← Chapters

အခန်း ၁၃၁၀

Vol. 114 Ch. 1310

အခန်း ၁၃၁၀

Vol. 114 Ch. 1310

အခန်း ၁၃၁၀

ရရှိလာသည့် ပစ္စည်းနှစ်မျိုးကို ကြည့်ပြီး ရှောင်းယီ ပြုံးလိုက်မိသည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ။ အရင် ရိက္ခာသေတ္တာတုန်းက ငါ့ရဲ့ ကံကောင်းမှုတွေ အကုန်သုံးလိုက်ရတာ ထင်တယ်။”

ပစ္စည်းနှစ်မျိုးတည်းသာ ရခဲ့သော်လည်း ခရမ်းချဉ်သီးမျိုးစေ့များ ရလိုက်ခြင်းကမူ ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခု ဖြစ်ပေသည်။

၎င်းတို့ကို စိုက်ပျိုးရေးခန်းထဲတွင် စိုက်ပျိုး၍ ရနိုင်၏။

ဤအချိန်တွင် ရှောင်းယီ၌ အဆင်သင့်ဖြစ်နေသော စိုက်ပျိုးရေးပစ္စည်း များများစားစား မရှိသေးသဖြင့် ဗာမီကျူလိုက်များကို အရင် ရေစိုအောင်လုပ်ပြီးမှ ခရမ်းချဉ်သီးမျိုးစေ့များကို ခပ်ဖွဖွလေး မြေမြှုပ်ပေးလိုက်ရုံသာ တတ်နိုင်သေးသည်။

လောလောဆယ် ပျိုးပင်ပြုစုပျိုးထောင်ခြင်း ကိရိယာများ မရှိသေးသောကြောင့် အပင်ပေါက်ရန်အတွက် ကံတရားအပေါ်၌သာ ပုံချထားလိုက်ရတော့သည်။

စိုက်ပျိုးပြီးနောက် ရှောင်းယီသည် အခန်းများအကြားရှိ လှေကားမှတစ်ဆင့် လူနေခန်းဆီသို့ တက်လာခဲ့လိုက်သည်။

လူနေခန်းသို့ ပြန်ရောက်သည်နှင့် ရှောင်းယီသည် သူ၏ အာကာသအိပ်စက်ခြင်းအိတ်ထဲသို့ တိုက်ရိုက်ပင် တိုးဝင်လိုက်ပြီး အနားယူလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ကျူးဝူသည်လည်း ပထမဆုံးအကြိမ်အဖြစ် အာကာသအိပ်စက်ခြင်းအိတ်ထဲသို့ ဝင်ရောက်လဲလျောင်းနေခဲ့သည်။ သူသည် သက်တောင့်သက်သာရှိလွန်းသဖြင့် အသံထွက်ညည်းညူလိုက်မိပြီးနောက် မကြာမီမှာပင် ဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိ... ယာဉ်မောင်းခန်းဆီမှ နှိုးစက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယာဉ်မောင်းခန်းထဲက အသံကို ပိုမိုရှင်းလင်းစွာ ကြားနိုင်ရန်အတွက် ရှောင်းယီသည် အခန်းနှစ်ခုကြားရှိ တံခါးကို မပိတ်ရဲခဲ့ပေ။

ရှောင်းယီသည် အိပ်စက်ခြင်းအိတ်ထဲမှ ချက်ချင်း ရုန်းထွက်ကာ မျက်နှာကို ပွတ်သပ်ပြီး ယာဉ်မောင်းခန်းဆီသို့ ပေါလောမျောကာ သွားလိုက်သည်။

လင်းလက်နေသော စစ်ဆေးရေးမျက်နှာပြင်ပေါ်တွင် ဥက္ကာခဲတစ်လုံးသည် သူ့ထံသို့ ဦးတည်ပျံသန်းလာနေကြောင်း ပြသနေ၏။ ရှောင်းယီသည် ယာဉ်မောင်းသူခုံတွင် ဝင်ထိုင်လိုက်ပြီး အာကာသယာဉ်ကို ချက်ချင်းပင် မောင်းနှင်ကာ ရှောင်တိမ်းလိုက်တော့သည်။

ထိုဥက္ကာခဲ၏ ပျံသန်းနှုန်းမှာ မမြန်လှသဖြင့် ရှောင်းယီအနေဖြင့် အလွယ်တကူ ရှောင်ကွင်းနိုင်ခဲ့သည်။ သူ အချိန်ကို ကြည့်လိုက်ရာ မနက် လေးနာရီကျော်နေပြီ ဖြစ်သည်။

သူ လေးနာရီကျော်ကြာ အနားယူခဲ့ပြီးဖြစ်ရာ လုံလောက်ပြီ ဖြစ်သည်။ ရှောင်းယီသည် အိပ်ခန်းထဲသို့ ပြန်သွားရန် မရည်ရွယ်တော့ဘဲ ယာဉ်မောင်းသူခုံတွင် ဆက်ထိုင်ကာ ဝေးကွာလှသော ကြယ်တာရာကြီးနှင့် သူ့အမြင်တွင် ငြိမ်သက်နေသယောင် ရှိနေသော ဘေးပတ်ပတ်လည်က ဥက္ကာခဲများကိုသာ ငေးမောကြည့်နေမိသည်။

“အခု ငါ့မှာ စုဆောင်းကိရိယာ လေးခု ရှိနေပြီ။ နောက်ဆိုရင် အာကာသချိတ်ကြိုးကို သုံးပြီး ဥက္ကာခဲတွေကို ပိုပြီး ဖမ်းဆွဲလို့ ရပြီ။”

ရှောင်းယီ မိမိဘာသာ တွေးလိုက်မိသည်။

ရိက္ခာသေတ္တာများကို အရင်ဆုံး ဦးစားပေး ဖမ်းဆီးပြီးသရွေ့ ကျန်ရှိသော အချိန်များတွင်မူ မိမိစိတ်ကြိုက် ဥက္ကာခဲများကို လွတ်လပ်စွာ ဖမ်းဆွဲနိုင်မည် ဖြစ်သည်။

ရှောင်းယီသည် ယာဉ်မောင်းသူခုံမှ ထကာ စိုက်ပျိုးရေးခန်းဆီသို့ သွားရောက်စစ်ဆေးကြည့်လိုက်သည်။ မနေ့က သူစိုက်ပျိုးခဲ့သော ခရမ်းချဉ်သီးမျိုးစေ့များမှာ အညှောက်ပင် စတင်ထွက်နေပြီ ဖြစ်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အရှိန်မြှင့်တင်ခြင်းဂုဏ်သတ္တိက အလုပ်လုပ်နေတုန်းပဲကိုး။ ဒါဆိုရင်တော့ ကိစ္စတွေ ပိုပြီးလွယ်သွားပြီ။”

ရှောင်းယီက ဝမ်းသာအားရ ရေရွတ်လိုက်သည်။

စိုက်ပျိုးရေးခန်းထဲမှ ထွက်လာပြီးနောက် ရှောင်းယီသည် အစားအစာသိုလှောင်ခန်းသို့ သွားကာ မနက်စာအတွက် အစားအစာအချို့ကို ယူဆောင်၍ ယာဉ်မောင်းခန်းဆီသို့ ပြန်လည်မျောပါလာခဲ့သည်။

မနက်စာ စားနေရင်း ရှောင်းယီ စိတ်ထဲမှ ရေရွတ်လိုက်သည်။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

[လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့် ဆုလာဘ် - ယာဉ်တွင်း အာကာသဝတ်စုံ (S အဆင့်) ၁။]

[ယာဉ်တွင်း အာကာသဝတ်စုံ (S အဆင့်) - အာကာသယာဉ်အတွင်း မတော်တဆ လေဖိအား ကျဆင်းသွားသည့် အခြေအနေမျိုး ကြုံတွေ့ရပါက ဤယာဉ်တွင်း အာကာသဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြင့် အာကာသယာဉ်မှူး၏ အသက်အန္တရာယ် ကာကွယ် စိတ်ချရမှုကို ၁၄ နာရီကြာ အာမခံပေးနိုင်သည်။]

ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်းယီ အနည်းငယ် ကြောင်အမ်းသွားပြီး ဤပစ္စည်းက သိပ်ပြီး အသုံးမဝင်လှဘူးဟု ခံစားလိုက်ရသော်လည်း ပြန်လည်စဉ်းစားကြည့်သည့်အခါတွင်မူ ဤအရာက အလွန်အရေးကြီးသေးကြောင်း သဘောပေါက်သွားခဲ့သည်။

နောင်တစ်ချိန်တွင် အာကာသယာဉ်သာ အပြင်းအထန် ပျက်စီးဆုံးရှုံးမှုနှင့် ကြုံရပါက ဤယာဉ်တွင်း အာကာသဝတ်စုံ ရှိနေခြင်းက ရှောင်းယီအတွက် ယာဉ်ကို ပြန်လည်ပြုပြင်ရန် လုံလောက်သော အချိန်ကို ဝယ်ယူပေးနိုင်မည် ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင်မူ ဤအရာသည် ကြိုတင်ကာကွယ်သည့် ပစ္စည်းတစ်ခုဖြစ်ပြီး လုံးဝ ထုတ်သုံးစရာမလိုခြင်းက အကောင်းဆုံးပင်။

သူသည် ယာဉ်တွင်း အာကာသဝတ်စုံကို ဘေးတွင် ခဏချထားလိုက်ပြီး မနက်စာကို ဆက်လက်သုံးဆောင်လိုက်တော့သည်။

“ဒီ...ဒီ... ကျူးဝူက သီးသန့် စကားပြောရန် တောင်းဆိုနေပါသည်။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ မျောသွားပြီး သီးသန့်ချန်နယ်ကို ဖွင့်ကြည့်လိုက်သည်။

“သူဌေး... သူဌေးဆီမှာ အစားအစာ ရှိသေးလား။ ကျုပ်မှာ စားစရာတွေ ပြတ်သွားလို့ပါ။”

ကျူးဝူက အနည်းငယ် အားနာနေပုံရသည်။

ရှောင်းယီသည် သူ၏ဦးခေါင်းကို အသာပုတ်လိုက်ပြီးနောက် ပေါင်မုန့် ၁ ကီလိုဂရမ်၊ ချောကလက် ၁ ကီလိုဂရမ်နှင့် ရေသန့် ၁ လီတာကို ချက်ချင်း လွှဲပေးလိုက်သည်။

“အားနာလိုက်တာ။ မနေ့က အနက်ရောင်ရွှေအိုတွေ စုဖို့နဲ့ပဲ အလုပ်ရှုပ်နေတာနဲ့ မင်းရဲ့ အစားအစာကိစ္စကို လုံးဝ မေ့သွားတယ်။ မနေ့က မင်း ဗိုက်ဆာနေခဲ့မှာပဲ။ ဒီနေ့တော့ ငါ အဝကျွေးပါ့မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“မဟုတ်တာ၊ မဟုတ်တာ...။ သူဌေး အရင်က ပေးထားတဲ့ စားစရာတွေနဲ့တင် မနေ့ကအထိ နှစ်ရက်စာ ကွက်တိလောက်ငှခဲ့ပါတယ်။”

ကျူးဝူက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“အောင့်အီးသည်းခံနေစရာ မလိုပါဘူး။ မင်းက ငါ့အတွက် အလုပ်လုပ်ပေးနေတာပဲ။ ဗိုက်ဝအောင် စားရဖို့ဆိုတာ အခြေခံအကျဆုံး လိုအပ်ချက်ပဲ။”

ရှောင်းယီက ပြတ်ပြတ်သားသားနှင့် ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။ ရှောင်းယီ ထိုသို့ပြောသည်ကို ကြားလိုက်ရသောအခါ ကျူးဝူမှာ အလွန် ကျေးဇူးတင်မိသွားခဲ့သည်။

“ကျေးဇူးတင်ပါတယ် သူဌေး။ ကျေးဇူးအများကြီးတင်ပါတယ်။”

“ကိစ္စမရှိပါဘူး။ ဒီနေ့လည်း ငါတို့ ဆက်ပြီး စုဆောင်းဖို့ လိုသေးတယ်။ ခဏနေရင် ငါ မင်းကို စုဆောင်းကိရိယာ နောက်ထပ် နှစ်ခု ငှားပေးမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ရတာပေါ့။ သူဌေး ပေးမယ့် စုဆောင်းကိရိယာ နှစ်ခုကော အနက်ရောင်ရွှေ သီးသန့် စုဖို့အတွက်ပဲလား။”

ကျူးဝူက မေးလိုက်သည်။

“တစ်ခုကိုတော့ အနက်ရောင်ရွှေ သီးသန့် စုဖို့ သုံးပြီး နောက်တစ်ခုကိုတော့ မင်းမှာရှိတဲ့ စုဆောင်းကိရိယာလိုပဲ ရေကို အဓိက စုဆောင်းဖို့ သုံးလိုက်ပါ။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ရှောင်းယီသည် အများသုံးချန်နယ်သို့ ပြောင်းလိုက်ရာ ထိုနေရာ၌လည်း အလွန်စည်ကားဆူညံနေပြီ ဖြစ်သည်။

“သာယာလှပတဲ့ နေ့တစ်နေ့ဟာ မနက်ခင်းကနေ စတင်လာတယ်ပေါ့ကွယ်။”

“မဟုတ်တာကွာ။ ငါ မနေ့က ပဲနဲ့လုပ်ထားတဲ့ အစားအစာတွေ စားမိလို့ ဒီနေ့ အသည်းအသန် လေလည်ပြီး ဝမ်းလျှောနေတယ်။ တကယ် နေရခက်နေပြီ။ ကောင်းတဲ့ အကြံဉာဏ်ရှိရင် ပေးကြပါဦး။ အရေးကြီးလို့ပါ။”

“ငါ့အကြံပေးချင်တာကတော့... နောက်ဆိုရင် ဘယ်လို လေလည်ခြင်းမျိုးကိုမှ မယုံကြည်နဲ့တော့။”

“ငါကတော့ မင်းကို နောက်ဆို ရိက္ခာသေတ္တာထဲမှာပဲ အမြဲ ထိုင်နေဖို့ အကြံပြုချင်တယ်။”

“ငါ့အကြံပြုချက်ကတော့ မင်း လေလည်တာကို အောင့်ထားသင့်တယ်။ ဒီလို ဆွဲငင်အားမဲ့တဲ့ ပတ်ဝန်းကျင်မှာ လေလည်လိုက်ရင် အရှိန်က မင်းကို တွန်းထုတ်သွားနိုင်တဲ့အပြင် ကယ်ဆယ်ရေးယာဉ်ရဲ့ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေလိမ့်မယ်။ ပြီးတော့ လေထဲမှာပါတဲ့ ဟိုက်ဒရိုဂျင်နဲ့ မီသိန်းဓာတ်တွေက မီးလောင်လွယ်တဲ့ ဓာတ်ငွေ့တွေမလို့ ဆိုးဆိုးရွားရွားဆို ပေါက်ကွဲမှုတောင် ဖြစ်သွားနိုင်တယ်။”

“ချီးပဲ...မင်းတို့တွေ အများအကျိုးကို ငဲ့ညှာပြီး လက်တွေ့ကျတဲ့ အဖြေမျိုးလေး ပေးကြစမ်းပါလား။”

“ဒီလိုအချိန်မှာ ဘာအကြံကောင်း ရှိနိုင်ဦးမှာလဲ။ တစ်ခုခုနဲ့ ကြိုခံထားမလား၊ ဒါမှမဟုတ် အောင့်ထားမလား၊ မင်းဘာသာပဲ ရွေးလိုက်တော့။”

“ငါ့အထင်တော့ တစ်ခုခုနဲ့ ကြိုတင်ခံထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။”

“ချီးပဲ ဒီနေ့ ဥက္ကာခဲတွေက တော်တော်ကြမ်းပုံရတယ်။ ငါ့ ကယ်ဆယ်ရေးယာဉ်ဆို တိုက်မိလို့ အပေါက်ကြီး ဖြစ်သွားတယ်။ ငါသာ အချိန်မီ မရှောင်နိုင်ရင် သေသွားလောက်ပြီ။”

“ဟုတ်တယ်။ ငါလည်း ဒီနေ့ ဥက္ကာခဲတွေ အရမ်းကြမ်းနေတယ်လို့ ခံစားရတယ်။”

“ဒီနေရာက စမ်းသပ်မှုတွေက တစ်ဆင့်ထက်တစ်ဆင့် ပိုပြီးခက်ခဲလာပုံပဲ။ အားလုံးပဲ အမြန်ဆုံး အဆင့်မြှင့်တင်ကြပါ။”

“ငါလည်း အဆင့်မြှင့်ချင်တာပေါ့။ ဒါပေမဲ့ အခု ဘယ်လို အဆင့်မြှင့်ရမှန်းကို လုံးဝ မသိသေးဘူး။”

“ဒါကတော့ ရိက္ခာသေတ္တာထဲက ဘာထွက်မလဲဆိုတာပေါ်မှာပဲ မူတည်နေတုန်းပဲ။ ကံကောင်းဖို့သာ ဆုတောင်းကြတော့။”

“ဒါက ဘာကြီးလဲ။ [အာကာသ အစားအစာ အပူပေးကိရိယာ ထုတ်လုပ်မှုပုံစံ] ၁။”

“ဝိုး ညီအစ်ကို... မင်း ဒါမျိုးရတာ တကယ် ကံကောင်းတာပဲ။ အခုဆိုရင် အစားအစာတွေကို အပူပေးပြီး စားလို့ရပြီပေါ့။”

“ချီပဲ...ငါဆိုရင်တော့ အိမ်သာအသုံးအဆောင် ပစ္စည်းနဲ့ပဲ လဲလိုက်ချင်တယ်။ အခုလိုအချိန်မှာ ဘယ်သူက အစားအစာကို အပူပေးစားဖို့ အားနေမှာလဲ။ စားစရာရှိနေတာတင်ပဲ တော်လှပြီ။”

“အဲဒါလည်း ဟုတ်တာပဲ။ ညီအစ်ကို... အဲဒီထုတ်လုပ်မှုပုံစံပြကို ငါ့ကို ရောင်းရင်ရော ဘယ်လိုလဲ။”

“မရောင်းပါဘူး။ အိမ်သာအသုံးအဆောင် ပစ္စည်းနဲ့ လဲပေးနိုင်ရင်တော့ တစ်မျိုးပေါ့။”

“ဟွန်း... ငါ့မှာသာ အိမ်သာအသုံးအဆောင် ရှိနေရင် မင်းနဲ့ ဘာလို့ လာလဲနေမှာလဲ။ အိပ်မက်ပဲ မက်နေလိုက်။”

ရှောင်းယီသည် ထိုထုတ်လုပ်မှုပုံစံပြကို ကြည့်ပြီး အနည်းငယ် အားကျမိသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ယခုအချိန်တွင် အေးစက်စက် အစားအစာများကိုသာ စားနေရသောကြောင့်ပင်။

တကယ်လို့ အပူပေးကိရိယာတစ်ခုသာ ရှိရင် ပိုပြီးတော့ သက်တောင့်သက်သာ ရှိမှာ အသေအချာပင်။

သူ၏လက်ထဲတွင် ကျန်ရှိနေသေးသော နောက်ဆုံး မစင်နှင့် ဆီး စုဆောင်းရေးကိရိယာ နှစ်ခုကို ကြည့်ပြီး ရှောင်ယီ ခေါင်းခါယမ်းကာ သည်းခံလိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ဤအပူပေးကိရိယာနှင့် လဲလှယ်ရန်မှာ သိပ်ပြီး မတန်ဟု သူခံစားမိသည်။

“ကောင်းလိုက်တာ။ ငါ့ဘက်မှာတော့ အလင်းရောင်ကို မြင်နေရပြီ။ နောက်ဆုံးတော့ အားသွင်းလို့ ရပြီဟေ့။”

“မဖြစ်နိုင်တာ။ ငါ့ဘက်မှာကျ ဘာလို့ အလင်းရောင် မရှိသေးတာလဲ။”

“ငါ့ဘက်မှာလည်း မရှိသေးဘူး။ အပေါ်က ညီအစ်ကို... မင်း မျက်စိမှားနေတာတော့ မဟုတ်ပါဘူးနော်။”

“မင်းတို့ပဲ မျက်စိမှားနေတာကွ။ ငါ သူဌေးဆီကနေ လောင်စာဆီတွေ အများကြီး ဝယ်ထားလို့ပေါ့။ မဟုတ်ရင် ဒီလောက် မြန်မြန်ဆန်ဆန် အလင်းရောင်ကို မြင်ရပါ့မလား။”

“ဟုတ်တယ်။ ငါလည်း အလင်းရောင်နဲ့ နီးစပ်နေပြီလို့ ခံစားနေရတယ်။ အဲဒီတုန်းက သူဌေးဆီက လောင်စာဆီ ဝယ်ခဲ့တာ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ အရိပ်ထဲကနေ ချက်ချင်း ထွက်မလာနိုင်သေးပေမဲ့ အလင်းရောင်ကိုတော့ အနည်းငယ် စောစောစီးစီး မြင်တွေ့ခွင့်ရတာပေါ့။”

“ချီးပဲ... မင်းတို့ ပြောနေတာ နားထောင်ရတာ ငါတော့ ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီ။”

All Chapters