အခန်း ၁၃၀၂
Vol. 114 Ch. 1302
အခန်း ၁၃၀၂
“ပြီးသွားပြီ။ အဲဒီလူတော့ ပြုတ်သွားပြီထင်တယ်။”
“ဒီနေရာက အရင်အတိုင်း အန္တရာယ်များနေတုန်းပဲ။ လုံးဝပေါ့ဆလို့မရဘူး။”
“ခုနက ညီအစ်ကိုက အာကာသယာဉ်ကြီးကို ဆွဲဆောင်လိုက်တာတော့ မဟုတ်ပါဘူးနော်။ အခုအချိန်မှာ အာကာသယာဉ်တစ်စင်းတည်းနဲ့တင် အသက်ရှင်ကျန်ရစ်သူ အားလုံးကို အပြတ်ရှင်းပစ်နိုင်တယ်။”
“အဲဒီလောက်အထိတော့ မဆိုးလောက်ပါဘူး။ ငါတို့ဘက်က အဲဒီအာကာသယာဉ်ကို သွားပြီး ရန်မစသရွေ့တော့ အတိုက်ခိုက်ခံရမှာမဟုတ်ပါဘူး။”
“ဟုတ်တယ်။ တကယ်လို့ အာကာသယာဉ်က တကယ်ပဲ လိုက်တိုက်ခိုက်နေမယ်ဆိုရင် ဒီစမ်းသပ်ပွဲက ဘာမှအဓိပ္ပာယ်မရှိတော့ဘူး။ အားလုံးပဲ လှဲအိပ်ပြီး သေမယ့်ရက်ပဲ စောင့်နေကြတော့မှာပေါ့။”
“ဒါကြောင့် ငါတို့ အမြန်ဆုံး အဆင့်မြှင့်တင်ဖို့ လိုတယ်။ ကယ်ဆယ်ရေးယာဉ်မှာ ဘာကာကွယ်ရေးစွမ်းအားမှ မရှိဘူး။”
“နင်းမေဂျီးတော်...ငါလည်း အဆင့်မြှင့်ချင်တာပေါ့ကွ။ ဒါပေမဲ့ အခုအခြေအနေနဲ့ ဘယ်လိုလုပ်ရမှာလဲ။ အသက်ရှူဖို့တောင် အနိုင်နိုင်ဟာကို။”
ရှောင်းယီတစ်ယောက် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။ ယုတ္တိဗေဒအရ ပြောရလျှင် ပထမအဆင့်ကနေ ထူးချွန်ပြောင်မြောက်စွာ ဖြတ်ကျော်လာနိုင်သည့် အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ဒီလောက်အထိတော့ တုံးအ မနေသင့်ချေ။
သို့သော် ရှောင်းယီ မသိသည်မှာ ယခုကဲ့သို့ ကိုယ်အလေးချိန်မဲ့ စကြဝဠာပတ်ဝန်းကျင်ထဲတွင် အိပ်ရေးမဝခြင်း၊ ယာဉ်ခန်းအတွင်း၌ မစင်နံ့ နံစော်မှုများ ပြည့်နှက်နေခြင်းတို့နှင့် လေးငါးရက်ခန့် ဖြတ်သန်းလာရသောအခါ လူတိုင်း၏ စိတ်ပိုင်းဆိုင်ရာများမှာ ပြိုလဲပျက်စီးနေပြီ ဖြစ်သည်။ စိတ်အခြေအနေ တစ်ခါပျက်စီးသွားလျှင် မည်သည့်အမှားမျိုးမဆို လုပ်မိသွားနိုင်ပေသည်။
ဤကဲ့သို့ ကြမ်းတမ်းခက်ခဲသော ပတ်ဝန်းကျင်တွင် ပုံမှန်စိတ်အခြေအနေကို ထိန်းထားနိုင်သူ အလွန်နည်းပါးလှသည်။
၎င်းအပြင် ခုနက အသက်ရှင်ကျန်ရစ်သူသည် စွန့်စားပြီး ကံစမ်းကြည့်ချင်၍လည်း ဖြစ်နိုင်သည်။ တကယ်လို့သာ အောင်မြင်သွားခဲ့လျှင် ကြီးမားသော အမြတ်အစွန်းကို ရရှိမည် မဟုတ်ပါလော။
ထိုသူ အစောပိုင်းက ဖွင့်ပြခဲ့သော ရှေးဟောင်းအပျက်အစီးမြေပုံကို ပြန်ကြည့်ရင်း ၎င်းသည် သေချာပေါက် ကောင်းမွန်သောပစ္စည်းတစ်ခု ဖြစ်ကြောင်း ရှောင်းယီ သိရှိလိုက်သည်။ သို့သော် ပုံမှန်အခြေအနေအရဆိုလျှင် တစ်ဖက်လူသည် ၎င်းကို သေချာပေါက် ရောင်းချမည်မဟုတ်ပေ။
ရှောင်းယီသည် မျက်စိအစာကျွေးရုံသာ ကြည့်နိုင်ပြီးနောက် ၎င်း၏အိပ်စက်ခြင်းအိတ်ထဲသို့ ပြန်လည်ဝင်ရောက်ကာ အနားယူလိုက်တော့သည်။ အနားယူရမည့်အချိန် ရောက်ပြီဖြစ်သည်။
ထိုလူအား မည်သို့သော တိုက်ခိုက်မှုမျိုးက အမှုန့်ကြိတ်လိုက်ပစ်သည်ကို သူ သိချင်နေမိသော်လည်း လူတိုင်းသည် အလွန်အလှမ်းဝေးကွာလှသဖြင့် မြင်တွေ့ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် တွေးတောပူပန်မနေတော့ဘဲ နားနားနေနေ အားမွေးကာ နောင်ဖြစ်လာမည့် အခြေအနေ အရပ်ရပ်ကို ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းက ပို၍ကောင်းမွန်ပေသည်။
လူအများစုမှာမူ အိပ်မပျော်နိုင်ကြသေးဘဲ အများသုံးချန်နယ်တွင် စကားကောင်းနေကြတုန်းပင်။
“အာကာသယာဉ်ပေါ်က ဘဝက ဘယ်လိုမျိုးလဲဆိုတာ သိချင်မိတယ်။ ငါတို့ရဲ့ ကယ်ဆယ်ရေးယာဉ်တွေလိုပဲ အမြဲတမ်း ပေါလောမျောနေရတာလား။”
“အေးကွာ...။ ဒီလိုကြီး ပေါလောမျောနေရတာ တကယ် နေရခက်လွန်းတယ်။ ခြေနှစ်ဖက်လုံး မြေပြင်ပေါ် ခိုင်ခိုင်မာမာ နင်းထားချင်လှပြီ။”
“မဖြစ်နိုင်လောက်ဘူး ထင်တယ်။ ငါတို့ အရင်ကမ္ဘာမှာတောင် အာကာသယာဉ်ပေါ်မှာ ဒြပ်ဆွဲအားတု ဖန်တီးဖို့ မဖြစ်နိုင်ခဲ့ဘူး။ အားလုံးက ပေါလောမျောနေကြရတာပဲလေ။”
“ဟုတ်တယ်။ ဒီနည်းပညာက အနာဂတ်မှာ ဖြစ်လာနိုင်ပေမဲ့ ငါတို့အတွက်တော့ အဝေးကြီးလိုနေသေးတယ်။”
“ငါကတော့ အဲဒီလောက်အထိ အဝေးကြီး မတွေးချင်သေးပါဘူး။ အခုလောလောဆယ် စားဖို့၊ သောက်ဖို့နဲ့ အပေါ့အပါးသွားဖို့ အခြေခံကိစ္စတွေကိုပဲ အရင်ဖြေရှင်းချင်တယ်။”
“ဟူး... အားလုံးပဲ နားလိုက်ကြရအောင်။ ဂရုထဲမှာ ဒီလိုငြင်းခုံနေလို့လည်း ဘာပြဿနာမှ ပြေလည်သွားမှာ မဟုတ်ဘူး။”
“ငါလည်း နားချင်တာပေါ့။ ဒါပေမဲ့ တကယ်အိပ်လို့မရဘူး။ နှာခေါင်းထဲမှာ အနံ့အသက်မျိုးစုံနဲ့ စံပယ်နေတာ ရွံစရာကြီး။”
“အောင့်အီးပြီး သည်းခံလိုက်ကြပါ။ မနက်ဖြန်ကျရင် အသုံးဝင်မယ့် ကိရိယာတန်ဆာပလာတချို့ ရဖို့ မျှော်လင့်ရတာပဲ။”
နောက်တစ်နေ့ နံနက်တွင် ရှောင်းယီသည် ငါးနာရီတိတိ၌ အိပ်ရာမှ နိုးလာခဲ့သည်။ ဇီဝနာရီက စွဲမြဲသွားပြီးနောက်ပိုင်းတွင် ၎င်းကို ပြောင်းလဲရန်မှာ မလွယ်ကူတော့ပေ။
[ဒင်... လေးဆတိုး ရိတ်သိမ်းမှု စတင်အသက်ဝင်ပါပြီ။ အာနိသင် သက်တမ်းမှာ ၂၄ နာရီ ဖြစ်သည်။ (၅ နာရီ ကုန်ဆုံးသွားပါပြီ။]
ထိုသတိပေးချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ အာနိသင်ပွင့်မည့် ရာခိုင်နှုန်း တိုးလာပြီးနောက် ရလဒ်က သိသိသာသာ ကောင်းမွန်လာသည်။ ထို့နောက် သူ စိတ်ထဲမှ ရေရွတ်လိုက်တော့သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
[လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့်ဆုလာဘ် - အသေးစား လေဆာအမြောက် (အဆင့် S) ၁]
[လေးဆတိုး ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်း - အသေးစား လေဆာအမြောက် (အဆင့် S) ၄]
“အသေးစား လေဆာအမြောက် (အဆင့် S) - လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသော အလင်းဖြာထွက်မှုဆိုင်ရာ ဖြစ်စဉ်ကို အခြေခံ၍ ထုတ်လုပ်ထားသော လက်နက်တစ်ခုဖြစ်ပြီး အလွန်အစွမ်းထက်သည်။ တိုက်ခိုက်ရေးလက်နက်အဖြစ် မတူညီသော ကိရိယာများနှင့် ယာဉ်များပေါ်တွင် တပ်ဆင်အသုံးပြုနိုင်သည်။”
“မိုက်တယ်။”
ရှောင်းယီ တစ်ယောက် ဝမ်းသာအားရ တွေးလိုက်မိသည်။ သို့သော် သူသည် ဤလေဆာအမြောက်ကို ၎င်း၏ ကယ်ဆယ်ရေးယာဉ်ပေါ်တွင် ချက်ချင်း သွားမတပ်ဆင်သေးပေ။ ထိုအစား ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ကုန်သွယ်ရေးခန်းမသို့ ချက်ချင်းပြောင်းလဲကာ အခြားကုန်သွယ်မှု အားလုံးကို ခေတ္တရပ်ဆိုင်းလိုက်တော့သည်။
သူသည် အနက်ရောင်ရွှေဖြင့်လဲလှယ်မည့် ကုန်သွယ်မှုများကိုသာ ချန်ထားခဲ့ပြီး အောက်ဆီဂျင်၊ လောင်စာ သို့မဟုတ် လျှပ်စစ်ဓာတ်အား ဖြစ်စေ၊ ရိက္ခာပစ္စည်းအားလုံးအတွက် အနက်ရောင်တစ်ခုတည်းဖြင့်သာ ကုန်သွယ်မှုကို လက်ခံလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူသည် အနက်ရောင်ရွှေ၏ လဲလှယ်နှုန်းတန်ဖိုးကိုလည်း မြှင့်တင်လိုက်သည်။ မူလက အနက်ရောင်ရွှေ ၁ ယူနစ်လျှင် အောက်ဆီဂျင် ၁ လီတာသာ လဲလှယ်နိုင်သော်လည်း ယခုအခါ ၁.၂ လီတာအထိ လဲလှယ်နိုင်ပြီဖြစ်ရာ ပျမ်းမျှ ၂၀ ရာခိုင်နှုန်းခန့် စျေးလျှော့ပေးလိုက်ခြင်းဖြစ်သည်။
ဤအပြောင်းအလဲကို လူများက လျင်မြန်စွာပင် သတိပြုမိသွားကြသည်။
“သူဌေးက ဘာဖြစ်နေတာလဲ။ အနက်ရောင်ရွှေအိုတွေကို ဘာလို့ ဒီလောက်တောင် အလောတကြီး လိုက်စုနေရတာလဲ။”
“ဘာဖြစ်လို့လဲ။”
“မင်း ကုန်သွယ်ရေးခန်းမကို သွားကြည့်လိုက်ရင် သိလိမ့်မယ်။ သူဌေးက အခု အနက်ရောင်ရွှေနဲ့ပဲ ကုန်သွယ်တာကို လက်ခံတော့တယ်။ တခြားကုန်သွယ်မှုတွေ အကုန်လုံးကို ဖျက်ပစ်လိုက်ပြီ။”
“ဒုက္ခပါပဲ။ ငါ့လက်ထဲမှာ အနက်ရောင်ရွှေ တစ်စက်မှ မရှိဘူးဟ။”
“ဟီးဟီး။ ငါ့ဆီမှာတော့ ရှိတယ်၊ အများကြီးပဲ။ သူဌေးက စျေးတောင် ကိုယ်တိုင်လျှော့ပေးထားသေးတယ်။ ငါ နည်းနည်းလောက် ထပ်စောင့်ကြည့်ရမလား။ သူဌေးက စျေး ထပ်လျှော့ပေးရင် လျှော့ပေးဦးမှာ။”
အချို့သော အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ အနက်ရောင်ရွှေများကို ဆက်လက်ဆုပ်ကိုင်ထားရန် ပြင်ဆင်နေကြသော်လည်း လက်ထဲရှိ သတ္တုများဖြင့် ချက်ချင်း စတင်ကုန်သွယ်နေကြသည့် အသက်ရှင်ကျန်ရစ်သူများလည်း ရှိနေပြီဖြစ်သည်။
ကုန်သွယ်မှုများ တဖြည်းဖြည်း အောင်မြင်နေသည်ကို ကြည့်ရင်း လူအများအပြား တွေဝေတုံ့ဆိုင်းနေကြဆဲဖြစ်ကြောင်း ရှောင်းယီ သိလိုက်ပြီး အများသုံးချန်နယ်တွင် ဝင်ရောက်ပြောကြားလိုက်သည်။
“ဒီပရိုမိုးရှင်းစျေးနှုန်းက ဒီနေ့ည သန်းခေါင်ယံအထိပဲ ရမယ်။ အချိန် ၁၉ နာရီတောင် မကျန်တော့ဘူး။ အဲဒီနောက်ပိုင်းကျရင် မူလစျေးအတိုင်း ပြန်ပြောင်းသွားမှာပါ။”
“ဘာ....ငါက အမြဲတမ်း ဒီစျေးနဲ့ ရောင်းပေးမယ် အောက်မေ့နေတာ။ ဘာလို့ တစ်ရက်တည်းပဲ ခံရတာလဲ။”
“ဟုတ်တယ်။ ငါ့ဆီမှာ အခုလောလောဆယ် အနက်ရောင်ရွှေ မရှိသေးဘူး။ ငါ သတ္တုရတဲ့အထိ မစောင့်ပေးနိုင်ဘူးလား။”
“အခြေအနေက ဒီလိုဆိုမှတော့ ငါ မြန်မြန်ဆုံး လဲမှရတော့မယ်။ မဟုတ်ရင် နောက်ပိုင်းကျရင် အမြဲတမ်း အရှုံးပေါ်နေသလို ခံစားရလိမ့်မယ်။”
“အားလုံးပဲ မယုံကြနဲ့ဦး။ မကြာခင်မှာ အောက်ဆီဂျင်နဲ့ လောင်စာဆီ ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေ ငါတို့ ရရင် ရနိုင်တယ်။ ယီရန်ပင်းက အခုအခြေအနေကို အခွင့်ကောင်းယူပြီး အနက်ရောင်တွေ ပိုရအောင် လိုက်စုနေတာလည်း ဖြစ်နိုင်တယ်။”
“အဲဒါလည်း ဖြစ်နိုင်တာပဲ။ ဒါဆိုရင်တော့ ငါ လောလောဆယ် အရေးပေါ်သုံးဖို့အတွက်ပဲ အရင်ဝယ်ထားပြီး ကျန်တာကိုတော့ အခြေအနေ စောင့်ကြည့်ရမှာပဲ။”
လူတိုင်း၏ တုံ့ပြန်မှုကို မြင်တွေ့ရသောအခါ ရှောင်းယီသည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိပြီးနောက် သီးသန့်ချန်နယ်သို့ ပြောင်းလဲလိုက်သည်။
“သခင်ကြီးလု မင်း ဒီနေ့ အနက်ရောင်ရွှေတွေ ရိတ်သိမ်းလို့ရရင်၊ ပြီးတော့ မင်းသုံးဖို့ အလောတကြီး မလိုသေးဘူးဆိုရင် အားလုံးကို ငါ့ဆီ ပို့ပေးပါ။”
ရှောင်းယီက မက်ဆေ့ခ်ျပို့လိုက်သည်။
လုမေယွီတစ်ယောက် အနည်းငယ် ကြောင်အသွားခဲ့သည်။ မနေ့က သူ ရှောင်းယီနှင့် ကုန်သွယ်ရန် ကြိုးစားစဉ်က ရှောင်းယီက မလိုချင်ခဲ့ဘဲ ယခုမှ ဘာကြောင့် ရုတ်တရက် လိုချင်နေရသနည်း။
ဇဝေဇဝါဖြစ်နေသော်လည်း လုမေယွီက “ကောင်းပါပြီ” ဟုသာ ပြန်ဖြေလိုက်သည်။
“အနက်ရောင်ရွှေ ၁၀ - အခမဲ့ လဲလှယ်ခြင်း။”
ရှောင်းယီသည် ထိုကုန်သွယ်မှုကို ချက်ချင်း လက်ခံလိုက်သည်။
[ရရှိသော ပစ္စည်းများ - အနက်ရောင်ရွှေ ၁၀။
လေးဆတိုး ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသည့်ပစ္စည်း - အနက်ရောင်ရွှေ ၄၀။]
လုမေယွီအား အခြေအနေများကို ရှင်းပြပြီးနောက် ရှောင်းယီသည် ကျူးဝူထံသို့ ချက်ချင်း မက်ဆေ့ခ်ျ ပို့လိုက်သည်။
“ဒီနေ့ သတ္တုတွင်းတူးဖော်တဲ့ ပမာဏကို တိုးမြှင့်လိုက်ပါ။ မင်း အနက်ရောင်ရွှေးတွေကို အခု ငါ့ဆီ ပို့ပေးလို့ရပြီ။”
ကျူးဝူသည် အနည်းငယ် ကြောင်အသွားပြီးနောက် ကုန်သွယ်မှုကို ချက်ချင်း စတင်လိုက်သည်။
“အနက်ရောင်ရွှေ ၁၅ - အခမဲ့လဲလှယ်ခြင်း။”
ထိုကုန်သွယ်မှုကို မြင်သောအခါ ရှောင်ယီ အနည်းငယ် လန့်သွားခဲ့သည်။ ထို့နောက် ကုန်သွယ်မှုကို သဘောတူရင်း သူက မေးးလိုက်၏။
“မနေ့က မင်းဆီမှာ အနက်ရောင်ရွှေ ၅ ယူနစ်ပဲ ရှိတာ မဟုတ်ဘူးလား။”
“နောက်ပိုင်း ကျွန်တော် နည်းနည်း ထပ်စုမိထားလို့ပါ။”
ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် သူ၏ ပစ္စည်းစုဆောင်းကိရိယာကို ပို့ပေးလိုက်သည်။
“[ပစ္စည်းစုဆောင်းကိရိယာ] ၂၄ နာရီ အသုံးပြုခွင့် - အခမဲ့လဲလှယ်ခြင်း။”
ကျူးဝူကလည်း ရှောင်းယီ၏ ကုန်သွယ်မှုကို ချက်ချင်း သဘောတူလိုက်သည်။
အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် လုမေယွီထံသို့ အခြားမက်ဆေ့ခ်ျတစ်ခု ထပ်မံပေးပို့လိုက်သည်။
“သခင်ကြီးလု မင်းရဲ့ ပစ္စည်းစုဆောင်းကိရိယာကို ငါ့ဆီ တစ်ရက်လောက် ငှားပေးပါ။”
“ရတယ်။”
လုမေယွီက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
“ကျေးဇူးပဲ။ အဲဒါကို ကချေသည်ဝက်ဆီ တိုက်ရိုက် ငှားပေးလိုက်ပါ။”
ရှောင်းယီက ပြောလိုက်ပြီးနောက် လုမေယွီ၏ ကုန်သွယ်မှုကို လက်ခံရန် ကျူးဝူအား သတိပေးလိုက်သည်။