← Chapters

အခန်း ၇၁၃

Vol. 69 Ch. 713

အခန်း ၇၁၃

Vol. 69 Ch. 713

အခန်း (၇၁၃)။

ဤကမ္ဘာပေါ်တွင် နဂါးများအနက် ‘ဉသျှောင်နဂါး’ မှာ အသန်မာဆုံးသော နဂါးတစ်ကောင် ဖြစ်ကြောင်း လူတိုင်း သိကြပေသည်။ ဉ‌သျှောင်နဂါးသည် နတ်ဘုရားဘုရင် ငါးပါးလောက် မသန်မာသော်လည်း သိပ်မကွာလှပေ။ မူလဘိုးဘေးနဂါး သေဆုံးပြီးနောက် ကျန်ရှိသော စွမ်းအားမှာ မူလစွမ်းအား၏ ငါးပုံတစ်ပုံပင် မပြည့်သော်လည်း ‘အမှောင်ဧကရာဇ်တာအို သခင်’ ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ခြင်းက ၎င်း၏ အစွမ်းကို သက်သေပြနေသည်။ (ဉသျှောင်နဂါးရေခဲတိုင်သည် ဟုန်ရွှမ်ကျိတို့ ယူသွားသော နဂါးရေခဲတိုင် ၅၀၀ တွင် ပါသွားခြင်း ဖြစ်သည်။)

ဟုန်ယွိက ထိုကဲ့သို့သော နဂါးတစ်ကောင်ကို ဖန်တီးနိုင်သည်ဟု ပြောလိုက်ခြင်းပင်။

သို့သော် သူတော်စင်ပေါင်းစုံခန်းမ၏ အတိုင်းအတာ၊ အထူးသဖြင့် ထိုက်ကျိမိုးကြိုးရေကန် ၏စွမ်းအားနှင့် မူလတာအိုသခင်၏ စွမ်းအားတို့ကို ကြည့်ခြင်းဖြင့် ကော့လီ နတ်ဘုရား ဘုရင်မအနေဖြင့် ဟုန်ယွိသည် ထိုကိစ္စကို အမှန်တကယ် လုပ်ဆောင်ကောင်း လုပ်ဆောင် နိုင်မည်ဟု သိရှိထားပေသည်။

အမှန်တကယ်တွင်လည်း ဟုန်ယွိသည် ပြောင်းလဲခြင်းကျမ်းကို ပြုစုပြီးနောက် တိုက်ပွဲများ ဆင်နွှဲရာတွင် ပြောင်းလဲခြင်းကျမ်းကို အသုံးပြု၍ တွက်ချက်ခြင်းဖြင့် မည်သည့် သတ်ဖြတ် ခြင်း တိုက်ကွက်မျိုးကိုမဆို သင်ယူနိုင်ပြီး၊ မည်သည့် မူလစွမ်းအင်မျိုးကိုမဆို အတုယူနိုင် ပေသည်။ ‘တိုင်ရှန်တာအိုဂိုဏ်း’ ၏ ‘ထာဝရ အလင်းတန်း’ ပင်လျှင် သူ၏ သိမြင် နားလည်မှုမှ မလွတ်မြောက်နိုင်ပေ။

သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ပြောင်းလဲခြင်း ကျမ်းစာ၏ တွက်ချက်မှုများ ပေါင်းစပ် ကာ စစ်ဘက်ရေးရာဝန်ကြီးကဲ့သို့သော ကျွမ်းကျင်သူအချို့ကို ယဇ်ပူဇော်လိုက် မည်ဆိုပါ က၊ သူသည် ဉသျှောင်နဂါးတစ်ကောင်ကို အမှန်တကယ် ဖန်တီးနိုင်ပြီး မူလဘိုးဘေးနဂါး နှင့် ပေါင်းစပ်နိုင်ပေလိမ့်မည်။

သို့သော် ၎င်းမှာ အလွန်ကြီးမားသော စီမံကိန်းကြီးတစ်ခု ဖြစ်ပေသည်။

“ဒီမိုးကြိုးရေကန်က ကောင်းကင်မိုးကြိုးစင်မြင့်နဲ့တောင် ယှဉ်နိုင်နေပြီပဲ။ မင်းက ယန်နတ်ဘုရား မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ယန်နတ်ဘုရားအဆင့် ရတနာတွေ၊ မိုးကြိုး ရေကန်တွေ ဖန်တီးနိုင်တာလဲဆိုတာ ငါ တကယ် စဉ်းစားလို့ မရဘူး” ကော့လီနတ်ဘုရား ဘုရင်မနှင့် ဟုန်ယွိတို့သည် ထိုက်ကျိမိုးကြိုးရေကန် ဘေးသို့ နောက်ဆုံးတွင် ရောက်ရှိလာ ကြသည်။

“ဒါက ‘ပြောင်းလဲခြင်းကျမ်း’ ရဲ့ လျှို့ဝှက်ချက်ပေါ့။” ဟုန်ယွိက ရယ်မောလိုက်သည်။ “ကျွန်တော် အခု ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးရဲ့ စိတ်ဝိညာဉ် အမှတ်အသားတွေကို အပြီးအပိုင် ချေဖျက်တော့မယ်။ နတ်ဘုရားဘုရင်မက ကျွန်တော့်ကို ကူညီနိုင်မလား”

သူက ထိုသို့ပြောရင်း ကော့လီနတ်ဘုရားဘုရင်မ၏ တုံ့ပြန်မှုကို စောင့်ကြည့်လိုက်သည်။

နတ်ဘုရားဘုရင်မကို သူတော်စင်ပေါင်းစုံ ခန်းမအတွင်းသို့ ဖိတ်ခေါ်ခြင်းဖြင့် သူမ၏ သဘောထားကို ဟုန်ယွိက စမ်းသပ်လိုခြင်းလည်း ဖြစ်သည်။ အကယ်၍ သူမတွင် မရိုးသား သော ရည်ရွယ်ချက် ရှိနေပါက ဝင်လာမည် မဟုတ်ပေ။ ယခုမူ သူမက လိုက်ဝင်လာသည့် အပြင်၊ ပျက်သုဉ်းခြင်း နတ်ဘုရားများကို သန့်စင်ရာတွင် ကူညီခိုင်းခြင်းမှာလည်း သူမ၏ သစ္စာရှိမှုကို စမ်းသပ်ခြင်းပင် ဖြစ်သည်။

ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး၏ စိတ်ဝိညာဉ် အမှတ်အသားများမှာ အလွန်ပင် အစွမ်းထက်လွန်းပြီး၊ ၎င်းတို့ကို သန့်စင်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။ စစ်ဘက်ရေး ရာဝန်ကြီးကို သန့်စင်စဉ်ကထက်ပင် အားမနည်းပေ။ ဟုန်ယွိ၏ လက်ရှိစွမ်းအားဖြင့်ဆို လျှင် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။ သို့သော် ကော့လီနတ်ဘုရားဘုရင်မကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ကူညီမည်ဆိုပါက များစွာ ပို၍ လွယ်ကူသွားပေလိမ့်မည်။

“ရတာပေါ့၊ မင်းက ဉသျှောင်နဂါးကိုတောင် ပြန်လည် ဖန်တီးနိုင်မယ်လို့ ပြောခဲ့တာပဲ။ မင်းရဲ့ သူတော်စင်ပေါင်းစုံခန်းမကို သုံးပြီး ငါ့စွမ်းအားတွေ ပြန်ရလာမယ်ဆိုတာ ငါ ပိုပြီး ယုံကြည်သွားပြီ။” ကော့လီနတ်ဘုရားဘုရင်မက ဆိုသည်။

“ရုန်ယန်… ရုန်ယန်…”

ထိုစဉ်မှာပင် မိုးကြိုးကန်၏ အနက်ရှိုင်းဆုံးနေရာမှ ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ပါး ခုန်ထွက်လာသည်။ ဤပျက်သုဉ်းခြင်းနတ်ဘုရား၏ ခန္ဓာကိုယ်ကို ပေရာနှင့်ချီရှည်သော မိုးကြိုးသံကြိုးများဖြင့် ချည်နှောင်ထားသည်။ ရွှေနှင့် သံကိုပင် အရည်ပျော်စေနိုင်သော မိုးကြိုးလျှပ်စီးများက ဝန်းရံထားသော်လည်း သူ့ကိုမူ ထိခိုက်မှု တစ်စုံတစ်ရာ မရှိပေ။ သူသည် မိုးကြိုးကန်ထဲမှ ခုန်ထွက်လာကာ လက်ဝါးနှစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။ တောင်တစ်လုံးခန့် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုမှာ ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါက် လာပြီး ဂျိန်းခနဲ အသံနှင့်အတူ ကောင်းကင်တိုင်ကြီး ကျိုးပျက်သွားသကဲ့သို့ ခံစားလိုက်ရ သည်။

“တောင်များကို ရွှေ့ပြောင်းခြင်း၍ ပင်လယ်များကို ဖို့ခြင်း”

ပျက်သုဉ်းခြင်းနတ်ဘုရား၏ ဤတိုက်ကွက်မှာ ဟုန်ယွိကို ဦးတည်ထားခြင်း ဖြစ်သည်။ ထိုတိုက်ကွက်မှာ ရှေးတုန်းက ‘ဘုံသုံးပါးမူလစွမ်းအင်အမြောက်’ ဖြင့် အစွမ်းကုန် အသေခံ တိုက်ခိုက်ခဲ့သော အင်အားနှင့်ပင် ညီမျှပေသည်။

“တကယ့်ကို ပျက်သုဉ်းခြင်း နတ်ဘုရားပဲ” ရုတ်တရက်ဆိုသလို ကော့လီနတ်ဘုရားဘုရင်မ သည် ဟုန်ယွိ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာကာ လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည်။ “ကော့ရှီး... လီရှီး... အဆုံးမဲ့ တောင်တန်းနဲ့ ပင်လယ်...”

ဘုန်း…

သူမ၏ ‘အဆုံးမဲ့ တောင်တန်းနှင့် ပင်လယ်’ တိုက်ကွက် ထွက်ပေါ်လာချိန်တွင် ဟုန်ယွိ သည် ရှေးဦးခေတ် တောင်တန်းများနှင့် ပင်လယ်ပြင်၏ ထူးဆန်းသော မြင်ကွင်းများကို မြင်တွေ့လိုက်ရ၏။ ရှေးဦးခေတ် တောင်တန်းနှင့် ပင်လယ် ပန်းချီလိပ်များမှ ပုံကြမ်းများ နှင့်၊ ရှေးဦးခေတ် တောင်တန်းနှင့် ပင်လယ် ကျမ်းစာများမှ ဒဏ္ဍာရီများ အားလုံးသည် ဤလက်ဝါးချက် တစ်ချက်အတွင်း၌ ပေါ်လွင်နေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် ဟုန်ယွိမှာ ရှေးဦးခေတ်၏ တောင်တန်းနှင့် ပင်လယ်များကြားသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

‘ရုန်ယန်’ ဟု အမည်ရသော ပျက်သုဉ်းခြင်းနတ်ဘုရားမှာ သူမ၏ ဖိနှိပ်မှုကြောင့် အသက်ရှူ ပင် ကြပ်သွားရသည်။ သူ၏သံချပ်ကာမှာ အက်ကွဲသွားပြီး တစ်ခဏမျှ ကြောင်အသွားစဉ် မှာပင် သူမ၏ လက်ဝါးက သူ့ကို ဖုံးလွှမ်းသွားတော့သည်။

“ဝိညာဉ်သိမ်းပိုက်ခြင်း၊ ဝိညာဉ်ဆွဲထုတ်ခြင်း”

လျှို့ဝှက်ဆန်းကြယ်သော မူလစွမ်းအင်များမှာ ကော့လီနတ်ဘုရားဘုရင်မ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ တစ်ခဏချင်းမှာပင် ပျက်သုဉ်းခြင်းနတ်ဘုရား ‘ရုန်ယန်’ ၏ မျက်နှာပေါ်တွင် နာကျင်သော အမူအရာများ ပေါ်လာတော့သည်။ သူ၏ စိတ်ဝိညာဉ် အမှတ်အသားမှာ အဆက်မပြတ် ဆွဲထုတ်ခံနေရပုံပေါ်သည်။

ဝုန်း….

ထိုစဉ်မှာပင် ‘ကျူအန်’၊ ‘ဒီကျန်း’၊ ‘ထျန်ကူ’၊ ‘ဟယ်ဟွမ်’၊ ‘ယောင်ရွှီ’၊ ‘ယင်ကူ’၊ ‘ကူဟွမ်’၊ ‘ယီချန်း’၊ ‘ချီဝမ်’၊ ‘မန်တီ’ နှင့် ‘ကုန်းလျန်’ အမည်ရှိ ကျန်ရှိသော ပျက်သုဉ်းခြင်းနတ်ဘုရား ၁၁ ပါးမှာလည်း သူတို့၏ အစွမ်းထက်သော မူလစွမ်းအားများကို ထုတ်ဖော်လျက် တစ်ပြိုင် တည်း ခုန်ထွက်လာကြပြန်သည်။

“ကောင်းကင်နဲ့ မြေကြီးက အကန့်အသတ် ရှိပေမဲ့ နတ်ဘုရားတန်ခိုး စွမ်းအားကတော့ အကန့်သတ်မဲ့ပဲ...” ကော့လီနတ်ဘုရားဘုရင်မသည် ပျက်သုဉ်းခြင်း နတ်ဘုရား ၁၁ ပါး၏ တိုက်ခိုက်မှုကို မကြောက်မရွံ့ ရင်ဆိုင်လိုက်သည်။ ပေသုံးထောင်ရှည်သော အစိမ်းရောင် ဆံနွယ်များမှာ ထပ်မံ ပေါ်ထွက်လာပြီး၊ ခဏချင်းမှာပင် ထိုပျက်သုဉ်းခြင်း နတ်ဘုရား ၁၁ ပါးလုံးကို ထမင်းထုပ်များကဲ့သို့ တုပ်နှောင်ပစ်လိုက်သည်။

ထို့နောက် ထိုဆံနွယ်များမှာ ပျက်သုဉ်းခြင်း နတ်ဘုရားများ၏ ဦးနှောက်အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားတော့သည်။

“ကောင်းလိုက်တဲ့ တိုက်ကွက်ပဲ။ ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်းရဲ့ စွမ်းအားနဲ့တော့ ဒီပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးကို သန့်စင်ဖို့ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ အိမ်ရှင် တစ်ယောက်အနေနဲ့ ဧည့်သည်ကိုပဲ အလုပ်တွေ အကုန်မခိုင်းနိုင်ပါဘူး။” ဟုန်ယွိက ကော့လီနတ်ဘုရားဘုရင်မ ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးလုံးကို အစွမ်းကုန် ဖိနှိပ်ထား သည်ကို မြင်သောအခါ၊ သူမသည် သူတော်စင်ပေါင်းစုံခန်းမကို သုံး၍ စွမ်းအားများ ပြန်လည်ရယူရန် အမှန်တကယ် ကြိုးစားနေခြင်းဖြစ်ကြောင်း ယုံကြည်သွားသည်။

ဟုန်ယွိအနေဖြင့် ဉသျှောင်နဂါး တစ်ကောင်ကို ပြန်လည် ဖန်တီးနိုင်သည် ဆိုမှတော့၊ သူ ယန်နတ်ဘုရား အဆင့်သို့ ရောက်ရှိပြီး နတ်ဘုရားဘုရင်တစ်ပါး၏ ခန္ဓာကိုယ် လျှို့ဝှက် ချက်များကို ခွဲခြမ်းစိတ်ဖြာ နားလည်ပြီးနောက်၊ နှစ်ပေါင်း သောင်းချီ အချိန်ယူကာ ကော့လီ နတ်ဘုရားဘုရင်မ တစ်ပါးကိုပင် ပြန်လည် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေမည်၊ သို့မဟုတ် ယခုပင်လျှင် ကော့လီနတ်ဘုရားဘုရင်မအတွက် ကိုယ်တွင်းအင်္ဂါတစ်ခုကို ဖန်တီးပေးနိုင်ပေမည်။ ကော့လီ နတ်ဘုရားဘုရင်မ အနေဖြင့် ဟုန်ယွိ၏ အကူအညီကို ရယူနိုင်သည့် နေရာများစွာ ရှိနေပေသည်။

သူမဘက်က အခြားရည်ရွယ်ချက်မရှိကြောင်း ပြသခဲ့ပြီ ဖြစ်သောကြောင့်၊ ဟုန်ယွိသည် လည်း သူမအပေါ် သံသယ မထားတော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး ပုံတူ ၁၂ ခုအဖြစ် ခွဲထွက်သွားကာ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး၏ ရှေ့တွင် ဟုန်ယွိ၏ ပုံရိပ် ၁၂ ခု ပေါ်လာသည်။

ဤဟုန်ယွိ၏ ပုံတူ ၁၂ ခုသည် မျက်နှာများ ပြောင်းလဲသွားပြီး၊ သူ့မျက်နှာ မဟုတ်တော့ဘဲ ရွှီဝူယွိ၏ မျက်နှာများ ဖြစ်သွားကြသည်။ ကြည့်လိုက်သည်နှင့် ရွှီဝူယွိ၏ ရုပ်ရည်၊ တူညီ သော ‘အသွင်မျိုးစုံပြောင်းလဲခြင်း’ ပညာရပ် ဖြစ်နေရုံသာမက၊၊ ခန္ဓာကိုယ်၏ အငွေ့ အသက်တို့မှာ တစ်ထပ်တည်းပင်။ ‘မင်း ငါ့ရှေ့မှာ ငါ့မိဘတွေကို သတ်ပြီး ငါ့မိန်းမကို ဖျက်ဆီးရင်တောင် ငါ့စိတ်ဓာတ်ကို မင်း မလှုပ်ခတ်စေနိုင်ဘူး’ ဆိုသော အရှိန်အဝါမျိုးပင် ဖြစ်သည်။

ရန်ယန်၊ ပေချန်း၊ လီဖူနှင့် ဝူကျွမ်းတို့မှာ ရွှီဝူယွိ တကယ် ပေါ်လာသည်ဟု ထင်မှတ်ကာ ထိတ်လန့်သွားကြသည်။

ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးမှာလည်း ရွှီဝူယွိ၏ အရှိန်အဝါကို ခံစားလိုက်ရသဖြင့် မှင်သက်သွားကြသည်။ ရုပ်ရည်ကိစ္စ မဟုတ်သော်လည်း အရှိန်အဝါကမူ သူတို့ကို ဇဝေဇဝါ ဖြစ်စေနိုင်သည်။

ထိုသို့ မှင်သက်နေသည့် အခိုက်အတန့်တွင် ဟုန်ယွိက အခွင့်အရေးကို အရယူကာ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပြောင်းလဲခြင်း ကျမ်းမှ ဟေစ်ဇာဂရမ်းသင်္ကေတ ၆၄ ခု ကို ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး၏ ခန္ဓာကိုယ် အတွင်းသို့ ရက်စက်စွာ ထိုးသွင်းလိုက်တော့သည်။

သူတို့၏ စိတ်ဝိညာဉ် အမှတ်အသားများမှာ ခဏချင်းမှာပင် ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရသည်။

ဟုန်ယွိနှင့် ကော့လီနတ်ဘုရားဘုရင်မတို့ ပူးပေါင်း၍ ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးကို သန့်စင်လိုက်ကြပြီ ဖြစ်သည်။ ထိုက်ကျိမိုးကြိုးရေကန်၏ အထက်တွင် အတွေးစလှိုင်းများ မှာ ပြင်းထန်စွာ ပျံ့နှံ့သွားပြီး အချင်းချင်း တိုက်ခိုက်နေကြသည်မှာ စစ်ပွဲကြီးတစ်ခု ဖြစ်နေ သကဲ့သို့ပင်။

ဆယ်ရက်နှင့် ဆယ်ည ကြာပြီးနောက် ဟုန်ယွိနှင့် သူမတို့သည် သူတို့၏ အပြင်းထန်ဆုံး နည်းဗျူဟာများကို ထပ်မံ ထုတ်ဖော်လိုက်ကြသည်။ ဘုန်း ဘုန်း ဘုန်း... ဆိုသော အသံ ၁၂ ကြိမ် ဆက်တိုက် ထွက်ပေါ်လာပြီး၊ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးမှာ ငရဲသို့ ကျသွား သကဲ့သို့၊ သူတို့၏ စိတ်ဝိညာဉ်များ ကွဲကြေတော့မည့်အလား နာကျင်စွာ အော်ဟစ်လိုက် ကြသည်။ သို့သော် နောက်တစ်ခဏတွင် သူတို့မှာ ပြန်လည် အသက်ဝင်လာကြသည်။ သူတို့၏ မျက်ဝန်းများမှာ ကြည်လင် တောက်ပနေပြီး အနှောင်အဖွဲ့ကင်းသည့် ပုံစံမျိုး ဖြစ်သွားသည်။ သူတို့၏ စိတ်ဝိညာဉ် အမှတ်သားများမှာ ပြောင်းလဲသွားခဲ့ကြပြီ။

“ကျူအန်ပါ... သခင်ကြီးကို ဂါရဝပြုပါတယ်...” “ဒီဂျန်း ပါ... သခင်ကြီးကို ဂါရဝပြုပါ တယ်...” “...”

ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးလုံး၏ စိတ်ဝိညာဉ် အမှတ်အသားများမှာ အပြီးတိုင် ဖျက်ဆီးခြင်း ခံလိုက်ရပြီး သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် အမှတ်အသားများဖြင့် အစားထိုးခံ လိုက်ရပြီ။ သူတို့၏ သိုင်းပညာ အတွေ့အကြုံနှင့် စွမ်းအားများမှာ မပျောက်ပျက်သော် လည်း၊ ယခုအခါတွင်မူ ဟုန်ယွိ၏ အမိန့်ကိုသာ နာခံမည့်သူများ ဖြစ်သွားကြပြီ။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မိုးကြိုးရေကန်ထဲမှ ရုန်းထွက်လာပြီး ဟုန်ယွိ၏ ရှေ့တွင် ဒူးထောက်ကာ အနှိုင်းမဲ့သော သစ္စာရှိမှုကို ပြသလိုက်ကြသည်။

“နောက်ဆုံးတော့ အောင်မြင်သွားပြီ။ အခုတော့ မဟာကမ္ဘာလောကကို ပြန်လို့ရပြီ...” ဟုန်ယွိသည် အပေါ်သို့ ခုန်တက်လိုက်ပြီး၊ သူတော်စင်ပေါင်းစုံခန်းမ၏ အလင်းတန်းနှင့် အတူ ဤလူသူကင်းမဲ့သော ကြယ်ပေါ်မှ ထွက်ခွာခဲ့တော့သည်။ တစ်ချိန်တည်းမှာပင် သူသည် မဟာကမ္ဘာသို့ ဦးတည်သည့် လမ်းကြောင်းတစ်ခုကို တွေ့ရှိသွားခဲ့သည်။

All Chapters