အခန်း ၇၁၄
Vol. 69 Ch. 714
အခန်း (၇၁၄)။
ကျောက်စိမ်းမြို့တော်၊ နန်းတော်အတွင်းရှိ နန်းတွင်းစာကြည့်ဆောင်၌ ဟုန်ရွှန်ကျိသည် ဘေးတစ်ဖက်တွင် ထိုင်နေပြီး၊ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်ကမူ နဂါးပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ပန်းချီကားတစ်ချပ်ကို အသာအယာ ပွတ်သပ်နေသည်။ ထိုပန်းချီမှာ မဟာကမ္ဘာလောက၏ အပြည့်စုံဆုံးသော ပထဝီဝင်မြေပုံဖြစ်သည့် ‘တောင်တန်းနှင့်မြစ် ပန်းချီကား’ ပင် ဖြစ်သည်။
သို့သော်လည်း စာကြည့်ဆောင်အတွင်း၌ အခြားသော လူတစ်စုလည်း ရှိနေကြပြီး စားပွဲ ရှေ့တွင် ဒူးထောက်နေကြသည်။ ထိုသူများမှာ အိမ်ရှေ့စံမင်းသား ယန်ယွမ်၊ မင်းသား ယန်ကျုံနှင့် အခြားမင်းသားများ ဖြစ်ကြသည်။ သူတို့အားလုံးမှာ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်၏ သားတော်များဖြစ်ကြပြီး ပလ္လင်ကို ဆက်ခံရန် မျှော်လင့်ချက် ရှိနေကြသူများ ဖြစ်သော်လည်း၊ မင်းသားယု ယန်ချန်းကိုမူ ထိုနေရာတွင် မတွေ့ရပေ။
“ခမည်းတော်... သားတော်တို့ကို ဘာကြောင့်များ ရုတ်တရက် ခေါ်ယူရတာပါလဲ။ တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်နေလို့လား။”
အိမ်ရှေ့စံမင်းသား ယန်ယွမ်က ချန်ဧကရာဇ် ယန်ဖန်ကို တစ်ချက်ကြည့်၊ ဟုန်ရွှန်ကျိကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းငုံ့ကာ မေးမြန်းလိုက်သည်။
“ဒါပေါ့...” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ပြောလိုက်သည်။ “ရွှန်ကျိ... သူတို့ကို မင်းပဲ ရှင်းပြလိုက်ပါ။”
“နောက်ထပ် စစ်ပွဲကြီးတစ်ခု ဖြစ်တော့မယ်။ ဒီတစ်ကြိမ်မှာတော့ ရေတပ်စစ်ပွဲပဲ၊ ဒါမှ မဟုတ် ယွန်မင်နိုင်ငံက ငါတို့ တော်ဝင်ချန်ကို တိုက်ခိုက်တော့မှာ။” ဟုန်ရွှန်ကျိက အိမ်ရှေ့စံမင်းသား၊ မင်းသားဟီချင်နှင့် အခြားမင်းသားများကို တည်ငြိမ်သော မျက်နှာပေး ဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက အိမ်ရှေ့စံမင်းသား ယန်ယွမ်ကို ခပ်ကြာကြာ စူးစိုက်ကြည့်ပြီးနောက်... “မင်းသားတို့ အားလုံးက အရှင်မင်းကြီးရဲ့ သားတော်တွေပဲ။ အိမ်ရှေ့စံမင်းသားရဲ့ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော်က မင်းသားတို့ကို အချက် အလက်အချို့ ပြောပြဖို့ တာဝန်ရှိတယ်။ အချို့သော တာအိုပညာရှင်တွေဟာ ကျွန်တော်တို့ မသိအောင် ပင်လယ်ပြင်မှာ ‘ဘိုးဘေးနတ်ဘုရားနိုင်ငံတော်’ ဆိုတဲ့ နိုင်ငံကြီး တစ်ခုကို တည်ထောင်ထားကြပြီ။ အဲဒီမှာ ဗဟိုကမ္ဘာက ကျွမ်းကျင်သူတွေ အများကြီး လည်း ပါဝင်နေကြတယ်။ ဒါကြောင့် ဒီတစ်ကြိမ်စစ်ပွဲဟာ အနောက်ဘက်ဒေသက စစ်ပွဲ ထက် ဆယ်ဆ၊ အဆတစ်ရာမက ပိုပြီး ပြင်းထန်လိမ့်မယ်”
“ကောင်းကင်အပြင်ပနယ်မြေ... ဗဟိုကမ္ဘာ... ဘိုးဘေးနတ်ဘုရားနိုင်ငံတော်...” တစ်ခဏ ချင်းမှာပင် မင်းသားများကြား တီးတိုးဆွေးနွေးမှုများဖြင့် ဆူညံသွားတော့သည်။ အိမ်ရှေ့စံ မင်းသားနှင့် မင်းသားဟီချင်တို့ကမူ ထိုသတင်းကို ကြိုတင်သိထားသကဲ့သို့ တည်ငြိမ်နေ ကြသည်။ မကြာသေးမီနှစ်များအတွင်း နန်းတော်ထဲတွင် အပြောင်းအလဲများစွာ ရှိခဲ့သည်။ ရှောင်ရှိူက်ကိစ္စ၊ အနောက်ဘက်ဒေသ စစ်ပွဲကိစ္စနှင့် ဟုန်ရွှန်ကျိက အနှစ်သာရနတ်ဘုရား ကျောင်းမှ ယဇ်ပုရောဟိတ်အမျိုးသမီးကို မယားငယ်အဖြစ် သိမ်းပိုက်လိုက်သည့် ကိစ္စတို့ မှာ တောမီးပမာ ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။
ဤလူများသည်လည်း ယခုအခါ မကြုံစဖူးသော တော်လှန်ရေးကာလ တစ်ခုအတွင်း ရောက်ရှိနေကြောင်း သိရှိထားကြသည်။ ဤသည်မှာ အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်ပေ သည်။ လောကကြီး ရှုပ်ထွေးလေလေ၊ အခွင့်အရေးများလေပင် မဟုတ်ပါလား။
“ဒီနေ့ကိစ္စက လျှို့ဝှက်အစည်းအဝေးတစ်ခုပဲ။ ဘယ်သူမှ အပြင်ကို ပေါက်ကြားလို့မရဘူး။ အဲဒီလိုမှမဟုတ်ရင် ငါတို့ သားအဖဆက်ဆံရေးကို ငဲ့ညှာနေမှာ မဟုတ်ဘူး။ မင်းတို့က တိုင်းပြည်အတွက် တာဝန်မကျေဘူးဆိုရင် မင်းတို့ရဲ့ မင်းသားဘွဲ့တွေကို ရုပ်သိမ်းရုံတင် မကဘူး၊ မင်းတို့ကိုပါ အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ရုတ်တရက် ပြောလိုက်သည်။
သူ၏စကားလုံးများမှာ လေးလံပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသဖြင့် မင်းသားများ နှင့် မှူးမတ်များ၏ နှလုံးသားမှာ တစ်ပြိုင်နက်တည်း အေးစက်သွားရသည်။ လွန်ခဲ့သော နှစ်များစွာက ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးခဲ့သော အစွမ်းထက်သည့် မဟာ ဧကရာဇ်တစ်ပါး၏ ဘုန်းအာနုဘော်ကို သူတို့ ချက်ချင်း မြင်ယောင်သွားကြသည်။
“ခမည်းတော်က သားတော်တို့ကို ဘာလုပ်စေချင်တာလဲ။” အိမ်ရှေ့စံမင်းသား ယန်ယွမ်က ရုတ်တရက် မေးလိုက်သည်။
“အပြင်ပန်း ရှုပ်ထွေးမှုတွေက ကြောက်စရာ မဟုတ်ဘူး။ ငါ အကြောက်ဆုံးက အတွင်းပိုင်း ရှုပ်ထွေးမှုပဲ။ ဒါက ဘယ်လိုတိုက်ခိုက်မှုကိုမဆို ချေမှုန်းဖို့ လုံလောက်တယ်။ ဒါဟာ အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်တယ်။ အခု မင်းတို့ လုပ်ရမှာက နန်းတွင်းကနေ နယ်စား မြို့စားတွေနဲ့ အထက်တန်းလွှာ မျိုးနွယ်စုကြီးတွေကို စည်းရုံးသိမ်းသွင်းဖို့ပဲ။ တော်ဝင်ချန်ပြည်နယ် ၉၉ ခုလုံးရဲ့ တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေးက မင်းတို့ လက်ထဲမှာပဲ ရှိတယ်။ ငါ ‘မဟာကောင်စီ’ အဖွဲ့တစ်ခုကို ဖွဲ့စည်းတော့မယ်။ မင်းတို့ အားလုံးက ဒီမဟာကောင်စီရဲ့ ဝန်ကြီးတွေပဲ။ မဟာကောင်စီရဲ့ တာဝန်က လောကတခွင် က နယ်စားမြို့စားအားလုံးကို မြို့တော်ကို ခေါ်ယူပြီး သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အစီရင်ခံခိုင်းဖို့ပဲ။ ပြီးရင် တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မလဲ၊ လောကကြီးကို ဘယ်လို တည်ငြိမ်အောင် လုပ်မလဲဆိုတာ ဆွေးနွေးကြရမယ်။ မင်းတို့ လုပ်ရမယ့် တာဝန်ကတော့ စစ်ပွဲ ဘယ်လိုပဲဖြစ်နေပါစေ၊ ဘယ်မြို့စား နယ်စားမှ စိတ်ယိုင်မသွားဖို့နဲ့ ဘယ်မျိုးရိုးကြီး မိသားစုကမှ ငါတို့ရဲ့ ခြေထောက်တွေကို ဆွဲမထားအောင် သေချာအောင် လုပ်ဖို့ပဲ၊ ပြီးတော့ ဒီမဟာကောင်စီကို တည်ထောင်တာဟာ ယွန်မင်နိုင်ငံကို တိုက်ခိုက်ပြီး ပင်လယ် လေးစင်းလုံးကို လုံးဝ စည်းလုံးစေဖို့အတွက်လို့ တခြားသူတွေကို ပြောပြလိုက်။” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“အမှန်အတိုင်းပြောရရင် ဒါဟာ မင်းတို့ကို စမ်းသပ်ဖို့ ငါတို့အတွက် အခွင့်အရေးကောင်းပဲ။ မင်းတို့ ကောင်းကောင်းလုပ်နိုင်ရင် ငါ ပလ္လင်လွှဲပေးဖို့ ဝန်မလေးဘူး။ ပြီးတော့ အိမ်ရှေ့စံ... မင်း လွန်ခဲ့တဲ့ နှစ်နှစ်က လူဦးရေသန်းခေါင်စာရင်း ကောက်ခံတဲ့နေရာမှာ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ တိုင်းပြည်အတွက် ဘာမှ စွမ်းဆောင်နိုင်ခဲ့တာ မရှိဘူး။ ‘ချန်ပီယံမြို့စား’ နဲ့ တောင် ရန်ဖြစ်ပြီး ဝေးကွာသွားခဲ့သေးတယ်။ မူလက မင်းရဲ့ အိမ်ရှေ့စံရာထူးကို ရုပ်သိမ်းဖို့ စဉ်းစားနေတာ၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းရဲ့ အမှားတွေကို ပြန်ပြင်နိုင်တယ်။ နောက်ထပ် အမှားတွေ ထပ်မလုပ်မိစေနဲ့”
“သားတော် အသက်နဲ့လဲပြီး ဆောင်ရွက်ပါ့မယ်။” အိမ်ရှေ့စံမင်းသား ယန်ယွမ်က အမြန် ဦးညွှတ်လိုက်သည်။ “သွားကြတော့” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က လက်ဝှေ့ယမ်း လိုက်ပြီးနောက် မင်းသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
“အရှင်မင်းကြီး... မဟာကောင်စီကို တည်ထောင်တာ၊ မင်းသားတွေကို ဝန်ကြီးခန့်ပြီး မြို့စား နယ်စားတွေနဲ့ ရင်းနှီးအောင် လုပ်တာဟာ ပထမခြေလှမ်းပဲ ရှိပါသေးတယ်...” ဟုန်ရွှန်ကျိက လျှောက်တင်လိုက်သည်။ “ကျွန်တော်မျိုးရဲ့ အစီရင်ခံစာထဲမှာ ဒုတိယ ခြေလှမ်း ရှိပါသေးတယ်။ အရှင်မင်းကြီး ဘယ်တော့ အကောင်အထည် ဖော်မလဲဆိုတာ သိချင်မိပါတယ်။”
“ဟုန်ယွိက ယန်ချန်းကို (မင်းသားယု) အင်ပါယာစည်းလုံးစေဖို့ ကူညီချင်နေတာပဲ။ သူက ယန်ချန်းအတွက် ‘ရှင်ခြင်းသေခြင်း တံခါး’ကိုတောင် သူ့ရဲ့မူလစွမ်းအင်ကို အသုံးပြုပြီး ဖွင့်ပေးခဲ့သေးတယ်။ ဒါကြောင့် ယန်ချန်းက လူသားအင်မော်တယ်တစ်ပါး ဖြစ်လာခဲ့တယ်။ သူက ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ ကိုတောင် ‘ကျောက်စိမ်းဧကရာဇ် ဝတ်ရုံ’ အဖြစ် ပြန်လည်သန့်စင်ပေးခဲ့လို့ ယန်ချန်းရဲ့ စွမ်းအားက အများကြီး တိုးတက်လာ ခဲ့တာပဲ။ ဒါပေမဲ့ ငါက သူ့ရဲ့ကပ်ငြိနေတဲ့ လက်စားချေလိုစိတ်နဲ့ အင်ပါယာကို စည်းလုံးလို တဲ့ဆန္ဒကို အသုံးချပြီး နန်းတွင်းအတွက် အကူအညီယူနေတာ။ ငါတို့က ဟုန်ယွိကို လက်လျှော့သွားအောင် လုပ်ရမယ်။ အခု မဟာကောင်စီမှာ ယန်ချန်း တစ်ယောက်တည်းပဲ မပါတာ။ ဟုန်ယွိ ဘာလုပ်မလဲဆိုတာ ငါ စောင့်ကြည့်ချင်တယ်။” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ပြုံးလိုက်သည်။ “ဒုတိယခြေလှမ်းအတွက်ကတော့ ငါ့သားတော်တွေ ဘာလုပ် ကြမလဲဆိုတာကို ကြည့်ပြီးမှ ဆက်လုပ်ကြတာပေါ့။”
“အရှင်မင်းကြီး ပြောတာ မှန်ပါတယ်။ အရာအားလုံးကို ကျွန်တော်မျိုး တွက်ချက်ပြီးသား ပါ။” ဟုန်ရွှန်ကျိက ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ အရေးကြီးဆုံးကတော့ ငါတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုပဲ။” ယန်ဖန်က ဆက်ပြော သည်။ “ငါ အနာဂတ်သခင်ကို ကျင့်ကြံပြီးနောက်မှာ နေ့ရောညပါ တွက်ချက်ကြည့်တော့ ‘ကောင်းကင်ဖြို ဧကရာဇ်’ ဟာ ဖန်ဆင်းရှင်တစ်ဦး ဖြစ်လာဖို့ လူသူကင်းမဲ့တဲ့ တောရိုင်း ကန္တာရနယ်မြေမှာ လျှို့ဝှက်ပြီး မိုးကြိုးကပ်ဘေးကို ရင်ဆိုင်တော့မယ်ဆိုတာ သိလိုက်ရ တယ်။ ဒီအတွက် ငါ မင်းအတွက် စားပွဲတော်တစ်ခု အထူးပြင်ဆင်ထားတယ်။”
“အရှင်မင်းကြီးရဲ့ အစီအစဉ်က... မူလဘိုးဘေးနဂါး တစ်ကောင်လား” ဟုန်ရွှန်ကျိ၏ မျက်လုံးများက တောက်ပသွားပြီးနောက် ရေခဲတောင်ကဲ့သို့ တည်ငြိမ်သွားသည်။
“ဟားဟားဟား...” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက် သည်။ “ရွှန်ကျိကတော့ ရွှန်ကျိ ပါပဲ။ ငါ့နောက်ကို လိုက်ခဲ့”
သူက ပြောပြောဆိုဆိုနှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ‘ဧကရာဇ်ကောင်းကင် ကျောက်စိမ်း တံဆိပ်တော်’ ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး သူတို့နှစ်ဦးကို အတွင်းထဲသို့ စုပ်ယူ ဆွဲခေါ်သွားတော့သည်။
တခဏအတွင်းမှာပင် မြင့်မြတ်တောက်ပသော အဝါရောင် ဟင်းလင်းပြင်တစ်ခုမှာ သူတို့ ရှေ့တွင် ပေါ်လာသည်။ ကြီးမားလှသော ဖန်ဆင်းခြင်းသင်္ဘောမှာ ထိုအဝါရောင် ဟင်းလင်း ပြင်ထဲတွင် မျောလွင့်နေသည်။
ဖန်ဆင်းခြင်းသင်္ဘောပေါ်ရှိ မိုးကြိုးရေကန် သုံးခုမှ ခန့်ညားထည်ဝါသော မူလစွမ်းအင်များ ကို တရစပ် ထုတ်ပေးနေသည်။ သင်္ဘောတော်၏ အထက်တွင် ‘အလုံးစုံမြင်နိုင်သော သဗ္ဗညုမျက်လုံး’၊ ‘ဉာဏ်ပညာမျက်လုံး’၊ ‘တာအိုမျက်လုံး’ စသည်တို့ ပိုင်ဆိုင်ထားသော အနာဂတ်သခင် ထိုင်နေသည်။ အနာဂတ်သခင်၏ မျက်လုံးကိုးလုံးမှ အဆုံးမရှိသော သတင်းအချက်အလက်များ၊ အတွေးများနှင့် စိတ်ဆန္ဒများမှာ စီးဆင်းနေသည်။ မူလ စွမ်းအင်များမှာ စုစည်းပြီး ပြန်လည်ပေါင်းစပ်သွားရာမှ နောက်ဆုံးတွင် ကောင်းကင်ယံ၌ နဂါးတစ်ကောင်၏ ပုံသဏ္ဌာန် ဖြစ်ပေါ်လာတော့သည်။
ထိုနဂါးမှာ မြင့်မြတ်ပြီး မောက်မာသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည်။ ခန္ဓာကိုယ် ပေါ်ရှိ အကြေးခွံများမှာ အခြားနဂါးများနှင့် မတူပေ။ နဂါးကြီးမှာ ပေရာနှင့်ချီ ရှည်လျားပြီး ခန့်ညားထည်ဝါသော တန်ခိုးအရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။ ဤသည်မှာ သူတော်စင်ပေါင်းစုံခန်းမအတွင်းမှ မူလဘိုးဘေးနဂါးပင် ဖြစ်သည်။
မူလဘိုးဘေးနဂါးမှာမူ သေဆုံးသွားခဲ့ပြီး၊ သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် မူလစွမ်းအင်များမှာ လည်း ပျက်စီးသွားခဲ့ပြီ။ သို့သော် ယခုအခါ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က အနာဂတ်သခင်၏ တွက်ချက်နိုင်စွမ်းကို အသုံးပြုကာ မူလဘိုးဘေးနဂါး၏ မူလစွမ်းအင် များကို တွက်ချက်ထုတ်ယူခဲ့သည်။ နောက်ဆုံးတွင် ဖန်ဆင်းခြင်းသင်္ဘောကို အသုံးပြု၍ မူလဘိုးဘေးနဂါးကို ပြန်လည်အသက်သွင်းခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ဟုန်ယွိ၏ ဉသျှောင်နဂါးကို ဖန်တီးလိုသည့် ရည်ရွယ်ချက်နှင့် တစ်ထပ်တည်း ပင်။ ၎င်းမှာ အနာဂတ်သခင်၏ အစွမ်းထက်သော စွမ်းရည်များကြောင့်ပင် ဖြစ်သည်။
သို့သော် ဟင်းလင်းပြင်ထဲတွင် ကျင်လည်နေသော ဤမူလဘိုးဘေးနဂါးမှာ အခွံသက် သက်သာ ရှိသေးသည်။ ထိုနဂါးကြီးတွင် စစ်မှန်သော စွမ်းအားမရှိသေးဘဲ၊ အလွန်ကြီးမား သော မူလစွမ်းအင်များ၏ ပံ့ပိုးမှု လိုအပ်နေသေးသည်။
“အရှင်မင်းကြီးရဲ့ နည်းလမ်းတွေက တကယ်ကို တုန်လှုပ်စရာပါပဲ။ မူလဘိုးဘေးနဂါး ကိုတောင် ဖန်တီးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။” ဟုန်ရွှန်ကျိက ချီးကျူးလိုက်သည်။
“ဒါက ဘာမှမဟုတ်သေးပါဘူး။ ဒါဟာ အနာဂတ်သခင်နဲ့ ဖန်ဆင်းခြင်းသင်္ဘောရဲ့ အစွမ်း ကြောင့်ပါ။ ပြီးတော့ ဒီမူလဘိုးဘေးနဂါးမှာ အားနည်းချက်တွေ ရှိနေသေးတယ်။ ပြည့်စုံတဲ့ အဆင့် ရောက်ဖို့ အများကြီး လိုသေးတယ်။” ယန်ဖန်က ခေါင်းခါလိုက်သည်။ “အသက်ရှင် နေတဲ့ ဖန်ဆင်းရှင်တစ်ပါးနဲ့ ပေါင်းစပ်လိုက်မှပဲ အထူးကဲဆုံး အောင်မြင်မှုကို ရနိုင်မှာ။ မင်း ဒီမူလဘိုးဘေးနဂါးကို အခဲဖြစ်အောင် သိပ်သည်းပြီး မင်းခန္ဓာကိုယ်ထဲက ဉသျှောင်နဂါးရဲ့ မူလစွမ်းအင်တွေကို ထုတ်လွှတ်လိုက်မယ်ဆိုရင် နဂါးနှစ်ကောင်ဟာ အချင်းချင်း ရစ်ပတ် ပြီး တစ်ကောင်တည်း ဖြစ်သွားလိမ့်မယ်။ အဲဒီအခါမှာ မင်းဟာ မဟာအောင်မြင်မှုအဆင့် ကို ရောက်ရှိသွားလိမ့်မယ်။ ငါတို့ရဲ့ တာအိုပညာရပ်တွေနဲ့ အစစ်မှန် စွမ်းအင်တွေကလည်း အဆင့်သစ်တစ်ခုကို ရောက်သွားလိမ့်မယ်။”
“ကောင်းကင်ဖြို ဧကရာဇ်ဟာ ဖန်ဆင်းရှင်တစ်ဦး ဖြစ်လာဖို့ ဒီနေ့ပဲ လျှို့ဝှက်ပြီး မိုးကြိုး ကပ်ဘေးကို ရင်ဆိုင်တော့မှာ။ ဒါက အခွင့်အရေးကောင်းပဲ။ ဒါပေမဲ့ ရှောင်ရှိူက် တစ်ယောက်တော့ မကြာသေးခင်က အတော်လေး ဂဏာမငြိမ် ဖြစ်နေပုံရတယ်...” ဟုန်ရွှန်ကျိက သတိပေးလိုက်သည်။
“ရှောင်ရှိူက် ဂဏာမငြိမ်ဖြစ်နေတာ ကြာပါပြီ။ ဒါပေမဲ့ ငါတို့က ဟွာလျိုအင်ပါယာကို ချေမှုန်းပြီး နယ်မြေချဲ့ထွင်ဖို့ သူ့ကို လိုအပ်သေးတယ်။ သူ့ကို လောလောဆယ် မထိသေးနဲ့ ဦး။ သူ ဟွာလျိုအင်ပါယာ တစ်ခုလုံးကို သိမ်းပိုက်ပြီးမှပဲ သူ့ကို ကိုင်တွယ်ကြတာပေါ့။ သွားကြစို့” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ချက်ချင်းပင် ဖန်ဆင်းခြင်းသင်္ဘောပေါ်သို့ တက်လိုက်သည်။ ကြီးမားသော ဧရာမသင်္ဘောတော်ကြီးမှာ တုန်ခါသွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။