← Chapters

သေဆုံးခြင်း ရုပ်သေးရုပ်

Vol. 20 Ch. 219

သေဆုံးခြင်း ရုပ်သေးရုပ်

Vol. 20 Ch. 219

သေဆုံးခြင်း စာချုပ် အခန်း ကပင် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းနေပြီ ဆိုလျှင် အသက်ရှင်ခြင်း စာချုပ် အခန်း ကရော ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းနေမလဲ...။

ချီယန်၏ အမြင် တွင် ၎င်းသည် မည်သည့် ကူသခင် မဆို သေချာစွာ လေ့လာပြီးသည် နှင့် တစ်ပြိုင်နက် လုံးဝ ညှို့ယူ ဖမ်းစားသွားစေနိုင်သော ပညာရပ်ကြီး တစ်ခု ပင် ဖြစ်၏။

သို့သော် ချီယန် သည် ၎င်းကို အသုံးပြု ရန် မဝံ့ရဲ ပါချေ။

၎င်းသည် ကူသခင် မျိုးဆက်များ၏ကြီးကျယ် ခမ်းနား လာမှု၏ အစ လည်း ဖြစ်နိုင်သလို သူတို့၏ကိုယ်ပိုင် ဖျက်ဆီး ခြင်း၏ အစ လည်း ဖြစ်လာ နိုင်ကြောင်းကို သူ ကောင်းစွာ သိရှိ ထား၏။

“သေဆုံးခြင်း စာချုပ် အခန်း တစ်ခုတည်း နဲ့တင် လုံလောက် နေလေပြီ”

လီယွမ် သည် လောဘ မကြီး ပါချေ။

မက်မွန်ပွင့် ကူရွာလေး၏ ကြေကွဲ ဖွယ်ရာ အဖြစ်ဆိုးများကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ယိုဆန်း၏ ကြောက်မက်ဖွယ် လုပ်ရပ်များကို လည်း မြင်တွေ့ ခဲ့ရသည် မဟုတ်ပါလော။ သနားစရာ ကောင်းပြီး ကြေကွဲ ဖွယ် ကောင်းကာ မုန်းတီး စရာ ကောင်းလွန်း သော ထို စွဲလမ်းမှုကြီးမှာ သူ၏ စိတ်ထဲတွင် ယခု ထက်တိုင် ရှင်းလင်းစွာ ကျန်ရှိ နေဆဲ ပင် ဖြစ်၏။

“ဒါပေမဲ့ သေဆုံးခြင်း စာချုပ် အခန်း ကတောင် သာမန် လူတွေကိုင်တွယ် နိုင်တဲ့ အရာ မျိုး မဟုတ်ဘူး”

“ရုပ်သေးရုပ် ရဲ့ အစွမ်းထက် တဲ့ စွမ်းရည် တွေကို ထိန်းသိမ်း ထားနိုင်တယ် ဆိုရင်တောင် အဲဒါ က ကောင်းကင် နဲ့ မြေကြီး ရဲ့ စည်းမျဉ်း တွေကို ဖောက်ဖျက် နေတာပဲ... အကယ်၍ သတိမထား မိဘူး ဆိုရင် သာမန် လူတွေ ခံနိုင်ရည် မရှိနိုင်တဲ့ တန်ပြန် သက်ရောက်မှု မျိုးကို ခံရမှာ သေချာတယ်”

“ဒုတိယ အချက် အနေနဲ့ က သန့်စင် ပြီး ပျိုးထောင် တဲ့ နေရာမှာ ခြေလှမ်း တိုင်း အတွက် မူလ ပစ္စည်း တွေ အများကြီး လိုအပ် တယ်... ဒါကြောင့် ရေတို မှာတော့ အတိုင်းအတာ တစ်ခု အထိပဲ အသုံးပြု လို့ ရနိုင်မှာပါ”

ချီယန် သည် သေဆုံးခြင်း ရုပ်သေးရုပ် နှင့် ပတ်သက်သော သူ၏ အသိပညာများကို လီယွမ် အား လုံးဝ ချန်လှပ် ထားခြင်း မရှိဘဲ သင်ကြား ပေးခဲ့၏။

“ကျွန်တော် တို့ နတ်ဆိုးကိုးပါးကို သတ်ဖြတ် ပြီးသွား တဲ့ အခါ တပည့် ဆယ့်နှစ် နဝမ ကူနန်းတော်ကို ပြန်သွား ပြီး သေချာ အသေးစိတ် လေ့လာ ပါ့မယ်”

လီယွမ် က ကြီးမားလှသော မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။

အဘိုးအို က သူ့ အတွက် အရှေ့ မှ လမ်းကို ခင်းပြ ပေးခဲ့ပြီ ဖြစ်၏။ ၎င်းကို ဖြတ်သန်း နိုင်သွားပြီ ဆိုပါက 'သေဆုံးခြင်း စာချုပ် ရုပ်သေးရုပ်'ကို ဝူမေ့၏ စွမ်းရည်များနှင့် ပေါင်းစပ် ကာ သူ အလွန် အလိုရှိ နေသော လုံးဝ သစ္စာရှိ သည့်ကိုယ်ရံတော် တပ်ဖွဲ့ တစ်ခုကို ဖန်တီး နိုင်မည်ဖြစ်၏။

မည်သည့် စစ်တပ် မျိုး ဆိုသည်မှာ အရေး မကြီး ပါချေ။

မည်သို့ ပင် ဖြစ်စေ ဝူမေ့ သည် အရာအားလုံးကို ထိန်းချုပ် နိုင်စွမ်း ရှိ၏။

“အရင်သွားနားလိုက်ဦး”

ချီယန် က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး...

“ပထမဆုံး ပြီးပြည့်စုံ တဲ့ သေဆုံးခြင်း စာချုပ် ရုပ်သေးရုပ် ထွက်လာ တဲ့ အခါကျရင် ငါ မင်းကို အကြောင်းကြားလိုက်ပါ့မယ်”

...

နတ်ဆိုး နယ်မြေ။

အိပ်မက် စခန်း တွင်…

အမှောင်ထု ထဲတွင် အိုးရန်ရှန်း သည် အနီရင့်ရောင် အကြေးခွံ နတ်ဆိုး သူတော်စင်ကို လာရောက် တွေ့ဆုံ ခဲ့၏။

“ကျွန်တော့် နာမည် က ကျန်းရှန်း ပါ... နတ်ဆိုး သူတော်စင်ကို ဂါရဝ ပြုပါတယ်”

နတ်ဆိုးများနှင့် ပူးပေါင်း ဆောင်ရွက် ရာတွင် မုရုံစု နှင့် သူ၏ လက်အောက် ငယ်သားများ အားလုံး သည် အမည်တုများကို သာ အသုံးပြု ကြသည်။

“မင်း ဒီကို ဘာလာ လုပ်တာလဲ”

အနီရင့်ရောင် အကြေးခွံ နတ်ဆိုး သူတော်စင် သည် အိုးရန်ရှန်းကို ငုံ့ကြည့် ကာ

“ငါ က မင်းတို့ကို အသုံးဝင် တဲ့ သတင်း အချက်အလက် တချို့ ပို့ပေး ဖို့ ပြောထား ခဲ့တာ... ဒါပေမဲ့ မင်းတို့ ဆီက စကား တစ်ခွန်း တောင် ထွက်မလာ တော့ ချီလင်ကို ချုံခို တိုက်ခိုက် မယ့် အစီအစဉ် က ကျရှုံးသွားခဲ့ပြီ...”

“အကယ်၍ အရေးကြီး တဲ့ အချိန်မှာ လင်းရှောင် ဓားဂိုဏ်း က ကျိုးဝူပင်း သာ ရောက်မလာ ခဲ့ဘူး ဆိုရင်... ငါတို့ အောင်မြင်သွားလောက် ပြီ... ပြီးတော့ ချီလင်ကို လည်း သွေးထွက် သံယို ဖြစ်အောင် လုပ်နိုင်ခဲ့မှာ သေချာတယ်...”

“ပြောစမ်း... မင်းတို့ တွေ က ဘာ အသုံးကျ လို့လဲ...”

ပြင်းထန် လှသော ဖိအားကြီး က အိုးရန်ရှန်း၏ ကျောရိုး အပေါ်သို့ ဧရာမ တောင်ကြီး တစ်လုံး ဖိချလိုက်သကဲ့သို့ ဖြစ်သွား စေပြီး သူ့ကို အကြိမ်ကြိမ် ကွေးညွတ်သွားစေကာ နောက်ဆုံး တွင် ဒူး နှစ်ဖက် စလုံး မြေကြီး နှင့် ထိသွား သည် အထိ ဖိနှိပ် လိုက်၏။

ထို အခါကျမှ သာ အနီရင့်ရောင် အကြေးခွံ နတ်ဆိုး သူတော်စင် က ပြုံးလျက်

“အဲဒါ က ပိုပြီး သက်သောင့် သက်သာ ရှိတာပေါ့... အခု မင်း ပြောချင် တာတွေကို ပြောလို့ ရပြီ”

အိုးရန်ရှန်း မှာ စိတ်ပျက် လက်ပျက် ဖြင့် ခေါင်းငုံ့ ထားရပြီး အရမ်းကာရော မလှုပ်ရှားရဲပါချေ။

“သခင်လေး က ကြိုတင် သဘောတူ ထားတဲ့ အတိုင်း ချီလင် ရဲ့ ဆံပင် နဲ့ သွေး နည်းနည်း လောက် ယူခဲ့ဖို့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ”

“ရော့”

အနီရင့်ရောင် အကြေးခွံ နတ်ဆိုး သူတော်စင် က လက်ကို ဝှေ့ယမ်း ကာ ပုလင်း တစ်လုံးကို လွှင့်ပစ် ပေးလိုက်၏။

“အဲဒါ တကယ် အလုပ် ဖြစ်မယ် ဆိုတာ သေချာ ရဲ့လား”

“ကျွန်တော် တို့ ရဲ့ သခင်လေး က အရာရာကို အသေးစိတ် တွက်ချက် တတ်ပြီး ဘယ်တော့မှ အမှား မလုပ်ပါဘူး”

အနက်ရောင်မှော် ပညာရပ်များကို သခင်လေး အား သဲကန္တာရကိုယ်စားလှယ် က သင်ကြား ပေးခဲ့ခြင်း ပင် ဖြစ်သည်။ ၎င်းကို အသုံးပြု ရန် အလွန်အမင်း ရှုပ်ထွေး ခက်ခဲ လှပြီး တန်ဖိုး မဖြတ် နိုင်သော အဖိုးတန် မူလ ပစ္စည်းများစွာ လိုအပ် ၏။

သဲကန္တာရကိုယ်စားလှယ်၏ အဆို အရ အဆင့်မြင့် အနက်ရောင်မှော် ပညာများကို အသုံးပြု ကာ အဆင့် ရှစ် ပညာရှင်များကို အဝေး မှနေ၍ သတ်ဖြတ် နိုင်ပြီး အဆင့်ကိုး ပညာရှင်များကို ပင် ဒဏ်ရာ ရစေနိုင် ကြောင်း သိရ၏။

ထို့ကြောင့် အိုးရန်ရှန်း သည် အလွန်အမင်း ယုံကြည် မှု ရှိနေခြင်း ပင် ဖြစ်တော့သည်။

“ချီလင် မှာ သူ့ကို ကာကွယ် ပေးနေတဲ့ အစွမ်းထက် တဲ့ အကြီးအကဲ တစ်ယောက်ယောက် ရှိနေလား”

အနီရင့်ရောင် အကြေးခွံ နတ်ဆိုး သူတော်စင် က နောက်တစ်ကြိမ် မေးလိုက်၏။

“နဝမ ကူနန်းတော် ရဲ့ ဘိုးဘေးကြီး ပါဝင် ပတ်သက် နေဖို့ကိုးဆယ် ရာခိုင်နှုန်း လောက် သေချာ ပါတယ်”

အိုးရန်ရှန်း က ခါးသီးစွာ ပြုံးလိုက်သည်။

မည်သို့ ပင် ဖြစ်စေ ချီလင် သည် ကူလမ်းစဉ်၏ အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်ပြီး နောက်တစ်ကြိမ် မုန်တိုင်း၏ မျက်စိ ထဲသို့ ရောက်ရှိ နေပြန်ပြီ ဖြစ်ရာ နဝမ ကူနန်းတော် မှ အင်အားကြီး ပုဂ္ဂိုလ်များ က ၎င်းကို ရိုးရှင်းစွာ လျစ်လျူရှု ထားမည် မဟုတ်ပါချေ။

ထို့ကြောင့် သူတို့ အနေဖြင့် လူငယ် မျိုးဆက်များ ကြားရှိ ယှဉ်ပြိုင် မှုများကို အခွင့်ကောင်း ယူကာ ချီလင်ကို သတ်ဖြတ် ရန် သာ ရွေးချယ် နိုင်တော့သည်။

လူကြီး မျိုးဆက်များ ဝင်ရောက် စွက်ဖက်လာပြီးနောက် တွင်မူ သူတို့ အတွက် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။

ဤ သည်မှာ လောလောဆယ် အတွက် နှစ်ဖက် စလုံး ကြားရှိ တိတ်တဆိတ် သဘောတူညီ ချက် တစ်ခု ပင် ဖြစ်၏။ကြီးမားသော စစ်ပွဲကြီး အချို့ မှ လွဲ၍ မည်သည့် ဖက်မှ လူကြီး မျိုးဆက် ပညာရှင်များက ဝင်ရောက် မတိုက်ခိုက်ကြချေ။

“အဲဒီ အဘိုးကြီး က နည်းနည်း တော့ ဒုက္ခ ပေးနိုင်တယ်”

ကျန်းလင်း သည် နဝမ ကူနန်းတော် မှ ဘိုးဘေးကြီး နှင့် ကြာပန်းနက် နတ်ဆိုး ဧကရာဇ် တို့ ကြားရှိ ခေတ္တမျှ ထိပ်တိုက် ရင်ဆိုင် မှုကို အဝေး မှနေ၍ စောင့်ကြည့် ခဲ့ဖူး၏။ ထိုကဲ့သို့သော စွမ်းအား မျိုးမှာ သူ့ အတွက် လုံးဝ လက်လှမ်း မမီ နိုင်သော အရာ ပင်။

တာ့ယန် တွင် ဖြစ်စေ နတ်ဆိုး နယ်မြေ တွင် ဖြစ်စေ နဝမ ကူနန်းတော် ဘိုးဘေးကြီး သည် အစွမ်းအထက်ဆုံး သော ပုဂ္ဂိုလ်များ ထဲမှ တစ်ဦး အပါအဝင် ဖြစ်၏။

“ဒါကြောင့်... ဒါက ကျွန်တော်တို့ ရဲ့ တစ်ခုတည်း သော အခွင့်အရေး ပဲ”

အိုးရန်ရှန်း က ပြောလိုက်သည်။

“အကယ်၍ ဒီ တစ်ကြိမ် မှာ ချီလင်ကို ငါတို့ မသတ် နိုင်ဘူး ဆိုရင်... အနာဂတ် မှာ သူ့ကို သတ်ဖို့ ဆိုတာ အများကြီး ပိုပြီး ခက်ခဲသွားလိမ့်မယ်”

“ပြဿနာ က ကျိုးဝူပင်း ကလည်း ဒီ ကိစ္စ မှာ ပါဝင် ပတ်သက် နေသေးတာပဲ... ဒါကြောင့် ဘေးကင်း တဲ့ ရလဒ် တစ်ခု ရဖို့ကို အာမခံ ချက် ပေးဖို့ အရမ်း ခက်တယ်”

အနီရင့်ရောင် အကြေးခွံ နတ်ဆိုး သူတော်စင် က မျက်ခုံးများ တွန့်လိုက်၏။

“ဒီလူကို ကျွန်တော်တို့ ဆီ အပ်ထားလိုက်ပါ”

အိုးရန်ရှန်း က ထို တာဝန်ကို တိုက်ရိုက် တာဝန် ယူလိုက်သည်။

အနီရင့်ရောင် အကြေးခွံ နတ်ဆိုး သူတော်စင် သည် အဓိပ္ပာယ် ပါပါ ပြုံးလိုက် ကာ

“ဘာလို့ မင်းတို့ ရဲ့ သခင်လေး က ငါတို့ နတ်ဆိုး နယ်မြေ ထက်တောင် ချီလင်ကို ဖယ်ရှား ဖို့ ပိုပြီး စိတ်အား ထက်သန် နေရတာလဲ... သူ က တကယ်ပဲ အဲဒီ လောက်တောင် စိတ်မရှည် ဖြစ်နေတာ လား”

“အမှန်တကယ် တော့...”

အိုးရန်ရှန်း လည်း ရယ်လိုက်ပြီး

“ချီလင် မှာ အခြား ထူးခြားတဲ့ကိုယ်ပိုင် အမှတ်အသား တစ်ခု ရှိသေးတယ် လေ... အကယ်၍ အဲဒါကို သာ ကျွန်တော် ထုတ်ပြောလိုက်မယ် ဆိုရင် နတ်ဆိုး နယ်မြေ က သေချာပေါက် သူ့ကို ချက်ချင်း သတ်ပစ် ချင်လာ လိမ့်မယ်”

“အို...”

ကျန်းလင်း၏ စိတ်ဝင်စား မှုများ မြင့်တက် လာတော့၏။

“သူ့ရဲ့ကိုယ်ပိုင် အမှတ်အသား က ဘာလဲ”

အိုးရန်ရှန်း က ပြောလိုက်သည်။

“အနီရင့်ရောင် အကြေးခွံ နတ်ဆိုး သူတော်စင် အနေနဲ့ အဲဒီ အကြောင်းကို ကြားဖူး ပြီးသား လို့ ကျွန်တော် ယုံကြည် ပါတယ်... သဲကန္တာရ နိုင်ငံကြီး ဆယ့်ခြောက် နိုင်ငံ ကနေ ထူးခြား ထက်မြက် တဲ့ သူတော်စင်မလေး တစ်ပါး ထွက်ပေါ် လာခဲ့တယ်လေ... သူမ ရဲ့ သွေး မျိုးဆက် က အရမ်းကို သန့်စင် ပြီး သဲကန္တာရ ဧကရီ ရဲ့ ထီးနန်းကို တက်လှမ်း တော့မှာ”

“ငါ သိပါတယ်”

နတ်ဆိုး နယ်မြေ သည် တာ့ယန် အင်ပါယာ နှင့် သဲကန္တာရ နိုင်ငံကြီး ဆယ့်ခြောက် နိုင်ငံ တို့ နှင့် အမြဲတမ်း ဆန့်ကျင် ဘက် ဖြစ်နေခဲ့သည် မဟုတ်ပါလော။ ကျန်းလင်း သည် ထို ဒေသ နှစ်ခု စလုံး၏ အဓိက အဖြစ်အပျက်များကို ကောင်းစွာ သိရှိ ထား၏။

“အဲဒါ က ချီလင် နဲ့ ဘာဆိုင် လို့လဲ”

“သေချာပေါက် ဆိုင်တာပေါ့... ပြီးတော့ အဲဒီ ဆက်စပ် မှု က အတော်လေးကြီးမားတယ်... ခင်ဗျား ဒါကို သိချင်မှ သိလိမ့်မယ်... ဒါပေမဲ့ ချီလင် က တကယ်တော့... အဲဒီ သူတော်စင်မလေး ရဲ့ တစ်ဦးတည်း သော ချစ်သူ ပဲ...”

အိုးရန်ရှန်း အနေဖြင့် အမှန် နှင့် အမှားများကို ခွဲခြား နေရန် မလိုအပ် ပါချေ။ ဤ အမည် တပ်မှုကို ချီလင်၏ ခေါင်းပေါ် သို့ တိုက်ရိုက် ပုံချလိုက်ရုံ ပင် ဖြစ်၏။

ချီလင် သည် လီယွမ် ဖြစ်သည် ဖြစ်စေ မဖြစ်သည် ဖြစ်စေ ထို အချက် က နတ်ဆိုး နယ်မြေ၏ သတ်ဖြတ် လိုသော ဆန္ဒများကို ပိုမို အားကောင်း လာစေမည် သာ ဖြစ်၏။

၎င်းက မုရုံ မိသားစုကိုသာ အကျိုး ရှိစေမည် မဟုတ်လား။

မမျှော်လင့် ဘဲ ကျန်းလင်း က အထင်သေး သော အကြည့် ဖြင့် ကြည့်လိုက် ကာ

“ငါ က ဘာ အရေးကြီး တဲ့ ကိစ္စများလဲ လို့... ဘာ ချစ်သူ လဲ... မင်း အနေနဲ့ အချိန်မရွေး နောက်တစ်ယောက် ပြောင်းလို့ ရတာပဲ လေ”

“မင်းတို့ တာ့ယန် လူတွေ ပြောလေ့ ရှိတဲ့ စကား တစ်ခွန်း ရှိတယ် မလား”

“လင်မယား တွေ ဆိုတာ တော အုပ် တစ်ခု တည်း က ငှက် တွေ လိုပဲ... ကပ်ဘေးကြီး ရောက်လာ တဲ့ အခါကျရင် သီးခြား စီ ထွက်ပြေး ကြတာပဲ... 'တစ်ဦးတည်း သော' ဒါမှမဟုတ် 'ချစ်သူ' ဆိုတဲ့ အဓိပ္ပာယ် က ဘာလဲ... အဲဒါ တွေ အားလုံး က ယာယီ စိတ်ခံစား မှု တွေ သက်သက် ပဲ... လိမ်ညာ မှု တွေ ချည်းပဲ...”

ကျန်းလင်း က ထို အရာများကို လုံးဝ မယုံကြည် ပါချေ။

“လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင် နီးပါး သမိုင်း တစ်လျှောက် မှာ ဒီလို အခြေအနေ မျိုး တစ်ခါမှ မဖြစ်ပေါ် ခဲ့ဖူးဘူး... ဒါပေမဲ့ နင်ဟုန်ယွီ က ဒီ ပုံစံကို ချိုးဖျက် နိုင်မယ့် အလားအလာ တွေ ရှိနေတယ် ဆိုတာကို ခင်ဗျား တွေးကြည့် ဖူးလား”

“သဲကန္တာရ နိုင်ငံကြီး ဆယ့်ခြောက် နိုင်ငံကို တာ့ယန် အင်ပါယာကြီး နဲ့ ပူးပေါင်း ပြီး နတ်ဆိုး နယ်မြေကို အတူတကွ တိုက်ခိုက် အောင် လုပ်နိုင်တဲ့ အလားအလာ မျိုး လေ”

“အကယ်၍ ဖြစ်နိုင်ချေ အနည်းငယ် လောက် ပဲ ရှိနေမယ် ဆိုရင်တောင် ခင်ဗျား အနေနဲ့ အကောင်း နဲ့ အဆိုး တွေကို ချိန်ဆ ကြည့်သင့် ပြီး ဒီ အန္တရာယ်ကို အမြစ် ကနေ ဖြတ်ပစ် သင့်တယ်”

နှစ်များစွာ ကြာလာသည် နှင့် အမျှ အိုးရန်ရှန်း သည်ကိုယ်စားလှယ် တစ်ယောက် အနေဖြင့် အင်ပါယာကြီး ပြန်လည် တည်ထောင် ရေး အတွက် အင်အားစု အများအပြားကို လှည့်လည် စည်းရုံး ခဲ့၏။ သူ သည် အပြောအဆို ညက်ညော ပြီး အရေးမကြီး သော အရာများကို ရှောင်ကွင်း ကာ အရေးကြီး သော အရာများ အပေါ် အာရုံစိုက် ပြီး လူများ၏ စိတ်ခံစား မှုများကို မည်သို့ လှုံ့ဆော် ရမည်ကို ကောင်းစွာ သိရှိ ထားလေသည်။

“မင်း ပြောတာ လည်း အမှန် တရား နည်းနည်း တော့ ပါပါတယ်... ဒါပေမဲ့ သိပ် အများကြီး တော့ မဟုတ်ဘူး”

ကျန်းလင်း က လုံးဝ စိတ်ဝင်စား မှု မရှိသေး ပါချေ။

“အကယ်၍ ချီလင်ကို သတ်လိုက် တာ ကကြီးမား တဲ့ အောင်မြင်မှုကြီး တစ်ခု ဖြစ်လာ နိုင်ပြီး နတ်ဆိုး နယ်မြေ က လောကကြီး တစ်ခုလုံးကို စည်းလုံး နိုင်အောင် ကူညီ ပေးနိုင် လိမ့်မယ် လို့ ကျွန်တော် ပြောရင် ကော”

အိုးရန်ရှန်း က နောက်တစ်ကြိမ် ပြောလိုက် ပြန်သည်။

ကျန်းလင်း က မျက်လုံးများကို မှေးစင်းလိုက်၏။

“မင်း တော်တော်လေး သတ္တိ ကောင်းတာပဲ... မင်း က ငါ့ရဲ့ စိတ်ဝင်စား မှုကို ဆွဲဆောင် နိုင်ခဲ့ပြီ... အကယ်၍ မင်း ပြောတဲ့ အတိုင်း ငါ့ကို မကျေနပ် စေနိုင်ဘူး ဆိုရင်တော့ အကျိုးဆက် က အရမ်းကို ဆိုးရွားသွားလိမ့်မယ်...”

“ကျွန်တော် အရမ်းကာရော ပြောနေတာ မဟုတ်ပါဘူး”

အိုးရန်ရှန်း သည် လက် နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်သည်။

“နင်ဟုန်ယွီ က ကူသခင် တစ်ယောက် ပါ... ပြီးတော့ သူ့ရဲ့ သက်စောင့်ကူ က စစ်မှန်သော ချစ်ခြင်းကူကောင် ပါ... သူမ ဆီမှာ လူ တစ်ယောက် တည်း အတွက် သာ ရည်ရွယ် တဲ့ အချစ် စစ် တစ်ခု ပဲ ရှိတာပါ”

“အကယ်၍ ချီလင် ရဲ့ ကြေကွဲ ဖွယ်ရာ သေဆုံး မှု သတင်းကို သာ သူ သိသွား ခဲ့မယ် ဆိုရင် သူမ သေချာပေါက် ရူးသွပ်သွားလိမ့်မယ်... ပြီးတော့ သဲကန္တာရကြီး တစ်ခုလုံး လည်း ဖရိုဖရဲ ဖြစ်သွား လိမ့်မယ်...”

“အဲဒီ အခါကျရင် နတ်ဆိုး နယ်မြေ က သဲကန္တာရကြီးကို သိမ်းပိုက် ဖို့ အဲဒီ အခွင့်အရေးကို အသုံးချ လို့ ရပြီလေ... သဲကန္တာရ ရဲ့ အနှောင့်အယှက် တွေ မရှိတော့ဘူး ဆိုရင် တာ့ယန်ကို ဝါးမြိုပစ်ဖို့ ဆိုတာ အချိန် ပြဿနာ တစ်ခု သက်သက် ပဲ...”

အိုးရန်ရှန်း၏ တာဝန် မှာ ရေများကို နောက်ကျိသွားအောင် လုပ်ရန် သာ ဖြစ်၏။

ထိုနောက်ပိုင်း ရေလွှမ်းမိုး မှုကြီး ဖြစ်လာ လိမ့်မည် လား မဖြစ်လာ ဘူးလား ဆိုသည် မှာ သူ ဂရုစိုက် ရမည့် ကိစ္စ မဟုတ်တော့ပါချေ။

“စိတ်ဝင်စား စရာ ပဲ... စိတ်ဝင်စား စရာ ပဲ... ဟား ဟား ဟား ဟား...”

ကျန်းလင်း သည် အားရပါးရ ရယ်လိုက်သည်။

ဤ အရာက အမှန်တကယ် ပင်ကြီးမားလှသော ကိစ္စကြီး တစ်ခု ဖြစ်၏။

အကယ်၍ သူ သာ အောင်မြင် ခဲ့မည် ဆိုပါက နတ်ဘုရား က သူ့ကို သေချာပေါက်ကြီးမားလှသော ဆုလာဘ် တွေ ပေးသနား လိမ့်မည်ဖြစ်ပြီး နတ်ဆိုး ဧကရာဇ် ဆိုသော ဘွဲ့ကို ပင် ချီးမြှင့် လာနိုင်ချေ ရှိ၏။

“ကောင်းပြီလေ... ဒါဆို လည်း သဘောတူလိုက်ပြီ...”

ကျန်းလင်း သည် လှေကား ထစ်များ မှ ဆင်းလာ ပြီး ဒူးထောက် နေသော အိုးရန်ရှန်းကို ကိုယ်တိုင်ကိုယ်ကျ တွဲထူလိုက်၏။

“ဒီနေ့ ငါ အရမ်းကို ကျေနပ် အားရ မိတယ်... အခုတော့ နောက်ထပ် ရက် အနည်းငယ် လောက် စောင့်ကြည့် ကြတာပေါ့... အဲဒါ က မဖြစ်မနေ အောင်မြင် ရမယ်...”

အိုးရန်ရှန်း က ရယ်လိုက်ပြီး ပြောလိုက် လေတော့၏။

“ခင်ဗျား နဲ့ ကျွန်တော် တို့ သခင်လေး နဲ့သာ ပူးပေါင်းလိုက်မယ် ဆိုရင်... ချီလင် က သေချာပေါက် သေရတော့ မှာပါ...”

All Chapters