← Chapters

အခန်း ၁၃၀၉

Vol. 114 Ch. 1309

အခန်း ၁၃၀၉

Vol. 114 Ch. 1309

အခန်း ၁၃၀၉

လူအများ ဝိုင်းဝန်းဆွေးနွေးနေကြသည်ကို မြင်သောအခါ ကျူးဝူသည်လည်း ဤအချိန်တွင် တစ်စုံတစ်ခု ထူးဆန်းနေကြောင်း သတိပြုမိသွားခဲ့သည်။

အခြားသူဘယ်သူမှ S အဆင့် ပစ္စည်းမျိုး မရဖူးကြသေးဘဲ ဘာဖြစ်လို့ ယီရန်ပင်းတစ်ယောက်တည်းက ရနိုင်ရတာလဲ။

“သူဌေးက ခိုးဆော့နေတာများလား။”

ကျူးဝူ မိမိဘာသာ တွေးမိလိုက်သော်လည်း ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။ လက်မည်းကြီးသည် ဤနေရာက အခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေလောက်သည်ဖြစ်ရာ ခိုးဆော့ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

ဖြစ်နိုင်သည်မှာ သူဌေးကိုယ်တိုင်က ကံတရားနတ်သမီး၏ မျက်နှာသာပေးမှုကို ခံထားရသူဖြစ်သဖြင့် အဆင့်မြင့်ပစ္စည်းများကို ရရှိနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ရိက္ခာသေတ္တာ ဖွင့်ရသည်မှာ ကံစမ်းမဲသေတ္တာ ဖွင့်ရသလိုမျိုးဖြစ်ရာ အတွင်း၌ ဘာပါလာမည်ကို မည်သူမျှ ကြိုမသိနိုင်ချေ။

ကျူးဝူအနေဖြင့် အကြောင်းရင်းများကို ဆက်လက်တွေးတောမနေတော့ဘဲ ဂရုထဲတွင် ဝင်ပြောလိုက်သည်။

“အားလုံးပဲ ကိုယ့်ဘဝနဲ့ကိုယ့် အသက်ရှင်ဖို့ပဲ အာရုံစိုက်ကြပါ။ သူတစ်ပါးအရေးကို လျှောက်ပြီး ပူမနေကြပါနဲ့။”

လုမေယွီသည် အများသုံးချန်နယ်တွင် ကျူးဝူ တင်လိုက်သည့်အရာကို မြင်သောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

အခြားအရာများကို သူ အာမခံချက်မပေးနိုင်သော်လည်း ထို S အဆင့် အာကာသအိပ်စက်ခြင်းအိတ်မှာမူ သေချာပေါက် ယီရန်ပင်း ပေးလိုက်ခြင်းသာ ဖြစ်ရမည်။

အဘယ်ကြောင့်ဆိုသော် လုမေယွီကိုယ်တိုင်လည်း ရှောင်းယီထံမှ တစ်ခု ဝယ်ယူထားခဲ့၍ ဖြစ်သည်။

အကယ်၍ S အဆင့် အိပ်စက်ခြင်းအိတ်က ယီရန်ပင်းဆီကဆိုလျှင် ထိုမစင်နှင့် ဆီး စုဆောင်းရေးကိရိယာကရော သူ့ဆီကပဲ ဖြစ်နေမလား။

ထိုသို့တွေးမိသည်နှင့် လုမေယွီသည် ရှောင်းယီထံသို့ ချက်ချင်း သီးသန့်မက်ဆေ့ခ်ျ ပို့လိုက်တော့သည်။

“သူဌေး... အစ်ကိုကျူးရဲ့ မစင်နဲ့ ဆီး စုဆောင်းရေးကိရိယာက သူဌေးဆီကလား။”

“အင်း၊ ဟုတ်တယ်။”

“သူဌေးဆီမှာ အဲဒီမစင်နဲ့ ဆီး စုဆောင်းရေးကိရိယာတွေ ထပ်ရှိသေးလား။”

လုမေယွီက အကဲခတ်သည့်သဘောဖြင့် မေးလိုက်သည်။

ရှောင်ယီအနေဖြင့် ကျူးဝူကို တစ်ခုရောင်းပေးနိုင်သည်ဆိုကတည်းက သူ့ထံတွင် တစ်ခုထက်မက သေချာပေါက် ရှိနေမည်ဖြစ်သည်။ သုံးခုအထိ ရှိနေနိုင်ချေမှာ နည်းပါးသော်လည်း အကယ်၍ ရှိနေခဲ့လျှင်ကော...။

“ရှိသေးတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကျုပ်ကို တစ်ခုလောက် ရောင်းပေးပါ။ အုတ်မြစ်ကျောက် နှစ်သိန်းနဲ့ လဲရင်ရော ဘယ်လိုလဲ။”

ရှောင်းယီထံတွင် ရှိသေးသည်ဟု ကြားလိုက်ရသောအခါ လုမေယွီသည် စိတ်လှုပ်ရှားတုန်ရီသော လေသံဖြင့် ပြောလိုက်၏။

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။”

သူသည် မူလက ကျန်သုံးခုကို မိမိလူများအတွက် ချန်ထားရန် ရည်ရွယ်ခဲ့သော်လည်း ကျန်းယွင်ထျန်းနှင့် အခြားသူများနှင့် ပြန်လည်ဆုံတွေ့ချိန်တွင် ၎င်းတို့၌ ပိုမိုကောင်းမွန်သော ပစ္စည်းကိရိယာများ ရှိနေလောက်ပြီဖြစ်ကြောင်း ထည့်သွင်းစဉ်းစားကာ ထိုအဆင့် C မစင်နှင့် ဆီး စုဆောင်းရေးကိရိယာတစ်ခုကို လုမေယွီအား ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ၎င်းသည် C အဆင့်မျှသာ ရှိသေးပြီး အလွန်အဆင့်မြင့်လှသော ပစ္စည်းမျိုး မဟုတ်ပေ။ ရောင်းလိုက်ရသဖြင့် နှမြောစရာမရှိပါချေ။

ရှောင်းယီက သူ့ကို ရောင်းပေးရန် သဘောတူလိုက်သည်ကို မြင်သောအခါ လုမေယွီသည် ဝမ်းသာအားရဖြင့် မြောက်တက်သွားခဲ့၏။

“အုတ်မြစ်ကျောက် ၂၀၀၀၀၀ - အခမဲ့လဲလှယ်ခြင်း။”

လုမေယုယွီသည် ကုန်သွယ်မှုကို ပြတ်ပြတ်သားသား စတင်လိုက်ပြီး တစ်ချက်စဉ်းစားပြီးနောက် နောက်ထပ် ကုန်သွယ်မှုတစ်ခုကိုလည်း ဆက်လက် စတင်လိုက်သည်။

“အာလူး (C အဆင့်) ၂ ကီလိုဂရမ် - အခမဲ့လဲလှယ်ခြင်း။”

ဆက်တိုက်ဆိုသလို ရောက်ရှိလာသော ထိုကုန်သွယ်မှုနှစ်ခုကို မြင်သောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

လုမေယွီက ဆက်ပြောလိုက်သည်။

“သူဌေး... ဒါက ဒီနေ့ ကျုပ် ရိက္ခာသေတ္တာထဲကနေ အသစ်ရထားတာတွေပါ။ ကျုပ်မှာ ဒါကို ချက်စားဖို့ နည်းလမ်းမရှိဘူး။ ဒါကြောင့် သူဌေးဆီပဲ ပို့ပေးလိုက်တာ။ သူဌေးဘက်မှာဆိုရင်တော့ ဒါကို အစားအစာအဖြစ် ပြောင်းလဲနိုင်လောက်မှာပါ။”

“ဒါဆိုရင်တော့ အရမ်းကျေးဇူးတင်ပါတယ်။”

ရှောင်းယီသည် အားနာမနေတော့ဘဲ ကုန်သွယ်မှုကို တိုက်ရိုက်ပင် သဘောတူလိုက်တော့သည်။

[ကုန်သွယ်မှု အောင်မြင်ပါသည်... လေးဆတိုး ရိတ်သိမ်းမှုကို အသက်လိုက်ပါပြီ။ ရရှိသည့်ပစ္စည်း - အုတ်မြစ်ကျောက် ၈၀၀၀၀၀၊ အာလူး (C အဆင့်) ၈ ကီလိုဂရမ်။]

ထို့နောက် ရှောင်းယီသည်လည်း ကုန်သွယ်မှုတစ်ခုကို ပြန်လည်စတင်လိုက်သည်။

“မစင်နှင့် ဆီး စုဆောင်းရေးကိရိယာ (C အဆင့်) ၁ - အခမဲ့လဲလှယ်ခြင်း။”

လုမေယွီသည် ကုန်သွယ်မှုကို ချက်ချင်း သဘောတူလက်ခံလိုက်၏။ သူ၏လက်ထဲရှိ မစင်နှင့် ဆီး စုဆောင်းရေးကိရိယာကို ကြည့်ရင်း သူသည် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျမတတ် ဖြစ်သွားခဲ့ရသည်။

ယခင်က ရိက္ခာသေတ္တာများ ရရှိခဲ့သော်လည်း ကိုယ်လက်သန့်စင်ပြီးနောက် စွန့်ပစ်ပစ္စည်းများကို ထိန်းချုပ်ရန် နည်းလမ်းမရှိခဲ့ပေ။ ယခု ဤပစ္စည်းရှိသွားပြီဖြစ်ရာ သူ လုံးဝ စိုးရိမ်စရာမလိုတော့သလို ကယ်ဆယ်ရေးယာဉ်ထဲက နံစော်နေသော လေထုကိုလည်း အောင့်အီးသည်းခံနေစရာ မလိုတော့ပေ။

လုမေယွီသည် မစင်နှင့် ဆီး စုဆောင်းရေးကိရိယာကို သူ၏ ကယ်ဆယ်ရေးယာဉ်ထဲတွင် အမြန်ဆုံး တပ်ဆင်လိုက်ပြီး ဇိမ်ခံကာ အသုံးပြုလိုက်တော့သည်။

“ဒီလိုမျိုး ဆီးစွန့်ရတာက တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ။”

လုမေယွီသည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း ရောင့်ရဲမရနိုင်သေးဟန်ဖြင့် ရေရွတ်နေမိတော့သည်။

ရှောင်းယီသည် ကုန်သွယ်မှုမှရရှိလာသော အာလူးများကို ကြည့်လိုက်၏။

“ဒီကောင်ရဲ့ အသီးက အစေ့ပဲ။ ငါ့မှာလည်း ဗာမီကျူလိုက်ရှိနေတာ ကံကောင်းတာပဲ။”

ကံကောင်းထောက်မစွာဖြင့် သူသည် ယခင်က ယွမ်နွန်ထံမှ အကြံဉာဏ် တောင်းခံခဲ့ဖူးသည်။ ကုန်းမြေပေါ်တွင် ရှိစဉ်ကလောက် စိုက်ပျိုးရေးသုံး ကိရိယာများနှင့် ကုန်ကြမ်းပစ္စည်းများ အစုံအလင် မရှိသော်လည်း အာလူးများ အညှောက်ထွက်လာသည်အထိ စောင့်ဆိုင်းပြီးမှ ဗာမီကျူလိုက်ထဲတွင် ထည့်သွင်းစိုက်ပျိုး၍ ရနိုင်သည်။

ရှောင်းယီသည် အာလူး ရှစ်ကီလိုဂရမ်ကို စိုက်ပျိုးရေးခန်းထဲသို့ ယူဆောင်သွားလိုက်သည်။

ဤအချိန်တွင် စိုက်ပျိုးရေးခန်းအတွင်း၌ ရှောင်းယီသည် ရှိရင်းစွဲပစ္စည်းများကို အသုံးပြုကာ အသေတပ်ဆင်ထားသော ပန်းခုံအချို့ကို ဆောက်လုပ်ထားပြီးဖြစ်ပြီး ပန်းခုံများအပေါ်တွင် ဇကာစိပ်တပ်ဆင်ထားသည်။

ထိုဇကာစိပ်များ တပ်ဆင်ထားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဗာမီကျူလိုက်များ လေထဲတွင် ပေါလောမျောမနေစေဘဲ တည်ငြိမ်နေစေရန်အတွက် ဖြစ်သည်။

ဗာမီကျူလိုက် ၂၀ ယူနစ်သည် စတုရန်းမီတာ ၂၀ ရှိသော ပန်းခုံကို အပြည့်အဝ ဖုံးလွှမ်းသွားနိုင်၏။

အာလူးများအား စိုက်ပျိုးရေးခန်းထဲတွင် ထားလိုက်ပြီးနောက် ရှောင်းယီသည် လောင်စာဆီအခြေအနေကို စစ်ဆေးရန် ယာဉ်မောင်းခန်းဆီသို့ တစ်ခေါက် ပြန်လာခဲ့လိုက်သည်။

ယခင်က ကယ်ဆယ်ရေးယာဉ်အဆင့်တွင် ရှိစဉ်က ရေ ၁ ကီလိုဂရမ်မှ လျှပ်စစ်ခွဲထုတ်၍ ရရှိသော ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်သည် ကယ်ဆယ်ရေးယာဉ် လောင်စာဆီ၏ ၁ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်သည်။

သို့သော် ယခုအခါတွင်မူ အသေးစားအာကာသယာဉ်၏ လောင်စာဆီ ၁ ရာခိုင်နှုန်း ပြည့်ရန်အတွက် ရေ ၁ တန်အထိ လိုအပ်ကြောင်း တွေ့ရှိရသဖြင့် ရှောင်းယီ အလွန်အံ့အားသင့်သွားရတော့သည်။

အဆင့်မမြှင့်တင်မီက လောင်စာဆီမှာ အပြည့်ရှိနေခဲ့သော်လည်း အဆင့်မြှင့်ပြီးနောက်တွင်မူ လောင်စာဆီပြကွက်၌ ၀.၁ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း ပြသနေခဲ့သည်။

“ဒီလိုဆိုရင်တော့ ငါ ရေတွေ အများကြီး လိုလာတော့မှာပဲ။ အာကာသထဲမှာ တကယ်ပဲ ဒီလောက် ရေပမာဏအများကြီး ရှိလို့လား။”

ရှောင်းယီက သံသယစိတ်ဖြင့် တိုးတိုးရေရွတ်လိုက်မိသည်။

ရှောင်းယီ၏ မိခင်ကမ္ဘာမြေသည် ၇၀ ရာခိုင်နှုန်းကို ရေထုဖြင့် ဖုံးလွှမ်းထားပြီး မိခင်ကမ္ဘာမြေ အရံကဂြိုဟ်(လ)၏ ဝင်ရိုးစွန်းဒေသများတွင်လည်း ပုံစံအမျိုးမျိုးရှိသော ရေထုများ ရှိနေသည်။

မိခင်ကမ္ဘာမြေနှင့် စနစ်တစ်ခုတည်းတွင်ရှိသော အခြားဂြိုဟ်များ၏ အရံဂြိုဟ်များ၏ မျက်နှာပြင်သည်လည်း ရေခဲပြင်လွှာများဖြင့် ဖုံးလွှမ်းနေကြသည်။

၎င်းအပြင် ကြယ်တံခွန်ဆိုသည်မှာလည်း ဧရာမ ရေခဲလုံးကြီးတစ်လုံး မဟုတ်ပါလော။

ထိုသို့ တွက်ချက်ကြည့်လျှင်မူ အာကာသထဲတွင် ရေရှားပါးမှုပြဿနာ တကယ်တမ်း မရှိနိုင်ချေ။

ထိုအချက်ကို သဘောပေါက်သွားပြီးနောက် ရှောင်းယီသည် ရေပြဿနာနှင့် ပတ်သက်၍ စိုးရိမ်မနေတော့ပေ။

မကြာမီ ည ၁၁ နာရီ မိနစ် ၅၀ သို့ ရောက်ရှိလာရာ ကျူးဝူသည် ရှောင်းယီ၏ အမိန့်အတိုင်း သူစုဆောင်းရမိသမျှကို ပို့ပေးလာခဲ့သည်။

“ရေ ၄၀၀၀ ကီလိုဂရမ်၊ အနက်ရောင်ရွှေ ၅၀၀၀ - အခမဲ့လဲလှယ်ခြင်း။”

ကုန်သွယ်မှုကို သဘောတူလိုက်သည်။

[ကုန်သွယ်မှု အောင်မြင်ပါသည်... လေးဆတိုး ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသည့်ပစ္စည်း - ရေ ၁၆ တန်၊ အနက်ရောင်ရွှေ ၂၀၀၀၀။]

ယခင်က လဲလှယ်ထားသော ရေပမာဏနှင့် ပေါင်းစပ်လိုက်လျှင် ရှောင်းယီ၏ အသေးစားအာကာသယာဉ်ပေါ်တွင် ရေ ပမာဏ ၅၀ တန်နီးပါး ရှိနေပြီဖြစ်ပြီး သူ့ထံတွင် အနက်ရောင်ရွှေ ၃၀၀၀၀ နီးပါးလည်း ကျန်ရှိနေသေးသည်။

ပစ္စည်းပမာဏ အများကြီးဟု ထင်ရသော်လည်း ဤရေအားလုံးကို လျှပ်စစ်ခွဲထုတ်ပြီးမှသာ အာကာသယာဉ်လောင်စာဆီ၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်တင်းနိုင်မည်ဖြစ်သည်။

၎င်းအပြင် လျှပ်စစ်ခွဲထုတ်၍ရသော အောက်ဆီဂျင်အားလုံးကို လောင်စာဆီဖြည့်ရန်အတွက်ချည်း သုံး၍မရသေးချေ။ ရှောင်းယီကိုယ်တိုင်လည်း အသက်ရှူရန် လိုအပ်သလို အောက်ဆီဂျင်ကို ဈေးကွက်ခန်းမတွင်လည်း အမြဲမပြတ် လဲလှယ်ရောင်းချနေရဆဲ ဖြစ်သည်။

သူသည် အနက်ရောက်ရွှေကိုလည်း ပေါ့ပေါ့ဆဆ မသုံးစွဲရဲပေ။ အကယ်၍ အာကာသယာဉ်သာ တစ်စုံတစ်ခုနှင့် ပွတ်တိုက်မိပါက ဤနေရာတွင် အာမခံဟူ၍ မရှိသဖြင့် မိမိ၏ အရင်းအမြစ်များကို သုံးစွဲ၍သာ ကိုယ်တိုင် ပြုပြင်ရမည် ဖြစ်သည်။

သူသည် လုမေယွီထံမှ ငှားရမ်းထားသော စုဆောင်းရေးကိရိယာကို ပြန်အပ်လိုက်ပြီး လောင်စာဆီ ၂ ပွိုင့်ကို ငှားရမ်းခအဖြစ် တစ်ပါတည်း လွှဲပြောင်းပေးလိုက်သည်။

လုမေယွီက အားနာဟန်ဖြင့် ပြောလာခဲ့သည်။

“ကျုပ်တို့ရဲ့ဆက်ဆံရေးက ငှားရမ်းခတွေ ပေးနေဖို့ မလိုပါဘူး။”

“ငါ မင်းရဲ့ တစ်နေ့တာ ဥက္ကာခဲ တူးဖော်တာကို နှောင့်နှေးအောင် လုပ်မိသွားတာပဲလေ။ ပြီးတော့ ငါ့ဆီမှာ လောင်စာဆီနည်းနည်း ကျန်ပါသေးတယ်။ ယူထားလိုက်ပါ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ဒါဆိုရင်တော့ အရမ်းကျေးဇူးတင်ပါတယ် သူဌေး။”

လုမေယွီက ဝမ်းသာအားရ လက်ခံလိုက်သည်။

ထိုအချိန်သို့ ရောက်မှသာ အာကာသချိတ်ကြိုးထံမှ အကြောင်းကြားသံ ထွက်ပေါ်လာတော့သည်။

“တီ... ပစ်မှတ် ရိက္ခာသေတ္တာကို ဖမ်းဆီးရမိပါပြီ...။”

ရှောင်းယီသည် ယနေ့အတွက် ဤရိက္ခာသေတ္တာ တစ်လုံးတည်းသာ ရတော့မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤတစ်လုံးတည်းသာ ရလျှင်ပင် ရှောင်းယီအနေဖြင့် အခြေခံအားဖြင့် ကျေနပ်လှပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ သူဖွင့်ခဲ့သော ရိက္ခာသေတ္တာများမှာ ဆုလာဘ်ပစ္စည်းများ အကြီးအကျယ် ပေါက်ကွဲထွက်ခဲ့၍ ဖြစ်သည်။

သူသည် ပစ္စည်းစုဆောင်းခန်းထဲသို့ ဝင်ကာ ရိက္ခာသေတ္တာကို ဖွင့်ကြည့်လိုက်သည်။

[ပစ္စည်းများ ရရှိပါသည်... လေးဆတိုး ရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသည့်ပစ္စည်း - အုတ်မြစ်ကျောက် ၈၀၊ ခရမ်းချဉ်သီးမျိုးစေ့ (C အဆင့်) ၂၀။]

All Chapters