← Chapters

အခန်း ၇၁၅

Vol. 69 Ch. 715

အခန်း ၇၁၅

Vol. 69 Ch. 715

အခန်း (၇၁၅)။

လူသူကင်းမဲ့သော တောရိုင်းကန္တာရနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ၌...

မိုးကြိုးများမှာ တဝုန်းဝုန်းနှင့် ပေါက်ကွဲနေပြီး ကောင်းကင်နှင့် မြေကြီးမှာ မှောင်အတိ ကျနေသည်။ ရုတ်တရက် မိုးကြိုးများ၏ အလယ်တွင် ဝဲဂယက်တစ်ခု ပေါ်လာပြီး၊ ထိုဝဲဂယက်၏ အလယ်တွင် ကိုယ်လုံးတီးဖြစ်နေသော စိတ်ဝိညာဉ်တစ်ခု ပေါ်လာသည်။ အတွေးစပေါင်း ၁၂၉,၆၀၀ တို့မှာ လည်ပတ်နေပြီး ပြင်းထန်သော တုန်ခါမှုတစ်ခုနှင့်အတူ ကောင်းကင်ဖြို မဟာဧကရာဇ်၏ ပုံသဏ္ဌာန် ဖြစ်ပေါ်လာတော့သည်။

“နောက်ဆုံးတော့ ငါ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ဒဏ္ဍာရီလာ ဖန်ဆင်းရှင် တစ်ဦး ဖြစ်လာခဲ့ပြီ။ ဟားဟားဟား... မိစ္ဆာဂိုဏ်းရဲ့ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်တဲ့ ငါကောင်းကင်ဖြို မဟာဧကရာဇ်မှာ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဘယ်လောက်တောင် ကြာသွားပြီလဲ။ နှစ်ပေါင်း တစ်ထောင်... တစ်ထောင်တိတိပဲ။ ငါဟာ လူသား ဧကရာဇ်တစ်ပါးကိုတောင် မှီခိုပြီး အားကိုးခဲ့ရတယ်။ အခုတော့ ငါ ဖန်ဆင်းရှင် ဖြစ်လာပြီ။ ဒီနေ့ကစပြီး ငါဟာ ပြိုင်ဘက်ကင်းပြီ”

ကောင်းကင်ဖြို မဟာဧကရာဇ်က ရူးသွပ်စွာ ရယ်မောနေစဉ် သူ၏ စိတ်ဝိညာဉ်မှာမူ အားနည်းသည့် လက္ခဏာများ ပြနေသည်။ သို့သော် သူသည် အနည်းငယ်မျှ မကြောက်ရွံ့ ဘဲ၊ တစ်ခုခုကို ကြိုတင်ပြင်ဆင်ထားသကဲ့သို့ပင်။

‘‘ထာဝရအာဃာတ မိစ္ဆာ နန်းတော်’’

ဝူး... ဝူး... ဝူး... ဆိုသော တစ္ဆေအော်ဟစ်သံများ ထွက်ပေါ်လာသည်။ မြေကြီးထဲမှ ‘ထာဝရ အာဃာတ မိစ္ဆာ နန်းတော်’ တစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် ထိုနန်းတော်ထဲမှ ‘မြေကမ္ဘာနို့ရည်အနှစ်သာရ’ များစွာ ထွက်ပေါ်လာပြီး မဟာဧကရာဇ်၏ စိတ်ဝိညာဉ်ကို လွှမ်းခြုံလိုက်သည်။

ထို့နောက် ‘ထာဝရအာဃာတ မိစ္ဆာ နန်းတော်’ မှာ အပြီးအပိုင် အရည်ပျော်သွားတော့ သည်။ နန်းတော်၏ ကိုယ်ထည်အင်္ဂါ အမှတ်အသားများမှာ လင်းလက်နေပြီး ‘နေလ စကြဝဠာဆေးပေါင်းအိုး’ ကဲ့သို့ပင် နက်ရှိုင်းပုံရသည်။ ထာဝရအာဃာတ မိစ္ဆာ နန်းတော်’ မှာ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးအပြီး အားနည်းနေမည့် ကာလအတွက် သူ အထူးပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

“ငါ ဒီ ‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’ ကို နှစ်ပေါင်း တစ်ထောင်ငါးရာတိုင်တိုင် သန့်စင်ခဲ့တာ။ အဖိုးတန်ရတနာတွေနဲ့ ရှေးဟောင်း အနှစ်သာရတွေကို သုံးပြီး ဒီနေ့ အတွက် ပြင်ဆင်ခဲ့တာ။ အခု ငါ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ၊ ငါ့ခန္ဓာကိုယ်ကို သန့်စင်နိုင်ပြီ။ ငါ့ရုပ်ပိုင်းဆိုင်ရာနဲ့ ဒီမိစ္ဆာနန်းတော်ကို ပေါင်းစပ်လိုက်မယ် ဆိုရင် ငါဟာ ချက်ချင်း အထွတ်အထိပ်လမ်းစဉ်ကို ရောက်လိမ့်မယ်။ မိစ္ဆာနဲ့ ငါ တစ်သား တည်း ဖြစ်သွားတဲ့အခါ ငါဟာ ‘နှလုံးသားမိစ္ဆာ’တစ်ပါး ဖြစ်လာပြီး ကောင်းကင်နဲ့ မြေကြီး ကြားမှာ လွတ်လပ်စွာ ကျင်လည်နိုင်တော့မယ်။”

ကြီးကျယ်သော အောင်မြင်မှုတစ်ခုကို ရရှိတော့မည့်အလား အားရပါးရ ရယ်မောရင်း၊ ကောင်းကင်ဖြို မဟာဧကရာဇ်သည် ရှည်လျားထွေပြားလှသော ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။

ဂါထာမန္တန်မှာ ရှေးဦးခေတ်မှ ဆင်းသက်လာသော အမွေအနှစ်ဖြစ်သည့် ‘အဘိဇ္ဇာ ပထမဗြဟ္မာ မိစ္ဆာဂါထာ’ဖြစ်ပြီး၊ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ရန် အတွက် အမြင့်ဆုံးသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်ပေသည်။

‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’ မှာ အဆက်မပြတ် လည်ပတ်နေပြီး ကောင်းကင်ဖြို မဟာဧကရာဇ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် စတင်ပေါင်းစပ်သွားတော့သည်။

“ဒါက ‘အဘိဇ္ဇာ ပထမဗြဟ္မာ မိစ္ဆာဂါထာ’ ပဲ။ အင်မော်တယ် နတ်ဘုရားဘုရင်ရဲ့ အမြင့်ဆုံး နတ်ဘုရားစွမ်းရည်တွေထဲက တစ်ခုပေါ့။ ဒါ ဘယ်လိုဖြစ်ပြီး အပြင်ကို ပေါက်ကြားသွားတာ လဲ မသိဘူး။ ဒီနတ်ဘုရားစွမ်းရည်ကို သုံးပြီး ဖန်ဆင်းရှင်အဆင့်ထိ ကျင့်ကြံပြီးရင် လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကို လုံးဝ ပေါင်းစပ်နိုင်တယ်၊ အဲဒီနောက်မှာ မိစ္ဆာ မှော်ရတနာရဲ့ စွမ်းအားနဲ့ အမြင့်ဆုံး မိစ္ဆာခန္ဓာကို ရရှိနိုင်တာပဲ။ သွေးတစ်စက်မှပြန်လည် မွေးဖွားခြင်းအဆင့်အထိတောင် ရောက်သွားနိုင်ပြီး မသေနိုင်၊ မပျက်စီးနိုင်တဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်။ ဒါက ဖြတ်လမ်းနည်းတစ်ခုပဲ။ ငါသာ အင်မော်တယ် နတ်ဘုရား ဘုရင်ရဲ့ အသွေးအသားတွေကို ဝါးမြိုမထားခဲ့ရင် ဒီဖြတ်လမ်းအကြောင်းကို သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းကင်ဖြို မဟာဧကရာဇ်... မင်း ဒီ ‘ထာဝရအာဃာတ မိစ္ဆာ နန်းတော်’ ကို သန့်စင်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ငါးရာအတွင်းမှာ အနည်း ဆုံး လူပေါင်း တစ်သန်းကို သတ်ခဲ့တယ်။ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို အသုံးချ ပြီး မင်းရဲ့ အမြင့်ဆုံး မိစ္ဆာခန္ဓာကို တည်ဆောက်တာဟာ ခေတ်အဆက်ဆက်မှာ အထူးချွန် ဆုံး ပါရမီရှင်လို့ ခေါ်ရမယ့် မိစ္ဆာမဟာဧကရာဇ် တစ်ယောက်ပဲ လုပ်နိုင်မယ့် အလုပ်မျိုးပဲ။”

ကောင်းကင်ဖြို မဟာဧကရာဇ် ကျင့်ကြံနေစဉ်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ် လာသည်။

ဟုန်ရွှန်ကျိက ဟင်းလင်းပြင်ထဲတွင် ပေါ်လာပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး ဟင်းလင်းပြင်အတွင်း၌ သူ၏ ပုံရိပ်များ ဖြင့် ပြည့်နှက်သွားကာ ကောင်းကင်ဖြို မဟာဧကရာဇ်ကို ဝိုင်းရံထားလိုက်သည်။

“ဟုန်ရွှန်ကျိ၊ မင်းက ဒီလိုအချိန်မှာ ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ရဲတယ်ပေါ့” ကောင်းကင်ဖြို မဟာဧကရာဇ်က ဒေါသတကြီး ဟစ်အော်လိုက်သည်။ “ငါ ဒီနေရာမှာ မိုးကြိုးကပ်ဘေး ခံယူနေတာကို မင်း ဘယ်လိုသိတာလဲ။”

“မင်းက လျှို့ဝှက်နေတာနဲ့ ငါ့မျက်စိနဲ့ နားကို ဖုံးကွယ်နိုင်မယ်လို့ ထင်နေတာလား။ မဖြစ်နိုင်တာ... ဒီလောကမှာ ငါနဲ့ အရှင်မင်းကြီးရဲ့ မျက်စိနဲ့နားကို ဘယ်သူမှ ဖုံးကွယ်လို့ မရဘူး။ မင်း ဖန်ဆင်းရှင် ဖြစ်လာရင်တောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်သေးဘူး၊ အရှင် မင်းကြီးနဲ့ ငါက မင်းကို အသုံးချဖို့ သိမ်းသွင်းခဲ့တာဟာ မင်း ဖန်တီးရှင် ဖြစ်လာမယ့် ဒီနေ့ အတွက်ပဲ၊ မင်းက ငါတို့အတွက် လှေကားထစ်တစ်ခု ဖြစ်ပေးဖို့ပေါ့။ ၃၃ ဘုံ ကောင်းကင် နန်းတော်။ မသေမျိုး နတ်ဘုရားလက်သီး”

ဘုန်း

ဟုန်ရွှန်ကျိက တိုက်ရိုက် ထိုးနှက်လိုက်ရာ ၃၃ ဘုံ ကောင်းကင်နန်းတော်၏ ကျယ်ပြောလှ သော သိုင်းဆန္ဒမှာ ကောင်းကင်ဖြို မဟာဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်။

ချက်ချင်းပင် ကောင်းကင်ဖြို မဟာဧကရာဇ်မှာ မျှော်လင့်ချက်မဲ့စွာ ဟစ်အော်လိုက်ရသည်။ ဖန်ဆင်းရှင် တစ်ဦးသည် သွေးတစ်စက်မှ ပြန်လည်မွေးဖွားခြင်း အဆင့်ရှိသူ၊ သို့မဟုတ် ကိုးကြိမ်မြောက် မိုးကြိုးဘေး ကျွမ်းကျင်သူ၏ လျှို့ဝှက်ပညာရပ်ကို ခုခံနိုင်စွမ်း မရှိပေ။

ဘန်း…

‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’ ၏ အနှစ်သာရ မူလစွမ်းအင်အားလုံးကို ဟုန်ရွှန်ကျိက ၃၃ ဘုံ ကောင်းကင်နန်းတော် အတွင်းသို့ စုပ်ယူလိုက်သည်။ ၎င်းတို့ကို တိုက်ရိုက် သန့်စင် ပစ်တော့မည့် အသွင်ပင်။

“အနာဂတ်သခင်... ဝိညာဉ်ကို နဂါးတစ်ကောင်အဖြစ် သန့်စင်လော့၊ ဝိညာဉ်ကို ဖန်တီး လော့... ‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’၊ မူလဘိုးဘေးနဂါးတစ်ကောင်အဖြစ် သန့်စင် စေ”

ချန်ဧကရာဇ်ယန်ဖန်၏ အသံ ထွက်ပေါ်လာသည်။ အနာဂတ်သခင်သည် ကောင်းကင်ယံ၌ ပေါ်လာပြီး ဖန်ဆင်းခြင်းသင်္ဘောနှင့်အတူ ကောင်းကင်ဖြို မဟာဧကရာဇ်ကို ရစ်ပတ်ထား လိုက်သည်။ ကောင်းကင်ဖြိုခွင်း မဟာဧကရာဇ်မှာ နောက်ဆုံးတွင် လုံးဝ စိတ်ပျက် အားငယ်သွားတော့သည်။

သူ၏ တစ်ကိုယ်လုံးမှာ မူလဘိုးဘေးနဂါး၏ ပုံသဏ္ဌာန်အဖြစ် သန့်စင်ခံလိုက်ရသည်။

နောက်ဆုံးတွင် ထိုမူလဘိုးဘေးနဂါးကို ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် စုပ်ယူလိုက်ရသည်။ ထိုအချိန်မှာပင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ပေါ်၌ ပေါင်းစပ်ထားသော ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်မှ မူလဘိုးဘေးနဂါးတစ်ကောင် ပေါ်လာသည်။

‘ဘိုးဘေးနှင့် ဉသျှောင် တစ်သားတည်းဖြစ်ခြင်း’

အမည်မသိ မူလစွမ်းအင်များမှာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး၊ စိတ်ကူးဖြင့် မခန့်မှန်းနိုင်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာပင် ထိုဘိုးဘေး ဉသျှောင် ပေါင်းစည်းခြင်း စွမ်းအင်များကို အနာဂတ်သခင်က စုပ်ယူလိုက်သဖြင့် အနာဂတ်သခင်မှာ ထပ်မံ ကြီးမားလာပြီး ချန်ဧကရာဇ် ယန်ဖန်၏ ကျင့်ကြံမှုမှာလည်း ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ မခန့်မှန်းနိုင်အောင် ထူးခြားသည့် အသွင်ပြောင်းလဲမှုများမှာ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။

“သွားကြစို့”

ကောင်းကင်ဖြို မဟာဧကရာဇ်၏ ‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’ နှင့် အသစ်စက်စက် ဖန်ဆင်းရှင်တစ်ပါး၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့မှာ ဖန်ဆင်းခြင်းသင်္ဘောအတွင်း စုပ်ယူခံ လိုက်ရပြီးနောက် ချန်ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့မှာ အရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားကြတော့သည်။

ထိုအချိန်မှစ၍ ကောင်းကင်ဖြို မဟာဧကရာဇ်ဟူ၍ ဤလောကတွင် မရှိတော့ပေ၊ မိစ္ဆာလမ်းစဉ်သည်လည်း ဤလောကမှ လုံးဝ ပြတ်တောက်သွားခဲ့လေပြီ။

ဖန်ဆင်းရှင်တစ်ပါး၏ ဝိညာဉ်ကို ယဇ်ပူဇော်ခြင်း၊ လူပေါင်းသန်းချီ၏ အသက်ကို စတေး၍ နှစ်ပေါင်း တစ်ထောင်ငါးရာတိုင်တိုင် သန့်စင်ခဲ့သည့် မိစ္ဆာနန်းတော်ကြီးအား ဤကဲ့သို့ သန့်စင်ခဲ့ခြင်း... ဤအရာအားလုံးမှာ အဆုံးသတ်တွင် ‘မူလဘိုးဘေးနဂါးစွမ်းအင်’ များ အဖြစ်သို့သာ အရည်ပျော် ပြောင်းလဲသွားခဲ့ရသည်။ ထိုစွမ်းအင်ထုကြီးသည် ချန်ဧကရာဇ် ယန်ဖန်နှင့် ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိတို့ထံ တချိန်တည်း ပေါင်းစည်းသွားပြီးနောက် သူတို့၏ နတ်ဘုရားစွမ်းရည်များမှာလည်း ကောင်းကင်ဘုံသို့တိုင်အောင် ထိုးတက်သွား တော့သည်။

...

“မဟာကောင်စီကို ဖွဲ့စည်းတာလား... ယွန်မင်နိုင်ငံကို ပြန်တိုက်ဖို့တဲ့လား။ မင်းသားတွေ ချည်း ဖွဲ့စည်းထားတာလား။ မင်းသားတစ်ယောက်တည်းကိုပဲ ချန်လှပ်ထားခဲ့တာပေါ့။ ဝန်ကြီးအဖွဲ့တစ်ခုလုံးကလည်း ဒီအကြောင်းကိုပဲ တစာစာ ဆွေးနွေးနေကြပြီး စစ်ဘက်နဲ့ အရပ်ဘက် အရာရှိတွေကတောင် မင်းသားကို ရှောင်ဖယ်နေကြပြီလား။ ဒါဟာ တကယ့်ကို အစွမ်းထက်လွန်းတဲ့ အကွက်ပဲ။ မင်းသားရဲ့ အာဏာနဲ့ ဂုဏ်သိက္ခာကို တစ်ခဏချင်း မြေလှန်ဖျက်ဆီးပစ်လိုက်တာပဲ”

‘ပြောင်းလဲခြင်းမျှော်စင်’ အတွင်း၌ မင်းသားယုယန်ချန်းသည် ဟုန်ယွိနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။

ဟုန်ယွိသည် ကောင်းကင်အပြင်ပနယ်မြေမှ ပြန်လည်ရောက်ရှိလာသည်နှင့် မင်းသားယု ထံမှ စိတ်ပျက်ဖွယ် သတင်းဆိုးကို ကြားလိုက်ရခြင်း ဖြစ်သော်လည်း သူ၏မျက်နှာမှာမူ တည်ငြိမ်အေးစက်နေဆဲပင်။ သူက ခေတ္တမျှ စဉ်းစားပြီးနောက် မသိမသာ ပြုံးလိုက်သည်။

“ဒီမဟာကောင်စီဟာ အနာဂတ်မှာ အာဏာအရှိဆုံးအဖွဲ့ ဖြစ်လာမှာ သေချာတယ်။ အခု သူတို့က လောကတခွင်က မြို့စားနယ်စားတွေ အားလုံးနဲ့ မဟာမိတ်ဖွဲ့ပြီး ငါ့ကို ဝိုင်းပယ် ထားကြပြီ။ ငါ့ရဲ့သြဇာအာဏာက အားနည်းနေသေးတော့ ဒါဟာ တကယ့်ကို ခက်ခဲတဲ့ ပြဿနာပဲ။ ဒီအတိုင်းဆိုရင်တော့ လုပ်ရကိုင်ရတာ တော်တော်လေး ဒုက္ခများလိမ့်မယ်။ ငါ ချက်ချင်းပဲ စစ်ဦးလှည့်ပြီး ခမည်းတော်ကို ရာဇပလ္လင်ကနေ အတင်းအကျပ် ဆင်းခိုင်းမှ ဖြစ်တော့မယ်” မင်းသားယုယန်ချန်းက ပြတ်သားစွာ ပြောလိုက်သည်။ သူ၏ ပုံစံမှာ အင်ပါယာတည်ထောင်သူ မဟာဘိုးဘေးတစ်ယောက်၏ အရှိန်အဝါမျိုး ပိုမို ထွက်ပေါ်လာ နေသော်လည်း၊ သူ၏ လက်ရှိအင်အားမှာမူ ဆန်မရှိဘဲ ထမင်းချက်ရသကဲ့သို့ အားနည်းနေ သေးသည်။

“ကိစ္စမရှိပါဘူး” ဟုန်ယွိက ဆိုသည်။ “သူက မင်းသားကို အသိုင်းအဝိုင်းထဲက ဖယ်ထုတ် ထားတယ်ဆိုရင် ကျွန်တော်က ကမ္ဘာပေါ်က ဘုရင်ခံတွေ မြို့စားနယ်စားတွေအားလုံး မင်းသားကို လက်ခံလာအောင် ကိုယ်တိုင် လုပ်ပေးမယ်။ နောက်ဆုံးမှာတော့ ဒီလောကရဲ့ ပြိုင်ဆိုင်မှုဆိုတာ အင်အားပေါ်မှာပဲ မူတည်တာပါ။ အုပ်ချုပ်သူအားလုံးက မင်းကို ထောက်ခံလာပြီဆိုရင် ဟုန်ရွှန်ကျိနဲ့ အရှင်မင်းကြီးတို့လည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

“ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါး”

“ရှိပါတယ် သခင်” ဟုန်ယွိက အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါး သည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ပြောင်းလဲခြင်း မျှော်စင်၏ အထက်တွင် ပေါ်လာသည်။

“မင်းသား... ဒီညပဲ လှုပ်ရှားကြတာပေါ့။ ကျွန်တော့်နောက်ကို လိုက်ခဲ့။ ‘ရှောင်ရှိူက်’ ကို သွားရှာကြမယ်။ ကျွန်တော် အရင်ဆုံး ရှောင်ရှိူက်ကို အညံ့ခံခိုင်းပြီး မင်းသားရဲ့ အမိန့်ကို နာခံခိုင်းမယ်။ ပြီးရင် အရေးပါတဲ့ ဘုရင်ခံတွေကိုပါ စည်းရုံးမယ်။ ဒီကမ္ဘာလောကကြီးရဲ့ အာဏာကို မင်းသားလက်ထဲ အရောက်ယူပေးမယ်။ အဲဒီအချိန်ရောက်ရင် နန်းတော်ကို အင်အားသုံး သိမ်းပိုက်ပြီး ယန်ဖန်ကို ရာဇပလ္လင်က ဆင်းခိုင်းရုံပဲ” ဟုန်ယွိက အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

“ဒီလို ပွဲကြီးပွဲကောင်းမျိုးမှာ ငါလည်း မပါလို့ မဖြစ်ဘူးလေ။” ဆိုကာ အပြာရောင် အလင်းတန်းတစ်ခုနှင့်အတူ ‘ကော့လီနတ်ဘုရားဘုရင်မ’က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ် လာသည်။

ဟုန်ယွိသည် အရိပ်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားပြီးနောက် မင်းသားယုမှာလည်း ဟုန်ယွိ၏ အစွမ်းထက်သော နတ်ဘုရားတန်ခိုးစွမ်းအားဖြင့် ဆွဲခေါ်ခြင်း ခံလိုက်ရကာ လူးလိမ့်နေသော ရွှေဝါရောင် သဲကန္တာရအတွင်းသို့ ရောက်ရှိသွားတော့သည်။

‘မုနိအလင်းစက်ဝန်း’မျှာ လက်ခနဲ လင်းလက်သွားချိန်မှာပင် ရှောင်ရှိူက်၏ အရှိန်အဝါမှာ ရုတ်ချည်း ပေါ်ပေါက်လာသည်။

“ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါး... ရှောင်ရှိူက်ကို ဝိုင်းလိုက်ကြစမ်း” ဟုန်ယွိက အမိန့်ပေးလိုက်သည်နှင့် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးသည် ချက်ချင်း ခုန်ထွက်သွား ကြပြီး သူတို့၏ တန်ခိုးအရှိန်အဝါကြောင့် ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခုလုံး တုန်ခါသွားတော့သည်။

All Chapters