အခန်း ၇၁၈
Vol. 69 Ch. 718
အခန်း (၇၁၈)။
ဆောင်းဦးမိုးက အဆက်မပြတ် ရွာသွန်းနေဆဲပင်။
ဆောင်းဦးနှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ မကြာမီ ဆောင်းရာသီသို့ ကူးပြောင်း တော့မည်။ ဆောင်းရာသီကုန်လျှင် နောက်ထပ် တစ်နှစ်တာ ကုန်ဆုံးသွားပေလိမ့်မည်။
နန်းတော်အတွင်း၏ အတွင်းဝန်ရုံးတော် ခေါင်မိုးစွန်းအောက်တွင် အတွင်းဝန်ရုံးမှ မိန်းမစိုး အမြောက်အမြား အလုပ်ရှုပ်ကာ ဟိုဟိုဒီဒီ သွားလာနေကြသည်။ အတွင်းဝန်ရုံးနှင့် ဝန်ကြီး ဌာနခြောက်ခုမှ အရာရှိများကလည်း အတွင်းဝန်မင်းကြီးများအတွက် လုပ်ငန်းဆောင်တာ များကို ကိုင်တွယ်ဖြေရှင်းရင်း အတွင်းခန်းမတွင် စုဝေးနေကြပြီး အသနားခံ အစီအရင်ခံစာ များကို တစ်စောင်ပြီးတစ်စောင် စီစစ်နေကြသည်။
အတွင်းဝန်ရုံးထဲရှိ အစီအရင်ခံစာ မှတ်တမ်းလွှာများမှာ ပြင်ပမှ ဆောင်းဦးမိုးလို မပြီးဆုံး နိုင်ဘဲ တဖွဲဖွဲ ကျရောက်နေသယောင်။
“မင်းသားယုကတော့ တကယ့်ကို အံ့ဩစရာပဲ။ သူက အတွင်းဝန်ကြီး အများအပြားရဲ့ ထောက်ခံမှုကို တကယ် ရယူနိုင်ခဲ့တယ်။ ဧကရာဇ်မင်းမြတ်က သူ့ကို မဟာကောင်စီထဲ ဝင်ခွင့်မပြုခဲ့တာက သူ့နောက်ကွယ်မှာရှိတဲ့ ပြောင်းလဲခြင်းကျမ်းရဲ့ အင်အားကို ကြောက်ရွံ့ နေလို့ပဲ ဖြစ်ရမယ်။”
“ဟုတ်တယ်၊ ပြောင်းလဲခြင်းကျမ်းပေါ့။ ကျိုးယွိအကယ်ဒမီက အဲဒီပုဂ္ဂိုလ်ဟာ အခုဆိုရင် တစ်ကမ္ဘာလုံးသိ ကျော်ကြားတဲ့ ပညာရှင် သူတော်စင်ကြီး ဖြစ်နေပြီလေ။ ပိုပြီး အံ့ဩဖို့ ကောင်းတာက သူ့ရဲ့နတ်ဘုရားတန်ခိုးစွမ်းအားတွေက နက်နဲပြီး မဟာပညာတန်ခိုးတွေက အတိုင်းအဆမရှိဘူးဆိုတဲ့ သတင်းစကားတွေပဲ။ သူက အမှန်တရားတာအိုဂိုဏ်းနဲ့ ဖန်ရှင်း တာအိုဂိုဏ်းက ခေါင်းဆောင်တွေကိုတောင် အလွယ်တကူ ချေမှုန်းနိုင်တယ်တဲ့။ သူက နတ်ဘုရားလေနိုင်ငံ၊ ယွမ်တူးနိုင်ငံနဲ့ ပင်လယ်ရပ်ခြား နိုင်ငံပေါင်းတစ်ရာကိုလည်း ထိန်းချုပ်ထားတယ်။ ဧကရာဇ်မင်းမြတ်က သူ့ကို မကြောက်ရွံ့ဘဲနေရင်မှ ထူးဆန်းနေဦး မယ်။”
“သာမန်အရပ်သားတွေကြားထဲမှာ နန်းတော်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားစုမျိုး ပေါ်ပေါက် လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါပေမဲ့ ပြောင်းလဲခြင်းကျမ်းကို ရေးသားတဲ့ မဟာပညာရှင် သူတော်စင်ကြီးတစ်ယောက်တည်းကပဲ ဧကရာဇ်ရဲ့ အာဏာကို ဟန့်တား နိုင်မှာပါ။”
“ဒီတစ်ခါမှာ အရေးအကြီးဆုံးကတော့ ရှောင်ရှိူက်က သူ့ရဲ့ မယိမ်းယိုင်တဲ့ သဘောထားကို ထုတ်ဖော်ပြသလိုက်တာပဲ။ သူ့ရဲ့သဘောထားက ခိုင်မာတယ်၊ သူက မင်းသားယုကို ထောက်ခံဖို့ ဆုံးဖြတ်ထားပုံပဲ။ ပြီးတော့ ဟိုဂနာမငြိမ် ချန်ပီယံနယ်စားလည်း ပါတယ်။ သူတို့နှစ်ယောက်လုံးက စစ်သည်တော် သန်းပေါင်းများစွာကို အမိန့်ပေးနိုင်ပြီး လေနဲ့မိုးကို စေခိုင်းနိုင်လောက်အောင် ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်တွေပဲ။”
“ဒီတစ်ခါ ကိစ္စက သေးသေးမွှားမွှား မဟုတ်ဘူး။ မင်းသားယုက ဧကရာဇ်ကို ရာဇပလ္လင်က နေ ဆင်းပေးဖို့ ပထမဆုံးအကြိမ် ဖိအားပေးလိုက်တာပဲ။ ဒါဟာ သူ့နောက်ကွယ်က ကျိုးယွိ အကယ်ဒမီရဲ့ အင်အားကြောင့်လည်း ဖြစ်နိုင်တယ်။”
“ငါ့အမြင်ပြောရရင်တော့ အိမ်ရှေ့စံမင်းသား၊ မင်းသားဟီနဲ့ တခြားမင်းသားတွေ အားလုံး ဟာ မင်းသားယုကို ဘယ်လိုမှ မယှဉ်နိုင်တော့ဘူး။”
ဆွေးနွေးသံများမှာ ဆူညံနေ၏။ စာရေးများနှင့် အရာရှိငယ် အများအပြားမှာ ခေါင်မိုးစွန်း အောက်တွင် ထိုင်လျှက် လက်ရှိနန်းတွင်းအခြေအနေကို ဝိုင်းဝန်း ဆွေးနွေးနေကြသည်။ အမှန်တကယ်ပင် ဤလှိုင်းလုံးကြီးမှာ ပြင်းထန်လွန်းလှသည်။ မည်သူမျှ လက်ရှိ အခြေ အနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။
“လမ်းဖယ်ကြ၊ လမ်းဖယ်ကြ၊ လမ်းဖယ်ပေးကြ”
အစီအရင်ခံစာ လျှောက်လွှာပုံကြီးများကို ထမ်းပိုးလာသော မိန်းမစိုး အနည်းငယ်မှာ အလျင်အမြဲ ရောက်ရှိလာကြရာ အမိုးစွန်းအောက်တွင် စုရုံးနေသော အရာရှိများမှာ ရေဘဲ အုပ်ကြီးကဲ့သို့ပင် ပျာပျာသလဲ ဖယ်ပေးလိုက်ကြရသည်။
“မိန်းမစိုးချွေ၊ ဒီနေ့လည်း မှတ်တမ်းလွှာတွေ အများကြီးပါလား” အရာရှိငယ်တစ်ဦးက မေးလိုက်သည်။
“ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ အားလုံးက စစ်ဆေးရေးမှူး၊ အုပ်ချုပ်ရေးမှူး၊ ဗိုလ်ချုပ်၊ တပ်မှူး၊ ဆား၊ လက်ဖက်၊ အထည်အလိပ်၊ ကောက်ပဲသီးနှံ ဌာနက ဝန်ကြီးတွေ က မင်းသားယုကို မဟာကောင်စီထဲ ဝင်ခွင့်ပြုဖို့ ထောက်ခံစာတွေပဲ” မိန်းမစိုးချွေက အသံအက်အက်ဖြင့် ပြောဆိုရင်း အဓိကခန်းမဆောင်ထဲသို့ ဝင်သွားတော့သည်။
အဓိကခန်းမဆောင်ထဲတွင် အတွင်းဝန်မင်းကြီးများစွာ ထိုင်နေကြသည်။
ဘာလို့ အစီအရင်ခံစာ လျှောက်လွှာတွေ ဒီလောက်တောင် များနေရပြန်တာလဲ။ အဲဒီ အရာရှိငယ်တွေက ဘာလို့ မင်းသားယုကို ထောက်ခံဖို့အတွက် ဒီလောက်တောင် ပွက်လောရိုက်နေကြတာလဲ” ဖြူဖွေးသောဆံပင်၊ နုပျိုသောမျက်နှာပိုင်ရှင် အတွင်းဝန်မင်း ယန်ယိုကျိက အစီအရင်ခံစာ လျှောက်လွှာပုံများကို ကြည့်ရင်း မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“အဲဒီ အောက်ခြေအရာရှိငယ်တွေက ဘက်ရွေးဖို့ ကြိုးစားနေကြတာပါ။ နောင်တစ်ချိန်မှာ မင်းသားယု ရာဇပလ္လင်ကို ဆက်ခံရင် သူတို့က ထောက်ခံခဲ့တဲ့ ဂုဏ်ကျေးဇူးကို ရမှာမို့လို့ လေ။ ဘယ်သူကများ ဒီအခွင့်အရေးကို အရယူပြီး တစ်ချက်တည်းနဲ့ ကောင်းကင်ဘုံကို တက်လှမ်းဖို့ မကြိုးစားဘဲ နေမှာလဲ။ အတွင်းဝန်ကြီး ဖန်ရိကျီက သက်ပြင်းချလိုက်သည်။ “ဒီကိစ္စမှာတော့ ငါတို့ ဘက်မရွေးသင့်ဘူး။ ဒါက ဧကရာဇ်နဲ့ ကျိုးယွိအကယ်ဒမီတို့ကြားက အားပြိုင်မူပဲ။ တစ်ဖက်မှာက အမြင့်ဆုံး ကိုး-ငါးလမ်းစဉ်အထွက်အထိပ် ဧကရာဇ်မင်းမြတ်၊ နောက်တစ်ဖက်မှာက ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်ဆင်းရှင်၊ မဟာသူတော်စင်တစ်ဦး။”
“နှမြောစရာပဲ၊ ကျိုးယွိအကယ်ဒမီက အခု အရမ်း အင်အားကြီးလွန်းနေတယ်။ ဒိုင်ဇင် ဘုရားကျောင်းထက်တောင် အဆတစ်ရာလောက် ပိုသန်မာနေပြီး။ မဟုတ်ရင် ဧကရာဇ် မင်းမြတ်က သူတို့ကို သတ်ပစ်ဖို့ ဆုံးဖြတ်ချက် ချပြီးလောက်ပြီ။” ယန်ယိုကျိက အေးစက် စွာ ပြောသည်။ “သူက ပညာရှင်သူတော်စင် ဟုတ်မဟုတ်ဆိုတာ အရေးမကြီးဘူး။ ဧကရာဇ်ရဲ့ အာဏာကို ဆန့်ကျင်ရင်တော့ သေခြင်းတရားက စောင့်ကြိုနေမှာ။”
“ကြောက်ဖို့ကောင်းတာက သူ့ရဲ့အစွမ်းပဲ။ အဲဒီလောက် အစွမ်းမထက်ရင် ဟုန်ယွိက အခု လို လုပ်ရဲမှာ မဟုတ်ဘူး။ သူက ပညာရှင် သူတော်စင်ဆိုတဲ့ ဘွဲ့တံဆိပ်ကို ပိုင်ဆိုင်ထားသ လို သူတော်စင်တစ်ပါးရဲ့ အစွမ်းမျိုးလည်း ရှိနေတယ်။ ဒါက ခက်ခဲတဲ့ကိစ္စပဲ။” ဖန်ရိကျီက သက်ပြင်းချကာ ဆက်ပြောသည်။ “လီရှန်ကွမ်က အခု အတွင်းဝန်မင်းကြီး မဟုတ်တော့ တာ နှမြောစရာပဲ။ မဟုတ်ရင် သူက ဧကရာဇ်နဲ့ ကျိုးယွိအကယ်ဒမီတို့ကြားက ပဋိပက္ခကို ကြားဝင် ဖြေရှင်းပေးနိုင်မှာ။ အခုတော့ ဧကရာဇ်က စစ်တပ်လွှတ်ပြီး ကျိုးယွိအကယ်ဒမီကို ဖျက်ဆီးမယ်ဆိုရင် ဟုန်ယွိက ဧကရာဇ်ရဲ့ လက်ရုံးတွေကို ရှင်းလင်းပစ်ဖို့တောင် ရဲရဲဝံ့ဝံ့ လုပ်ဆောင်လိမ့်မယ်။ ဒါတင်မကဘူး၊ ပြောင်းလဲခြင်းကျမ်း ပေါ်လာတာနဲ့ လောကမှာ ဓမ္မလမ်းစဉ် (အမှန်တရားတာအို) တွေ ပြန့်နှံ့လာတော့မှာ။”
“ဟဲဟဲ၊ ဒီအရာရှိငယ်လေးတွေ၊ မြို့အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေတောင် ဘယ်ဘက်ကို ရွေးရမလဲဆိုတာ သိနေကြပေမဲ့ ငါတို့ကတော့ ကြားနေနေရတုန်းပဲ။ အခုက ဘက်ရွေးရမယ့် အချိန်ပဲ။ ငါတို့က သူတော်စင်ဘက်မှာ ရပ်တည်မလား၊ ဧကရာဇ်ဘက်မှာ ရပ်တည်မလား။ အတွင်းဝန်ကြီးတို့၊ ကိုယ့်စိတ်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ထား ကြပါ။ အချိန်တန်တဲ့အခါ မှားယွင်းတဲ့ဘက်မှာ ရပ်တည်မိပြီး ကိုယ့်မိသားစုတစ်ခုလုံး၊ ဆွေမျိုးကိုးဆက်ပါမကျန် အသတ်ခံရပြီး အနွယ်ပြတ်သွားတာမျိုး မဖြစ်စေနဲ့ဦး။”
ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။ အတွင်းဝန်ကြီးများ အားလုံး ထိုသူ့ထံသို့ လှည့်ကြည့်လိုက်သည်။ သူကား ဟုန်ယွိနှင့်အတူ ပြောင်းလဲခြင်းကျမ်းကို ပြုစုခဲ့ပြီး၊ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော ကျန်းဟန်ချန်ပင် ဖြစ်သည်။
“အားလုံးပဲ၊ အရေးကြီးတဲ့ နယ်စားတွေ၊ ဘုရင်ခံတွေ၊ စစ်ဆေးရေးမှူးတွေ၊ အုပ်ချုပ်ရေးမှူး တွေရဲ့ အစီအရင်ခံ စာလွှာတွေကို ရွေးထုတ်ပြီး စာကြည့်ခန်းမကို ပို့ကြရအောင်။ ဒီကိစ္စကို တော့ ဧကရာဇ်မင်းမြတ်နဲ့ ဧကရာဇ်အကြံပေးတို့ကပဲ ဆုံးဖြတ်ရလိမ့်မယ်။” အတွင်း ဝန်ကြီးများ သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ကျန်းဟန်ချန်က ပြုံးလျက် အစီအရင်ခံ မှတ်တမ်းလွှာများကို စတင်ရွေးချယ်လေသည်။
တစ်နေ့လျှင် အစီအရင်ခံစာ မှတ်တမ်းလွှာ သောင်းပေါင်းများစွာ ရောက်ရှိလာရာ အတွင်း ဝန်ကြီးများက ရွေးချယ်ပြီး ဧကရာဇ်စာကြည့်ခန်းမသို့ ပို့ပေးရသည်မှာ သဘာဝပင်။ ကျန်းဟန်ချန်က စကားလမ်းကြောင်း လွှဲလိုက်သော်လည်း ‘ဘက်ရွေးခြင်း’ ဆိုသည့် စကားလုံးမှာ လူအများ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့သည်။
ဘက်ရွေးချယ်ရမည့် အရေးကြီးဆုံး အချိန်အခါ ရောက်ရှိလာလေပြီ
“ဒီနေ့မှာပဲ မင်းသားယုကို မဟာကောင်စီကို ထိန်းချုပ်ခွင့်ပေးဖို့ ထောက်ခံတဲ့ အစီအရင်ခံစာ မှတ်တမ်းလွှာ သုံးသောင်းကျော် ရောက်လာတယ်ပေါ့။”
စာကြည့်ခန်းထဲတွင် ဟုန်ရွှန်ကျိနှင့် ဧကရာဇ်ယန်ဖန်တို့က တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့သည် အတွင်းဝန်ကြီးများ ပေးပို့လာသော အစီအရင်ခံ မှတ်တမ်းလွှာ ခြင်းတောင်းများကို ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း မျက်မှောင် ကြုတ်နေကြသည်။
ဟုန်ယွိက သူတို့ကို မထင်မှတ်ထားသည့် အခြေအနေသို့ ရုတ်တရက် တွန်းပို့လိုက်ပြီး ဤမျှကြီးမားသော လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။ ဟုန်ယွိက ရှောင်ရှိူက်၊ ဖန်မိသားစု၊ ဝမ်မိသားစု၊ ဆန်းမိသားစု၊ ဝူမိသားစုနှင့် ဘုရင်ခံ၊ စစ်ဆေးရေးမှူး၊ အုပ်ချုပ်ရေးမှူး သုံးပုံတစ်ပုံတို့ကို ဤမျှတိုတောင်းသော အချိန်အတွင်း သူ့ဘက် ပါအောင် ဆွဲဆောင်နိုင် လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ခဲ့ကြပေ။
“မှန်ပါ၊ အရှင်မင်းမြတ်။ ဒီအရာရှိတွေက တင်ပြရမယ့် အရေးကြီးတဲ့ အစီအရင်ခံစာ မှတ်တမ်းလွှာတွေကိုပဲ ရွေးချယ်တင်ပြကြတာပါ၊ ဒါပေမဲ့လည်း အခုလို အများကြီး ကျန်နေပါသေးတယ်” အစီအရင်ခံစာများကို ယူဆောင်လာသော အတွင်းဝန်ကြီးက ခေါင်းငုံ့လျက် လျှောက်တင်သည်။
“ကောင်းပြီ၊ မင်းပြန်သွားတော့။”
ဧကရာဇ်ယန်ဖန်က လက်ကာပြလိုက်သည်။ အတွင်းဝန်ကြီး ထွက်သွားပြီးနောက် သူက ခြင်းတောင်းထဲမှ အစီအရင်ခံစာများကို ဆွဲယူလိုက်သည်။ ရှောင်ရှိူက်ထံမှ အစီအရင်ခံစာ တစ်ရာကျော်ရှိသည်။ သူတစ်ယောက်တည်းထံမှပင် အစီအရင်ခံစာ အမြောက်အမြားပင်။ ထိုအထဲတွင် လျန်ခယ်မြို့ကို အောင်နိုင်ကြောင်း အစီရင်ခံစာများနှင့် ဟွာလျှိုနိုင်ငံ၏ မြို့တော် ဂေဒါကို စစ်တပ်ဖြင့် ဝိုင်းရံထားသည့် သတင်းများလည်း ပါဝင်သည်။
“အို၊ ဒီလောက်တောင် မြန်တာလား” ဟုန်ရွှန်ကျိလည်း ရှောင်ရှိူက်၏ အစီအရင်ခံစာထဲမှ အကြောင်းအရာများကို မြင်တွေ့လိုက်ရသည်။
“အရှင်မင်းမြတ်၊ ကျွန်တော်မျိုးတို့နှစ်ယောက် ဘိုးဘေးနဂါးအစစ်မှန်စွမ်းအင်ကို သန့်စင်ဖို့ အတွက် နှစ်လကြာ တိတ်တဆိတ် ကျင့်ကြံနေစဉ်မှာ ဒီလောက်ကြီးမားတဲ့ ကိစ္စတွေ ဖြစ်ပျက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ရှောင်ရှိူက်ရဲ့ အစွမ်းအစနဲ့ဆိုရင် နှစ်လအတွင်း ဟွာလျှိုမြို့တော်ကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူ့ရဲ့ စွမ်းအားက လေးဆလောက် တိုးမလာဘူးဆိုရင်ပေါ့”
ဟုန်ရွှန်ကျိ၏ ခန့်မှန်းချက်မှာ အလွန်မှန်ကန်သည်။ ရှောင်ရှိူက်နောက်တွင် လီဖူ၊ ဝူကျွမ်း၊ ရန်ယန်နှင့် ပေချန်တို့၏ အကူအညီများ ပါဝင်နေကြောင်း သူ ချက်ချင်း ခန့်မှန်းမိသည်။
“ဖန်းမျိုးနွယ်က ဟုန်ယွိရဲ့ စကားကို နားထောင်လိုက်တယ်ဆိုတာ တကယ်ကို အံ့ဩဖို့ ကောင်းတယ်” ယန်ဖန်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည် “ငါ့ရဲ့ အနာဂတ်သခင် ကို အသုံးပြုပြီး ဖန်းမျိုးနွယ်က ဘိုးဘေးကြီး ဖန်းရှိုးအကြောင်း တွက်ချက်ခိုင်းကြည့်ပြီးပြီ။ သူက ပြောင်းလဲခြင်းကျမ်းကို ဖတ်ပြီး ဖန်ဆင်းရှင် ဖြစ်လာခဲ့တာပဲ။ ဖန်းမျိုးနွယ်ရဲ့ အင်အား နဲ့ လမ်းစဉ်ခြောက်သွယ်ဗြဟ္မာစက်ဝန်းရဲ့ စွမ်းအားကို ပေါင်းစပ်လိုက်ရင် ဟုန်ယွိက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ သူတို့ကို အင်အားသုံးပြီး ခြိမ်းခြောက်လို့ မရနိုင်ဘူး။ ဖန်ဆင်းရှင် တစ်ပါးနဲ့ လမ်းစဉ်ခြောက်သွယ်ဗြဟ္မာစက်ဝန်း ရှိနေရင် ဟုန်ယွိကို မနိုင်ရင် တောင် သူတို့ ထွက်ပြေးလို့ ရတာပဲ။ ဟုန်ယွိကသာ သူတို့ကို လုံးဝ အနိုင်ယူနိုင်တဲ့ အင်အား မျိုး မရှိဘူးဆိုရင် သူတို့က ဒီလောက်အထိ အလျှော့ပေးမှာ မဟုတ်ဘူး။ ဟုန်ယွိရဲ့ အစွမ်း က ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ အဲဒီလောက်အထိ တိုးတက်လာဖို့ဆို တာ မဖြစ်နိုင်ဘူး။”
“အရှင်မင်းကြီးအနေနဲ့ အနာဂတ်သခင်ကို ထပ်ပြီး တွက်ချက်ခိုင်းကြည့်သင့်ပါတယ်။ အနာဂတ်သခင်က မူလဘိုးဘေးနဂါး အစစ်မှန်စွမ်းအင်တွေကို စုပ်ယူထားပြီးပြီဆိုတော့ မဟာအောင်မြင်မှုအဆင့်ကို ရောက်ဖို့ နီးကပ်နေပြီ မဟုတ်လား” ဟုန်ရွှန်ကျိက ပြောသည်။
“မှန်တယ်။” ဧကရာဇ်ယန်ဖန် ပြောလိုက်သည်နှင့် သူ၏ နောက်ကွယ်ရှိ အလင်းရောင် စက်ဝိုင်းအတွင်းမှ ‘အနာဂတ်သခင်’ ပုံရိပ် ပေါ်ထွက်လာသည်။ အနာဂတ်သခင်မှာ ယခင်ကထက် ပိုမို ကြည်လင်ထင်ရှားနေပြီး၊ မူလတာအိုသခင်၏ စွမ်းအားများကိုပင် ပိုင်ဆိုင်ထားသည်။ ထင်ရှားသည်မှာ ‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’နှင့် ကောင်းကင်ဖြို ဧကရာဇ်၏ ဖန်ဆင်းရှင်ဝိညာဉ်ကို ဘိုးဘေးနဂါး အစစ်မှန်စွမ်းအင်အဖြစ် ပြောင်းလဲလိုက် ခြင်းက အလွန်ပင် အာဟာရဖြစ်စေခဲ့ပုံ ရသည်။
ထိုစဉ်က ဟုန်ယွိသည် ‘ထာဝရအာဃာတ မိစ္ဆာနန်းတော်’ ကို စုပ်ယူလိုခဲ့သော်လည်း ကောင်းကင်ဖြို ဧကရာဇ်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ယခုမူ ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့က အကျိုးကျေးဇူးများကို ရရှိသွားကြသည်။
အနာဂတ်သခင်မှာ အဆက်မပြတ် တောက်ပနေပြီး အလင်းရောင်ခြည်ဝိုင်းများ ထုတ်လွှတ်နေသည်။ ထို့နောက် သတင်းအချက်အလက်များမှာ မှော်သင်္ကေတများအဖြစ် ပြောင်းလဲကာ ဧကရာဇ်ယန်ဖန်၏ လက်ထဲသို့ ပျံဝင်သွားတော့သည်။
“ဘယ်လိုနေလဲ အရှင်မင်းမြတ်” ဟုန်ရွှန်ကျိက မေးသည်။
“ခုနလေးတင်ပဲ၊ အနာဂတ်သခင်က တွက်ချက်မူပေါင်း ၃.၅ ဘီလီယံလောက် ထုတ်ပေးပြီး အဖြစ်နိုင်ဆုံး သီအိုရီကို ရရှိခဲ့တယ်။ အဲဒါကတော့ ဟုန်ယွိဟာ ကောင်းကင်အပြင်ပ နယ်မြေကို ခရီးထွက်ခဲ့တာပဲ ဖြစ်ရမယ်။ သူက ကြယ်သခင် အများအပြားရဲ့ ထောက်ခံမှုကို ရခဲ့ပုံရတယ်” ဧကရာဇ်ယန်ဖန်က အေးစက်စွာ ပြောသည်။ ယခုအခိုက်အတန့်တွင် သူက အနာဂတ်သခင်နှင့် တစ်သားတည်း ဖြစ်နေသယောင်။
“အို… တကယ်ပဲလား” ဟုန်ရွှန်ကျိက တည်ငြိမ်စွာပင်။ “အရှင်မင်းမြတ်၊ ကျွန်တော်တို့ အဆိုးရွားဆုံး အခြေအနေကို ကြိုတင်ပြင်ဆင်ထားမှ ဖြစ်တော့မယ်။”
“မှန်တယ်၊ အဆိုးရွားဆုံးအခြေအနေအတွက် ပြင်ဆင်ထားရမယ်။” ဧကရာဇ်ယန်ဖန်က ခံစားချက်မဲ့သည့် အမူအရာဖြင့် ပြောလိုက်သည် “သူ့ရဲ့ အခုလုပ်ရပ်တွေအရ သူဟာ ဘုရင်ခံတွေ၊ အုပ်ချုပ်ရေးမှူးတွေကို မြှောက်ပင့်တာ၊ အထက်တန်းလွှာ မျိုးနွယ်စုကြီးတွေ နဲ့ ရှောင်ရှိူက်တို့ကို စည်းရုံးသိမ်းသွင်းတာ၊ နောက်ဆုံး ချန်ပီယံမြို့စားကိုပါ အသုံးချပြီး၊ နန်းတွင်းကို ဖိအားပေးနေတာတွေဟာ အရှိန်အဝါ တစ်ခုကို တည်ဆောက်နေတာပဲ။ အားလုံးပြီးဆီးသွားရင် သူက မင်းသားယုကို အသုံးချပြီး ငါ့ကို ရာဇပလ္လင်ကနေ ဆင်းပေးဖို့ ဖိအားပေးလိမ့်မယ်။ အခုဆိုရင် ဟုန်ယွိမှာ အဲဒီလိုလုပ်နိုင်တဲ့ အင်အားမျိုး ရှိနေပြီ။ အနာဂတ်သခင်ရဲ့ ခန့်မှန်းချက်အရဆိုရင် ၉၉ ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိတယ်။”
“အနာဂတ်သခင်က ဒီလို တွက်ချက်တယ်ဆိုရင် ကျွန်တော်မျိုးလည်း နားလည်ပါပြီ။”
ဟုန်ရွှန်ကျိက ရုတ်တရက် ပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အင်မော်တယ် ကျောက်စာတိုင်တစ်ခု ပေါ်လာသည်။
“အင်မော်တယ် ကျောက်စာတိုင်လား။ ဒါက ဘာလို့ မင်းလက်ထဲမှာ ရောက်နေရတာလဲ” ဧကရာဇ်ယန်ဖန် တုန်လှုပ်သွားသည်။
“ကောင်းကင်အပြင်ပ နယ်မြေ ခေါင်းဆောင်ရဲ့ဇနီးက ဒါကို ဒီနေ့ပဲ ကျွန်တော်မျိုးဆီ ရုတ်တရက် ပို့လိုက်တာပါ။ ဟုန်ယွိကို ကိုင်တွယ်ဖို့အတွက်ဆို ဒီကျောက်စာတိုင်ကို ကျွန်တော်မျိုးကို ငှားပေးနိုင်တယ်တဲ့။ ဘာလို့ သူမက ကျွန်တော်မျိုးကို ရက်ရက်ရောရော ငှားပေးတာလဲ။ ဟုန်ယွိက ကောင်းကင်အပြင်ပနယ်မြေဆီ သွားပြီး ဗဟိုကမ္ဘာကို ပြင်းပြင်း ထန်ထန် ထိခိုက်အောင် လုပ်ခဲ့လို့ပဲ ဖြစ်ရမယ်” ဟုန်ရွှန်ကျိက ဆိုသည်။ “ဒါကြောင့် သူမက ဟုန်ယွိကို သတ်ဖို့ ကျွန်တော်မျိုးကို ဓားတစ်စင်းအဖြစ် ငှားချင်နေတာ။”
“ဒါဆိုရင် ဒီကျောက်စာတိုင်ကို ငါတို့ ချက်ချင်း သန့်စင်ကြတာပေါ့” ဧကရာဇ်ယန်ဖန်က ပြောသည်။
“မဖြစ်နိုင်ဘူး ထင်တယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့သာ သန့်စင်လိုက်မယ်ဆိုရင် သူမ ချက်ချင်း သိသွားလိမ့်မယ်။ ကျွန်တော်မျိုး ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားကြည့်ပြီးပြီ၊ ဒါပေမဲ့ ယုံကြည်မှု မရှိသေးဘူး။ သူမက ဒီရတနာကို ကျွန်တော်မျိုးဆီ ငှားပေးတယ်ဆိုက တည်းက ကျွန်တော်မျိုးတို့ သန့်စင်မှာကို သူမ မကြောက်လို့ပဲ ဖြစ်ရမယ်” ဟုန်ရွှန်ကျိက ခေါင်းခါလိုက်သည်။
ဝှမ်း… ဝှမ်း… ဝှမ်း.. ဝှမ်း… ဧကရာဇ်ယန်ဖန်၏ နောက်ကွယ်ရှိ အနာဂတ်သခင် ပုံရိပ်မှာ ထပ်မံ လှုပ်ခါနေပြန်သည်။ နှစ်နာရီကြာပြီးနောက် ဧကရာဇ်ယန်ဖန်က ပြောလိုက်သည်။ “ခုနတင် အနာဂတ်သခင်က နောက်ထပ် ဖြစ်နိုင်ခြေပေါင်း ၆၄ ဘီလီယံကို ထပ်ပြီး တွက်ချက်လိုက်ပြန်ပြီ။ အဲဒီထဲမှာ အင်မော်တယ် ကျောက်စာတိုင်ကို သူမ မသိအောင် သန့်စင်နိုင်မယ့် နည်းလမ်း နှစ်ခု သုံးခုလောက်တော့ ရှိတယ်။ ဒါပေမဲ့ အောင်မြင်နိုင်ခြေ ကတော့ သိပ်မများလှဘူး...”