← Chapters

အခန်း ၇၁၁

Vol. 69 Ch. 711

အခန်း ၇၁၁

Vol. 69 Ch. 711

အခန်း (၇၁၁)။

“ဗဟိုကမ္ဘာရဲ့ ခေါင်းဆောင်ဆိုတဲ့အတိုင်းပါပဲ။ ဒါဟာ သူ့ရဲ့ အစစ်မှန် စွမ်းအားပဲ။ ရွှီဝူယွိ ကလွဲရင် ငါ အလေးနက်သတိထားရမယ့် တစ်ဦးတည်းသောပုဂ္ဂိုလ်ပဲ။”

ဗဟိုကမ္ဘာ၏ ခေါင်းဆောင် ရွှီယွိသည် သေမင်းကြယ်သို့ ဆင်းသက်လာသည်နှင့် သူ၏ တောင်ကြီးတစ်မျှ ကြီးမားလှသော လက်ဝါးကို ဖြန့်လိုက်ပြီး၊ ကော့လီနတ်ဘုရားဘုရင်မ ၏ ပေပေါင်း သုံးထောင်ရှည်သော ဆံနွယ်များကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ သူ၏ အရှိန်အဝါမှာ ဟုန်ယွိနှင့် ဝန်ကြီးခုနစ်ပါး၏ စွမ်းအားများကိုပါ တစ်ခဏချင်း လွှမ်းမိုး သွားခဲ့သည်။

ဟုန်ယွိသည် ဤခေါင်းဆောင်၏ ရွှေရောင်အင်မော်တယ် မူလစိတ်ဝိညာဉ်နှင့် ယခင်က တိုက်ခိုက် သတ်ဖြတ်ခဲ့ဖူးသည်။ သို့သော် ထိုရွှေရောင်အင်မော်တယ် မူလစိတ်ဝိညာဉ်ဆို သည်မှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်။ အမှန်တကယ်ဆို ထိုရွှေရောင်အင်မော်တယ် မူလစိတ်ဝိညာဉ်မှာ ကိုယ်ပွားပင် မဟုတ်ဘဲ ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်မှ ကျွတ်ကျ သွားသော ဆံပင်တစ်မျှင်မျှသာ ဖြစ်သည်။ စွမ်းအားချင်း ယှဉ်မည်ဆိုလျှင် ထိုရွှေရောင် အင်မော်တယ် မူလစိတ်ဝိညာဉ်နှင့် ခေါင်းဆောင်ကြီး၏ အစစ်မှန် ခန္ဓာကိုယ်မှာ မိုးနှင့်မြေ ပမာ ကွာခြားလွန်းလှပေသည်။ (ရှေ့မှာတုန်းက ရွှေရောင်အင်မော်တယ် ကမ္ဘာဦး စိတ်ဝိညာဉ်ဟူ၍ သုံးနှုန်းခဲ့ပါသည်။ နောက်အခန်းများတွင် မူလစိတ်ဝိညာဉ်ဟူ၍ သုံးစွဲပါ မည်။)

“အခု မထွက်သွားရင် ဘယ်အချိန် ထွက်သွားမှာလဲ။”

ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာသည်။ သူသည် ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။ အကယ်၍ ဤခေါင်းဆောင်ကြီးက ကော့လီနတ်ဘုရား ဘုရင်မကို ဖိနှိပ်ပြီးနောက် သူ့ကို လာရောက်ကိုင်တွယ်မည်ဆိုလျှင်၊ သူ့တွင် သူတော်စင် ပေါင်းစုံခန်းမ နှစ်ခုရှိနေလျှင်ပင် အပြတ်အသတ် ရှုံးနိမ့်သွားပေလိမ့်မည်။ ယခု အခြေအနေ ပြောင်းလဲသွားချိန်မှာပင် ထွက်ခွာရန် အကောင်းဆုံး အချိန်ဖြစ်သည်။

အတွေးတစ်ချက်နှင့်အတူ သူတော်စင်ပေါင်းစုံခန်းမ၏ စွမ်းအားများမှာ ထပ်မံ၍ ဟုန်းခနဲ ပေါက်ကွဲထွက်လာသည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ရုပ်ခန္ဓာကိုယ်သည်လည်း အပြင်ဘက်သို့ ပျံထွက်လာပြီး၊ သူ၏ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲ သွားကာ၊ ဝန်ကြီးခုနစ်ပါးထံသို့ အစွမ်းထက်သော ပညာရပ်မျိုးစုံဖြင့် အဆက်မပြတ် တိုက်ခိုက်လိုက်တော့သည်။

ထိုစဉ်မှာပင် ထိုက်ကျိမိုးကြိုးရေကန်အတွင်းရှိ အထွက်အထိပ် လူသားအင်မော်တယ် လေးဦးမှာ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးကို အနည်းငယ် ဖိနှိပ်ထားနိုင်သဖြင့် ထိုနတ်ဘုရား ၁၂ ပါးမှာ ငြိမ်သက်သွားကြသည်။ ထို့ကြောင့်ပင် ဟုန်ယွိ၏ ရုပ်ခန္ဓာကိုယ်မှာ အပြင်ထွက်၍ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

သူ၏ ရုပ်ခန္ဓာကိုယ် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူသည် အစွမ်းထက်သော နတ်ဘုရားစွမ်းရည်များကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။ ပထမဆုံးအနေဖြင့် ‘ရှေးဦး ကောင်းကင် ငှက်ကိုးမျိုးအသွင်ပြောင်းခြင်း’၊ ထို့နောက် ‘ကောင်းကင်မြေကြီးနှင့် အတူ ရှင်သန်ခြင်း’၊ ‘၃၃ဘုံ ကောင်းကင်နန်းတော်’ နှင့် အခြားသော နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ မှော်သင်္ကေတ သန်းပေါင်း ၄၈၀ အဖြစ် ပြောင်းလဲသွားပြီး၊ အဆက်မပြတ် အသွင်ပြောင်းလျက် ရန်သူကို တိုက်ခိုက်နေတော့သည်။

ဝန်ကြီးခုနစ်ပါး၏ ‘အစစ်မှန်စွမ်းအင်’ များနှင့် နတ်ဘုရားရတနာများမှာ ဟင်းလင်းပြင် အတွင်းမှာပင် ဖြတ်တောက်ခံလိုက်ရပြီး အရာအားလုံး ခေတ္တခဏမျှ ရပ်တန့်သွားခဲ့သည်၊ မြင်ကွင်းနှင့် အသံများအားလုံးမှာလည်း ထိုခဏ၌ ရပ်တန့်သွားသကဲ့သို့ ခံစားရစေသည်။

ဟုန်ယွိ၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကို ရင်ဆိုင်နေရခြင်းနှင့် ကော့လီနတ်ဘုရား ဘုရင်မ လွတ်မြောက်သွားခြင်းတို့ကြောင့် ဝန်ကြီးခုနစ်ပါးမှာ တုန်လှုပ်သွားကြသည်။ သူတို့သည် ဟုန်ယွိနှင့် အပြန်အလှန် တိုက်ကွက်ပေါင်း တစ်ထောင်ကျော် ဆင်နွှဲခဲ့ကြ သော်လည်း၊ ဟုန်ယွိ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်စစ်ကြောင့် နောက်သို့ ဆုတ်ပေးလိုက်ရသဖြင့် ဟုန်ယွိသည် ချိပ်ပိတ်မှုများကို ဖောက်ထွက်ကာ သွေး လမ်းကြောင်း တစ်ခု ဖောက်နိုင်ရန် လမ်းပွင့်သွားခဲ့သည်။

“လမ်းကြောင်းပွင့်သွားပြီ၊ လွတ်လပ်မှုဆိုတာ တကယ်ကို ကောင်းတဲ့ ခံစားချက်ပဲ။”

ဤခိုက်အတန့်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်နှင့် သူတော်စင်ပေါင်းစုံခန်းမမှာ တစ်သားတည်း ပြန်လည်ပေါင်းစပ်သွားပြီး၊ ထိုက်ကျိမိုးကြိုးရေကန်အတွင်းသို့ အစွမ်းထက်သော စွမ်းအား များ စီးဝင်သွားတော့သည်။ ဂျိန်း… ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးမှာ ဟစ်ကြွေး၍ ရုန်းကန်ကြသော်လည်း၊ ထူထပ်လှသော မိုးကြိုးသံကြိုးများဖြင့် ထပ်မံ၍ ချည်နှောင်ခြင်း ခံလိုက်ရပြန်သည်။ ထိုသံကြိုး တစ်ချောင်းစီမှာ ပေါင်ချိန် သောင်းနှင့်ချီ၍ လေးလံလှပေ သည်။

ပျက်သုဉ်းခြင်း နတ်ဘုရားများမှာ သူတို့အပေါ် ကျရောက်လာသည့် ဖိအားမှာ အဆပေါင်း သောင်းနှင့်ချီ၍ တိုးလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

“ဂျူအန်.. ဂျူအန်…” နတ်ဘုရားတစ်ပါးမှာ သံကြိုးများ၏ တင်းကျပ်စွာ ချည်နှောင်မှုကို ခံလိုက်ရပြီး မိုးကြိုးကန်၏ အနက်ရှိုင်းဆုံးနေရာသို့ ဆွဲချခြင်း ခံလိုက်ရသည်။

“ဒီကျန်း…. ဒီကျန်း…” နေမီးလျှံကြယ်သခင်နှင့် တိုက်ခိုက်နေသော ‘ဒီကျန်း’ နတ်ဘုရား မှာလည်း အလစ်အငိုက် မိသွားပြီး နေမီးလျှံ၏ စင်ကြယ်သောစွမ်းအင်ဖြင့် အတိုက်ခံလိုက် ရကာ မိုးကြိုးကန် အောက်ခြေသို့ မြုပ်ဝင်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။

“ဒီယန်…. ဒီယန်…. ဒီယန်….”

“ဟဲဟွမ်း…. ဟဲဟွမ်း…”

“ယောင်ရွှိ… ယောင်ရွှိ….”

အဆက်မပြတ် ဟစ်အော်သံများ ထွက်ပေါ်လာပြီးနောက် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး စလုံးမှာ ဖိနှိပ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။ သူတို့မှာ စွမ်းအားများ ကုန်ခမ်းသွားပုံရ ပြီး မူလစွမ်းအင်များ ပြန်လည်ရရှိရန် ခေတ္တ အနားယူရန် လိုအပ်နေပုံရသည်။

“ဟွန်း…၊ ထွက်သွားဖို့က အဲဒီလောက် မလွယ်ဘူး” ဝန်ကြီးခုနစ်ပါးသည် နောက်သို့ ဆုတ်ပေးလိုက်ရသော်လည်း၊ ဟုန်ယွိ၏ စွမ်းအားများ မြင့်တက်လာပြီး လွတ်မြောက်တော့ မည်ကို မြင်သောအခါ အမျက်ဒေါသထွက်လျက် သူတို့၏ နတ်ဘုရားရတနာများဖြင့် အစွမ်းကုန် တိုက်ခိုက်လိုက်ကြပြန်သည်။

ချက်ချင်းပင် ထူးခြားလှသော နတ်ဘုရားရတနာ ခုနစ်ပါးမှာ ဥက္ကာခဲများအလား ပျံသန်း လာပြီး သူတော်စင်ပေါင်းစုံခန်းမပေါ်သို့ တိကျစွာ ကျရောက်လာတော့သည်။

“ဟားဟားဟား… ကျုပ်အစီအရင်ကို ဖျက်ဆီးချင်သေးတာလား။ ထိုက်ကျိမိုးကြိုး ရေကန်... အသက်ဝင်စမ်း”

ဟုန်ယွိက ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏ ရယ်သံမှာ ပျော်ရွှင်နေသော လူတစ်ယောက်၏ ရယ်သံကဲ့သို့ ကြည်လင်ပြီး၊ မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးစေရုံသာမက ရန်သူ၏ ယုံကြည်မှုကိုပါ ရိုက်ချိုးလိုက်ခြင်း ဖြစ်သည်။

ဖြောက်... ဖောက်...

မရေမတွက်နိုင်သော မိုးကြိုးနဂါးများနှင့် လျှပ်စီးမြွေများမှာ မည်သည့်နေရာကမှန်းမသိ ပေါ်ထွက်လာတော့သည်။ ခဏချင်းမှာပင် သေမင်းကြယ်တစ်ခုလုံးမှာ မိုးကြိုးကမ္ဘာ၊ နဂါးနှင့်မြွေတို့၏ ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားပုံရသည်။ မိုးကြိုးနဂါးတန်းကြီးများမှာ ဟိန်းသံပေးလျက် ‘ကမ္ဘာပျက်ကပ်၏နဂါးပျံတာအို’ အထွက်အထိပ် ပညာရပ်ဖြင့် ဝန်ကြီး ခုနစ်ပါးကို ပြန်လည် တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးခုနစ်ပါး၏ နတ်ဘုရားရတနာများမှာ သူတော်စင်ပေါင်းစုံ ခန်းမ၏ ပင်မကိုယ်ထည်ကို မထိမှန်ဘဲ၊ လျှပ်စစ်မြွေများနှင့် မိုးကြိုးနဂါးများ၏ ပိတ်ဆို့မှု ကို ခံလိုက်ရသည်။

ဘုန်း….

မိုးကြိုးနဂါးပေါင်း တစ်ရာကျော်မှာ ‘ကမ္ဘာပျက်ကပ်၏နဂါးပျံတာအို’ ကို ထုတ်ဖော်လျက် ဖန်ဆင်းခြင်းဝန်ကြီး၏ ‘ကြေးအိုးကြီး’ နှင့် ထိပ်တိုက်တွေ့ဆုံကာ၊ ကြေးအိုးကြီးမှာ လွင့်ထွက်သွားပြီး တိုက်စစ်မှာ ရပ်တန့်သွားတော့သည်။ ဟုန်ယွိသည် ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးကို ဖိနှိပ်ထားသည့် အခွင့်အရေးကို သုံးကာ ထိုက်ကျိမိုးကြိုးရေကန်၏ စွမ်းအားကို အတင်းအကျပ် အသက်သွင်းလိုက်ရာ ဝန်ကြီးခုနစ်ပါးကိုပင် တုန်လှုပ်စေ လောက်သည့် စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။

ယခင်က ထိုက်ကျိမိုးကြိုးရေကန်၏ အကူအညီမပါသည့်အတွက် သူတော်စင်ပေါင်းစုံ ခန်းမ၏ စွမ်းအားမှာ ထက်ဝက်ခန့် လျော့နည်းနေခဲ့သည်။ ယခုအခါ မိုးကြိုးရေကန်၏ စွမ်းအားကို ရရှိလိုက်သည့်အခါတွင်မူ၊ အတိုင်းအဆမဲ့ ဖြစ်သွားပြီး စစ်မှန်သော စွမ်းအား များကို ထုတ်ဖော်ပြသနိုင်ပြီ။

...

“ဟုန်ယွိ... မင်းက ထွက်သွားချင်တာလား။ ဒီမှာပဲ နေခဲ့စမ်း”

ခန့်ညားထည်ဝါသော အသံကြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။ မိုင်တစ်ရာခန့် ကျယ်ဝန်း သော ဟင်းလင်းပြင် တံခါးကြီးအတွင်းမှ ရွှီယွိ၏ အကြည့်သည် လွတ်မြောက်ရန် ကြိုးစား နေသော ဟုန်ယွိထံသို့ ရောက်ရှိလာခဲ့သည်။ သူသည် သူ၏ အခြားလက်တစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ၊ လက်ချောင်းငါးချောင်းမှာ ကောင်းကင်တိုင်ကြီးငါးတိုင်အလား ပြောင်းလဲသွားပြီး ဟုန်ယွိကို တိုက်ရိုက် ဖိနှိပ်လိုက်တော့သည်။

ဧရာမ သူတော်စင်ပေါင်းစုံခန်းမကြီးမှာပင် ဤလက်ချောင်းငါးချောင်း၏ ရှေ့တွင် ဖိချေ ခြင်း ခံရတော့မည့် ယင်ကောင်လေးတစ်ကောင်အလား သေးငယ်သွားပုံရသည်။

“ခြိမ်းခြောက်နေတာပဲ”

ဟုန်ယွိ၏ မျက်လုံးများထဲတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ဤရွှီယွိသည် ကော့လီနတ်ဘုရားဘုရင်မနှင့် တိုက်ခိုက်နေရစဉ်မှာပင် သူ့ကို ဖိနှိပ်ရန် လက်တစ်ဖက် သုံးနေခြင်း ဖြစ်သည်။ ထိုကဲ့သို့ လွယ်ကူသော အရာမျိုး ဘယ်မှာ ရှိပါ့မည်နည်း။ ရွှီယွိမှာ အစွမ်းထက်သော်လည်း ‘ယန်နတ်ဘုရား’ အဆင့်သို့ မရောက်ရှိသေးပေ။ ဟုန်ယွိသည် ဤခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ ‘အသွင်မျိုးစုံပြောင်းလဲခြင်း’ အဆင့်သို့ မရောက်သေးဘဲ၊ မုန့်ရှန်းကျီကဲ့သို့ ‘သွေးတစ်စက်မှပြန်လည်မွေးဖွားခြင်း’ အဆင့်မှာသာ ရှိသေးကြောင်း ဝေဝေဝါးဝါး ခံစားမိသည်။

ဟုန်ယွိနှင့် ရွှီဝူယွိ တို့နှစ်ဦးသာ ‘အသွင်မျိုးစုံပြောင်းလဲခြင်း’ အဆင့်ကို ရောက်ရှိထားကြ ခြင်း ဖြစ်သည်။ ဟုန်ယွိမှာ ‘နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား’ ကြောင့် ရောက်ရှိ ခြင်းဖြစ်ပြီး၊ ရွှီဝူယွိမှာမူ သိုင်းပညာသက်သက်ကိုသာ လေ့ကျင့်ပြီး စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းကာ စွဲလမ်းမှုအားလုံးကို ဖြတ်တောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရွှီယွိမှာ အစွမ်းထက်သော်လည်း ဟုန်ယွိကို ဖိချေသတ်နိုင်လောက်အောင်တော့ မစွမ်းနိုင်ပေ။ အကယ်၍ တစ်ဦးချင်း တိုက်ခိုက်မည်ဆိုလျှင်ပင် အနိုင်အရှုံးကို တိုက်ခိုက်ပြီး မှသာ သိနိုင်ပေလိမ့်မည်။ သူတော်စင်ပေါင်းစုံခန်းမ၏ ဖိအားကြောင့် ရွှီယွိပင်လျှင် အခြေအနေမလှ ဖြစ်သွားနိုင်ပေသည်။

ဘုန်း…

ကောင်းကင်တိုင်ကြီးများကဲ့သို့ လက်ချောင်းငါးချောင်းကို ရင်ဆိုင်ရာတွင် သူတော်စင် ပေါင်းစုံခန်းမမှာ အနည်းငယ်သာ လည်ပတ်သွားပြီး အတွင်းမှနေ၍ ဓားစွမ်းအင်ပေါင်း သောင်းနှင့်ချီ၍ ပွင့်ထွက်လာခဲ့သည်။ လျှပ်တပြက် ပွင့်ထွက်ပေါ်လာသော ဓားစွမ်းအင် ပေါင်းသောင်းနှင့်ချီသည် ရွှီယွိ၏ လက်ချောင်းငါးချောင်းကို တခဏအတွင်းမှာပင် အပိုင်းပိုင်း ဖြတ်တောက်လိုက်တော့သည်။

“အပြန်အလှန် မရှိတာဟာ ယဉ်ကျေးမှု မရှိရာ ရောက်တယ်၊ ရွှီယွိ... ကျုပ်ရဲ့ ဒီတစ်ကွက်ကို မြည်းစမ်းကြည့်စမ်း။ ပိတ်လှောင်ခြင်း”

ဟုန်ယွိသည် ရွှီယွိ၏ တိုက်ကွက်ကို ချေဖျက်ပြီးနောက် ‘အစစ်မှန်စွမ်းအင်’ လုံး နှစ်လုံးကို ထုတ်လွှတ်လိုက်ရာ ၎င်းတို့မှာ ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးကို ချိပ်ပိတ်ခဲ့သော ‘ပိတ်လှောင်ခြင်း’ (ကွန်ဟေစ်ဇာဂရမ်) သင်္ကေတများအဖြစ် ချက်ချင်း ပြောင်းလဲသွားပါ သည်။

မရေမတွက်နိုင်သော ပိုက်ကွန်လွှာများမှာ ပိတ်လှောင်ခြင်း ကွန်ဟေစ်ဇာဂရမ် အစီအရင် အဖြစ် ယှက်နွယ်သွားကြပြီး၊ ရုတ်တရက်ဆိုသလို ကောင်းကင်ယံတစ်ခုလုံးမှာ ထိုအစီအ ရင် မှော်သင်္ကေတများဖြင့် ပြည့်နှက်သွားပြီး ရွှီယွိဆီသို့ ဦးတည်ကာ ချိပ်ပိတ်လိုက်တော့ သည်။

“တကယ်ကို အစွမ်းထက်တာပဲ၊ ဒီလူက ဘယ်သူလဲ။ သူက ရွှီယွိရဲ့ ‘လက်ငါးချောင်း နတ်ဘုရား’ ပညာရပ်ကိုတောင် ချေဖျက်နိုင်တယ်။” ပေသုံးထောင် ဆံနွယ်ရှည်များ၊ အမြီး ဆယ်ချောင်းနှင့် အနှိုင်းမဲ့ အလှတရားတို့ကို ပိုင်ဆိုင်ထားသော ကော့လီနတ်ဘုရားဘုရင်မ သည် ကြီးမားသော စွမ်းအားကို ခံစားလိုက်ရ၏။ သူမက နောက်လှည့်ကြည့်လိုက်ရာ ဟုန်ယွိက ရွှီးယီ၏ လက်ငါးချောင်း မူလစွမ်းအင်ကို ဖြိုခွဲပြီး ချိတ်တံဆိပ်ဖြင့် ပြန်လည် တိုက်ခိုက်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။

“အဲဒါ ဘာရတနာလဲ။ ဘာလို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ”

သူမသည် ရှေးဦးခေတ် နတ်ဘုရားဘုရင် တစ်ပါးဖြစ်ပြီး ကျွမ်းကျင်သူများစွာကို မြင်ဖူးခဲ့ သော်လည်း ဟုန်ယွိ၏ အသွင်မျိုးစုံပြောင်းလဲခြင်း နတ်ဘုရားတန်ခိုးနှင့် နတ်ဘုရား လက်နက်ဘုရင်ဖြစ်သော သူတော်စင်ပေါင်းစုံခန်းမကြောင့် တုန်လှုပ်သွားခဲ့ရသည်။

သူမအမြင်တွင် ဟုန်ယွိ၏ နတ်ဘုရားတန်ခိုးစွမ်းအားမှာ အစွမ်းထက်သော်လည်း အလွန် တရာ အံ့ဖွယ်ကောင်းမျိုးတော့ မဟုတ်ပေ။ အကြောင်းအရင်းမှဦ ရှေးဦးခေတ်က ‘ယန်နတ်ဘုရား’ ကျွမ်းကျင်သူအချို့ ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော် သူတော်စင် ပေါင်းစုံခန်းမ၏ စွမ်းအားမှာမူ ‘ထာဝရနိုင်ငံတော်’ ‘ဖန်ဆင်းခြင်းသင်္ဘော’ တို့နှင့် အဆင့်တူနေခြင်းက သူမကို ထိတ်လန့်သွားစေခြင်း ဖြစ်သည်။

“‘ထာဝရနိုင်ငံတော်’ ‘ဖန်ဆင်းခြင်းသင်္ဘော’တို့အပြင် တခြား နတ်ဘုရားလက်နက်ဘုရင် တွေ ရှိနေသေးတာလား။ ဒီရတနာကို ဘယ်သူက ဖန်တီးခဲ့တာလဲ။ ဘယ် ‘ယန်နတ်ဘုရား’ ကျွမ်းကျင်သူက ဖန်တီးခဲ့တာလဲ” ကော့လီနတ်ဘုရားဘုရင်မ၏ မျက်လုံးများမှာ တောက်ပလာသည်။

သို့သော် ယခုအချိန်မှာ စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။

ဟုန်ယွိက ‘ပိတ်လှောင်ခြင်း ကွန်ဟေစ်ဇာစရမ်’ ဖြင့် ရွှီယွိကို တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကော့လီနတ်ဘုရားဘုရင်မသည်လည်း သူမ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး သူမ၏ အပြင်းထန်ဆုံး နတ်ဘုရားတန်ခိုးဖြစ်သော ‘ဝေးကွာခြင်းချိတ်’ ကို အသုံးပြုလိုက် တော့သည်။

“ချိတ်... လီဆီ... လီလီရူဆီ... ချိတ်တစ်ခုလို တင့်တယ်ခြင်း...”

သူမပါးစပ်မှ ရှည်လျားသော ဂါထာရွတ်ဆိုသံများ ထွက်ပေါ်လာ၏။ ရွတ်ဆိုဟန်မှာ အလယ်ခေတ် ပညာရှင် သူတော်စင်ကြီးများ စာပေရွတ်ဆိုနေသည့်အလားပင်။ ရွတ်ဆိုသံ ၏ စွမ်းအားမှာ ‘ကမ္ဘာဦးအစဖန်ဆင်းခြင်းကျမ်း’ ‘အင်မော်တယ် ကျောက်စာတိုင်’ အတွင်း ရှိ ‘ကိုယ်ကျင့်တရားကျမ်းစာ’ အကြွင်းအကျန်တို့နှင့်ပင် ယှဉ်နိုင်သည်။

အထွက်အထိပ် တိုက်ကွက်ဖြစ်သော ‘ဝေးကွာခြင်းချိတ်’ သည် ဟုန်ယွိ၏ ‘ပိတ်လှောင်ခြင်း ကွန်ဟေစ်ဇာဂရမ်’ နှင့် ပေါင်းစပ်ကာ ရွှီယွိဆီသို့ တစ်ပြိုင်တည်း ပြေးဝင်သွားတော့သည်။ ဤအစွမ်းထက်သော နတ်ဘုရားပညာရပ်နှစ်ခု ပေါင်းစပ်မှုမှာ မိုးနှင့်မြေကို ဖျက်ဆီးပစ်နိုင် လောက်ပြီး၊ သမုဒ္ဒရာကို ပြောင်းပြန်လှန်ကာ လယ်ကွင်းများအဖြစ် ပြောင်းလဲပစ်နိုင် လောက်အောင် ပြင်းထန်လှပေသည်။

“အား…၊ ဧကရာဇ်ဖန်၏ နတ်ဘုရားအသိစိတ်၊ ယန်နတ်ဘုရား အထွက်အထိပ် လမ်းစဉ်”

ဤမဟာ နတ်ဘုရားတန်ခိုးစွမ်းအား နှစ်ခု၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ခေါင်းဆောင် ရွှီယွိသည်လည်း မပေါ့ဆရဲတော့ပေ။ ဟင်းလင်းပြင် တံခါးအတွင်းမှ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ လည်ပတ်သွားပြီး အချင်း ပေ ၉,၉၉၉ ရှိသော စက်လုံးကြီးတစ်ခု ပျံထွက်လာသည်။

ဤစက်လုံးကြီးမှာ ဂြိုဟ်တစ်ခုနှင့် တူလှသော်လည်း သေမင်းကြယ်ထက် ပို၍ ဆန်းကြယ် လှသည်။ သေမင်းကြယ်မှာ မှောင်မိုက်နေသော်လည်း ဤဂြိုဟ်မှာ အပြာရောင် ရှိပြီး၊ ဂြိုလ်ပေါ်တွင် ပန်းများ၊ သစ်ပင်များ၊ တောင်များနှင့် မြစ်များ ရှိနေကာ မြေပြင်၏ ပုံရိပ်များ ပင် ရှိနေ၏။ ထိုဂြိုလ်အပေါ်တွင် လူသားများစွာ နေထိုင်နေကြပုံမှာ ဂြိုဟ်ငယ်လေးတစ်ခု ကို ချုံ့ထားသကဲ့သို့ပင်။

ဤ ‘ဧကရာဇ်ဖန်၏ နတ်ဘုရားအသိစိတ်’ ပေါ်ထွက်လာသည်နှင့် ခန့်ညားထည်ဝါလှသော အရှိန်အဝါများမှာ နေရာတစ်ခုလုံးကို ဖိနှိပ်သွားတော့သည်။ နတ်ဘုရားတန်ခိုး စွမ်းအား လှိုင်းများမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး၊ ဂျိန်းခနဲ အသံနှင့်အတူ ဟုန်ယွိ၏ ‘ပိတ်လှောင်ခြင်း ကွန်ဟေစ်ဇာဂရမ်’ နှင့် ‘ဝေးကွာခြင်းချိတ်’ တို့ကို အစိတ်စိတ်အမွှာမွှာ ချေဖျက်ပစ်လိုက်တော့သည်။

“တကယ်ကို အစွမ်းထက်တဲ့ ဧကရာဇ်ဖန်၏ နတ်ဘုရားအသိစိတ်ပဲ” ဟုန်ယွိ၏ ခန္ဓာကိုယ် မှာ တုန်ခါသွားသည်။ သူသည် ဤအသိစိတ်၏ စွမ်းအားကို ခံစားလိုက်ရပြီး၊ ထိုအသိစိတ် နှင့် သူတော်စင်ပေါင်းစုံခန်းမကြား မည်သူက ပို၍ သန်မာကြောင်း ထိပ်တိုက်ရင်ဆိုင် စမ်းသပ်လိုသော စိတ်ဆန္ဒများ ပေါ်ပေါက်လာသည်။ သို့သော် ထိုစဉ်မှာပင် မူလက ဖိနှိပ် ခံထားရသော ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးမှာ သူတို့၏ မူလစွမ်းအားများ ပြန်လည် ရရှိလာကာ ပြန်လည်လှုပ်ရှားလာကြပုံရသည်။

…

“ထားလိုက်ပါတော့၊ ဒီနေ့ အခြေအနေက တော်တော်လေး ရှုပ်ထွေးနေပြီ။ ငါ့ ရည်မှန်းချက် ကလည်း အထမြောက်သွားပြီဆိုတော့၊ ပြန်ပြီး ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးကို အရင် ဆုံး သန့်စင်လိုက်တာ ပိုကောင်းမယ်” ဟုန်ယွိက အတွေးတစ်ချက်နှင့်အတူ သူတော်စင် ပေါင်းစုံခန်းမကို ထပ်မံ၍ စွမ်းအားထုတ်ဖော်လိုက်သည်။ တခဏအတွင်းမှာပင် ခန်းမကြီး မှာ ဟင်းလင်းပြင်ကို ဖောက်ထွင်းလျက် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

ရွှီယွိသည် ဟုန်ယွိ၏ လှုပ်ရှားမှုကို မြင်သောအခါ သူ၏ နတ်ဘုရားအသိစိတ်ကို အသုံးပြု ကာ ထပ်မံ၍ ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ ဧရာမ လက်ဝါးကြီးမှာ သူတော်စင်ပေါင်းစုံ ခန်းမဆီသို့ ပြေးဝင်သွားသော်လည်း၊ ခန်းမအတွင်းမှ ထွက်ပေါ်လာသော မိုးကြိုးလျှပ်စီး များ၏ ရိုက်ခတ်မှုကြောင့် ရွှီယွိမှာ တစ်ခဏမျှ တုံ့သွားရသည်။ ထိုအချိန်အတွင်းမှာပင် ဟုန်ယွိမှာ အစအနမကျန် လွတ်မြောက်သွားခဲ့လေပြီ။

ဟုန်ယွိ ထွက်ခွာသွားသည်ကို မြင်သောအခါ ကော့လီနတ်ဘုရားဘုရင်မသည်လည်း ဆက်မနေတော့ပေ။ သူမ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး နီလာပြာရောင် အမြီး ဆယ်ချောင်းမှာ ရုတ်တရက် ဖြန့်ကားထွက်လာကာ၊ ထိုတောက်ပလှသော အလင်းတန်း များကြားတွင် သူမသည်လည်း အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

“တော်ပြီ၊ လိုက်မနေနဲ့တော့”

ဝန်ကြီးခုနစ်ပါးက လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ခေါင်းဆောင်ကြီး ရွှီယွိက တားမြစ်လိုက်သည်။

“ခေါင်းဆောင်ကြီး... ဒီတစ်ခါ သေမင်းတိတ်ဆိတ်ခြင်းကြယ် ကောင်းကင်အကျဉ်းထောင် မှာ ပြဿနာတက်ရတာက ခေါင်းဆောင်ကြီးရဲ့သား ရွှီဝူယွိက သေချာ မစောင့်ကြပ်ခဲ့လို့ပဲ။ နောက်ပြီး သူ ခုနက ရှိနေခဲ့ပေမဲ့ ဟုန်ယွိကို ရှုံးနိမ့်သွားလို့ ချက်ချင်း ဆုတ်ခွာသွားခဲ့တယ်၊ ဝိုင်းပြီးတော့လည်း မတိုက်ခိုက်ခဲ့ဘူး။ တကယ်ကို စိတ်ပျက်စရာကောင်းလွန်းတယ်။”

ဤတစ်ကြိမ်တွင် ယဉ်ကျေးမှုဝန်ကြီးက ရွှီယွိကို တိုက်ရိုက် ဦးတည်၍ ပြောလိုက်သည်။ ရွှီယွိမှာ ခေါင်းဆောင်ဖြစ်သော်လည်း ဝန်ကြီးများသည် သူ၏ လက်အောက်ခံ ဝန်ထမ်းများ မဟုတ်ဘဲ အဆင့်တူ တည်ရှိမှုများ ဖြစ်ကြသဖြင့် ဝေဖန်ပိုင်ခွင့် ရှိကြပေသည်။

“အဲဒီလိုဆိုရင်လည်း မင်းတို့အားလုံး စုပေါင်းပြီး သူ့ကို ရာထူးကနေ ဖယ်ရှားလိုက်ကြပေါ့၊ ငါ့ဘက်ကတော့ ဘာကန့်ကွက်မှုမှ မရှိဘူး။” ရွှီယွိက ယဉ်ကျေးမှုဝန်ကြီးကို ကြည့်ကာ ဘာခံစားချက်မှ မပါသော အသံဖြင့် အေးစက်စွာ ပြောလိုက်သည်။

ဝန်ကြီး၏ မျက်နှာမှာ ချက်ချင်း ပျက်သွားတော့သည်။ ရွှီဝူယွိမှာ မည်သည့်ရာထူးကိုမျှ စိတ်မဝင်စားကြောင်းနှင့် ဤလောကတွင် သူ့ကို ခြိမ်းခြောက်နိုင်သည့်အရာ ဘာမှ မရှိ ကြောင်း သူ မည်သို့ မသိဘဲ နေမည်နည်း။

“သေမင်းကြယ်အကျဉ်းထောင်ကို စောင့်ရှောက်ဖို့ တခြားလူတစ်ယောက်ကို လွှတ်လိုက်။ အခု အင်မော်တယ်နတ်ဘုရားဘုရင်က အင်မော်တယ်ကျောက်စာတိုင်ကို ယူပြီး မဟာ ကမ္ဘာလောကကြီးထဲကို ဝင်သွားပြီ။ ဒီကိစ္စကို ဆွေးနွေးဖို့ ငါတို့ အစည်းအဝေးလုပ်ရမယ်။” ရွှီယွိက ထိုသို့ပြောပြီးနောက် သူသည်လည်း ပျောက်ကွယ်သွားတော့သည်။

ကြယ်ပေါင်းများစွာ သိပ်သည်းလှသော ဟင်းလင်းပြင်အတွင်း၌ ဟုန်ယွိသည် လူသူကင်း မဲ့၍ စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်သော အမည်မသိ ကြယ်တစ်လုံးပေါ်သို့ ဆင်းသက် လိုက်သည်။

ဤကြယ်မှာ ရေငွေ့တစ်စက်မျှမရှိဘဲ ဝါကျင်ကျင် သဲကန္တာရများသာ ပြည့်နှက်နေပြီး သက်ရှိဟူ၍ တစ်ခုမျှ မရှိပေ။ အသက်စွမ်းအင် အားလုံးမှာ စုပ်ယူခြင်း ခံထားရသကဲ့သို့ပင် ဖြစ်ပြီး လူသားများ နေထိုင်ရန် လုံးဝမဖြစ်နိုင်ပေ။ သို့သော် ဟုန်ယွိကမူ ၎င်းကို ဂရုမစိုက် ပေ။

သူသည် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးကို အေးအေးဆေးဆေး အပြီးသတ် သန့်စင်နိုင် ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကိုသာ လိုချင်ခြင်း ဖြစ်သည်။ ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါး သန့်စင်ပြီးနောက် သူသည် မဟာကမ္ဘာလောကသို့ ပြန်ကာ သူ့ကိုယ်ပိုင်အင်အားစုများကို ချဲ့ထွင်ရန် ရည်ရွယ်ထားသည်။

ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးကို ရရှိလိုက်ခြင်းနှင့် ကြယ်သခင် လေးဦး၏ ထောက်ခံမှု ကို ရရှိလိုက်ခြင်းကြောင့် ဟုန်ယွိ မဟာကမ္ဘာလောကသို့ ပြန်ရောက်လျှင် ပထမဆုံး လုပ်မည့်အလုပ်မှာ ဤပုဂ္ဂိုလ်များကို အသုံးချ၍ နယ်မြေအသီးသီးမှ ဘုရင်ခံများနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများထံ စေလွှတ်၍ စည်းရုံးရန် ဖြစ်သည်။ သူတို့အားလုံးကို သူ၏ အင်အားစုအတွင်းသို့ ဆွဲသွင်းကာ နန်းတော်ကြီးတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ရန်ပင် ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ကမ္ဘာလောက၏ အာဏာကို အလုံးစုံ ရယူနိုင်မည်ဖြစ်သည်။

အမှန်စင်စစ် မဟာကမ္ဘာလောက၏ အစစ်အမှန် စွမ်းအားမှာ နန်းတော်အတွင်း၌လည်း မရှိသလို၊ ကြီးမြတ်သော အထက်လွှာ မျိုးရိုးမြင့်များ သို့မဟုတ် ဂိုဏ်းကြီးများတွင်လည်း မရှိပေ။ ပြည်နယ် ကိုးဆယ့်ကိုးခုနှင့် ခရိုင်ပေါင်း တစ်ထောင်ကျော်ရှိ ဘုရင်ခံများနှင့် အုပ်ချုပ်ရေးမှူးများ၏ လက်ထဲတွင်သာ ရှိသည်။ အကယ်၍ ထိုအဆင့်မြင့် အရာရှိ တစ်ထောင်ကျော်သာ တစ်စုံတစ်ဦးကို သစ္စာခံလိုက်မည်ဆိုလျှင် ထိုသူသည် ချက်ချင်းပင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

ဗဟိုအစိုးရနှင့် ဒေသန္တရအာဏာပိုင်များကြား အားပြိုင်မှုသည် ဧကရာဇ်နှင့် ဤဘုရင်ခံ များကြား အားပြိုင်မှုလည်း ဖြစ်သည်။ နန်းတော်က ဘုရင်ခံများကို အသုံးချ၍ မျိုးနွယ်စု ကြီးများကို စီမံခန့်ခွဲနေသော်လည်း၊ ဘုရင်ခံများနှင့် မျိုးနွယ်စုကြီးများက ပေါင်းစည်း၍ နန်းတော်ကို ပြန်လည် ထိန်းချုပ်ကြပြန်သည်။

ချီပြည်နယ်၏ ဘုရင်ခံ ‘ခြေလှမ်းဆယ်လှမ်း ဝိညာဉ်နှုတ်’ 'နျဲ့ယွမ်ကိုင်'မှာ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။ ဟုန်ယွိအနေဖြင့် ထိုကဲ့သို့သော အဆင့်မြင့် အရာရှိ ရာနှင့်ချီ၍ စည်းရုံးနိုင်မည်ဆိုပါက၊ သူ၏ အရာအားလုံးကို နှိမ်နှင်းနိုင်သော စွမ်းအားနှင့်အတူ မဟာ ပြောင်းလဲခြင်းလမ်းစဉ်အရ မင်းဆက်တစ်ခုကို အပြောင်းအလဲ လုပ်ရန်မှာ စကားတစ်ခွန်း ပြောလိုက်ရုံမျှသာ ဖြစ်ပေလိမ့်မည်။

“မိတ်ဆွေ... ကျွန်မကော့လီက မိတ်ဆွေနဲ့ စကားအနည်းငယ်လောက် ပြောခွင့်ရှိမလား”

ဟုန်ယွိ ဤလူသူကင်းမဲ့သော ကြယ်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ အဝေးမှ နီလာပြာရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ကော့လီနတ်ဘုရား ဘုရင်မသည် ဟုန်ယွိ၏ ရှေ့မှောက်၌ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

All Chapters