အခန်း ၁၃၀၆
Vol. 114 Ch. 1306
အခန်း ၁၃၀၆
စောစောက ရှောင်းယီ လောင်စာဆီ ထောက်ပံ့ပေးခဲ့သော လူငါးဦးသည် ဂြိုဟ်ကြီး၏ အရိပ်ထဲမှ ရုန်းထွက်ရန်အတွက် မတူညီသော လောင်စာဆီ ပမာဏအသီးသီးကို အသုံးပြုခဲ့ကြသည်။
လောင်စာဆီ အသုံးအများဆုံးလူမှာ ဟွမ်လန်ဂြိုဟ်၏ ထိပ်တန်းအဆင့် အသက်ရှင်ကျန်ရစ်သူ ဖြစ်ပြီး သူသည် ဂြိုဟ်အရိပ်ထဲမှ လွတ်မြောက်ရန် လောင်စာဆီ ၁၄ ယူနစ်အပြည့် သုံးခဲ့ရသည်။
သို့သော် လောင်စာဆီ ၃ ယူနစ်တည်းဖြင့် ရုန်းထွက်နိုင်ခဲ့သူများလည်း ရှိသေးသည်။
လက်ရှိတွင် လူတိုင်း၌ အနက်ရောင်ရွှေ အမြောက်အမြား မရှိကြသေးသော်လည်း ဂြိုဟ်ကြီး၏ အရိပ်ထဲမှ စောစောစီးစီး ရုန်းထွက်နိုင်ရန်အတွက် ရွေ့လျားဖို့ရန် လောင်စာဆီ အနည်းငယ်တော့ လိုအပ်ပေသည်။
ဂြိုဟ်ပတ်လမ်းကြောင်း၏ ဆန့်ကျင်ဘက်အရပ်သို့သာ ဦးတည်ရွေ့လျားနိုင်မည်ဆိုလျှင် အလင်းရောင်ကို ပိုမိုစောစီးစွာ မြင်တွေ့နိုင်မည် မဟုတ်ပါလော။
ထို့ကြောင့် လူအများစုသည် ယခုအချိန်တွင် အရန်သင့်အသုံးပြုနိုင်ရန် လောင်စာဆီအချို့ကို ဝယ်ယူစုဆောင်းထားကြတော့သည်။
၎င်းအပြင် ယခုဝယ်ယူခြင်းက တကယ့်ကို တန်ဖိုးရှိလှသည်။ အကယ်၍ နောက်တစ်ကြိမ် တိုက်ပွဲဝင်စမ်းသပ်ပွဲရောက်မှ ဝယ်မည်ဆိုပါက ဈေးနှုန်းများ ထပ်တက်သွားနိုင်ချေ ရှိပေသည်။
အစောပိုင်းတုန်းက မြေပုံပေါ်ရှိ မျဉ်းနီဇုန်အတွင်းမှ ရုန်းထွက်ရသည့် ဖြစ်စဉ်ကို လူတိုင်းက ချစ်စနိုးဖြင့် ရှင်သန်ခြင်းတိုက်ပွဲဟု ခေါ်ဆိုခဲ့ကြသည်။
ထိုအချိန်တွင် ကျူးဝူထံမှ သီးသန့်မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာခဲ့သည်။ သူသည် စကားတစ်ခွန်းမျှ မဆိုဘဲ ကုန်သွယ်မှုတစ်ခုကိုသာ တိုက်ရိုက် စတင်လိုက်သည်။
“အနက်ရောင်ရွှေ ၈၀၀ - အခမဲ့လဲလှယ်ခြင်း။”
ထိုကုန်သွယ်မှုကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ အံ့ဩလွန်း၍ ပြူးကျယ်သွားရပြီး ချက်ချင်းပင် သဘောတူလိုက်တော့သည်။
[လဲလှယ်မှု အောင်မြင်ပါသည်။ ရရှိသည့်ပစ္စည်း - အနက်ရောင်ရွှေ ၈၀၀။]
[လေးဆတိုး ရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသည့်ပစ္စည်း - အနက်ရောင်ရွှေ ၃၂၀၀။]
“မင်း အနက်ရောင်ရွှေတွေ ဒီလောက်အများကြီးကို ဘယ်လိုလုပ်ပြီး စုဆောင်းလိုက်တာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“သူဌေးရဲ့ အကြံက တကယ့်ကို ပြောင်မြောက်လွန်းလို့ပါ။ ဒီအနက်ရောင်ရွှေတွေ အကုန်လုံးက သူဌေးရဲ့ ပစ္စည်းစုဆောင်းခြင်း ကိရိယာကို အဲဒီကြာ်တံခွန်နဲ့ ပိုနီးကပ်အောင် လွှတ်လိုက်လို့ ရလာခဲ့တာပဲ။”
ကျူးဝူက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“အခု ကိရိယာမှာ တစ်စုံတစ်ရာ ပျက်စီးသွားတာမျိုး ရှိမရှိ ချက်ချင်း စစ်ဆေးကြည့်လိုက်ဦး။”
ကျူးဝူက ချက်ချင်း ပြန်ပြောလာခဲ့သည်။
“အနည်းငယ် ပွန်းပဲ့သွားရုံလောက်ပါပဲ။”
ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ညွှန်ကြားလိုက်သည်။
“ပိုပြီး အထဲအထိ သွားခိုင်းလိုက်။ ဒီတစ်ခါ မီတာ ၇၅၀ ရှိတဲ့ နေရာအထိ လွှတ်တင်လိုက်ပါ။”
ပြီးခဲ့သည့်အကြိမ်က မီတာ ၅၀၀ အကွာအဝေးအထိသာ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ နောက်ထပ် မီတာ ၂၅၀ ထပ်တိုးလိုက်ခြင်းဖြစ်သည်။
ကျူးဝူ၏ အကြောင်းပြန်ချက်အရ ပစ္စည်းစုဆောင်းခြင်း ကိရိယာပေါ်တွင် အနည်းငယ် ပွန်းပဲ့ရုံသာ ရှိသဖြင့် ပိုမိုနက်ရှိုင်းစွာ သွားပါကလည်း ပျက်စီးသွားနိုင်ချေ မရှိဟု ယူဆရပေသည်။
“ဟုတ်ကဲ့ပါ။”
ကျူးဝူက ပြန်လည်တုံ့ပြန်လိုက်ပြီး ပစ္စည်းစုဆောင်းခြင်း။ကိရိယာကို ထပ်မံ လွှတ်တင်လိုက်သည်။
ရှောင်းယီသည် ဈေးကွက်ခန်းမသို့ ပြောင်းလဲလိုက်ပြီး လူတိုင်းထံမှ ကုန်သွယ်မှုပြုလုပ်ထားသော အနက်ရောင်ရွှေများအားလုံးကို သိမ်းဆည်းလိုက်သည်။
[ကုန်သွယ်မှု အောင်မြင်ပါသည်... လေးဆတိုး ရိတ်သိမ်းမှုကို အသက်လိုက်ပါပြီ။ ရရှိသည့်ပစ္စည်း - အနက်ရောင်ရွှေ ၈ သန်း။]
ယခုအခါ အနက်ရောင်ရွှေ ယူနစ် ၁.၂ သန်းသာ လိုအပ်တော့သည်။ လောလောဆယ် မွန်းလွဲ နှစ်နာရီအချိန်ခန့် ရှိပြီဖြစ်ရာ ကျန်ရှိနေသေးသော ဆယ်နာရီခန့်အတွင်း သေချာပေါက် အပြည့်အဝ စုဆောင်းနိုင်လိမ့်မည် ဖြစ်သည်။
ကုန်သွယ်မှု အောင်မြင်သွားသော အိုင်ဒီ အရေအတွက်ကို လှန်လှောကြည့်ရာ ယခုအချိန်အထိ တစ်သန်းကျော်ရှိနေပြီဖြစ်ရာ ဤဒုတိယအဆင့်ရှိ အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ အနည်းဆုံး တစ်သန်းထက်မနည်း ရှိကြောင်း ဖော်ပြနေပေသည်။
ရှောင်းယီအနေဖြင့် အချို့သော အသက်ရှင်ကျန်ရစ်သူများသည် သံသယဝင်နေဆဲဖြစ်ကြောင်း သို့မဟုတ် အနက်ရောင်ရွှေသည် အလွန်အရေးကြီးသဖြင့် သူတစ်ပါးထံ အလွယ်တကူ ကုန်သွယ်၍မရဟု တွေးတောနေကြဆဲဖြစ်ကြောင်း ယုံကြည်ထားသည်။
သို့သော်လည်း ၎င်းတို့ထဲမှ အနည်းငယ်သော အစိတ်အပိုင်းကသာ အနက်ရောင်ရွှေများကို ထုတ်ရောင်းရန် ဆန္ဒရှိကြလျှင်ပင် လေးဆတိုး ရိတ်သိမ်းမှု၏ ပံ့ပိုးမှုဖြင့် ရှောင်းယီအနေဖြင့် ကယ်ဆယ်ရေးယာဉ်၏ အဆင့်ကို မြှင့်တင်ရန်အတွက် လုံလောက်သော အနက်ရောင်ရွှေပမာဏကို သေချာပေါက် စုဆောင်းနိုင်မည်ဖြစ်သည်။
[ဒင်... အာကာသချိတ်ကြိုးသည် ပစ်မှတ်ကို ဖမ်းမိသွားပါပြီ။]
ထိုသတိပေးချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှ ထွက်လာပြီး အာကာသချိတ်ကြိုးရှိရာဆီသို့ ပေါလောမျောကာ သွားလိုက်သည်။
ယနေ့၏ ရိက္ခာသေတ္တာမှာ အနည်းငယ် နောက်ကျပြီးမှ ရောက်လာခြင်းဖြစ်သည်။ အရင်ရက်များကဆိုလျှင် နံနက်ပိုင်းတွင် သေချာပေါက် ဖမ်းမိပြီးသားဖြစ်သော်လည်း ယနေ့တွင်မူ မွန်းလွဲပိုင်း ရောက်ခါမှသာ တစ်လုံး ဖမ်းမိခြင်း ဖြစ်သည်။
သူ ရိက္ခာသေတ္တာကို ဖွင့်ကြည့်လိုက်သည်။
[ရရှိသည့် ပစ္စည်းများ - အုတ်မြစ်ကျောက် ၂၅၊ အနက်ရောင်ရွှေ ၆၊ ဗာမီကျူလိုက် (C အဆင့်) ၅၊ မစင်နှင့် ဆီး စုဆောင်းခြင်း ကိရိယာ ထုတ်လုပ်မှုပုံစံ (C အဆင့်) ၁။]
ပစ္စည်းများ အကြီးအကျယ် ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။
ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ယနေ့၏ ပထမဆုံး ရိက္ခာသေတ္တာထဲမှ ဒီလောက်အထိ ရိက္ခာပစ္စည်းအများကြီး ထွက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဒါတင်ပဲလားဆိုတော့ မပြီးသေးပါချေ။
[လေးဆတိုး ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသည့်ပစ္စည်း - အုတ်မြစ်ကျောက် ၁၀၀၊ အနက်ရောင်ရွှေ ၂၄၊ ဗာမီကျူလိုက် (C အဆင့်) ၂၀၊ မစင်နှင့် ဆီး စုဆောင်းခြင်းကိရိယာ ထုတ်လုပ်မှုပုံစံ(C အဆင့်) ၄။]
“ကမ္ဘာ့စည်းမျဉ်းတွေက ငါ့ကို သီးသန့်ပစ်မှတ်ထားပြီး နှိပ်ကွပ်နေတာမဟုတ်ဘူးဆိုတာ ငါ အခု ဝန်ခံရတော့မယ်။ အရင်က ငါ့ကံက အရမ်းညံ့လွန်းနေလို့ပဲ။”
ရှောင်းယီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အာကာသချိတ်ကြိုးကို အလုပ်ဆက်လုပ်ခိုင်းထားလိုက်ပြီးနောက် ရှောင်းယီသည် အသစ်ရရှိထားသော ပစ္စည်းဖြစ်သည့် ဗာမီကျူလိုက် အကြောင်းကို စတင်လေ့လာလိုက်တော့သည်။
[ဗာမီကျူလိုက် (C အဆင့်) : သဘာဝအလျောက် ဖြစ်ပေါ်သော၊ အော်ဂဲနစ်မဟုတ်သော၊ အဆိပ်အတောက်မရှိသော တွင်းထွက်သတ္တုတစ်မျိုး ဖြစ်သည်။ မြင့်မားသောအပူချိန်အောက်တွင် ပွလာတတ်ပြီး ဆီလီကိတ်အုပ်စုဝင် ဖြစ်သည်။ အိုင်ယွန်လဲလှယ်နိုင်စွမ်းရှိပြီး မြေဆီလွှာအာဟာရပိုင်းတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်သည်။ အသုံးဝင်ပုံများစွာရှိပြီး အာကာသထဲတွင် သီးနှံများစိုက်ပျိုးရန် မြေဆီလွှာအဖြစ် အသုံးပြုနိုင်သည်။]
နောက်ဆုံးစာကြောင်းကို မြင်လိုက်ရသောအခါ ဤဗာမီကျူလိုက်ကို ဘာအတွက်အသုံးပြုရမှန်း ရှောင်းယီ နောက်ဆုံးတွင် နားလည်သွားခဲ့တော့သည်။
“အာကာသထဲမှာလည်း သီးနှံတွေစိုက်ပျိုးလို့ရလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး။ နောက်ဆုံးတော့ နောင်တစ်ချိန်ကျရင် ငါအလုပ်ရှုပ်စရာတစ်ခု ရှိလာပြန်ပြီပေါ့။”
ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။
သို့သော် ဤဗာမီကျူလိုက်များကို အသုံးပြုရန်အတွက်မူ ကယ်ဆယ်ရေးယာဉ်ကို အသေးစား အာကာသယာဉ်အဖြစ် အဆင့်မြှင့်တင်ပြီးသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ ထိုအချိန်ကျမှသာ အသေးစားအာကာသယာဉ်ပေါ်တွင် စိုက်ပျိုးရေးအတွက် သီးသန့်ယာဉ်ခန်းတစ်ခု ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
ဗာမီကျူလိုက်များကို တစ်ဖက်တွင် ခဏဖယ်ထားပြီးနောက် ရှောင်းယီသည် ထုတ်လုပ်မှုပုံစံ လေးခုကို ကြည့်လိုက်သည်။
“ဒီထုတ်လုပ်မှုပုံစံက ငါ့အတွက် ဘာမှအသုံးမဝင်ဘူး။”
ထိုအချိန်တွင် ကျူးဝူထံမှ အခြားကုန်သွယ်မှုတစ်ခု ရောက်ရှိလာခဲ့ပြန်သည်။
“[ရေ] ၂၀၄၈ ကီလိုဂရမ်၊ [အနက်ရောင်ရွှေ] ၄၀ - အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီ ချက်ချင်းပင် သဘောတူလိုက်သည်။
[ကုန်သွယ်မှု အောင်မြင်ပါသည်... လေးဆတိုး ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသည့်ပစ္စည်း - ရေ ၈၁၉၂ ကီလိုဂရမ်၊ အနက်ရောင်ရွှေ ၁၆၀။]
ကျူးဝူတစ်ယောက် အလွန်အမင်း ကြိုးကြိုးစားစား အလုပ်လုပ်နေသည်ကို မြင်သောအခါ ရှောင်းယီသည် သူ၏လက်အောက်ငယ်သား၏ လူနေမှုဘဝအခြေအနေကို မြှင့်တင်ပေးရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူသည် ထို C အဆင့် မစင်နှင့် ဆီး စုဆောင်းရေးကိရိယာအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ဈေးကွက်ခန်းမတွင် တင်လိုက်တော့သည်။
၎င်းတို့သည်လည်း မျက်စိတစ်မှိတ်အတွင်း အခြားသူများ၏ လုယက်ဝယ်ယူခြင်းကို ခံလိုက်ရ၏။ ရှောင်းယီ တင်ထားသော အခြားကုန်သွယ်မှုများအားလုံးမှာ အနက်ရောင်ရွှေ လိုအပ်နေခြင်းဖြစ်သည်။ ယခုမူ အနက်ရောင်ရွှေ မလိုဘဲ လဲလှယ်နိုင်သည့် ပစ္စည်းအနည်းငယ်နှင့် ကြုံတွေ့ရသောအခါ လူတိုင်းက ရူးသွပ်မတတ် လုယူကြသည်မှာ ဓမ္မတာပင်။
ကုန်သွယ်မှု အောင်မြင်ပြီးနောက် ရှောင်းယီသည် မစင်နှင့် ဆီး စုဆောင်းရေးကိရိယာ လေးခုစလုံးကို တိုက်ရိုက် ထုတ်လုပ်လိုက်သည်။ ထုတ်လုပ်ပြီးနောက် ရှောငယီသည် ကျူးဝူနှင့် ကုန်သွယ်မှုတစ်ခုကို ချက်ချင်း စတင်လိုက်တော့သည်။
“အာကာသအိပ်စက်ခြင်းအိတ် (S အဆင့်) ၁၊ မစင်နှင့် ဆီး စုဆောင် ရေးကိရိယာ (C အဆင့်) ၁၊ အာကာသသီးသန့် နှစ်ထပ်မှန် (SSS အဆင့်) ၄ - အခမဲ့လဲလှယ်ခြင်း။”
အများသုံးချန်နယ်တွင် လူတိုင်း စကားပြောနေကြသည်ကို ပျင်းရိငြီးငွေ့စွာ စောင့်ကြည့်နေသော ကျူးဝူသည် သီးသန့်ချန်နယ်တွင် တစ်စုံတစ်ဦး စကားပြောလာသည်ကို ရုတ်တရက် သတိပြုမိသွား၏။ သူ သီးသန့်ချန်နယ်သို့ ချက်ချင်းပြောင်းလဲကြည့်လိုက်ရာ သူ၏ မျက်လုံးများ လုံးဝ ပြူးကျယ်သွားခဲ့ရတော့သည်။
ကျူးဝူသည် ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် တုန်ရင်နေသော သူ၏နှလုံးသားကို အတင်းထိန်းချုပ်ကာ သတိကြီးစွာဖြင့် မေးလိုက်သည်။
“သူဌေး... သူဌေး ဒါကို မှားပြီး ပို့လိုက်တာလား။”
“မမှားပါဘူး။ ငါ ဒီပစ္စည်းတွေကို တိုက်တိုက်ဆိုင်ဆိုင် ရလာလို့ပါ။ မင်းကို ငါ့အတွက် အလကား အလုပ်အကျွေးပြုခိုင်းလို့ မဖြစ်ဘူးလေ။ မင်းရဲ့ လူနေမှုအခြေအနေကို မြှင့်တင်ရအောင် ယူထားလိုက်။”
ရှောင်းယီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ဒါ... ဒါ... ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်။”
ကျူးဝူတစ်ယောက် စကားတွေပါ ထစ်ကုန်တော့သည်။
“မလိုချင်ဘူးလား။ ဒါဆိုရင် ငါပြန်ယူလိုက်မယ်။”
“မဟုတ်ဘူး။ လိုချင်တာပေါ့။ ငတုံးပဲ မလိုချင်ဘဲ နေမှာ။”
ကျူးဝူသည် ကုန်သွယ်မှုကို ချက်ချင်း သဘောတူလက်ခံလိုက်တော့သည်။
“ဒီပစ္စည်းတွေကို တပ်ဆင်မွမ်းမံဖို့အတွက် အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေ လိုအပ်လိမ့်မယ်။ ခဏနေရင် မင်းစုဆောင်းလို့ရတဲ့ အနက်ရောင်ရွှေတွေကို ငါ့ဆီ အရင်ပို့လိုက်။ မွမ်းမံဖို့လိုအပ်တဲ့ အနက်ရောင်ရွှေတွေကို ငါ မင်းဆီ ပြန်ပြီး ထောက်ပံ့ပေးမယ်။”
ရှောင်းယီ၏ စကားကို ကြားသောအခါ ကျူးဝူတစ်ယောက် ကြောင်အန်းအန်း ဖြစ်သွားခဲ့သည်။
ဘာကွာလို့လဲ။ ငါ အဲဒါကို တိုက်ရိုက် သုံးလိုက်လို့မရဘူးလား။ သူ့ဆီ ကုန်သွယ်ပေးပြီးမှ သူက ငါ့ဆီ ပြန်ကုန်သွယ်ပေးမှာလား။ သူ့အတွက် အလုပ်ရှုပ်တယ်လို့ မခံစားရဘူးလား။
“ပြဿနာရှိလို့လား။”
တစ်ဖက်လူ ပြန်မဖြေသည်ကို မြင်သောအခါ ရှောင်းယီက မေးလိုက်သည်။
“ဘာပြဿနာမှ မရှိပါဘူး။”
ကျူးဝူသည် ဇဝေဇဝါဖြစ်နေသော်လည်း ၎င်းသည် အလွန်အရေးကြီးသောအကြောင်းအရာ မဟုတ်ပေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် နှိပ်ပြီး လုပ်ဆောင်ရုံသာဖြစ်သဖြင့် အလုပ်မရှုပ်လှပါချေ။
ရှောင်းယီ ကုန်သွယ်ပြီး ပို့ပေးလိုက်သည့် ပစ္စည်းများကို ကြည့်ရင်း မည်မျှပင် အလုပ်ရှုပ်ပါစေဦးတော့ ကျူးဝူအနေဖြင့် သေချာပေါက် လုပ်ဆောင်ပေးမည်သာ ဖြစ်သည်။