← Chapters

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း(368)

ယောက္ခမနှင့် ချွေးမနှစ်ဦးလုံးက အဝတ်များကို အားပြင်းပြင်းနှင်် ပွတ်တိုက်လျှော်ဖွပ်နေသည့် စုဝေ့ချင်း၏ စိတ်ကောက်နေသည့် မျက်နှာအမူအရာကို လုံးဝ သတိမပြုမိကြဘဲ ပိုင်မားခရိုင်ရှိ ကိစ္စများကိုသာပြောဆိုကြလေ၏။

ဆေးဝါးစက်ရုံက အေးချမ်းသာယာနေဆဲပင်။

လော်ယွီရှို့နှင့် ဝူလီတို့က မကြာခဏ စကားများ ငြင်းခုံကြသော်လည်း ဤအချက်ကပင် သူတို့အချင်းချင်း အဖော်ပြုပေးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

“မကြာခင် ကလေးများနေ့ ရောက်တော့မယ်၊ မင်းရဲ့ အဒေါ်တွေက ငါ ပေကျင်းကိုလာမယ်ဆိုတာသိတော့ ရှောင်လော်အတွက် အဝတ်အစားတွေ၊ ရောင်စုံချည်မျှင်တွေနဲ့ ဆေးအိတ်လေးတွေကို အကုန် ဝယ်ပေးလိုက်ကြတယ်၊

နောက်ပြီး ရှောင်လော်ကို နွေရာသီမှာ ခြင်တွေ မကိုက်စေဖို့အတွက် စူးကော်နဲ့ အိုက်ချောင်ရွက်တွေကို ရေနွေးဖျောပြီး ရေချိုးပေးဖို့ မမေ့နဲ့လို့လည်း မှာလိုက်သေးတယ်”

လီရှန်းလည်း အပြုံးဖြင့် ပြန်ပြောခဲ့လေ၏။

“ကျွန်မရဲ့ အမေဘက်က မိသားစုက ကျန်းပေ့ကလေ၊ သူတို့က လှေလှော်ပွဲတော်ကို ကလေးများပွဲတော်လို့ ခေါ်ကြတာ၊

နောက်ပြီး မကြာခင်မှာပဲ ကောက်ရိတ်ပွဲတော်ကလည်း ရောက်တော့မှာဆိုတော့ ကျွန်မတို့တွေ လက်ဆောင်တွေ ပြန်ပေးဖို့ လိုအပ်လိမ့်မယ်၊

အဲဒီအချိန်ကျရင် ကျွန်မ ပြန်သွားနိုင်မှ မဟုတ်လို့ အမေ့ကိုပဲ ကျွန်မကိုယ်စား သွားပေးခိုင်းရမယ် ထင်တယ် “

စုဝေ့မင်က လက်ယမ်းပြလိုက်ပြီး ပြောလိုက်လေသည်။

“ကိစ္စမရှိဘူး၊ ငါတို့လုပ်သင့်တဲ့ အလုပ်တွေပဲလေ”

စုဝေ့ချင်းက အဝတ်များကို လျှော်ဖွပ်ပြီးနောက် စုဝေ့မင်ကို အများပြည်သူသုံး ရေချိုးခန်းသို့ ခေါ်ဆောင်ကာ ရေချိုးစေခဲ့၏။

သူတို့ ပြန်ရောက်ရှိလာချိန်တွင် အဝတ်အစား နောက်တစ်သုတ်ကို ထပ်မံ၍ လျှော်ဖွပ်ကြပြန်သည်။

တစ်နေ့တာ ကုန်ဆုံးသွားချိန်တွင်တော့ သူတို့က ဇလုံကြီး နှစ်ဇလုံစာ အဝတ်များကို လျှော်ဖွပ်ခဲ့ကြရလေ၏။

စုဝေ့ချင်းက အလွန်ပင် စိတ်ဓာတ်ကျသွားရလေတော့၏။

စုရှောင်လော်မှာတော့ သူမ၏ အဘိုးကို မြင်တွေ့ရသည့်အချိန်တွင် အလွန်အမင်း ပျော်ရွှင်နေခဲ့လေ၏။

သူမက အဘိုးဖြစ်သူကို ပန်းသီးများပင် ကျွေးမွေးနေခဲ့သည်။

စုဝေ့မင်ကလည်း မြေးမလေးအပေါ် အလွန်ချစ်မြတ်နိုးပြီး သူမ ပြောသမျှ အရာအားလုံးကိုပြုလုပ်ပေးခဲ့သည်။

သာမန်အားဖြင့် စုရှောင်လော်က ညတိုင်း တစ်နာရီခန့် စာဖတ်လေ့ရှိသော်လည်း အဘိုးဖြစ်သူရောက်ရှိလာချိန်တွင် သူမ၏ စာအုပ်များကို လုံးဝ မေ့လျော့သွားတော့သည်။

စုဝေ့ချင်းတစ်ယောက် သူ၏ဦးနှောက်ထဲမှ စနစ်၏ အပြစ်တင်နေသော အသံများကို နားထောင်ရင်း စိတ်ပျက်စွာဖြင့် အဝတ်များကို ဆက်လက်လျှော်ဖွပ်နေရ၏။

ဟဲထန်က သူ၏စနစ်အကြောင်းကို ဖော်ထုတ်ခဲ့ကတည်းက စနစ်အနေဖြင့် အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။

အိမ်အပြင်သို့ ထွက်သည့် အချိန်တိုင်းတွင်လည်း ယခင်ကကဲ့သို့ စုဝေ့ချင်းနှင့် စကားပြောဆိုခြင်း မပြုတော့ဘဲ တိတ်တဆိတ်သာ နေလေ့ရှိသည်။

ထိုညတွင် စုဝေ့မင်က စိမ်းသက်လွန်းသော ခုတင်ကြီးပေါ်တွင် ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင်ခဲ့ပေ။

တစ်ဖက်တွင် သူ့အနေဖြင့် သားနှင့် ချွေးမတို့၏ အောင်မြင်မှုများအတွက် အလွန်ပင်ကျေနပ်ပီတိဖြစ်မိ၏။

တစ်ဖက်တွင်လည်း သူတို့၏ ရဲတင်းလွန်းသော အပြုအမူများကြောင့် ထိတ်လန့်တုန်လှုပ်မိရပြန်သည်။

သူက အမှန်တကယ် ကြောက်ရွံ့မိနေခြင်းပင်။

သို့သော် စုဝေ့ချင်း၏စကားများက မမှားပေ။ နိုင်ငံတော်က ပညာဗဟုသုတများ ပျောက်ကွယ်သွားသည်ကို ထိုင်ကြည့်နေလိမ့်မည် မဟုတ်ပါချေ။

ဘိုးဘွားများ ပြောဆိုခဲ့ကြသကဲ့သို့ အလုပ်အကိုင် အားလုံးထဲတွင် စာပေလေ့လာခြင်းသာလျှင် အမွန်မြတ်ဆုံး ဖြစ်ပေသည်။

အကယ်၍ သူ၏ သားနှင့် ချွေးမနှစ်ဦးလုံးက တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသည်ဆိုပါက၊ သူတို့အနေဖြင့် ရှေးခေတ်က အဆင့်မြင့် စာမေးပွဲအောင်မြင်သူများနှင့် တူညီနေမည် မဟုတ်ပါလား။

ဤသို့ တွေးတောမိသည့်အချိန်တွင်တော့ စုဝေ့မင်က စောင်ထဲသို့ ခေါင်းဝင်ပြီး အသံထွက်ကာ အော်ဟစ်ရယ်မောလိုက်မိတော့သည်။

*

နောက်တစ်နေ့ မနက်ပိုင်းတွင် စုဝေ့မင်က အိပ်ရာမှစောစောထပြီး ယခင်က ကျန်းရိကော် ပြုလုပ်ခဲ့ဖူးသကဲ့သို့ ဝင်းခြံတစ်ခုလုံးကို တံမြက်စည်း လှည်းကျင်းလေ၏။

သို့သော် သူ၏ စိတ်နေစိတ်ထားက ကျန်းရိကော်နှင့် မတူညီပေ။

ယခင်က ကျန်းရိကော်က သူ၏မြေးဖြစ်သူ ဆေးကုသမှု ခံယူရတော့မည်ဖြစ်၍ စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။

သို့သော် စုဝေ့မင်စိတ်ဓာတ်ကတော့ ပိုမိုပြင်းထန်လွန်းပြီး ဤဝင်းခြံငယ်လေးကို သူ၏ ကိုယ်ပိုင်အိမ်ကဲ့သို့ သဘောထားနေခြင်းဖြစ်လေ၏။

လီရှန်း အိပ်ရာမှထပြီးနောက်တွင် မနက်စာကို လျင်မြန်စွာ ပြင်ဆင်ချက်ပြုတ်ခဲ့သည်။

ထို့နောက် စားသောက်ကြပြီး စုရှောင်လော်ကို ကျောင်းသို့ လိုက်ပါပို့ဆောင်ရင်း ကျောင်းသို့သွားခဲ့၏။

စုဝေ့ချင်းကတော့ စုဝေ့မင်ကို တခြားသော ခြံတချို့ဆီသို့ လိုက်လံပြသခဲ့သည်။

သူတို့နေထိုင်သော ခြံနှင့် နှိုင်းယှဉ်လျှင် တခြားသော ခြံများက ဟာလာဟင်းလင်းဖြစ်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေလေ၏။

ထိုခြံတို့၏ တံခါးများကို ကြေးသော့ခလောက်များဖြင့် တင်းကျပ်စွာ သော့ခတ်ထားလေသည်။

ခြံများထဲတွင် ပေါင်းမြက်များက ကင်းစင်နေသည်ကို ကြည့်ခြင်းဖြင့် တစ်စုံတစ်ဦးက ပုံမှန်လာရောက် သန့်ရှင်းရေး ပြုလုပ်ပေးနေပုံရသည်။

“ဒါတွေအားလုံးက ရှောင်တုန်လုပ်ထားတာတွေပဲ”

စုဝေ့ချင်းက သူ၏ တပည့်ဖြစ်သူအပေါ် အလွန်ကျေနပ်သော လေသံဖြင့် ပြောဆိုလိုက်လေသည်။

“အဲဒီကလေးက အတော်လေး စိတ်ထားကောင်းတယ်၊ မင်း သူ့ကို ကစားစရာတွေပဲ ဆက်တိုက်လုပ်ခိုင်းနေလို့ မဖြစ်ဘူး၊

အနည်းဆုံးတော့ သူရဲ့ အနာဂတ်အတွက် ထည့်သွင်းစဉ်းစားပေးရမယ်”

စုဝေ့မင်အနေဖြင့် သူ၏ အငယ်ဆုံးသားက အပျော်အပါးမက်သော ကလေးတစ်ဦးဖြစ်ကြောင်းကို သိရှိသည်။

သူက ပုံမှန်အားဖြင့် ပျင်းရိသည့်အမူအရာမျိုးရှိသော်လည်း အလုပ်တစ်ခုကို အမှန်တကယ် စူးစိုက်လုပ်ကိုင်သည့်အချိန်တွင်လည်း

တခြားမည်သူထက်မဆို ပိုမို၍ ကျွမ်းကျင်လွန်း၏။

ယခင်က အိမ်မှ ကလေးပုခက်များကို ပြုလုပ်ချိန်ကတည်းက စုဝေ့ချင်းတွင် ကောင်းမွန်သော အရည်အချင်းရှိကြောင်းကို သူ သိရှိခဲ့သည်။

တစ်ဖက်လူက မည်သူ့ထံမှ သင်ယူခဲ့သည်ကို မသိရသော်လည်း သူ၏ ဆန်းပြားလွန်းသော အတွေးအခေါ်များက တခြားမည်သူထက်မဆို ပိုမို၍ ထူးခြားလွန်း၏။

“ကျွန်တော် စဉ်းစားထားပြီးပါပြီ၊ ကျွန်တော်တို့ကျောင်းက နန်းတော်ပြတိုက်နဲ့ ဆက်စပ်မှုတချို့ ရှိတယ် မဟုတ်ဘူးလား၊

ကျွန်တော် သူ့ကို သေချာတဲ့ ဆက်ခံမှုအဆက်အနွယ်ရှိတဲ့ ဆရာတစ်ဦးဆီမှာ တရားဝင် တပည့်ခံခိုင်းပြီးတော့၊

နောက်ပိုင်းကျရင် အဲဒီနန်းတော်ထဲမှာ ရှေးဟောင်းပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းတဲ့ အလုပ်ကို သွားရောက်လုပ်ကိုင်စေချင်တာ”

ဝမ်တုန်ကို လက်ခံလိုသော ဆရာတစ်ဦးရှိနေသရွေ့ သူက သူ့ထံတွင် ရှိနေသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ စာအုပ်များနှင့် သင်ခန်းစာများ အားလုံးကို သူ့ကို သင်ကြားပေးနိုင်သည်။

တခြားဆရာတစ်ဦးထံတွင် ထပ်မံ၍ တပည့်ခံရမည့် ကိစ္စနှင့် ပတ်သက်၍ စုဝေ့ချင်းက လုံးဝ ဂရုမစိုက်ပေ။

လမ်းပြပေးသူနှင့် ဆရာဟူသည်က ကွာခြားမှု ရှိသည်။

စုဝေ့ချင်း၏ အဆင့်အတန်းကို မည်သူကမျှ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

“မင်း အဲဒီနေရာကို ဝင်လို့ရလို့လား”

စုဝေ့မင်က မျက်လုံးများကို ကျယ်ကျယ်ဖွင့်၍ မေးမြန်းလိုက်လေသည်။

“ဘာလို့ မရရမှာလဲ၊ သူတို့တွေ တောင်ပိုင်းကို သွားကြတုန်းက ကောင်းမွန်တဲ့ အရာတွေ အများကြီးကို ဖျက်ဆီးခဲ့ကြတာပဲလေ၊ ပြီးတော့ ဓားပြတွေလည်း ရှိသေးတယ်”

ထိုခေတ်ကာလများအကြောင်းကို ပြောဆိုမိသည့်အချိန်တွင် စုဝေ့မင်အနေဖြင့် တိတ်ဆိတ်သွားရသည်။

ထိုအချိန်က အရှက်ရဖွယ်ကောင်းသော ကိစ္စရပ်များကို ပြန်တွေးတောမိတိုင်း နှလုံးသားထဲတွင် ပြင်းထန်စွာ နာကျင်မိရ၏။

ကောင်းမွန်သောအရာများစွာ ရှိခဲ့ပါလျက်နှင့် ပျက်စီးဆုံးရှုံးခဲ့ရသည်က အမှန်တကယ်ပင် နှမြောစရာကောင်းလွန်းသည်။

အကယ်၍ ထိုပစ္စည်းတို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်မည်ဆိုပါက၊ တရုတ်နိုင်ငံ၏ ပြည်သူများအတွက်ရော၊ သမိုင်းကြောင်း သုတေသနပြုသူများအတွက်ပါ အလွန်ကောင်းမွန်သော အရာတစ်ခု ဖြစ်ပေလိမ့်မည်။

“အဲဒီလို အလုပ်မျိုးကို လုပ်ဆောင်ဖို့ အတွေ့အကြုံရှိတဲ့ လက်မှုပညာရှင်တွေ လိုအပ်တယ်၊

ဒါပေမဲ့ တချို ပရော်ဖက်ရှင်နယ် အသိပညာတွေ ရှိနေဖို့ကလည်း အရမ်း အရေးကြီးတယ်”

“ကျွန်တော် သူ့အတွက် စာအုပ်တချို့ ရှာဖွေပေးထားပြီးပါပြီ၊

သူက တပည့်မခံခင်တုန်းက အထက်တန်းကျောင်းကို တစ်နှစ်လောက် တက်ရောက်ခဲ့ဖူးတာလေ၊

ကျွန်တော် သူရဲ့ ကျောင်းဝင်ခွင့်မှတ်တမ်းကို ပြန်ယူပြီးတော့ သူ့ကို တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခိုင်းဖို့ စဉ်းစားနေတာ”

မည်မျှပင် တတ်မြောက်သည်ဖြစ်စေ တက္ကသိုလ်ဘွဲ့တစ်ခု ရှိနေခြင်းက ကောင်းမွန်သော အရာတစ်ခု ဖြစ်၏။

“သူ စာမေးပွဲ အောင်မြင်နိုင်ပါ့မလား”

စုဝေ့မင်က မယုံကြည်ခြင်းကြောင့် မဟုတ်သော်လည်း လက်တွေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခြင်းက စစ်တပ်တစ်ခုမှ တံတားတစ်စင်းတည်းကို အလုအယက် ဖြတ်သန်းနေရသကဲ့သို့ ခက်ခဲလွန်း

သောကြောင့် ဖြစ်သည်။

“ကျွန်တော်တို့တွေ ကြိုးစားကြည့်ရမှာပေါ့”

ကောင်းပြီလေ။

ရည်မှန်းချက် ရှိနေခြင်းက ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။

ဝင်းခြံ သုံးခုလုံးသို့ သွားရောက်ကြည့်ရှုပြီးနောက် စုဝေ့ချင်း၏ လမ်းညွှန်မှုအောက်တွင် ပတ်ဝန်းကျင်အခြေအနေများနှင့် ရင်းနှီးသွားခဲ့၏။

ထို့နောက် စုဝေ့မင်က စုဝေ့ချင်းကို သူနှင့်အတူ အစည်းအဝေးသို့ လိုက်ပါရန် မတောင်းဆိုတော့ဘဲ သူ၏အိတ်ကို ကိုင်ဆောင်လျက် ဘတ်စ်ကားဖြင့် ထွက်ခွာသွားခဲ့တော့သည်။

အစည်းအဝေးဟူသည်က အမြဲ ပြုလုပ်လေ့ရှိသော ဤအချက် သုံးချက်ထက် မပိုပေ။

ရလဒ်များကို အစီရင်ခံတင်ပြခြင်း၊ စွမ်းဆောင်ရည်များကို ပြသခြင်းနှင့် တာဝန်များကို လက်ခံခြင်းတို့ ဖြစ်လေ၏။

လွန်ခဲ့သော နှစ်အနည်းငယ်က နင်ပြည်နယ် ဆေးဝါးစက်ရုံက အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ဖူးသည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင်လည်း ကာကွယ်ဆေးဆိုင်ရာ တာဝန်ကိုသာ ထပ်မံ၍အပ်နှံခြင်း ခံရခြင်း ဖြစ်လေ၏။

ထိုကာကွယ်ဆေးက အသည်းရောင်အသားဝါရောဂါနှင့် သက်ဆိုင်နေဆဲဖြစ်သော်လည်း ပို၍ အသေးစိတ်ကျလာသည်။

စုဝေ့မင်က ထိုတာဝန်ကို တည်ငြိမ်လေးနက်စွာ လက်ခံလိုက်ပြီးနောက် အိမ်သို့ ပြန်ရန်အတွက် ရထားလက်မှတ်ကို လျင်မြန်စွာပင် ဝယ်ယူလိုက်လေတော့သည်။

“အဖေ၊ ပေကျင်းမှာ နောက်ထပ် နှစ်ရက်သုံးရက်လောက် ထပ်ပြီး မနေတော့ဘူးလား၊

သန်ဘက်ခါကျရင် ကျွန်မရဲ့ အားလပ်ရက် ရှိတယ်လေ၊ အဖေ့ကို နိုင်ငံတော်အလံတင်အခမ်းအနား သွားရောက်ကြည့်ရှုဖို့ ခေါ်သွားပေးမလို့ပါ”

လီရှန်းက စုဝေ့မင်တစ်ယောက်ထွက်ခွာသွားတော့မည်ဟူသော သတင်းကို ကြားလိုက်ရသည့်အချိန်တွင် စိုးရိမ်တကြီးဖြင့် အလျင်စလို မေးမြန်းလိုက်လေတော့သည်။

“မလိုပါဘူး၊ ငါနဲ့ မင်းအမေ အငြိမ်းစားယူလို့ ပေကျင်းကို ပြောင်းလာတဲ့အချိန်ကျရင် နေ့တိုင်း သွားကြည့်လို့ရတာပဲ”

စုဝေ့မင်က အိမ်သို့ ပြန်ရန်သာ စိတ်စောနေသောကြောင့် အလံတင်အခမ်းအနားကို စောင့်ကြည့်ရန်ပင် အချိန်မရှိပေ။

သို့သော် သူက တားမြစ်ထားသောအဆောက်အအုံဖြစ်သော နန်းတော်ပြတိုက်၏ အဝင်ဝတွင် ဓာတ်ပုံတစ်ပုံကိုတော့ အမှတ်တရ ရိုက်ကူးခဲ့သည်။

ထို့နောက် ဓာတ်ပုံဆေးပြီးပါက သူ့ထံသို့ ပေးပို့ရန် လီရှန်းကိုမှာခဲ့လေ၏။

စုဝေ့ချင်းက စုဝေ့မင်ထံသို့ ထူထဲလွန်းသော စာမူထုပ်ကြီးတစ်ထုပ်ကို လှမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။

“အဖေ၊ ပြန်ရောက်ရင် ဒီစာမူတွေကို ကျွန်တော့်အတွက် သတင်းစာတိုက်တွေဆီ သွားပို့ပေးပါဦး၊

ပုံနှိပ်ထုတ်ဝေခွင့်ရရင် အကောင်းဆုံးပေါ့၊ မရရင်လည်း တခြားသတင်းစာတိုက်တွေကို ထပ်ပြီး ပို့ကြည့်ပေးပါဦး”

သူ့အနေဖြင့် စာအုပ်အဖြစ် ချက်ချင်း ပုံနှိပ်ထုတ်ဝေရန် အရေးတကြီး မလိုအပ်ပေ။

သတင်းစာပေါ်တွင် ဖော်ပြခြင်းခံရပြီး ငွေရရှိနိုင်ရန်သာ အဓိက ဖြစ်လေ၏။

စုဝေ့မင်က သူ၏တတိယသား ပြင်ဆင်ပေးလိုက်သော ထူထဲလွန်းသည့် စာမူစက္ကူထုပ်ကြီးနှင့် သူ၏တတိယချွေးမ ပြင်ဆင်ပေးလိုက်သော အိတ်ကြီးအိတ်ငယ် အထုပ်အပိုးများကို သယ်ဆောင်လျက် ဆေးဝါးစက်ရုံသို့ ပြန်ရောက်ရှိလာခဲ့၏။

သူ အိမ်သို့ ရောက်သည်နှင့် လော်ယွီရှို့က အိတ်များကို သိမ်းဆည်းပေးလေသည်။

စုဝေ့မင်က ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ပြီး အသက်ကို ပြင်းပြင်းရှူရင်း ထန်းရွက်ယပ်တောင်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်နေခဲ့၏။

သူ၏လက်တစ်ဖက်တွင်တော့ လက်ဖက်ရည်ကြမ်း တစ်ဝက်ခန့်ပါရှိသော လက်ဖက်ရည်ခွက်ကို ကိုင်ဆောင်ထားလေသည်။

“..တတိယချွေးမကတော့ အားကိုးရဆုံးပဲ၊ သူမကပဲ သူ့အတွက် လိုအပ်တဲ့ ပစ္စည်းတချို့ကို ဝယ်ပေးရမှန်း သိတယ်၊

တကယ်လို့ ငါတို့သာ တတိယသားကိုပဲ အားကိုးနေရမယ်ဆိုရင် ငတ်လို့ သေသွားလောက်ပြီ”

*

All Chapters