← Chapters

အနီရင့်ရောင် အကြေးခွံ ကျရှုံးခြင်း

Vol. 20 Ch. 224

အနီရင့်ရောင် အကြေးခွံ ကျရှုံးခြင်း

Vol. 20 Ch. 224

ဝါးတားတားနှင့် ခန့်ညားထည်ဝါလှသော ပုံရိပ်ကြီးမှာ လျှပ်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားတော့၏။ ၎င်းမှာ အခြားသူမဟုတ်... ထိုက်ဇူ စစ်နတ်ဘုရား ပင် ဖြစ်သည်။

ထိုပုံရိပ် ပေါ်လာသည်နှင့် နတ်ဆိုးအငွေ့အသက်များမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့၏။ နတ်ဆိုးအခွံမာ ဂူတစ်ထောင်နှင့် ဆူးဈာပနထုံးစံမှာလည်း သူတို့၏ နောက်ဆုံးအားကိုးရာကို ဆုံးရှုံးသွားခဲ့ရချေပြီ။ ပင့်ကူမျှင်များ၏ ထိုးဖောက်ခြင်းကို အလူးအလဲခံရပြီးနောက် ထိုနတ်ဆိုးနှစ်ကောင်မှာ သေဆုံးသွားကြသည်။

“သေသွားပြီလား...”

နတ်ဆိုးနှစ်ကောင် သေဆုံးသွားသည်ကို သိလိုက်ရချိန်တွင် ကျန်းလင်းမှာ ထွက်ပြေးဖို့သာ စိတ်စောနေတော့သည်။

“ဖောက်...”

သူ၏အမြီးမှာ ရုတ်တရက် ပြတ်ထွက်သွားပြီး ဧရာမ နဂါးအမြီးကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုအမြီးကြီးက ဓားနတ်သမီး၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သဖြင့် ကျန်းလင်းမှာ ထွက်ပြေးရန် လမ်းပွင့်သွားတော့၏။

“လိုက်စမ်း...”

လီယွမ်ကတော့ သူ့ကို ဒီအတိုင်း လွယ်လွယ်လေး လွှတ်ပေးဖို့ စိတ်ကူးမရှိပါချေ။

ယနေ့ ကျန်းလင်းကို သေချာပေါက် အပြတ်ရှင်းရမည်ဟု သူ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ လေပြေလိပ်ပြာများစွာ ထပ်မံထွက်ပေါ်လာပြီး လီယွမ်နှင့် ဓားနတ်သမီးတို့ကို တင်ဆောင်ကာ အမြန်ဆုံးလိုက်လံဖမ်းဆီးကြတော့၏။

အနီရင့်ရောင် အကြေးခွံများမှာ သေခြင်းချီများဖြင့် အမှောင်ထုကို အတောင်ပံများအဖြစ် ပြောင်းလဲထားသဖြင့် အလွန်လျင်မြန်လှ၏။ သိပ်မဝေးသော အရှေ့ဘက်တွင် နတ်ဆိုးမျိုးနွယ်စုများ၏ စခန်း ရှိနေသည်။

“ဓားနတ်သမီး...”

လီယွမ်က မျက်မှောင်ကုတ်လိုက်ပြီး အပြစ်အနာအဆာကင်းစင်သော ဓားသန္ဓေသားကို ထုတ်ယူလိုက်သည်။

“ကောင်းကင်ဖြစ်စဉ်... ကျောက်စိမ်းမြို့တော်မှ နှင်ထုတ်ခံရသော အင်မော်တယ်...”

“ဆံကေသာ သုံးထောင်ဖြင့် ကြယ်တာရာမြစ်ကို ဖြတ်တောက်ခြင်း...”

ကောင်းကင်ယံတွင် နတ်ဘုရားအငွေ့အသက်များ ဖုံးလွှမ်းနေသော ကျောက်စိမ်းမြို့တော်ကြီး ပေါ်ထွက်လာပြီး ကြယ်တာရာမြစ်၏ အထက်တွင် ခန့်ညားစွာ တည်ရှိနေတော့၏။ မြို့တော်အတွင်းမှ နှင်ထုတ်ခံရသော အင်မော်တယ်တစ်ပါးသည် ဓားကို ဆွဲထုတ်ကာ ထွက်ပေါ်လာပြီး သူ၏ အနက်ရောင် ဆံကေသာများမှာ ကြယ်တာရာမြစ် တစ်ပြင်လုံးကို လွှမ်းခြုံသွားသည်။

၎င်းမှာ အင်မော်တယ်၏ ဆံနွယ်များ ဖြစ်သလို မရေမတွက်နိုင်သော ဓားဂိုဏ်း၏ အနှစ်သာရများလည်း ဖြစ်၏။ အတိုင်းအဆမရှိသော ဓားအသိစိတ်များက ကြယ်တာရာမြစ်ထဲမှ ရေတံခွန်အလား စီးဆင်းလာပြီး ကျန်းလင်းထံသို့ အဟုန်ပြင်းစွာ ကျရောက်သွားတော့၏။

ကျန်းလင်းမှာ ဆက်လက်ထွက်ပြေးရန် မဝံ့တော့ပါချေ။ သူသည် ကောင်းကင်ဖြစ်စဉ်ကို အသုံးပြုကာ ကာကွယ်ရေးပြင်ဆင်ရတော့သည်။ သေခြင်းချီများကို စုစည်းကာ သေခြင်းရာချီ၏ အမှောင်နဂါးချောက်နက်ထဲတွင် ပုန်းကွယ်လိုက်ရ၏။

ဟိန်းဟောက်နေသော အနက်ရောင် သေခြင်းချီများနှင့် တောက်ပနေသော ဓားရိပ်ကြယ်စင်မြစ်တို့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံကြသဖြင့် အိပ်မက်ကုန်းပြင်မြင့် တစ်ခုလုံး တုန်ခါသွားရတော့သည်။ လီယွမ်သည် ဆန်းကြယ်ပုံရိပ်ကူကို အသုံးပြုကာ ဤကမ္ဘာကြီးကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်အောင် နှောင့်ယှက်ထားသော်လည်း တိုက်ပွဲက ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဖုံးကွယ်ထားရန် ခက်ခဲလာခဲ့ချေပြီ။

“မြန်မြန်အပြတ်ရှင်းမှ ဖြစ်မယ်...”

ဓားရိပ်ကြယ်စင်မြစ်၏ ဖိနှိပ်မှုကို အခွင့်ကောင်းယူကာ လီယွမ်နှင့် ဓားနတ်သမီးတို့က ကျန်းလင်းထံသို့ တစ်ပြိုင်နက် တိုးဝင်လိုက်ကြသည်။ သူတို့နှစ်ဦး၏ ဟန်ချက်ညီညီ တိုက်ခိုက်မှုအောက်တွင် ကျန်းလင်းမှာ အလူးအလဲ ခံနေရတော့၏။

“မင်းတို့ ငါ့ကို အတင်းအကျပ် လုပ်တာပဲ...”

ကျန်းလင်း၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးအငွေ့အသက်များ ပေါက်ကွဲထွက်လာတော့သည်။ သူသည် နတ်ဘုရား ပေးသနားထားသော စွမ်းအားကို အသုံးမပြုချင်ပါချေ။

ထိုစွမ်းအားကို ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားပါက ဆင့်ကဲပြောင်းလဲမှုကို မြန်ဆန်စေနိုင်သော်လည်း တစ်ကြိမ် အသက်သွင်းလိုက်ပါက အနာဂတ်ကို ကြိုတင်သုံးစွဲလိုက်သကဲ့သို့ ဖြစ်သွားမည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးကြီးမားသော စွမ်းအားကို ရရှိနိုင်သော်လည်း သက်တမ်းနှင့် ပါရမီများကို လောင်ကျွမ်းစေမည် ဖြစ်၏။

နတ်ဘုရားက ထပ်မံဆုချမှသာလျှင် ပြန်လည်ကောင်းမွန်နိုင်မည်ဖြစ်သည်။ ထိုသို့မှမဟုတ်ပါက အနာဂတ်တွင်ကြီးမြတ်သော အောင်မြင်မှုများရရန် အလွန်ခက်ခဲသွားပေလိမ့်မည်။

“မင်းကို ငါသတ်မယ်... အဲဒီအခါကျရင် နတ်ဘုရားက ငါ့ကို သေချာပေါက် ဆုပြန်ချလိမ့်မယ်...”

ကျန်းလင်း၏ ခန္ဓာကိုယ်မှာ အဆမတန်ကြီးထွားလာပြီး မျက်တောင်တစ်ခတ်အတွင်း ပေရာနှင့်ချီ ရှည်လျားသော အမှောင်နဂါးကြီးအဖြစ် ပြောင်းလဲသွားတော့၏။ ပုံစံမှာ ဒဏ္ဍာရီလာ နဂါးစစ်စစ်နှင့် ဆင်တူနေ၏။

သို့သော် ဆင်တူရုံသာ ရှိသည်။ ဒဏ္ဍာရီလာ နဂါးများမှာ တိမ်တိုက်များကြားတွင် မိုင်ပေါင်းသန်းချီ ပျံသန်းနိုင်သော်လည်း ကျန်းလင်း အသွင်ပြောင်းထားသော အမှောင်နဂါးမှာတော့ တီကောင်တစ်ကောင်ထက် မပိုပါချေ။

“ဝုန်း...”

ကျန်းလင်းက နဂါးအသက်ရှူထုတ်လိုက်ရာ သေခြင်းချီများမှာ ပင်လယ်နက်ကြီး၏ လှိုင်းလုံးများအလား လီယွမ်နှင့် ဓားနတ်သမီးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။ နှင်းကျနတ်ဘုရားဓားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး အမြဲတမ်း တည်ငြိမ်နေသော ဓားနတ်သမီးပင်လျှင် မျက်မှောင်ကုတ်ကာ အသက်ရှူသံ ပြင်းလာခဲ့ချေပြီ။

ထိုမြင်ကွင်းကို လီယွမ် သတိပြုမိလိုက်သည်။ ထူးဆန်းသော နတ်ဆိုးအငွေ့အသက်များက ဓားနတ်သမီးကို ပြင်းပြင်းထန်ထန် လှုံ့ဆော်ပေးနေပုံ ရ၏။

သူမက ဓားဖြင့် ထိုးနှက်လိုက်၏။ ဓားနှင့် သေခြင်းချီလှိုင်းလုံးတို့ ထိတွေ့သွားချိန်တွင် ရေခဲပြင်ကြီး ကွဲအက်သွားသလို ဖြစ်သွားပြီး လေထဲမှ ဆီးနှင်းများအဖြစ် ရွာကျလာတော့သည်။ ထို့နောက် နှင်းခဲများက အမှောင်နဂါးချောက်နက်ကို ဖုံးလွှမ်းသွားပြီး ဟိန်းဟောက်နေသော သေခြင်းချီများကို အေးခဲပစ်လိုက်သည်။

ထိုအခွင့်အရေးကို အသုံးချကာ လီယွမ်က နဂါး၏ ဦးခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။ သူ၏ လက်များထဲမှ ပင့်ကူမျှင်များစွာ ထွက်ပေါ်လာပြီး နဂါး၏ ဦးချိုနှစ်ခုကို မြဲမြံစွာ ချည်နှောင်ထားလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်တွင် ချည်ထားသော ဘူးသီးခြောက်အဖုံးများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်တော့သည်။

ကူကောင်အုပ်ကြီးမှာ ပျံထွက်လာကြ၏။ ပေါက်ကွဲကူ၊ ဓားကူ၊ အဆိပ်ကူ၊ နတ်ဆိုးပျားနှင့် သေမင်းတမန် များ...။ မရေမတွက်နိုင်သော ကူကောင်များမှာ ရစ်ပတ်နတ်ဘုရားကူ၏ သွေးများ ဖုံးလွှမ်းသွားပြီး အမှောင်နဂါး၏ ဒဏ်ရာများထဲသို့ တိုးဝင်သွားကြတော့သည်။

လီယွမ်နှင့် ဓားနတ်သမီး၏ ဖိနှိပ်ခံလိုက်ရချေပြီ။ ကျန်းလင်းက ဘယ်လောက်ပဲ အစွမ်းထက်လာပါစေ... ခေတ်တစ်ခေတ်၏ ပါရမီရှင် နှစ်ဦး ပူးပေါင်းတိုက်ခိုက်မှုကိုတော့ ရင်ဆိုင်နိုင်စွမ်း မရှိချေ။

“အား...”

ကျန်းလင်းမှာ ရူးမတတ် အော်ဟစ်နေတော့သည်။ သူ၏ အကြီးမားဆုံးသော ဝှက်ဖဲဖြစ်သည့် နတ်ဘုရား၏ လက်ဆောင်မှာလည်း အညှာအတာမဲ့စွာ ချေမှုန်းခံလိုက်ရလေပြီ။

“မင်းက ငါထင်တာထက် ပိုပြီး အသုံးမကျပါလား...” လီယွမ်က သရော်လိုက်၏။

“ပိုပြီး တိတိကျကျ ပြောရရင် မင်းအားကိုးနေတဲ့ လူကလည်း သိပ်ပြီး အရည်အချင်း မရှိတာပဲ...”

သူက စမ်းသပ်ကြည့်လိုက်လေသည်။

နတ်ဆိုးအငွေ့အသက်နောက်ကွယ်မှာ အသိစိတ် ရှိနေသလား... သူက ဒေါသထွက်တတ်သလား... ဆိုသည်ကို သူ သိချင်နေမိသည်။

အမှောင်နဂါး ကျန်းလင်းမှာ အသည်းအသန် ရုန်းကန်နေသော်လည်း တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ရန် မစွမ်းသာတော့ပါချေ။ ဤအချက်က လီယွမ်ကို စိတ်အေးသွားစေသည်။ နတ်ဆိုးအငွေ့အသက်၏ ရန်ကို သူ ကြောက်နေခဲ့သော်လည်း ယခုတော့ ၎င်းမှာ သူထင်သလောက် အန္တရာယ်မရှိသေးကြောင်း သိလိုက်ရပြီ ဖြစ်သည်။

“ချီလင်... မင်း... သေသင့်တယ်...” ကျန်းလင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး

“နတ်ဘုရားကို စော်ကားလို့ မရဘူး... နတ်ဘုရားက စော်ကားခံရမှာ မဟုတ်ဘူး...”

“နတ်ဘုရား ဟုတ်လား...”

ဤဘွဲ့နာမည်ကို လီယွမ် ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်၏။ သို့သော် နတ်ဆိုးနယ်မြေ၏ အလယ်ဗဟိုတွင် ကြောက်မက်ဖွယ်ရာ အရာတစ်ခု အမြဲရှိနေတတ်ကြောင်းကိုတော့ သူ မှတ်မိနေ၏။

“ကဲ... တော်လောက်ပြီ...”

လီယွမ်က ကျန်းလင်းကို အပြတ်ရှင်းရန် ပြင်လိုက်သည်။

“ဂျုန်း...”

ထိုအချိန်တွင် မြူခိုးများ ဖုံးလွှမ်းနေသော လွင်ပြင်အစွန်းမှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခု မြင့်တက်လာတော့သည်။ ၎င်းမှာ အနီရင့်ရောင် အကြေးခွံများထက်များစွာ ပိုမို အစွမ်းထက်လှ၏။

“ဘိုးဘေးကြီးက လှုပ်ရှားတော့မှာလား...”

လီယွမ်က မော့ကြည့်လိုက်သော်လည်း လုံးဝ ကြောက်ရွံ့ခြင်း မရှိပါချေ။ ဘယ်သူ့မှာမှ နောက်ခံ ဘိုးဘေး မရှိလို့လဲ...။

“ဓားနတ်သမီး...ကိုယ်ပျောက်လိုက်တော့...”

ဒီနေ့ ဓားနတ်သမီးမှာ အတော်လေး တက်ကြွနေခဲ့ချေပြီ။ လီယွမ်က သူမကို သိမ်းဆည်းလိုက်သော်လည်း စပ်စုချင်သူများကတော့ သတိထားမိသွားကြပြီ ဖြစ်သည်။

သို့သော် သူ သိပ်ပြီး ဂရုမစိုက်ပါချေ။ ဒီတိုက်ပွဲက ဓားနတ်သမီး အမှန်တကယ် နိုးထလာနေပြီ ဖြစ်ကြောင်း သူ့ကို သက်သေပြလိုက်ခြင်း ပင်။ သူမ အသိစိတ် ပြန်ရလာချိန်တွင် ဘယ်သူကမှ ဓားနတ်သမီးမှာ လီယွမ်၏ သက်စောင့်ကူ ဖြစ်သည်ဟု ထင်တော့မည် မဟုတ်ပါချေ။ အဲဒါကမှ တကယ့် ဘေးကင်းမှု အစစ်အမှန် ဖြစ်သည်။

“ဝုန်း...”

မိုးခြိမ်းသံနှင့်အတူ မျက်တောင်တစ်ခတ်အတွင်း တိုက်ပွဲမြေပြင်သို့ တစ်စုံတစ်ယောက် ရောက်လာခဲ့ချေပြီ။ ၎င်းမှာ လျှပ်စီးများ ဝန်းရံနေသော နတ်ဆိုးတစ်ကောင် ဖြစ်ပြီး အဆင့် (၉) နယ်ပယ်သို့ ရောက်ရှိနေသော်လည်း အနက်ရောင်ကြာပန်း နတ်ဆိုးဧကရာဇ်ထက် များစွာ အားနည်းနေ၏။

“တာ့ယန်က လူငယ်လေး... ဒီတိုက်ပွဲကို ဒီမှာတင် ရပ်လိုက်တော့...”

မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသော အသံမှာ အလွန်ပင် မာနကြီးလှ၏။ လီယွမ်ကတော့ ထိုမိုးကြိုးနတ်ဆိုးကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်၏။

“ကျန်းလင်း သေရမယ်လို့ ငါပြောပြီးပြီလေ...”

သူက အခု ချီလင် ဖြစ်နေသည် မဟုတ်ပါလော။ မာနကြီးလှသော ချီလင်က ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ပါချေ။

“မိုက်ရူးရဲဆန်လိုက်တာ...”

လျှပ်စီးများက လီယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။ လီယွမ်ကတော့ နဂါးဦးချိုကို ပင့်ကူမျှင်များဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားရင်း နဂါးခေါင်းပေါ်တွင် မာန်ပါပါ ရပ်နေလေတော့ ၏။

All Chapters