အခန်း ၂၂၃
Vol. 20 Ch. 223
အခန်း (၂၂၃) စတားဖျော်ဖြေရေးကုမ္မဏီ ပြိုလဲခြင်း
နောက်တစ်နေ့ နံနက်ခင်းတွင် မိုးဖွဲဖွဲရွာသွန်းနေပြီး လူအများတွက် အိပ်စက်ချင်စရာကောင်းသော ရာသီဥတုမျိုး ဖြစ်ပေ၏။
ဆူညံသော ဖုန်းမြည်သံကတခုက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် ဝမ်လဲ့ကို နိုးသွားစေတော့သည်။
"ချီးတဲ့မှပဲ… ဘာဖြစ်လို့လဲ"
"ငါ ကောင်းကောင်း အိပ်ရခါမှ မင်းက ဒီလောက်စောစောကြီး ဖုန်းဆက်ရသလား"
ဝမ်လဲ့က ဒေါသတကြီး ကျိန်ဆဲလိုက်၏။
သူသည် အိပ်ရာမှ နိုးချိန်တွင် အမြဲတမ်း ဒေါသထွက်လေ့ရှိသဖြင့် သဘာဝကျစွာပင် အလွန်အမင်း နေမထိထိုင်မသာ ဖြစ်နေခဲ့ချေသည်။
"ဒုက္ခပါပဲ သူဌေး… ရှန်အာအမှတ်တံဆိပ်က ကျွန်တော်တို့ရဲ့ အနုပညာရှင်အားလုံးနဲ့ စာချုပ်တွေ ရပ်ဆိုင်းလိုက်ပါပြီ"
"အောက်မာအမှတ်တံဆိပ်ကလည်း ကျွန်တော်တို့ရဲ့ အနုပညာရှင်အားလုံးနဲ့ စာချုပ်တွေ ရပ်ဆိုင်းလိုက်ပါတယ်"
"လန်ကန်စျေးဝယ်စင်တာကလည်း ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေနဲ့ စာချုပ်အားလုံးကို ရပ်ဆိုင်းလိုက်ပါပြီ"
အနုပညာရှင် ပူးပေါင်းဆောင်ရွက်ရေးဌာန မန်နေဂျာက စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်သည်။
"ဘာ… ဒီကြော်ငြာတွေ အားလုံး သွားပြီပေါ့… သူတို့က ဘာလို့ စာချုပ်တွေကို ရပ်ဆိုင်းလိုက်ရတာလဲ… သူတို့က ငါတို့ကို လျော်ကြေးပေးရမယ်"
ဝမ်လဲ့သည် ချက်ချင်းပင် အိပ်ချင်ပြေသွားကာ ခုန်ထလိုက်လေ၏။
"အခုချက်ချင်း သွားပြီး သူတို့နဲ့ ညှိနှိုင်း… သူတို့ လျော်ကြေးပေးကို ပေးရမယ်"
ဝမ်လဲ့က ပြောလိုက်ပြီးနောက် ဒေါသတကြီးဖြင့် ဖုန်းချလိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် နောက်ထပ် ဖုန်းတစ်ကော ဝင်လာခဲ့ပေ၏။
"ဘာဖြစ်ပြန်ပြီလဲ"
ဝမ်လဲ့က တင်းမာစွာ မေးလိုက်သည်။
"သူဌေး… ပြဿနာကြီး တက်နေပါပြီ… ရင်းနှီးမြှုပ်နှံသူတွေ အားလုံးက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းသွားကြပါပြီ… အခု ကုမ္ပဏီရဲ့ အကောင့်တွေထဲမှာ ပိုက်ဆံတစ်ပြားမှ မကျန်တော့ပါဘူး"
ဒုတိယ မန်နေဂျာက စိုးရိမ်တကြီး ပြောလိုက်၏။
"ဒါက…"
ဝမ်လဲ့သည် အံ့အားသင့်သွားပြီး တွေဝေသွားရပေသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။
ရင်းနှီးမြှုပ်နှံသူများသည် အဘယ်ကြောင့် သူတို့၏ ရန်ပုံငွေများကို ရုပ်သိမ်းသွားရသနည်း။ အကယ်၍ သူတို့ ထိုသို့လုပ်ဆောင်လိုက်ပါက စတားဖျော်ဖြေရေးကုမ္မဏီသည် အခွံလွတ်ကြီးတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
တကယ်ပဲ ဘာတွေ ဖြစ်သွားခဲ့တာလဲ။
ယန်လီ၏ အခြေအနေကြောင့်များ ဖြစ်နိုင်မည်လော။
သို့သော် ကုမ္ပဏီသည် သူမနှင့် အဆက်အသွယ် ဖြတ်ထားပြီးပြီပဲ။ သူတို့ ဤမျှလောက်အထိ ထိခိုက်မှု မရှိသင့်ချေ။
အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။
"ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာ မင်း အခုချက်ချင်း သွားစုံစမ်းတာ ပိုကောင်းမယ်"
ဝမ်လဲ့က ဟိန်းဟောက်လိုက်၏။
"သူဌေးဝမ်… အင်း… ကျွန်တော် မစုံစမ်းတော့ဘူး… အမှန်အတိုင်း ပြောရရင် ကျွန်တော် တခြားအလုပ်တစ်ခု ရထားပြီ… အခု ကျွန်တော် ခင်ဗျားကို လူသိရှင်ကြား ပြောလိုက်မယ်… ဝမ်လဲ့ ခင်ဗျား အလုပ်ပြုတ်သွားပြီ"
ဒုတိယ မန်နေဂျာက မောက်မာစွာ ပြောဆိုလိုက်သည်။
"ဘာ… မင်း အဲဒါကို ထပ်ပြောစမ်း"
ဝမ်လဲ့ လုံးလုံးလျားလျား ဒေါသထွက်သွားရပေ၏။ ဤကုမ္ပဏီ အခက်အခဲ ကြုံတွေ့နေချိန်တွင် သူက အထိအခိုက်မခံဘဲ ထွက်ခွာသွားရန်နှင့် အခြားကုမ္ပဏီတစ်ခုသို့ ဝင်ရောက်ရန် အမှန်တကယ် စဉ်းစားခဲ့သည်လော။
ဒါက ဘယ်လို ကိုယ်ကျင့်တရားမျိုးလဲ။
"ဝမ်လဲ့… ခင်ဗျား အလုပ်ပြုတ်သွားပြီ"
"ခင်ဗျားက ကျွန်တော့်ရဲ့ သူဌေး မဟုတ်တော့ဘူး… ပြီးတော့ ခင်ဗျား ကျွန်တော့်ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး"
"ထားလိုက်ပါတော့… ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် မကြာခင် ထွက်သွားတော့မှာဆိုတော့ ခင်ဗျားကို သတိပေးလိုက်ဦးမယ်"
"ခင်ဗျား ခုလေးတင်မှ နိုးလာပုံရတယ် သူဌေးဝမ်… ခင်ဗျားက ပုံမှန်အားဖြင့် လူကြိုက်များတဲ့သူ မဟုတ်တော့ ဘာဖြစ်သွားလဲဆိုတာ ဘယ်သူကမှ ခင်ဗျားကို မပြောပြကြဘူးမလား"
"Weibo ကို အခုချက်ချင်း သွားကြည့်လိုက်ဦး… ခင်ဗျားရဲ့ ဇာတ်လမ်း ပေါက်ကြားသွားပြီ"
ဒုတိယ မန်နေဂျာက ပြောပြီးနောက် ဖုန်းချလိုက်လေ၏။
ဝမ်လဲ့၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားပြီး ဆိုးရွားသော ကြိုတင်ခံစားမှုတစ်ခုက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာတော့သည်။
သူသည် Weibo ကို အလျင်အမြန် ဖွင့်ကာ ယန်လီ၏ သတင်းကို ဖော်ထုတ်ခဲ့သော အကောင့်ကို ရှာဖွေလိုက်၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝမ်လဲ့သည် ဆွံ့အသွားကာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား မြေပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။
ထိုအကောင့်သည် စတားဖျော်ဖြေရေးကုမ္မဏီကုမ္ပဏီ၏ အခွန်ရှောင်မှုအကြောင်းကို အမှန်တကယ်ပင် ပိုစ့်တင်ထားခဲ့၏။ ထို့အပြင် သူ၏ အခွန်ရှောင်မှု သက်သေအထောက်အထားများ ဖော်ထုတ်ခံလိုက်ရပြီး သူ၏ အတိတ်က မသမာသော လုပ်ရပ်များနှင့် ပေါင်းစပ်ကာ သူ၏ လက်အောက်ရှိ အနုပညာရှင်များအား ခြယ်လှယ်မှုများသည်လည်း လုံးလုံးလျားလျား ဖုံးကွယ်ထားရာမှ ကွာကျသွားကာ နေ့အလင်းရောင်အောက်သို့ ရောက်ရှိသွားသည်လားရှိနေခဲ့ပေသည်။
ဝမ်လဲ့၏ ကိုယ်ပိုင်အကောင့်အောက်ရှိ မှတ်ချက်ကဏ္ဍမှာ ဝေဖန်ရှုတ်ချသည့် စာများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့အပြင် စတားဖျော်ဖြေရေးကုမ္မဏီ လက်အောက်ရှိ အနုပညာရှင်များစွာ၏ မှတ်ချက်ကဏ္ဍများတွင်လည်း သံသယများနှင့် မေးခွန်းများ ဆက်တိုက် ပေါ်ထွက်လာခဲ့၏။
လူအများက ထိုအနုပညာရှင်များ၏ လုပ်ရပ်များမှာ ကိုယ်ပိုင်ဆန္ဒဖြင့် လုပ်ဆောင်ခဲ့ခြင်းလား၊ သို့မဟုတ် ဝမ်လဲ့၏ အတင်းအကျပ် စေခိုင်းမှုကြောင့် လုပ်ဆောင်ခဲ့ခြင်းလားဟု မေးခွန်းထုတ်နေကြလေသည်။
ရရှိလာသော တုံ့ပြန်မှုမှာ သဘာဝကျစွာပင် မဟုတ်ကြောင်းသာ ဖြစ်ပေသည်။
သူ၏ ကိစ္စသည် အလွန်အမင်း ပြင်းထန်သောကြောင့် ဝမ်လဲ့သည် ချွေးများ အဆက်မပြတ် ထွက်နေခဲ့ချေ၏။
ကုမ္ပဏီနှင့် လူပုဂ္ဂိုလ် နှစ်ရပ်စလုံး အပါအဝင် ပါဝင်ပတ်သက်နေသော စုစုပေါင်း ပမာဏမှာ ယွမ် သန်းခြောက်ရာ ဖြစ်ပေသည်။
အကယ်၍ သူသာ ဤငွေကြေးပမာဏ အမြောက်အမြားကို ပေးဆောင်လိုက်ပါက ပြစ်ဒဏ်သက်သာခွင့် ရနိုင်သော်လည်း သူသည် အများဆုံး ယွမ် သန်း ၃၀၀ ကိုသာ ထုတ်ပေးနိုင်စွမ်း ရှိပေသည်။
သန်း ၆၀၀ ပြည့်ရန် သန်း ၃၀၀ လိုနေသေး၏။
ဘာလုပ်သင့်သနည်း။
ဝမ်လဲ့သည် ဒေါသတကြီးဖြင့် ကြမ်းပြင်ကို အရူးအမူး ထုရိုက်လိုက်သည်။
သို့သော် မတော်တဆ သစ်သားစသေးသေးလေးတစ်ခုကို ထိမိသွားရာ လက်ချောင်းထိပ်မှ စူးရှသော နာကျင်မှုတစ်ခု ချက်ချင်း ပေါ်ပေါက်လာ၏။
နာကျင်မှုက ပြင်းထန်လွန်းသဖြင့် သူ့မျက်နှာမှာ ချက်ချင်း ရှုံ့မဲ့သွားလေသည်။
သို့ရာတွင် ထိုနာကျင်မှုကပင် သူ၏ စိတ်ထဲတွင် အလင်းတန်းတစ်စင်း လက်သွားသကဲ့သို့ ဖြစ်စေခဲ့ပြီး အကြံအစည်တစ်ခုကို ရုတ်တရက် ရရှိသွားစေတော့၏။
"ဟုတ်တယ်… အဲဒါ စုယွမ် ဖြစ်ရမယ်… သူပဲ ဖြစ်ရမယ်"
ဝမ်လဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။
မနေ့က ငါ စုယွမ်ကို တောင်းပန်ခဲ့ပြီးပြီကို သူက ဘာလို့ ငါ့ကို ဒီလို ပစ်မှတ်ထားနေရသေးတာလဲ။
ဝမ်လဲ့သည် စုယွမ်ထံ အလျင်အမြန် ဖုန်းခေါ်ဆိုလိုက်၏။
"ဟေ့… ဥက္ကဋ္ဌစု… ခင်ဗျားက ဘာလို့ ဒီလိုလုပ်ရတာလဲ"
"ခင်ဗျားမှာ ကိုယ်ချင်းစာတရား နည်းနည်းလေးတောင် မရှိတော့ဘူးလား"
"ယန်လီရဲ့ ဖြစ်ရပ်ကို ကျွန်တော် လှုံ့ဆော်ခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်… ဒါပေမဲ့ ကျွန်တော် တောင်းပန်ပြီးပြီလေ… စတားဖျော်ဖြေရေးကုမ္မဏီမှာ လူတွေ အများကြီးနဲ့ ဝန်ထမ်းတွေ အများကြီး ရှိတယ်… ခင်ဗျားက ကျွန်တော့်ကို တကယ်ကြီး သေစေချင်ပြီး ဒီလူတွေကို အလုပ်လက်မဲ့ ဖြစ်စေချင်တာလား"
"ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလောက် အသည်းနှလုံးမရှိရတာလဲ… ဒါက လက်စားချေတာဆိုတာ ခင်ဗျား သိလား"
" ဥက္ကဋ္ဌစု… ခင်ဗျားရဲ့ လုပ်ရပ်တွေအတွက် အကျိုးဆက်တွေကို ခင်ဗျား သိရဲ့လား"
"တစ်ကမ္ဘာလုံးက ခင်ဗျားကို ကျိန်ဆဲကြလိမ့်မယ်"
"ကျွန်တော် ဝမ်လဲ့ရဲ့ လက်ရှိ ကျဆုံးမှုကြောင့် ခင်ဗျား မလှည့်စားခံလိုက်ပါနဲ့… ကျွန်တော့်ရဲ့ အဆက်အသွယ် ကွန်ရက်က ရှိနေတုန်းပဲ… တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို သေသည်အထိ တိုက်ခိုက်စေချင်တယ်ဆိုရင် စမ်းကြည့်လိုက်လေ"
ဝမ်လဲ့က နောက်ဆုံး ဟိန်းဟောက်မှုတစ်ခု ပြုလုပ်လိုက်လေ၏။
ဖုန်း၏ တစ်ဖက်စွန်းမှ စုယွမ်က အထင်သေးစွာ ရယ်မောလိုက်သည်။
"ဟက်… သူဌေးဝမ်… ခင်ဗျားက ကျွန်တော့်ကို အသရေဖျက်ဖို့ ယန်လီကို ညွှန်ကြားခဲ့တယ်ဆိုတာ ဝန်ခံပြီးပြီပဲ… ဘာပြောစရာ ရှိသေးလို့လဲ"
"ခင်ဗျားက သေသည်အထိ တိုက်ခိုက်ဖို့ ဆန္ဒရှိနေမှတော့ လာခဲ့လေ… ကျွန်တော် စောင့်နေတယ်"
စုယွမ်က ချက်ချင်းပင် ဖုန်းချလိုက်တော့သည်။
"ဟေ့… ဟေ့"
စုယွမ်က ပြန်လည်သင့်မြတ်ရန် ရည်ရွယ်ချက် မရှိသည်ကို မြင်လိုက်ရချိန်တွင် ဝမ်လဲ့ လုံးလုံးလျားလျား ဒေါသထွက်သွားရပေ၏။
သူသည် သူ၏ အဆက်အသွယ်များကို ရှာဖွေလိုက်ပြီး သူသိဖူးသမျှ လူအားလုံး၏ စာရင်းကို ပြုစုကာ တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်ဆိုတော့သည်။
ချွင်းချက်မရှိ ဆယ်မိနစ်ခန့် ကြာပြီးနောက် မည်သူတစ်ဦးတစ်ယောက်ကမျှ ဖုန်းမကိုင်ခဲ့သဖြင့် ဝမ်လဲ့အား လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားစေခဲ့ချေသည်။
သူသည် သူ၏ မျှော်လင့်ချက်များကို နောက်ဆုံးလူ တစ်ဦးအပေါ်တွင်သာ ပုံအောထားနိုင်တော့၏။
ထိုသူမှာ တစ်ချိန်က သူ့အား ကူညီပေးခဲ့ဖူးသော လီဝမ်ဆန် ပင်ဖြစ်သည်။
"သူဌေးလီ… ကျွန်တော်…"
လီဝမ်ဆန် ဖုန်းကိုင်လိုက်သည်ကို မြင်လိုက်ရချိန်တွင် ဝမ်လဲ့သည် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို ခံစားလိုက်ရသည်။
"ထပ်ပြောစရာ မလိုတော့ပါဘူး"
"ရှောင်ဝမ်… မင်း ဒါကို သိထားသင့်တယ်"
"ငါ့ရဲ့ ကျိုးယွဲ့နည်းပညာကုမ္ပဏီ ရှယ်ယာ သုံးဆယ်ရာခိုင်နှုန်းကလည်း ဥက္ကဋ္ဌ စုယွမ် ပိုင်တာပဲ… မင်းက သူ့ကို ပြစ်မှားခဲ့တာဆိုတော့ ငါ မင်းကို မကူညီနိုင်ဘူး"
"ဒါ့အပြင် လူတွေက ကိုယ့်ရဲ့ အမှားတွေအတွက် ကိုယ်တိုင် တာဝန်ယူရမှာပဲ"
ဤစကားကို ပြောပြီးနောက် ဖုန်းချသွားပြန်လေ၏။
"သူဌေးလီ… ဒါပေမဲ့ ကျွန်တော်…"
"တီ တီ တီ…"
ဝမ်လဲ့ လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားရပေသည်။ သူ၏ အောင်မြင်မှု အထွတ်အထိပ်တွင် ရှိနေသော စတားဖျော်ဖြေရေးကုမ္မဏီသည် မျက်တောင်တစ်ခတ်အတွင်း ပြိုလဲသွားလိမ့်မည်ဟု သူ လုံးလုံးလျားလျား မထင်မှတ်ထားခဲ့ချေ။
"ဒေါက် ဒေါက် ဒေါက်…"
"သူဌေးဝမ်လဲ့ ဟုတ်ပါတယ်နော်"
"ခင်ဗျားက ပြင်းထန်တဲ့ စီးပွားရေးပြစ်မှုနဲ့ သံသယရှိခံရတယ်… ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ"
ယူနီဖောင်းဝတ် ဝန်ထမ်းအချို့သည် တံခါးကို တွန်းဖွင့်ကာ ဝမ်လဲ့အား ဖမ်းဆီးခေါ်ဆောင်သွားကြတော့သည်။
ဝမ်လဲ့၏ စိတ်ထဲတွင် နောင်တတရားများသာ ပြည့်နှက်နေခဲ့၏။
ထိုနေ့က စုယွမ်ကို ရန်စမိခဲ့ခြင်းသည် သူ့ဘဝ၏ အကြီးမားဆုံး အမှားတစ်ခု ဖြစ်နေခဲ့သည်။
အကယ်၍ သူသာ ထိုညစာစားပွဲသို့ မသွားခဲ့ပါက...
ဤအရာအားလုံး ဖြစ်ပေါ်လာမည် မဟုတ်သလို၊ သူ၏ လျှို့ဝှက်ချက်များလည်း ဖော်ထုတ်ခံရမည် မဟုတ်ချေ။
သို့သော် ယခုအချိန်တွင် နောင်တရနေ၍ အကျိုးမရှိတော့ပေ။
နာရီအနည်းငယ် ကြာပြီးနောက် ဝမ်လဲ့နှင့် စတားဖျော်ဖြေရေးကုမ္မဏီတို့နှင့် ပတ်သက်သည့် သတင်းများသည် တရားဝင် ပလက်ဖောင်းများပေါ်တွင် ရေပန်းအစားဆုံး ခေါင်းစဉ်များအဖြစ် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
တစ်ချိန်က ထိပ်တန်းအနုပညာရှင်များစွာကို မွေးထုတ်ပေးခဲ့သော ဖျော်ဖြေရေးကုမ္ပဏီကြီးသည်လည်း မုန်တိုင်းထဲမှ သဲရဲတိုက်တစ်ခုကဲ့သို့ အလျင်အမြန် ပြိုလဲသွားခဲ့၏။
နောက်ဆုံးတွင် လူအများ မြင်တွေ့ခဲ့ရသည်မှာ အခွံသာ ကျန်ရှိတော့သော ကုမ္ပဏီအလွတ်ကြီး တစ်ခုသာ ဖြစ်တော့သည်။
ဤအရာအားလုံးကို မျက်မြင်တွေ့ရှိပြီးနောက် ဝူချန်သည် ချက်ချင်းပင် တင်းမာသွားလေသည်။ အရှုပ်တော်ပုံများအရ သူ၏ ကိုယ်ပိုင်အရှုပ်တော်ပုံများသည် ပို၍ပင် ပြင်းထန်နေသေးသည်။