နောက်သို့ တစ်လှမ်းစီ ဆုတ်ကြခြင်း
Vol. 20 Ch. 218
မြေအောက် လောက ရှိ နတ်ဆိုး အငွေ့အသက်များကို တာ့စူ သိုင်းနတ်ဘုရား၏ သွေးများက မည်သို့ ထိန်းချုပ် တားဆီး ထားခဲ့သည်ကို လီယွမ် အသေအချာ မှတ်မိ နေသေး၏။
သူ သည် ဤ ကိစ္စ နှင့် ပတ်သက်၍ အမြဲတမ်း စောင့်ကြည့် နေခဲ့၏။
ကံမကောင်း စွာ ဖြင့် သူ၏ စွမ်းရည်များက အကန့်အသတ် ရှိနေပြီး ညဇီးကွက် အစောင့်တပ် က အရာအားလုံးကို ထိန်းချုပ် ထားလေရာ အချို့သော ကိစ္စများမှာ သူ လက်လှမ်း မမီ နိုင်သော နေရာ တွင် ရှိနေ၏။
“နတ်ဆိုး အငွေ့အသက် တွေ တည်ရှိ နေတာက... နတ်ဆိုး နယ်မြေ နဲ့ သေချာပေါက် ဆက်စပ် နေပုံ ရတယ်”
နတ်ဆိုး နယ်မြေ သည် လျှို့ဝှက်ချက်များ ဖြင့် ဖုံးလွှမ်း နေပြီး သမိုင်း တစ်လျှောက် တွင် မရေမတွက် နိုင်သော သိုင်းနတ်ဘုရားများနှင့် ကူအင်မော်တယ် တို့သည် နတ်ဆိုးများကို နှိမ်နင်း ရန် အတွက် ထို အထဲသို့ နက်ရှိုင်းစွာ ဝင်ရောက် ခဲ့ကြသော်ငြားလည်း အချည်းနှီး သာ ဖြစ်ခဲ့ကြ၏။
နတ်ဆိုး နယ်မြေ တွင် ကြောက်မက်ဖွယ် ကောင်းလှသော အရာကြီး တစ်ခု တည်ရှိ နေသည် ဆိုခြင်းမှာ လူတိုင်း သိကြသော ကိစ္စ တစ်ခု ဖြစ်သော်ငြားလည်း လူအများစု သည် ဘယ်သောအခါမျှ ၎င်းကို မျက်မြင်ကိုယ်တွေ့ မကြုံဖူး ခဲ့ကြပေ။
ထို့အပြင် 'ကြောက်မက်ဖွယ် အရာကြီး' ဆိုသည်မှာ ကောလာဟလ တစ်ခု သက်သက် သာ ဖြစ်ပြီး အမှန်တကယ် ဖြစ်ပေါ် လာခြင်း မရှိခဲ့သဖြင့် ၎င်း အပေါ် ထားရှိသော လူများ၏ အကြောက်တရား မှာလည်း သိပ်ပြီး နက်ရှိုင်း မှု မရှိကြပေ။
တစ်နေ့နေ့ တစ်ချိန်ချိန် တွင် သူ သည် တာ့စူ သိုင်းနတ်ဘုရား နှင့် ကူအင်မော်တယ် တို့ ရင်ဆိုင် ခဲ့ရသော ထို အင်အားစုများနှင့် ထိပ်တိုက် ရင်ဆိုင် ရလိမ့်မည် ဟု တွေးတော နေမိသောကြောင့် လီယွမ် ဤ အကြောင်းကို စဉ်းစား နေမိခြင်း ဖြစ်၏။
သူ သည် အရာအားလုံးကို သူ၏ နှလုံးသား ထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံ ထားပြီး ဘယ်သောအခါမျှ ထုတ်ဖော် ပြောကြား ခြင်း မရှိခဲ့ချေ။
ယခု အချိန် တွင် အများကြီး တွေးတော နေခြင်းက အချည်းနှီး သာ ဖြစ်ပြီး အရမ်း စောလွန်း နေသေး၏။
“ဝုန်း…”
ဂူ တစ်ထောင် သည် သားရဲ တစ်ကောင် အဖြစ် ပြောင်းလဲသွားပြီးနောက် အရှေ့ သို့ အဟုန်ပြင်းစွာ တိုးဝင်လာပြီး သူ၏ အမြန်နှုန်း နှင့် ခွန်အားများမှာ အဆင့် တစ်ဆင့် ထက်မက ပိုမို မြင့်တက် လာတော့၏။ သူ သည် သူ့ကိုယ်သူ ကွေးကောက်လိုက်ပြီး ဧရာမ ဘောလုံးကြီး တစ်လုံး အဖြစ် လိမ့်ဝင် လာသည်။
ထို ဘောလုံးကြီး သည် သလင်းကျောက် ချပ်ဝတ်များဖြင့် ဖုံးလွှမ်း နေပြီး လုံးဝ ဖျက်ဆီး၍ မရနိုင်လောက်အောင် ဖြစ်နေ၏။
သူတို့ နောက်တစ်ကြိမ် ထိပ်တိုက် ရင်ဆိုင်လိုက်ရသော အခါ လီယွမ် အနေဖြင့် များစွာ ပိုမို ဖိအားများလာကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရတော့၏။
သင်းခွေချပ် ချပ်ဝတ် ဖြင့် ဖန်တီး ထားသော လိမ့်ဝင် လာသည့် ဘောလုံးကြီး က နေရာ အနှံ့ အပြား သို့ အဆက်မပြတ် ဝင်တိုက် နေ၏။ ဈာပန ထုံးစံ၏ တိုက်ခိုက်မှုများကို ရင်ဆိုင် ဖြေရှင်း ရန် အတွက် လည်း သူ၏ အာရုံများကို ခွဲဝေ ထားရသည်။
ဈာပန ထုံးစံ မှ ထွက်ပေါ် လာသော နွယ်ပင်များသည် ပိုမို ခံနိုင်ရည် ရှိလာပြီး လောင်ကျွမ်း နိုင်စွမ်းကိုလည်း ပိုင်ဆိုင် ထားကာ ဝူမေ့၏ ပင့်ကူမျှင်များနှင့် အဆက်မပြတ် ထိပ်တိုက် တွေ့ဆုံ နေကြပြီး အနီရောင် နှင့် အဖြူရောင် လှိုင်းလုံးကြီး နှစ်ခု အလား ပုံဖော် နေတော့၏။
ကောင်းကင်ဖြစ်စဉ်များကို တစ်ခုထက် ပို၍ အသက် မသွင်း နိုင်ဘဲ ဓားနတ်သမီး ကလည်း တိုက်ပွဲ တွင် ဝင်မပါ ဘဲ နေသဖြင့် လီယွမ် သည် နတ်ဆိုးကိုးပါး ထဲမှ နှစ်ပါး နှင့် သရေ ကျအောင် တိုက်ခိုက်နေရသည်။ ၎င်းမှာ သူ၏ ကန့်သတ်ချက် နှင့် အလွန် နီးစပ် နေပြီ ဖြစ်သည်။
ရစ်ပတ် နတ်ဘုရားကူ သည် သွေးများ ဖြင့် ထပ်မံ ရွှဲရွှဲစိုလာပြီး ခွန်အား၏ ကန့်သတ်ချက်များကို အဆက်မပြတ် ဖောက်ထွက်နေရသည်...။
အခြေအနေ မှာ ဆက်လက် တင်းမာ နေဆဲ ပင် ဖြစ်၏။
လီယွမ် အနေဖြင့် အလောတကြီး မဖြစ်ပါချေ။
တိုက်ပွဲ အတွင်း တားမြစ်နယ်မြေ မှ သွေးမြစ်၏ လွှမ်းမိုးမှုများကို ဖြေဖျောက် နေရင်း နှင့်ပင် သူ သည် ထို 'နတ်ဆိုး အငွေ့အသက်'၏ မူလ အရင်းအမြစ်ကို အာရုံခံ ရှာဖွေ နေ၏။
ဂူ တစ်ထောင် ဖြစ်စေ ဈာပန ထုံးစံ ဖြစ်စေ မည်သူ ကမျှ သေရေးရှင်ရေး တိုက်ခိုက် ရန် ရည်ရွယ်ချက် မရှိကြချေ။
နတ်ဆိုး နှစ်ကောင် သည် ဤ နေရာ မှ ထွက်ခွာသွားရန် အခွင့်အရေး တစ်ခုကိုသာ ရှာဖွေ နေကြခြင်း ပင်။
ထို အခိုက်အတန့် တွင် ခပ်လှမ်းလှမ်း မှ အနက်ရောင် မီးတောက် တစ်ခု မြင့်တက် လာတော့၏။
လီယွမ် လည်း ထို အရာကို သတိပြု မိလိုက်သည်။
အနက်ရောင် မီးတောက်များကို သူ မြင်တွေ့လိုက်ရ ရုံသာ မကဘဲ လျင်မြန်စွာ နီးကပ် လာနေသော ဓား စိတ်ဆန္ဒ တစ်ခု... ရင်းနှီး နေသော ချီ အငွေ့အသက် တစ်ခုကိုပါ အာရုံခံ သိရှိလိုက်ရပြီး... ၎င်းမှာ လင်းရှောင် ဓားဂိုဏ်း မှ ကျိုးဝူပင်း ပင် ဖြစ်၏။
ဤ အရာက လီယွမ်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့၏။
သူ သည် မသက်ဆိုင် သူများနှင့် အဆက်အသွယ် အများကြီး မလုပ်မိ စေရန် ရည်ရွယ် ချက် ဖြင့် လူတိုင်းကို အထင်သေး သည့် မာနကြီးပြီး ဘဝင်မြင့် နေသော "ချီလင်"၏ ဇာတ်ကောင်ကို တမင်သက်သက် ဖန်တီး ထားခဲ့ခြင်း ပင် ဖြစ်သည်။
လင်းရှောင် ဓားဂိုဏ်း မှ လူများ က ယခု အထိ သူ့ဆီ လာနေကြ ဦးမည် ဟု လုံးဝ မမျှော်လင့် ထားခဲ့ပါချေ။
“ဝုန်း…”
အနက်ရောင် မီးတောက်များ ပေါက်ကွဲ ထွက်သွား သည့် အခိုက်အတန့် တွင် ပင် ကျိုးဝူပင်း ရောက်ရှိ လာတော့၏။
သူ၏ ဓား သိုင်းကွက်များမှာ အလွန် တိကျ ပြီး ထက်မြက် လွန်းလှကာ ဓား တစ်ချက် တည်း ဖြင့် အနက်ရောင် မီးတောက်များကို လုံးဝ ငြိမ်းသတ် ပစ်လိုက်သည်။
“ဆုတ်ကြမယ်”
မြူခိုးများ ကြားမှ မှုန်ဝါးဝါး အသံ တစ်သံ ထွက်ပေါ် လာတော့၏။
ကောင်းကင်ယံ မှ ခရမ်းရောင် မီးတောက်များ အမြောက်အမြား ရွာကျလာပြီး လိုက်လံ ဖမ်းဆီး မည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
လီယွမ် သည် အတင်းအကြပ်လိုက်လံ ဖမ်းဆီး ရန် မကြိုးစား ပေ။ ကျိုးဝူပင်း ရောက်ရှိ လာခြင်း ကြောင့် ဤ တိုက်ပွဲ သည် အဆုံးအဖြတ် မရှိဘဲ ပြီးဆုံးသွားရန် ကံကြမ္မာ ပါလာခဲ့ပြီ ဖြစ်၏။
ဂူ တစ်ထောင် နှင့် ဈာပန ထုံးစံ တို့ သည် မြူခိုးများ ကြားတွင် ပျောက်ကွယ်သွားသည်ကို သူ ငေးကြည့် နေလိုက်၏။
ကျိုးဝူပင်း က အနီးသို့ ရောက်လာပြီး လက် နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးရင်း...
“လင်းရှောင် ဓားဂိုဏ်း က ကျိုးဝူပင်း... စီနီယာ အစ်ကို ချီလင်ကို ဂါရဝ ပြုပါတယ်”
“မင်း ဒီကို ဘာလာ လုပ်တာလဲ”
လီယွမ်၏ မျက်နှာ အမူအရာ မှာ မကျေမနပ် ဖြစ်နေပုံ ရ၏။
“ငါ က အများကြီး အကျိုး အမြတ် ရဖို့ အတွက် ဒီ ပိုက်ကွန်ကို အပင်ပန်း ခံပြီး သေချာ ခင်းထား တာကွ... အခုတော့ မင်း ရောက်လာ တာနဲ့ အကုန်လုံး ကြောက်ပြီး ထွက်ပြေးသွားကြပြီ...”
“ထွက်သွား... ထွက်သွား... ထွက်သွား စမ်း...”
“အခြား တစ်နေရာ မှာသွားပြီး အေးအေး ဆေးဆေး နေစမ်းပါ... ဘယ်သူ့ အကူအညီ မှ ငါ မလိုဘူး... မင်း လို လူမျိုး က ငါ့ကို အနှောင့်အယှက် ဖြစ်စေ ရုံ သက်သက် ပဲ...”
ထိုသို့ ပြောပြီးနောက် သူ သည် လှည့်ကာ ထွက်ခွာသွားတော့၏။
ကျိုးဝူပင်း သည် လုံးဝ စိတ်ဆိုး ဒေါသထွက် ခြင်း မရှိဘဲ အနောက် မှ အေးအေး ဆေးဆေးလိုက်ပါသွားသည်။
သူ သည် ဤ အခြေအနေများကို အသားကျ နေခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သော နှစ်များ က... သုံးနှစ် တိုင်တိုင် သူ၏ ကျင့်ကြံခြင်းများ တိုးတက် မှု မရှိဘဲ ရပ်တန့် နေခဲ့စဉ် က... သူ သည် လူများစွာ၏ လှောင်ပြောင် သရော်ခံခဲ့ရပြီး ဂိုဏ်း မှ နှင်ထုတ် ခံရလုနီးပါး ပင် ဖြစ်ခဲ့ရသည် မဟုတ်ပါလော။ ယခု အခါ ထိုကဲ့သို့သော စကား မျိုးသည် သူ၏ ဘယ်ဘက် နား မှ ဝင်ပြီး သူ၏ စိတ်ကို လုံးဝ မထိခိုက် စေဘဲ ညာဘက် နား မှ ပြန်ထွက်သွားတော့သည်။
မည်သို့ ပင် ဖြစ်စေ ဂိုဏ်း ထဲတွင် နေရသည်မှာ သိပ်ပြီး သက်သောင့် သက်သာ မရှိလှပါချေ။
ဂိုဏ်းချုပ်ကြီး နှင့် အကြီးအကဲများ သည် ဓားနတ်သမီးကို ရှာဖွေ ရန် နေ့စဉ် ရက်ဆက် အိပ်မက် မက်နေကြပြီး... ဘိုးဘေးကြီး အကြောင်းကို အကြိမ်ပေါင်း မရေမတွက် နိုင်အောင် ကြားခဲ့ရ သဖြင့် သူ အလွန်အမင်း ငြီးငွေ့နေခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် သူတို့ နှစ်ဦး သည် နယ်စပ် မြို့လေး ထဲသို့ တစ်ယောက် နောက် တစ်ယောက် ပြန်လည် ရောက်ရှိ လာခဲ့ကြပြီးနောက် ကျိုးဝူပင်း သည် တည်းခို ခန်း တစ်ခုကို ရှာဖွေ ကာ နေထိုင်လိုက်တော့သည်။
“မင်း ပြန်လာပြီ လား”
ချီယန် သည် အစားအစာများကို အရသာ ခံစား နေပြီး အဆိပ် ငါးပါးကို ပြင်ဆင် ထားကာ တစ်ခု ပြီး တစ်ခု ဝါးစား နေ၏။
“တိုက်ပွဲ က ဘယ်လို အခြေအနေ ရှိလဲ”
“လုပ်ကြံ မှု က မအောင်မြင် ခဲ့ဘူး... လင်းရှောင် ဓားဂိုဏ်း က ကျိုးဝူပင်း ရောက်လာ ပြီး တိုက်ပွဲကို အနှောင့်အယှက် ပေးသွားတယ်”
လီယွမ် သည် အမှန် အတိုင်း အစီရင်ခံလိုက်သည်။
“နတ်ဆိုးကိုးပါး ထဲက သုံးယောက် လည်း ရောက်လာ ခဲ့တယ်... ဂူ တစ်ထောင် ၊ ဈာပန ထုံးစံ နဲ့ အမှောင် နဂါး အနီရင့်ရောင် အကြေးခွံ... သူ ကတော့ အရိပ်အယောင် တောင် မပြဘဲ ထွက်ပြေးသွားတယ်”
“လင်းရှောင် ဓားဂိုဏ်း နဲ့ ငါတို့ရဲ့ နဝမ ကူနန်းတော် ကြားမှာ သံယောဇဉ် တွေ ရှိနေပါသေးတယ်”
ထို့နောက် ချီယန် က စကား လမ်းကြောင်း လွှဲလိုက်၏။
“မင်း ရော... မင်း က သူ့ကို မသတ် နိုင်ခဲ့တာလား... ဒါမှမဟုတ် မသတ် ချင်ခဲ့တာ လား”
လီယွမ်၏ မျက်နှာ အမူအရာ မှာ လုံးဝ ပြောင်းလဲ ခြင်း မရှိပါချေ။
“ကျွန်တော့် အပေါ် ထားတဲ့ ဘိုးဘေးကြီး ရဲ့ ယုံကြည် မှု က နည်းနည်းများလွန်း နေတယ် လို့ မထင်ဘူး လား”
ချီယန် က ပြုံးလျက်
“နည်းနည်း လေး တောင် မများပါဘူး... ကူအင်မော်တယ် ရဲ့ လျှို့ဝှက်နယ်မြေ ထဲကို နှစ်ကြိမ် တောင် ဝင်နိုင်ခဲ့ပြီး တားမြစ်နယ်မြေ ကနေ အသက်ရှင် လျက် ပြန်ထွက် လာနိုင်ခဲ့တဲ့ ကူသခင် တစ်ယောက် အတွက်... နတ်ဆိုး ပါရမီရှင် အနည်းငယ် လောက်ကို သတ်ရတာ က ဘာများ ခက်ခဲ လို့လဲ”
လီယွမ် ချက်ချင်း ပင် သဘောပေါက်သွားတော့၏။
ဘိုးဘေးကြီး သည် တစ်ခုခုကို သွယ်ဝိုက် ၍ အရိပ်အမြွက် ပြနေခြင်း ဖြစ်ပြီး... သူ တစ်ခုခုကို ခန့်မှန်း မိနေပြီ ဖြစ်ကြောင်း သိသာ ထင်ရှား လှ၏။
“တပည့် အစွမ်းကုန် ကြိုးစား ခဲ့ပါတယ်”
သူ သည် တိကျ မှု မရှိသော အဖြေ တစ်ခုကိုသာ ပြန်လည် ဖြေကြားလိုက်၏။
ချီယန် က ထပ်မပြော တော့ဘဲ စားပွဲကို ပုတ်လိုက်သည်။
“ငါ တခြား ကိစ္စ တွေ မှာ ဝင်မပါ ချင်ပါဘူး... ဒါပေမဲ့ ဒီ တစ်ကြိမ် တော့ မင်း အနေနဲ့ ကြိုက်သလောက် ပြဿနာ တွေ ဖန်တီး လို့ ရပါတယ်... ငါ မင်းကို ကာကွယ် ပေးထား ပါ့မယ်”
“စိတ်မပူပါနဲ့... ချီလင် က ချီလင် ပါပဲ... သူ ဘာပဲ လုပ်လုပ် လီယွမ်ကို တာဝန် ယူခိုင်း မှာ မဟုတ်ပါဘူး”
“ညဇီးကွက်ဘုရင်ကိုယ်တိုင် ရောက်လာ ရင်တောင် အဲဒါ က ချီလင် လုပ်ခဲ့တာ ပဲ”
လီယွမ် သည် လူသိ ရှင်ကြား ထွက်ပေါ် လာရမည်ကို စိုးရိမ် နေကြောင်းကို သူ သိရှိ ထားသဖြင့် ထိုသို့ ကတိ ပေးလိုက်ခြင်း ပင် ဖြစ်၏။
“တပည့် မှတ်သား ထားပါ့မယ်”
လီယွမ် သည် 'နတ်ဆိုး အိုကြီး'များ၏ ရှေ့တွင် သူ အလွန် ငယ်ရွယ် ပြီး အတွေ့အကြုံ နုနယ် သေးကြောင်းကို သဘောပေါက်သွားတော့၏။
သူ သည် လုံးဝ အဖြူရောင် စာရွက် အလွတ် တစ်ရွက် လိုမျိုး တော့ မဟုတ်သော်ငြားလည်း အတွေ့အကြုံ အပိုင်း တွင်တော့ လုံးဝ လိုအပ် နေသေးသည် မဟုတ်ပါလော။
“အို... ဟုတ်သားပဲ”
ချီယန် က နောက်တစ်ကြိမ် ပြောလိုက်၏။
“ဒီ ရက်ပိုင်း အတွင်း အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း စာချုပ် ရဲ့ မပြည့်စုံ တဲ့ ပုံတူကို ငါ လေ့လာ နေခဲ့ပြီးတော့ စမ်းသပ် ကြည့်ခဲ့တယ်... သေဆုံးခြင်း စာချုပ် ရုပ်သေးရုပ် တွေမှာလည်း သူတို့ရဲ့ အားသာချက် တွေ ရှိနေတယ် ဆိုတာကို ငါ တွေ့လိုက် ရတယ်”
“အကယ်၍ ဒါကို သာ အဆင့်မြှင့်တင် နိုင်မယ် ဆိုရင် နဝမ ကူနန်းတော် တစ်ခုလုံး အတွက် အကျိုး ရှိစေမှာပဲ”
“မင်း စမ်းကြည့် ချင်လား”
ထိုသို့ ပြောရင်း နှင့် ချီယန် သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ... အတွင်း ခန်း ထဲမှ အနက်ရောင် အိုးကြီး သုံးလုံး ပျံသန်း ထွက်လာတော့၏။
“ဒါက... သေဆုံးခြင်း စာချုပ် ရုပ်သေးရုပ် လား”
လီယွမ် မှာ အံ့အားသင့်သွားရသည်။
“အင်း”
ချီယန် က ခေါင်းညိတ် ပြလိုက်၏။
“ဒီ အိုး သုံးလုံး ထဲမှာ သိုင်းပညာရှင် ၊ ကူသခင် နဲ့ နတ်ဆိုး တွေရဲ့ အလောင်း တွေ အသီးသီး ပါဝင် နေတယ်... အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း စာချုပ် ထဲမှာ မှတ်တမ်း တင်ထားတဲ့ နည်းလမ်း အတိုင်း ငါ ပြင်ဆင် ပြီး သန့်စင် ထားတာ”
“ပြီးတော့ ငါတို့ က အလောင်း တွေကို ထိန်းချုပ် တဲ့ နည်းလမ်း တွေကို အသုံးပြု ဖို့ စမ်းသပ် ကြည့်ခဲ့ကြတယ်”
“သာမန် ရုပ်သေးရုပ် မှော် ပညာ တွေနဲ့ ဆင်တူ တယ်... နတ်ဆိုး တွေ နဲ့ ပြုလုပ် ထားတဲ့ သေဆုံးခြင်း ရုပ်သေးရုပ် က အစွမ်းအထက်ဆုံး ပဲ... ပြီးတော့ သိုင်းပညာရှင် ရုပ်သေးရုပ် ဖြစ်ပြီး အားအနည်းဆုံး ကတော့ ကူသခင် ရုပ်သေးရုပ် ပဲ”
“ဒါပေမဲ့...”
သူ က စကားကို ခေတ္တမျှ ရပ်တန့်လိုက်၏။
လီယွမ် က အကြမ်းဖျင်း ခန့်မှန်း မိသွားပြီး ဆက်လက် မေးလိုက်သည်။
“ဒါပေမဲ့ သေဆုံးခြင်း စာချုပ် ရုပ်သေးရုပ် က သူ့ရဲ့ ယခင် ဘဝ က စွမ်းရည် အများစုကို ထိန်းသိမ်း ထားနိုင်တယ် လား... အရင် က စွမ်းအား တွေထဲက ဘယ်လောက် လောက်ကို သူ အသုံးပြု နိုင်လဲ”
ချီယန် က... ရှင်းပြလိုက်သည်။
“အဆင့်မြှင့်တင် ပြီးတဲ့ နောက်မှာတော့ ခြောက်ဆယ် ရာခိုင်နှုန်း လောက် အထိ ရောက်နိုင်တယ်... ပြီးတော့ အဆင့် ရှစ် ရုပ်သေးရုပ် တွေ အတွက် လည်း အဲဒီ လိုပဲ အသုံးပြု လို့ ရနိုင်တယ်”
လီယွမ် သည် အသက် ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိ၏။
ဒါ က နည်းနည်း တော့ ကြောက်စရာ ကောင်းတယ်...။
ရုပ်သေးရုပ် ပညာရပ်၏ အကြီးမားဆုံး သော အားနည်းချက် မှာ အဆင့် မြင့်လာ လေလေ အသုံးဝင် မှု နည်းပါး လာလေလေ ပင် ဖြစ်၏။ အကယ်၍ အဆင့် ရှစ် ရုပ်သေးရုပ် သည် ကောင်းကင်ဖြစ်စဉ် စွမ်းအားကို အသုံး မပြု နိုင်ပါက ရာနှင့်ချီသော ရုပ်သေးရုပ်များကို ပေါင်းစပ်လိုက်မည် ဆိုလျှင် ပင် အစစ်အမှန် အဆင့် ရှစ် ပညာရှင် တစ်ဦးကို အနိုင်ယူ နိုင်မည် မဟုတ်ပါချေ။
ဤ ရုပ်သေးရုပ် သည် ထို အားနည်းချက်ကိုကြီးမားစွာ ဖြေရှင်း ပေးနိုင်စွမ်း ရှိ၏။
အကယ်၍ ပြီးပြည့်စုံ အောင် ဖန်တီး နိုင်မည် ဆိုပါက ၎င်းမှာ ကူသခင် မျိုးဆက်များ အတွက် ကြီးမားလှသော အဆင့်မြှင့်တင် မှုကြီး တစ်ခု ဖြစ်လာ ပေလိမ့်မည်။
ချီယန် သည် သက်ပြင်း ရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
“ဒါကြောင့်... မင်း တားမြစ်နယ်မြေ ကနေ ထွက်လာပြီး ငါ့ကို အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း စာချုပ် ပူံတူ လာပေး တုန်းက... မင်း ပြောပြ တာကို ကြားပြီးတော့ ငါ အကြမ်းဖျင်း လောက်ပဲ ကြည့်ရဲ ခဲ့ပြီး 'အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း စာချုပ် ရုပ်သေးရုပ်' အခန်းကို ချက်ချင်း ဖျက်ဆီး ပစ်လိုက် တာပဲ”
“အဲဒါကို တကယ် လေ့လာ ကြည့်လိုက်တဲ့ အခါကျမှပဲ... အဲဒါရဲ့ ကြောက်မက်ဖွယ် ကောင်းမှု တွေကို သဘောပေါက်လာပြီး အဲဒီရဲ့ ဆွဲဆောင် မှု တွေကို သတိထား မိလာတာ... အဲဒါ က လူတွေကို တကယ်ပဲ ညှို့ယူ ဖမ်းစား ထားနိုင်ပြီး ရူးသွပ်သွားစေနိုင်တဲ့ ကူလှည့်ကွက်ကြီး တစ်ခုပဲ... နတ်ဆိုး ဆန်ပြီးကြီးကျယ် ခမ်းနား လွန်းတယ်...”
“အကယ်၍ ငါသာ ပြတ်ပြတ်သားသား အရေး မယူခဲ့ဘူး ဆိုရင်... ငါကိုယ်တိုင် လည်း အဲဒီ ထဲမှာ နစ်မြုပ်သွားမှာကို ကြောက်တယ်... အဲဒီ လိုသာ ဆိုရင် အကျိုးဆက် တွေက လုံးဝကို တွေးရဲ စရာ မရှိတော့ဘူး...”