အခန်း ၁၆၂
Vol. 11 Ch. 162
အခန်း ၁၆၂ - သူလှည့်ထွက်သွားသည်
လီချင်းမင်က စာချုပ်ချုပ်ဆိုရန် ငြင်းဆန်လိုက်သည်ကို မြင်သောအခါ ကျောက်ဖင်က ဂရုမစိုက်ဘဲ စကားလမ်းကြောင်းကို ချက်ချင်းပြောင်းလိုက်သည်။ "ဆရာလီက ကျွန်တော်တို့ တိမ်နီတပ်နဲ့ ပတ်သက်မှုရှိတယ်လို့ ဟွမ်သာလီဆီက ကြားရပါတယ်။ ဆရာလီအနေနဲ့ တိမ်နီတပ်မှာ ပါဝင်ဖို့ စိတ်ဝင်စားမလားခငဗျ?"
လီချင်းမင်က မေးခွန်းထုတ်ရင်း လှောင်ပြုံးပြုံးလိုက်သည်။ "ကျွန်တော်သာ တိမ်နီတပ်ထဲ ဝင်ရောက်ခဲ့ရင် တပ်မှူးကျောက်က ဘာပေးမှာလဲ?"
ကျောက်ဖင်က ပြောလိုက်သည်၊ "ကျွန်တော်တို့ တပ်မှာ စစ်သည်တွေကို စစ်မှုထမ်းဆောင်တဲ့ အရည်အချင်းအလိုက် ဆုလာဘ်တွေ ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဆရာလီက သာမန်လူမဟုတ်တဲ့အတွက်... တပ်မတော်ရဲ့ ကောင်းချီးပေးခြင်းနဲ့ ဘေးအန္တရာယ်ကာကွယ်ခြင်းဆိုင်ရာ တာဝန်ခံအဖြစ် မဟာဓမ္မအကြံပေးရာထူး၊ အဆင့် (၇) လစာနဲ့ ခန့်အပ်နိုင်ပါတယ်။"
"ဆရာလီအနေနဲ့ နောက်ထပ် အောင်မြင်မှုတွေ ရလာတဲ့အခါမှာလည်း ကျွန်တော်က ဘယ်တော့မှ နှမြောတွန့်တိုမှာ မဟုတ်ပါဘူး။"
"ဟဲဟဲ၊ အဆင့် (၇) ရာထူးလား? တပ်မှူးကျောက်က ကျုပ်ကို အတော်လေး မျက်စိကျနေပုံပဲ”
လီချင်းမင်၏ မျက်နှာတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေပြီး "စိတ်မကောင်းစွာနဲ့ပဲ ဒီဆင်းရဲသား တာအိုဆရာက တပ်မှူးကျောက်ရဲ့ ကျေးဇူးကို ခံယူဖို့ မထိုက်တန်ပါဘူး၊ ဒါကြောင့် ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်ပါရစေ”ဟု ဆိုလိုက်သည်။
သူသည် အဆင့် (၇) ရာထူးလောက်ကို လုံးဝ အရေးမစိုက်ခဲ့ပေ။
ထိုမျှမက ကျောက်ဖင်က သူ့ကို စော်ကားလိုက်သကဲ့သို့ ခံစားရပြီး စိတ်ထဲတွင် ဒေါသများပင် ထွက်လာသည်။
သူ၏ စွမ်းရည်များကိုသာ ကြည့်လျှင် မည်သည့်သူပုန်တပ်မဆို သူ့ကို အဆင့်မြင့်ရာထူးဖြင့် မည်သို့ မဆက်ဆံရဲဘဲ ရှိပါမည်နည်း။
သူ၏ တင်ပါးမှ နာကျင်မှုသာ မရှိသေးပါက ပို၍ ပြင်းထန်သော စကားလုံးများပင် ပြောမိပေလိမ့်မည်။
ဟွမ်သာလီက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်၊ "တပ်မှူးခင်ဗျာ၊ အရှင်လီက တာအိုပညာရပ်မှာ ကျွမ်းကျင်တဲ့ အစစ်အမှန် ဆရာတစ်ဆူပါ။ ကျွန်တော်ထင်တာက... အဆင့် (၇) ရာထူးဆိုတာ သူ့အတွက် အရည်အချင်းကို နှမြောစရာ ဖြစ်နေပါလိမ့်မယ်။"
ကျောက်ဖင်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်၊ "ထပ်မပြောပါနဲ့တော့။ ကျွန်တော့်မှာ စီစဉ်ထားတာ ရှိပြီးသားပါ။ ဆရာလီမှာ တခြားပြောစရာ မရှိတော့ဘူးဆိုရင် ပြန်နိုင်ပါတယ်။ ကျွန်တော် လုပ်စရာတွေ ရှိသေးတယ်။"
လီချင်းမင်က မှိုင်းညို့နေသော မျက်နှာဖြင့် "တပ်မှူးက ဆက်ပြောဖို့ စိတ်မဝင်စားတော့ဘူးဆိုရင်လည်း ကျွန်တော်ပြန်တော့မယ်”
ထိုသို့ပြောပြီးနောက် သူသည် လက်ကိုခါရမ်းကာ လှည့်ထွက်သွားခဲ့သည်။
အမှန်စင်စစ် ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် သူ မလာခင်က မျှော်လင့်ထားသည်များနှင့် လုံးဝကွာခြားနေသည်။
တိမ်နီတပ်၏ ခေါင်းဆောင်နှင့် တွေ့ဆုံလိုက်သည်နှင့် သူ၏ စွမ်းရည်အနည်းငယ်ကို ပြလိုက်ရုံဖြင့် ဤလူမိုက်များက သူ့ကို လေးစားရိုသေစွာဖြင့် ဆက်ဆံကြလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။
အကယ်၍ သူသာ ဝိညာဉ်ရေးရာ ပစ္စည်းတစ်ခုခုကို တောင်းဆိုပါက တိမ်နီတပ်က မည်သို့ ငြင်းဆန်ရဲပါမည်နည်း။
သူသည် တိမ်နီတပ်တပ်၏ အင်အားကို အသုံးပြု၍ မိမိအတွက် လိုအပ်သော ဝိညာဉ်ပစ္စည်းများကို ရှာဖွေနိုင်မည်ဟုပင် တွက်ချက်ထားခဲ့သည်။
ဒါသည် သူ့အိပ်မက်ယဉ်မှု မဟုတ်ပေ
သူ၏ တပည့်ချင်းများဖြစ်ကြသော နတ်ဆိုးတစ်သောင်းဂိုဏ်းမှ လူအချို့သည်ပင် ခေါင်းဝါတပ်တွင် သူတို့၏ မှော်စွမ်းအားဖြင့် နေရာရနေကြသည်ကို သူ သိထားသည်။
သူတို့သည် လူသားတို့၏ အသားနှင့် သွေး၊ ကလေးသူငယ်များကိုပင် စိတ်ကြိုက် ရယူနေကြသည်။
လီချင်းမင်သည် သူ၏ တပည့်ချင်းများနှင့် အဆင်မပြေသောကြောင့်သာ ချင်းဟယ်ခရိုင် သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် တိမ်နီတပ်က သူ့ကို ဤမျှတန်ဖိုးမထားပေ
ကြိမ်ဒဏ် ၃၀ အထိ ပေးလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့မိပေ
တံခါးပေါက်နားသို့ ရောက်သောအခါ လီချင်းမင်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းတွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခုဖြင့် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်၊ "တပ်မှူးကျောက်နဲ့ ခင်မင်ရင်းနှီးမှုရှိတဲ့အနေနဲ့ အကြံတစ်ခု ပေးချင်တယ်။
“ ဒီဆင်းရဲသား တာအိုဆရာ မြင်ရသလောက်တော့ တပ်မှူးရဲ့ နဖူးမှာ အမည်းရောင်သန်းနေတယ်။ ဒါဟာ မကြာခင် နတ်ဆိုးဘေးသင့်တော့မယ်ဆိုတဲ့ နိမိတ်ပါပဲ။ တပ်မှူးကျောက်၊ အတော်လေး သတိထားဖို့ လိုလိမ့်မယ်။"
လီချင်းမင် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်
ဟွမ်သာလီက သက်ပြင်းချကာ "အာ... အရှင်လီဟာ တကယ်ကို တာအိုမှာ အောင်မြင်ထားတဲ့ ပုဂ္ဂိုလ်ပါ။ တပ်မှူး... တပ်မှူးရယ်၊ ဘာလို့ သူ့ကို ဒီလောက်တောင် လေးစားမှုမရှိ ဆက်ဆံရတာလဲ” ဟု ပြောလိုက်သည်။
သို့သော် ကျောက်ဖင်ကမူ သဘောမတူခဲ့ပေ။
ထိုတာအိုဆရာ ပျောက်ကွယ်သွားပြီးနောက် ကျောက်ဖင်က ချက်ချင်း အမိန့်ပေးလိုက်သည်၊ "သွား၊ သူ့ကို စောင့်ကြည့်ထား။ သူ မြို့ထဲက ထွက်သွားဖို့ ကြိုးစားတာနဲ့ ချက်ချင်း လာသတင်းပို့။"
"ဟုတ်ကဲ့၊ နာခံပါ့မယ်။"
ဟွမ်သာလီက ကျောက်ဖင် အမိန့်ကြောင့် သူ အပြောင်းအလဲရှိလိမ့်မည်ဟု ထင်ကာ ချက်ချင်းပင် လီချင်းမင်နောက်သို့ လိုက်သွားတော့သည်။
သို့သော် သူ မသိလိုက်သည်မှာ ကျောက်ဖင်သည် လီချင်းမင်ကို လုံးဝ အထင်မကြီးခြင်းဖြစ်သည်။
ဤတာအိုဆရာသည် ဝိညာဉ်စွမ်းအား နည်းပါးရုံသာမက စရိုက်လည်း အလွန်ဆိုးရွားလှသည်။
သူသည် လိမ်ညာတတ်သည့် အောက်လမ်းကျသူတစ်ယောက်သာဖြစ်ပြီး ဉာဏ်ပညာရှိသူ မဟုတ်ကြောင်း ကျောက်ဖင် သိရှိပြီးဖြစ်သည်။
သူ့ကို လှည့်စားတတ်သော လူမိုက်ဟု ခေါ်လျှင် ပိုမှန်ပေလိမ့်မည်။
ကျောက်ဖင်အနေဖြင့် သူ့ကို အဆင့် (၇) ရာထူးပေးခဲ့ခြင်းမှာလည်း ကျင့်ကြံသူများ ပိုမိုစုဆောင်းနိုင်ရန်အတွက် ငွေကြေးဖြင့် ဆွဲဆောင်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။
ကျင့်ကြံသူများ ပိုများလာလျှင် မှော်ပညာများကို လဲလှယ်ရန် ပိုမိုလွယ်ကူလာမည်ဟု သူ တွက်ချက်ထားသည်။
သို့သော် ဤရည်မှန်းချက် ပေါက်မြောက်ရန် မလွယ်ကူမှန်း သူ သိသည်။
လက်ရှိအချိန်တွင် သူ ထိန်းချုပ်ထားနိုင်သည်မှာ မြို့သုံးမြို့သာ ရှိသေး၏
ကျင့်ကြံသူ အမြောက်အမြားကို ထောက်ပံ့ပေးရန်မှာ မဖြစ်နိုင်သေးပေ။
ဝိညာဉ်ရှာဖွေသူများသည် သာမန်လူများနှင့် မတူညီပေ။
သူတို့သည် ရွှေ၊ ငွေ သို့မဟုတ် အခြားတန်ဖိုးရှိသည့်အရာများထက် ဝိညာဉ်ရေးရာပစ္စည်းများကို ပိုမိုတန်ဖိုးထားကြသည်။
လူအားလုံး ပြန်သွားကြပြီးနောက်...
ခန်းမဆောင်ထဲတွင် တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားပြီး တံခါးအပြင်ဘက်တွင် စောင့်ကြပ်နေသည့် အစောင့်အနည်းငယ်သာ ကျန်ရှိတော့သည်။
အပြင်ဘက်တွင် မှောင်စပြုလာပြီဖြစ်သည်။
အစောင့်များသည် ခန်းမဆောင်အတွင်းရှိ ဆီမီးများကို ထွန်းညှိလိုက်ကြသည်။
"အုပ်ချုပ်ရေးမှူး၊ ကိုယ့်ကိုကိုယ် အလုပ်များလွန်းအောင် မလုပ်ပါနဲ့။ ကျန်းမာရေးကို ဂရုစိုက်တာက အရေးကြီးဆုံးပါပဲ။ ညစာစားချိန် ရောက်ပါပြီ။"
ထို့နောက် အစောင့်တစ်ဦးက ဝိုင်နှင့် ဟင်းလျာများကို ယူဆောင်လာပြီး ဝိုင်သောက်ရန် တိတ်တဆိတ် တိုက်တွန်းသည်။
"အင်း၊ ငါနားလည်ပါပြီ။"
ကျောက်ဖင်သည် ခေါင်းညိတ်လိုက်ပြီး ဝိုင်နှင့် ဟင်းလျာများကို ချထားပေးရန် အစောင့်များအား ညွှန်ကြားလိုက်သည်။
အစောင့်များ ထွက်သွားပြီးနောက် ကျောက်
ဖင်သည် ကျန်ရှိနေသည့် တရားဝင်စာရွက်စာတမ်း အနည်းငယ်ကို ဆက်လက်စစ်ဆေးရင်း သူ၏ညစာကို စားသုံးနေသည်။
ကျောက်ဖင်သည် ကျောက်ဖေး၏ ကိုယ်ပွားတစ်ခုဖြစ်သည့်အတွက် သူ့အနေဖြင့် အခြေအနေကို ပြန်လည်မွမ်းမံလိုက်ရုံဖြင့် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်သဖြင့် စားရန်၊ သောက်ရန် သို့မဟုတ် အိပ်စက်ရန် လိုအပ်ခြင်း မရှိပေ။
ထို့အပြင် ဤကိုယ်ပွားသည် ယနေ့မွန်းလွဲပိုင်းတွင်မှ အဆင့်မြင့်ထားခြင်းဖြစ်၍ လုံးဝဗိုက်ဆာနေခြင်းလည်း မဟုတ်ပေ။
သို့သော်လည်း ပေါက်ကြားမှု မရှိစေရန်အတွက် ကိုယ်ပွားများသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် ပြုမူနေထိုင်ကြသည်။
ပုံမှန်စားရမည့်အချိန်တွင် စားပြီး၊ အိပ်ရမည့်အချိန်တွင် အိပ်စက်ကြသည်။
ထိုသို့ပြုလုပ်မှသာ သူတို့၏ လျှို့ဝှက်ချက် ပေါက်ကြားမသွားနိုင်မည်ဖြစ်၏
ပြောရမည်ဆိုလျှင် ကျောက်ဖေး၏ လက်ရှိ တိမ်နီတပ်အပေါ် ထိန်းချုပ်နိုင်မှုအဆင့်အရဆိုလျှင် သံသယဖြစ်ဖွယ် အမှတ်အသားတစ်ခုခု ပေါ်လာခဲ့ဦးတော့ ပြဿနာတစ်ခုခု တက်လာမည်ကို စိုးရိမ်စရာမလိုပေ။
တိမ်နီတပ်သည် ယခုကဲ့သို့ အနေအထားသို့ ရောက်ရှိလာခြင်းမှာ ကိုယ်ပွားများ၏ ရဲရင့်မှု၊ မကြောက်မရွံ့ရှိမှုနှင့် စွန့်လွှတ်အနစ်နာခံလိုစိတ်တို့ကြောင့် ဖြစ်သည်။
ကိုယ်ပွားများသာ မရှိပါက တိမ်နီတပ်သည် အခြားသော ဒုက္ခသည်စစ်တပ်များနှင့် ဘာမျှမထူးခြားဘဲ သာမန်မျှသာ ဖြစ်နေပေလိမ့်မည်။
ကျောက်ဖင်သည် စာရွက်စာတမ်းများကို ဆက်လက်စစ်ဆေးနေသည်။
သို့သော် သိပ်မကြာလိုက်ပေ။
ရုတ်တရက် သူ့ဆီသို့ အိပ်ငိုက်ခြင်းများ ဝေ့ဝဲလာသည်ကို ခံစားလိုက်ရပြီး သူ မတတ်နိုင်ဘဲ သမ်းဝေမိသည်။
ကျောက်ဖသည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။
ဒါ မဖြစ်နိုင်ပေ
ဤကိုယ်ပွားကို မွန်းတည့်ချိန်ကမှ အဆင့်မြင့်ထားခြင်းဖြစ်၍ ပုံမှန်ဆိုလျှင် စွမ်းအင်အပြည့်နှင့် ရှိနေရမည်။
အဘယ်ကြောင့် ရုတ်တရက် အိပ်ချင်လာရသနည်း။
ကျောက်ဖင် စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး အကြောင်းရင်းကို သေချာစွာ စဉ်းစားဆင်ခြင်လိုက်သည်။
ဦးနှောက်ပေါင်း ၁၂၀ ကျော်သည် တစ်ပြိုင်နက်တည်း စဉ်းစားနေကြသည်။
ခဏအကြာတွင်...
ကျောက်ဖင်သည် သံသယရှိသူကို လျင်မြန်စွာပင် ရှာဖွေတွေ့ရှိလိုက်သည်။
သံသယဖြစ်စရာအကောင်းဆုံးလူကို နာမည်
တပ်ရမည်ဆိုလျှင် လီချင်းမင်ဖြစ်သည်မှာ မလွဲဧကန်ပင်။
မည်သို့ဆိုစေ၊ ဤအစိုးရရုံးခန်းထဲတွင် သူမှလွဲ၍ ထိုကဲ့သို့သော ရည်ရွယ်ချက်နှင့် စွမ်းရည်ရှိသူ တစ်ယောက်မှ မရှိပေ။
ဝိညာဉ်စွမ်းအားရှင်များသာလျှင် ဤသို့ မသိမသာ ထောင်ချောက်ဆင်နိုင်သည့် နည်းလမ်းမျိုး ရှိသည်။
သို့သော် ဤလောကတွင် မန္တန်အစီအရင်များမှာ ရေတွက်၍ မဆုံးအောင် များပြားလှသည်။
ဤတာအိုဆရာတော်ဆိုသူက သူ့ကိုယ်ပွားအပေါ် မည်သည့်မန္တန်ကို သုံးထားသည်ကို ကျောက်ဖ လုံးဝမသိပေ။
တကယ်တော့ သူလုပ်ရမည့်အလုပ်မှာ ဤကိုယ်ခန္ဓာကို အဆင့်မြှင့်လိုက်ရုံသာ ဖြစ်ပြီး ထိုအခါ ဆိုးကျိုးများအားလုံး ပျောက်
ကွယ်သွားလိမ့်မည်။
သို့သော် ခဏမျှ စဉ်းစားပြီးနောက်တွင်...
ကျောက်ဖျင် ထိုသို့မလုပ်ခဲ့ပေ။ ယင်းအစား၊ ကျန်ရှိနေသည့် စာရွက်စာတမ်းနှစ်ခုကို ဆက်လက်စစ်ဆေးပြီးနောက် စားပွဲပေါ်တွင် လဲလျောင်းကာ အိပ်ပျော်သွားခဲ့သည်
ပြောရမည်ဆိုလျှင်...
ကျောက်ဖေးသည် လီချင်းမင်က သူ့ကိုယ်ပွါးအား ဘာမန္တန်စီရင်လိုက်သည်နှင့် ထိုမန္တန်၏ အကျိုးသက်ရောက်မှုက ဘာဖြစ်မည်ကို သိချင်နေမိသည်။
မည်သို့ပင်ဖြစ်စေ ကိုယ်ပွားဆိုသည်မှာ သေရမှာကို ကြောက်နေစရာ မလိုပေ။
ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံယူကြည့်ရင် ဘာဖြစ်မည်နည်း