← Chapters

အခန်း ၁၃၀၇

Vol. 114 Ch. 1307

အခန်း ၁၃၀၇

Vol. 114 Ch. 1307

အခန်း ၁၃၀၇

“ကောင်းပြီ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ပြီးတော့ ဒီနေ့ည ၁၁ နာရီ ၅၀ မိနစ် မတိုင်ခင်မှာ ပစ္စည်းစုဆောင်းရေးကိရိယာတွေ အလုပ်လုပ်နေတုန်း ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အကုန်လုံးကို ပြန်ရုပ်သိမ်းပြီး အဲဒီထဲမှာ ပါလာတဲ့ ပစ္စည်းမှန်သမျှကို ငါ့ဆီ ကုန်သွယ်ပြီး ပို့ပေးရမယ်။”

“ဟုတ်ကဲ့ပါ။”

ကျူးဝူက ပြန်ဖြေလိုက်သည်။

သို့သော် ထိုသို့ပြောပြီးခါမှ ရှောင်းယီသည် မိမိကိုယ်မိမိ တဋးအလွန်းမှန်း သတိပြုမိလိုက်သည်။ ဒီလောက် ရိုးရှင်းသည့်အချက်ကို သူ ချက်ချင်း မတွေးမိခဲ့ဘဲ ဖြစ်နေ၏။

“ကျူးဝူ မင်းရဲ့ ပစ္စည်းစုဆောင်းရေးကိရိယာကို ငါ့ဆီ အခုချက်ချင်း ပို့လိုက်။”

ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။ ကျူးဝူတစ်ယောက် နောက်တစ်ကြိမ် ကြောင်အမ်းသွားခဲ့ရပြန်သည်။

သူ ရင်းမြစ်ပစ္စည်းတွေ စုဆောင်းလို့ ကောင်းနေတုန်းရှိသေးတယ်လေ။ ဘာဖြစ်လို့ ပစ္စည်းစုဆောင်းကိရိယာကို ရုတ်တရက်ကြီး ပြန်ပေးခိုင်းရတာလဲ။

“အချိန်ဆွဲမနေနဲ့။ မြန်မြန်လုပ်။”

ရှောင်းယီက တိုက်တွန်းလိုက်သည်။ ရှောင်းယီ၏ တိုက်တွန်းမှုကို ကြားရသောအခါ ကျူးဝူသည် သူ၏ ပစ္စည်းစုဆောင်းရေးကိရိယာကို ချက်ချင်းပင် ပို့ပေးလိုက်တော့သည်။

ရှောင်းယီက သူ့ကို ကောင်းမွန်သည့် ပစ္စည်းများစွာ ပေးထားပြီးဖြစ်ရာ ပစ္စည်းစုဆောင်းရေးကိရိယာ တစ်ခုတည်းနှင့်တော့ သူ့ကို လိမ်စရာ အကြောင်းမရှိကြောင်း သူ သိပေသည်။

“ပစ္စည်းစုဆောင်းရေးကိရိယာ ၁ - အခမဲ့လဲလှယ်ခြင်း။”

ကုန်သွယ်မှုကို အတည်ပြုလိုက်သည်။

[လေးဆတိုး ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသည့်ရင်းမြစ် - ပစ္စည်းစုဆောင်းရေးကိရိယာ ၄။]

ယခုအခါ ပစ္စည်းစုဆောင်းမှု စွမ်းဆောင်ရည်မှာ မူလထက် ထက်ဝက်မျှ တိုးတက်သွားခဲ့ပြီ ဖြစ်သည်။

လုမေယွီ၏ ပစ္စည်းစုဆောင်းကိရိယာကိုမူ ရှောင်းယီ မတောင်းခဲ့ပေ။

သူနှင့် ကျူးဝူသည် အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေးမျိုး ဖြစ်နေပြီ ဖြစ်သော်လည်း လုမေယုယွီမှာမူ လက်ရှိတွင် ကုန်သွယ်မှုပြုလုပ်သည့် ဆက်ဆံရေးမျိုးသာ ရှိသေးသည်။

ရှောင်းယီသည် ပစ္စည်းစုဆောင်းရေးကိရိယာ တစ်ခုကို ချန်လှပ်ထားပြီး ကျန်ကိရိယာ သုံးခုကို ကျူးဝူထံသို့ ပြန်လည်ငှားရမ်းပေးလိုက်သည်။

ကျူးဝူသည် ထိုကုန်သွယ်မှုကို မြင်လိုက်သောအခါ ထပ်မံ မှင်သက်သွားရပြန်သည်။

ဘာဖြစ်တာလဲ။ သူဌေးက နောက်ထပ် ပစ္စည်းစုဆောင်းရေးကိရိယာ သုံးခုတောင် ဘယ်လိုလုပ်ပြီး ရလာတာလဲ။

ကျူးဝူသည် ရှောင်းယီ ငှားပေးလိုက်သော ကိရိယာ သုံးခုကို အံ့အားသင့်စွာ ကြည့်ရင်း တွေးနေမိသည်။

ဘာလို့ သူဌေးက ငါ့ကိရိယာကို အရင် ကုန်သွယ်ခိုင်းတာလဲ။ သူက ကိရိယာ တစ်ခုတည်းနဲ့ ငါ့ကို မျှားပြီး သုံးခု ပြန်ပေးတာလား။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကမှ ကိုယ့်ရဲ့ ပစ္စည်းစုဆောင်းရေးကိရိယာကို ထုတ်ရောင်းချင်ကြမှာ မဟုတ်ဘူး မဟုတ်လား။

ကျူးဝူ၏ စိတ်ကူးအတွေးကမ္ဘာထဲ၌ အလုပ်ရှုပ်နေသော်လည်း ကယ်ဆယ်ရေးယာဉ်ထဲတွင် သူ၏ လက်လှုပ်ရှားမှုကမူ မနှေးကွေးသွားခဲ့ပေ။ သူသည် ကုန်သွယ်မှုကို သဘောတူလက်ခံပြီး ထိုကိရိယာများကို ရယူလိုက်တော့သည်။

“မင်းဆီ ငှားပေးလိုက်တဲ့ သုံးခုရယ်၊ ငါ့ရဲ့ မူလကိရိယာရယ် အားလုံးပေါင်းပြီး မီတာ ၇၅၀ အကွာအဝေးမှာ ထားလိုက်။ အနက်ရောင်ရွှေတွေကိုပဲ သီးသန့် စုဆောင်းခိုင်း။”

ကျူးဝူ ကုန်သွယ်မှု လက်ခံလိုက်သည်ကို မြင်သောအခါ ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ဤတစ်ကြိမ်တွင်မူ ကျူးဝူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း တုံ့ပြန်လိုက်သည်။

ရှောင်းယီ၏ ညွှန်ကြားချက်အတိုင်း ကျူးဝူသည် အနက်ရောင်ရွှေများ စုဆောင်းရန်အတွက် အပိုရလာသော ကိရိယာ သုံးခုကို အဝေးသို့ ချက်ချင်း လွှတ်တင်လိုက်တော့သည်။

ကိစ္စများကို စီစဉ်ပြီးနောက် ရှောင်းယီသည် အများသုံးချန်နယ်သို့ ပြန်လည်ပြောင်းလဲကြည့်ရှုလိုက်သည်။

“ဟားဟား ငါ လက်လှည့်ဂျန်နရေတာတစ်ခု ရထားတယ်ဟေ့။ နောက်ဆုံးတော့ ငါလည်း လုပ်စရာအလုပ်တစ်ခု ရှိသွားပြီ။”

“ဒီလို ခေတ်နောက်ကျတဲ့ စက်မျိုးက ဒီလိုနေရာမှာ တကယ်ကြီး ထွက်လာနိုင်တယ်လား။”

“အေးလေ...ငါလည်း မထင်ထားဘူး။ ဘာပဲဖြစ်ဖြစ် အခု အချိန်တွေ အားနေတာဆိုတော့ ပျင်းတဲ့အချိန် ထိုင်လှည့်နေရင် လျှပ်စစ်ဓာတ်အား အနည်းငယ်တော့ ပြန်ဖြည့်လို့ရတာပေါ့။”

“ဟုတ်တယ်။ အခုလောလောဆယ် ဂြိုဟ်ကြီးရဲ့ အရိပ်ထဲကနေ ပျံထွက်နိုင်ဖို့ အနက်ရောင်ရွှေ အလုံအလောက် စုနိုင်တဲ့သူ မရှိသေးဘူးလို့ ငါထင်တယ်။ အဲဒီတော့ ဒီလို လျှပ်စစ်ထုတ်စက်ရှိတာကလည်း မဆိုးပါဘူး။”

“ဟူး... အောက်စီဂျင် ထုတ်ပေးတဲ့ စက်ပစ္စည်းမျိုး ဘယ်တော့မှများ ရပါ့မလဲ။”

“ငါတော့ လက်နက်တစ်ခု ရထားတယ်။ [အာကာသ မြန်နှုန်းမြင့် စက်အမြောက် ထုတ်လုပ်မှုပုံစံ] ၁ တဲ့။”

“သောက်ကျိုးနည်း...လက်နက်တွေက ဒီလောက်စောစောစီးစီး ထွက်လာနေပြီလား။”

“ဒီလိုလက်နက်မျိုးက အာကာသထဲမှာ တကယ်ပဲ ပစ်လို့ရပါ့မလား။ စက်အမြောက်ရဲ့ ယမ်းက မီးကူးဖို့ အောက်စီဂျင် မလိုဘူးလား။”

“ဒီပစ္စည်းရဲ့ ပစ်ခတ်တဲ့ အစိတ်အပိုင်းက ယာဉ်ခန်းထဲမှာ ရှိရမှာလေ။ အာကာသ အဟာသထဲမှာတော့ သေချာပေါက် ပစ်လို့ရမှာ မဟုတ်ဘူး။”

“မှန်တယ်။ အာကာသထဲမှာ အောက်စီဂျင် မရှိဘူး။ သူ့ဘာသာသူ အောက်စီဂျင် သီးသန့်မပါရင်တော့ သေချာပေါက် ပစ်လို့ရမှာမဟုတ်ဘူး။”

“အားကျလိုက်တာဗျာ။ လက်နက်ရှိရင် စိတ်ချလုံခြုံမှု ရှိတယ်လို့ ခံစားရမှာပဲ။”

“ဟုတ်တယ်။ ငါရတဲ့ ပစ္စည်းတွေကျတော့ ဘာလို့ အမှိုက်ပုံကြီးလို ဖြစ်နေရတာလဲ။”

“ငါလည်း အတူတူပါပဲ။ အနက်ရောင်ရွှေ နည်းနည်းလောက် ပိုထွက်လာရင်တောင် တော်ဦးမယ်။”

“ဟားဟား...ငါကတော့ ဆိုလာပြား ရလာတယ်ဟေ့။ [ဆိုလာပြား ထုတ်လုပ်မှုပုံစံ] (B အဆင့်) ၁။”

“ဝိုး...B အဆင့် ဆိုလာပြားကြီးပဲ။ ငါ မနာလိုဖြစ်လာပြီ။”

“အသုံးမဝင်ပါဘူး။ အခု ငါတို့အားလုံးက ဂြိုဟ်ကြီးရဲ့ အရိပ်ထဲမှာ ရောက်နေတာ။ ဒီပစ္စည်းရှိရင်တောင် ထိုင်ကြည့်နေရုံပဲတတ်နိုင်လိမ့်မယ်။ လျှပ်စစ်ထုတ်ပေးနိုင်မှာ မဟုတ်ဘူး။”

“ဒါပေမဲ့ ငါတို့ နောက်ဆုံးမှာတော့ အလင်းရောင်ကို မြင်ရမှာပဲလေ။ အလင်းရောင်ကို မြင်ရမယ့်နေ့ရောက်လာရင် ဒီဆိုလာပြား အသုံးဝင်မယ့်အချိန် ရောက်လာမှာပေါ့။”

“အခုချက်ချင်း ဂြိုဟ်အရိပ်ထဲကနေ ထွက်သွားနိုင်ရင် သိပ်ကောင်းမှာပဲ။ နှမြောစရာပဲ။ စောစောက သူဌေးပေးတဲ့ လွတ်မြောက်နိုင်မယ့် အခွင့်အရေးကို ငါ ဆုပ်ကိုင်မထားနိုင်ခဲ့ဘူး။”

“ငါလည်း ဆိုလာပြား တစ်ခု ရထားတယ်။ ဟူး... အခုတော့ အလင်းရောင်ကို စောစောမြင်ရဖို့ မျှော်လင့်ချက်နဲ့ လောင်စာဆီနည်းနည်းဝယ်ပြီး ဂြိုဟ်ပတ်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို ခပ်ဝေးဝေးလေး ပျံသန်းသွားဖို့ပဲ တတ်နိုင်တော့တယ်။”

“ဟုတ်တယ်။ ငါလည်း အဲဒီလိုပဲ တွေးနေတာ။ ငါ့ဆီက အနက်ရောင်ရွှေတွေ အကုန်လုံး လောင်စာဆီနဲ့ လဲလိုက်ရပြီ။”

“လူတိုင်း ဆိုလာပြား ထုတ်လုပ်မှုပုံစံ ရထားကြတယ်ထင်တယ်။”

“ဒါပေါ့။ မဟုတ်ရင် အနက်ရောင်ရွှေလို အရေးကြီးတဲ့ ရင်းမြစ်ကို သုံးပြီး လောင်စာဆီနဲ့ သွားလဲမှာ မဟုတ်ဘူးလေ။”

အသက်ရှင်ကျန်ရစ်သူများသည် ဆိုလာပြားများ ရရှိလာကြသောကြောင့် ရှောင်းယီဘက်ရှိ လောင်စာဆီ ရောင်းအားမှာ နောက်ထပ် အရှန်အဟုန် အနည်းငယ် မြင့်တက်လာခဲ့ပြန်သည်။

ရှောင်းယီသည် ဈေးကွက်ခန်းမသို့ ပြောင်းလဲလိုက်ပြီး အနက်ရောင်ရွှေအားလုံးကို သိမ်းဆည်းလိုက်သည်။

[ကုန်သွယ်မှု အောင်မြင်ပါသည်... လေးဆတိုး ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသည့်ရင်းမြစ် - အနက်ရောင်ရွှေ ၁.၂ သန်း။]

ဤကုန်သွယ်မှုအပြီးတွင် ရှောင်းယီ၏ ကယ်ဆယ်ရေးယာဉ်ကို အဆင့်မြှင့်တင်ရန် လိုအပ်သော ရင်းမြစ်များမှာ ချက်ချင်းပင် ပြည့်စုံသွားခဲ့တော့သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စက်ပစ္စည်း အဆင့်မြှင့်တင်ခြင်းကတ်ကို ချက်ချင်း အသုံးပြုလိုက်၏။

[အုတ်မြစ်ကျောက် ၁၀ သန်းနှင့် အနက်ရောင်ရွှေ ယူနစ် ၁၀ သန်း ကုန်ကျပါမည်။ ကယ်ဆယ်ရေးယာဉ်ကို အဆင့်မြှင့်တင်နေပါသည်... အဆင့်မြှင့်တင်နေပါသည်...]

[အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်။]

သို့သော် ရှောင်းယီသည် သူရှိနေသော ယာဉ်ခန်းငယ်လေးမှာ မျက်စိရှေ့တွင်ပင် လျင်မြန်စွာ ကျုံ့ဝင်သွားသည်ကို တွေဝေစွာ ငေးကြည့်နေမိသည်။

“ဒါက ဘယ်လို အခြေအနေကြီးလဲ။”

ရှောင်းယီ အနည်းငယ် ကြောင်အမ်းသွားခဲ့၏။

အဆင့်မြှင့်ပြီးရင် နေရာလွတ်က အရမ်းကျယ်လာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ပြန်ကျုံ့သွားရတာလဲ။

“အိမ်ရှင်သည် လက်ရှိတွင် အသေးစား အာကာသယာဉ်၏ ကယ်ဆယ်ရေးယာဉ်ငယ်ထဲတွင် ယာယီ ရောက်ရှိနေခြင်း ဖြစ်သည်။”

စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီး တိုးတိုးရေရွတ်လိုက်၏။

“ဪ... ဒီလိုကိုး။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပြန်ကြည့်လိုက်ရာ ကျောက်တိုင်ပေါ်၌ အသိပေးချက် ပေါ်လာခဲ့သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အခြားယာဉ်ခန်းတစ်ခုသို့ ပြောင်းရွှေ့လိုပါသလား။”

“ပြောင်းမယ်။”

ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။

အခြား ကောင်းမွန်တဲ့ ယာဉ်ခန်းတွေ ရှိနေတာကို ဘာကိစ္စ ကယ်ဆယ်ရေးယာဉ်လေးထဲမှာပဲ ထားရမှာလဲ။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ထားရှိရန် ယာဉ်ခန်းကို ရွေးချယ်ပါ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် အာကာသယာဉ်တစ်စီးလုံးရှိ ယာဉ်ခန်းများကို ချက်ချင်း ဖော်ပြပေးလာ၏။ ယာဉ်မောင်းခန်း၊ အလုပ်ခန်း၊ လူနေခန်း စသည်ဖြင့် ဖြစ်သည်။

အာကာသယာဉ် တစ်စီးလုံးမှာ စက်ဝိုင်းပုံစံ ပြားချပ်ချပ် အချပ်ပြားပုံစံ ဖြစ်ပြီး ထိပ်ပိုင်းတွင် ယာဉ်မောင်းခန်းရှိကာ ဘေးပတ်လည်တွင် ပြတင်းပေါက်များ ရှိသည်။

ယာဉ်မောင်းခန်း၏ အောက်တည့်တည့်တွင် လူနေခန်း ရှိသည်။ ဤဒီဇိုင်းမှာ အရေးပေါ်အခြေအနေမျိုးတွင် အသက်ရှင်ကျန်ရစ်သူအနေဖြင့် ယာဉ်မောင်းခန်းသို့ လျင်မြန်စွာသွားရောက်ကာ အာကာသယာဉ်ကို ထိန်းချုပ်ပြီး အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ရည်ရွယ်ထားပုံရသည်။

လူနေခန်း၏ ပတ်ပတ်လည်တွင် သိုလှောင်ရုံ၊ အလုပ်ခန်း၊ စိုက်ပျိုးရေးခန်း စသည့် လုပ်ဆောင်ချက် အသီးသီးရှိသော ယာဉ်ခန်းများရှိပြီး လွတ်နေသော ယာဉ်ခန်းအချို့ပင် ရှိသေးရာ ရှောင်းယီကိုယ်တိုင် စိတ်ကြိုက် စီစဉ်နိုင်ရန် လုံးဝ ဖန်တီးပေးထားခြင်းပင်။

အနည်းငယ် စဉ်းစားပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ယာဉ်မောင်းခန်းထဲ၌ ထားရှိရန် ဆုံးဖြတ်လိုက်သည်။ အာကာသယာဉ်ကို မောင်းနှင်သည့်အခါ မြေပုံကို အမြဲတမ်း စစ်ဆေးကြည့်ရှုရန် လိုအပ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ထိုနေရာတွင် ထားခြင်းက အချိန်မရွေး စစ်ဆေးနိုင်စေမည် ဖြစ်သည်။

ထို့အပြင် အသေးစား အာကာသယာဉ်၏ ယာဉ်မောင်းခန်းသည် လူနေခန်းနှင့် မဝေးလှသဖြင့် ရှောင်းယီအတွက် သတင်းစကားများကို အချိန်မရွေး သွားရောက်စစ်ဆေးရန် အဆင်ပြေစေသည်။

ပြောင်းရွှေ့မည့်နေရာကို အတည်ပြုပြီးနောက်တွင်မူ ရှောင်းယီရှေ့ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ရှောင်းယီသည် ကယ်ဆယ်ရေးယာဉ်ငယ်လေးထဲမှ ပေါလောမျောကာ ထွက်လာခဲ့ပြီး စနစ်၏ လမ်းညွှန်ချက်အတိုင်း အပေါ်ဘက်သို့ မျောလွင့်သွားခဲ့သည်။

ယာဉ်ခန်းအသီးသီးကို လှည့်လည်ကြည့်ရှုပြီးနောက် ရှောင်းယီမှာ သွားကိုက်ချင်စိတ်ပင် ပေါက်လာတော့သည်။ ဤယာဉ်ခန်းများကို အမျိုးအစားအလိုက် အမည်များ ပေးထားသော်လည်း အတွင်း၌ ဘာဆိုဘာမှ မရှိပေ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤအာကာသယာဉ်ကြီးမှာ အခြေခံအကျဆုံး အသုံးအဆောင်များသာ ပါဝင်သည့် အခွံသက်သက်ကြီးသာ ဖြစ်ပြီး ကျန်သည်များကို သူကိုယ်တိုင် တဖြည်းဖြည်း ဖြည့်တင်းသွားရမည် ဖြစ်သည်။

All Chapters