← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃)

စိတ်ရှုပ်ထွေးခြင်း

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းဆောင်အတွင်း၌ ဝမ်ကျင်းသည် ကုတင်ဘေးတွင် ဗလာကျင်းလျက် လက်နှစ်ဖက်ကို ဆန့်တန်းကာ မတ်တတ်ရပ်နေ၏။

ဒဏ်ရာဒဏ်ချက်များနှင့် အားအင်ကုန်ခမ်းနွမ်းနယ်မှုများကြောင့် ပင်ပန်းနွမ်းလျနေရှာသော သခင်မလေး လူယီသည် ခန္ဓာကိုယ်မှ နာကျင်မှုဝေဒနာကို အောင့်အည်းသည်းခံကာ ဝမ်ကျင်း ဝတ်ရုံတော်ဆင်မြန်းနိုင်ရန် ကူညီပေးနေရရှာသည်။ ဝမ်ကျင်းသည် မိမိရှေ့ရှိ သခင်မလေး လူယီ၏ ခန္ဓာကိုယ်ပေါ်မှ ညိုမည်းစွဲနေသော ဒဏ်ရာများနှင့် သွားရာများကို ကြည့်ရင်း မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိ၏။

မနေ့က သူ၏ပြုမူပုံများသည် အလွန်ထူးဆန်းနေခဲ့သည်၊ ထိုကဲ့သို့သော ဖျက်ဆီးလိုစိတ်မျိုးကို သူတစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ၊ ပို၍ဆိုးသည်မှာ သူသည် ထိုခံစားချက်ကို သဘောကျနှစ်သက်လာပုံရခြင်းပင် ဖြစ်သည်။ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်ရင်း ဝမ်ကျင်းသည် သခင်မလေး လူယီ၏ သွယ်လျသော ခါးလေးကို အသာအယာပုတ်၍ ရပ်တန့်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူသည် အပြင်ဝတ်ရုံတော်ကို ဆင်မြန်းကာ ကုတင်ရှိရာသို့ လှည့်လှမ်းသွားခဲ့၏။

ယွီချင်းချင်းမှာ နိုးနေပြီဖြစ်သော်လည်း ဝမ်ကျင်း၏ ပြင်းထန်လှသော ညှဉ်းပန်းနှိပ်စက်မှုများကြောင့် စကားတစ်လုံးမျှပင် ဟနိုင်စွမ်း မရှိတော့ချေ။ ပွင့်ထွက်သွားသော ဒဏ်ရာဟောင်းများနှင့် ဒဏ်ရာအသစ်များသည် သူမ၏ ခန္ဓာကိုယ်အနှံ့ ပြည့်နှက်နေပြီး သခင်မလေး လူယီက တစ်ကြိမ် ဆေးကုသပေးထားသော်လည်း သွေးစများမှာ တရွေ့ရွေ့ စိမ့်ထွက်နေဆဲပင် ဖြစ်သည်။ ဝမ်ကျင်း ချဉ်းကပ်လာသည်ကို မြင်သောအခါ သူမသည် ခေါင်းကို အနည်းငယ်မျှသာ လွှဲဖယ်လိုက်ပြီး စောင်ထဲသို့ တိုးဝင်ပုန်းကွယ်သွားပါက ဘေးကင်းနိုင်မည်ကဲ့သို့ ခန္ဓာကိုယ်လေးကို ကြောက်ရွံ့စွာ ကျုံ့ထားမိရှာသည်။ ဝမ်ကျင်းကို စိုက်ကြည့်နေသော သူမ၏ လှပသော မျက်ဝန်းအစုံတွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် စိုးရိမ်သောကများ ပြည့်နှက်နေ၏။

ဝမ်ကျင်းသည် ယွီချင်းချင်း၏ ဖြူလျော်နေသော ကဗျာဆန်သည့် မျက်နှာလေးနှင့် သနားစဖွယ် ပုံစံကို စိုက်ကြည့်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် ဖွဖွလေး ရယ်မောလိုက်ပြီး ယွီချင်းချင်း၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော စောင်ကို ရုတ်တရက် ဆွဲဖယ်လိုက်ရာ ဖျက်ဆီးနှိပ်စက်ခံထားရသော အမှတ်အသားများ ပြည့်နှက်နေသည့် သူမ၏ ဆီးနှင်းကဲ့သို့ ဖြူစင်ဝင်းပသော နုနယ်လှသည့် ခန္ဓာကိုယ်အလှမှာ ပေါ်ထွက်လာခဲ့၏။

ယွီချင်းချင်းသည် ဝမ်ကျင်းက သူမကို ဆက်လက် ညှဉ်းပန်းနှိပ်စက်လိုသည်ဟု ထင်မှတ်သွားသည်။ စောင်ကို ရုတ်တရက် ဆွဲဖယ်ခံလိုက်ရသဖြင့် ရင်ဘတ်တွင် ယှက်ကပ်ထားသော လက်နှစ်ဖက်ကို တဖြည်းဖြည်းချင်း အောက်သို့ ချလိုက်ပြီး ခြေထောက်နှစ်ဖက်ကို အနည်းငယ် ခွာလိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသော်လည်း ဝမ်ကျင်း၏ စိတ်ခံစားချက်ကို ဖျက်ဆီးရန် သို့မဟုတ် သူ့ကို မကျေမနပ်ဖြစ်စေရန် သူမ မဝံ့ရဲတော့ချေ။

"အရှင်... ကျေးဇူးပြုပြီး ညင်သာပေးပါ... ကျွန်မ အရမ်း နာကျင်နေပါပြီ..."

ကြောက်ရွံ့စိတ်ကို မဖုံးကွယ်နိုင်ဘဲ လှပသော မျက်ဝန်းအစုံမှ မျက်ရည်များ လျှံကျလာကာ ရှိုက်ကြီးတငင် ငိုကြွေးသံနှင့်အတူ စကားသံများမှာ တုန်ရင်နေရှာသည်။ သူမ၏ ဖြူဝင်းသော လည်ပင်းထက်ရှိ ကြက်သွေးရောင် ကျောက်စိမ်းဆွဲသီးလေးသည် ယွီချင်းချင်း၏ ရှိုက်သံများနှင့်အတူ အသာအယာ လှုပ်ခါနေ၏။ မိမိစိတ်ကြိုက် ပြုမူနိုင်ရန် လုံးဝအရှုံးပေးထားသော ဤပုံစံသည် ဝမ်ကျင်း၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို ပြယ်လွင့်သွားစေသော်လည်း တစ်ဖက်တွင်မူ သူ၏ ကာမရာဂစိတ်များနှင့် ဖျက်ဆီးလိုသော စိတ်ရိုင်းများကို ပိုမိုတောက်လောင်စေခဲ့သည်။

ဝမ်ကျင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ ရင်ထဲမှ လှုပ်ခတ်နေသော စိတ်အာရုံများကို ဖိနှိပ်လိုက်၏။ ထို့နောက် လက်ကို ဆန့်ထုတ်ကာ သူမ၏ မျက်နှာလေးကို အသာအယာ ပွတ်သပ်ပေးပြီး ယွီချင်းချင်း၏ နဖူးပြင်ကို ဖွဖွလေး နမ်းရှုံ့လိုက်သည်။

"ကောင်းကောင်း အနားယူပြီး ဒဏ်ရာတွေကို သက်သာအောင် လုပ်ပါ..."

ဤကဲ့သို့ ရုတ်တရက် ကြင်နာယုယမှုကြောင့် ယွီချင်းချင်းမှာ ဝေခွဲမရ မှင်တက်သွားရပြီး ကြောင်တောင်တောင်ဖြင့် ခေါင်းကိုသာ ငြိတ်ပြမိရှာသည်။ ဝမ်ကျင်းသည် ယွီချင်းချင်း၏ ကြောင်အမ်းအမ်း ဖြစ်နေသော ပုံစံကို ကြည့်ပြီး အသာအယာ ရယ်မောကာ လှည့်ထွက်ခဲ့၏။

သခင်မလေး လူယီ၏ ဘေးမှ ဖြတ်ကျော်စဉ် သူက တည်ငြိမ်စွာပင် ပြောကြားလိုက်သည်။

"အဝတ်အစားတွေကို သေသေချာချာ ပြန်ဝတ်ပြီးမှ ငါ့ဆီ လာခဲ့..."

ထိုသို့ပြောပြီးနောက် သူသည် အခန်းပြင်သို့ အရှိန်အဟုန်ဖြင့် လှမ်းထွက်သွားခဲ့၏။ တံခါးကို တွန်းဖွင့်လိုက်သောအခါ နံနက်ခင်း၏ နေရောင်ခြည်သည် ဝမ်ကျင်း၏ မျက်နှာထက်သို့ ဖြာကျလာသည်။ လတ်ဆတ်သော နံနက်ခင်း လေထုကို ရှူရှိုက်လိုက်ရသဖြင့် သူ၏ ရင်ထဲမှ မငြိမ်မသက်ဖြစ်မှုများသည် အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားခဲ့လေပြီ။

မကြာမီမှာပင် သခင်မလေး လူယီသည် အခန်းပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။

"သခင်ကြီး... ဘာများ အမိန့်ရှိပါသလဲ”

"မင်းတို့ လူမိသားစုက ဒီယွီချင်းချင်းကို ငါ့ရဲ့ ကုတင်ပေါ်ရောက်အောင် နည်းလမ်းပေါင်းစုံ သုံးခဲ့ကြတယ်။ နောင်တစ်ချိန်မှာ သူမ သစ္စာတော်ခံဖြစ်ပြီး မျက်နှာသာရလာတဲ့အခါ မင်းတို့ လူမိသားစုကို ပြန်ပြီး ကလဲ့စားချေမှာကို မကြောက်ဘူးလား။ မင်းတို့မှာ ဘာအမာခံအင်အား ရှိလို့လဲ။"

စကားပြောရင်း ဝမ်ကျင်း၏ နှုတ်ခမ်းထက်တွင် နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ဤစကားကို ကြားလိုက်ရသောအခါ သခင်မလေး လူယီ၏ ကျောပြင်ထက်တွင် ချွေးစေးများ ချက်ချင်းပင် ထွက်လာခဲ့၏။ လူမိသားစုက နေမင်းကိုးပါးနန်းတော်မှ ဂိုဏ်းသားအချို့ကို တိတ်တဆိတ် ဖမ်းဆီးထိန်းသိမ်းထားသည့် ကိစ္စမှာ ပေါက်ကြားသွားပြီဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။ သူမသည် ပျာပျာသလဲ ဦးညွှတ်လိုက်၏။

"သခင်ကြီး... ကျေးဇူးပြုပြီး အပြစ်မှ ချမ်းသာပေးပါ။ ဒါက ကျွန်မရဲ့ ခဏတာ မိုက်မဲမှုနဲ့ ကိုယ့်ကိုယ်ကိုယ် တတ်လှပြီအောက်မေ့တဲ့ ဉာဏ်ဆင်မှုကြောင့်..."

သခင်မလေး လူယီ စကားမဆုံးမီမှာပင် ဝမ်ကျင်းသည် လက်ကို အသာအယာ မြှောက်ကာ သူမ၏ အသနားခံမှုကို ဖြတ်တောက်လိုက်သည်။

"အို... ဒါက မင်းတစ်ယောက်တည်းရဲ့ အကြံစည်ပေါ့။ မင်းရဲ့ အဖေနဲ့ အစ်ကိုက ဘာမှမသိဘူးလား။"

"မှန်လှပါ... ဒါက ကျွန်မရဲ့ မိုက်မဲမှု သက်သက်သာ ဖြစ်ပြီး အိမ်က အဖေနဲ့ အစ်ကိုတို့နဲ့ လုံးဝ မသက်ဆိုင်ပါဘူး"

"တောက်..."

ဝမ်ကျင်း၏ မျက်နှာထက်တွင် စိတ်ပျက်ပျက် အရိပ်အယောင်များ ထင်ဟပ်လာသည်။ လူယီက ပြစ်မှုအားလုံးကို သူမတစ်ဦးတည်း တာဝန်ယူလိမ့်မည်ကို သူ ကြိုတင်သိရှိပြီးသား ဖြစ်သည်။ အလားတူပင် အကယ်၍ လူရှီ သို့မဟုတ် လူယိတို့ ဤနေရာတွင် ရှိနေခဲ့လျှင်ပင် ထိုကဲ့သို့ပင် ပြုမူကြလိမ့်မည်။

ရုတ်တရက် ဝမ်ကျင်း၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး စိတ်ဝင်စားဖွယ်ရာ အကြံတစ်ခုကို တွေးမိသွားပုံရသည်။ သူ၏လက်များဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသော သခင်မလေး လူယီ၏ ပခုံးကို ဖိနှိပ်လိုက်ပြီး သူ၏ ချောမောသော မျက်နှာကို အနည်းငယ် ကြောက်ရွံ့ထိတ်လန့်နေသော မိန်းကလေး၏ မျက်နှာနားသို့ တိုးကပ်လိုက်၏။

"ဟေး... ငါ ပျော်စရာကောင်းတဲ့ အရာတစ်ခုကို တွေးမိသွားပြီ။ ပြောစမ်းပါဦး... အကယ်၍ ငါက နေမင်းကိုးပါးနန်းတော်က ဂိုဏ်းသားအားလုံးကို သတ်ပစ်လိုက်မယ်ဆိုရင် အဲဒီအကြောင်းကို ယွီချင်းချင်း သိသွားတဲ့အခါ သူမ ဘာလုပ်မလဲ။"

"သူမ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားမလား။ ဒါမှမဟုတ် ကလဲ့စားချေဖို့အတွက် အသက်စွန့်ပြီး ဒီနေရာတင် သွေးမြေကျအောင် တိုက်ခိုက်မလား။ ဒါမှမဟုတ်ရင်တော့ သူမရဲ့ နာကျည်းမှုကို အောင့်အည်းသည်းခံပြီး ကလဲ့စားချေဖို့ အခွင့်အရေးကို စောင့်ဆိုင်းမလား။"

"ဟင်... ဟို... ဟို...။"

မြေပြင်ပေါ်တွင် ဒူးထောက်နေသော သခင်မလေး လူယီသည် မိမိရှေ့တွင် တဖြည်းဖြည်း သွေးရူးသွပ်ခါ ဖြစ်လာသော ဝမ်ကျင်းကို ကြည့်ရင်း ရင်ထဲမှ အေးစက်လှသော အအေးဓာတ်တစ်ခု ခန္ဓာကိုယ်အနှံ့ ပျံ့နှက်သွားကာ ခြေလက်များ အေးစက်တောင့်တင်းသွားသလို ခံစားလိုက်ရသည်။ ဤအချိန်တွင် ဝမ်ကျင်း၏ ထံမှ လူတစ်ဦးကို ထွက်ပြေးတိမ်းရှောင်ချင်စိတ် ပေါက်ဖွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးဆန်သည့် သွေးရူးသွပ်မှုကို သူမ မြင်တွေ့လိုက်ရ၏။

သခင်မလေး လူယီသည် မိမိကိုယ်ကိုယ် လူကောင်းတစ်ယောက်ဟု မသတ်မှတ်ထားသလို သူမ၏ လက်များတွင်လည်း သွေးစွန်းခဲ့ဖူးသော်လည်း ရန်သူများ၏ စိတ်ဝိညာဉ်ကို ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်ပြီး ဖျက်ဆီးပစ်သည့် လုပ်ရပ်မျိုးကိုမူ မပြုလုပ်ဖူးချေ။

ဝမ်ကျင်းသည် မရပ်မနား ရယ်မောနေရင်း မိမိလက်ဖြင့် ဆွဲကိုင်ထားသော သွယ်လျသည့် ပခုံးလေးများ တုန်ရင်နေသည်ကို ခံစားမိလိုက်ပြီးနောက် သူ၏ စိတ်ရိုင်းများကို တဖြည်းဖြည်း ပြန်လည် ထိန်းချုပ်လိုက်သည်။ သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်အေးစက်မှုသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။ သူသည် သခင်မလေး လူယီ၏ ပခုံးပေါ်မှ လက်များကို ဖယ်ခွာကာ မတ်တတ်ရပ်လိုက်ပြီး ထိတ်လန့်နေဆဲဖြစ်သော သခင်မလေး လူယီကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ဒီညကျရင် မင်းတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေမင်းကိုးပါးနန်းတော်က ဂိုဏ်းသားတွေကို ကွန်ရက်ဆီ လွှဲပြောင်းပေးလိုက်ပါ။ ပြီးတော့ မင်းရဲ့ အဖေနဲ့ အစ်ကိုတို့ကိုလည်း ငါ့ဆီ လာတွေ့ခိုင်းလိုက်ဦး။"

"မှန်လှပါ သခင်ကြီး။"

"မင်း သွားနိုင်ပြီ။"

သခင်မလေး လူယီ ပြာပြာသလဲ ထွက်ခွာသွားသည်ကို ဝမ်ကျင်းသည် အတန်ကြာ စိုက်ကြည့်နေပြီးနောက် ခေါင်းကို အသာအယာ ရမ်းလိုက်မိ၏။

"သူမက ဘာပဲပြောပြော လူမိသားစုရဲ့ ကျားသစ်မတစ်ကောင်ပဲ၊ ဘာလို့ ဒီလောက်တောင် ကြောက်တတ်နေရတာလဲ..."

ထို့နောက် သူသည် မိမိ၏ လူယုံများနှင့်အတူ အပြင်တွင် စောင့်ကြပ်နေသော ကုရန်ကို လက်ဟန်ပြ၍ ခေါ်လိုက်သည်။

"အာရန်... ဒီကိုလာခဲ့။"

ကုရန်သည် အမိန့်ကို ကြားလိုက်ရသဖြင့် ဝမ်ကျင်း၏ထံသို့ လျှောက်လှမ်းလာကာ လက်နှစ်ဖက်ကို ပူး၍ အရိုအသေပေးလိုက်၏။

"အမိန့်ရှိပါ သခင်ကြီး။"

"နေမင်းကိုးပါးနန်းတော်က ကျန်ခဲ့တဲ့ ဂိုဏ်းသားတွေ အရေအတွက် အရမ်းများလွန်းတယ်၊ သူတို့ကို စောင့်ကြပ်ကြည့်ရှုရတာက စိတ်ရှုပ်စရာ ကောင်းပြီး ပျော်စရာမရှိဘူး။ ယွီချင်းချင်းနဲ့ သံယောဇဉ် အနက်ရှိုင်းဆုံး ရှိတဲ့ လူအနည်းငယ်ကိုပဲ ချန်ထားပြီး ကျန်တဲ့လူတွေကို သတ်ပစ်လိုက်စမ်း။ သဲလွန်စမကျန်စေနဲ့။"

"အမိန့်အတိုင်းပါ။"

"ပြီးတော့... စီမာယီကိုလည်း ဆင့်ခေါ်လိုက်ဦး။"

"အမိန့်အတိုင်းပါ။"

"မင်း သွားနိုင်ပြီ။"

မကြာမီမှာပင် ဆင့်ခေါ်ခြင်းခံရသော စီမာယီသည် ဝမ်ကျင်း၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ စီမာယီ ရောက်ရှိလာသည်ကို မြင်သောအခါ ဝမ်ကျင်းသည် စီမာယီ အရိုအသေပေးသည်ကိုပင် မစောင့်ဆိုင်းတော့ဘဲ သူ၏လက်ကို ဆွဲကိုင်ကာ စာကြည့်ဆောင်ရှိရာသို့ ခေါ်ဆောင်သွားခဲ့၏။ စာကြည့်ဆောင်အတွင်းသို့ ဝင်ရောက်ကာ အပြင်လူများအားလုံးနှင့် သီးသန့်ဖြစ်သွားသောအခါ ဝမ်ကျင်း၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာခဲ့သည်။

"စီမာယီ... ငါ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ နည်းနည်း ထူးဆန်းနေသလိုပဲ... ငါ့ရဲ့ စိတ်နှလုံးထဲမှာ ပြဿနာတစ်ခုခု ရှိနေပြီထင်တယ်။"

စီမာယီ၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်သွား၏။ ဝမ်ကျင်း၏ ယခုလေးတင် ပြုမူခဲ့သော အလောတကြီး ပုံစံသည် ဤကိစ္စ၏ ကြီးလေးမှုကို သက်သေပြနေပေသည်။

"သခင်ကြီး... အကျိုးအကြောင်းကို သေသေချာချာ မိန့်ကြားပေးပါဦး..."

ဝမ်ကျင်းသည် သူ၏ မေးစေ့ကို အသာအယာ ပွတ်သပ်ရင်း တွေးတောမြော်မြင်သော မျက်ဝန်းများဖြင့် ပြောလိုက်၏။

"မနေ့က ယွီချင်းချင်းကို မြင်လိုက်ရကတည်းက စပြီး ငါ့ရဲ့ စိတ်တွေ ပုံမှန်မဟုတ်တော့တာ..."

"ဟင်... ဒါက ဖြစ်နိုင်မလား..."

စီမာယီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ မိမိ၏ သခင်ကြီးသည် ချစ်ခြင်းမေတ္တာ စိတ်ဝင်စားသွားခြင်းလား။ ထိုသို့လည်း မဖြစ်နိုင်ပေ။ စီမာယီ၏ အမူအရာကို မြင်လိုက်ရသောအခါ ဝမ်ကျင်းသည် သူ လွဲမှားစွာ တွေးတောနေကြောင်း နားလည်လိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်၏။

"မဟုတ်ဘူး... အချစ်စိတ်ဝင်တာ မဟုတ်ဘူး... ရာဂစိတ်တစ်မျိုးပဲ။ နှိမ်နင်းဖို့ အလွန်ခက်ခဲတဲ့ တပ်မက်မှုတစ်ခု။ ပြီးတော့ ဖျက်ဆီးပစ်ချင်တဲ့ စိတ်ရိုင်း စေ့ဆော်မှုတစ်ခုပဲ။ ငါ ဒီလို ခံစားချက်မျိုးကို တစ်ခါမှ မကြုံဖူးဘူး။ ငါ့ရဲ့ စိတ်အာရုံကို တစ်ခုခုက လွှမ်းမိုးချုပ်ကိုင်ထားသလိုပဲ... ဒါမှမဟုတ်ရင်... ငါ ဖျားနာနေတာလား..."

ဝမ်ကျင်းသည် စကားပြောရင်း သူ၏ မျက်နှာအမူအရာမှာ ပိုမိုဆိုးရွားလာခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် ဖျားနာနေခြင်းလားဟု သံသယဝင်မိသော်လည်း ဤကဲ့သို့သော သိုင်းလောကတွင် စိတ်ပညာရှင် ရှိလိမ့်မည်မဟုတ်ချေ။ ဝမ်ကျင်း၏ စကားများသည် စီမာယီ၏ ရင်ထဲတွင် သတိပေးခေါင်းလောင်းကို ပြင်းထန်စွာ မြည်ဟည်းသွားစေခဲ့၏။ သူသည် ဝမ်ကျင်း ဖျားနာနေသည်ဟု သံသယမဝင်ဘဲ ပြင်ပမှ မကောင်းဆိုးဝါးဆန်သော အရာတစ်ခုခုက ဝမ်ကျင်း၏ စိတ်အာရုံကို ရှုပ်ထွေးအောင် ပြုစားထားခြင်း ဖြစ်နိုင်ကြောင်း စဉ်းစားမိရာ ၎င်းသည် ကြီးမားလှသော ပြဿနာကြီးတစ်ခု ဖြစ်ပေသည်။

အကယ်၍ သာမန်အရပ်သားတစ်ဦး၏ စိတ်အာရုံ ချို့ယွင်းသွားပါက ၎င်းတို့၏ သြဇာလွှမ်းမိုးမှု အကန့်အသတ်ရှိသဖြင့် မိသားစုတစ်ခုသာ ဒုက္ခရောက်ပေလိမ့်မည်။ သို့သော် ဝမ်ကျင်းကဲ့သို့ ကြီးမားသော အာဏာစက်ကို ပိုင်ဆိုင်ထားသူတစ်ဦး၏ စိတ်အာရုံ တွေဝေရှုပ်ထွေးသွားပါက ၎င်းသည် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ အကယ်၍ သူ၏ အရေးကြီးသော ဆုံးဖြတ်ချက်များတွင် ထိုအရာက လွှမ်းမိုးသွားပါက လူပေါင်းသောင်းချီ၊ သိန်းချီတို့၏ အသက်ဘေးအန္တရာယ်နှင့် တိုက်ရိုက်သက်ဆိုင်သွားပေလိမ့်မည်။

ထိုသို့ သူတို့နှစ်ဦး စိုးရိမ်ပူပန်နေကြစဉ်အချိန်၌ ကုတင်ပေါ်တွင် လဲလျောင်းနေသော ယွီချင်းချင်းသည် သူမ၏ လည်ပင်းရှိ ကြက်သွေးရောင် ကျောက်စိမ်းဆွဲသီးလေးကို အသာအယာ ပွတ်သပ်နေခဲ့သည်။ သူမ လှုပ်ရှားလိုက်သည်နှင့်အမျှ သူမ၏ လက်သည်းခွံများအောက်မှ သေးငယ်သော မှုန့်ညက်များ တရွေ့ရွေ့ လွင့်စင်ကျလာခဲ့၏။ ယွီချင်းချင်းသည် သူမ၏ မျက်ဝန်းအစုံတွင် ပိုမိုပြင်းထန်လာသော ကြောက်ရွံ့မှုများကို အသည်းအသန် ထိန်းချုပ်ရင်း ရင်ထဲမှ ထက်သန်လာသော စိတ်လှုပ်ရှားမှုများကို တွန်းလှန်ရန်အတွက် သူမ၏ ဆရာသခင် သင်ကြားပေးခဲ့သော ကျင့်စဉ်ကို အသုံးပြုနေခဲ့သည်။

နောက်ဆုံးတွင် ဝမ်ကျင်းက သူမအား ပြုစုရန် စေလွှတ်လိုက်သော အစေခံမိန်းကလေးက တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သတိမပြုမိမီမှာပင် ဒြပ်မဲ့လက်ဝါးကြီးများဖြင့် ဖိညှစ်ထားသကဲ့သို့ ပြင်းထန်လှသော ကြောက်ရွံ့စိတ်များသည် သူမ၏ ရင်ထဲမှ တဖြည်းဖြည်း ပြယ်လွင့်ပျောက်ကွယ်သွားခဲ့သည်။

"သခင်ကြီး... အရှင့်အနေနဲ့ ကျွန်မတို့ရဲ့ နေမင်းကိုးပါးနန်းတော်ကို အထင်သေးလွန်းသွားခဲ့ပြီ..."

All Chapters