ကျိန်စာ၏ မြစ်ဖျား ခံရာ နေရာ
Vol. 20 Ch. 222
ဆက်တိုက် ဆိုသလို အနက်ရောင်မှော် ကျိန်စာ လေးကြိမ် တိတိ ထိမှန် ခဲ့ပြီးနောက် ရွှေရောင် ရတနာ လေး သည် 'ဘေးဒုက္ခ၏ မြစ်ဖျား ခံရာ' နေရာကို အာရုံခံ မိလိုက်သည်။ လီယွမ် သည် ရွှေနဂါး ကောင်းကင် ကံကြမ္မာ ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး အစွမ်းကုန်လိုက်လံ ဖမ်းဆီး တော့သည်။
သူ သည် ကျန်းလင်း နှင့် စိတ်အေး လက်အေး မတိုက်ခိုက် မီ ထို ပြဿနာ၏ အရင်းအမြစ်ကို အရင်ဆုံး ဖယ်ရှား ပစ်ရမည်ဖြစ်သည်။ ထိုသို့ သာ မဟုတ်လျှင် တိုက်ပွဲ အလယ် တွင် အနက်ရောင်မှော် ကျိန်စာ နှင့် ထပ်မံ အတိုက် ခံရနိုင်ခြေ ရှိနေသည် မဟုတ်ပါလော။ ဖြူစင်သော ဝတ်စုံ ဝတ်ဆင် ထားသည့် ဓားနတ်သမီး ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက် ရသော အခါ ကျန်းလင်း လည်း အလွန်အမင်း အံ့အားသင့်သွားရ သည်။
သူ သည် ဤမျှ လောက် ထူးခြား ဆန်းကြယ်သော လူစားမျိုးကို တစ်ခါမျှ မမြင်ဖူး သေးသလို သူမ နှင့် ပတ်သက်သည့် သတင်း အချက်အလက် တစ်ခုမျှ လည်း မရှိခဲ့ပါချေ။ ဤ မိန်းကလေး သည် အမှောင် ထဲတွင် ဘယ်လောက်တောင် ကြာကြာ ပုန်းကွယ် နေခဲ့သနည်း။ သူ လုံးဝ သတိ မထား မိခဲ့ပါချေ။
“ဝှစ်”
ဓားနတ်သမီး သည် မည်သည့် စကား မှ အပို မပြောဘဲ သူမ၏ သုံးပေ ဓားရှည်အား နတ်ဆိုး သတ်ရန် အတွက်သာ အသုံးပြု သည်။ နှင်းကျ နတ်ဘုရား ဓား သည်လည်း အဆက်မပြတ် မြည်ဟည်း နေပြီး ၎င်း၏ ဓားစိတ်ဆန္ဒ မှာ ထက်မြက် ပြင်းထန် လွန်းလှ၏။ နယ်စပ် တွင် သွေးထွက် သံယို ဖြစ်ခဲ့ရပြီး နတ်ဆိုးများ၏ လှည့်စားမှုကို ခံခဲ့ရသည့် အရှက်ရ မှုများကို ဆေးကြော ရန်အတွက် ကလဲ့စား ချေချင် နေသကဲ့သို့ ပင် ရှိသည်။
ဆီးနှင်းပွင့်များ ကျဆင်းလာပြီး သေခြင်း ချီများကိုပင် ခဲသွား စေတော့သည်။ ဓားနတ်သမီး၏ ဓား သိုင်းကွက်များမှာ တစ်မူ ထူးခြား နေသည်မှာ ကြာပြီ ဖြစ်ပြီး နှစ်ပေါင်း သုံးထောင် တိုင်အောင် အိပ်စက် ခဲ့ရမှု နှင့် အသက်ရှင်ခြင်း ၊ သေဆုံးခြင်း တို့မှ ရရှိသော ဉာဏ်အလင်းများကြောင့် လင်းရှောင် ဓားဂိုဏ်း၏ ဓား သိုင်းကွက်များစွာ နှင့် ကောင်းကင် ကံကြမ္မာ အသွင်ပြောင်း ဓား သိုင်းကွက် တို့ကို ပေါင်းစပ် ထားနိုင် ခဲ့ချေပြီ။
သူမ၏ ဓား သိုင်းကွက်များမှာ လွတ်လပ် ပေါ့ပါး နေပြီး ကဗျာ ဆန်ကာ ပန်းချီ ကား တစ်ချပ် အလား လှပ နေဆဲ ပင် ဖြစ်သည်။ သူမ သည် ကောင်းကင်ဘုံ မှ နှင်ထုတ် ခံရသော အင်မော်တယ် တစ်ပါး နှင့် လည်း တူသလို လူ့လောက၏ သေမျိုး တစ်ဦး နှင့်လည်း ဆင်တူ နေ၏။ သူမ၏ ပြိုင်ဘက်ကင်း ဓား စွမ်းရည် မှာ တိုက်ပွဲ အတွင်း လုံးဝ တည်ငြိမ် နေပြီး သန့်စင် လှသော ဓားစိတ်ဆန္ဒ ကြောင့် ကျန်းလင်း၏ မျက်နှာ ပေါ်တွင် ကြောက်ရွံ့ မှု အရိပ်အယောင်များ ပေါ်ထွက် လာတော့သည်။
သူ အသေအချာ စီစဉ် ထားခဲ့ သော်ငြားလည်း ဤ မြင်ကွင်း ကတော့ မမျှော်လင့် ထားသော အံ့အားသင့်စရာ တစ်ခု ပင် ဖြစ်သည်။
“မင်း က ဘယ်သူ လဲ...”
ကျန်းလင်း က လေးနက်သော အသံ ဖြင့် မေးလိုက်သည်။ သူ ရရှိလိုက်သော တစ်ခုတည်း သော အဖြေ မှာမူ အေးစက် လှသော ဓားစိတ်ဆန္ဒ သာ ဖြစ်ပြီး တိုက်ကွက် တစ်ခု ပြီး တစ်ခု မှာ ပြီးပြည့်စုံ လွန်းသဖြင့် အမှားအယွင်း လုံးဝ မရှိပါချေ။
မင်း က တကယ်ပဲ ဘယ်သူ လဲ...။
ကျန်းလင်း သည် သူ ရရှိ ထားသော သတင်း အချက်အလက်များ ထဲတွင် ဤကဲ့သို့သော သူ ရှိမရှိ အသည်းအသန် စဉ်းစား နေမိသည်။ သူမ သည် ရင်းနှီး နေသလို ခံစား ရသော်လည်း မည်သူ ဖြစ်ကြောင်းကိုမူ သူ လုံးဝ မမှတ်မိ ပါချေ။ အဲဒါ က တကယ့်ကို ကြောက်စရာ ကောင်းလှ၏။
သူ သည် ချွေးစေးများ ပင် စို့လာခဲ့ချေပြီ။ သူ၏ ရှေ့မှ အဖြူရောင် ဝတ်စုံ ဝတ်ဆင် ထားသော အမျိုးသမီး ဓားသမား သည် မည်သည့် ကောင်းကင်ဖြစ်စဉ်ကိုမျှ ထုတ်ဖော် ပြသခြင်း မရှိသေး သော်ငြားလည်း သူ့ကို အဆက်မပြတ် ဖိအား ပေးနိုင် နေသည်။ သို့မဟုတ် လျှင်လည်း သူမ သည် ကောင်းကင်ဖြစ်စဉ်၏ စွမ်းအားများကို သူမ၏ လှုပ်ရှားမှု တိုင်းတွင် အပြည့်အဝ ထည့်သွင်း ထားပြီးသား ဖြစ်ရပေမည်။
အဲဒါ က ဘယ်လောက် တောင် တိကျ နေရမှာ လဲ...။
မင်း ရဲ့ ဓား စွမ်းရည် က ဘယ် အဆင့် အထိ ရောက်နေ ပြီလဲ...။
“ငါ ကတော့ မင်း ဘယ်သူ လဲ ဆိုတာ ကြည့်ချင် သေးတယ်...”
ဤ အခြေအနေ သို့ ရောက်ရှိ လာသော အခါ ကျန်းလင်း အနေဖြင့် တိုက်ကွက် ထုတ်သုံး ရန်မှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါချေ။ ၎င်းမှာ သူ အရေးနိမ့် နေပြီ ဖြစ်ကြောင်း ပြသ နေသည့် လက္ခဏာ တစ်ခု ပင် ဖြစ်သည်။
“ကောင်းကင်ဖြစ်စဉ် လျှို့ဝှက် တိုက်ကွက်...”
“နဂါးကို ခေါင်းတလား ထဲတွင် မြှုပ်နှံခြင်း...”
ကျန်းလင်း က ဟိန်းဟောက်လိုက်ရာ နဂါး ချောက်နက် အတွင်း ထူးဆန်းသော ဖြစ်စဉ် တစ်ခု ပေါ်ထွက်လာပြီး လေးလံသော သံကြိုးများ ဖြင့် ဖုံးလွှမ်း ထားသည့် ဧရာမ ကြေးနီ ခေါင်းတလားကြီး တစ်ခု ထွက်ပေါ် လာတော့သည်။ ပုပ်စော် နံလှသော အနံ့ အသက်များ မှာ ခေါင်းတလား အတွင်းမှ ထွက်ပေါ် နေပြီး စစ်မှန်သော နဂါး တစ်ကောင်ကို အထဲတွင် မြှုပ်နှံ ထားသကဲ့သို့ ပင် ရှိသည်။
“သူ့ကို နှိမ်နင်း စမ်း...”
ကျန်းလင်း က သူ၏ လက်မောင်းကို မြှောက်လိုက်ရာ ဧရာမ ကြေးနီ ခေါင်းတလားကြီး မြင့်တက်သွားပြီး ဓားနတ်သမီး၏ အပေါ် သို့ အားကုန် ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းလှသော ခွန်အားများ က ဓားနတ်သမီးကို ပစ်မှတ် ထားထား သဖြင့် ရှောင်တိမ်း ရန် လုံးဝ မဖြစ်နိုင် တော့ပါချေ။ ဓားနတ်သမီး၏ မျက်နှာ အမူအရာ မှာမူ လုံးဝ ပြောင်းလဲ ခြင်း မရှိပါချေ။
လီယွမ်၏ ရှေ့တွင် ပြသ လေ့ ရှိသော ငေးမော နေသည့် အကြည့် မျိုး မဟုတ်ဘဲ လောကကြီး အပေါ် အေးစက်စွာ အထင်သေး သည့် အကြည့် မျိုး ပင် ဖြစ်သည်။ ဓားနတ်သမီး သည် 'ကျောက်စိမ်း မြို့တော် မှ နှင်ထုတ် ခံရသော အင်မော်တယ်' ကောင်းကင်ဖြစ်စဉ်ကို အသုံး မပြု သော်လည်း သူမ၏ ဓားချက် တိုင်း မှာ ကောင်းကင်ဖြစ်စဉ်၏ စွမ်းအားများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ် နေ၏။
သူမ သည် 'သေခြင်း ရာချီ၏ အမှောင် နဂါး ချောက်နက်' ထဲသို့ အဟုန်ပြင်းစွာ တိုးဝင်သွားပြီး သူမ၏ ပြိုင်ဘက်ကင်း ဓား စွမ်းရည် ဖြင့် ကောင်းကင်ဖြစ်စဉ် လျှို့ဝှက် တိုက်ကွက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်တော့သည်။
...
အခြား တစ်ဖက် တွင်ကား။
လီယွမ် သည် ရွှေရောင် ရတနာ လေးကို အသုံးပြု ကာ 'ပြဿနာ၏ မြစ်ဖျား' တည်ရှိရာ နေရာကို တိတိကျကျ စုံစမ်း ဖော်ထုတ် နိုင်ခဲ့ပြီး ခြေရာခံလိုက်ပါ လာခဲ့သည်။ ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော အဝေး ထိန်း ကျိန်စာကို တိုက်နိုင် ရန် အတွက် အသုံးပြု သူသည် အလွန် ဝေးကွာသော နေရာ တွင် ရှိနေ၍ မရပါချေ။ သူ တို့ သည် အိပ်မက် ကုန်းပြင်မြင့် အတွင်း၌ သာ ရှိနေရမည်ဖြစ်၏။
“ငါ မင်းကို ရှာတွေ့ ပြီ...”
အကွာအဝေး ပိုမို နီးကပ် လာသည် နှင့် အမျှ ရွှေရောင် ရတနာ လေး၏ အာရုံခံ နိုင်စွမ်း မှာ ပိုမို ရှင်းလင်း လာခဲ့ပြီး ဘေးဒုက္ခ၏ မြစ်ဖျား ခံရာ နေရာကို လီယွမ် ထံသို့ တိတိကျကျ ပို့လွှတ် ပေးနေတော့သည်။
“ဟင်...”
ထို အချိန် တွင် ပင် လီယွမ် သည် ရင်းနှီး နေသော ဓားစိတ်ဆန္ဒ တစ်ခု အဝေး မှ မြင့်တက် လာကြောင်းကို အာရုံခံ မိလိုက်သည်။ အနည်းငယ် မှုန်ဝါး နေလျှင် ပင် ထို ဓားစိတ်ဆန္ဒ၏ ပိုင်ရှင် မှာ မည်သူ ဖြစ်ကြောင်းကို ခွဲခြား သိရှိ နိုင်၏။ ၎င်းမှာ လင်းရှောင် ဓားဂိုဏ်း မှ ကျိုးဝူပင်း ပင် ဖြစ်၏။
ကျိုးဝူပင်း နှင့် ဆန့်ကျင်ဘက် ဖြစ်နေသော အခြား သတင်း အချက်အလက် မြစ်ဖျား မှာမူ ရင်းနှီး မှု မရှိသော်လည်း ခွဲခြား သိရှိ နိုင်၏။ ၎င်းမှာ နတ်ဆိုး မဟုတ်ဘဲ လူသား မျိုးနွယ်စု ပင် ဖြစ်သည်။ ဤကဲ့သို့သော အရေးကြီးသော အချိန် တွင် ပြည်တွင်း ပဋိပက္ခများ ဖြစ်ပွား နေခြင်းကို ကြည့်ခြင်း အားဖြင့် လီယွမ် အနေဖြင့် ဘာတွေ ဖြစ်ပျက် နေသည်ကို အကြမ်းဖျင်း သိရှိလိုက်ရ၏။
“ကြည့်ရတာ ပြဿနာ က လူသား မျိုးနွယ်စု ထဲက လာတာ ပုံပဲ... အစ ကတည်းက သေချာ စီစဉ် ထားတာပဲ... ကျိုးဝူပင်းကို ကြားဖြတ် တားဆီး ပြီးတော့ ငါ့ဆီကို စစ်ကူ လာမပေး နိုင်အောင် အထိ လုပ်ထား တာပေါ့လေ...”
“ဒါပေမဲ့ ဒီလို ကြားဖြတ် တားဆီး တာက ငါ အလိုရှိ တဲ့ အတိုင်း ဖြစ်သွား တာပဲ...”
“မင်းတို့ကို တကယ်ပဲ ကျေးဇူး တင်ရမယ်...”
သူ သည် ကျိုးဝူပင်းကို လျစ်လျူရှု ထားလိုက်ပြီး ပြဿနာ၏ မြစ်ဖျား ခံရာ နေရာ ဆီသို့သာ ဆက်လက် ပြေးဝင်သွားတော့သည်။
“ဝါး…”
ထို အခိုက်အတန့် တွင် ထူးဆန်းသော အသံ က သူ၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ပဲ့တင် ထပ်လာ ပြန်သည်။ နာကျင်မှုများမှာ သူ၏ နှလုံး သွေးကြောများ ထဲတွင် ရုတ်တရက် ပေါက်ကွဲ ထွက်လာ တော့၏။ လီယွမ် သည် ယိုင်တိယိုင်တိုင် ဖြစ်သွားပြီး ကောင်းကင် ပေါ်မှ ပြုတ်ကျ လုနီးပါး ဖြစ်သွား သော်လည်း ရှင်သန်ခြင်းကူ က ဒဏ်ရာများကို လျင်မြန်စွာ ဖယ်ရှား ပေးလိုက်သဖြင့် သူ၏ နှလုံး သွေးကြောကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့သည်။
“ကြည့်ရတာ ဒီ ကျိန်စာကို သုံးတဲ့ သူလည်း တန်ပြန် သက်ရောက်မှု တွေ ခံနေရတဲ့ ပုံပဲ... အဲဒါ ကလည်း အရမ်းကို ပြင်းထန် နေမှာ သေချာတယ်...”
ထိုသို့ သာ မဟုတ်လျှင် သူ တို့ သည် သူ၏ နှလုံး သွေးကြောကို ကျိန်စာ တိုက်ရန် အတွက် ယခု အချိန် ထိ စောင့်နေ ကြလိမ့်မည် မဟုတ်ပါချေ။ သူမ သည် သူလိုက်လာ နေကြောင်းကို သေချာပေါက် သိရှိသွားပြီး ထိတ်လန့် ခြောက်ခြား နေခြင်း ပင် ဖြစ်ရပေမည်။
“ တောင်းပန် ပါတယ်... အခုချက်ချင်း မသေသွား ပါနဲ့ဦး...”
လီယွမ် သည် စိတ်ထဲမှ ဆုတောင်း နေမိသည်။ သူ သည် ကြံ့ခိုင် သူ တစ်ယောက် ဖြစ်သဖြင့် သူ အလိုရှိ သမျှကို လုပ်ဆောင် နိုင်သော်လည်း ကျိန်စာ တိုက်သူ မှာမူ ပြင်းထန်သော တန်ပြန် သက်ရောက်မှုများကြောင့် ရုတ်တရက် သေဆုံးသွားနိုင်ချေ ရှိသည် မဟုတ်ပါလော။ သူ ကောင်းစွာ သိရှိ ထား၏။
ဤ ကျိန်စာကို ပြုလုပ် နေသူ သည် အစစ်အမှန် နောက်ကွယ် မှ ကြိုးကိုင် သူ မဟုတ်ပါချေ။ အသုံးဝင် သော သတင်း အချက်အလက်များ ရရှိ ရန်အတွက် ထို လူ၏ ပါးစပ်ကို မဖြစ်မနေ ဖွင့်ခိုင်း ရမည်ဖြစ်၏။
“ဝှစ်..ဝှစ်..ဝှစ်”
လီယွမ် သည် လွင်ပြင်ကြီးကို ဖြတ်သန်း ကာ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီးနောက် မြေကွက် တစ်ကွက် ဆီသို့ ရောက်ရှိသွားတော့သည်။
“ဒီမှာပဲ...”
ရွှေရောင် ရတနာ လေး သည် ထို ချီ သတင်း အချက်အလက်ကို ခိုင်မာစွာ ပိတ်ဆို့ ထားလိုက်သည်။
“ဆန်းကြယ်ပုံရိပ်... မင်း အလှည့် ရောက်ပြီ...”
သဘာဝ တရား၏များပြား လှသော ဆန်းကြယ်မှုများက ပတ်ဝန်းကျင် နှင့် ပေါင်းစပ်သွားစေပြီး လီယွမ် အား လမ်းကြောင်းများ ဖွင့်လှစ် ပေးကာ မြေအောက် ထဲသို့ ထိုးဖောက် ဝင်ရောက်သွားစေတော့၏။ မြေအောက် ထဲတွင်ကား မိမိ အပေါ်သို့ ကျရောက် လာသော ပြင်းထန် လှသည့် ဖိအားများကို ခံစားလိုက်ရသော အခါ အိုးရန်ရှန်း မှာ အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားရသည်။
“ဒါ... ဒါ က ဘယ်လို လုပ်ပြီး ဖြစ်နိုင် မှာလဲ...”
ပြိုင်ဘက် သည် အနက်ရောင်မှော် ကျိန်စာ လေးကြိမ် တိတိ အတိုက် ခံထား ရသည်။ ကျိန်စာ တိုက်သူကိုယ်တိုင် ပင်လျှင် ကြောက်မက်ဖွယ် ကောင်းလှသော တန်ပြန် သက်ရောက်မှုများကို ခံစား နေရသည် ။ သူ၏ ဦးခေါင်း မှာ လည်ပတ် နေပြီး သူ၏ စိတ် မှာလည်း ကမောက်ကမ ဖြစ်နေကာ လက်မောင်း နှစ်ဖက် စလုံး မှာလည်း ဒုက္ခိတ ဖြစ်နေပြီး သူ၏ နှလုံး သွေးကြော မှာလည်း ပြင်းထန်စွာ ဒဏ်ရာ ရနေခဲ့ပြီ ဖြစ်၏။
ဘာလို့လဲ... ဘာဖြစ်လို့ ကျိန်စာ အတိုက် ခံထား ရတဲ့ သူက အခုထိ တက်ကြွ လန်းဆန်း နေရတာလဲ...။
ဒါ က တကယ်ပဲ လူသား တစ်ယောက် ရဲ့ လုပ်ရပ် လား...။
အိုးရန်ရှန်း၏ မျက်လုံးများမှာ ယခု အခါ သွေးနီရောင် လွှမ်းနေပြီး မကျေမနပ် ဖြစ်မှုများဖြင့် ရှေ့သို့ စူးစိုက် ကြည့်လိုက်သည်။ ထို နေရာ တွင် လူတစ်ယောက် သည် ဒဏ်ရာများစွာ ဖြင့် သူ့ထံသို့ လျှောက်လှမ်း လာနေပြီး သူ၏ ခန္ဓာကိုယ် မှ ထွက်ပေါ် နေသော ပြင်းထန်သော သွေးချီများမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် အားကောင်း နေဆဲ ပင်။
အိုးရန်ရှန်း ယိုင်တိယိုင်တိုင် ဖြင့် မတ်တပ် ရပ်လိုက်၏။
သူ လွတ်မြောက် ရန် လမ်းစ မရှိတော့ကြောင်းကို ကောင်းစွာ သိရှိ ထားသဖြင့် သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာ မှာ သူ၏ နောက်ဆုံး အသက်ကို အင်ပါယာကြီး ပြန်လည် ထွန်းလင်း ရေး အတွက် ပေးဆပ် ရန် သာ ရှိတော့သည်။ သူ သည် မျှော်လင့်ချက် အနည်းငယ် မျှကိုတော့ ဆုပ်ကိုင် ထားဆဲ ပင် ဖြစ်သည်။
သူ သည် 'ချီလင်' အနေဖြင့် သူ၏ နောက်ဆုံး အသက်ရှူ ချိန် သာ ကျန်တော့မည်ဟု မျှော်လင့် နေမိသည်။ အကယ်၍ ထိုသို့ သာ ဆိုပါက နှစ်ဦး စလုံး မှာ အဆင့် ရှစ် နယ်ပယ် တွင် ရှိနေကြသဖြင့် သူ့ အနေဖြင့် အနိုင်ရ ရန် အခွင့်အရေး အနည်းငယ် ရှိနေသေးသည် မဟုတ်ပါလော။
“လာစမ်းပါ...”
အိုးရန်ရှန်း က အသက် ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
“မင်း ဆီမှာ ဘယ်လောက်တောင် စွမ်းအင် တွေ ကျန်နေသေး လဲ ဆိုတာ ငါ ကြည့်ချင် သေးတယ်...”
လီယွမ် က ပြုံးလျက် ပြောလိုက်သည်။
“မင်း ကြည့်ရတာ တော်တော်လေး အားနည်း နေတဲ့ ပုံပဲ...”
“မင်း ကော ဘယ်လောက်တောင် သာလို့ လဲ...”
အိုးရန်ရှန်း သည် တိုက်ခိုက် ရန် ပြင်ဆင်လိုက်သော်လည်း နောက် တစ်ခဏ တွင် သူ၏ မျက်လုံးအိမ်များမှာ ရုတ်တရက် ကျုံ့သွား တော့သည်။
“ဝုန်း”
ကောင်းကင်ယံ တွင် လခြမ်းကွေး တစ်ခု ထွက်ပေါ် လာတော့၏။ ပင့်ကူမျှင်များက လခြမ်းကွေးလေးကို ရစ်ပတ် ထားပြီး ဆွဲဆောင်မှု ရှိသော်လည်း သေစေနိုင်သော လရောင်များကို ဖြန့်ကြဲ နေတော့သည်။
“ကောင်းကင်... ကောင်းကင်ဖြစ်စဉ်...”
“ဒုတိယ ကောင်းကင်ဖြစ်စဉ်... ကောင်းကင်ဖြစ်စဉ် နှစ်ခု လား...”
“မင်း...”
အိုးရန်ရှန်း၏ မျက်နှာ ပေါ်တွင် ထိတ်လန့် တုန်လှုပ် မှုများ ဖြင့် ပြည့်နှက်သွားတော့သည်။ သူ သည် ထောင်ချောက် ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်ကြောင်း နှင့် အစ ကတည်းက အနိုင်ရ ရန် အခွင့်အရေး လုံးဝ မရှိခဲ့ကြောင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။
သခင်လေး ပင်လျှင် သူ၏ အမှား ကြောင့် အန္တရာယ် ထဲသို့ ဆွဲသွင်း ခံရနိုင်ချေ ရှိနေ၏။ ထိုသို့ တွေးလိုက်မိသည် နှင့် သူ သည် ချက်ချင်း ပင်ကိုယ့်ကိုယ်ကိုယ် သတ်သေ ရန် ကြိုးစားလိုက်သော်လည်း သူ၏ အသိစိတ်များမှာ သူ၏ ထိန်းချုပ်မှု အောက်မှ လွတ်ကင်းသွားခဲ့ပြီး သိစိတ် ကင်းမဲ့ စွာဖြင့် ချီလင်၏ မျက်လုံးများကို စူးစိုက် ကြည့်မိသွားတော့၏။
“ကောင်းကင်ဖြစ်စဉ် လျှို့ဝှက် တိုက်ကွက်...”
“မျက်လုံး တစ်ထောင်... ပိုးအိမ် ချည်နှောင်ခြင်း...”
လီယွမ် က စကားလုံး အနည်းငယ်ကို ဖြည်းညင်းစွာ ရေရွတ်လိုက်ရာ ရက်လုပ် ထားသော ပိုးအိမ် က အိုးရန်ရှန်းကို မျက်တောင် တစ်ခတ် အတွင်း လွှမ်းခြုံသွားပြီး သူ၏ လွတ်လပ်စွာ လှုပ်ရှား နိုင်စွမ်းများ အားလုံးကို ဆုံးရှုံးသွားစေတော့သည်။
“ဝူမေ့... သူ့ကို ထိန်းချုပ်လိုက်...”
ပြိုင်ဘက် သည် ကျိန်စာများကို တစ်ခု ပြီး တစ်ခု အသုံးပြု ခဲ့သဖြင့် တန်ပြန် သက်ရောက်မှုများကို ခံစား နေရသည်။ ဤ အချိန် သည် သူတို့၏ စိတ်ဝိညာဉ် အားနည်း ဆုံး အချိန် ဖြစ်သလို မျက်လုံး တစ်ထောင် ပိုးအိမ် ချည်နှောင်ခြင်း၏ ချုပ်နှောင်မှုကို လည်း ခံထား ရသည် ။ ၎င်းမှာ သူတို့ကို ထိန်းချုပ် ရန် အတွက် အကောင်းဆုံးသော အချိန် ပင် ဖြစ်တော့သည်။
ရွှေရောင် ရတနာ လေး သည်လည်း ရင်းနှီး နေသော အနံ့ တစ်ခုကို ရရှိလိုက်သည်။
လီယွမ် သည် မမေးဘဲ နှင့် ပင် ဤ အရာ အားလုံး၏ နောက်ကွယ် မှ ကြိုးကိုင် သူမှာ မည်သူ ဖြစ်ကြောင်းကို အကြမ်းဖျင်း သိရှိလိုက်ရ လေတော့ ၏။