အခန်း ၁၅၃
Vol. 11 Ch. 153
အခန်း ၁၅၃ - ခရမ်းရောင်ဝိညာဉ် သွေးနွယ်ပင်
လျူယွမ်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ "မဆိုးဘူး။ အပူဆုံးကာလအဆုံးနဲ့ နှင်းဖြူကာလစွမ်းအင်နှစ်ခုလုံးကို ဆက်တိုက် သန့်စင်နိုင်တာကို ကြည့်ခြင်းအားဖြင့် စကြာဝဠာရာသီဥတုစွမ်းအင်ကျမ်းကို မင်း အပြည့်အဝ နားလည်သဘောပေါက်သွားပြီဆိုတာ ထင်ရှားတယ်။"
"ကျန်ရှိနေတဲ့ အပိုင်း (၂၂) ခုကိုလည်း မင်းအတွက် ခက်ခဲလိမ့်မယ်လို့ မထင်ပါဘူး။"
"ဒါတွေအားလုံးက ဆရာ့ရဲ့ ထူးချွန်တဲ့ လမ်းညွှန်မှုကြောင့်ပါ၊ ဆရာ။" ဟု ကျောက်ဖေ့းက နှိမ့်ချစွာ ပြန်လည်ဖြေကြားသည်။
"မင်းရဲ့ စွမ်းအားတွေ ပိုမိုမြင့်မားလာပါစေကွယ်၊ညီလေး" ဟု ကျိုးယွမ်ရှန်းကလည်း ဂုဏ်ပြုစကား ဆိုသည်။
ဆရာနှင့် အကြီးအကဲတို့နှင့် မိနစ်အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် ကျောက်ဖေးက ခွင့်တောင်းလိုက်သည်။
“ဆရာ၊ တပည့်တော့်မှာ တောင်အောက်မှာ ဆောင်ရွက်စရာ ကိစ္စလေးတွေ ရှိနေလို့ ခဏသွားလိုက်ပါဦးမယ်။ မကြာခင် ပြန်လာခဲ့ပါ့မယ်။"
"ကောင်းပြီ၊ သွားပါ”
လျူယွမ်က သံသယကင်းစွာဖြင့် ခွင့်ပြုလိုက်သည်။
ကျိုးယွမ်ရှန်းကလည်း သတိပေးစကား ဆိုသည်။ "အောက်ဘက်မှာ အခြေအနေတွေက အရင်လို မဟုတ်တော့ဘူး။ မင်းက တိမ်နီတပ်မတော်နဲ့ ပတ်သက်ခဲ့ဖူးပေမဲ့ သတိထားပြီး ဆောင်ရွက်ပါဦး။"
"ဆရာနှင့် စီနီယာတို့ စိတ်ချပါ၊ တပည့်တော် သတိထားပါ့မယ်။"
ကျောက်ဖေးက ခေါင်းညိတ်ကာ အရိုအသေပြုပြီးနောက် ခြံဝင်းထဲမှ ထွက်ခွာလာခဲ့သည်။
တောင်လမ်းအတိုင်း လျှောက်လှမ်းလာစဉ် ပတ်ဝန်းကျင် တောင်တန်းများမှ သိန်းငှက်များ၏ အော်သံ သို့မဟုတ် ရိုင်းစိုင်းသော သားရဲတို့၏ ဟိန်းဟောက်သံများကို ကြားရသည်မှာ လူတို့အား ကြောက်ရွံ့ခြင်းကို ဖြစ်ပေါ်စေသည်။
သို့သော် ကျောက်ဖေးမှာ ထူးချွန်သော အရည်အချင်းနှင့် ရဲရင့်သူ ဖြစ်သည့်အပြင်၊ ဤနေရာမှာ ရွှမ်ယွင်ဂိုဏ်းအနီးအနားဖြစ်၍ ဘေးအန္တရာယ် တစ်စုံတစ်ရာ မရှိပေ။
ကြောက်ရွံ့ခြင်း ဟူသော အချက်ကို ဖယ်ရှားလိုက်ပါက ညဉ့်အခါရှိ တောင်တန်းတို့မှာ ထူးခြားသော အလှတရား တစ်မျိုးကို ဆောင်ကြဉ်းပေးသည်။
သို့သော်လည်း ကျောက်ဖေးမှာ ၎င်းကို ခံစားနေရန် အချိန်မရှိဘဲ အလျင်အမြန် ခရီးနှင်နေရသည်။
ကံကောင်းထောက်မစွာဖြင့်
တိမ်နီတပ်မတော်၏ အင်အားစုများကို ပိုင်ရှန်မြို့အထိ ရွှေ့ပြောင်းပြီး ခံတပ်တစ်ခု တည်ဆောက်ထားခဲ့ခြင်းမှာ မှန်ကန်သော ကြိုတင်မျှော်တွေးမှု ဖြစ်သည်။
မဟုတ်ပါက ချင်းဟယ်ခရိုင်မှ ကိုယ်ပွား ရောက်ရှိလာသည့် မနက်ဖြန်အထိ စောင့်ဆိုင်းနေရပေလိမ့်မည်။
မိနစ် (၃၀) မပြည့်မီမှာပင် ကျောက်ဖေးသည် ခံတပ်သို့ ရောက်ရှိလာခဲ့သည်။
သူ ခရီးနှင်လာစဉ်မှာပင် ကိုယ်ပွားများမှာ လှုပ်ရှားမှု စတင်နေပြီဖြစ်သည်။
ကိုယ်ပွား (၁၀) ခုလုံးထံတွင် နှင်းဖြူစွမ်းအင်များကို စုစည်းထားခဲ့ပြီး ဖြစ်သည်။
လေ့ကျင့်ခန်း အတွင်း၌ ကိုယ်ပွားများမှာ ကျောက်ဖေးထံသို့ တစ်ယောက်ပြီးတစ်ယောက် လာရောက်ကြသည်။
နှင်းဖြူစွမ်းအင်များမှာ ကျောက်ဖေး၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း စီးဝင်လာသည်။
သူသည် ကျင့်စဉ်ကို အသက်သွင်းလိုက်ရာ ထိုစွမ်းအင်ကို အလွယ်တကူ သန့်စင်နိုင်တော့သည်။
မိနစ် (၃၀) အကြာတွင် နောက်ဆုံးကိုယ်ပွားက နှင်းဖြူစွမ်းအင်ကို ပေးအပ်ပြီးစီးသွားသည်။
ကျောက်ဖေး ခန္ဓာကိုယ်အတွင်းရှိ နှင်းဖြူစွမ်းအင်နှင့် အပူဆုံးကာလစွမ်းအင်တို့မှာ ဟန်ချက်ညီသွားပြီဖြစ်၍ အတင်းအကျပ် ထိန်းချုပ်နေစရာ မလိုတော့ပေ။
ကျောက်ဖေးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ၏ မျက်ဝန်းအိမ်များတွင် ရွှေရောင်နှင့် အဖြူရောင် ရောယှက်နေသည့် အလင်းများ လည်ပတ်နေပြီးမှ ပျောက်ကွယ်သွားသည်။
ယခင်ကထက် နှစ်ဆနီးပါး တိုးပွားလာသော စွမ်းအားလှိုင်းများကို သူ ခံစားလိုက်ရသည်
"မလုံလောက်သေးဘူး..."
ကျောက်ဖေးသည် ဝမ်းသာမိသော်လည်း ပေါ့ပေါ့ဆဆ မနေပေ။
စကြာဝဠာ ရာသီဥတုစွမ်းအင်ကျမ်းအရ စကြဝဠာစွမ်းအင် ပြည့်ဝစေရန်အတွက် ရာသီစွမ်းအင် (၂၄) ခုလုံးကို စုဆောင်းရန် လိုအပ်သေးသည်။
ယခုအချိန်တွင် အပူဆုံးကာလနှင့် နှင်းဖြူကာလနှစ်ခုကိုသာ သန့်စင်ရသေးသဖြင့် လမ်းခရီးမှာ ရှည်လျားလှသေးသည်။
လေ့ကျင့်ခန်းမှ ထွက်လာချိန်တွင် ညဉ့်မှာ ပို၍ နက်ရှိုင်းလာပြီ ဖြစ်သည်။
ကျောက်ဖေးသည် ဤခံတပ်၌ ခေတ္တထိန်းသိမ်းထားသည့် ဆံပင်စားသရဲကို သွားရောက်ကြည့်ရှုလိုက်သည်။
ဆံပင်စားသရဲသည် ဆံပင်လုံးကြီးအဖြစ် ကွေးညွတ်လျက် ခေါင်မိုးတန်းပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ပတ်ဝန်းကျင်မှ မှောင်မိုက်မှုနှင့် ရောယှက်နေသည်။
ယမန်နေ့ကထက်စာလျှင် ၎င်း၏ အခြေအနေမှာ သိသိသာသာ တိုးတက်လာသည်။
အမှန်ကို ပြောရလျှင် ဆံပင်စားသရဲသည် ကျောက်ဖေးနောက်သို့ လိုက်ပါရသည်ကို အလွန်ပင် နှစ်သက်နေသည်။
နေ့တိုင်း ၎င်းအကြိုက် ဆံပင်များ အမြဲရရှိနေပြီး၊ ၎င်းမှာ သာမန်ဆံပင်များ မဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး၏ ဆံပင်များ ဖြစ်သည်။
ကျောက်ဖေ၏ အဆင့်တိုးတက်လာပြီး အသက်ဓာတ်များ ပြောင်းလဲလာသည်နှင့်အမျှ သူ၏ ဆံပင် အရည်အသွေးမှာလည်း မြင့်မားလာသည်။
ယခင် ဟယ်မင်ကျိုးထံတွင် ရှိစဉ်က ဆာလောင်မွတ်သိပ်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
ထို့ပြင် ၎င်းစားသုံးနိုင်သည့်အရာများမှာ သာမန်တိရစ္ဆာန်တို့၏ အမွေးအမျှင်များသာ ဖြစ်သည်။
ဟယ်မင်ကျိုးသည် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဆံပင်စားသရဲကို ကျွေးမွေးရန် သူ၏ ကိုယ်ပိုင်ဆံပင်များကို အသုံးပြုပေးလောက်အောင် ရက်ရောသူ မဟုတ်ပေ။
သို့သော် ဉာဏ်ပညာ မရင့်ကျက်သေးသည့်အပြင် သဘာဝအားဖြင့် ရက်စက်ကြမ်းကြုတ်သော ဤကဲ့သို့သော တစ္ဆေများကို ကျေးဇူးတရားဖြင့်သာ ဆက်ဆံရန် ကြိုးစားခြင်းမှာ အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။
၎င်းတို့အား နာခံမှုရှိစေရန်အတွက် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ကို ခံစားရစေမည့် နည်းလမ်းများကို အသုံးပြုရမည်ဖြစ်သည်။
ကျောက်ဖေ့းခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။
ကိုယ်ပွားသည် သူအသုံးပြုသော နတ်ဆိုးထိန်းချုပ်သည့် အမှတ်အသားကို ထိန်းချုပ်နိုင်သည့်အပြင်၊ သူ၏ မူလကိုယ်သာမက အခြားသော ကိုယ်ပွားများကပါ ထိန်းချုပ်နိုင်သည်။
သို့သော်လည်း ဝိညာဉ်စုစည်းသည့် အလံသည် လက်ရာမြောက်အောင် မပြီးစီးသေးသဖြင့် တစ္ဆေများကို သိမ်းဆည်းထားနိုင်ခြင်း မရှိသေးပေ။
ကျောက်ဖေးသည် ဆံပင်စားသရဲကို ယာယီအားဖြင့် ခံတပ်တွင်သာ ထားရှိရသည်။
မည်သို့ပင်ဖြစ်စေ ကိုယ်ပွားက ထိုနေရာတွင် စောင့်ကြပ်နေမည်ဖြစ်ပြီး တစ္ဆေထိန်းချုပ်သည့် အမှတ်အသား၏ ချုပ်နှောင်မှုအောက်တွင် ရှိနေသဖြင့် ဆံပင်စားသရဲ ထွက်ပြေးလွတ်မြောက်ပြီး လူတို့ကို အန္တရာယ်ပြုမည်ကို စိုးရိမ်စရာ မလိုပေ။
ကျောက်ဖေးသည် ထိုခံတပ်တွင် ညဉ့်နက်သည်အထိ အနားယူခဲ့သည်။
နောက်တစ်နေ့ မိုးလင်းသည့်အခါတွင် ရိုးရှင်းသော နံနက်စာကို စားသုံးပြီး ဝိညာဉ်ပစ္စည်းများ ထည့်ထားသည့် သေတ္တာအချို့ကို ယူဆောင်ကာ ရွှမ်ယွင်ဂိုဏ်းပြန်လည် ထွက်ခွာလာခဲ့သည်။
ကျောက်ဖေးရောက်ရှိလာချိန်တွင် ဂိုဏ်းဝင်များမှာ နံနက်စာ စားသောက်ပြီးစီးနေကြပြီ ဖြစ်သည်။
ဆရာဖြစ်သူ လျူယွမ်နှင့် ဒုတိယအကြီးအကဲ လျူချင်းရွှမ်တို့မှာ ခြံဝင်းအတွင်းရှိ ဆေးမြစ်များကို ပြုစုပျိုးထောင်နေကြသည်။
ပဉ္စမတပည့် လုယွမ်ဖုန်းကမူ ဘေးတွင် ထိုင်ကာ စာကျက်နေ၏။
ကျောက်ဖေးသည် ရှေ့သို့ တိုးလာပြီး ဝိညာဉ်ပစ္စည်းသေတ္တာကို လျူယွမ်ထံ ပေးအပ်လိုက်သည်။
"ဆရာ၊ ဒါတွေကို တိမ်နီတပ်မတော်က ပေးလိုက်တာပါ။ တပည့်တော် ကျင့်ကြံနေတာကို သူတို့ သိကြတော့ ဝိညာဉ်ပစ္စည်းတွေကို အထူးစုဆောင်းပေးထားကြတယ်။ ကျွန်တော်တို့ ရွှမ်ယွင်ဂိုဏ်းအတွက် အသုံးဝင်မယ့်အရာတွေကို ရွေးချယ်ပြီး ယူလာခဲ့တာပါ။"
လျူယွမ်သည် သေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်သည်။
"ဒါက အေးခဲအကြေးခွံ... ဒါက မိုးကြိုးသဲ... ဟိုမှာ စက်ဝိုင်းပိုးမျှင်ပါလား၊ မဆိုးဘူးပဲ..."
အစပိုင်းတွင် လျူယွမ်မှာ တည်ငြိမ်နေသော်လည်း ကြည့်ရှုလေလေ အံ့အားသင့်လေလေ ဖြစ်လာသည်။
အထူးသဖြင့် နောက်ဆုံးပစ္စည်းကို မြင်လိုက်ရသည့်အခါ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
သေတ္တာထဲတွင် "အေးခဲအကြေးခွံ"၊ "မိုးကြိုးသဲ"၊ "စက်ဝိုင်းပိုးမျှင်" နှင့် "ခရမ်းရောင်ဝိညာဉ် သွေးနွယ်ပင်"ဟူ၍ ပစ္စည်း (၄) ခု ပါဝင်သည်။
အေးခဲအကြေးခွံနှင့် မိုးကြိုးသဲတို့မှာ ကျောက်ဖေး ယခင်က အသုံးပြုခဲ့ဖူးသော ပစ္စည်းများဖြစ်ပြီး ရေထိန်းချုပ်ခြင်း ပညာရပ်နှင့် မိုးကြိုးပစ်ချသည့် ပညာရပ်တို့အတွက် လိုအပ်သည့်အရာများဖြစ်သည်။
တတိယမြောက် ပစ္စည်းမှာလည်း ရွှမ်ယွင်ဂိုဏ်း၏ စက္ကူကြိုးကြာခြေရာခံခြင်း ပညာရပ်အတွက် အထောက်အကူပြုသည်။
ကျောက်ဖေးမှာ ထိုပညာရပ်ကို မသင်ယူရသေးသော်လည်း ယခင်က အကြီးအကဲများနှင့် စကားစမြည်ပြောစဉ် ဂိုဏ်း၏ ပညာရပ်များအတွက် မည်သည့်ပစ္စည်းများ လိုအပ်သည်ကို မေးမြန်းထားဖူးသည်။
"ဟုတ်တယ်၊ ဒါက ခရမ်းရောင်ဝိညာဉ် သွေးနွယ်ပင်အစစ်ပဲ။"
လျူချင်းရွှမ်သည် ထိုနွယ်ပင်ကို လက်ထဲတွင် ကိုင်ကာ အသေးစိတ် စစ်ဆေးနေပြီး သူမ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်နေသည်။
အားလုံး၏ အကြည့်မှာ ထိုနွယ်ပင်ပေါ်သို့ ကျရောက်နေသည်။
၎င်းမှာ အလျား (၃) ပေခန့်ရှိပြီး တစ်ကိုယ်လုံး နက်မှောင်သော ခရမ်းရောင် ဖြစ်သည်။
လက်မအရွယ်ခန့်ရှိပြီး ရှေးဟောင်းအက္ခရာများကဲ့သို့ ထူးဆန်းသော ပုံစံများ ရှိနေသည်။
နွယ်ပင်မှာ ကွေ့ကောက်နေပြီး (၃) လက်မတိုင်းတွင် အဖုများ ပါရှိကာ၊ ထိုနေရာမှ ပယင်းရောင် အစေးများ စိမ့်ထွက်နေပြီး ဆေးမြစ်နံ့သင်းသင်းလေးကို ထုတ်လွှတ်နေသည်။
အထူးခြားဆုံးမှာ လူ့လက်ချောင်း ငါးချောင်းနှင့် တူသော အမြစ်စနစ်ဖြစ်ပြီး အနည်းငယ် တုန်ခါ လှုပ်ရှားနေသေးသည်။
"ဒါ... ဒါက အသက်ဝင်နေတာလား?" လုယွမ်
ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။
လျူချင်းရွှမ်က တိုးတိုးလေး ရယ်မောလိုက်ပြီး သူမ၏ လက်ဖျားမှ အပြာရောင် မီးလျှံများကို နွယ်ပင်ပေါ်သို့ ဖြည်းညှင်းစွာ တို့ထိလိုက်သည်။
ထိုအခါ နွယ်ပင်မှာ ရုတ်တရက် အကြမ်းပတမ်း လိမ်ကောက်သွားပြီး နီရဲသော အမှတ်အသားများ တောက်ပလာကာ ကလေးငယ်တစ်ဦး ငိုသံကဲ့သို့ အသံမျိုး ထွက်ပေါ်လာသည်။
"ခရမ်းရောင်ဝိညာဉ် သွေးနွယ်ပင်ကရှေးဟောင်းင်္သချိုင်းရဲ့ အစိုဓာတ်ရှိတဲ့ နေရာမှာ ပေါက်ဖွားပြီး အလောင်းကောင်တွေရဲ့ သွေးကို စားသုံးပြီး ကြီးထွားလာတာ။"
သူမ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။ "မှတ်တမ်းတွေအရ ဒီနွယ်ပင်မျိုးက ဖြစ်ပေါ်ဖို့ နှစ် (၁၀၀)၊ ဝိညာဉ်ဖြစ်လာဖို့ နှစ် (၁၀၀၀) ကြာတယ်။ ဒီနွယ်ပင်က ဝိညာဉ်မဖြစ်သေးပေမဲ့ အနည်းဆုံး အသက် (၂၀၀) ရှိပြီ။ ဒါဟာ ခရမ်းရောင်ဝိညာဉ်ဆေးလုံးဖော်စပ်ဖို့ အဓိကပါဝင်ပစ္စည်းပဲ”
"ခရမ်းရောင်ဝိညာဉ်ဆေးလုံး? အဲဒီဆေးလုံးက ဘာအတွက် အသုံးဝင်တာလဲ?" လုယွမ်ဖုန်းက မေးခွန်းများ ဆက်တိုက် ထုတ်လိုက်သည်။
လျူယွမ်က ငေါက်လိုက်သည်။ "ငါ မင်းကို စာကြိုးစားဖို့ အမြဲပြောနေတာ၊ မင်းက ဘယ်တော့မှ နားမထောင်ဘူး။ အခုတော့ ဘာမှ မသိဘဲ ဖြစ်နေပြီပေါ့”
လုယွမ်ဖုန်းက မကျေနပ်စွာဖြင့် "ဆရာရယ်... စဉ်းစားကြည့်ပါဦး။ တပည့်တော် ဒီကို ရောက်တာ (၃) နှစ်တောင် မပြည့်သေးဘူးလေ။ အဲဒီလောက် အများကြီး သင်ဖို့ အချိန် ဘယ်မှာ ရှိမှာလဲ?"
လျူယွမ်က ကျောက်ဖေးကို လက်ညှိုးထိုးကာ "မင်းက ပြောရသေးတယ်ပေါ့? မင်းရဲ့ ဆဋ္ဌမမြောက် ညီလေးကို ကြည့်စမ်း၊ သူ ဒီကို ရောက်တာ တစ်လကျော်လေးပဲ ရှိသေးတယ်၊ မင်းထက်တောင် အများကြီး ပိုသိနေပြီ။"
လုယွမ်ဖုန်းက ပို၍ပင် တုံ့ပြန်လိုက်သည်။ "ဆရာ... ညီလေးက ဘယ်လောက်တောင် ထူးချွန်တဲ့ ပါရမီရှင်လဲ ဆိုတာ ဆရာ မသိလို့လား? ကျွန်တော်တို့ ဂိုဏ်းမှာ ဘယ်သူကများ သူ့ကို ယှဉ်နိုင်မှာလဲ? ပြီးတော့ တပည့်တော်သာ ညီလေးလို အလွတ်ကျက်မှတ်နိုင်စွမ်း ကောင်းရင်၊ စာပဲ ဖတ်နေမှာပေါ့။"
လျူယွမ်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ "မင်းက ပြန်ပြောရဲသေးတယ်ပေါ့? တခြားသူတွေလောက် ပါရမီ မရှိရင် ပိုပြီးတော့ ကြိုးစားသင့်တာ မဟုတ်ဘူးလား?"