← Chapters

အခန်း ၁၃၀၈

Vol. 114 Ch. 1308

အခန်း ၁၃၀၈

Vol. 114 Ch. 1308

အခန်း ၁၃၀၈

ဤအာကာသယာဉ်၏ အတွင်းခန်းများကို သူကိုယ်တိုင် တဖြည်းဖြည်းချင်း ဆက်လက်ဖြည့်တင်းသွားရဦးမည် ဖြစ်သော်လည်း အခြားသော အခြေခံ ဟာ့ဒ်ဝဲပစ္စည်းများကမူ အဆင်သင့် ရှိနေပြီဖြစ်သည်။

ဥပမာအားဖြင့် ရှောင်းယီ လက်ရှိ ရောက်ရှိနေသော ယာဉ်မောင်းခန်းသည် လေယာဉ်ပျံတစ်စီး၏ ယာဉ်မောင်းခန်းနှင့် များစွာဆင်တူသော်လည်း ကွာခြားချက်မှာ ဤနေရာရှိ စက်ကိရိယာတန်ဆာပလာများမှာ လေယာဉ်ပျံထဲကလောက် ရှုပ်ထွေးမှုမရှိခြင်းပင်။

ယာဉ်မောင်းသူ၏ နေရာတွင် သက်တောင့်သက်သာရှိသော ထိုင်ခုံတစ်လုံးကို သေချာစွာ တပ်ဆင်ပေးထားသည်။ ရှောင်းယီသည် တိုက်ရိုက်ပင် ဝင်ထိုင်လိုက်ပြီး ထိုင်ခုံခါးပတ်ကို ပတ်ကာ သက်တောင့်သက်သာရှိသော နောက်မှီပေါ်သို့ မှီချလိုက်တော့သည်။

“ဇိမ်ပဲ။”

ရှောင်းယီ ရေရွတ်လိုက်၏။

ထိုင်ခုံကို စမ်းသပ်ပြီးနောက် ရှောင်းယီသည် သူ့ဘေးနားရှိ ကျွန်းအထိမ်းအမှတါယ်ကျောက်တိုင်ဆီသို့ အကြည့်ပို့လိုက်သည်။

ယခုအခါ ညရှစ်နာရီကျော်နေပြီ ဖြစ်သည်။

ရှောင်းယီသည် ဈေးကွက်ခန်းမတွင် တင်ထားသော ကုန်သွယ်မှုပစ္စည်းများ၏ ဈေးနှုန်းကို မူလဈေးနှုန်းများအတိုင်း ပြန်လည်ပြင်ဆင်လိုက်ပြီး တစ်ချိန်တည်းမှာပင် အုတ်မြစ်ကျောက်အတွက် ကုန်သွယ်မှုများကိုလည်း ပြန်လည်တင်သွင်းလိုက်သည်။

မကြာမီမှာပင် အများသုံးချန်နယ်မှ တုံ့ပြန်မှုများ ထွက်ပေါ်လာတော့သည်။

“ဘာဖြစ်တာလဲ။ သူဌေး ရောင်းတဲ့ ပစ္စည်းတွေက ဘာလို့ မူလဈေးနှုန်းတွေ ပြန်ဖြစ်သွားတာလဲ။”

“ဟုတ်တယ်။ ဒီနေ့ တစ်နေ့လုံး အဲဒီဈေးနဲ့ သွားမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။”

“ငါ လျှပ်စစ်နဲ့ လောင်စာဆီလဲဖို့ အနက်ရောင်ရွှေ နည်းနည်း ထပ်ရှာဖို့ ပြင်နေတုန်းရှိသေးတယ်လေ။”

ထိုအခါ ရှောင်းယီက အများသုံးချန်နယ်တွင် ဝင်ပြောလိုက်သည်။

“ငါ အနက်ရောင်ရွှေ လုံလုံလောက်လောက် စုမိသွားပြီမလို့ မူလဈေးနှုန်းတွေအတိုင်း ပြန်ပြောင်းလိုက်တာပါ။”

“ငါ ခုနက အရောင်းအဝယ် ပမာဏကို ကြည့်လိုက်တာ။ သူဌေး လိုအပ်တဲ့ အနက်ရောင်ရွှေ ပမာဏက တော်တော်လေး များပုံပဲ။”

“အမှန်ပဲ။ အနည်းဆုံး ခန့်မှန်းခြေ တွက်ကြည့်ရင်တောင် အနက်ရောင်ရွှေ ယူနစ် နှစ်သန်းလောက် ရှိလိမ့်မယ်။”

“အဲလောက် အနက်ရောင်ရွှေ ပမာဏအများကြီးဆိုရင်တော့ တော်တော်ကြာကြာ သုံးလို့ရမှာပါ။”

“နောက်နောင် ဒီလို လျှော့ဈေးမျိုး ရဖို့ကတော့ မလွယ်လောက်တော့ဘူး ထင်တယ်။”

“ဟူး... ငါ အစက တွေဝေမနေခဲ့သင့်ဘူး။ အခုဆို တစ်ရက်ကို အနက်ရောင်ရွှေ သုံးလေးယူနစ်လောက် ရှာနိုင်နေပြီဆိုတော့ အရေးကြီးတယ်ဆိုပေမဲ့ ရှားပါးပစ္စည်းတော့ မဟုတ်တော့ဘူး။”

“ထားလိုက်ပါတော့။ နောင်တရနေလည်း အပိုပဲ။ နောက်တစ်ခါ သူဌေး ပရိုမိုးရှင်း ထပ်လုပ်တဲ့အခါကျရင် အခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်ရမယ်။”

“ဒါနဲ့ သူဌေးက ဘာဖြစ်လို့ အနက်ရောင်ရွှေးတွေ ဒီလောက်အများကြီး လိုနေတာလဲဆိုတာ ငါတကယ် သိချင်မိတယ်။”

“ဒါကို အရင်ကလည်း ဝိုင်းဆွေးနွေးပြီးသား မဟုတ်ဘူးလား။ ကယ်ဆယ်ရေးယာဉ်ကို ချဲ့ထွင်ဖို့အတွက်ပဲ ဖြစ်ရမယ်။”

“ကုဗမီတာ တစ်သန်းကျော်ရှိတဲ့ ကယ်ဆယ်ရေးယာဉ်ကြီးလား။ ဦးနှောက်လေး ဘာလေး သုံးစမ်းပါဦး။ ပုံမှန်လူက ကိုယ့်ရဲ့ ကယ်ဆယ်ရေးယာဉ်ကို ဒီလောက်အထိ ကြီးအောင် ချဲ့ပါ့မလား။”

“တကယ်လို့ သူဌေးမှာ တပ်ဆင်စရာ အလုံးအရုံးကြီးမားတဲ့ စက်ပစ္စည်းတစ်ခုခု ရှိနေရင်ကော။”

“ဟုတ်ပါ့။ မင်းကပဲ လူတိုင်းထက် ပိုသိသလိုလိုနဲ့။ တကယ်လို့ သူဌေးက ကယ်ဆယ်ရေးယာဉ်ထဲ မဆံ့တဲ့ ပစ္စည်းကြီးကြီးမားမားတစ်ခုခု ရထားလို့ ကယ်ဆယ်ရေးယာဉ်ကို မချဲ့ဘူးဆိုရင် အဲဒီပစ္စည်းကို အာကာသဟင်းလင်းပြင်ထဲ ဒီအတိုင်း ပစ်ထားရမှာလား။”

“အဲဒါက ဖြစ်နိုင်ချေရှိတဲ့ အချက်တစ်ခုဆိုပေမဲ့ ငါ့ အမြင်အရတော့ အခုအချိန်မှာ ကယ်ဆယ်ရေးယာဉ်ကို အကြီးကြီးဖြစ်အောင် ချဲ့တာက သိပ်ပြီး မသင့်တော်ဘူးလို့ ထင်တယ်။”

“ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ။”

“ပြီးခဲ့တဲ့ ကမ္ဘာ့စည်းမျဉ်းတွေရဲ့ သဘောသဘာဝအရ တွက်ကြည့်ရင် မင်းက အခုအချိန်မှာ ကယ်ဆယ်ရေးယာဉ်ကို အရမ်းကြီးအောင် လုပ်ထားရင် ဥက္ကာခဲတွေရဲ့ တိုက်ခိုက်မှုကို ပိုပြီး ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်။”

“အဲဒါကတော့ တကယ် ဖြစ်နိုင်တယ်။ ကယ်ဆယ်ရေးယာဉ် ကြီးလေ၊ ပစ်မှတ်က ကြီးလေပဲဆိုတော့ ဖြတ်သွားဖြတ်လာ ဥက္ကာခဲတွေနဲ့ ဝင်တိုက်မိဖို့ ပိုလွယ်သွားလိမ့်မယ်။”

“ဒါကြောင့် ကယ်ဆယ်ရေးယာဉ်ကို မချဲ့ဖို့ ငါရွေးချယ်ခဲ့တာ တကယ့်ကို မှန်သွားတာပဲ။”

“မင်းတို့တွေ အတွေးလွန်နေကြတာပါ။ ကမ္ဘာ့စည်းမျဉ်းတွေက အဓိကအစုအဖွဲ့နောက်ကို လိုက်မမီတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို သေချာပေါက် တစ်နည်းနည်းနဲ့ ရှင်းထုတ်ပစ်မှာပဲ။”

“မျှော်လင့်ထားတဲ့အတိုင်းပဲ။ အရင်တုန်းကလိုပဲ ဘေးကျပ်နံကျပ် အခြေအနေကြီးပါပဲလား။”

အများသုံးချန်နယ်အတွင်း ဆွေးနွေးနေကြသည်ကို မြင်သောအခါ ကျူးဝူသည် ရေ နှစ်တန်ကို ရှောင်းယီထံသို့ ကုန်သွယ်မှုပြုလုပ်၍ ပို့ပေးလာပြီး သီးသန့်ချန်နယ်မှတစ်ဆင့် မေးလိုက်သည်။

“သူဌေး အခု ရေနဲ့ အနက်ရောင်ရွှေတွေကို အများကြီး ထပ်ပြီး တူးဖော်ရဦးမလား။”

“လုပ်ရမယ်။ မင်းဘက်က ဆက်ပြီးပဲ စုဆောင်းနေလိုက်ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“တကယ်လို့ မလိုတော့ဘူးဆိုရင် ငါ မင်းကို ကြိုပြီး အကြောင်းကြားမယ်။”

“ဟုတ်ကဲ့ပါ။”

ယခုအခါ ကျူးဝူသည် ရှောင်းယီ၏ စကားကို တစ်သဝေမတိမ်း လိုက်နာနေပြီ ဖြစ်သည်။ သူ၏ ကယ်ဆယ်ရေးယာဉ်မှာလည်း အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေများကို အသုံးပြုကာ ချဲ့ထွင်မွမ်းမံထားပြီးဖြစ်ရာ ယခင်နှင့်မတူဘဲ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခင်က နံစော်အော်ဂလီဆန်စရာ အနံ့အသက်ဆိုးများဖြင့် ပြည့်နှက်နေခဲ့သော ကယ်ဆယ်ရေးယာဉ်ငယ်လေးသည် ယခုအခါ နောက်ဆုံးတွင် လတ်ဆတ်သော လေထုကို ရရှိခံစားနိုင်ခဲ့းပြီ ဖြစ်သည်။

မြင်ကွင်းသည်လည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဘတ်ပတ်လည်တွင် ဖွေးဖွေးလှုပ်နေသော အာကာသဟင်းလင်းပြင်ကြီးသာ ရှိနေသေးသော်လည်း သူ၏စိတ်မှာမူ အနည်းငယ် ပိုမိုလန်းဆန်းသွားခဲ့ရပြီ ဖြစ်သည်။

၎င်းအပြင် ကယ်ဆယ်ရေးယာဉ်ငယ်၏ အောက်ခြေတွင် အသေတပ်ဆင်ထားသော အာကာသအိပ်စက်ခြင်းအိတ်ပါ ရှိနေသေးရာ သူ၏ အခြေအနေထက် သာလွန်ကောင်းမွန်သူ မည်သူရှိနိုင်ပါဦးမည်နည်း။

ဈေးနှုန်းများကို ပြန်လည်ပြင်ဆင်ပြီးနောက် ရှောင်းယီသည် အသေးစား လေဆာအမြောက် လေးခုကို စနစ်သိုလှောင်ခန်းထဲမှ ထုတ်ယူလိုက်သည်။

[S အဆင့် အသေးစား လေဆာအမြောက် ၄ ခုကို ရရှိထားကြောင်း စနစ်မှ စစ်ဆေးတွေ့ရှိပါသည်။ ၎င်းတို့ကို အသေးစား အာကာသယာဉ်ပေါ်တွင် တပ်ဆင်ရန် အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေးများကို အသုံးပြုလိုပါသလား။]

“တပ်ဆင်မယ်။”

ရှောင်းယီက ရွေးချယ်လိုက်သည်။

ရှောင်းယီအနေဖြင့် အာကာသထဲတွင် ရှင်သန်ခြင်းဆိုင်ရာ၌ ပစ္စည်းကိရိယာများ တပ်ဆင်ခြင်းဖြစ်စေ၊ ချဲ့ထွင်ခြင်းဖြစ်စေ အားလုံးအတွက် အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေများ သုံးစွဲရမည်ဟူသောအချက်ကို သဘောပေါက်ထားပြီးသား ဖြစ်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေသဖြင့် ထိုအသေးစား လေဆာအမြောက် လေးခုမှာ မျက်စိတစ်မှိတ်အတွင်း တပ်ဆင်ပြီးစီးသွားခဲ့သည်။

တပ်ဆင်မှုပြီးဆုံးပြီးနောက် ရှောင်းယီသည် ထိုလေဆာအမြောက်များ၏ လုပ်ဆောင်ချက်ကို စစ်ဆေးကြည့်ရာ ၎င်းတို့ကို လူကိုယ်တိုင်သာ ချိန်ရွယ်ပစ်ခတ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

“အလိုအလျောက်စနစ် သိပ်မဆန်သေးဘူးပဲ။”

ရှောင်းယီက သက်ပြင်းအသာချရင်း ရေရွတ်လိုက်မိသည်။

သို့သော်လည်း မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက် လက်နက်တစ်ခု ရှိနေခြင်းကပင် အလွန်ကောင်းမွန်နေပြီဖြစ်ရာ လောလောဆယ်တွင်မူ အလွန်အကျွံ မမျှော်လင့်ရဲသေးပေ။

အများသုံးချန်နယ်တွင်မူ လူတိုင်းက ယနေ့ရရှိခဲ့သော ဆုလာဘ်ပစ္စည်းများနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်သည်။

“ဟားဟား နောက်ဆုံးတော့ ငါ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းအချို့ ရခဲ့ပြီ။”

“မဖြစ်နိုင်တာ...။ ငါကျ ဘာလို့ သန့်ရှင်းရေးသုံး ပစ္စည်းတွေ မရတာလဲ။ ဒီအတိုင်းသာ ဆက်သွားရင် ငါတစ်ကိုယ်လုံး နံစော်နေတော့မှာပဲ။”

“ဟူး... ငါပြောပြမယ်။ ငါဆို အခု ဒီအနံ့ကြီးကို နှာခေါင်းယဉ်နေပြီ။ မင်းတို့ ယုံကြလား။”

“ချီး... အိမ်သာထဲမှာ ကြာကြာနေရင် အီးနံ့မနံတော့တာ သဘာဝပဲလေ။”

“ဒါနဲ့... ဒီမစင်နဲ့ ဆီး စုဆောင်းရေးကိရိယာ ဆိုတာ အခြေခံလိုအပ်ချက် မဟုတ်ဘူးလား။ ဘာလို့ ငါတို့ကို တစ်ယောက်တစ်ခုစီ မပေးထားရတာလဲ။”

“အဲဒါတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဒီပစ္စည်းမရှိဘဲနဲ့လည်း ငါတို့ ဒီလောက်ရက်အများကြီး အသက်ရှင်လာနိုင်ခဲ့တာပဲ မဟုတ်လား။”

“ငါတို့အားလုံး အောင့်အီးသည်းခံလာခဲ့ကြရတာလေ။”

“သည်းခံနိုင်တယ်ဆိုကတည်းက ဒါက မရှိမဖြစ် မဟုတ်သေးဘူးပေါ့။ ဒါကြောင့် ဆက်ပြီး သည်းခံနေလိုက်ကြပါဦး။”

“ဟုတ်တယ်။ အစ်ကိုကျူး အကြောင်းပဲ တွေးကြည့်လိုက်။ ငါတို့ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး သူ့ထက်တော့ အများကြီး သာပါသေးတယ်။”

ကျူးဝူသည် ကိုယ့်ကိုယ်ကိုယ် သာယာအောင် ပြောဆိုရန်အတွက် သူ့ကို ဆွဲထည့်နေကြသည်ကို မြင်သောအခါ သဘာဝကျစွာပင် လက်မခံနိုင်ဖြစ်သွားခဲ့သည်။ သူက အများသုံးချန်နယ်တွင် ချက်ချင်း ဝင်ပြောလိုက်တော့သည်။

“ဟေး... မင်းတို့ ဘာအကြောင်းပဲ ပြောပြော ငါ့ကို လာမဆွဲထည့်နဲ့။ ငါ အခု အရမ်း ဇိမ်ကျကျ နေနေရတာကွ။ ပြီးတော့ ငါ့ထက် ကယ်ဆယ်ရေးယာဉ် ကိရိယာတွေ ပိုကောင်းတဲ့လူ ဒီမှာ ရှိချင်မှ ရှိလိမ့်မယ်။”

“ဝိုး အစ်ကိုကျူး...မင်း ဘယ်တုန်းက ဒီလောက် ကြွားတတ်သွားတာလဲ။”

“ကြယ်တံခွန်နောက်ကနေ လိုက်ပျံနေရတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်ကများ သူ့ကယ်ဆယ်ရေးယာဉ်ထဲက ပစ္စည်းတွေကို ကောင်းတယ်လို့ ပြောရဲတယ်ပေါ့။ သူ ရိက္ခာသေတ္တာတွေကော ဖမ်းမိရဲ့လား။”

“သေချာပေါက် ဖမ်းမိမှာမဟုတ်ဘူး။ သူ့ဘေးနားမှာ ရိက္ခာသေတ္တာ ပေါ်လာရင်တောင် ကြယ်တံခွန်ရဲ့ ဆွဲခေါ်မှု မြန်နှုန်းမြင့်လွန်းလို့ ဖမ်းဖို့ အချိန်ရမှာမဟုတ်ဘူး။”

“ဒါပေမဲ့ အဲဒီရိက္ခာသေတ္တာကပါ ကြယ်တံခွန်ရဲ့ ဆွဲခေါ်မှုနောက်ကို အတူတူ မျောပါနေတာဆိုရင်ကော။”

“အဲဒါတော့ တကယ် ဖြစ်နိုင်ချေ ရှိတယ်။”

“ဒါဆို အစ်ကိုကျူးက ကြွားနေတာမဟုတ်ဘဲ တကယ်ကြီး ပစ္စည်းကောင်းတွေ ရထားတာလား။”

“မဖြစ်နိုင်ဘူး။”

“အာကာသအိပ်စက်ခြင်းအိတ် (S အဆင့်) ၁၊ မစင်နှင့် ဆီး စုဆောင်းကိရိယာ (C အဆင့်) ၁။”

ကျူးဝူက စကားအများကြီး မပြောတော့ဘဲ ထိုပစ္စည်းနှစ်ခုကို အများသုံးချန်နယ်ထဲသို့ တိုက်ရိုက်သာ တင်သွင်းပြလိုက်တော့သည်။

ယခုအခါ အသက်ရှင်ကျန်ရစ်သူအားလုံးမှာ မတည်ငြိမ်နိုင်တော့ဘဲ ဆူညံကုန်ကြတော့သည်။

“သေစမ်း... ဒါ ဘယ်လို အခြေအနေကြီးလဲ။ S အဆင့် အိပ်စက်ခြင်းအိတ်ကြီးလား။”

“မစင်နဲ့ ဆီး စုဆောင်းကိရိယာမှာတောင် အဆင့်ရှိတာလား။ အဲဒါကို သုံးရင် လူကို ပိုပြီး စိတ်ချမ်းသာစေမလားဆိုတာ ငါ သိချင်မိတယ်။”

“သူက ဘယ်လိုလုပ်ပြီး ဒီလောက် ပစ္စည်းကောင်းတွေ အများကြီး ရနိုင်ရတာလဲ။”

“အစ်ကိုကျူး... ငါ့ကို ပြန်ရောင်းပါ။ ဈေးနှုန်းသာ ပြောလိုက်။ ငါ ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပဲ။”

“ဒါက လူတွေကို အသက်ရှင်ခွင့် ပေးဦးမှာလား။ ကြယ်တံခွန် ဆွဲခေါ်သွားတဲ့လူက ဘာလို့ ဒီလောက် ပစ္စည်းကောင်းတွေ ရနိုင်ရတာလဲ။ ဒါ မတရားဘူး။”

“တကယ် မတရားဘူး။ အခုထိ ဘယ်သူက S အဆင့် ပစ္စည်းမျိုး ရဖူးလို့လဲ။ ဘယ်သူမှ မရဖူးသေးဘူး မဟုတ်လား။ သူကျတော့ ဘာလို့ ရထားတာလဲ။”

“ဒါ ကြယ်တံခွန်ရဲ့ အပိုဆုကြေးလား။”

“ဘာကြီးလဲ။ ကြယ်တံခွန်ရဲ့ အပိုဆုဟုတ်လား။ တကယ်လို့ ကြာ်တံခွန်နောက် လိုက်ရတာ အပိုဆုရတယ်ဆိုရင် နောက်တစ်ခါ ကြယ်တံခွန်နဲ့ ကြုံရင် ငါ သေချာပေါက် နောက်ကနေ လိုက်သွားတော့မယ်။”

All Chapters