← Chapters

အခန်း ၇၂၉

Vol. 70 Ch. 729

အခန်း ၇၂၉

Vol. 70 Ch. 729

အခန်း (၇၂၉)။

ဟုန်ယွိ အစိုးရိမ်ရဆုံး၊ အသတိထားရဆုံး လူစုစုပေါင်း ငါးယောက်ရှိသည်။ ပထမဆုံး တစ်ယောက်မှာ လွန်ခဲ့သောနှစ်ပေါင်းသုံးရာခန့်က ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ကမ္ဘာလောကကြီးကို လွှမ်းမိုးခြယ်လှယ်နိုင်ခဲ့သူ တိုင်ရှန်တာအိုဂိုဏ်းချုပ် မုန့်ရှန်းကျီပင် ဖြစ်သည်။

ကျန်သည့်သူများမှာ ဟုန်ရွှန်ကျိ၊ ယန်ဖန်၊ ရွှီယွိ နှင့် ရွှီဝူယွိ တို့ဖြစ်ကြသည်။ သခင်လေးရှူ၊ တာအိုဘိုးဘေးနှစ်ပါး၊ အမှောင်ဧကရာဇ်တာအိုသခင်၊ ခုံးနှင့် ဝန်ကြီးခုနစ်ပါးကဲ့သို့သော အခြားသူများကိုတော့ ဟုန်ယွိက အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

သို့ရာတွင် ယန်ဖန်၊ ဟုန်ရွှန်ကျိ၊ ရွှီယွိ သို့မဟုတ် ရွှီဝူယွိ မည်သူပင် ဖြစ်ပါစေ ထိုလေး ယောက်ပေါင်းလျှင်ပင် မုန့်ရှန်းကျီလောက် ကြောက်မက်ဖွယ်မကောင်းပေ။ တိုင်ရှန် တာအိုဂိုဏ်းချုပ်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း အထူးချွန်ဆုံးသော ပုဂ္ဂိုလ် တစ်ဦးဟု ဆိုနိုင်သည်။ သိုင်းပညာရှင်များ ပြည့်နှက်နေသည့် ဗဟိုကမ္ဘာကြီးပင် လျှင် သူ့ကို မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

ဟုန်ယွိသည် 'ပြောင်းလဲခြင်းကျမ်း' ကို ရေးသားခဲ့ပြီး မဟာကမ္ဘာလောက၏ စွမ်းအား များကို စုဆောင်းကာ ဖန်ဆင်းရှင်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် ပြိုင်ဘက်ကင်းဖြစ်ပြီး အရှုံးဆိုသည်ကို လုံးဝနီးပါး မကြုံဖူးခဲ့ချေ။ သို့သော် သူ အရှုံးပေးခဲ့ရသည့် တစ်ခုတည်း သောအကြိမ်မှာ မုန့်ရှန်းကျီ၏ လက်ချက်ပင် ဖြစ်သည်။ တစ်ဖက်လူသည် သူတော်စင် ပေါင်းစုံခန်းမထဲသို့ အတင်းဝင်ရောက်လာပြီး 'အချိန်'၊ 'စကြဝဠာ' နှင့် 'ကောင်းကင်ဘုံ ဆန္ဒ' ဟူသော ဆေဘာသုံးလက်ကို အသုံးပြုကာ ထိုက်ကျိမိုးကြိုးရေကန်ကို ခုတ်ပိုင်း ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် ငတုံးကောင်ဖြစ်သူ စစ်ဘက်ရေးရာဝန်ကြီး၏ အကူအညီ ဖြင့်သာ ယင်းကို အပြည့်အဝ ပြန်လည်ပြုပြင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မုန့်ရှန်းကျီကို အလွန်အမင်း သတိထားနေခဲ့သောကြောင့် ဟုန်ယွိက သူသာ ကျောက်စိမ်း မြို့တော်ကို တိုက်ခိုက်ရန် စစ်တပ်ကိုဦးဆောင်ပြီး၊ ဟုန်အိမ်တော်ကို ဖျက်ဆီးကာ၊ ဧကရာဇ်၏လူများကို ရှင်းလင်းပစ်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သော တိုင်ရှန်တာအိုဂိုဏ်းချုပ်၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်မိမည် ဖြစ်ကြောင်း သိထားသည်။

ဤမျှကြီးမားသော လှုပ်ရှားမှုကြီးသည် မဟာကမ္ဘာလောက၏ စွမ်းအားချိန်ခွင်လျှာကို ပြောင်းလဲစေမည်ဖြစ်သည်။ ဤအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်က ဒိုင်ဇင် ဘုရားကျောင်းကို ဖျက်ဆီးခဲ့ခြင်းထက် အဆတစ်ရာမျှ ပိုမိုကြီးမားပေသည်။ ကျွမ်းကျင်သူ များ၏ အာရုံစိုက်မှုကို မရဘဲနေရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် ဟုန်ယွိသည် အမြဲတမ်း သတိဝီရိယရှိနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ကော့လီနတ်ဘုရားဘုရင်မနှင့် အထွက်အထိပ် လူသားအင်မော်တယ် ငါးဦးကဲ့သို့သော ကျွမ်းကျင်သူများကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ အခြေအနေတစ်ခုခု ဖြစ်လာပါက ဝင်ရောက်စွက်ဖက်နိုင်ရန် သူတို့သည် ယခင်တိုက်ပွဲတွင် ချက်ချင်း ပါဝင်ခြင်းမရှိဘဲ စောင့်ဆိုင်းနေခဲ့ကြသည်။

သူသည် ဖန်ဆင်းခြင်းသင်္ဘောကို တားဆီးပိတ်ဆို့ပြီး အင်မော်တယ် ကျောက်စာတိုင်နှင့် ဟုန်ရွှန်ကျိ ပေါင်းစပ်သွားခြင်းကို ဟန့်တားဖယ်ရှားရန် အစွမ်းကုန်ကြိုးစားနေချိန်မှာ နောက်ဆုံး၌ မုန့်ရှန်းကျီ ရောက်ရှိလာခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် မည်သည့်အားနည်းချက်ကိုမျှ ပြသခဲ့ခြင်း မရှိပေ။

သူတော်စင်ပေါင်းစုံ ခန်းမအတွင်း၌ မဟာမူလစွမ်းအင် ငါးခုသည် တစ်ခုနှင့်တစ်ခု ရစ်ပတ် လိမ်ယှက်သွားပြီး ဟင်းလင်းပြင် လှိုင်းဂယက်များပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ခတ်သွားကာ မုန့်ရှန်းကျီ၏ လှုပ်ရှားမှုများကို ပိတ်ဆို့ဟန့်တားမည့် ပြင်ပပုံရိပ်ကိုယ်ပွားတစ်ခုအဖြစ် စုစည်းဖြစ်တည်သွားသည်။

ထိုအချိန်မှာပင် ကော့လီနတ်ဘုရားဘုရင်မလည်း ရှိနေခဲ့သည်။

တောင်နှင့်ပင်လယ်ပုလဲကို စစ်မြေပြင်အဖြစ် အသုံးပြုပြီးနောက်၊ ရှေးခေတ်၏ ကြီးမြတ် သော နတ်ဘုရားဘုရင်ငါးပါးထဲမှ တစ်ပါးအပါအဝင် ဖြစ်သည့် ဤပြိုင်ဘက်ကင်း နတ်ဘုရားဘုရင်မသည်လည်း အစွမ်းထက်သော အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူမသည် သူမ၏ အစစ်မှန်ပုံစံကို ထုတ်ဖော်လိုက်ပြီး ဟုန်ယွိနှင့် ပခုံးချင်းယှဉ်ကာ ရပ်လိုက်သည်။

"တိုင်ရဲ့ဆက်ခံသူ... နောက်ဆုံးတော့ မင်းကို ငါမြင်ဖူးပြီပဲ"

ဟုန်ယွိ၏ ပုံရိပ်ကိုယ်ပွားက မုန့်ရှန်းကျီကို ဟန့်တားပိတ်ဆို့ထားသည်။ ကော့လီနတ်ဘုရား ဘုရင်မက မုန့်ရှန်းကျီ၏ အနောက်ဘက်ရှိ မှုန်ဝါးဝါးဖြစ်နေသော 'ထာဝရနိုင်ငံတော်' ကို ကြည့်လိုက်ပြီးနောက် သူမခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အပြာရောင်ပိုးဇာလွှာများ အထိန်းချုပ်မဲ့ လွင့်ခါသွားပြီး၊ သူမ၏ အမြီးဆယ်ချောင်းမှာ ဒေါင်းမြီးဖြန့်သကဲ့သို့ ဖြန့်ထွက် ပေါ်လာကာ သူမ၏ ကြီးကျယ်ခမ်းနားသော စွမ်းအားအငွေ့အသက်များက ကောင်းကင် နှင့် မြေကြီးကိုပါ ဖုံးလွှမ်းသွားလေသည်။

တစ်ချိန်တည်းမှာပင် သူမပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တွင် အက်ကွဲကြောင်းများစွာ ရုတ်တရက် ပေါ်လာပြီး ထိုအက်ကွဲကြောင်းများထဲမှ ဝံပုလွေ၊ ကျား၊ နွား၊ ဆင်၊ ကြံ့ အစရှိ သော သားရဲများ၏ ထူးဆန်းသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထွက်ပေါ်လာ သည်။ ထိုဟင်းလင်းပြင် အက်ကွဲကြောင်းများထဲတွင် ရှေးဦးနတ်ဆိုးနတ်ဘုရားများနှင့် အထွတ်အထိပ် သားရဲများ တစ်ပါးချင်းစီကို ဖုံးကွယ်ထားသကဲ့သို့ပင်။

ကော့လီနတ်ဘုရားဘုရင်မ၏ အမြင်တွင် မုန့်ရှန်းကျီသည် မျိုးဆက်သစ်လူငယ်တစ်ဦးသာ ဖြစ်သော်လည်း သူသည် တိုင်၏ အမွေဆက်ခံသူဖြစ်သဖြင့် အထင်သေး၍ မရပေ။ ထို့ပြင် သူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားများမှာ သမုဒ္ဒရာကြီးပမာ ကျယ်ပြန့်လှသဖြင့် သူမ အနေဖြင့် အနိုင်ရနိုင်မည့် အခွင့်အရေး လုံးဝမရှိပေ။

ထို့ကြောင့် တစ်ချက်တည်းနှင့်ပင် သူမသည် သူမ၏ ကိုယ်ပိုင် အမြင့်ဆုံး နတ်ဘုရား စွမ်းရည်ဖြစ်သော 'အနန္တသားရဲနတ်ဆိုးနတ်ဘုရားပညာ' ကို ထုတ်ဖော်လိုက်လေသည်။

"အနန္တသားရဲနတ်ဆိုးနတ်ဘုရားပညာလားလား။ ကော့လီနတ်ဘုရားဘုရင်မ... ခင်ဗျားက တကယ်ကို ထူးခြားဆန်းကြယ်တာပဲ။" မုန့်ရှန်းကျီက ကော့လီနတ်ဘုရားဘုရင်မကို လှမ်းကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။ သူ့အမူအရာက အလွန်တရာ ကျက်သရေရှိ ပြီး သူ့မျက်လုံးများတွင် 'တာအိုက ခံစားချက်ကင်းမဲ့သော်လည်း ခံစားချက်ရှိ၏၊ တာအိုက ခံစားချက်ရှိသော်လည်း ခံစားချက်ကင်းမဲ့၏' ဆိုသည့် အရိပ်အယောင်များ ထင်ဟပ်နေဆဲ ဖြစ်သည်။ သူ၏ စစ်မှန်သော ပင်ကိုယ်သဘာဝ သို့မဟုတ် သူ၏ စိတ်ဝိညာဉ်အနှစ်သာရ ကား မည်သည့်အရာ ဖြစ်သည်ကို မည်သူမျှ ဆုပ်ကိုင်သိရှိနိုင်ခြင်း မရှိပေ။

"ဒါပေမယ့် ကော့လီနတ်ဘုရားဘုရင်မ... ခင်ဗျားစွမ်းအားတွေက ခင်ဗျားရဲ့ အထွတ် အထိပ်အချိန် ရှေးဦးနတ်ဘုရားဘုရင်မတစ်ပါးရဲ့ စွမ်းအားမျိုး ဖြစ်နေတုန်းဆိုရင်တော့ ကျုပ်လည်း ခင်ဗျားကို သေချာပေါက် သတိထားမိမှာပါ။ ဒါပေမယ့် အခုတော့ ခင်ဗျားမှာ အရင်က စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံ၊ နှစ်ပုံလောက်ပဲ ရှိတော့တယ်။ ပြီးတော့ ခင်ဗျားရဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကလည်း စတင်အိုမင်းလာပြီ၊ သက်တမ်းကလည်း နှောင်းပိုင်းကို ရောက်နေပြီ။ ဒီနေ့ ခင်ဗျား ကျွန်တော့်ကို တားနိုင်မှာ မဟုတ်ဘူး ထင်တယ်"

"တိုင်ရှန်ဂိုဏ်းချုပ်... ခင်ဗျား ဒီနေ့ ဒီကိုရောက်လာတာ ကျွန်တော် ကလဲ့စားချေမယ့် ကိစ္စ ကို တားဆီးဖို့လား" ဟုန်ယွိ၏ အစစ်မှန်စွမ်းအင် ကိုယ်ပွားက ရုတ်တရက် စကားပြောလာ သည်။ "မျိုးဆက်အဆင့်အတန်းအရဆိုရင် ခင်ဗျားက ကျွန်တော့်ဦးလေးပဲ။ ဒါ့အပြင် ခင်ဗျားမှာ ဟုန်ရွှန်ကျိ၊ ချန်ဧကရာဇ် ယန်ဖန်တို့နဲ့ ကြီးမားတဲ့ ရန်ငြိုးတွေ ရှိတယ်။ သူတို့က ခင်ဗျားကို အကွက်ဆင်ပြီး သတ်ပစ်ချင်နေကြတာ။ ဘာလို့ ဒီနေ့ ကျွန်တော့်ကို လာတားရ တာလဲ"

"ပိုပြီးကြီးမားတဲ့ ရည်မှန်းချက် ပုံရိပ်အတွက်ပေါ့။" မုန့်ရှန်းကျီက ပြုံးလိုက်ပြီး အလျင်စလို လှုပ်ရှားခြင်း မရှိပေ။ "ငါက သိမ်မွေ့တဲ့ ဟန်ချက်ညီမှုကို အမြဲတမ်း ဖန်တီးနေတယ်ဆိုတာ မင်း သိပါတယ်။ အခုဆိုရင် ကောင်းကင်အပြင်ပနယ်မြေနဲ့ ဗဟိုကမ္ဘာက မဟာကမ္ဘာ လောကကို ကျူးကျော် ဝင်ရောက်လာတော့မယ်။ ဘာလို့ မင်းက အခုချိန်ကျမှ အရေးယူ လှုပ်ရှားရတာလဲ။ စစ်ပွဲတွေ ပြီးဆုံးသွားပြီး ဗဟိုကမ္ဘာကို အပြည့်အဝ အောင်နိုင်သွားတဲ့ အချိန်အထိ စောင့်ပြီးမှ မင်းရဲ့ကလဲ့စားကို မချေနိုင်ဘူးလား"

"ဂိုဏ်းချုပ်က ဒီလောကကြီးရဲ့ ဟန်ချက်ညီမူ အရှိန်ဟုန်ကို ဒီလောက် ဂရုစိုက်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။" ဟုန်ယွိက ရယ်မောလိုက်သည်။ "ဒါပေမယ့်... ကျွန်တော်တို့ က ဒီလိုကြီးမားတဲ့ အခြေအနေကြီးကို ဂရုစိုက်နေပေမယ့် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ကတော့ ဒီအခြေအနေကို ဂရုစိုက်ချင်မှ စိုက်မှာ။ တကယ်လို့ ကောင်းကင်အပြင်ပနယ်မြေက ကျူးကျော်ဝင်ရောက်လာလို့ သူတို့က ကောင်းကင်အပြင်ပနယ်မြေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ကို ပြန်သတ်မယ်ဆိုရင် ဒါက အရမ်းကို ကြီးမားတဲ့ ပြဿနာကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။ ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ နှစ်ယောက်လုံးက နိုင်ငံရေး ကစားကွက်မှာ ကျွမ်းကျင်သူတွေချည်းပဲ။ သူတို့က မဟာကမ္ဘာလောကလူတွေကို ဂရုမစိုက်ဘဲ သူတို့ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ဆိုရင် ဘာမဆိုလုပ်ကြမယ့် လူတွေချည်းပဲ။ ဒါက မဖြစ်နိုင်တာမှ မဟုတ်တာ။ အစောပိုင်းက ယန်ဖန်နဲ့ ကျွန်တော် တိုက်ခိုက်ခဲ့တုန်းက သူက ကျောက်စိမ်းမြို့တော်ရဲ့ လုံခြုံရေးကို နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ဘူး။ ကျွန်တော့်ကို နောက်ဆုတ်သွားအောင်လုပ်ဖို့ ကျောက်စိမ်းမြို့တော်ကို ဖျက်ဆီးပစ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့သေးတယ်။ ဒီလိုဧကရာဇ်မျိုးကို ကျွန်တော်က ဘယ်လိုလုပ်ပြီး ယုံကြည်နိုင် မှာလဲ"

"ငါတို့ရဲ့အဆင့်မှာ စကားလုံးတွေက အပိုပဲ။ ဒီစစ်ရေးကိစ္စကို ငါပဲ ဖြေရှင်းလိုက်ပါ့မယ်။" မုန့်ရှန်းကျီက ဟုန်ယွိ၏စကားကို ကြားသောအခါ ခေါင်းယမ်းလိုက်သည်။

"ဟူး... တကယ်လို့ အဓိပတိဂိုဏ်းချုပ်က ဒီကိစ္စမှာ ဝင်စွက်ဖက်ပြီး ခင်ဗျားတို့ တာအိုဝါဒ အာဏာစက်ကို အပြည့်အဝ တည်ထောင်ချင်တယ်ဆိုရင်လည်း တိုက်ရိုက်ပဲ ပြောလိုက်ပါ။ 'ကမ္ဘာလောကကြီးရဲ့ ဟန်ချက်ညီမူ' ဆိုတဲ့ အကြောင်းပြချက်နောက်မှာ ဖုံးကွယ်ထားတာ က တကယ်ကို ဟန်ဆောင်လွန်းရာ ကျပါတယ်" ဟုန်ယွိလည်း ခေါင်းယမ်းလိုက်သည်။ ယခု သူ၏ အာဏာသိမ်းမှုသည် နန်းတွင်းကို ပြုပြင်ပြောင်းလဲရန်ဖြစ်ပြီး တာအိုဝါဒ၏ တိုင်ရှန်ဂိုဏ်းချုပ်သည် တာအိုဝါဒ၏ အမြင့်ဆုံးအာဏာကို တည်ဆောက်ရန်အတွက် သေချာပေါက် ဝင်စွက်ဖက်မည်ဖြစ်ကြောင်း သူ သိထားသည်။

"ပြီးတော့ ပြီးခဲ့တဲ့အကြိမ်က ကျွန်တော် သခင်လေးရှူကို လိုက်ရှာတုန်းကလည်း ခင်ဗျား တားဆီးခဲ့တယ်။ တာအိုဘိုးဘေးနှစ်ပါးကလည်း သူတို့ရဲ့အာဏာကိုသုံးပြီး မဟာကမ္ဘာ လောကမှာ တာအိုအင်ပါယာတစ်ခုကို တည်ထောင်ခဲ့ကြတယ်။ ကျွန်တော်တို့ နှစ်ယောက် စလုံး တစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို တစ်ယောက် သိထားကြတာပဲ။ ဒါ့အပြင် ကျွန်တော် က ဟုန်ရွှန်ကျိနဲ့ ယန်ဖန်ကို နှိမ်နင်းပြီး ဖန်ဆင်းခြင်းသင်္ဘော၊ အနာဂတ်သခင်နဲ့ အင်မော် တယ် ကျောက်စာတိုင်ကို ရရှိသွားရင် ကျွန်တော့်ရဲ့ နတ်ဘုရင်တန်ခိုးစွမ်းအားတွေနဲ့ ပေါင်းစပ်သွားလိမ့်မယ်။ နတ်ဘုရားဘုရင်လက်နက်နှစ်ခုနဲ့ဆိုရင် ကျွန်တော်က ဟင်းလင်း ပြင် ဖျက်ဆီးခြင်းအဆင့်ကို တဟုန်ထိုး ရောက်ရှိပြီး ယန်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင် တယ်။ အဲဒီအခါကျရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မဟာဧကရာဇ် ချန်ရှန်းထက်တောင် ကျွန်တော်က ပိုစွမ်းအားကြီးလာလိမ့်မယ်။ နောက်ခုနစ်နှစ်အကြာ ဖြစ်လာမယ့် တိုက်ပွဲမှာ ခင်ဗျားက ကျွန်တော့်ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်လာနိုင်တော့မှာလဲ"

ဟုန်ယွိ၏စကားများသည် အမှန်တရားကို တည့်တည့်မတ်မတ် ထိမှန်သွားခဲ့သည်။ သူက မုန့်ရှန်းကျီ၏ ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းပင်။

ဟုန်ယွိ၏စကားများအပေါ် မုန့်ရှန်းကျီက လျစ်လျူရှုထားခဲ့သည်။ သူက ပြုံးရုံသာပြုံးပြီး " "လောကကြီးရဲ့ ဟန်ချက်ညီမူ၊ တစ်ကိုယ်ကောင်းဆန်တဲ့ လိုအင်ဆန္ဒတွေ... အဲဒါတွေ အားလုံး ငါ့မှာ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ ငါ ဒီကိုရောက်လာရတာ။ မင်း ငါ့ကို တားနိုင်မှာ မဟုတ်ဘူး။ ငါ့လမ်းကနေ ဖယ်စမ်း" ဟု ပြောလိုက်သည်။

သူ စကားပြောနေစဉ်မှာပင် မုန့်ရှန်းကျီက ရုတ်တရက် တိုက်ခိုက်လိုက်ရာ ထာဝရ အလင်းတန်းတစ်ခုက အစစ်မှန် စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိဆီသို့ အရှိန်ဟုန် ဖြင့် ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ နောက်ကွယ်မှ 'ကောင်းကင်ဘုံဆန္ဒ'၊ 'စကြဝဠာ' နှင့် 'အချိန်' ဟူသော နတ်ဘုရားဆေဘာသုံးလက်သည်လည်း ခုတ်ပိုင်းထွက် ပေါ်လာပြီး၊ ပုံရိပ်ယောင်ဆေဘာသုံးလက်အဖြစ် ပြောင်းလဲသွားကာ ကော့လီနတ်ဘုရား ဘုရင်မထံသို့ ခုတ်ပိုင်းသွားလေသည်။

"ဒီနတ်ဘုရားဆေဘာသုံးလက်က ဧကရာဇ်ဖန်ရဲ့ ဓားသုံးလက်နဲ့ ယှဉ်နိုင်တယ်။ အဲဒီဓား သုံးလက်ထက်တောင် သာလွန်ကောင်း သာလွန်နေလိမ့်ဦးမယ်" ဆေဘာသုံးလက်ကို ရင်ဆိုင်ရချိန်တွင် ကော့လီနတ်ဘုရားဘုရင်မက 'အနန္တသားရဲနတ်ဆိုးနတ်ဘုရားပညာ'၏ 'အနန္တသားရဲဟိန်းသံ' ကို အသုံးပြုလိုက်သည်။

ဆေဘာသုံးလက်ကို ရင်ဆိုင်ရန် သူမက လက်သီးတစ်ချက်ကို ခပ်ဖွဖွ ထိုးနှက်လိုက်သည်။ ရုတ်တရက် သူမ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းများထဲမှ ရှေးဦးနတ်ဆိုး သားရဲများ၏ ပုံရိပ်များ တစ်ကောင်ပြီးတစ်ကောင် အပြေးအလွှား ထွက်ပေါ်လာကြပြီး၊ ကောင်းကင်ယံတစ်ခုလုံးတွင် တစ္ဆေသရဲများ၏ ညည်းတွားသံများနှင့် နတ်ဘုရားများ၏ ဟစ်ကြွေးသံများက လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး ငရဲပြည်မှ သွေးညှီနံ့များမှာလည်း လေထုထဲတွင် လွှမ်းမိုးသွားလေသည်။

ကြီးမားသော သိုင်းဆန္ဒ၊ စွမ်းအားနှင့် အနန္တသားရဲဟိန်းသံ၏ အစစ်မှန် စွမ်းအင်တို့သည် ဆေဘာသုံးလက်နှင့် ထိပ်တိုက်တွေ့ဆုံကာ ချက်ချင်းပင် လိမ်ယှက်သွားတော့သည်။

ဟုန်ယွိ၏ခန္ဓာကိုယ်မှာလည်း လှုပ်ရှားသွားပြီး ထိုက်ကျိပုံစံအဖြစ် ပြောင်းလဲကာ ထာဝရ အလင်းတန်းကို တားဆီးလိုက်သည်။

"ကောင်းကင်ဘုံဆန္ဒ၊ ဆေဘာတစ်လက်လို ကောင်းကင်ဘုံကို ခုတ်ပိုင်းလော့" မုန့်ရှန်းကျီ က ရှုခင်းပန်းချီဆွဲနေသကဲ့သို့ သူ့လက်ချောင်းကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်လျှင် ဆေဘာ သုံးလက်မှာ လည်ပတ်သွားပြီး ကော့လီနတ်ဘုရားဘုရင်မ၏ 'အနန္တသားရဲဟိန်းသံ' အစစ်မှန် စွမ်းအင်များကို လုံးဝ ခုတ်ပိုင်းပစ်လိုက်သည်။ သားရဲများမှာ ဆေဘာများနှင့် ထိမိသည်နှင့်တပြိုင်နက် အပိုင်းပိုင်း ဖြတ်တောက်ခံရကာ အငွေ့ပျံသွားကြသည်။

"ကောင်းကင်ငရဲ၊ ငရဲဘုံ၊ ပျက်သုဉ်းခြင်းငရဲ၊ လျှပ်စီးငရဲ၊ နတ်ဘုရားငရဲ၊ ငရဲငါးပါး အသက်ငြိမ်းစွမ်းအင်" ကော့လီနတ်ဘုရားဘုရင်မက အေးစက်စက် ရယ်မောလိုက်သည်။ သူမစွမ်းအားမှာ ယခုအချိန်တွင် မလုံလောက်သော်လည်း သူမ၏ တိုက်ခိုက်ရေး အတွေ့ အကြုံမှာ အလွန်ပင် ကြွယ်ဝသည်။ ထို့ပြင် ပိန်လှီနေသော ကုလားအုတ်တစ်ကောင်သည် မြင်းတစ်ကောင်ထက် ကြီးမားနေဆဲဖြစ်ရာ မုန့်ရှန်းကျီသည် သူမ၏ 'အနန္တသားရဲ ဟိန်းသံ' ကို ဤမျှလွယ်ကူစွာ ချေဖျက်သွားသည်ကို မြင်သောအခါ သူမက ချက်ချင်းပင် အခြား နတ်ဘုရားစွမ်းရည်တစ်ခုကို ပြောင်းလဲအသုံးပြုလိုက်သည်။ သူမလက်ကို ဝှေ့ယမ်းလိုက် ကာ 'ငရဲငါးပါးအသက်ငြိမ်း စွမ်းအင်' ပညာရပ်ကို အသက်သွင်းလိုက်သည်။ ထိုနတ်ဘုရား စွမ်းရည် အခြားမဟုတ်၊ ငရဲငါးပါးအသက်ငြိမ်းစွမ်းအင်ပင် ဖြစ်သည်။

"နတ်ဘုရားဘုရင်မဆိုတာ နတ်ဘုရားဘုရင်မပါပဲ" မုန့်ရှန်းကျီက ပြောလိုက်သည်။ "ဒါပေမယ့် လှိုင်းလုံးတွေက သဲသောင်ပြင်တွေကို ဆေးကြောသွားသလို မျိုးဆက်သစ်တွေ က မျိုးဆက်အဟောင်းတွေကို အစားထိုးကြတာပဲ။ မင်းက ရှေးဦးခေတ်က နတ်ဘုရား ဘုရင်တစ်ပါး ဖြစ်နိုင်ပေမယ့် ဒီခေတ်ကြီးမှာတော့ မင်းက ကျဆင်းနေပါပြီ။ မင်းကို နတ်ဘုရားလက်နက်တစ်ခု၊ နောင်လာနောက်သားတွေ ကြည်ညိုလေးစားရမယ့် မှော်ရတနာတစ်ခုအဖြစ် ငါ ပြောင်းလဲပစ်မယ်။ အဲဒါမှပဲ မင်း ထာဝရ အသက်ရှင်နိုင်လိမ့် မယ်။"

ကော့လီနတ်ဘုရားဘုရင်မ၏ ငရဲငါးပါး အသက်ငြိမ်းစွမ်းအင်ကျင့်စဉ်ကို လျစ်လျူရှုကာ မုန့်ရှန်းကျီက သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ထာဝရနိုင်ငံတော်ကို ထုတ်လွှတ် လိုက်သည်။

"ဝတ်စုံလက်မောင်းအတွင်းက စကြဝဠာ"

မျက်စိတမှိတ်အတွင်းမှာပင် နတ်ဘုရားစွမ်းရည်များနှင့် အစစ်မှန်စွမ်းအင်များ အားလုံး သူ၏ ဝတ်စုံလက်မောင်းအတွင်းသို့ စီးဝင်သွားပြီး ဝတ်စုံလက်မောင်းကို ကျယ်ပြန့်သွားစေ ကာ ကော့လီနတ်ဘုရားဘုရင်မကို တစ်ဟုန်ထိုး တံဆိပ်ခတ်၍ ချေမှုန်းရန် ပြင်ဆင်လိုက် သည်။

"ပိတ်လှောင်စမ်း"

ဤအချိန်မှာပင် ဟုန်ယွိ၏ အစစ်မှန်စွမ်းအင် ကိုယ်ပွားက ရုတ်တရက် ပြန့်ကျဲသွားပြီး ပိတ်လှောင်ခြင်း ဟေစ်ဇာဂရမ်တစ်ခုအဖြစ် ('ကွန်'ဟေစ်ဇာဂရမ်) ပုံရိပ်အဖြစ် ပြောင်းလဲ ကာ ပြောင်းလဲသွားကာ မုန့်ရှန်းကျီ၏ ဝတ်စုံလက်မောင်းအတွင်းက စကြဝဠာဆီသို့ လှိမ့်ဝင်သွားပြီး မုန့်ရှန်းကျီ၏ တိုက်ခိုက်မှုကို ချက်ချင်း ဟန့်တားပိတ်ဆို့လိုက်သည်။

ကော့လီနတ်ဘုရားဘုရင်မက သူမ၏ ပေသုံးထောင်ရှည်သော ဆံပင်နက်များသည် လေထဲတွင် လွင့်ပျံကာ ပိုက်ကွန်တစ်ခုအဖြစ် လိမ်ယှက်သွားပြီး မုန့်ရှန်းကျီထံသို့ ပစ်လွှတ် လိုက်သည်။

"ကောင်းကင်နတ်ဆိုးကွန်ရက်"

မုန့်ရှန်းကျီ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် လေကဲ့သို့ ပေါ့ပါးသွားပြီး ပိတ်လှောင်ခြင်း ဟေစ်ဇာဂရမ်နှင့် အပြာရောင်ပိုးဇာကွန်ရက်တို့ကို အလွယ်တကူ ရှောင်တိမ်းကာ အောက် သို့ ဆင်းသက်လိုက်သည်။ သူသည် တောင်နှင့်ပင်လယ် စစ်မြေပြင်ထဲသို့ ဝင်ရောက်ရန် ကြံရွယ်နေပုံရသည်။

သူက ချန်ဧကရာဇ်ယန်ဖန်ကို သတ်ပြီး ဖန်ဆင်းခြင်းသင်္ဘောကို ယူဆောင်သွားမည်လား၊ သို့မဟုတ် ချန်ဧကရာဇ် လွတ်မြောက်အောင် ကူညီပေးမည်လားဆိုသည်ကို ပြောရန်ခက်ခဲ ပေသည်။

မည်သို့ပင်ဖြစ်စေ ဟုန်ယွိက ယန်ဖန်ကို သတ်ပြီး ဖန်ဆင်းခြင်းသင်္ဘောကို ယူဆောင်သွား မည့် အရေးကိုတော့ သူ့အနေဖြင့် လုံးဝခွင့်ပြုမည် မဟုတ်ပေ။

ဟုန်ယွိ၏လက်ရှိအစွမ်းကို ထည့်သွင်းစဉ်းစားလျှင် အကယ်၍ သူသာ ဖန်ဆင်းခြင်း သင်္ဘောကို ရရှိသွားပါက မည်မျှအထိ စွမ်းအားကြီးမားသွားမည်နည်း။ ဧကရာဇ်ချန်ရှန်း ပြန်လည် ရှင်သန်လာခဲ့လျှင်ပင် သူ့ကို ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။

… …

"ဒါ ငါ့တို့အတွက် အခွင့်အရေးပဲ"

မုန့်ရှန်းကျီ ပေါ်လာပြီး ဟုန်ယွိ၏ကိုယ်ပွား၊ ကော့လီနတ်ဘုရားဘုရင်မတို့နှင့် စတင် တိုက်ခိုက်နေသည်ကို မြင်သည်နှင့် ချန်ဧကရာဇ်နှင့် ဟုန်ရွှန်ကျိ နှစ်ဦးစလုံး တစ်စုံတစ်ရာ ကို အာရုံခံမိသွားသည်။

ဤအရာက တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးဖြစ်ပြီး အခြေအနေကို တစ်ချက်တည်းနှင့် ပြောင်းပြန်လှန်နိုင်ကာ ဟုန်ယွိကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ကြောင်း သူတို့နှစ်ဦးစလုံး ချက်ချင်း သိရှိလိုက်ကြသည်။

"အနာဂတ်သခင်၊ ဟင်းလင်းပြင်ကို အာရုံခံစမ်း။ ဝိညာဉ်ရဲ့ လျှို့ဝှက်ချက်တွေ... စဉ်းစား၊ စဉ်းစား၊ စဉ်းစား..."

ဖန်ဆင်းခြင်း သင်္ဘောအတွင်း၌ ချန်ဧကရာဇ် ယန်ဖန်က ချက်ချင်းပင် ရူးသွပ်စွာ စတင် လုပ်ဆောင်တော့သည်။ ပြင်းထန်သော အတွေးစတစ်ခုက အဆုံးမဲ့ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ထိုက်ကျိမိုးကြိုးရေကန်၏ အနက်ရှိုင်းဆုံးနေရာရှိ ဟုန်ရွှန်ကျိ၏ စိတ်ထဲ သို့ ပစ်ဝင်သွားသည်။

တစ်ချိန်တည်းမှာပင် ဖန်ဆင်းခြင်းသင်္ဘောတစ်ခုလုံး တောက်ပစွာ လင်းလက်လာပြီး ၎င်း၏စွမ်းအားမှာ ကြီးထွားလာကာ ယခင်က တစ်ကြိမ်မျှမဖြစ်ဖူးသော အရှိန်ဟုန်ဖြင့် သူတော်စင် ပေါင်းစုံခန်းမကို ဝင်တိုက်လိုက်သည်။

ဝုန်း….

သူတော်စင် ပေါင်းစုံခန်းမအတွင်းရှိ မူလစွမ်းအင်များမှာ ထိုတိုက်ခိုက်မှုကြောင့် ဖရိုဖရဲ ဖြစ်သွားရသည်။ အကြောင်းမှာ ဟုန်ယွိက မုန့်ရှန်းကျီကို တိုက်ခိုက်ရန် သူ၏ စွမ်းအင် အစိတ်အပိုင်းအချို့ကို ခွဲထုတ်ထားရသောကြောင့် ဖြစ်သည်။

"ငါ့အစစ်မှန် ဝိညာဉ်၊ အနာဂတ်ကို ဖောက်ထွက်မယ်၊ အချိန်နဲ့ ဟင်းလင်းပြင်အားလုံး၊ ငါ့ ဝိညာဉ်ကို ထိခိုက်မှုမရှိအောင် ကာကွယ်ကြ... ကောင်းကင်ဘုံက သူတော်စင်အားလုံး ငါ့ပင့်ဖိတ်သံကို နားဆင်ပြီး ကောင်းမွန်တဲ့ ကံကြမ္မာ၊ မသေနိုင်၊ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်နဲ့ ငါ့ကို ကောင်းချီးပေးကြပါ"

ထိုက်ကျိမိုးကြိုးရေကန်အတွင်း၌ ဟုန်ရွှန်ကျိသည် ချန်ဧကရာဇ် ယန်ဖန်၏ ကြီးမားသော အတွေးစကို ရုတ်တရက် လက်ခံရရှိလိုက်ပြီး သူ၏ အကြီးမားဆုံးသော စွမ်းအားများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

အင်မော်တယ် ကျောက်စာတိုင်မှ ပြောင်းလဲနေသော မှော်သင်္ကေတ သန်းပေါင်း ၄၈၀ သည်လည်း ချန်ဧကရာဇ် ယန်ဖန်၏ အတွေးစများကို လက်ခံရရှိသွားသကဲ့သို့ပင်။ ၎င်းတို့ အားလုံးမှာ အကန့်အသတ်အထိ ကျုံ့ဝင်သွားသော ကြယ်များသဖွယ် ကြမ်းတမ်းစွာ ခုန်ပေါက် လှုပ်ရှားလာကြသည်။

ထိုက်ကျိမိုးကြိုး ရေကန်အတွင်းမှ အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ဟုန်ရွှန်ကျိ၏ မျက်နှာပုံရိပ် မှုန်ဝါးဝါး ဖြစ်ပေါ်လာလေသည်။

"ချည်နှောင်မှုတွေကနေ ရုန်းထွက်စမ်း။ ချိပ်တံဆိပ်ကို ချိုးဖျက်စမ်း။ လွတ်မြောက်အောင် လုပ်စမ်း"

မိုးကြိုးရေကန်၏ အောက်ခြေမှ ဟုန်ရွှန်ကျိ၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။

ဝှီး... ဝှီး... ဝှီး... ဒိုင်း…

မိုးကြိုးရေကန်တစ်ခုလုံးသည် ရေအောက်မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ လျှပ်စီးရေ များဖြင့် ပြည့်နှက်သွားသည်။ ဤအချိန်တွင် ဟုန်ရွှန်ကျိသည် အမှန်ပင် ချိပ်တံဆိပ်ကို ချိုးဖျက်ပြီး မိုးကြိုးရေကန်၏ အောက်ခြေမှ ထွက်ပြေးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် အင်မော်တယ် ကျောက်စာတိုင်သည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားမည့်အလား သူ၏ အပ်စိုက်မှတ်များနှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။

အကယ်၍ သူ၏ခန္ဓာကိုယ်သာ အင်မော်တယ် ကျောက်စာတိုင်နှင့် တစ်သားတည်း ဖြစ်သွားပါက သူသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ချက်ချင်း ကျော်လွန်သွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပေလိမ့်မည်။

ဤအခိုက်အတန့်တွင် အင်မော်တယ် ကျောက်စာတိုင်မှာ သူ၏ သန့်စင်ခြင်းကို အပြည့် အဝ ခံလိုက်ရလေပြီ။

"သစ္စာဖောက်သား... မင်းရဲ့ နောက်ဆုံးနေ့ရက် ရောက်လာပြီ။ ဧကရာဇ်နဲ့ ငါက ဒီနေ့ ဒီအခြေအနေကို ကြိုတင်တွက်ဆထားပြီးသား..." ဟုန်ရွှန်ကျိ ပြေးထွက်လာသည်နှင့် သူ၏ အငွေ့အသက်မှာ ခပ်ရေးရေးမျှသာ သိသာသော်လည်း မျက်စိတ်တမှိတ်အတွင်းမှာ ပင် ပိုမိုအားကောင်းလာခဲ့သည်။

"ကျုပ်ကရော ဒီအခြေအနေအတွက် တွက်ဆမထားဘူး ခင်ဗျား ထင်နေလား။ ခင်ဗျား အင်မော်တယ် ကျောက်စာတိုင်ကို သန့်စင်မယ့်အချိန်ကို ကျုပ် စောင့်နေခဲ့တာ။ အဲဒါက ခင်ဗျားရဲ့ အားအနည်းဆုံး အချိန်ပဲ။ ကျုပ်ရဲ့ ဒီခန္ဓာကိုယ်ကို ခင်ဗျားက ပေးခဲ့တာ။ အခု ဒီခန္ဓာကိုယ်ကို ခင်ဗျားဆီ အပြီးအပိုင် ပြန်ပေးမယ်။ လူသားအင်မော်တယ် သွေးယဇ်ပူဇော် ခြင်း။ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး၊ ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်"

ဤအချိန်တွင် ထိုက်ကျိမိုးကြိုးရေကန်၏ ဟင်းလင်းပြင်တစ်ခုလုံး ရုတ်တရက် ရပ်တန့် သွားပြီး ဟင်းလင်းပြင်ထဲတွင် ဟုန်ယွိ၏ အသံသာ ပဲ့တင်ထပ်နေတော့သည်။

အသားနှင့်သွေးများဖြင့် ဖွဲ့စည်းထားသော ဟုန်ယွိ၏ အစစ်မှန်ခန္ဓာကိုယ်သည် မိုးကြိုး ရေကန်အထက်တွင် ပေါ်လာသည်။

ထိုအခိုက်တန့်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်က စွမ်းအင်များဖြင့် ပြည့်လျှံနေပြီး၊ အမှန်ပင် အစွမ်းထက်ကာ လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။ ထို့အပြင် သူသည် ယခုလေးတင် လျှို့ဝှက်နည်းလမ်းကို သုံးပြီး သူ၏အဆင့်ကို အတင်းအဓမ္မ မြှင့်တင်ထားခြင်း ဖြစ်သည်။

ဤခန္ဓာကိုယ်သည် ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ်၊ ဟုန်ရွှန်ကျိနှင့် မန်ပိုင်ယွန်တို့မှ မွေးဖွား လာသော မူလခန္ဓာကိုယ် ဖြစ်သည်။ အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်ရှိ နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသားခန္ဓာကိုယ် မဟုတ်ပေ။

"ဟင်း... မင်းရဲ့ခန္ဓာကိုယ်ကို အတင်းကြပ် မြှင့်တင်ထားတဲ့ ဒီလျှို့ဝှက်နည်းလမ်းက လုံးဝ အသုံးမဝင်ဘူး" ဟုန်ရွှန်ကျိက ရှေ့သို့တိုးလာပြီး လက်သီးဖြင့် ထိုးလိုက်သည်။

"သေချာပေါက် အသုံးမဝင်ဘူးပေါ့။ ဒါပေမယ့် ကျုပ်က အခု ဒီခန္ဓာကိုယ်ကို ဖျက်ဆီးပစ် တော့မှာ။ အခုကစပြီး ကျုပ်က ခန္ဓာကိုယ်ဖျက်ဆီးပြီး ပြန်လည်မွေးဖွားလာမယ့် လူတစ်ဦး ဖြစ်သွားလိမ့်မယ်။ ကျုပ်တို့ကြားမှာ ဘာသွေးသားပတ်သက်မှုမှ ရှိတော့မှာ မဟုတ်ဘူး။ ဒီနေ့ ကျုပ်တို့ရဲ့ ရန်ငြိုးတွေကို အဆုံးသတ်လိုက်ကြစို့"

ဟုန်ယွိက အချိန်ကာလကို ထိုးဖောက်နိုင်စွမ်းရှိပုံရသည့် တည်ငြိမ်ပြတ်သားသော အသံ ဖြင့် ပြောလိုက်သည်။

ဤခန္ဓာကိုယ်မှာ ဟုန်ရွှန်ကျိနှင့် မန်ပိုင်ယွန်တို့ ပေးထားသည့် ခန္ဓာကိုယ်ဖြစ်သည်။ ယခု အချိန်တွင် ဟုန်ယွိသည် မိုးကြိုးရေကန်အထက်သို့ ပျံသန်းလာပြီး ဟုန်ရွှန်ကျိကို ကြည့်လိုက်သည်။ သူက လေးနက်စွာ ပြုံးလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ တစ်စစီ ပြိုကွဲ သွားလေသည်။

များပြားလှသော သွေးအဆီအနှစ်များမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားပြီး သွေးမီးလျှံ အလုံးများအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါးသည် မိုးကြိုးရေကန်ထဲမှ တစ်ဖန် ပြေးထွက်လာကြသည်။ သူတို့တစ်ပါးချင်းစီက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ပါးစပ်များကို ဟဟက်ကာ သွေးမီးလျှံအလုံးများကို မျိုချလိုက်ကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များကို တစ်ပတ်လှည့်လိုက်ကာ ပို၍ များပြားသော သွေးအဆီအနှစ်များကို ထုတ်ယူပြီး တစ်ဖန် ပြန်လည်ထွေးထုတ်လိုက်လေ သည်။

ဖူး….

ကြီးမားသော သွေးအလင်းတန်းဆယ့်နှစ်ခုသည် ဟုန်ရွှန်ကျိထံသို့ ပြင်းထန်စွာ တိုးဝင်သွား ပြီး လျှပ်တပြက်အတွင်းမှာပင် သွေးအလင်းတန်းများမှာ ကြီးမားသော အစီအရင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ တစ်ချိန်တည်းမှာပင် မူလတာအိုသခင်သည်လည်း မသေမျိုးစစ်အလံအဖြစ် ပြောင်းလဲသွားကာ အစီအရင်ကို ဖုံးလွှမ်းလိုက်သည်။

အစီအရင်က တဂွမ်ဂွမ်မြည်ကာ ပြင်းထန်စွာ လည်ပတ်နေ၏။

ဟုန်ရွှန်ကျိ ယခုလေးတင် သူနှင့် ပေါင်းစပ်ပြီးကာစ ဖြစ်သော အင်မော်တယ် ကျောက်စာ တိုင်မှာ တစ်ဖန်ပြန်လည် လှုပ်ခတ်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ ရုန်းထွက်ကာ ပျံသန်းသွား တော့မည့်အလား ရုတ်တရက် ခံစားလိုက်ရ၏။ သူသည် အင်မော်တယ် ကျောက်စာတိုင် အတွင်းရှိ ကန့်သတ်ချက်များကို သန့်စင်ပြီးကာစ ဖြစ်ကာ ၎င်းကို ပိုင်ရှင်မဲ့အရာဝတ္ထုအဖြစ် ပြောင်းလဲ၍ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် ယခု အခါ ဟုန်ယွိက ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူ၏ စစ်မှန်သော ခန္ဓာကိုယ်၏ စွမ်းအားကို အတင်းအဓမ္မ မြှင့်တင်ကာ ပေါက်ကွဲစေခဲ့သည်။ ထိုပေါက်ကွဲမှုသည် သွေးမီးလျှံများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ ဖြစ်ပေါ်စေ ကာ သူ့ကို ပြန်လည် သန့်စင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူသည် အင်မော်တယ် ကျောက်စာတိုင်ကို အပြင်သို့ အတင်းကြပ် ဆွဲထုတ်ရန် အခွင့်အရေးကို အရယူလိုက်ခြင်းပင် ဖြစ်သည်။

အချိန်ကိုက်မှုမှာ အလွန်ပင် တိကျလှသည်။

All Chapters