အခန်း ၇၂၄
Vol. 70 Ch. 724
အခန်း (၇၂၄)။
"အသက်မဲ့အနာဂတ်၊ မသေမျိုးဟင်းလင်းပြင်"
ဟုန်ယွိ၏ လက်သီးချက်ကို ရင်ဆိုင်ရင်း၊ မဟာကမ္ဘာလောကကြီး၏ ကိုး-ငါးလမ်းစဉ်၏ အမြင့်ဆုံးအရှင်သခင်ဖြစ်သော ဧကရာဇ်ယန်ဖန်၏ မျက်လုံးအစုံမှ မကြုံစဖူး တောက်ပမှု များ ထွက်ပေါ်လာသည်။ စူးရှသော အလင်းတန်းများက ပေပေါင်းထောင်ချီ ရှည်လျား သော အလင်းတန်းကြီးနှစ်ခုအလား တိမ်တိုက်များကို ဖောက်ထွက်သွားလေသည်။
ထို့နောက် သူက ဟုန်ယွိ၏ တိုက်ကွက်ကို လက်ဝါးဖြင့် ရိုးရှင်းစွာပင် ဆီးကြိုတိုက်ခိုက် လိုက်သည်။ လက်သီးနှင့် လက်ဝါးတို့ ထိပ်တိုက်ဆုံတွေ့သွားချိန်မှာ ပြင်းထန်သော တုန်ခါမှုလှိုင်းကြီးက ကျောက်စိမ်းမြို့တော်၏ ကောင်းကင်ယံတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။
"ဝူး... ဝူး... ဝူး..."
ကျောက်စိမ်းမြို့တော် ကောင်းကင်ယံထက်ရှိ မိုးတိမ်၏များနှင့် မှောင်မိုက်သော တိမ်တိုက် များအားလုံး လွင့်စင်သွားရုံသာမက အလယ်ပိုင်း ကောင်းကင်ဒေသတစ်ခုလုံးရှိ တိမ်တိုက် များပင် ပျောက်ကွယ်သွားရတော့သည်။ မူလက မှောင်မိုက်နေသော ကောင်းကင်ကြီးမှာ ရုတ်တရက် ကြည်လင်တောက်ပလာပြီး ကြယ်စင်စုများမှာ ကောင်းကင်ယံတွင် ချိတ်ဆွဲ ထားသကဲ့သို့ ထင်ရှားလာပြီး၊ ဆောင်းဦးနှောင်းပိုင်း ညတစ်ည မဟုတ်ဘဲ သာယာသော နွေရာသီ နေ့တစ်နေ့ကဲ့သို့ပင် အံ့မခန်းဖွယ် မြင်ကွင်းဖြစ်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သန့်စင်သော ယန်စွမ်းအင်လှိုင်းများမှာ မိုင်ပေါင်းသောင်းချီ၍ ပျံ့နှံ့ သွားခဲ့ပြီး တော်ဝင်ချန် အင်ပါယာ၏ နယ်မြေအားလုံးကို ဖြတ်သန်းသွားလုနီးပါး ဖြစ်သွား သည်။
ထိုခဏ၌ တော်ဝင်ချန်အင်ပါယာတစ်ခွင်၏ ပြည်နယ်အသီးသီးရှိ အင်အားကြီး တည်ရှိမှု များစွာမှာ ကျောက်စိမ်းမြို့တော်တွင် ထူးခြားသော အဖြစ်အပျက်တစ်ခုခု ဖြစ်ပွားနေ ကြောင်း ခံစားမိကြသည်။ အကြောင်းမှာ ထိုအမည်မသိ အစွမ်းထက်သူများမှာ နေရာအနှံ့ ပျံ့နှံ့လာသော သန့်စင်သော ယန်စွမ်းအင်များကို ခံစားနေရသောကြောင့်ပင်။ ထိုစွမ်းအင် မှာ ညအချိန်မဟုတ်ဘဲ ပူပြင်းလှသော နေမင်းကြီး ခေါင်းပေါ်တွင် တည့်တည့်ရှိနေသည့် မွန်းတည့်အချိန်ကဲ့သို့ပင်။
"သူတို့ တကယ်ကြီး စတင်လိုက်ကြပြီပဲ။ တော်တော်လေး မြန်ဆန်ပြီး ပြတ်သားကြတာပဲ။ အပြောင်းလဲကြီးပဲ... တကယ်ကို အကြီးအကျယ် ပြောင်းလဲတော့မှာပဲ။"
ဝေးကွာလှသော ဖန်းပြည်နယ်တွင် လမ်းစဉ်ခြောက်သွယ် ဗြဟ္မာစက်ဝန်းကမ္ဘာအတွင်းရှိ ဖန်းမျိုးနွယ်စု၏ ဖန်ဆင်းရှင်ဖြစ်သော ဖန်းရှိုးက ဤအရာအားလုံးကို ထက်မြက်စွာ ခံစားသိရှိလိုက်သည်။ "ယွမ်ထောင်... အထဲဝင်ခဲ့စမ်း"
"ဘိုးဘေးကြီး... ကျွန်တော် အခုပဲ သတင်းရပါတယ်၊ ကျောက်စိမ်းမြို့တော်မှာ ကြီးမားတဲ့ လှုပ်ခတ်မှုတွေ ဖြစ်နေပါပြီ။ ဟုန်ယွိက သူ့စစ်တပ်ကို ဦးဆောင်ပြီး မြို့တော်ကို ဝန်းရံကာ၊ ဧကရာဇ် ဘေးနားက လူယုတ်မာတွေကို ရှင်းလင်းဖို့ ကြိုးစားနေတာပါ" ဖန်းမျိုးနွယ်စု၏ ခေါင်းဆောင် ဖန်းယွမ်ထောင်က ဖန်းရှိုး၏ အမိန့်ကို ကြားသည်နှင့် အရေးပေါ် သတင်း အချက်အလက် မှတ်တမ်းကို ကိုင်ဆောင်ကာ အလျင်အမြန် ပျံသန်းဝင်ရောက်လာသည်။
"ငါ အခုလေးတင် ခံစားလိုက်ရတယ်၊ ကျောက်စိမ်းမြို့တော်ဆီကနေ အတွေးစပေါင်းများ စွာနဲ့ စစ်မက်အငွေ့အသက်တွေ ထွက်ပေါ်လာနေတယ်။” ဖန်းရှိုးက မျက်လုံးဖွင့်လိုက် သည်။ "ဟုန်ယွိက ဒီလောက် မြန်မြန်ဆန်ဆန် လှုပ်ရှားလိမ့်မယ်လို့ ငါမထင်ထားခဲ့သလို၊ ဧကရာဇ် ယန်ဖန်ကလည်း မင်းသားယုကို ချက်ချင်း ရာထူးကနေ ဖယ်ရှားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"
"အခု ကျွန်တော်တို့ ဖန်းမျိုးနွယ်စုက ဘာလုပ်သင့်လဲ။ ဟုန်ယွိကို ကူညီရမလား၊ ဒါမှ မဟုတ်..." ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ပညာရှင် ဖန်ယွမ်ထောင်မှာလည်း ကမ္ဘာ ပျက်မတတ် ပြောင်းလဲမှုကြီးကို ရင်ဆိုင်ရရာတွင် ဝေခွဲမရ ဖြစ်နေသည်။ အဆုံးတွင် ဤကိစ္စသည် မဟာကမ္ဘာလောကကြီးရှိ လူသားမျိုးနွယ်တို့၏ ကံကြမ္မာ အပြောင်းအလဲနှင့် သက်ဆိုင်နေပြီး ဖန်ဆင်းရှင်တစ်ဦးပင်လျှင် မထိန်းချုပ်နိုင်သော ကိစ္စဖြစ်နေသည်။ "ဟုန်ယွိရဲ့ အင်အားက အင်မတန် ကြီးမားတယ်။ ဒီ ‘လူယုတ်မာ ရှင်းလင်းရေး’ ခေါင်းစဉ် က အောင်မြင်သွားနိုင်တယ်လို့ ငါ ခံစားနေရတယ်။”
ငါတို့ စောင့်ကြည့်ကြတာပေါ့” ဖန်းရှိုးက လေးနက်စွာ ပြောလိုက်သည်။ "ဟုန်ယွိရဲ့ ဩဇာ အာဏာက ကြီးမားပေမဲ့ ဧကရာဇ်ယန်ဖန်ကလည်း အထင်သေးလို့ မရဘူး။ သူက ရှေးဟောင်း သူတော်စင်ဧကရာဇ်တွေ နောက်ပိုင်း အစွမ်းထက်ဆုံး ဧကရာဇ်တစ်ပါးပဲ။ သူက အရမ်းကို နက်နဲလွန်းတော့ သူ့မှာ ဘယ်လို ဝှက်ဖဲတွေ ရှိနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အခုဖြစ်နေတဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးခဲ့စဉ်ကထက် အဆပေါင်း ရာချီပြီး ပိုကြီးမားတယ်။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင် မုန့်ရှန်းကျိကလည်း အခုထိ ပေါ်မလာသေးဘူး။ သူ ဘာတွေလုပ်နေလဲ ငါတို့ မသိဘူး။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကတည်းက ဖန်ဆင်းရှင်တစ်ဦး ဖြစ်နေခဲ့တာ..."
“ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော်တို့ ဘာသံမှ မထွက်ဘဲ စောင့်ကြည့်နေပါ့မယ်။”
ဖန်းယွမ်ထောင်က အကြိမ်ကြိမ် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
...
လက်သီးချင်း အပြင်းထန် ထိပ်တိုက်တွေ့ဆုံပြီးနောက် သူတို့နှစ်ဦးစလုံး ပြန်လည် လူချင်း ကွဲသွားကြပြီး၊ ဟင်းလင်းပြင်ကို မြေပြင်ညီအဆင့်ကဲ့သို့ သဘောထားကာ လေထဲတွင် တည်ငြိမ်စွာ ရပ်နေကြသည်၊ ၎င်းမှာ ‘ကြီးမြတ်သော နတ်ဘုရားတန်ခိုးစွမ်းအား’ ပင် ဖြစ်သည်။
ဟုန်ယွိနှင့် ဧကရာဇ်ယန်ဖန်တို့သည် ယခုအချိန်တွင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း ရင်ဆိုင်နေကြပြီ။
မဟာကမ္ဘာလောက၏ ကိုး-ငါးလမ်းစဉ် အထွက်အထိပ် အမြင့်ဆုံးအရှင်သခင် ဖြစ်သော ဧကရာဇ်ယန်ဖန်သည် အမှန်ပင် ခန့်မှန်းရ ခက်ခဲလှသည်။ သူ၏ အစစ်မှန် ဝှက်ဖဲများကို မည်သူမျှ မသိကြပေ၊ သူ့ကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသော ဟုန်ယွိပင်လျှင် ယန်ဖန်၏ အဆုံးစွန်သော လျှို့ဝှက်ချက်များကို အပြည့်အဝ ရှာမတွေ့နိုင်သေးပေ။
သူတို့၏ အစောပိုင်း လက်သီးချက် ထိပ်တိုက်တွေ့ဆုံမူတွင် ဟုန်ယွိသည် သူ၏ စွမ်းအား အားလုံးကို အသုံးမပြုခဲ့ပေ၊ အချို့သော စွမ်းအားများကို ဖုံးကွယ်ထားပြီး ဟင်းလင်းပြင်ကို ပိတ်ဆို့ရန်အတွက်သာ သူ၏ အရှိန်အဝါကို ဖြန့်ကျက်ထားခဲ့သည်။
ကော့လီနတ်ဘုရားဘုရင်မသည်လည်း ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသေးပေ။ အကြောင်း မှာ ရုတ်တရက် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို စောင့်ကြည့်ရန် ဖြစ်သည်။
ဟုန်ယွိတွင် မည်သို့သော နတ်ဘုရားစွမ်းရည်များနှင့် တွက်ချက်မှုများ ရှိနေသနည်း။ ကျောက်စိမ်းမြို့တော်ကို ဝန်းရံတိုက်ခိုက်နေစဉ်အတွင်း မည်သည့် တည်ရှိမှုမျိုးမဆို ရုတ်တရက် ပေါ်ထွက်လာနိုင်ပြီး မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်ပွားစေနိုင် ကြောင်း သူ သိသည်။ ကော့လီနတ်ဘုရားဘုရင်မနှင့် အထွတ်အထိပ် လူသားအင်မော် တယ် ငါးဦးတို့သည် တိုက်ပွဲတွင် မပါဝင်ခြင်းမှာလည်း ရုတ်တရက် ထွက်ပေါ်လာနိုင်သော တိုက်ခိုက်မှုများကို စောင့်ကြည့် ကာကွယ်နေကြခြင်း ဖြစ်သည်။
ယခုအခါ သူသည် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးကို အသုံးပြု၍ ဟုန်ရွှန်ကျိကို ပိတ်ဆို့ထားပြီး၊ သူကိုယ်တိုင်မှာမူ ဧကရာဇ်ယန်ဖန်ကို ကိုင်တွယ်နေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် အထွတ်အထိပ် ပုဂ္ဂိုလ်နှစ်ဦးကို တစ်ပြိုင်နက်တည်း ရင်ဆိုင် နေခြင်းပင်။
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးမှာ သူ၏ မှော်ရတနာများ၊ သူ၏ ကိုယ်ပွားများ ပင် ဖြစ်ကြသည်။
ဝုန်း…. ဝုန်း….. ဝုန်း….
က်တိုက် ဆိုသလို ကျယ်လောင်သော ပေါက်ကွဲသံ ဆယ့်နှစ်ချက် ထွက်ပေါ်လာပြီး၊ ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး၏ လက်သီးချက်များနှင့် ဟုန်ရွှန်ကျိ၏ လက်သီးချက်များ အရှိန်ဟုန် အပြည့်ဖြင့် ထိပ်တိုက်တွေ့သွားသည်။ တစ်ချိန်တည်းမှာပင် အင်မော်တယ် ကျောက်စာတိုင်ပေါ်ရှိ မှော်သင်္ကေတ သန်းပေါင်း ၄၈၀ မှာ ကောင်းကင်အနှံ့ ပျံ့လွင့်သွားပြီး အဆက်မပြတ် ပေါက်ကွဲနေတော့သည်။
ဟုန်ရွှန်ကျိသည် သူ၏ အသွင်မျိုးစုံပြောင်းလဲခြင်း ရုပ်ခန္ဓာနှင့် အင်မော်တယ်ကျောက်စာ တိုင်၏ အကာအကွယ်ကို အားကိုး၍ ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး၏ ပြင်းထန်သော တိုက်ခိုက်မှုကို နောက်ဆုံးတွင် ကြံ့ကြံ့ခံနိုင်ခဲ့သည်။
ဟုန်ယွိ၏ ပြန်လည် သန့်စင်မှုအပြီးတွင် ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါး၏ စွမ်းအား မှာ ပိုမို တိုးတက်လာသော်လည်း၊ ဟုန်ရွှန်ကျိ၏ ရုပ်ခန္ဓာမှာလည်း အသွင်မျိုးစုံ ပြောင်းလဲ ခြင်းနယ်ပယ်အထိ လေ့ကျင့်ထားခြင်း ဖြစ်ပေသည်။ အင်မော်တယ် ကျောက်စာတိုင်၏ အစွမ်းထက်လှသဖြင့် နှစ်ဖက်စလုံး လက်ရည်တူနေသည်။
ဝှစ်…
ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးမှာ နောက်ဆုတ်သွားပြီး ဟုန်ယွိ၏ နောက်တွင် မြင့်မားစွာ ရပ်လိုက်ကြသည်။
ဟုန်ရွှန်ကျိမှာမူ ဧကရာဇ်ယန်ဖန်၏ ဘေးတွင် ရပ်နေသည်။
ပြိုင်ဘက်နှစ်ဦးကို တစ်ဦးတည်း ရင်ဆိုင်နေရသော ဟုန်ယွိ၏ အရှိန်အဝါက ကောင်းကင် နှင့် မြေကြီးကို လွှမ်းခြုံထားပြီး၊ အသာစီးရရန် အစပျိုးနေသည်။
"သားမိုက်... ငါ့ရဲ့ သိုင်းပညာဟာ ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ မင်း မထင်ထားဘူး မဟုတ်လား။ အသွင်မျိုးစုံပြောင်းလဲခြင်း အဆင့်ဆိုတဲ့ နတ်ဘုရားတန်ခိုးစွမ်းအားဟာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်နဲ့ အလွန် နီးကပ်နေပြီ၊ ဒီနေ့တောင် ငါ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ဖြတ်ကျော်သွားနိုင်လောက်တယ်။ မင်းက အသာစီးရနေပြီ ထင်ပြီး ပုန်ကန်ရဲတာလား"
ဟုန်ယွိက သူတို့နှစ်ဦးကို ရင်ဆိုင်ရင်း ဟင်းလင်းပြင်ကို ပိတ်ဆို့ထားသည်ကို ကြည့်ပြီး၊ ဟုန်ရွှန်ကျိက ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးကို ကြည့်ပင်မကြည့်ပေ။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ဘေးပတ်လည်ရှိ မှော်သင်္ကေတ သန်းပေါင်း ၄၈၀ မှာ အင်မော်တယ်ကျောက်စာတိုင် အဖြစ် ပြောင်းလဲသွားပြီး သူ၏ မျက်ခုံးနှစ်ခု ကြားရှိ နေရာသို့ ပျံဝင်သွားသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်မတ်ရပ်နေ ပြီး သူ၏ခန္ဓာကိုယ်မှာ ကြယ်တာရာ ကောင်းကင်ကြီးကို ထောက်မထားသကဲ့သို့ပင်။
"အင်း... အရမ်းကောင်းတယ်။ ဒါမှ ခင်ဗျားရဲ့ သိုင်းပညာကို ဖျက်ဆီးပစ်ရတာ တန်မှာပေါ့။ ခင်ဗျား နည်းလမ်းတွေ အများကြီး ရှိနေရင်လည်း ဘာထူးလာမှာလဲ။"
ဟုန်ယွိက ဟုန်ရွှန်ကျိကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် သူ၏အဖေဖြစ်သူ တော်ဝင်ချန်၏ ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိ၏ ဒန်တန်အတွင်း၌ တစ်ကောင်နှင့် တစ်ကောင် ရစ်ပတ်နေသော နဂါးနှစ်ကောင်၏ အရိပ်အယောင်များကို ရှင်းလင်းစွာ မြင်နေရသည်။ တစ်ကောင်မှာ မူလဘိုးဘေးနဂါးဖြစ်ပြီး ကျန်တစ်ကောင်မှာ မူလဉသျှောင် နဂါး ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်ပေါင်း ၁,၁၉၇ ခု စီမှာလည်း ထိုနဂါးနှစ်ကောင်စီ ရှိနေကြသည်။ ထိုနဂါးပုံသဏ္ဌာန် မူလစွမ်းအင်များ ကြောင့်ပင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ အသွင်မျိုးစုံပြောင်းလဲခြင်းနယ်ပယ်၏ အထွက် အထိပ်အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးတို့ တစ်သားတည်းကျ နေသကဲ့သို့ တည်ရှိနေခြင်း ဖြစ်သည်။
တခဏအတွင်းမှာပင် ဟုန်ယွိသည် ဤကိစ္စ၏ အမှန်တရားကို ခွဲခြမ်းစိတ်ဖြာ နားလည် လိုက်သည်။
"အနာဂတ်သခင်က တကယ်ကို အစွမ်းထက်ပါတယ်၊ မူလဘိုးဘေးနဂါးရဲ့ ဖွဲ့စည်းပုံကို တွက်ချက်နိုင်ပြီး အဆမတန် များပြားတဲ့ မူလစွမ်းအင်တွေကို သုံးကာ မူလဘိုးဘေးနဂါးကို အသစ်တဖန် ပြန်ဖန်တီးနိုင်ခဲ့တယ်။ ပြီးတော့ မူလနဂါးနှစ်ကောင်ကို တစ်ကောင်အဖြစ် ပေါင်းစပ်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ပေါင်းစည်းခြင်း နိမိတ်ပုံစံကို ဖန်တီးကာ နတ်ဘုရား စွမ်းအင်အသစ်တစ်ခုကို လေ့ကျင့်နိုင်ခဲ့တာပဲ။ 'ကောင်းကင်ဖြိုဧကရာဇ်' ကို ကျုပ် မတွေ့ တာ မဆန်းတော့ပါဘူး။ သူက ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီး ဖန်ဆင်းရှင်တစ်ဦး ဖြစ်လာခဲ့ပေမဲ့ ခင်ဗျားတို့က သူ့ကို သန့်စင်လိုက်ကြတာကိုး။ ဖန်ဆင်းရှင်တစ်ဦးရဲ့ မူလစွမ်းအင်တွေ အားလုံးရယ်၊ ထာဝရအာဃာတ မိစ္ဆာနန်းတော်ထဲ က များပြားလှတဲ့ မိစ္ဆာ စွမ်းအင်တွေရယ် ရှိမှပဲ မူလဘိုးဘေးနဂါးတစ်ကောင်ကို အပြည့် အဝ သန့်စင်နိုင်မှာ”
ဟုန်ယွိက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ သို့သော် သူသည် အမှန်တရားကို အတော်အတန် ခန့်မှန်းမိသွားပြီ ဖြစ်သည်။
"ဒါပေမဲ့ ကျုပ်ရုပ်ခန္ဓာကိုယ်က အသွင်မျိုးစုံပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နေတာ ကြာလှပြီ။ ဟုန်ရွှန်ကျိ... ခင်ဗျား ဒီနယ်ပယ် ရောက်ဖို့အတွက် ဒီလောက်အများကြီး အချိန်ယူခဲ့ရတာကို ကျုပ် တကယ်ပဲ စိတ်ပျက်မိတယ်" ဟုန်ယွိက ရုတ်တရက် ရယ်မော လိုက်ပါသည်။ "တကယ်တော့ ခင်ဗျားရဲ့ ကျင့်စဉ်အဆင့် မြင့်မားလေ၊ ကျုပ်က ပိုကြိုက် လေပဲ၊ ပိုပြီးတော့လည်း ကျေနပ်မိလေပဲ။ ခင်ဗျားအနေနဲ့ ပြည်နယ် ၉၉ ခုရဲ့ လျှို့ဝှက်ချက် တွေကို နားလည်သဘောပေါက်ပြီး ခင်ဗျားကိုယ်ထဲက နောက်ဆုံး အပ်စိုက်မှတ် ၉၉ ခုကို ပါ ပေါင်းစပ်ကာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်သွားရင် အကောင်းဆုံးပဲ။ အဲဒီအချိန်ကျမှ ကျုပ်က ခင်ဗျားရဲ့ သိုင်းပညာကို ဖျက်ဆီးပြီး ခင်ဗျားကို သာမန်လူ တစ်ယောက် ဖြစ်သွားအောင် လုပ်ပစ်မယ်၊ ဒါမှ ခင်ဗျားရဲ့ဘဝက အောက်ဆုံးကို ပြန်ကျ သွားမှာ။ ဒါက ကျုပ်ဆန္ဒပဲ။ တကယ်လို့ ခင်ဗျား ဒီနေ့ ဒီနေ့ အဲဒီ နောက်ဆုံးခြေလှမ်း ဖြစ်တဲ့ ‘ဟင်းလင်းပြင်ဖျက်ခြင်းဆီး’ အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် အဲဒါက ကျုပ် တကယ် လိုလားတဲ့အရာပဲ။”
ဟုန်ယွိ၏ အေးအေးဆေးဆေး ပြောနေသော စကားများကို ကြားရသောအခါ ဟုန်ရွှန်ကျိ ၏ မျက်နှာမှာ တင်းမာသွားတော့သည်။ မူလနဂါးနှစ်ကောင် ပေါင်းစပ်မှုနှင့် အသွင်မျိုးစုံ ပြောင်းလဲခြင်းနတ်ဘုရားတန်ခိုးစွမ်းအားတို့ ရှိနေသော်လည်း ဟုန်ယွိ၏ စကားများထဲတွင် ပါဝင်သော ပြင်းထန်သည့် ယုံကြည်ချက်နှင့် ပြတ်သားသော ဆုံးဖြတ်ချက်များက သူ့ကို နာကျင်စွာ ထိုးနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိက ဤစကားကို ဟန်ဆောင်ပြောနေခြင်း မဟုတ်ဘဲ သူ၏ စိတ်ရင်းအတိုင်း ပြောနေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
လူတစ်ဦးတစ်ယောက်သည် အမြင့်ဆုံးသို့ ရောက်လေ၊ ပြုတ်ကျသောအခါ ပို၍ နာကျင်ရ လေ ဖြစ်သည်။ အကယ်၍ ရှင်တန်သိုင်းသခင် တစ်ဦး၏ သူ၏သိုင်းပညာ ဖျက်ဆီးခံရလျှင် သိပ်ပြီး ဝမ်းနည်းမည် မဟုတ်ပေ။ သို့သော် သိုင်းသူတော်စင် တစ်ဦးသည် သူ၏သိုင်းပညာ ဖျက်ဆီးခံရပါက သူ၏ ယုံကြည်မှုအားလုံး ပျောက်ဆုံးသွားပေလိမ့်မည်။
အကယ်၍ လူသားအင်မော်တယ် တစ်ဦး၏ သိုင်းပညာ ဖျက်ဆီးခံရလျှင် သူ ခံစားရမည့် ထိုးနှက်ချက်မှာ တိုင်းတာ၍ပင် မရနိုင်ပေ။
အကယ်၍ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိနေသော အထွတ်အထိပ် ပညာရှင်တစ်ဦး၏ သိုင်းပညာ ဖျက်ဆီးခံရလျှင်မူ၊ တိမ်တိုက်ပေါ်မှ မြေပြင်သို့ ပြုတ်ကျ သကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်မျိုးကို ဟုန်ရွှန်ကျိပင်လျှင် မတွေးရဲလောက်အောင်ပင်။ ဤသည်မှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော နည်းလမ်းဖြစ်ကာ၊ ကမ္ဘာကြီးကို အုပ်စိုးခဲ့ဖူးသော ဧကရာဇ်တစ်ပါး ရုတ်တရက် အကျဉ်းသား တစ်ယောက်၊ ရာထူးချခံရသော အုပ်စိုးရှင် တစ်ယောက် ဖြစ်သွားသကဲ့သို့ပင် အလွန်ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။
ဟုန်ယွိ၏ စကားများထက် ပို၍ တုန်လှုပ်စရာ ကောင်းသော၊ ပို၍ ဖျက်ဆီးနိုင်စွမ်း ရှိသော၊ သို့မဟုတ် ပို၍ ချောက်ချားဖွယ် ကောင်းသော စကားများ မရှိတော့ပေ။ ထိုခဏ၌ ဧကရာဇ်ယန်ဖန်ရော ဟုန်ရွှန်ကျိပါ ဟုန်ယွိထံတွင် စစ်မှန်သော "သူတော်စင်" တစ်ဦး၏ အရှိန်အဝါမျိုး ရှိနေသည်ကို ခံစားလိုက်ရသည်။
...
"သားမိုက်... ငါသာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်ခဲ့မယ်ဆိုရင် ဘယ်သူက ဘယ်သူ့ကို ဖျက်ဆီးပျက်မလဲဆိုတာ မသေချာသေးပါဘူး။ ဒီနေ့မှာတောင် မင်းက တရား ဥပဒေရဲ့ ကွန်ရက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မင်းက ရိုင်းစိုင်းတွေနဲ့ ပူးပေါင်းပြီး ထီနန်းလုယူဖို့ ကြိုးစားနေတာကို ဂုဏ်သိက္ခာရှိရှိ ပေါ်ပေါ်ထင်ထင် လုပ်နိုင် မယ်လို့ တကယ်ပဲ ထင်နေတာလား။ ဒီလောကမှာ အနိုင်ရသူက ဘုရင်ပဲ၊ ရှုံးသူက ဓားပြပဲ။ ဒီနေ့ မင်းကို ကွပ်မျက်ပြီးရင် အရာအားလုံးက လေထဲမှာ ပျောက်ကွယ်သွားလိမ့်မယ်။”
ဟုန်ရွှန်ကျိက သူ၏စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ၏ အေးစက် ခက်ထန်သော ဟန်ပန်ကို ပြန်လည် ရရှိလာသည်။ သူ့ပုံစံက ဤကမ္ဘာလောကရှိ ရှေးဦး နတ်ဘုရားအားလုံးကို ထိန်းချုပ်နေသကဲ့သို့ ရှိနေသည်။
"အော်... ဒါဆိုရင် အောက်ကို ကြည့်လိုက်ဦး၊ ကျုပ်က နန်းတွင်း အခြေအနေကို ဘယ်လို ထိန်းချုပ်ထားလဲဆိုတာ။ ခင်ဗျားတို့ရဲ့ ဟုန်ရှီတို့၊ မဒမ်ကျောက်တို့၊ ဟုန်မျိုးနွယ်စုရဲ့ တပည့်တွေနဲ့ အထွဋ်အထိပ်ကောင်းကင်နယ်မြေ အရှင်သခင်တို့လို လူတစ်စုလေးက ကြယ်သခင်ငါးပါးကို တောင့်ခံနိုင်မယ်လို့ ခင်ဗျားတို့ ထင်နေတာလား။ ဟုန်ရွှန်ကျိ၊ ယန်ဖန်... ခင်ဗျားတို့ နှစ်ယောက်လုံး ဒီနေ့ အတူတူပူးပေါင်းပြီး တိုက်ခိုက်ကြစမ်း။ ခင်ဗျားတို့ရဲ့ တကယ့် စွမ်းအားမှန်ကို ကျုပ် မြင်ပါရစေဦး။ ခင်ဗျားတို့က မဟာကမ္ဘာ လောကကြီးကို ကျွန်ပြုချင်နေတာပဲ။ ကျုပ်က ဘယ်လိုလုပ် ခင်ဗျားတို့ သဘောအတိုင်း ခွင့်ပြုနိုင်မှာလဲ”
ဟုန်ယွိ၏ စကားသံမှာ အောက်ခြေရှိ စစ်မြေပြင်ဆီသို့ ဦးတည်နေသည်။
လက်ရှိတွင် သူတို့သုံးဦး၏ စစ်မြေပြင်မှာ ကျောက်စိမ်းမြို့တော်၏ ကောင်းကင်ယံထက် တွင် ရှိသော်လည်း၊ ထိုနေရာမှာ သီးခြား ခွဲထုတ်ထားသော ဟင်းလင်းပြင်တစ်ခု ဖြစ်သည်။ ဟုန်ယွိနှင့် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး၏ အတိုင်းအဆမဲ့ စွမ်းအားများက ထိုဟင်းလင်းပြင်ကို ပြီးပြည့်စုံသော နယ်မြေတစ်ခုအဖြစ် ပိတ်ဆို့ထားကာ အဆုံးအဖြတ် တိုက်ပွဲအတွက် အစစ်အမှန် စစ်မြေပြင်တစ်ခုကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
မဟုတ်ပါက သူတို့သုံးဦး၏ အကြွင်းကျန် စွမ်းအင်များ ရိုက်ခတ်မူက ကျောက်စိမ်းမြို့တော် ကို မြေလှန်ဖျက်ဆီးပစ်ရန် လုံလောက်ပေလိမ့်မည်။
"မူလတာအိုသခင်... ထွက်လာစမ်း"
ဟုန်ယွိ ပြောဆိုလိုက်သည်နှင့် သူ၏ မျက်ခုံးနှစ်ခုကြားမှ မူလတာအိုသခင်သည် မသေမျိုး စစ်အလံကို လွှမ်းခြုံလျက် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ ဧရာမစွမ်းအင် လှိုင်းလုံး ကြီးမှာ ထိုနေရာတွင် ရှိနေသူအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေပြန်သည်။
"ယန်ဖန်... ခင်ဗျားမှာ အတုမဲ့ အနာဂတ်သခင် ကိုယ်ပွားရှိသလို၊ ကျုပ်ကလည်း မူလ တာအိုသခင်ဆိုတဲ့ ကိုယ်ပွားကို သန့်စင်ထားတယ်။ အနာဂတ်သခင်ကို ထုတ်ပြပြီး ကျုပ်ကိုယ်ပွားနဲ့ ဘယ်သူက ပိုအစွမ်းထက်လဲ ယှဉ်ပြိုင်ကြည့်ရအောင်လေ"
ဟုန်ယွိ ပြောလိုက်သည်နှင့် မူလတာအိုသခင်က လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ကြီးမားထွားကျိုင်းလာပြီး ယန်ဖန်ထံသို့ တိုးဝင်သွားသည်။ ထိုလှုပ်ရှားမှုနှင့်အတူ ခန့်ညားထည်ဝါသော စစ်တပ်ကြီးတစ်တပ်၏ ပုံရိပ်ယောင်များမှာ လည်း ကောင်းကင်ယံတွင် ထင်ဟပ်လာတော့သည်။
"စစ်သည်တော်တို့ တိုက်ပွဲ၊ အာဇာနည်သူရဲကောင်း ဝိညာဉ်များ... ပြိုင်ဘက်ကင်း စစ်ဝိညာဉ်"
မူလတာအိုသခင်၏ တိုက်ကွက်မှာ မသေမျိုးစစ်အလံအတွင်းရှိ မရေမတွက်နိုင်သော သူရဲကောင်း ဝိညာဉ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ စစ်ဘက်ရေးရာ ဝန်ကြီးသည် ဗဟိုကမ္ဘာအတွက် အသက်ပေးလှူခဲ့ကြသော သူရဲကောင်းဝိညာဉ်အားလုံးကို စုစည်းကာ ဤမသေမျိုးစစ်အလံကို သန့်စင်ခဲ့ခြင်း ဖြစ်သည်။
ယခု ထိုအာဇာနည် သူရဲကောင်း ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသော ပြိုင်ဘက်ကင်း စစ်ဝိညာဉ်သည် ဧကရာဇ်ယန်ဖန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ ဧကရာဇ် ယန်ဖန်သည် မိမိကိုယ်ကိုယ် ကောင်းကင်အပြင်ပနယ်မြေရှိ ကျယ်ပြောလှသော စစ်မြေ ပြင်ကြီးထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရပြီး၊ လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက တည်းက ဗဟိုကမ္ဘာအတွက် တိုက်ပွဲဝင်ခဲ့ကြသော ကုဋေချီသည့် သူရဲကောင်း ဝိညာဉ်များ ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ဧကရာဇ်ယန်ဖန်နှင့် ဟုန်ရွှန်ကျိပါ မည်သည့်အရာကိုမျှ ဖုံးကွယ် မထားရဲတော့ဘဲ အစွမ်းကုန် တုံ့ပြန်ကြရတော့သည်။
"ရှင်ခြင်းသေခြင်း၊ ဖန်ဆင်းခြင်းသံသရာ၊ ကမ်းတစ်ဖက်သို့ ကူးခတ်ခြင်း၊ ခါးသီးဖွယ် ဒုက္ခပင်လယ်..."
ဟုန်ရွှန်ကျိက တိုးညှင်းစွာ ရွတ်ဆိုရင်း သူ၏ လက်သီးကို လှုပ်ရှားလိုက်သည်။ လက်သီးရိပ် သန်းပေါင်းများစွာက မူလတာအိုသခင်ထံသို့ တိုးဝင်သွားသည်။ လက်သီးချက် တစ်ခုချင်းစီ ၏ စွမ်းအားမှာ ချီလင်နတ်ဘုရားသားရဲကြီး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှသည်။
ဧကရာဇ်ယန်ဖန်ကမူ သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ အနာဂတ်သခင်၏ မျက်လုံး ကိုးလုံးမှ နတ်ဘုရားအလင်းတန်းကိုးခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများသည် လက်ဝါးကိုးခုအဖြစ် ပြောင်းလဲသွားပြီး မဟာလေဟာနယ်လက်ဝါးကို အစွမ်းကုန် ထုတ်ဖော်ကာ သူရဲကောင်း ဝိညာဉ်များ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ တစ်ချိန် တည်းမှာပင် သူ၏ လက်ချောင်းငါးချောင်းကို မြှောက်လိုက်ရာ ဝဲဂယက်တစ်ခု ပေါ်လာပြီး မဟာဟင်းလင်းပြင် မူလစွမ်းအင်များမှာ သန်းပေါင်းရာချီသော ဧရာမ ဝေလငါးကြီးများ တစ်ပြိုင်နက်တည်း ရေပန်းထုတ်နေသကဲ့သို့ ပန်းထွက်လာသည်။
"ဝုန်း"
ပြင်းထန်သော ထိုစွမ်းအင်များသည် မသေမျိုးစစ်အလံ၏ စစ်ပွဲအရှိန်အဝါများကို ဖောက်ထွင်းပြီး ဟုန်ယွိ၏ ရှေ့တည့်တည့်သို့ ရောက်လာသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"
ဟုန်ယွိက “ကောင်းတယ်” ဟု သုံးကြိမ်တိုင်တိုင် ချီးကျူးအော်ပြောလိုက်သော်လည်း သူကိုယ်တိုင်ကမူ ဘာမှ မလှုပ်ရှားပေ။ သူ၏ဘေးပတ်လည်ရှိ ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးမှာ ချက်ချင်းပင် ပူးပေါင်းလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်များက ခိုင်ခံ့သော "ပျက်သုဉ်းခြင်းဒိုင်း" တစ်ခုအဖြစ် ပြောင်းလဲကာ တိုက်ခိုက်မှုကို အပြည့်အဝ တားဆီး လိုက်သည်။
“ငါ့ရဲ့ ဒီသိုင်းကွက်ကို ခံစားကြည့်စမ်း... အသွင်ငါးမျိုး တစ်ခုတည်းပေါင်းစည်းခြင်း"
တစ်ချိန်တည်းမှာပင် ဟုန်ယွိက လက်မောင်းများကို ဖြန့်လိုက်ပြီး နောက်ထပ် လက်သီး တစ်ချက် ထိုးလိုက်သည်။ ဤလက်သီးချက်တွင် 'ဟင်းလင်းပြင်'၊ 'ထာဝရ'၊ 'ကိုယ်ကျင့် တရား'၊ 'သူတော်စင်ပေါင်းစုံ' နှင့် 'လွတ်လပ်ခြင်း' ဟူသော မဟာမူလစွမ်းအင်ငါးမျိုး ပေါင်းစပ်ထားသည်။ ထိုလက်သီးချက်ကြောင့် ကောင်းကင်နှင့် မြေကြီး ပျက်စီးသွားမ တတ်၊ စကြဝဠာကြီး အလင်းပျောက်သွားမတတ်၊ မဟာကမ္ဘာလောကကြီး ဖျက်ဆီးခံရပြီး အချိန်နှင့် ဟင်းလင်းပြင်များ ရှုပ်ထွေးသွားမတတ် ရိုက်ခတ်သွားသည်။
"အသွင်ငါးမျိုးတစ်ခုတည်း ပေါင်းစည်းခြင်း" လက်သီးချက်၏ ပြင်းထန်လှသော စွမ်းအား မှာ မူလစွမ်းအင်များဖြင့် ပေါင်းစပ်လျက် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ နှစ်ဦးလုံးကို တိုက်ရိုက် လွှမ်းခြုံသွားသည်။ ဦးစွာပထမ၊ ဟုန်ယွိက ဟုန်ရွှန်ကျိ၏ လက်သီးချက်ကို အပြီးတိုင် ချေမှုန်းလိုက်ရာ သူ၏ အင်မော်တယ် ကျောက်စာတိုင်မှာလည်း တစ်ဖန် ပြန်လည် ကွဲကြေ သွားပြီး မရေမတွက်နိုင်သော မှော်သင်္ကေတပေါင်းများစွာအဖြစ် ပြန့်ကျဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိက ခန္ဓာကိုယ်ကို ဝေ့ဝိုက်လှုပ်ရှားကာ ဟုန်ရွှန်ကျိ၏ ရှေ့တည့် တည့်တွင် ရုတ်တရက် ပေါ်လာပြီး၊ သူ၏လက်နှစ်ဖက်က တူကြီးနှစ်လက်အလား အထက်မှနေ၍ ဟုန်ရွှန်ကျိအပေါ်သို့ ပြင်းထန်စွာ ထုချလိုက်သည်။
"ဟုန်ရွှန်ကျိ... ခင်ဗျားရဲ့ အသွင်မျိုးစုံပြောင်းလဲခြင်းနည်းလမ်းက ရွှီဝူယွိနဲ့ ယှဉ်ရင် အများ ကြီး လိုသေးတယ်။ ခင်ဗျား ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ရောက်တဲ့အထိ ကျုပ် မစောင့်နိုင်တော့ဘူး။ ဒီနေ့မှာပဲ ခင်ဗျားရဲ့ သိုင်းပညာတွေကို ကျုပ် လုံးဝ ဖယ်ရှားပစ်ရ တော့မယ်။”
"၃၃ ဘုံ ကောင်းကင်နန်းတော်"
ဟုန်ရွှန်ကျိ၏ မျက်နှာမှာ ပြောင်းလဲခြင်းမရှိပေ။ သူသည် ဟုန်ယွိ၏ ထိုက်ရှိတောင်တန်း လက်သီးချက်ကို အင်အားသုံးကာ တုံ့ပြန်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အေးစက်စွာ ပြုံးရင်း ခါးကိုလှည့်ကာ ခြေဖြင့် တစ်ချက်ကန်လိုက်သည်။ ထိုခြေကန်ချက် မှာ ရှေးဟောင်း သိုင်းပညာတစ်ခုဖြစ်သော မိစ္ဆာဘုရင်ခြေကန်ချက်ပင် ဖြစ်သည်။
"ဝုန်း"
သူ ကန်လိုက်သည်နှင့် သူ၏ခြေချောင်းများမှာ တုန်ခါသွားပြီး ပတ်ဝန်းကျင်တွင် မရေ တွက်နိုင်သော ချီစွမ်းအင်လှိုင်းများ ရစ်ပတ်နေသည်။ သူ၏ ခြေချောင်းများက ရေပေါ်တွင် ဝဲပျံနေသော ပျံလွှာတစ်ကောင်ကဲ့သို့ပင် တစ်စက္ကန့်လျှင် အကြိမ်ပေါင်း သန်းချီသော အမြန်နှုန်းဖြင့် တုန်ခါနေပြီး၊ ဟင်းလင်းပြင်ကို တိုက်ရိုက် ဖောက်ထွက်ကာ ဟုန်ယွိ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ အပ်စိုက်မှတ်များကို တိုက်ခိုက်ရန် ဦးတည်နေသည်။
ဤခြေကန်ချက်မှာ အလွန်ပင် လျှို့ဝှက်ဆန်းကျယ်ပြီး ကာကွယ်ရန် ခက်ခဲလှသည်။ အကယ်၍ ရှောက်ရှိူက်အဆင့်ရှိ ပညာရှင်တစ်ဦးသာ ဖြစ်ပါက ဤတိုက်ကွက် တစ်ချက် တည်းဖြင့်ပင် ရှုံးနိမ့်သွားပေလိမ့်မည်။ ရှေးဦးခေတ်ကာလက "မိစ္ဆာဘုရင်" နှင့် "အထီးကျန် ဘုရင်" တို့မှာ မဟာနတ်ဘုရားဘုရင် ငါးပါးပြီးလျှင် ဒုတိယအဆင့်ရှိသော အင်အားကြီး မိစ္ဆာနတ်ဘုရား စစ်သူကြီးများ ဖြစ်ကြသည်။
သို့သော် ထိုခြေကန်ချက်က ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး ဟုန်ယွိ၏ အပ်စိုက်မှတ်များ ကို ထိခိုက်တော့မည့် အချိန်တွင် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးမှာ ချက်ချင်း ပင် စုစည်းလိုက်ပြီး ခေါင်းနှင့်အမြီး ချိတ်ဆက်လျက် ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ တားဆီးလိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး မှာ ပြန်လည် ကန်ထုတ်လိုက်သဖြင့် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရတော့သည်။
"ကြယ်တစ်သောင်းကွင်းဆက်၊ နေနဲ့လချေမှုန်းခြင်း ကြယ်ပျံများ"
ဟုန်ရွှန်ကျိ နောက်ဆုတ်သွားသည်ကို အခွင့်ကောင်းယူကာ ဟုန်ယွိ၏ နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသား ခန္ဓာကိုယ်မှာ သက်တံကဲ့သို့ လှုပ်ရှားလာပြီး၊ ကောင်းကင် အပြင်ပနယ်မြေမှ နေနှင့်လကိုချေမှုန်းကြယ်ပျံ သန်းပေါင်းများစွာသဖွယ် အဆက်မပြတ် ထိုးနှက်တော့သည်။ ထိုလက်သီးချက်များကြောင့် ဟုန်ရွှန်ကျိမှာ ယိမ်းထိုးသွားပြီး သူ၏ အပ်စိုက်မှတ်များအတွင်းရှိ မူလစွမ်းအင်များမှာ ကစဉ့်ကလျား ဖြစ်သွားရသည်။
ဟုန်ယွိသည် အသွင်မျိုးစုံပြောင်းလဲခြင်း နတ်ဘုရားတန်ခိုးစွမ်းအားကို ရရှိထားသည်မှာ ကြာပြီဖြစ်သလို ရွှီဝူယွိနှင့်လည်း တိုက်ခိုက်ဖူးသဖြင့် အတွေ့အကြုံ အလွန်များပြားလှ သည်။ အခြားတစ်ဖက်တွင်မူ ဟုန်ရွှန်ကျိသည် ဤနယ်ပယ်သို့ ရောက်ရှိခါစသာ ဖြစ်သဖြင့် တိုက်ခိုက်ရေး နည်းစနစ်များတွင် ကျွမ်းကျင်မှု အားနည်းနေသေးသည်။ ထို့ပြင် ဟုန်ယွိထံ တွင် ပျက်သုဉ်းခြင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါး၏ အကူအညီလည်း ရှိနေသေးသည်။
မျက်တောင်တစ်ခတ်အတွင်း လက်သီးချက် ထောင်ပေါင်းများစွာ ထိပ်တိုက်တွေ့ဆုံသွား သည်။ ထိုက်ကျိ မူလစိတ်ဝိညာဉ်၏ လည်ပတ်မှုနှင့်အတူ ဟုန်ယွိ၏ ထက်မြက်လှသော အာရုံခံစားမှုက ဟုန်ရွှန်ကျိ၏ အပ်စိုက်မှတ်များအတွင်းရှိ စွမ်းအင်များ အနည်းငယ် ကမောက်ကမ ဖြစ်သွားသည်ကို သတိပြုမိလိုက်သည်။ ဤအခွင့်အရေးကို အသုံးချကာ သူသည် ဟုန်ရွှန်ကျိ၏ နည်းလမ်းကို တုပပြီး ပြန်လည် ကန်ထုတ်လိုက်သည်။
သို့သော် ဤတိုက်ကွက်မှာ "မိစ္ဆာဘုရင် ခြေကန်ချက်" မဟုတ်ဘဲ ဗဟိုကမ္ဘာ၏ အမြင့်ဆုံး သိုင်းပညာတစ်ခု ဖြစ်သော ထာဝရမသေမျိုးခြေလှမ်း ဖြစ်ပြီး၊ စစ်ဘက်ရေးရာဝန်ကြီးက သူတို့ခေါင်းဆောင်၏ သိုင်းပညာကို တိတ်တဆိတ် ခိုးယူသင်ကြားထားခြင်း ဖြစ်သည်။
ဝှစ်… ဝှစ်… ဝှစ်… ဤသိုင်းကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ အပေါ်သို့ ခုန်တက်လိုက်ရာ မျောက်ဝံတစ်ကောင်၏ ခုန်ပေါက်နေဟန် ရှိသော်လည်း အဆပေါင်း ရာချီ၍ ပိုမို နက်ရှိုင်းသည်။ သူ၏ ခန္ဓာကိုယ်မှာ ဟုန်ရွှန်ကျိ၏ ခေါင်းပေါ်သို့ ရောက်ရှိသွားပြီး နင်းချလိုက်သည်။
"ဘုန်း"
ဟုန်ရွှန်ကျိသည် ဟုန်ယွိ၏ လက်သီးချက်ကို ခံယူလိုက်ရရုံသာ ရှိသေးပြီး၊ အတွေး တစ်ချက်အတွင်းမှာပင် ဟုန်ယွိ၏ ခြေထောက်က သူ့ခေါင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ပတ်ဝန်းကျင် တစ်ခုလုံးတွင် ခြေထောက်၏ စွမ်းအားများက ဖုံးလွှမ်းနေ ပြီး၊ သူ၏ ခြေဖဝါးအောက်ရှိ ဟင်းလင်းပြင်မှာလည်း သူ့ကို ဆွဲယူနေသည့် စွမ်းအားတစ်ခု ရှိနေသကဲ့သို့ ခံစားရကာ သူ လှုပ်ရှား၍ မရနိုင်တော့ပေ။
ဤအလွန်အမင်း အန္တရာယ်ရှိသော အခိုက်အတန့်တွင်၊ သူသည် သူ့ခေါင်းကို စောင်းလိုက် ပြီး ခန္ဓာကိုယ်ကို ကျုံ့လိုက်ကာ နင်းခြေချက်ကို ခဏချင်းအတွင်း ရှောင်တိမ်းလိုက်သည်။
သို့သော် ဟုန်ယွိ၏ ခြေကန်ချက်မှာ ကောင်းကင်ယံတွင် ပျံဝဲနေသော နဂါးတစ်ကောင် ကဲ့သို့ အသွင်ပြောင်းလဲသွားပြန်သည်။ သူ၏ခြေနှစ်ဖက်မှာ မူလနဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မူလဘိုးဘေးနဂါးနှင့် မူလဉသျှောင်နဂါးတို့ပင် ဖြစ်သည်။ ထိုမူလနဂါး နှစ်ကောင်မှာ ကမ္ဘာပျက်ကပ်၏နဂါးအမွှာတာအိုအဖြစ် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကြသည်။
"ခင်ဗျားမှာ မူလနဂါးနှစ်ကောင်ရဲ့ မူလစွမ်းအင်တွေ ရှိနေပေမဲ့၊ ကမ္ဘာပျက်ကပ်ရဲ့ နဂါး အမွှာဆိုတာ ဘာလဲ ကျုပ် ပြပေးမယ်"
"ဝုန်း... ဝုန်း... ဝုန်း... ဝုန်း"
နဂါးများအဖြစ် ပြောင်းလဲသွားသော ခြေထောက်နှစ်ချောင်းမှာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ပြင်းထန်စွာ လိမ်ချိုးလိုက်ရာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ ချက်ချင်း ဆွဲဖြဲခံ လိုက်ရပြီး ရုတ်တရက် ပွင့်ထွက်သွားလေတော့သည်။