ဘယ်သူ က ဘယ်သူ့ ထောင်ချောက် ထဲ ကျသွား တာလဲ
Vol. 20 Ch. 220
ရက် အနည်းငယ် ကြာပြီးနောက်
လီယွမ် သည် အိပ်မက် ကုန်းပြင်မြင့် ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက် ခဲ့ပြီး သူ၏ အမဲလိုက်မှုကို စတင်လိုက်သည်။ တာ့ယန် အင်ပါယာ နှင့် နတ်ဆိုး နယ်မြေ နှစ်ဖက် စလုံး မှာ သူတို့၏ ပါရမီရှင်များ သည် ဤ နယ်မြေ၏ ထိန်းချုပ်မှု အတွက် တိုက်ခိုက် ကြတော့မည်ကို သိရှိ ထားကြသဖြင့် ကင်းထောက် အမြောက်အမြားကို မစေလွှတ်ကြ တော့ပါချေ။
“ဒီနေရာ က နည်းနည်းတော့ ခြောက်ကပ် နေသလိုပဲ”
ကင်းထောက် ကူကောင် တွေ ရဲ့ စောင့်ကြည့် ဧရိယာ အတွင်း မှာ နတ်ဆိုး တွေ ရဲ့ အရိပ်အယောင် က အတော်လေး နည်းပါး နေ၏။
ဓားနတ်သမီး၏ အသိစိတ်များ အပြည့်အဝ နိုးထ လာစေရန် အတွက် ပိုမို စိတ်လှုပ်ရှား ဖွယ် ကောင်းသော တိုက်ပွဲ တစ်ခု လိုအပ် နေပြီ ဟု လီယွမ် ခံစား နေရသည်။
လွင်ပြင်ကြီး ပေါ်တွင် တစ်ညလုံး လျှောက်လှမ်း ပြီးနောက်
သူတို့ နှစ်ဦး သည် နတ်ဆိုး ကင်းထောက် အဖွဲ့ တစ်ဖွဲ့ကို ရှာဖွေ တွေ့ရှိ ခဲ့ပြီး အားလုံးကို သတ်ဖြတ် ပစ်လိုက် ကြသည်။ထို့နောက် နောက်ထပ် အေးဆေး ငြိမ်သက် သော ရက် အနည်းငယ် ကုန်လွန်သွားပြီးမှ ဒုတိယမြောက် နတ်ဆိုး အဖွဲ့ကို တွေ့ရှိ ခဲ့ပြန်သည်။
“သူတို့တွေ ငါနဲ့ မတိုက်ချင် လို့ ပုန်းနေ ကြတာလား”
လီယွမ် က မျက်ခုံးများ တွန့်လိုက်သည်။ သူ ထုတ်ဖော် ပြသ ထားသော စွမ်းအား မှာ ကျန်းလင်း ကဲ့သို့သော ပြိုင်ဘက် မျိုးကို ကြောက်ရွံ့သွားစေရန် မလုံလောက် သေးကြောင်းကို သူ ကောင်းစွာ သိရှိ ထား၏။
ထို နေ့က ကျန်းလင်း သည် အဝေး မှ နေ၍ တစ်ချက် သာ လှုပ်ရှား ခဲ့သော်ငြား လည်း ၎င်းမှာ အခြေအနေ တစ်ခုလုံးကို ခန့်မှန်း ရန် လုံလောက် နေခဲ့သည် ။ ကျန်းလင်း၏ စွမ်းအား မှာ နတ်ဆိုး အခွံမာ ဂူ တစ်ထောင် နှင့် ဆူး ဈာပန ထုံးစံ တို့ထက် များစွာ သာလွန် နေ၏။
“ဒါမှမဟုတ် ကျိုးဝူပင်းကို ကြောက်နေ ကြတာလား”
လီယွမ် သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထို အတွေးကို ချက်ချင်း ပယ်ဖျက်လိုက်သည်။နတ်ဆိုးကိုးပါး အတွက် ကျိုးဝူပင်း ဆိုသည်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာ နှင့် ခြိမ်းခြောက်မှု တစ်ခု မျှသာ ဖြစ်ပြီး သူတို့ကို တိုက်ပွဲ မှ နောက်ဆုတ်သွားစေရန် မစွမ်းသာ ပါချေ။
“ကြည့်ရတာ သူတို့တွေ တစ်ခုခုကြီးကြီးမားမား ပြင်ဆင် နေကြတဲ့ ပုံပဲ”
သူ့ နောက်ကွယ် တွင် ဘိုးဘေးကြီး ရှိနေသဖြင့် လီယွမ် မှာ လုံးဝ ကြောက်ရွံ့ ခြင်း မရှိပါချေ။ သူ သည် သူ အလိုရှိ သော အရာကို အမြန်ဆုံး ရယူ ပြီး ဤ နယ်စပ် ခရီးစဉ်ကို အဆုံးသတ် ချင်နေမိတော့သည်။
နောက်ထပ် တစ်ရက် ကုန်လွန်သွားခဲ့ပြန်လေပြီ။
လီယွမ် သည် မြူခိုးများ ကြားတွင် လျှောက်လှမ်း နေစဉ် ရုတ်တရက် မကောင်းသော အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။
“ဂလု... ဂလု”
အမြဲတမ်း တိတ်ဆိတ် နေတတ်သော ရှစ်ခွင်လွှမ်း ကံကြမ္မာကူ မှာ ရုတ်တရက် ထွက်ပေါ် လာတော့သည်။
“ရွှေရောင် ရတနာ လေး... ဘာဖြစ်လို့လဲ”
လီယွမ် က မေးလိုက်သည်။
“ဂလု... ဂလု...”
ရွှေရောင် ရတနာ လေး၏ လုံးဝန်းသော ခန္ဓာကိုယ် မှာ ထို နေရာ တွင်ပင် အဆက်မပြတ် လည်ပတ် နေပြီး သူ၏ စိုးရိမ် မှုကို အပြင်းအထန် ဖော်ပြ နေတော့သည်။
ရှစ်ခွင်လွှမ်း ကံကြမ္မာကူ သည် ကောင်းသော ကံကြမ္မာများကို ဆွဲဆောင် နိုင်ပြီး ဘေးအန္တရာယ်များကို ရှောင်ကွင်း နိုင်သော စွမ်းရည် ရှိသည်။၎င်းက လီယွမ် ထံသို့ အန္တရာယ်ကြီး တစ်ခု နီးကပ် နေပြီ ဖြစ်ကြောင်း သတင်း ပေးပို့ နေခြင်း ပင် ဖြစ်၏။
လီယွမ် သည် လုံးဝ ပေါ့ဆ ၍ မရတော့ပါချေ။ ရွှေရောင် ရတနာ လေး သည် သူ၏ စွမ်းရည်များကို ထုတ်ပြ ခဲလှပြီး တားမြစ်နယ်မြေ ထဲတွင် ပင်လျှင် ဤမျှလောက် ပြင်းပြသော စိတ်ခံစားမှု မျိုးကို မပြသဖူးပါ။
“သွားကြရအောင်...”
ထိုသို့ တွေးလိုက်သည် နှင့် လီယွမ် သည် ချက်ချင်း ပင် လှည့်ပြန်လိုက်ပြီး နယ်စပ် မြို့လေး ဆီသို့ ဦးတည် ဆုတ်ခွာလိုက်တော့သည်။ထို အချိန် တွင် ပင် ကင်းထောက် ကူကောင်များ၏ စောင့်ကြည့် ဧရိယာ အစွန်း ဘက်တွင် ချီ စွမ်းအင် နှစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ထံသို့ အဟုန်ပြင်းစွာ တိုးဝင် လာကြသည်။၎င်းတို့မှာ နတ်ဆိုး အခွံမာ ဂူ တစ်ထောင် နှင့် ဆူး ဈာပန ထုံးစံ ပင် ဖြစ်သည်။
“ဒါ က သေချာပေါက် ထောင်ချောက် ပဲ”
နတ်ဆိုး နယ်မြေ အနေဖြင့် သူ၏ တည်နေရာကို မည်သို့ တိတိကျကျ သိရှိ ပြီး ချုံခို တိုက်ခိုက် နိုင်သနည်း ဆိုသည်ကို လီယွမ် မသိရှိ ပါချေ။ သူ သည် မရေရာသော အခြေအနေ မျိုးတွင် သတိကြီးစွာ ထားပြီး ဆုတ်ခွာ ရန်သာ ဆုံးဖြတ်လိုက်သည်။
“အီးဟီး…”
ထူးဆန်းသော ငိုကြွေး သံကြီး တစ်ခု က ဟိန်းဟောက် ထွက်ပေါ် လာသည်။ထို စူးရှသော အသံ မှာ အရပ် မျက်နှာ အသီးသီး မှ လာခြင်း မဟုတ်ဘဲ လီယွမ်၏ စိတ်ထဲတွင် တိုက်ရိုက် ပဲ့တင် ထပ်နေခြင်း ဖြစ်ကာ ကောင်းကင် နှင့် မြေကြီး၏ စည်းမျဉ်းများ မှတစ်ဆင့် သက်ရောက် လာသကဲ့သို့ ရှိပြီး ရှောင်လွှဲ ရန် လမ်းစ မရှိတော့ပေ။
“ဒါ က ဘာ အဓိပ္ပာယ် လဲ...”
နတ်ဆိုး မျိုးနွယ်စုများ မှာ အမျိုးအစားများပြား လှပြီး မရေမတွက် နိုင်သော စွမ်းရည် ဆန်းများ ရှိကြသည် မဟုတ်ပါလော။ ဤသည်မှာ လီယွမ် တစ်ခါမှ မမြင်ဖူးသော မြင်ကွင်း မျိုး ဖြစ်နေ၏။
“ရွှေရောင် ရတနာ လေး...”
လီယွမ်၏ မျက်လုံးများမှာ မှေးစင်းသွားတော့သည်။
“ဂလု...”
ရွှေရောင် ရတနာ လေး၏ ဖောင်းကားသော ခန္ဓာကိုယ် မှာ လှုပ်ရှားသွားသည်။
“ငါ မင်းကို တာဝန် တစ်ခု ပေးမယ်... ဒီ ဘေးအန္တရာယ် ရဲ့ မူလ မြစ်ဖျားကို ရှာပါ.. မင်း လုပ်နိုင် မလား...”
လီယွမ် သည် အမြဲတမ်း ခုခံ နေရသော အခြေအနေ မျိုးကို မနှစ်သက် ပါချေ။
မည်သူ မှန်း မသိသော သူ တစ်ယောက်၏ ခြိမ်းခြောက် မှုကို ခံနေရခြင်း က အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည် မဟုတ်ပါလော။ ထို အန္တရာယ်ကို အမြစ် ကနေ ဖယ်ရှား ပစ်နိုင်မှ သာ ဖြစ်မည်။
“ဂလု...”
ရွှေရောင် ရတနာ လေး က အစွမ်းကုန် ကြိုးစား မည်ဖြစ်ကြောင်း ပြန်လည် အချက်ပြလိုက်သည်။
“အရေးကြီး တဲ့ အချိန် ကျရင် ငါ ကောင်းကင် နဂါး ချီ ကျင့်စဉ်ကို အသက်သွင်း ပြီးတော့ အဲဒီ လူကို ရှာဖို့ မင်းကို ကူညီ ပေးမယ်”
ရှစ်ခွင်လွှမ်း ကံကြမ္မာကူ နှင့် ကောင်းကင် နဂါး ချီ ကျင့်စဉ် တို့ ပေါင်းစပ်လိုက်ပါက ၎င်း၏ စွမ်းအားကို အမြင့်ဆုံး အထိ ထုတ်ဖော် နိုင်မည်ဖြစ်၏။
“ဝီ…”
လီယွမ် စကား ပြော၍ အဆုံး တွင် ပင် သူ သည် မူးဝေသွားသလို ခံစားလိုက်ရပြီးနောက် ထက်မြက်သော လက်နက် တစ်ခု က သူ၏ ခေါင်းထဲသို့ ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရပြန်သည်။ဤမျှ ပြင်းထန်သော ထိုးနှက်မှု က သူ့ကို တွေဝေသွားစေခဲ့ပြီး လောကကြီး ရှိ အမျိုးမျိုးသော လမ်းစဉ်များ၏ ဆန်းကြယ် မှုကို နောက်တစ်ကြိမ် သက်သေပြ နေသကဲ့သို့ ရှိသည်။
ထို တွေဝေ နေသော ခေတ္တ အချိန်လေး အတွင်းမှာပင် နတ်ဆိုး အခွံမာ ဂူ တစ်ထောင် နှင့် ဆူး ဈာပန ထုံးစံ တို့မှာ မှီလာ ခဲ့ကြပြီး သူ၏ အရှေ့ နှင့် အနောက်ကို ပိတ်ဆို့လိုက်ကြသည်။ယခု တစ်ကြိမ် တွင်မူ နတ်ဆိုး နှစ်ကောင် စလုံး က သူတို့၏ 'အစစ်အမှန် ခန္ဓာကိုယ်'များကို ချက်ချင်း ထုတ်ဖော်လိုက်ကြတော့သည်။သလင်းကျောက် အခွံများဖြင့် ဖုံးလွှမ်း ထားသော သင်းခွေချပ်ကြီး က ရှေ့ဆုံး မှ တိုးဝင်လာပြီး လီယွမ်ကို အသက်ရှူ ချိန် ပင် မပေးဘဲ အဆက်မပြတ် တိုက်ခိုက် သည်။
“အာဏာရှင် နှလုံးသား... မြွေဆိုး...”
လီယွမ် သည် ကောင်းကင်ဖြစ်စဉ်ကို အတင်းအကြပ် အသက်သွင်း ကာ တန်ပြန် တိုက်ခိုက်လိုက်သည်။
“ဝီ…”
သူ လှုပ်ရှားလိုက်သည် နှင့် တစ်ပြိုင်နက် ထက်မြက်သည့် အရာ တစ်ခု က သူ၏ စိတ်ကို နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြန်ရာ ပြင်းထန်သော နာကျင်မှု ကြောင့် သူ၏ မျက်စိ၊ နား၊ နှာ၊ ပါးစပ် တို့မှ သွေးများ ပန်းထွက် လာတော့သည်။
“ချွီ...”
ဝူမေ့ မှာ ဒေါသ အလိပ်လိုက် ထွက်သွား တော့သည်။ သူမ သည် ပေါင်းစပ် ခြင်း စွမ်းရည်ကို အသုံး မပြု ဘဲ နှင့် ပင် မိမိ ဖာသာ ဦးဆောင် ကာ တိုက်ခိုက်လိုက်ပြီး ပင့်ကူအိမ် အလွှာလိုက် ရက်လုပ် ကာ နတ်ဆိုး အခွံမာ ဂူ တစ်ထောင်ကို ခေတ္တမျှ တားဆီးလိုက်သည်။ ထို အခွင့်အရေးကို အသုံးချ ကာ လီယွမ် သည် ကောင်းကင် နဂါး ချီ ကျင့်စဉ်ကို အသက်သွင်း ပြီး ထို 'ဘေးဒုက္ခ'၏ အရင်းအမြစ်ကို ခြေရာခံ ရန် ကြိုးစားလိုက်သည်။
သို့သော် ဆူး ဈာပန ထုံးစံ၏ တိုက်ခိုက်မှုများက တစ်ခု ပြီး တစ်ခု ရောက်လာ ခဲ့ပြီး သူ့ကို အဆက်မပြတ် နှောင့်ယှက် နေတော့သည်။သူတို့၏ တိုက်ခိုက်မှုများမှာ ကြိုတင် စီစဉ် ထားခြင်း ဖြစ်ပြီး ထို 'ပြဿနာ' အတွက် အခွင့်အရေး ဖန်တီး ပေးနေခြင်း ဖြစ်ကြောင်း သိသာ ထင်ရှား လှ၏။
“မင်းတို့ ရဲ့ ခေါင်းဆောင် ကျန်းလင်း က ဘာလို့ အခုထိ ထွက်မလာ သေးတာလဲ...”
လီယွမ် သည် အကျပ်အတည်း နှင့် ကြုံတွေ့ နေရပုံ ရသော်ငြား လည်း သူ စိုးရိမ် ပူပန် နေခြင်း မရှိပါချေ။
သူ၏ မျက်လုံး တစ်ဖက်စီ တွင် အဖြူရောင် မျက်လုံးအိမ်များ ပေါ်ထွက်လာပြီး သလင်းကျောက် မျက်လုံးအိမ် အမြွှာကို အသက်သွင်း ကာ ဈာပန ထုံးစံ နှင့် ဂူ တစ်ထောင် တို့၏ တိုက်ခိုက်မှု လမ်းကြောင်းများကို ဖမ်းယူလိုက်သည်။
ကျန်းလင်း မှာမူ အမှောင် ထဲတွင် ပုန်းကွယ် နေပြီး လီယွမ် က သူ၏ ဝှက်ဖဲများကို ထုတ်သုံး မည့် အချိန်ကို စောင့်ဆိုင်း နေခြင်း ဖြစ်ရပေမည်။
သို့သော် ဂူ တစ်ထောင် နှင့် ဈာပန ထုံးစံ တို့၏ စွမ်းဆောင်ရည်များ ဖြင့် သူ့ကို အခြားသော နည်းလမ်းများ ထုတ်သုံး အောင် ဖိအားပေး ရန် မစွမ်းသာ ပါချေ။
ဈာပန ထုံးစံ နှင့် ဂူ တစ်ထောင် တို့မှာ ဘာ စကား မှ မပြောဘဲ အသည်းအသန် သာ တိုက်ခိုက် နေကြသည်။
နတ်ဆိုး နှစ်ကောင် စလုံး မှာ ချွေးစေးများ ပြန်နေခဲ့ပြီ ဖြစ်၏။
'အနက်ရောင်မှော် ပညာရပ်'ကို အသက်သွင်းလိုက်သည် နှင့် ချီလင် မှာ လှုပ်ရှား နိုင်စွမ်း မရှိတော့ဘဲကိုယ့်ကိုယ်ကိုယ် ကာကွယ် နိုင်မည် မဟုတ်ဟု ပြောခဲ့ကြသည် မဟုတ်ပါလော။ အခုတော့ ဘာလို့ ပြိုင်ဘက် က နဂါး တစ်ကောင် ၊ ကျား တစ်ကောင် အလား တက်ကြွ နေသေး တာလဲ။
“ဒါ က ထောင်ချောက် ပဲ... သေချာပေါက် ထောင်ချောက် ဖြစ်ရမယ်…”
ကျန်းလင်း က အမှောင် ထဲမှ စောင့်ကြည့် နေပြီး တိုက်ခိုက် ရန် အကောင်းဆုံး အခွင့်အရေးကို စောင့်ဆိုင်း နေသည်။
“ဖြစ်နိုင်တာ က ချီလင် ကလည်း ကျင်း တစ်ခု တူးထား ပြီးတော့ ငါ အဲဒီ ထဲ ကျသွား အောင် စောင့်နေတာ လည်း ဖြစ်နိုင်တယ်...”
သူ သည် အရမ်းကာရော တိုက်ပွဲ ထဲသို့ ဝင်မလာ ဝံ့ပါချေ။
ဤ အခြေအနေ မျိုးတွင် ပင်လျှင် ချီလင် ဆီမှာ အရန် အစီအစဉ် တစ်ခု ရှိနေသေးသည် မှာ သိသာ လွန်းလှ၏။
...
အိပ်မက် ကုန်းပြင်မြင့်၏ အခြား တစ်နေရာ ရှိ မြေအောက် လိုဏ်ဂူ တစ်ခု အတွင်း တွင် ဖြစ်သည်။
အိုးရန်ရှန်း သည် ထူးဆန်း ရှုပ်ထွေးသော ပုံစံများ အလယ်တွင် ထိုင်နေပြီး သူ၏ ရှေ့ရှိ ယဇ်ပလ္လင် ပေါ်တွင် ကောက်ရိုး ဖြင့် ပြုလုပ် ထားသော ရုပ်သေးရုပ် လေး တစ်ခု က လွင့်မျော နေ၏။
အနီးကပ် ကြည့်လိုက် ပါက ထို ကောက်ရိုး ရုပ်လေး၏ မျက်နှာ မှာ 'ချီလင်' နှင့် တစ်ပုံစံတည်း ပင် ဖြစ်နေတော့သည်။မျက်နှာ အသွင်အပြင် မှာ မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ အနက်ရောင်မှော် ပညာရပ် အပေါ်တွင် သက်ရောက်မှု သိပ် မရှိလှပါချေ။
အရေးအကြီးဆုံး အရာများမှာ သွေး၊ ဆံပင် ၊ အရိုး စသည့် ခန္ဓာကိုယ် မှ ခွဲထုတ် ထားသော အရာများ သာ ဖြစ်၏။
ဒုတိယ အချက် အနေဖြင့် ကျင့်ကြံ သူ၏ ပြင်ဆင်မှု ပင် ဖြစ်သည်။ယဇ်ပလ္လင် ၊ ယဇ်ပူဇော် ပွဲ ၊ ဂါထာ မန္တန် နှင့် ကိရိယာ တန်ဆာပလာများမှာ မရှိမဖြစ် လိုအပ် လှ၏။
သို့သော် လည်း အသုံးပြု သူသည် ပြင်းထန်သော တန်ပြန် သက်ရောက်မှုများကို ခံရမည်ဖြစ်ပြီး ၎င်းမှာ ကောင်းကင် နှင့် မြေကြီး၏ စည်းမျဉ်းများကို ချိုးဖောက် မိခြင်း အတွက် ပေးဆပ် ရမည့် တန်ဖိုး ပင် ဖြစ်၏။
ဤ အခိုက်အတန့် တွင် အိုးရန်ရှန်း သည် သူ၏ မျက်စိ၊ နား၊ နှာ၊ ပါးစပ် တို့မှ သွေးများ ထွက်နေပြီး သူ၏ မျက်နှာ မှာလည်း စက္ကူ တစ်ရွက် အလား ဖြူရော် နေတော့သည်။သူ၏ ရှေ့တွင် ငွေရောင် အပ် ငါးချောင်း ရှိနေပြီး ၎င်းမှာ ကျိန်စာ တိုက်ရန် အတွက် အခွင့်အရေး ငါးကြိမ် ရှိသည်ကို ဆိုလို၏။
“ချီးပဲ...”
အိုးရန်ရှန်း သည် တုန်ယင် နေသော လက်များ ဖြင့် တတိယမြောက် ငွေရောင် အပ်ကို ကောက်ယူလိုက်သည်။
“ချီလင် ရဲ့ စိတ်စွမ်းအား က ဒီလောက် တောင် ကြောက်စရာ ကောင်းလိမ့်မယ် လို့ ငါ လုံးဝ မထင်ထား မိဘူး... သူ က ကျိန်စာ နှစ်ခု ထိထား တာတောင် ဆက်ပြီး တိုက်နိုင် သေးတာလား...”
“အစွမ်းကုန် ကြိုးစား ကြည့်ရအောင်...”
“အင်ပါယာကြီး အတွက်...”
သူ သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် တတိယမြောက် ငွေရောင် အပ်ကို ကောက်ရိုး ရုပ်လေး၏ လက်မောင်း ထဲသို့ ဖြည်းညင်းစွာ ထိုးစိုက်လိုက်ပြီး တိုးညင်းသော အသံ ဖြင့် ရွတ်ဆိုလိုက်သည်။
“သွေး နဲ့ အသား ရဲ့ အငွေ့အသက် တွေကို အထောက်အကူ ပြု ပြီးတော့ ဝိညာဉ် ရဲ့ ကတိ စကား တွေကို သက်သေ အဖြစ် ထားလိုက်မယ်... မင်း ရဲ့ ကြောက်ရွံ့ မှုတွေ အမှန် ဖြစ်လာ ပါစေ... ငါ ခံစား ရတဲ့ ဒဏ်ရာ တွေ ထက် မင်း ရဲ့ ခန္ဓာကိုယ် က အဆ တစ်ရာ မက ပိုပြီး လောင်ကျွမ်း ပါစေ...”
“ဖောက်…”
နောက် တစ်ခဏ တွင် အိုးရန်ရှန်း၏ ညာဘက် လက်မောင်း မှာ ပေါက်ကွဲ ထွက်သွား တော့သည်။သူ၏ ပြတ်တောက်သွားသော လက်မောင်း ဒဏ်ရာ ပေါ်တွင် မရေမတွက် နိုင်သော အင်းဆက် ကောင်များ ထွက်ပေါ်လာပြီး ၎င်းမှာ ကောင်းကင် တာအို၏ ဒဏ်ရာ ဖြစ်သဖြင့် မဟာ ဆရာကြီး တစ်ဦး၏ မသေမျိုး သွေးများ ဖြင့် ပင် လုံးဝ ကုသ ၍ မရနိုင်ပါချေ။
တစ်ချိန်တည်း မှာပင်
လွင်ပြင် ပေါ်ရှိ လီယွမ် သည် သူ၏ ညာဘက် လက်မောင်း တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး တစ်စုံတစ်ခု က အသေ ပိတ်ထား သကဲ့သို့ လုံးဝ လှုပ်ရှား ၍ မရတော့ပါချေ။
သို့သော် သူ၏ မျက်နှာ ပေါ်တွင်မူ ရူးသွပ်သော မဲ့ပြုံး တစ်ခု ပေါ်လာတော့သည်။
“ရွှေရောင် ရတနာ လေး... အဲဒီ ကောင်ကို ရှာစမ်း...”