အခန်း ၇၂၈
Vol. 70 Ch. 728
အခန်း (၇၂၈)။
"ငါ့ကို သတ်ချင်တာလား။ မဖြစ်နိုင်ဘူး"
မဒမ်ကျောက်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး မှော်လက်နက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ဟင်းလင်းပြင် တစ်ခုလုံးကို ဝန်းရံသွားသည်။ အထွက်အ ထိပ် လူသားအင်မော်တယ် သုံးဦး၏ ဖိအားကို ရင်ဆိုင်ရစဉ် သူမသည် သူမ၏ အစွမ်းကုန် ထုတ်၍ ပြန်လည်ခုခံတိုက်ခိုက်လေတော့သည်။
"ယင်ယန် အလံတော်၊ မိစ္ဆာနဂါးဆေဘာ၊ မဟာတန်ခိုးတော်ကားချပ်၊ ဆဂီတိဂရဘ သုတ္တန်။ လျှို့ဝှက်နတ်ဘုရား ကျမ်းလိပ်။ ဗုဒ္ဓဘုရင် ဝင်္ကပါ! ဉာဏ်အလင်း စက်ဝန်း။ သွေးဧကရာဇ် ဖလား။ ရှစ်ဆယ့်ကိုးချောင်း ဓားမြှောင်၊ ဖူဆန်း သစ်သား..." (ဆဂီတိဂရဘ သုတ္တန် - ဆဂီတိဂရဘ - မဟာယနဂိုဏ်းတွင် အလွန်ထင်ရှားသော "ဘုရားလောင်း" တစ်ပါး ဖြစ်သည်။ သူ၏ အမည်မှာ "မြေကြီး၏ ဝမ်းဗိုက်" သို့မဟုတ် "ကမ္ဘာမြေ၏ သားအိမ်" ဟု အဓိပ္ပာယ်ရသည်။ ဤသုတ္တန်ကို ဂေါတမမြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်တွင် မိမိ၏မယ်တော် မာယာဒေဝီအား ကျေးဇူးဆပ်သောအားဖြင့် ဟောကြားခဲ့ ခြင်း ဖြစ်သည်။ အဓိက အကြောင်းအရာများမှာ - သားသမီးတို့၏ ကျေးဇူးဆပ်မှု- သေလွန် သွားသော မိဘများအတွက် သားသမီးတို့က မည်သို့ ကုသိုလ်ပြုလုပ်ပေးသင့်ကြောင်း၊ မည်သို့သော အမျှဝေမှုများဖြင့် မိဘများ ဒုက္ခလွတ်မြောက်နိုင်ကြောင်းကို အဓိကထား ဟောကြားထားသည်။ ထို့ကြောင့် ဤသုတ္တန်ကို "သားသမီးတို့၏ ကျေးဇူးဆပ်သုတ္တန်" ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ကံ၏အကျိုးပေး- လူတို့ပြုလုပ်သော ကောင်းမှု၊ မကောင်းမှု (ကံ) များ၏ အကျိုးဆက်များကို ငရဲဘုံအမျိုးမျိုးနှင့် ဆက်စပ်၍ အသေးစိတ် ရှင်းပြထားသည်။ မကောင်းမှုပြုသူများ မည်သို့သော ငရဲမျိုးတွင် ခံစားရမည်ကို သတိပေး နှိုးဆော်ထားသည်။ ကယ်တင်ခြင်းလမ်းစဉ်- ဆဂီတိဂရဘ ဘုရားလောင်း၏ မေတ္တာတော် နှင့် သူ၏ ကယ်တင်ခြင်းနည်းလမ်းများကို ဖော်ပြထားသည်။ အထူးသဖြင့် ဆင်းရဲ ဒုက္ခရောက်နေသော သတ္တဝါများအား မည်သို့ ကူညီစောင့်ရှောက်ကြောင်းကို သိရှိနိုင်ပါ သည်။)
အစွမ်းထက်သော မှော်ရတနာ ဆယ်ဂဏန်းကျော်က ဧရာမ အစီအရင်ဝင်္ကပါကြီးတစ်ခုကို ဖွဲ့စည်းကာ မဒမ်ကျောက်၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် မဒမ်ကျောက်သည် သူမ၏ ကြီးမားလှသော စွမ်းအားကို ထုတ်ဖော်ပြသလိုက်သည်။
"ခွေးမကျောက်၊ ထွက်ပြေးဖို့ စဉ်းစားနေတုန်းပဲလား။"
ချန်ယင်းရှာက လက်ချောင်းများကို ဝှေ့ယမ်းကာ လက်သည်းကုတ်ပုံစံ ဖန်တီး၍ ထိုးနှက် လိုက်သည်။ ပြင်းထန်လှသော အစစ်မှန်စွမ်းအင်များမှာ အရိုးဖြူရောင် ပါးစပ်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားပြီး မဒမ်ကျောက်၏ ခန္ဓာကိုယ်ကို ကိုက်ခဲ၍ နောက်သို့ ဆွဲခေါ်သွား သည်။
ရှောက်ရှိူက်၊ ဝူကျွမ်းနှင့် ရန်ယန်ဟူသော လူသားအင်မော်တယ် သုံးဦးသည် ဝင်္ကပါများကို တစ်ခုပြီးတစ်ခု ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။ ပထမဦးစွာ အစွမ်းထက် မှော်ရတနာအချို့ မှာ အသန့်စင်ဆုံးသော မူလစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤလူသားအင်မော်တယ် သုံးဦးသည် သူတို့၏ အစွမ်းအစ အပြည့်အဝကို အသုံးမပြုခဲ့ သော်လည်း သူတို့၏ စွမ်းအားမှာ အဆုံးအစမရှိပေ။ မဒမ်ကျောက်တွင် မှော်ရတနာများစွာ ရှိနေသော်လည်း ထိုသူများကို မတားဆီးနိုင်ခဲ့ချေ။
"မှော်ရတနာတွေ ဒီလောက်တောင် များတာလား။ ဟုန်ရွှန်ကျိရဲ့ တရားဝင်ဇနီးက တကယ် ကို ထူးခြားတာပဲ"
ဝီ... ဝီ... ဝီ...။ ဝီ... ဝီ... ဝီ...။
ရှောက်ရှိူက်က လှမ်းဖမ်းလိုက်ရာ မှော်ရတနာ သုံးခုသည် သူ၏ လက်ထဲသို့ ကျရောက် သွားပြီး လုံးဝ ဖိနှိပ်ချုပ်ကိုင်ခြင်း ခံလိုက်ရသည်။
မဒမ်ကျောက် မည်မျှပင် ရုန်းကန်စေကာမူ သူမသည် သူ၏ လက်ထဲတွင် ကြောင်က ကြွက်ကို ကစားနေသကဲ့သို့သာ ဖြစ်နေသည်။
"အပျော်မစောနဲ့ဦး"
မဒမ်ကျောက်က ဟစ်အော်လိုက်ပြီး သူမ၏ အစစ်မှန်စွမ်းအင်များမှာ တစ်ဖန် ပေါက်ကွဲ ထွက်လာပြန်သည်။ သူမ၏ ခန္ဓာကိုယ်ထဲမှ အတွေးစအမျှင်တန်းများ ထွက်ပေါ်လာပြီး သူမသည် 'ယင်ခြောက်ပါး မိစ္ဆာချိပ်ပိတ်ခြင်းပညာ' လျှို့ဝှက်ပညာရပ်ကို အသုံးပြုလိုက် သည်။
အဆင့် (၆) မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ဦး၏ အတွေးပေါင်း (၁၂၉,၆၀၀) လွင့်စင် ထွက်လာပြီး ပြိုင်ဘက်ကင်းသော တောက်ပမှုဖြင့် ပေါက်ကွဲထွက်လာသည်။ လူသား အင်မော်တယ် သုံးဦး၏ ဖိအားအောက်တွင် မဒမ်ကျောက်သည် ပြင်းထန်စွာ ပြန်လည် ခုခံခဲ့ပြီး အသက်ရှင်သန်ရန် အခွင့်အရေးရရှိရေးအတွက် သူမ၏ အတွေးများစကို လောင်ကျွမ်းလိုက်ခြင်း ဖြစ်သည်။
သူမသည် ဟုန်ယွိနှင့် နက်ရှိုင်းသော ရန်ငြိုးရှိကြောင်း သိထားသည်။ အကယ်၍ ဟုန်ယွိ၏ ဖမ်းဆီးခြင်းကို ခံရပါက သူမအနေဖြင့် သေတာထက်ဆိုးသော ကံကြမ္မာကို ကြုံတွေ့ရမည် ဖြစ်သည်။ သူမ ယခု ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အသက်ကို ပဓာနမထားကာ သေမထူး နေမထူး တိုက်ခိုက်လေတော့သည်။
"မိုးကြိုးကပ်ဘေး အတွေးစတွေ ဒီလောက်တောင် များပါလား။ အဲဒီအတွေးစတိုင်းက နက်နဲတဲ့ ကျင့်ကြံမှုတွေ ပါဝင်နေပြီး တကယ့် နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ရှေးဟောင်း မိစ္ဆာစွမ်းအင်တွေချည်းပဲ။ တကယ်တော့ ထျန်းရှဲ့ဇီ၊ သွေးအရိပ်နဲ့ တခြားမိစ္ဆာအိုကြီးတွေ အသတ်ခံရပြီးတဲ့နောက် သူတို့ရဲ့ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး အတွေးစတွေကို သူမကို ပေးခဲ့တာပဲ။ ဟုန်ရွှန်ကျိက ဒီမိန်းမအတွက် တကယ့်ကို အရင်းအနှီး ထုတ်ပေးခဲ့ တာပဲ။”
မဒမ်ကျောက်က သူမ၏ အတွေးစများကို လောင်ကျွမ်းစေပြီး ယင်ခြောက်ပါး မိစ္ဆာ ချိပ်ပိတ်ခြင်းပညာရပ်ကို ထုတ်ဖော်လိုက်စဉ် သန့်စင်သော ယင်စွမ်းအင် လမ်းကြောင်း ခြောက်ခုက ကောင်းကင်တွင် လိုဏ်ခေါင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအတွေးစများ မှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ပင်။ အံ့သြစရာ ကောင်းသည်မှာ ထိုအတွေးစများသည် အထွတ်အထိပ် လူသားအင်မော်တယ် သုံးဦးထံမှ လက်သီးချက်များကို တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ မဒမ်ကျောက်၏ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစ တစ်စိတ်တစ်ပိုင်းမှာမူ မိစ္ဆာချိပ်ပိတ်ခြင်း လမ်းကြောင်း ခြောက်ခု၏ အဆုံးမဲ့ ဟင်းလင်းပြင်အတွင်းသို့ ထွက်ပြေးသွားလေသည်။
မဒမ်ကျောက်သည် ထွက်ပြေးလွတ်မြောက်ရန် အစွမ်းကုန်ကြိုးစားသည့်အနေဖြင့် သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ရန် ပြင်ဆင်နေသည်။
အဆင့် (၆) မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ဦး၊ အထူးသဖြင့် အဆင့် (၆) မိုးကြိုး ကပ်ဘေး၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦး၏ စိတ်ဝိညာဉ် အတွေးစများကို လောင်ကျွမ်းခြင်းသည် မည်မျှ အစွမ်းထက်မည်နည်း။ ထိုအတွေးစများမှာ ဖန်ဆင်းရှင် သခင်များကိုပင် ခေတ္တမျှ နောက်ဆုတ်သွားစေနိုင်သော စွမ်းအားမျိုး ဖြစ်သည်။
အမှန်တကယ်ဆို မဒမ်ကျောက်၏ ကျင့်ကြံမှုသည် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ၏ အထွတ်အထိပ်သို့ မရောက်သေးပေ။ သူမသည် တစ္ဆေအင်မော်တယ်အဆင့်တွင်သာ ရောက်ရှိသေးပြီး မိုးကြိုးကပ်ဘေးအဆင့်များနှင့် များစွာ ဝေးကွာနေသေးသည်။
သို့သော် ယခင်က ကောင်းကင်ဖြိုခွဲ ဧကရာဇ် ခိုလှုံလာစဉ်၊ သူသည် ထျန်းရှဲ့ဇီ၊ သွေးအရိပ် နှင့် အခြားနှစ်ထောင်ချီ မိစ္ဆာသခင်များကို သတ်ဖြတ်ကာ အစွမ်းထက်သော အတွေးစများ စွာကို စုဆောင်းခဲ့သည်။ ထိုနှစ်ထောင်ချီ မိစ္ဆာသခင်များ၏ အတွေးစများမှာ ယွမ်းရှန်းရှန်း နှင့် ကျီရှန်းထျန်းတို့ထက်ပင် ပိုမို အစွမ်းထက်နေသေးသည်။ ထိုအတွေးစများမှာ မိစ္ဆာ စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ဟုန်ရွှန်ကျိသည် ထိုအတွေးစများကို အသုံးပြု၍ မဒမ်ကျောက်၏ ကျင့်ကြံမှုကို မြှင့်တင်ပေးခဲ့ခြင်းမှာ အဆန်းမဟုတ်ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဟုန်ရွှန်ကျိ၏ သိုင်းပညာသည် အလွန်တိုးတက်လာခဲ့ ပြီး သူ၏ နည်းလမ်းများမှာလည်း အလွန်အစွမ်းထက်လာခဲ့သည်။ မဒမ်ကျောက်သည် လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး သူမ၏ လက်ထဲတွင် အစွမ်းထက်သော မှော်ပစ္စည်း များစွာ ရှိနေခဲ့သည်။
ယခု မဒမ်ကျောက်သည် အထွတ်အထိပ် လူသားအင်မော်တယ် သုံးဦး၏ ဖိအားကို ရင်ဆိုင် ရသောအခါ၊ ပထမဦးစွာ မှော်ရတနာများစွာကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် အထွတ်အထိပ် လူသားအင်မော်တယ် သုံးဦးက သူတို့၏ အစွမ်းအစ အပြည့်အဝကို အသုံးမပြုလိုသော စိတ်နေသဘောထားကို အခွင့်ကောင်းယူကာ အတွေးစများ လောင်ကျွမ်းခြင်းကို အသုံးပြုပြီး မျှော်လင့်ချက်ရောင်ခြည် တစ်စကို အတင်းအကျပ် ရှာဖွေခဲ့ခြင်း ဖြစ်သည်။
…
သို့သော် နောက်တစ်ခဏမှာပင် သူမ၏ မျှော်လင့်ချက်ရောင်ခြည်မှာ ချက်ချင်း ရိုက်ချိုး ဖျက်ဆီး ခံလိုက်ရသည်။
အကြောင်းမှာ ချန်ယင်းရှာက တစ်ဖန် လှုပ်ရှားလိုက်ပြီး 'အင်မော်တယ် ကျောက်စာတိုင်' သည် အတွင်းဘက်သို့ ရစ်ပတ်ချုပ်နှောင်လာသောကြောင့် ဖြစ်သည်။
"သိုင်းကွက်တစ်သောင်း တစ်ခုတည်းဖြစ်စေ၊ သိုင်းကွက်တစ်သောင်း အစီအရင်။"
မှော်ရတနာများ အားလုံးမှာ အင်မော်တယ် ကျောက်စာတိုင် အတွင်းသို့ စုပ်ယူခံလိုက်ရပြီး မဒမ်ကျောက်၏ မိစ္ဆာချိပ်ပိတ်ခြင်းပညာမှာလည်း အတင်းအကျပ် ချိပ်ပိတ်ခံလိုက်ရသည်။ ထို့နောက် ချန်ယင်းရှာက မဒမ်ကျောက်ကို ရစ်ပတ်ကာ သူမ၏ စိတ်ဝိညာဉ်ကို အေးခဲ လိုက်သည်။ သူမက မဒမ်ကျောက်၏ ခန္ဓာကိုယ်ကိုပါ ရစ်ပတ်လိုက်ပြီး ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပေါင်းစည်းခြင်း။ ရှန်ထျန် အပ်စိုက်မှတ်များ၊ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပေါင်းစည်းခြင်း။ မခွဲမခွာ။ တစ်သက်တာ ညှဉ်းပန်းနှိပ်စက်ခြင်း"
ဖျစ်… ဖြောက်….
မဒမ်ကျောက်၏ စိတ်ဝိညာဉ် တစ်ခုလုံးသည် အသန့်စင်ဆုံးသော စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး သူမ၏ အပ်စိုက်မှတ်များအတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ သွေးသားများဖြင့် ပြည့်လျှံလာပြီး ရှင်သန်ခြင်း အငွေ့အသက်များ တိုးပွားလာသည်။
တကယ်တော့ ချန်ယင်းရှာက အင်မော်တယ် ကျောက်စာတိုင်၏ စွမ်းအားနှင့် လျှို့ဝှက် ဆန်းကြယ်သော အစီအရင်ကို အသုံးပြု၍ မဒမ်ကျောက်၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းပေးလိုက်ခြင်း ဖြစ်သည်။ သူမအား ကျင့်ကြံသူတစ်ဦး အဖြစ်မှ အထွတ်အထိပ် သိုင်းသူတော်စင်သို့မဟုတ် လူသားအင်မော်တယ် တစ်ဦးအဖြစ်သို့ပင် ပြောင်းလဲပစ်လိုက် ခြင်းပင်။
မဟုတ်သေး၊ မဒမ်ကျောက်၏ ခန္ဓာကိုယ်သည် ယခုအခါ လူသားအင်မော်တယ် တစ်ဦး ဖြစ်လာခဲ့ပြီ။ အကြောင်းမှာ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးပညာရှင်များ၏ အတွေးစများမှ ထွက်ပေါ်လာသော မူလစွမ်းအင်မှာ အလွန်တရာ များပြားလှသောကြောင့် ခန္ဓာကိုယ် အပ်စိုက်မှတ်များအတွင်းသို့ ပျံ့နှံ့သွားသောအခါ လူတစ်ဦး၏ ရုပ်ခန္ဓာကိုယ်ကို လူသားအင်မော်တယ်အဆင့်သို့ မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူမ၏ စိတ်ဝိညာဉ်မှာမူ ထိုအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။
ဘုတ်….
မဒမ်ကျောက်သည် လူသားအင်မော်တယ် တစ်ဦး ဖြစ်လာပြီးနောက် သူမ ဆက်၍ မပျံသန်းနိုင်တော့ပေ။ သူမသည် ကောင်းကင်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ကျရောက် သွားသည်။ ချန်ယင်းရှာက သူမလက်ချောင်းဖြင့် ညွှန်ပြလိုက်ရာ အင်မော်တယ် ကျောက်စာတိုင်၏ အဆောင်လက်ဖွဲ့များသည် ကြိုးများအဖြစ် ပြောင်းလဲသွားပြီး မဒမ်ကျောက်ကို တုပ်နှောင်လိုက်သည်။
အာဏာစက်ကြီးထွားလှသော ဧကရာဇ်အကြံပေး၏ သခင်မ၊ အထွဋ်ထိပ်ကောင်းကင် နယ်မြေ၏ လက်ရှိ ဂိုဏ်းချုပ်နှင့် ကျောက်စိမ်းမြို့တော် တစ်ခုလုံးတွင် အကျော်ကြားဆုံး ဖြစ်သော အမျိုးသမီးသည် ယခုအခါ အကျဉ်းသားတစ်ဦးကဲ့သို့ ကြိုးတုပ်ခံထားရလေပြီ။
ရန်ယန်၊ ဝူကျွမ်းနှင့် ရှောက်ရှိူက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရပ်တန့် လိုက်ကြသည်။ သူတို့ တကယ်တမ်း မလှုပ်ရှားချင်ကြပေ။ ကြယ်သခင်များ အနေဖြင့် သူတို့သည် ဖန်ဆင်းရှင်သခင်များနှင့် အဆင့်အတန်းတူညီကြရာ မဒမ်ကျောက်အပေါ် အစွမ်းကုန် မတိုက်ခိုက်နိုင်သည်မှာ သဘာဝပင် ဖြစ်သည်။ သူမကို ထွက်မပြေးစေရန် တားဆီးနိုင်လျှင်ပင် လုံလောက်ပြီ ဖြစ်သည်။
"မဒမ်ကျောက်၊ အခု ရှင့်ခန္ဓာကိုယ်က လူသားအင်မော်တယ်ဖြစ်သွားပြီဆိုတော့ ရှင့် စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကို စွန့်ခွာပြီး ထွက်ပြေးလို့ မရတော့ဘူး။ ထွက်သွားချင်ရင် တောင် သွားလို့မရတော့ဘူး။ နိုင်ငံတော် ဥပဒေအရ ရှင့်ကို ကျွန်အဖြစ် အဆင့်လျှော့ချချိန် မှာ ရှင့်ခန္ဓာကိုယ်ကို သုံးပြီး လူအများကြီးကို အလုပ်အကျွေးပြုနိုင်ပြီပေါ့။ အားလုံးပဲ... သူမရဲ့ အပ်စိုက်မှတ်တွေကို ချိပ်ပိတ်ဖို့ ကူညီကြပါဦး။"
နင်ဂျာဘုန်းတော်ကြီးက လျှောက်လာပြီး အငြိုးတကြီး ပြောလိုက်ကာ ကောင်းကင်ကို ကြည့်၍ အားရပါးရ ရယ်မောလေသည်။ သူ့ကဲ့သို့ ဘုန်းတော်ကြီးတစ်ပါးက ဤကဲ့သို့သော စကားမျိုးကို ပြောဆိုခြင်းမှာ သူ၏ရန်ငြိုး မည်မျှ နက်ရှိုင်းကြောင်း ပြသနေသည်။ တကယ် တော့ ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံရစဉ်ကတည်းက သူသည် အရာအားလုံးကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။ ယခုတော့ သူ နောက်ဆုံးတွင် ကလဲ့စားချေခွင့် ရသွားခဲ့ပြီ။
မြောက်ပြန်ကြယ်သခင်မ ယွိပေယောင်က ခပ်ပြုံးပြုံးဖြင့် သူမ၏ လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် အလင်းတန်းများစွာ ထွက်ပေါ်လာပြီး မဒမ်ကျောက်၏ ခြေလက်များ၊ အရိုးများနှင့် အပ်စိုက်မှတ်များအားလုံးကို ချိပ်ပိတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း မဒမ်ကျောက်သည် လူသားအင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင် သည့် အမျိုးသမီးတစ်ဦး ဖြစ်လာသော်လည်း သာမန်လူတစ်ယောက်၏ ခွန်အားကိုသာ ထုတ်ဖော်နိုင်တော့သည်။
“မင်းတို့… မင်းတို့ တကယ့်ကို ရက်စက်ကြတာပဲ။ ရွှန်ကျိသာ ဒါကို သိသွားရင် မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ မင်းတို့အားလုံး သေရလိမ့်မယ်"
သူမ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို ခံစားရပြီးနောက် မဒမ်ကျောက်သည် တည်ငြိမ်သွားသည်။ ချန်ယင်းရှာက ဘာကြောင့် ဤသို့လုပ်ရသည်ကို သူမအနေဖြင့် ခန့်မှန်းမိပြီးသား ဖြစ်သည်။
"ဟုန်ရွှန်ကျိလား။ သူလည်း သိပ်ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟုန်ယွိက သူ့ကို ဖမ်းပြီး သိုင်းကျင့်စဉ်တွေ ဖျက်ဆီးပြီးရင် ရှင်နဲ့ တွေ့ပေးပါလိမ့်မယ်။ ကျွန်မတို့က ရှင့်ကို ဘာမှ မလုပ်ပါဘူး။ မင်းသားယု ထီးနန်းတက်လာပြီး ရှင့်ကို ပြစ်ဒဏ် သင့် ကျွန်အဖြစ် သတ်မှတ်တဲ့ အမိန့်စာ ထွက်လာတဲ့အထိ စောင့်ရမှာပဲ။” ချန်ယင်ရှားက အေးစက်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် ဟုန်ရှီ၏ အပ်စိုက်မှတ်များနှင့် ကြွက်သားများလည်း ချိပ်ပိတ်ခံလိုက်ရသည်။ သူ၏ “အကျဉ်းထောင်နှိမ်နှင်းခြင်း” ဆေဘာနှင့် ရွှေရောင်အင်မော်တယ် ဝတ်ရုံတို့လည်း သိမ်းဆည်းပြီးနောက် ငါးရောင်ခြယ်ကြိုးများဖြင့် တုပ်နှောင်၍ သခင်မကြီး ကျောက်၏ ဘေးသို့ ခေါ်ဆောင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် စစ်သည်တော် အများအပြားမှာ ဟုန်အိမ်တော်အတွင်းသို့ ဝင်ရောက် လာပြီး ဆယ်မိုင်ပတ်လည်အတွင်းရှိ ဟုန်မိသားစုစံအိမ်၏ တိုက်ရိုက် မျိုးဆက် သောင်းချီ ကို ဖမ်းဆီးခဲ့ကြသည်။ သူတို့အထဲတွင် ကျောက်မိသားစု၏ တပည့် သုံးထောင်နှင့် ဟုန်မိသားစု၏ တပည့်နှစ်ထောင် ပါဝင်သည်။ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်သွား ခြင်း မရှိပေ။ တစ်နာရီမပြည့်မီ အချိန်အတွင်း လူအားလုံးမှာ ငါးရောင်ကြိုးများဖြင့် တုပ်နှောင်ခံရပြီး အိမ်တော်၏ အဓိက ရင်ပြင်တွင် ဒူးထောက်ခိုင်းခြင်း ခံလိုက်ရသည်။
မဒမ်ကျောက်သည်လည်း မြေပြင်ပေါ်တွင် အတင်းအကျပ် ဒူးထောက်ခိုင်းခံနေရပြီး သူမမျက်လုံးများတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။ သို့သော် သူမတွင် မျှော်လင့် ချက်ရောင်ခြည် တစ်စွန်းတစ်စ ရှိနေဆဲ ဖြစ်ပြီး၊ ထိုမျှော်လင့်ချက်မှာ ပြိုင်ဘက်ကင်း သိုင်းပညာရှင်ဖြစ်သော သူမ၏ခင်ပွန်း ဟုန်ရွှန်ကျိက သူမကို လာကယ်မည်ကို စောင့်ဆိုင်း ရန်ပင် ဖြစ်သည်။
"အခုတော့ ဟုန်မိသားစုစံအိမ် တစ်ခုလုံး ငါတို့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ။ ငါတို့ တိုက်ပွဲကို ရပ်သင့်လား ဆက်တိုက်မလား။ ဒါမှမဟုတ် နန်းတော်ကို တစ်ခါတည်း ဝင်သိမ်း လိုက်ရမလား။ နန်းတော်ကို ထိန်းချုပ်နိုင်မှပဲ မင်းဆက်တစ်ခုရဲ့ တကယ့် အောင်မြင်မှုဆို တာ မင်းတို့ သိသင့်တယ်။" ရှောင်ရှိူက် မဒမ်ကျောက်၏ ရန်ငြိုးတကြီး ကြည့်နေမှုကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ လက်သီးများကို ဆုပ်လိုက်၊ ဖြန့်လိုက် လုပ်ရင်း ပြောလိုက်သည်။ သူကိုယ်တိုင်မှာ စွန့်စားရသည်ကို အလွန် ဝါသနာထုံသူ ဖြစ်သည်။
"ဟုန်ယွိ၊ ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့ရဲ့ တိုက်ပွဲ ဘယ်လိုဖြစ်မလဲဆိုတာ အရင်ကြည့်ရအောင်။ သူတို့တိုက်ပွဲကသာ ဒီအောင်ပွဲအတွက် အဆုံးအဖြတ်ပဲ။ ကျွန်မတို့ အခုလုပ်ရမှာက မြို့ထဲ က မှူးမတ်တွေနဲ့ သာမန်လူတွေ စိုးရိမ်ထိတ်လန့်ခြင်း မရှိအောင် နှစ်သိမ့်ပေးဖို့ပဲ။ ချန်ယင်းရှာက ပြောလိုက်သည်။ "ဒုတိယအချက်ကတော့ နန်းတွင်းကိုယ်ရံတော်တွေ၊ စကြာဝဠာနဂါးတပ်ဖွဲ့တွေ၊ မီးလျှံအမြောက်တပ်ဖွဲ့၊ ဖန်ဆင်းခြင်းအရိပ် ကိုယ်ရံတော်တွေနဲ့ တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိတဲ့ တပ်ဖွဲ့တွေကို ရှင်းလင်းဖို့ပဲ။ အထူးသဖြင့် ဂွန်ယန်ယုနဲ့ ကောင်းကင်မိစ္ဆာမျောက်ဝံကြီး ပါ့လို ကျွမ်းကျင်သူတွေကို ဖမ်းဆီးရမယ်။ တတိယအချက်ကတော့ အခြေအနေက ဒီလောက် မရိုးရှင်းဘူးလို့ ကျွန်မ ထင်တယ်၊ တခြားကျွမ်းကျင်ပညာရှင်တွေ လာနှောင့်ယှက်နိုင်တယ်။ ရှင်တို့ ငါးယောက် သေချာ ဂရုစိုက်ပါ။ ဖန်ဆင်းရှင်သခင်အဆင့် ကျွမ်းကျင်သူတွေ ပေါ်လာရင် ချက်ချင်းဖမ်းပြီး သတ်ပစ်ပါ။ အထူးသဖြင့် တိုင်ရှင်တာအိုဂိုဏ်းချုပ်နဲ့ ကောင်းကင်အပြင်ပနယ်မြေက ပညာရှင်တွေကို သတိထားပါ။"
"ဒါတော့ မှန်တယ်" ရှောက်ရှိူက်က ခေါင်းညိတ်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ "တပ်ဖွဲ့အားလုံး... နားထောင်ကြ"
"ကော့လီနတ်ဘုရားဘုရင်မကို သွားပြီး ကာကွယ်ကြစို့" မြောက်ပြန်ကြယ်သခင်မက ပြောလိုက်သည်။
…
"ဟုန်ရွှန်ကျိ၊ ဟုန်မိသားစုစံအိမ် တစ်ခုလုံး ချေမှုန်းခံလိုက်ရပြီ။ ပြီးတော့ ကျောက်စိမ်း မြို့တော်ထဲက စစ်ပွဲလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။ တော်ဝင်တပ်ဖွဲ့တွေနဲ့ စကြာဝဠာ နဂါးတပ်ဖွဲ့တွေက ကျုပ်စစ်တပ်ရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး။ ခင်ဗျားရဲ့ အာဏာတွေ ဆုံးရှုံးသွားပြီဆိုတော့ ခင်ဗျား ဆက်ပြီး ရုန်းကန်နေဦးမှာလား။ မဒမ်ကျောက်၊ ကျောက် မိသားစုဝင်တွေနဲ့ ဟုန်မိသားစုဝင် အားလုံးကို ကျုပ် ဖမ်းထားလိုက်ပြီ။ မင်းသားယု ထီးနန်း တက်ပြီး ကျောက်စိမ်းဧကရာဇ် ဖြစ်လာတာနဲ့ သူတို့အားလုံးကို ကျွန်အဖြစ် အဆင့်လျှော့ ချဖို့ အမိန့်တော် ချက်ချင်း ထုတ်ပြန်လိမ့်မယ်။ ခင်ဗျား ရှုံးသွားပြီ။ လုံးဝကို ရှုံးနိမ့်သွားပြီ။ အခုထိ အရှုံးမပေးသေးဘူးလား။"
ကော့လီနတ်ဘုရားဘုရင်မ ဖန်တီးထားသော တောင်နှင့်ပင်လယ် စစ်မြေပြင်တွင် ဟုန်ယွိ က ချန်ဧကရာဇ် ယန်ဖန်ကို တိုက်ခိုက်ပြီး ဟုန်ရွှန်ကျိကို ဖိနှိပ်ထားခဲ့သည်။ ဟုန်မိသားစု စံအိမ်တွင်မူ သူ၏အစီအမံဖြင့် မဒမ်ကျောက်အား ဖိနှိပ်ကာ လူသားအင်မော်တယ် အဖြစ် သို့ ပြောင်းလဲစေခဲ့ပြီး သူမ၏ အပ်စိုက်မှတ်များနှင့် ကြွက်သားများကို ချိပ်ပိတ်စေခဲ့သည်။ သူ၏ အစွမ်းထက်သော နတ်ဘုရားအာရုံဖြင့် သူသည် ကျောက်စိမ်းမြို့တော် အတွင်းရှိ အရာအားလုံး၊ အထူးသဖြင့် ဟုန်မိသားစုစံအိမ် အတွင်းရှိ လှုပ်ရှားမှုများကို အမြဲတမ်း အာရုံစိုက်နေခဲ့သည်။
မဒမ်ကျောက်နှင့် ဟုန်မိသားစု၏ တပည့်များအားလုံး ဖမ်းဆီးခံရသည့် အချိန်တွင်၊ သူက ဤစစ်ပွဲကို အနိုင်ရသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် စစ်ပွဲကို အလုံးစုံ အနိုင်ရ သွားခဲ့ပြီ။
အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် ဤနေ့ရက်သည် နောက်ဆုံးတွင် ရောက်ရှိလာ ခဲ့ပြီ။ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင်လျှင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့ပေ။
သို့သော် ထိုစိတ်လှုပ်ရှားမှုက သူ၏ တိုက်ပွဲစွမ်းရည်ကို ထိခိုက်စေခြင်း မရှိဘဲ၊ ဆန့်ကျင် ဘက်အနေဖြင့် သူ၏အတွေးစများကို ပိုမို ချောမွေ့လာစေသည်။ သူ၏ ကျင့်စဉ်မှာ ပိုမို တိုးတက်ပြီး သန့်စင်လာကာ သူ၏ စိတ်နှလုံးအတွင်းရှိ အတားအဆီးများနှင့် နောင်တများ အားလုံးမှာ လွင့်စင်သွားတော့သည်။
ဟုန်ယွိ၏ ဘဝတွင် အကြီးမားဆုံးသော အတားအဆီးမှာ သူ့မိခင်အတွက် ကလဲ့စားချေရန် ဖြစ်သည်။ ယခု သူ နောက်ဆုံးတွင် ၎င်းကို လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ရာ သူ ဘာကို မလုပ်နိုင် စရာ ရှိတော့မည်နည်း။
ဝီ... ဝီ... ဝီ... ဝီ... ဝီ... ဝီ...
ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်ရှိ “သန့်စင်သောယန် ထိုက်ကျိမူလစိတ်ဝိညာဉ်” မှာ ထိုခဏ၌ပင် အခြေခံကျကျ ပြောင်းလဲသွားသည်။ ထိုက်ကျိ မူလစိတ်ဝိညာဉ်၏ အစစ်မှန်စွမ်းအင် အမျှင်တန်းတိုင်းမှ ခရမ်းရောင် မြူခိုးများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် တစ်ခုလုံး ခရမ်းရောင် အလင်းတန်းများဖြင့် တောက်ပလာကာ၊ ထို့နောက်တွင် အလွန် မြင့်မြတ်လှသော ရွှေဝါရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သူသည် ဧကရာဇ် တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသွားတော့သည်။
ထိုမျှသာမက သူ၏ အတွေးစတိုင်း၊ မူလစိတ်ဝိညာဉ်တိုင်းသည် နောက်တစ်ကြိမ် ထပ်မံ၍ သန့်စင်သွားပြီး၊ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန် သည်။
သန့်စင်သောယန် ထိုက်ကျိမူလစိတ်ဝိညာဉ်သည် အလွန်ပင် လျင်မြန် လှပလာပြီး ရုပ်ခန္ဓာ တစ်ခုကဲ့သို့ပင် “အသွင်မျိုးစုံပြောင်းလဲခြင်း” အဆင့်သို့ ရောက်ရှိသွားသကဲ့သို့ ပြောင်းလဲ သွားသည်။
သို့သော်လည်း ဤအပြောင်းအလဲများကို ပြင်းထန်သော တိုက်ပွဲအတွင်း၌ အပြည့်အဝ နားမလည်နိုင်သေးပေ။ သို့တိုင်အောင် သူ၏ အစွမ်းထက်သော စိတ်ဆန္ဒသည် ထိုက်ကျိ မိုးကြိုးရေကန်၏ အောက်ခြေရှိ ချိပ်ပိတ်ခံထားရသော ဟုန်ရွှန်ကျိ၏ စိတ်ဆန္ဒထံသို့ ရောက်ရှိသွားပြီ။
သူ ပို့လွှတ်လိုက်သော ပုံရိပ်မှာ သဘာဝအတိုင်း မဒမ်ကျောက် ဖမ်းဆီးကြိုးတုပ်ခံထားရ သည့် မြင်ကွင်းပင် ဖြစ်သည်။ ဟုန်မိသားစု တပည့်များနှင့် ကျောက်မိသားစု တပည့်များ အားလုံး ကြိုးတုပ်ခံရပြီး မြေပြင်ပေါ်တွင် အတင်းအကျပ် ဒူးထောက်ခံနေရသည့် မြင်ကွင်းပင်။
သူတို့၏အိမ်များ ဖျက်ဆီးခံလိုက်ရပြီး သူတို့၏ ဆွေမျိုးစု တစ်ခုလုံး ပျက်သုဉ်းသွားခဲ့လေ ပြီ။
"ဟုန်ရွှန်ကျိ၊ ခင်ဗျားက ဟုန်မိသားစုကို ပြန်လည် နိုးကြားလာအောင် အမြဲတမ်း လုပ်ချင် နေခဲ့တာ မဟုတ်ဘူးလား။ ခင်ဗျားက ဟုန်မိသားစုကို ဖန်းမိသားစု၊ ဝမ်မိသားစု၊ ဆန်း မိသားစုတွေလို သူတော်စင် မိသားစုတစ်ခု ဖြစ်အောင် တည်ဆောက်ချင်နေတာမလား။ ဒီနေ့ ခင်ဗျားမိသားစုရဲ့ ဘိုးဘေးနတ်စင်တွေ၊ ဘိုးဘေးဂူဗိမာန်တွေ အားလုံးကို ကျုပ် ဖျက်ဆီးပစ်မယ်။ ခင်ဗျားရဲ့ မိသားစုဝင် အားလုံးကို အကျဉ်းသားတွေအဖြစ်၊ မျိုးဆက် အလိုက် ကျွန်တွေအဖြစ် ပြောင်းလဲပစ်မယ်။ ဒါဟာ လက်စားချေခြင်းပဲ။ ခင်ဗျား ဘာပြော ချင်သေးလဲ”
ဟုန်ယွိ၏ အစွမ်းထက်သော စိတ်ဆန္ဒက လှိုင်းလုံးများအလား တစ်လုံးပြီးတစ်လုံး ရှေ့သို့ တိုးဝင်သွားသော်လည်း သူ၏နှလုံးသားမှာ ယခင်ကဲ့သို့ပင် တည်ငြိမ်နေသည်။ သူသည် ဟုန်ရွှန်ကျိ၏ စိတ်ဆန္ဒကို ဖျက်ဆီးပစ်ချင်နေသည်။
“ငါ့ရဲ့ဘိုးဘေး နတ်စင်၊ ဘိုးဘေးဂူဗိမာန်တွေကို ဖျက်ဆီးမယ်၊ ငါ့မိသားစုကို ကျွန်ပြု မယ်ပေါ့...”
ရုတ်တရက် ချိပ်ပိတ်ခံထားရသော ဟုန်ရွှန်ကျိ ပေါက်ကွဲထွက်လာသည်။
"ဒီအချိန်ကစပြီး မင်းဟုန်ယွိက ငါ့သား မဟုတ်တော့ဘူး။ မင်းကို ဟုန်မိသားစုထဲကနေ ငါ နှင်ထုတ်တယ်။ မင်းကို ဟုန်မိသားစုကနေ ငါ နှင်ထုတ်လိုက်ပြီ။ မင်းကို မျိုးရိုးနာမည်မရှိတဲ့ သားမိုက်တစ်ယောက်အဖြစ် ငါ သတ်မှတ်လိုက်ပြီး။ ဒါတွေက ငါ့ကို ပိတ်လှောင်နိုင်လိမ့် မယ်လို့ မင်း ထင်နေတာလား။ အင်မော်တယ်ကျောက်စာတိုင် ငါခန္ဓာကိုယ် တစ်သား တည်း ပေါင်းစည်းစမ်း။"
ဝုန်း…
အလင်းနှင့်အမှောင်မန္တလာ မဟာအတားအဆီး အတွင်းရှိ ဟုန်ရွှန်ကျိ၏ စိတ်ဆန္ဒထံမှ ပြိုင်ဘက်ကင်း စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။
"ခင်ဗျားရဲ့စွမ်းအားကို ပြချင်နေတာလား။ ကျုပ် ခင်ဗျားကို စောင့်နေတာကြာပြီ။ ပြန်ခွဲ စမ်း။"
ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်သည်။ သူ့လက်ထဲတွင် ဝှက်ဖဲချပ်တစ်ချပ် ရှိနေခဲ့သည်။ သူ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က မိုးကြိုးရေကန်ထဲသို့ ရုတ်တရက် ထိုးဆင်းသွားသည်။ သူသည် သူ၏ စွမ်းအားကို အသုံးပြု၍ ဟုန်ရွှန်ကျိနှင့် အင်မော်တယ် ကျောက်စာတိုင်ကို ခွာထုတ်ရန် ကြိုးစားလေတော့သည်။
တစ်ချိန်တည်းမှာပင် တောင်နှင့်ပင်လယ် စစ်မြေပြင်အထက် လေဟာနယ်အတွင်း၌ အလင်းတန်းတစ်ခု ပေါ်လာပြီး မုန့်ရှန်းကျီ ပေါ်ထွက်လာသည်။ သူ၏ မျက်လုံးများက အောက်ဘက်ရှိ ဖြစ်ပျက်သမျှကို အကုန်လုံး မြင်တွေ့နေရသည်။
"ဟုန်ရွှန်ကျိ၊ အော်.... ဟုန်ရွှန်ကျိ၊ မင်းကတော့ မင်းရဲ့သားကြောင့် ဒီလောက်အထိ အကျပ် ရိုက်သွားရတာပဲ။ ဒါပေမဲ့ မဟာကမ္ဘာလောကနဲ့ ဗဟိုကမ္ဘာကြားက စစ်ပွဲကလည်း မကြာ ခင် စတော့မှာဆိုတော့၊ စွမ်းအားတွေကို ဒီလိုမျိုး ဖြုန်းတီးနေတာဟာ အဖြေမဟုတ်ဘူး။ ငါလည်း တစ်ခေါက်လောက်တော့ ပါဝင်လှုပ်ရှားရတော့မယ် ထင်တယ်။”
"မုန့်ရှန်းကျီ... နောက်ဆုံးတော့ ခင်ဗျား လှုပ်ရှားတော့မယ်ပေါ့။ ကျုပ် ခင်ဗျားကို စောင့်နေ တာ ကြာပြီ။"
မုန့်ရှန်းကျီ ပေါ်လာသည်နှင့် ဟုန်ယွိ၏ အသံက တောင်နှင့်ပင်လယ် စစ်မြေပြင်တစ်ခွင်သို့ ရုတ်တရက် ပျံ့နှံ့သွားပြီး သူ၏ စိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားလေတော့သည်။