← Chapters

လမ်းဖောက်သူ

Vol. 20 Ch. 225

လမ်းဖောက်သူ

Vol. 20 Ch. 225

၎င်းမှာ မိုးခြိမ်းသံ ကဲ့သို့ ပြင်းထန် လှပြီး လောကကြီးကို ဖျက်ဆီး နိုင်သော စွမ်းအားများ ဖြစ်၏။

“ဟူး...”

သက်ပြင်းသံ တိုးတိုးလေး တစ်ခု က မိုးခြိမ်းသံများ ကြားတွင် ထူးထူးခြားခြား ပေါ်ထွက် လာသည်။ ချီယန် ရောက်ရှိ လာခဲ့ချေပြီ။ တောင်ဝှေး တစ်ချောင်းကို အားပြု ထားသော ခန္ဓာကိုယ်ကိုင်းကိုင်း ဖြင့် အဘိုးအို တစ်ဦး ထိုနေရာတွင် ရပ်နေသည်။ သူက မြေကြီးကို လက်ဖြင့် ထိလိုက်ရုံ မျှဖြင့် မိုးခြိမ်းသံများမှာ ရပ်တန့်သွားတော့၏။ ထို့နောက် လျှပ်စီးတန်းများမှာ လမ်းကြောင်း ပြောင်းလဲသွားကာ အဝေးသို့ စီးဆင်းသွားသည်။

လီယွမ် က မျက်ခုံးများ တွန့်ကာ ကြည့်နေမိသည်။ သူသည် အလွန် အသေးစိတ် အာရုံစိုက် ကြည့်နေသော်လည်း ထို အဘိုးအို က ကောင်းကင်ယံ မှ မိုးခြိမ်းသံများကို မည်သို့ ထိန်းချုပ်လိုက်သည် သို့မဟုတ် မည်သို့ အသုံးချလိုက်သည်ကို လုံးဝ သဘော မပေါက် နိုင်သေးပါချေ။

လွန်ခဲ့သော အချိန် က နဝမမြင်ကွင်း မြို့တော် တွင် ညဇီးကွက်ဘုရင် နှင့် လင်းယွဲ့ ဘုရင် တို့ တိုက်ခိုက် ခဲ့ကြစဉ် ကလည်း သူ အဝေး မှ စောင့်ကြည့် ခဲ့ဖူးသည်။ ထိုစဉ် ကလည်း အဘိုးအို မှာ အလားတူ နည်းလမ်း ဖြင့်ပင် ကြာပန်းနက် နတ်ဆိုး ဧကရာဇ် ထုတ်လွှတ်လိုက်သော ကြာပန်းနက်များကို လမ်းကြောင်း လွှဲပစ်ခဲ့သည် မဟုတ်ပါလော။

'တကယ်ကို အသက်ကြီး လေလေ ကောက်ကျစ် လေလေ ပဲ...'

လီယွမ် မှာ အလွန် အထင်ကြီးသွားရသည်။ အဘိုးအို၏ ကူလှည့်ကွက် အသုံးချမှု နှင့် သက်စောင့်ကူများကို အဆင့်မြှင့်တင် ထားမှု မှာ သူ ယခု ရောက်ရှိ နေသော အဆင့် ထက်များစွာ သာလွန် နေ၏။

“ချီယန်... မင်း အခု တိုက်ပွဲ ထဲကို ဝင်ပါ တော့မှာ လား...”

ဒေါသ ထွက်နေသော အသံ တစ်ခု က မိုးခြိမ်းသံများ ကြားမှ ဟိန်းထွက် လာတော့သည်။

“မင်း က ငါ့ တပည့်ကို သတ်ဖို့ ကြိုးစား ခဲ့တယ်... စည်းမျဉ်းကို အရင် ချိုးဖောက် ခဲ့တာ မင်း ပဲ...”

ချီယန် က တည်ငြိမ်စွာ ပင် ပြန်လည် ဖြေကြားလိုက်သည်။

“အဘိုးကြီး... မင်း က မြေကြီး ထဲ ခြေ တစ်ဖက် ဝင်နေပြီ... ဘယ်နှစ်ကြိမ် လောက် ထပ် တိုက်နိုင် ဦးမှာ မလို့လဲ... ကျန်းလင်း ရဲ့ အသက်ကို ချမ်းသာ ပေးလိုက် ပါ... အားလုံး အတွက် ကောင်းလိမ့်မယ်...”

မိုးခြိမ်းသံများ ကြားမှ ပုံရိပ် က အေးစက်စွာ ပြောလိုက်၏။

“ငါ က အိုတော့ အိုပါပြီ... ဒါပေမဲ့ မင်း လို တစ်ဝက် တစ်ပျက် ကောင် မျိုးကို ဆုံးမ ဖို့ တော့ လောက်ပါသေးတယ်...”

ချီယန် က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

“ဟား ဟား ဟား ဟား...”

လီယွမ် က အောက်မှ နေ၍ အားရပါးရ ရယ်လိုက်ပြီးအော်မေးလိုက်သည်။

“ဆရာ... ဒီ အနီရင့်ရောင် အကြေးခွံ ကောင်ကို ကျွန်တော် သတ်လိုက် ရမလား... မသတ် ရဘူး လား...”

ချီယန် က အေးဆေးစွာ ပင် ဆိုသည်။

“မင်း သတ်ချင် ရင်လည်း သတ်လိုက် ပေါ့...”

“မင်း ရဲရင် စမ်းကြည့်လိုက်လေ...”

မိုးခြိမ်းသံများ ကြားမှ ပုံရိပ် မှာ အလွန်အမင်း ဒေါသ ထွက်သွားတော့သည်။

လီယွမ် ကတော့ ဘာကိုမှ ဂရုမစိုက် ပါချေ။ ကျန်းလင်း သည် ရှောင်ချိုက် အတွက် အကောင်းဆုံး အာဟာရ ဖြစ်ပြီး ယနေ့ သေချာပေါက် ရယူမည်ဟု ဆုံးဖြတ် ထားပြီးသား ဖြစ်သည်။ အဘိုးအို ကပင် ခွင့်ပြု ထားသဖြင့် စိုးရိမ် စရာ ဘာမှ မရှိတော့ပေ။

“ဖောက်...”

ပင့်ကူမျှင်များက ရုတ်တရက် တင်းကျပ်သွားပြီး အမှောင် နဂါး ကျန်းလင်း၏ ခန္ဓာကိုယ်ကို မြဲမြံစွာ ချုပ်နှောင်လိုက်သည်။ ကျန်းလင်း က အသည်းအသန် ရုန်းကန် နေသော်လည်း လီယွမ် က သူ၏ လက်သီးများဖြင့် နဂါး ဦးခေါင်းကို အဆက်မပြတ် ထိုးနှက် တော့သည်။ ဓားနတ်သမီး နှင့် လီယွမ် တို့၏ တိုက်ခိုက်မှု ကြောင့် ကျန်းလင်း မှာ အင်အား ကုန်ခမ်း နေပြီ ဖြစ်သည်။

ပင့်ကူမျှင်များမှာ သူ၏ အသား ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားတော့၏။ ကျန်းလင်း၏ ခန္ဓာကိုယ် မှ သေခြင်း ချီများ ထွက်ပေါ် နေဆဲ ဖြစ်ပြီး လီယွမ်ကို မျိုချ ရန် နောက်ဆုံး အကြိမ် ကြိုးစား နေပြန်သည်။

“ဘုန်း... ဘုန်း... ဘုန်း…”

ကောင်းကင်ယံ ရှိ အာဏာရှင်နှလုံးသား က သူ၏ နှလုံးသားကို အပြင်းအထန် ပုတ်ခတ် နေတော့သည်။ ဤ အချိန် တွင် လီယွမ် သည် မာနကြီး လှသော အာဏာရှင် တစ်ဦး အလား ခပ်စူးစူး ရယ် နေပြီး ပင့်ကူမျှင်များကို အသုံးပြု ကာ ကျန်းလင်း၏ အသက် မျဉ်းကြောင်းကို အတင်းအကြပ် ဖြတ်တောက်လိုက်သည်။

တဖြည်းဖြည်း နှင့် သေခြင်း ချီများမှာ ပျောက်ကွယ်သွားတော့၏။ အနီရင့်ရောင် အကြေးခွံများလည်း အသက် ဝိညာဉ် ကင်းမဲ့သွားချေပြီ။ နတ်ဆိုးကိုးပါး၏ ခေါင်းဆောင် ကျန်းလင်း ကျဆုံး ခြင်း နှင့် အတူ တာ့ယန် လူငယ် မျိုးဆက် နှင့် နတ်ဆိုး နယ်မြေ တို့၏ တိုက်ပွဲ မှာ အထွတ်အထိပ် သို့ ရောက်ရှိသွားလေတော့သည်။

“လူသား ကောင်... ကျန်းလင်း သေသွား ပြီ ဆိုတော့ မင်း လည်း သူ့နောက်ကိုလိုက်ရ မယ်...”

“ဝုန်း…”

လျှပ်စီးတန်းများစွာ က လွင်ပြင် တစ်ခုလုံးကို လွှမ်းခြုံ ကာ ကျရောက် လာတော့သည်။ ၎င်းမှာ အဆင့် (၉) နယ်ပယ် ရှိသူ တစ်ဦး၏ ဒေါသ ပင် ဖြစ်သည်။ လီယွမ် ဦးရေပြားများ ပင် ထုံကျင်သွားရ၏။ အဆင့် (၉) ပညာရှင် တစ်ဦး နှင့် ဤမျှ နီးကပ်စွာ ပထမဆုံး အကြိမ် ထိတွေ့ ရခြင်း ဖြစ်ပြီး လောကကြီး တစ်ခုလုံး တုန်ခါ နေသကဲ့သို့ ခံစား ရသည်။ သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ် အရာကိုပင် အဘိုးအိုက တစ်ဝက် တစ်ပျက် ကောင် ဟု ခေါ်ဆိုခဲ့သည် မဟုတ်ပါလော။

“မင်း စည်းမျဉ်းကို ထပ်ပြီး ချိုးဖောက် ပြန်ပြီ...”

ချီယန်၏ အသံ က မိုးခြိမ်းသံများ ကြားမှ ဟိန်းထွက်လာသည်။

လီယွမ် က သူ၏ မျက်လုံး အမြွှာကို ဖွင့်ကြည့်လိုက်သော အခါမှ အရာ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။ မိုးခြိမ်းသံများ ကြားတွင် ရပ်နေသော အဘိုးအို၏ အဝတ်အစား တစ်ဝက် ခန့် မှာ ပြာ ဖြစ်နေပြီး သူ၏ ပခုံး ပေါ်တွင် ဧရာမ ကိန္နရီကြီး တစ်ကောင် ရစ်ပတ် နေသည်ကို မြင်လိုက် ရသည်။

အဘိုးအို က လက်ညှိုး ညွှန်လိုက်သော အခါ ကိန္နရီ၏ ခြေလက် ထောင်ပေါင်းများစွာ မှာ အဆုံးမရှိ ပြန့်ကားသွားတော့၏။ ၎င်းတို့က တိမ်တိုက်များ ထဲသို့ ထိုးဖောက် ဝင်ရောက် ကာ လျှပ်စီးများ အပေါ်သို့ ပျံ့နှံ့သွားသည်။

လီယွမ် က အသက် ပြင်းပြင်း တစ်ချက် ရှူလိုက် မိသည်။ သူ အဖြေ သိသွားပြီ ဖြစ်သည်။ အဘိုးအို၏ သက်စောင့်ကူ မှာ ထူးခြားကူ စာရင်း တွင် အဆင့် (၇) ရှိသော 'မမြင်နိုင်သော လက်' ပင် ဖြစ်လေတော့သည်။

အမည် နှင့်လိုက်ဖက်စွာ ပင် ထို ကူကောင်၏ အခြေခံ ပုံစံ မှာ ကိန္နရီ ဖြစ်သော်လည်း ကူသခင် အား မမြင်နိုင်သော နှောင်ကြိုးများ အဖြစ် ပြောင်းလဲ ကာ အရာ အားလုံးကို ထိတွေ့ ခြယ်လှယ် နိုင်စွမ်း ပေးသည်။ ချီယန် သည် ထို စွမ်းရည်ကို အထွတ်အထိပ် သို့ ရောက်အောင် မြှင့်တင် ထားခြင်း ပင် ဖြစ်၏။

“တစ်ဝက် တစ်ပျက် ကောင်... နတ်ဆိုး နယ်မြေကို ပြန်သွား စမ်း...”

ချီယန် က မာန်ပါပါ ဖြင့် ဟိန်းဟောက်လိုက်သည်။

“နတ်ဆိုးကိုးပါး က ငါ့ တပည့်ကို မယှဉ်နိုင် လို့ ရှုံးတာ ပဲ... မင်း က နယ်မြေ ကျူးကျော်ပြီး ပြဿနာ ရှာချင် သေးတယ် ဆိုရင်တော့ ငါ ဘယ်နှစ်ကြိမ် လောက် ထပ် လှုပ်ရှား နိုင်သေး လဲ ဆိုတာ ပြပေး ရတာ ပေါ့...”

“ဂျုန်း…”

စကား ဆုံးသည် နှင့် တစ်ပြိုင်နက် မည်းမှောင် နေသော တိမ်တိုက်များ နှင့် မိုးခြိမ်းသံများမှာ အစိတ်စိတ် အမွှာမွှာ ကွဲအက်သွားပြီး လောကကြီး မှာ ပြန်လည် လင်းထိန် လာတော့သည်။ ပြင်းထန်သော ဖိအားများမှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။ အဆင့် (၉) နတ်ဆိုး မှာလည်း ထွက်ပြေးသွားရလေတော့သည်။

ချီယန် က တောင်ဝှေးကို အားပြု လျက် ပြန်လာသည်။ သူ၏ ပုံစံ မှာ လေထဲက မီးစာ အလား ယိုင်တိယိုင်တိုင် ဖြစ်နေပြီး ဘယ်အချိန် ပြုတ်ကျ မလဲ မသိနိုင် ပါချေ။

“အဟွတ်... အဟွတ်...”

သူက အကြိမ် အနည်းငယ် ချောင်းဟန့်လိုက်ပြီး လက်ကိုင် ပုဝါ ဖြင့် ပါးစပ်ကို သုတ်လိုက်ရာ ဖြူစင်သော ပုဝါ မှာ ချက်ချင်း ပင် သွေးနက်များဖြင့် စွန်းထင်သွားတော့၏။ လီယွမ် က အမြန် ပြေးသွား ကာ တွဲကူကာ စိုးရိမ် တကြီး မေးလိုက်၏။

“ဘိုးဘေးကြီး... အဆင်ပြေ ရဲ့လား ”

“ဘယ်လိုပဲ ဖြစ်ဖြစ် သေရမှာ ပဲ လေ... အရေး မကြီး ပါဘူး...”

ချီယန် သည် သူ၏ သက်တမ်း ကုန်ဆုံး လုနီးပါး ဖြစ်နေချေပြီ။

ယခု ထိ အသက်ရှင် နေနိုင်ရန် အသက် ဆွဲဆန့်သော ရတနာများစွာကို အသုံးပြု ခဲ့ရပြီး ဖြစ်သဖြင့် မည်သည့် ရတနာ မှ ထပ်မံ အလုပ် မဖြစ်တော့ ပါချေ။ သူသည် အသက်ရှင်ခြင်း နှင့် သေဆုံးခြင်းကို ကောင်းစွာ နားလည် ထားပြီးသား ဖြစ်၏။

“မင်း တော်တော် ကောင်းကောင်း လုပ်နိုင် ခဲ့တယ်...”

ချီယန် က လီယွမ်ကို ကြည့်ကာ ကျေနပ် အားရ နေသည်။

“နတ်ဆိုးကိုးပါး ရဲ့ ခေါင်းဆောင် ကျန်းလင်း အပါအဝင် သုံးယောက်ကို သတ်နိုင် ခဲ့ပြီ... ကူလမ်းစဉ် ရဲ့ ဂုဏ်သတင်း က မင်းရဲ့ နာမည် နဲ့ အတူ အရပ် မျက်နှာ အနှံ့ ယှက်ဖြာသွားတော့ မှာပဲ...”

၎င်းမှာ ချီယန်၏ အိပ်မက် ပင် ဖြစ်သည်။

“ကူသခင် တစ်ယောက် အနေနဲ့ ဒါ ကျွန်တော့် တာဝန် ပါ ”

လီယွမ် က ရယ် လျက်...ပြန်ပြောလိုက်၏။

“ကျွန်တော် ကူအင်မော်တယ် ဖြစ်လာ တဲ့ နေ့ကျရင် ကူလမ်းစဉ်ကို တကယ်ကြီးကျယ် လာအောင် လုပ်မှာပါ ”

“ကောင်းတယ်... တခြား သူတွေ မလုပ်နိုင် တာကို မင်း သေချာပေါက် လုပ်နိုင် လိမ့်မယ် လို့ ငါ ယုံကြည် တယ်...”

ချီယန် က အားရပါးရ ရယ် ပြီးနောက် မေးလိုက်သည်။

. “ခုနက ငါ လှုပ်ရှား တာကို မင်း မြင်လိုက် ရလား...”

“အကြမ်းဖျင်း တော့ မြင်လိုက် ရပါတယ်... ဘိုးဘေးကြီး ရဲ့ သက်စောင့်ကူ က အဆင့် (၇) မမြင်နိုင်သော လက် မဟုတ်လား ”

ချီယန် က ပြန်မေးလိုက်သည်။

“မင်း ဘာတွေ တွေးမိ သလဲ...”

“ကျွန်တော် ခံစား မိတာ ကတော့... ဘိုးဘေးကြီး ရဲ့ သက်စောင့်ကူကို အဆင့်မြှင့်တင် ထားမှု နဲ့ ယှဉ်ရင် ကျွန်တော့် အဆင့် က အတော်လေး နုနယ် ပါသေးတယ်”

ချီယန် က သက်ပြင်း ချလိုက်၏။

“ဒါကြောင့်လည်း ကူသခင် တွေဟာ အသက်ကြီးလေလေ ပိုပြီး ကြောက်စရာ ကောင်းလေလေ လို့ ပြောကြ တာပေါ့... ကူသခင် နဲ့ သက်စောင့်ကူ ကြားက ဆက်နွှယ်မှု က သိုင်းပညာ လိုမျိုး အဆင့် တွေ ခွဲထား တာ မဟုတ်ဘူး... အဲဒါ က အဆုံးမဲ့ နေပြီး တုပ လို့ မရဘူး...”

“ကူလမ်းစဉ် မှာ လျှောက်ရမယ့် လမ်း က သတ်မှတ် ထားတာ မရှိဘူး... အဲဒါ ကြောင့် ငါတို့ က သိုင်းပညာရှင် တွေ ထက် ပိုပြီး နှေးကွေး ရတာ ပေါ့... ဒါပေမဲ့ မင်း တို့ လို ပါရမီရှင် တွေ ကတော့ ရအောင်လိုက်နိုင် ကြပါတယ်...”

“ဒါပေမဲ့ နှမြော စရာ ကောင်းတာ က... ကူလမ်းစဉ် က သိပ်ပြီး မကျယ်ပြန့် သေးဘူး... ပါရမီရှင် တွေကလည်း နည်းလွန်း တယ်... သိုင်းတာအို လိုမျိုး ပါရမီရှင် တွေ ပေါများ နေတာ မဟုတ်ဘူး လေ... ဒါပေမဲ့ တစ်နေ့နေ့ မှာတော့ ကူလမ်းစဉ် ဟာ သိုင်းတာအို လိုပဲ တောက်ပြောင် လာမယ် လို့ ငါ ယုံကြည် တယ်...”

“မင်း နဲ့ ငါ ကတော့ လမ်းဖောက် ပေးတဲ့ သူတွေ ပေါ့…”

Book 20 end.

All Chapters