← Chapters

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း(370)

“ဒီအရောင်က အရမ်းတောက်လွန်းတယ်၊ ကျွန်မတော့ မဝတ်ရဲပါဘူး”

သူမက ဤသို့ ပြောဆိုလိုက်သော်လည်း လက်ထဲတွင် အလွန်ပင် မြတ်နိုးနှစ်သက်သောအမူအရာဖြင့် ကိုင်ဆောင်ထားဆဲပင်။

“မင်း ဘာပဲလုပ်လုပ်ပေါ့၊ ငါကတော့ ရှောင်လီရဲ့ စေတနာအတိုင်းယူလာပေးပြီးပြီ”

လော်ယွီရှို့က မည်သည့်စကားမျှ ထပ်မံ၍ မပြောတော့ဘဲ ကျန်ရှိနေသော ပစ္စည်းများကိုသာ သိမ်းဆည်းလေတော့သည်။

ထိုအထဲတွင် လီရှန်းက သူမ၏ အဒေါ်များအတွက် ပေးလိုက်သော အဝတ်အစားအိတ်တချို့လည်း ပါဝင်လေ၏။

လော်ယွီရှို့အနေဖြင့် အားလပ်ချိန်တွင် ထိုအဝတ်အစားအိတ်ကိုသွားရောက်ပို့ပေးရလိမ့်မည်။

သို့သော် လော်ယွီရှို့က ဤသို့ လိုက်လံပို့ဆောင်ပေးရသည့် အလုပ်ကို ပျော်ရွှင်စွာ လုပ်ဆောင်ချင်၏။

ထိုညတွင် သူမက ရေချိုးသန့်စင်ပြီးနောက် အနီရောင်ဂါဝန်ကို လဲလှယ်ဝတ်ဆင်လိုက်လေသည်။

ထို့နောက် သူမက ရေခွက်ကို ကိုင်ကာ တံခါးဝရှိ သစ်သားသေတ္တာထဲမှ ကြက်သွန်မြိတ်များကို ရေလောင်းသကဲ့သို့ ဟန်ဆောင်၍ မတ်တတ်ရပ်နေခဲ့သည်။

“အိုး.. ဒါရိုက်တာလော်က ဒီနေ့တော့ အရမ်းကို လှပနေပါလား”

လော်ယွီရှို့နှင့် စကားပြောရန်အတွက် ရောက်ရှိလာသော လုချင်းလန်က ထိုအနီရောင်ဂါဝန်ကို မြင်တွေ့လိုက်ရသည်နှင့် သူမ၏အသံကို မြှင့်တင်၍ စနောက်ပြောဆိုလိုက်လေတော့၏။

“ ငါ့ကို လာမစနဲ့တော့၊ ဒါက လီရှန်းက ပေကျင်းမြို့ကနေ ငါ့အတွက်ဆိုပြီး အထူးတလည် ဝယ်ပေးလိုက်တာ၊ သူမက ပြောတယ်၊ ငါကအတော်လေ ငယ်ရွယ်သေးသလိုထင်ရလို့ဒီအရောင်နဲ့ လိုက်ဖက်တယ်တဲ့လေ”

လုချင်းလန်တစ်ယောက် မျက်လုံးလှန်လိုက်မိသွားရသည်။

သို့သော်...

ဤဂါဝန်မှာ အမှန်တကယ်ပင် လှပလွန်း၏။

မြို့ကြီးများမှ ထွက်ပေါ်လာသော ပုံစံမျိားဖြစ်ပြီး ဒီဇိုင်းကလည်း ကိုယ်တိုင် ချုပ်လုပ်သော အရာထက် အဆင်ပြေပေသည်။

ဝူးလီသည်လည်း သူမ၏ယောက္ခမ ဖြစ်သူက အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်ကို မြင်တွေ့ရသည့်အချိန်တွင် အားကျစိတ်များကို ဖြစ်လာမိ၏။

သူမလည်း ပေကျင်းမြို့မှ ဂါဝန်မျိုးကို ဝတ်ဆင်ချင်နေခဲ့သည်။

ထိုအချိန်တွင် လော်ယွီရှို့က ဝူလီ၏ ချဉ်စုတ်သည့် မျက်နှာအမူအရာကို မြင်တွေ့လိုက်ရလေ၏။

သို့သော် သူမကို လှောင်ပြောင်ခြင်းမပြုဘဲ ပိုမို၍ ကျယ်လောင်သော အသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

“ဝူလီ၊ မင်းရဲ့ အခန်းထဲကို အမြန်သွားကြည့်ဦး၊ လီရှန်းက မင်းအတွက်လည်း အနီရောင်ချယ်ရီသီးပုံလေးတွေပါတဲ့ အဝါရင့်ရောင်ဂါဝန်တစ်ထည် ဝယ်ပေးလိုက်သေးတယ်၊ အရမ်းလှတာပဲ”

“တကယ်လား”

ဝူလီအနေဖြင့် သူမ၏ မနာလိုစိတ်များကို ချက်ချင်းပင် ဘေးသို့ဖယ်ထားလိုက်ပြီး သူမ၏ လေသံကလည်း ပေါ့ပါးသွားလေတော့၏။

“တတိယယောက်မက တကယ်ကို သဘောကောင်းတာပဲ၊ ပေကျင်းမြို့ကို ရောက်သွားတာတောင် ကျွန်မကို သတိရနေသေးတယ်ဟယ်”

သူမက အခန်းထဲသို့ ပြေးဝင်ကာ ကြည့်ရှုလိုက်လေသည်။

ထို့နောက် ခုတင်ပေါ်တွင် တင်ထားသော အဝါရောင်ဂါဝန်နှင့် အဖြူရောင်ဖိနပ်တို့ကို မြင်တွေ့လိုက်ရ၏။

သူမက ညစာကိုပင် ချက်ပြုတ်ခြင်းမပြုတော့ဘဲ ဇလုံကို ကိုင်ဆောင်ပြီး အများပြည်သူသုံး ရေချိုးခန်းသို့ သွားကာ ရေချိုးသန့်စင်လေတော့သည်။

ခေတ္တမျှ ကြာမြင့်ပြီးနောက် သူမက အဝတ်သစ်ကို လဲလှယ်ဝတ်ဆင်ပြီး ရေချိုးခြင်းတောင်းကိုကိုင်ကာ ပြန်ထွက်ခွာလာခဲ့၏။

သူမက လမ်းကို ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး အလွန် ကြွားဝါနေသည်။

သူမနှင့် လမ်းတွင်ဆုံတွေ့ကာ စကားစမြည် ပြောဆိုကြသော လူတိုင်းက သူမကို ချီးကျူးခဲ့ကြရ၏။

တစ်ညတာအတွင်းမှာပင် ဆေးဝါးစက်ရုံ၏ တစ်ဝက်ခန့်က ဤအကြောင်းကို သိရှိသွားကြလေသည်။

တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသွားသော စုမိသားစု၏

တတိယချွေးမက သူမ၏ ယောက်မနှင့် ယောက္ခမတို့အတွက် ဂါဝန်များကို ဝယ်ပေးခဲ့၏။

ထိုဂါဝန်များက အမှန်တကယ်ပင် လှပလွန်းပြီး မြို့ကြီးမှ အဝတ်အစားများ ဖြစ်နိုင်သည်။

လီရှန်းအနေဖြင့် သူမဝယ်ယူပေးလိုက်သော အဝတ်အစားများက ဆေးဝါးစက်ရုံတွင် ဤမျှအထိလှုပ်ခတ်သွားစေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ယခုအချိန်တွင် သူမနှင့် စုဝေ့ချင်းတို့က မူလတန်းကျောင်းဆီသို့ အပြေးအလွှား သွားနေကြရသည်။

လွန်ခဲ့သော မိနစ်သုံးဆယ်ခန့်က စုရှောင်လော်၏ အတန်းပိုင်ဆရာမ ဖြစ်သူ ဆရာမဖန်က ကျင်းဟွာတက္ကသိုလ် ၊ စာပေနှင့်နည်းပညာဌာန နှင့် လေ့ကျင့်ရေးစခန်းဆီသို့ ဖုန်းခေါ်ဆိုခဲ့ပြီး မူလတန်းကျောင်းသို့ ချက်ချင်း လာရောက်ရန် တောင်းဆိုခဲ့သည်။၊

သူတို့ ရောက်ရှိလာချိန်တွင် ဆရာမဖန်က စာသင်ခန်းအပြင်ဘက်တွင် လမ်းလျှောက်နေလေသည်။

သူမ၏ မျက်နှာအမူအရာတွင် ဝမ်းနည်းစိတ်နှင့် ဝမ်းသာစိတ်တို့ ဒွန်တွဲနေပြီး အလွန်ပင် စိတ်ရှုပ်ထွေးနေသည့်အမူအရာ ရှိနေ၏။

လီရှန်းနှင့် စုဝေ့ချင်းတို့က တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်မိကြလေသည်။

ထို့နောက် သူမ၏ အနားသို့ တိုးကပ်သွားပြီး အသံခပ်တိုးတိုးဖြင့် ခေါ်ဆိုလိုက်ကြလေ၏။

“ဆရာမဖန်”

“အိုး .. ရဲဘော်စုနဲ့ ရဲဘော်လီ.. မြန်မြန်ရောက်လာကြတာပ”

ဆရာမဖန်က လျင်မြန်စွာနှုတ်ဆက်လိုက်လေသည်။

စုဝေ့ချင်းက စကားလိုက်လေ၏။

“ကျောင်းက ကျွန်တော်တို့ကိုခေါ်တာဆိုတော့ ဘာကိစ္စများဖြစ်လို့လဲဆရာမ၊ ကျွန်တော်တို့ရဲ့ ရှောင်လော်က အမှားတစ်ခုခု လုပ်မိလို့လား”

ဖုန်းဖြေဆိုခဲ့သူ၏ စကားပြောသံမှာ မြန်ဆန်ခြင်းမရှိဘဲ စိတ်လှုပ်ရှားမှုများသာ ယှက်သန်းနေခဲ့၏။

ထို့ကြောင့် စုဝေ့ချင်းက စုရှောင်လော် ပြဿနာရှာခဲ့သည်ဟု မထင်မှတ်ပေ။

သူ့အနေဖြင့် စုရှောင်လော်တစ်ယောက် ကျောင်းတွင် အမှားပြုလုပ်မိခဲ့သည်ဟုသာ ယူဆမိသည်။

သို့သော် ဤမျှငယ်ရွယ်လွန်းသော ကလေးငယ်တစ်ဦးက အမှား မပြုလုပ်မိလျှင်သာ ထူးဆန်းပေလိမ့်မည်။

“မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ စုဝမ်ယန်က အရမ်းကြိုးစားအားထုတ်တဲ့ ကလေးလေးပါ၊ ဘာမှားယွင်းမှုမျှ မလုပ်ခဲ့ဘူး”

ဆရာမဖန်က သက်ပြင်းချလိုက်ပြီးနောက် လေသံကို လျှော့၍ ပြောလိုက်လေသည်။

“သူမက ဘာမှားယွင်းမှုမျှ မလုပ်ခဲ့တဲ့အပြင် အရမ်းကို ကောင်းမွန်လွန်းတဲ့ ကိစ္စကြီးတစ်ခု ဖြစ်နေလို့ပါ၊ ကျွန်မရဲ့နောက်ကို လိုက်ခဲ့ကြပါဦး”

ဇနီးမောင်နှံနှစ်ဦးက အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုမိကြပြီးနောက် ဆရာမဖန်၏ အနောက်မှ လိုက်ကာ ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။

အခန်းထဲတွင် လူတချို့ထိုင်နေကြပြီး အလယ်တည့်တည့်တွင် စုရှောင်လော်နှင့် တခြား ယောက်ျားလေးတစ်ဦးတို့က မတ်တတ်ရပ်နေကြလေ၏။

ထိုကောင်လေးက အနည်းငယ် စိုးရိမ်ပူပန်နေဟန်ရှိပြီး မျက်နှာက ဖြူဖျော့နေလေသည်။

သို့သော် စုရှောင်လော်က လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ စကားများကို ဆက်တိုက် ပြောဆိုနေခဲ့သည်။။

သူတို့၏ အရှေ့တည့်တည့်တွင် လူလတ်ပိုင်း တချို့ထိုင်နေကြပြီး သူတို့၏ မျက်လုံးများတွင် ကျေနပ်အားရိပ်များဖြင့် ဖုံးလွှမ်းလျက် စိုက်ကြည့်နေကြသည်။

တစ်နည်းအားဖြင့်ဆိုသော် သူတို့၏ အကြည့်များက စုရှောင်လော်ထံသို့သာ ရောက်ရှိနေ၏။

စုရှောင်လော်က တက်ကြွဖျတ်လတ်ပြီး သူမကိုယ်သူမ ဂုဏ်ယူတတ်စိတ် ရှိသည့် ကလေးတစ်ဦး ဖြစ်သည်။

ယခုအချိန်တွင် ပရိသတ်များရှိနေသောကြောင့် သူမက စိတ်လှုပ်ရှားနေခဲ့၏။

စုဝေ့ချင်းက ပြတင်းပေါက်၏ အပြင်ဘက်တွင် မတ်တတ်ရပ်လျက် နားထောင်နေသည်။

မူလက စုရှောင်လော် ပြောဆိုနေသည့် စကားများကို နားလည်နိုင်သေး၏။

သို့သော် တဖြည်းဖြည်းနှင့် သူမ ပြောသမျှ စကားလုံးတိုင်းကို နားလည်နိုင်သော်လည်း ထိုစကားများကို ပေါင်းစပ်လိုက်သည့်အချိန်တွင် ကောင်းကင်ဘုံမှ ထွက်ပေါ်လာသော ကျမ်းစာတစ်စောင်ကဲ့သို့ ခက်ခဲနက်နဲလာလေ၏။

လီရှန်းကတော့ နားထောင်လေလေ ပိုမို၍ အံ့အားသင့်လေလေ ဖြစ်လာသည်။

စုရှောင်လော် ပြောဆိုနေသည့် အရာများက မိဘများ သိရှိထားသော နယ်ပယ်ထက် ကျော်လွန်နေလေ၏။

စုရှောင်လော်ကို စနစ်တကျ သင်ကြားပြသပေးမည့် စနစ်ရှိနေသောကြောင့် ဇနီးမောင်နှံနှစ်ဦးက ကလေး၏ လေ့လာသင်ယူမှုကို လုံးဝ လက်လွှတ်ထားခဲ့ကြသည်။

စုရှောင်လော်က မည်သည့်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်းကို သူတို့ လုံးဝ မသိရှိကြပေ။

စုရှောင်လော်က စကားများကို လျင်မြန်စွာ အဆုံးသတ်လိုက်လေသည်။

အဓိကအကြောင်းရင်းမှာ သူမ လှည့်ကြည့်လိုက်သည့်အချိန်တွင် ပြတင်းပေါက်၏ အပြင်ဘက်တွင် မတ်တတ်ရပ်နေကြသော စုဝေ့ချင်းနှင့် လီရှန်းတို့ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

သူမက စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ပြတင်းပေါက်ဆီသို့ စိတ်လှုပ်ရှားစွာ လက်ယမ်းပြလျက် အော်ဟစ်ခေါ်ဆိုလိုက်လေတော့၏။

“အဖေ.. အမေ”

“အဖိုးကျိုးနဲ့ အဖိုးတု.. သမီးရဲ့ အဖေနဲ့ အမေ ရောက်လာပြီ”

စုဝေ့ချင်းနှင့် လီရှန်းတို့ကလည်း အခန်းထဲသို့ ဝင်လာခဲ့ကြလေသည်။

ကျောင်းအုပ်ကြီး၏ မိတ်ဆက်ပေးမှုအရ ဤ အဖိုးကျိုးက အမျိုးသားသိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဒုပါမောက္ခချုပ် ကျိုးရှင်းချင်ဖြစ်ပြီးအဖိုးတုသည်ကား အမျိုးသားသိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ လူငယ်ပါရမီရှင်အတန်းဆိုင်ရာ ကျောင်းဝင်ခွင့်အရာရှိ တုကျိမင်ဖြစ်ကြောင်းကို သိရှိလိုက်ရသည်။

သူတို့က ဤနိုင်ငံပိုင် မူလတန်းကျောင်းသို့ စုရှောင်လော်အတွက် အထူးတလည် လာရောက်ခဲ့ကြခြင်း ဖြစ်လေ၏။

တစ်စုံတစ်ဦးက တုကျိမင်ထံသို့ စုရှောင်လော်အကြောင်းကို ညွှန်းဆိုပြသခဲ့ပြီး အသက်ငါးနှစ်အရွယ်ရှိ စုရှောင်လော်က အလွန်ထူးခြားလွန်းသော ပါရမီရှင်မလေး တစ်ဦး ဖြစ်ကြောင်းကို ပြောခဲ့လေသည်။

ထို့ကြောင့် သူတို့က ဤအချက်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အတည်ပြု စစ်ဆေးကြခြင်း ဖြစ်လေ၏။

စုဝေ့ချင်း : “...”

လီရှန်း : “...”

ဒါက ဘာတွေလဲ။

ဤစကားအရဆိုလျှင် အကယ်၍ စစ်ဆေးအတည်ပြုမှုသာ အောင်မြင်သွားခဲ့ပါက စုရှောင်လော်က အသက်ငါးနှစ်အရွယ်ဖြင့် တက္ကသိုလ်သို့ တက်ရောက်နိုင်ချေရှိသည်ဟူသော အဓိပ္ပာယ်လား။

ဇနီးမောင်နှံနှစ်ဦးက တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်မိလိုက်ကြလေသည်။

သူတို့၏ နှလုံးခုန်သံများကလည်း လျင်မြန်စွာ မြန်ဆန်လာခဲ့လေ၏။

အသက်ငါးနှစ်အရွယ်ရှိသော တက္ကသိုလ်ကျောင်းသူတစ်ဦး...

ထိုသို့သောဖြစ်ရပ်မျိုးက အလွန်အမင်း ထူးခြားသော ကိစ္စသာ ဖြစ်ပေသည်။

ဤသည်က ရှေးခေတ်မှ အသက်ငါးနှစ်အရွယ်ဖြင့် အဆင့်မြင့်စာမေးပွဲတွင် ပထမရရှိခဲ့သော ထိပ်တန်းပါရမီရှင် ကျွင့်စူးနှင့် မကွာခြားတော့ပေ။

ကန်းလျိုပင်လျှင် အသက်ဆယ့်နှစ်နှစ်အရွယ်မှသာ ဝန်ကြီးချုပ်ဖြစ်ခဲ့ခြင်း ဖြစ်၏။

သူတို့၏ ပါရမီရှင်မလေးက ကန်းလျော်ထက်ပင် ပိုမို၍ ထူးခြားနေပြီ မဟုတ်ပါလား။

“အာ.. ကျွန်မတို့ရဲ့ ရှောင်လော်က အသက်နည်းနည်းလောက် ငယ်လွန်းမနေဘူးလား”

သူမက စိတ်ထဲတွင်တော့ အလွန် ပျော်ရွှင်နေမိသည်။

သို့သော် အပြင်ပန်းတွင် နှိမ့်ချသော အမူအရာဖြင့် ပြောလိုက်လေ၏။

“ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက်လုံး အမျိုးသားသိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရဲ့ ပါရမီရှင်ကလေးအတန်းကို အရင်က ကြားဖူးခဲ့ပါတယ်၊

ဒါပေမဲ့ ဒီကိစ္စက ရှောင်လော်

နဲ့ သက်ဆိုင်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးထားမိခဲ့ဘူး”

“ကျွန်တော်တို့တွေကလည်း တစ်ယာက်ယောက်ဆီက လမ်းညွှန်ခဲ့လို့ ဒီ ကလေးလေးရဲ့အကြောင်းကို သိရှိခဲ့ရတာပါ”

ကျိုးရှင်းချင်အနေဖွင့် ပါရမီရှင်မလေးဟုပင် ထုတ်ဖော်ပြောဆိုချင်မိ၏။

မည်သို့ပင်ဖြစ်စေ စုရှောင်လော်က အသက်အရွယ် ငယ်လွန်းသေးသော်လည်း သူမ၏ အသိပညာဗဟုသုတက လုံးဝ နည်းပါးခြင်းမရှိတော့ပေ။

မတိုင်မီက သူတို့၏ မေးခွန်းများကို ဖြေချိန်တွင် သူမက စကားများကို သေသေချာချာ ပြောဆိုနိုင်ခဲ့သည်။

ဤသည်ကို ကြည့်ခြင်းဖြင့် သူမက အမှန်တကယ်ပင် နားလည်သဘောပေါက်ပြီး သေချာပေါက်တတ်မြောက်ထားပုံရသည်။

*

All Chapters