် ဆိုပါက ကျား တစ်ကောင် ထံမှ အကူအညီ တောင်းသကဲ့သို့ ပင် ဖြစ်ပေလိမ့်မည်။

စာအုပ်နှင့်ဓားသူတော်စင် မုန့်ချင်းချီ လား...။

သူမ က ဆူရှင်း စံအိမ်၏ ခေါင်းဆောင် ဖြစ်ပြီး အလယ်ပိုင်း လွင်ပြင် ရှိ အင်အားကြီး ခုနစ်ဖွဲ့ ထဲမှ တစ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်ကာ သူ၏ ပြိုင်ဘက် လည်း ဖြစ်၏။ သူမ အနေဖြင့် သူ့ကို ကူညီပေးရန် အကြောင်းပြချက် လုံးဝ မရှိပါချေ။

ဒါဆို ပန်း ဓားသူတော်စင် ဖူချူ တစ်ယောက် ပဲ ကျန်တော့တယ်...

ဖူချူ သည် ကျန်းဟူ လောက မှ ပေါက်ဖွား လာသူ မဟုတ်ဘဲ ကျန်းနန် ဒေသ ရှိ အင်အားကြီး မိသားစုကြီး တစ်ခု မှ ဆင်းသက် လာသူ ဖြစ်သည်။ သူမ သည် ကျန်းဟူ အင်အားစုများ နှင့် ဆက်သွယ် မှု သိပ် မရှိသဖြင့် ပန်းဓားသူတော်စင် ထံမှ အကူအညီ တောင်းရန် မှာ ဖြစ်နိုင်ချေ အများဆုံး ပင် ဖြစ်၏။

ပန်းဓားသူတော်စင် သည် 'နတ်ဘုရား ဓား ပေါင်းစပ် ခြင်း သိုင်းကွက်'ကို ရရှိသွားမည် ဆိုလျှင် ပင် ဘယ်တော့မှ ထုတ်ဖော် ပြောကြား မည် မဟုတ်ကြောင်းကို သူမ၏ ဓား နှလုံးသား ဖြင့် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါက ဓားဂိုဏ်း အပေါ်ကြီ းမားသော အကျိုး သက်ရောက် မှုများ ရှိလာမည် မဟုတ်ပါချေ။

ဤသည်မှာ ယွင်မိုဝမ် တွေးတော နိုင်သော တစ်ခုတည်းသော အခွင့်အရေး ပင် ဖြစ်၏။

ဓားနတ်သမီး ဘိုးဘေးကြီးကို ရှာဖွေ နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး... သူ မဖြစ်မနေ ကြိုးစား ရမည်။

...

အိပ်မက် ကုန်းပြင်မြင့် တွင်ကား။

လီယွမ် နှင့် ဓားနတ်သမီး တို့သည် ရန်သူ၏ စစ်ကြောင်းများကို ဖောက်ထွင်း ဝင်ရောက် ကာ ကင်းထောက် အဖွဲ့ ပေါင်း ဒါဇင် နှင့်ချီ ၍ သတ်ဖြတ် ခဲ့ကြ၏။

ထို အချိန် အတွင်း သူတို့ သည် နတ်ဆိုး တစ်ရာ စခန်း၏ စစ်ဆင်ရေးများကို လည်း ဝင်ရောက် နှောင့်ယှက် ခဲ့ပြီး သူတို့ နှစ်ဦး၏ လက်ချက် ဖြင့် လုံးဝ ချေမှုန်း ခံလိုက် ရသည်။

ယခု အခါ သွေးများ ဖြင့် ရွှဲရွှဲစို နေသော ဓားနတ်သမီး သည် အနည်းငယ် ပြောင်းလဲသွားခဲ့ချေပြီ။ သူမ၏ မျက်လုံးများမှာ ယခင် ကလို ဟာလာဟင်းလင်း ဖြစ်မနေ တော့ပါချေ။

တိုက်ဆိုင် စွာ ပင် လီယွမ် သည် သူမကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ လေပြေ အေးလေး က သူမ၏ ရင်သပ် ရှုမော ဖွယ် ကောင်းလောက်အောင် လှပသော မျက်နှာ လေးကို ပွတ်တိုက်သွားပြီး သူမ၏ ဆံကေသာ လေးများကို လွင့်မျောသွားစေသည်။ သူမ၏ ဘေးတိုက် မျက်နှာ အနေအထား မှာ လုံးဝ ပြီးပြည့်စုံနေပြီး လောကီ လူသား တစ်ယောက် နှင့် လုံးဝ မတူညီ ပါချေ။

လွန်ခဲ့သော နှစ်ပေါင်း သုံးထောင် က ဓားနတ်သမီး သည် အမှန်တကယ် ပင် ပြန်လည် ရောက်ရှိ လာသကဲ့သို့ ပင် ဖြစ်၏။

ဓားနတ်သမီး၏ အသိစိတ်များ လုံးဝ အပြည့်အဝ ပြန်လည် နိုးထ လာတော့မည်ဖြစ်ကြောင်းကို သူ သေချာစွာ ခံစားလိုက်ရသည်။

ကူအင်မော်တယ်၏ စကားများက လီယွမ်၏ နားထဲ တွင် ပဲ့တင် ထပ်နေဆဲ ဖြစ်ပြီး သူ ကောင်းစွာ မှတ်မိ နေ၏။

“ရုပ်ခန္ဓာက နှစ်ပေါင်း သုံးထောင် တိုင်အောင် မပျက်စီး နိုင်ဘူး... အသိစိတ် အနည်းငယ်ကို စုစည်း ပြီး အသက် ဝိညာဉ် တစ်ခုကို အဲဒီ ထဲမှာ နေရာ ချထား လို့ ရတယ်... အဲဒီ လက်ကျန် အသိစိတ် လေးက နှစ်ပေါင်း သုံးရာ တိုင်အောင် ရှင်းလင်း နေနိုင်ပြီး ပြန်လည် မွေးဖွား လာနိုင်တယ်”

“မပြောင်းလဲ တဲ့ ဝိညာဉ် က နှစ်ပေါင်း သုံးဆယ် တိုင်အောင် ပြန်လည် ဝင်ရောက် ပြီး မှသာ... အတိတ် က ဘဝ တွေ နဲ့ လက်ရှိ ဘဝ တွေကို ပြန်လည် မှတ်မိ နိုင်မှာ”

ကူအင်မော်တယ်၏ မဟာ ကံကြမ္မာ နိယာမ အရ ဆိုလျှင် ဓားနတ်သမီး၏ အသိစိတ်များ ပြန်လည် နိုးထ လာရန် အတွက် နှစ်ပေါင်း သုံးရာ လိုအပ် ပြီး အရာအားလုံးကို ပြန်လည် မှတ်မိ လာရန် အတွက် နှစ်ပေါင်း သုံးဆယ် လိုအပ် မည်ဖြစ်ရာ စုစုပေါင်း နှစ်ပေါင်း သုံးရာ့ သုံးဆယ် ကြာမြင့် မည်ဖြစ်၏။

သို့သော် ဤ လုပ်ငန်းစဉ် မှာ ယခု အခါ အကြိမ်ကြိမ် အဖန်ဖန် တိုတောင်း လာနေခဲ့ပြီ ဖြစ်၏။

အပြည့်အဝ ပြန်လည် နိုးထလာပြီး သီးခြား လူသား တစ်ယောက် အဖြစ် ပြောင်းလဲသွားမည့် ဓားနတ်သမီး သည် သူ၏ သက်စောင့်ကူ အဖြစ် ဆက်လက် တည်ရှိ နေဦးမည် လား ဟု... လီယွမ် တစ်ခါတစ်ရံ တွေးတော မိသည်။

ဤ အရာက သူ့ အပေါ် တွင် ထူးခြားသော သက်ရောက် မှုများ ဖြစ်ပေါ် လာစေနိုင် မည်လား...။

သမိုင်း တစ်လျှောက် တွင် ဤကဲ့သို့သော အဖြစ်အပျက် မျိုး တစ်ခါမျှ မဖြစ်ပေါ် ဖူးသဖြင့်... လီယွမ် အနေဖြင့် အတည်မပြုနိုင်ဘဲ ခန့်မှန်းရုံသာ တတ်နိုင်၏။

“နတ်ဆိုး တွေ ထပ်ရောက် လာပြန်ပြီ”

ထို အချိန် တွင် ပင် နတ်ဆိုး အသစ်များ ရောက်ရှိ လာကြောင်းကို သူ အာရုံခံ သိရှိလိုက်ရပြီး လီယွမ်၏ ရှုပ်ထွေး နေသော အတွေးများကို ဖျက်ဆီး ပစ်လိုက်၏။

“အဆင့် ရှစ် နတ်ဆိုး သူတော်စင် လား”

“ဒါက...”

“နတ်ဆိုးကိုးပါး ထဲက ဂူ တစ်ထောင် လား”

ရှောင်ကျောက် ပေးလိုက်သော သတင်း အချက်အလက်များ ထဲတွင်... နတ်ဆိုး အခွံမာ မျိုးနွယ်စု မှ ဂူ တစ်ထောင်၏ ပုံတူများ ပါဝင် နေပြီး... အလွန် ထူးခြားသော ဝိသေသ လက္ခဏာများ ရှိသဖြင့် လီယွမ် က တစ်ချက် ကြည့်လိုက် ရုံဖြင့် မှတ်မိလိုက်ခြင်း ပင် ဖြစ်သည်။

“ဓားနတ်သမီး... ငါတို့ အလုပ် လုပ်ရမယ့် အချိန် ရောက်ပြီ”

ဂူ တစ်ထောင် မှာ အရပ် ပုပြီး ဝဖြိုး ကာ နတ်ဆိုး အများစု ကဲ့သို့ ပင် လူသား ရုပ်ရည် ပုံစံပင်။ သလင်းကျောက် သတ္တုများစွာ မြှုပ်နှံ ထားသော... ထူထဲသည့် ခရမ်းရောင် ချပ်ဝတ် ဝတ်ထားသည်။

“သူတို့ ဆီမှာ ပိုက်ဆံ တွေ အများကြီး ရှိရမယ်... ဒါတွေက အဆင့်မြင့် မူလ ပစ္စည်း တွေ ဆိုတာ သိသာ နေတယ်”

“ဖောင်း…”

လီယွမ် စကား ပြော၍ အဆုံး တွင် ပင်... ထို နေရာ တစ်ဝိုက် ရှိ ကင်းထောက်ကူများ အားလုံး ဖျက်ဆီး ခံလိုက် ရပြီး... အမြင် အာရုံများ လုံးဝ ပျောက်ကွယ်သွားတော့၏။

ဤကဲ့သို့သော အဆင့် ရှိသည့် ပြိုင်ဘက် မျိုး နှင့် ရင်ဆိုင် ရသည့် အခါ... သတင်း အချက်အလက်များ စုဆောင်း ရန် အတွက် ကင်းထောက်များကိုသာ အားကိုး နေရခြင်း က... အလွန် ခက်ခဲ လွန်းလှ၏။

သို့သော် လည်း လီယွမ် မှာ လုံးဝ စိုးရိမ် ပူပန် နေခြင်း မရှိပါချေ။

ဂူ တစ်ထောင် ပေါ်လာ ခြင်းက သူ့ကို ပစ်မှတ် လုပ်နေကြောင်း သိသာ ထင်ရှား နေပြီး မကြာမီ မှာပင် သူတို့ ထိပ်တိုက် တွေ့ဆုံ ကြရတော့မည်ဖြစ်၏။

“နယ်စပ် မှာ ငါ အချိန် အကြာကြီး နေလို့ မဖြစ်ဘူး... တစ်ယောက်ကို သတ်ပြီး ငါ့ရဲ့ အာဏာကို တည်ဆောက် တာက ငါ့ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး... ကျန်းလင်းကို မျှားခေါ် ပြီးတော့ သူ့ကို ရှောင်ချိုက် ရဲ့ မူလ ပစ္စည်း အဖြစ် သန့်စင် ပစ်ရမယ်”

လီယွမ် သည် နယ်စပ် တွင် အချိန် အကြာကြီး နေပြီး စစ်ကစား နေချင်စိတ် မရှိပါချေ။ အကယ်၍ သူသာ အချိန် အကြာကြီး နေပြီး လူတွေ အများကြီးကို သတ်ဖြတ် မိမည် ဆိုပါက... သေချာပေါက် ပစ်မှတ်ထားခံရလိမ့်မည်။

အရှက် မရှိသော လူကြီး မျိုးဆက်များ က အကျိုးဆက်များကို လျစ်လျူရှု ပြီး ဝင်ရောက် စွက်ဖက် လာမည် ဆိုပါက... ဘိုးဘေးကြီး ပင်လျှင် သူ့ကို ကာကွယ် ပေးနိုင်မည် မဟုတ်ပေ။

“အရင်ဆုံး ဒီ ဂူ တစ်ထောင် နဲ့ ငါတို့ရဲ့ စွမ်းအား တွေကို စမ်းသပ် ကြည့်ကြတာပေါ့... အနီရင့်ရောင် အကြေးခွံ ကလည်း အဲဒီ နေရာမှာ ရှိနေနိုင် တာပဲလေ”

All Chapters