← Chapters

အခန်း ၂၂၄

Vol. 20 Ch. 224

အခန်း ၂၂၄

Vol. 20 Ch. 224

အခန်း (၂၂၄) ရှန်းရှီဖျော်ဖြေရေးကုမ္မဏီ၏ အကျပ်အတည်း

စတားဖျော်ဖြေရေးကုမ္မဏီကုမ္မဏီ၏ အရှုပ်တော်ပုံသည် ဆက်လက် ကြီးထွားလာခဲ့သည်။ သုံးရက်အကြာတွင် ထွက်သွားသင့်သူများ ထွက်သွားကြပြီး ထွက်ပြေးသင့်သူများလည်း ထွက်ပြေးသွားကြပေ၏။

တစ်ချိန်က တရုတ်နိုင်ငံ၏ အကြီးဆုံး ဖျော်ဖြေရေးကုမ္ပဏီကြီးသည် အခွံလွတ်ကြီးတစ်ခု ဖြစ်သွားတော့သည်။

အွန်လိုင်းပေါ်မှ အငြင်းပွားမှုများသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး စုယွမ်နှင့် Ar နည်းပညာကုမ္ပဏီ၏ ဂုဏ်သတင်းသည် အချိန်တိုအတွက် အမြင့်ဆုံးသို့ ရောက်ရှိသွားလေ၏။

လွန်ခဲ့သော သုံးရက်အတွင်း စုယွမ်သည် အပြင်ထွက်၍ အခြေအနေကိုသာ လေ့လာစုံစမ်းနေခဲ့ပြီး ထူးခြားသည့် သတင်းအချက်အလက် တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ချေ။

စတုတ္ထမြောက်နေ့သို့ ရောက်ရှိလာသောအခါ စုယွမ်က အချိန်ကျရောက်ပြီဟု ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သူ ရရှိထားသော သတင်းအချက်အလက်များအရ ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကုမ္ပဏီကို အလွန်နိမ့်ကျသော ဈေးနှုန်းဖြင့် ရောင်းချတော့မည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် စုယွမ်သည် ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကုမ္ပဏီကို ရယူရန် စိတ်ပိုင်းဖြတ်လိုက်တော့၏။

နံနက်စောစောတွင် စုယွမ်နှင့် လီဟူတို့သည် ရှန်းရှီဖျော်ဖြေရေးကုမ္မဏီသို့ တိုက်ရိုက် ထွက်ခွာသွားကြလေသည်။

တစ်ဖက်တွင်လည်း ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကုမ္မဏီ၏ သူဌေးရုံးခန်းအတွင်း၌ CEO သည် ဆိုဖာပေါ်တွင် ထိုင်လျက် ဂန္တဝင် ဟုန်တားရှန်း စီးကရက်တစ်လိပ်ကို ဖြည်းဖြည်းချင်း ဖွာရှိုက်နေခဲ့၏။

ရုံးခန်းတစ်ခုလုံးမှာ စီးကရက်မီးခိုးများဖြင့် ဖုံးလွှမ်းနေပြီး လေထုကလည်း လေးလံတိတ်ဆိတ်လျက် ရှိနေခဲ့သည်။

စီးကရက် တစ်လိပ်ပြီးတစ်လိပ် သောက်နေသဖြင့် အခန်းထဲတွင် မီးခိုးများဖြင့် ပြည့်နှက်နေလေ၏။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံ ထွက်ပေါ်လာသည်။ လင်ရှန်းသည် ပြတင်းပေါက်ကို ဖွင့်ကာ သူ၏ လက်ထဲမှ စီးကရက်ကို ငြိမ်းသတ်လိုက်ပြီးနောက် သူ၏ အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်လိုက်၏။

"သူဌေးလင်… အားလုံး ရောက်နေကြပါပြီ"

လက်ထောက်က ပြောလိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကုမ္မဏီမှ အနုပညာရှင်များ ဝင်ရောက်လာကြတော့၏။

ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကုမ္မဏီမှ အနုပညာရှင် အများစုမှာ ဒုတိယအဆင့် အနုပညာရှင်များ ဖြစ်ကြလေသည်။ သူတို့သည် အလွန်အမင်း နာမည်ကြီးနေခြင်း မဟုတ်သော်လည်း လူသိများကြဆဲပင်။

အရေးကြီးသည်မှာ သူတို့၏ သူဌေး လင်ရှန်းသည် သူတို့အပေါ် မည်သည့်အခါမျှ တရားမမျှတစွာ မဆက်ဆံခဲ့သော လူကြီးလူကောင်း တစ်ဦးဖြစ်ခြင်းပင်။

ထို့အပြင် အကြောင်းပြချက်မရှိသော အခြေအနေများနှင့် ကြုံတွေ့ရချိန်တွင် လင်ရှန်းသည် ကိုယ်ကျိုးစီးပွား သို့မဟုတ် တစ်ဦးချင်း အဆင့်အတန်းအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံလိမ့်မည် မဟုတ်ချေ။ ရင်းနှီးမြှုပ်နှံသူများနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူသည် သူ၏ လက်အောက်ရှိ အနုပညာရှင်များအတွက် တရားမျှတသော ဆက်ဆံရေးကို ရရှိရန် တိုက်ပွဲဝင်ပေးလိမ့်မည် ဖြစ်သည်။

သူတို့၏ အဆင့်အတန်းသည် ဒုတိယအဆင့် တစ်ဝိုက်တွင်သာ ရှိနေသော်ငြား အထူးသဖြင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပျက်နေသော ရှုပ်ထွေးသည့် အရာအချို့အကြောင်း ကြားရချိန်တွင် သူတို့သည် အလွန်အမင်း လုံခြုံသည်ဟု ခံစားရပေ၏။

သို့သော် ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကုမ္မဏီသည် လုပ်ငန်း ရပ်ဆိုင်းတော့မည်ဟု သိလိုက်ရချိန်တွင် လူတိုင်း၏ စိတ်နှလုံးများအပေါ်သို့ အရိပ်တစ်ခု ကျရောက်သွားသကဲ့သို့ ဖြစ်သွားကာ သူတို့ အလွန်အမင်း ဝမ်းနည်းသွားကြရပေသည်။

ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကုမ္မဏီနှင့် ဥက္ကဋ္ဌလင် မရှိဘဲ သူတို့ ဒီလောက် ငြိမ်းချမ်းနေနိုင်ဦးမည်လော။ အဖြေက သိသာထင်ရှားစွာပင် မဟုတ်ပေ။

"အားလုံး ရောက်နေကြပြီပဲ"

"အားလုံး ထိုင်ကြပါ"

လင်ရှန်းက လူတိုင်းကို လက်ဟန်ပြရင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်မိပြီး သူက ပြောဆိုလိုက်၏။

"မင်းတို့ကို ငါ ဘာလို့ ဒီကို ခေါ်လိုက်လဲဆိုတာ အားလုံး သိကြမယ်လို့ ထင်ပါတယ်"

"မင်းတို့က ငါတို့ ကုမ္ပဏီက ရွေးချယ်ထားတဲ့ အနုပညာရှင်တွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပြီး ကုမ္ပဏီရဲ့ ကျောရိုးတွေပဲ… ကျေးဇူးပြုပြီး ဒီနေ့ ငါပြောတဲ့စကားတွေကို တခြားသူတွေဆီ ပြန်ပြောပြပေးပါ"

"ငါ ဆုံးဖြတ်လိုက်ပြီ…ဒါက ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကို ရောင်းဖို့ပဲ"

လင်ရှန်းသည် ဤစကားများကို ပြောချိန်တွင် အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရပေသည်။

စစ်တပ်မှ အငြိမ်းစားယူပြီးနောက် သူသည် ဤကုမ္ပဏီကို တည်ဆောက်ရန် သူ၏ နှလုံးသားနှင့် ဝိညာဉ်ကို နှစ်မြှုပ်ထားခဲ့ပြီး အနှစ်နှစ်ဆယ်ကျော်ကြာ လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ ဤရလဒ်နှင့်သာ ရင်ဆိုင်ရတော့သည်။

ရိုးသားစွာ ပြောရလျှင် လွန်ခဲ့သော နှစ်နှစ်ကတည်းက ပြီးဆုံးသွားသင့်ပြီ ဖြစ်သော်လည်း လင်ရှန်းက လက်မလျှော့ချင်သဖြင့် ဆက်လက် လုပ်ဆောင်ချင်ခဲ့သောကြောင့် သူ ဇွဲမလျှော့ခဲ့ခြင်းပင်။

သို့သော် အကယ်၍ သူတို့ကိုယ်သူတို့ ဆက်လက် တွန်းအားပေးနေပါက သူတို့ တကယ်ပင် ဆက်လက် တောင့်ခံထားနိုင်တော့မည် မဟုတ်ချေ။

"ဥက္ကဋ္ဌလင်…"

"ဥက္ကဋ္ဌလင်…"

"ဥက္ကဋ္ဌလင်…"

လူတိုင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာကာ ခွဲခွာရမည်ကို အလွန်အမင်း နှမြောတသ ဖြစ်နေကြလေ၏။

"သူဌေးလင်… တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား"

"ဥက္ကဋ္ဌလင်… စတားဖျော်ဖြေရေးကုမ္မဏီ ပြိုလဲသွားပြီလေ…တကယ်လို့ ကျွန်တော်တို့သာ ဇွဲမလျှော့ရင် သူတို့နေရာကို အစားထိုး ယူနိုင်ကောင်း ယူနိုင်လိမ့်မယ်"

"ဥက္ကဋ္ဌလင်"

လူအချို့က အလျင်အမြန် ရှေ့ထွက်လာကာ ပြောလိုက်ကြသည်။

"ဖြစ်နိုင်ခြေ မရှိဘူး"

"ငါတို့မှာ အရင်းအနှီးမြုပ်နှံ့ငွေ သိပ်မရှိတော့ဘူး… တကယ်လို့ အရင်းအနှီးမြုပ်နှံ့မူတွေ ထပ်မဝင်လာရင် ငါတို့ အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး"

"စတားဖျော်ဖြေရေးကုမ္မဏီရဲ့ နေရာကို အစားထိုးဖို့ဆိုတာ က ပိုက်ဆံသုံးရတာထက် ပိုက်ဆံကို မီးရှို့ပစ်ရတာနဲ့ ပိုတူတယ်"

လင်ရှန်းသည် မီးခိုးငွေ့များကို မှုတ်ထုတ်ရင်း ခေါင်းယမ်းကာ ပြောလိုက်၏။

သူသည် အခြားသူများရှေ့တွင် မည်သည့်အခါမျှ ဆေးလိပ် မသောက်ဖူးသော်လည်း ယနေ့သည် ချွင်းချက် ဖြစ်ပေသည်။

"သူဌေးလင်… ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်… ဒါပေမဲ့ အလုပ်ဖြစ်မဖြစ်တော့ မသိဘူး"

လူငယ်တစ်ဦးက မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"အားလုံးပဲ… ဒီနေ့ စိတ်ကြိုက် ပြောကြပါ"

လင်ရှန်းက ပြောလိုက်၏။

"ကောင်းပြီ"

"ကျွန်တော် သိသလောက်တော့ စတားဖျော်ဖြေရေးကုမ္မဏီ ပြိုလဲသွားရတဲ့ အဓိကအကြောင်းရင်းက Ar နည်းပညာကုမ္ပဏီရဲ့ ဥက္ကဋ္ဌ စုယွမ်ကို ပြစ်မှားမိလို့ အရှုပ်တော်ပုံတွေ အများကြီး ဖော်ထုတ်ခံလိုက်ရလို့ပဲ"

"ဥက္ကဋ္ဌ စုယွမ်က အံ့မခန်း အင်အားကြီးမားပုံရတယ်… တကယ်လို့ သူတို့ကသာ ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ သေချာပေါက် အောင်မြင်နိုင်ပါတယ်"

အမျိုးသား ပြောပြီးနောက် လူတိုင်းက လင်ရှန်းကို ကြည့်လိုက်ကြသည်။

"မဟုတ်ဘူး"

"ငါလည်း အဲဒါကို စဉ်းစားခဲ့တယ်… ဒါပေမဲ့ ငါက ဥက္ကဋ္ဌ စုယွမ်နဲ့ လုံးလုံးလျားလျား အဆက်အသွယ် မရှိဘူး… သူက ဘာလို့ ပြိုလဲတော့မယ့် ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံရမှာလဲ"

လင်ရှန်းက ထိုအကြံပြုချက်ကို ငြင်းပယ်လိုက်၏။

ထိုအခါ လူအုပ်ကြီးသည် စိတ်ဓာတ်ကျသွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းနည်းမှုများ ပေါ်လွင်နေတော့သည်။

'ကလစ်'

လူတိုင်း တွေးတောနေကြဆဲမှာပင် တံခါးသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပေ၏။

သူတို့ မြင်လိုက်ရသည်မှာ ဆံပင်ပြောင်နေသော လူလတ်ပိုင်းအရွယ် ဆီပြန်နေသည့် အမျိုးသားတစ်ဦးက တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦးကို ဦးဆောင်ကာ အခန်းထဲသို့ ဝင်ရောက်လာခြင်းပင် ဖြစ်သည်။

အခန်းထဲမှ မီးခိုးနံ့က ဆံပင်ပြောင်နေသည့် အမျိုးသားအား နေမထိထိုင်မသာ ဖြစ်စေခဲ့သည်။ သူသည် သူ၏ လက်ဖြင့် နှာခေါင်းကို သုတ်ကာ မျက်မှောင်ကြုတ်လိုက်၏။

ဆံပင်ပြောင်နေသည့် အမျိုးသားသည် သူဌေး၏ ခုံတွင် တိုက်ရိုက် ဝင်ထိုင်လိုက်ပြီး သူခေါ်လာသော တောင့်တင်းသည့် သက်တော်စောင့်က ဘေးတွင် ရပ်နေကာ သူ၏ မျက်လုံးများက ရုံးခန်းထဲရှိ အမျိုးသမီး အနုပညာရှင်များအပေါ် နှာဘူးကျကျ စိုက်ကြည့်နေလေသည်။

ရောက်လာသူကို မြင်ချိန်တွင် လင်ရှန်းက ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်၏။

"ဥက္ကဋ္ဌဝမ်… ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ"

လင်ရှန်းက မေးခွန်းထုတ်လိုက်သည်။

"ဟားဟားဟား"

“သူဌေးလင်...

ခင်ဗျားရဲ့ ဒေါသက မလျော့သေးဘူး ထင်တယ်...

အေးအေးဆေးဆေး ဖြစ်သွားအောင် ဗူးသီးဟင်းချိုလေး တစ်ခွက်လောက် သောက်လိုက်ပါလား...”

“ငါ ဘာကြောင့် ဒီကို ရောက်လာတာလဲဆိုတာ မင်း မသိဘူးလို့တော့ မပြောနဲ့...”

“ဟားဟား.....မင်းရဲ့ ရှန်းရှီဖျော်ဖြေရေးကုမ္မဏီက ဝယ်မယ့်သူကို ရှာနေတာ မဟုတ်ဘူးလား...ဘာဖြစ်လို့လဲ...သူဌေးလင် မေ့သွားပြီလား...”

ထိုစကားကို ပြောလိုက်သူမှာ ဆီပြန်နေသော ပြောင်လက်လက် ခေါင်းနှင့် အဆီတဝင်းဝင်း ဖြစ်နေသည့် အမျိုးသားတစ်ဦး ဖြစ်ပြီး လူအများက သူ့ကို “သူဌေးဝမ်” ဟု ခေါ်ကြလေသည်။

"ဟမ့်… ငါက မင်းကို ရောင်းမယ်လို့ ပြောခဲ့လို့လား… မင်းက မဖိတ်ဘဲ ရောက်လာတာ လုံခြုံရေးအစောင့်က ဘာအတွက်လဲ"

လင်ရှန်းက ဒေါသတကြီးဖြင့် ပြောလိုက်၏။

"ဝမ်ယိုသယ်ကို ငါသိတယ်… သူ့နာမည်က ယိုသယ် (ကိုယ်ကျင့်တရားရှိသည်) လို့ ခေါ်ပေမဲ့ တကယ်တမ်းကျတော့ သူက ကိုယ်ကျင့်တရားဆိုတာ တပြားမှ မရှိဘူး"

"ငါ မင်းကို ပြောပြီးပြီလေ သူဌေးလင်… ဒီလောက် ဒေါသမထွက်ပါနဲ့"

"ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကုမ္မဏီက အခု အသားမပါတဲ့ အရိုးတစ်ချောင်းလိုပဲ… ဘယ်သူက အဲဒါကို လိုချင်မှာလဲ"

"တကယ်လို့ မင်းက အချိန်တိုအတွင်း မလှုပ်ရှားနိုင်ရင် ဘာဖြစ်မလဲ… ဟက်"

ဝမ်ယိုသယ်က နှစ်ကြိမ်မျှ လှောင်ပြောင်လိုက်သည်။

"ဒီလိုလုပ်ရင်ကော… မင်းက သန်း ၃၀ တောင်းထားတာ မဟုတ်လား… ငါက အစက သန်း ၂၅ သန်းပဲ ပေးဖို့ စဉ်းစားထားတာ… ဒါပေမဲ့ အခု ငါ စိတ်ပြောင်းသွားပြီ… ငါ သန်း ၃၀ ပေးမယ်"

"ဒါပေမဲ့ ဒီမိန်းကလေး ငါ့ကို အဖော်ပြုပေးဖို့တော့ လိုမယ်"

ဝမ်ယိုသယ်က အမျိုးသမီး အနုပညာရှင် တစ်ဦးကို နှာဘူးကျကျ စိုက်ကြည့်လိုက်၏။

"ရှင်"

အမျိုးသမီး အနုပညာရှင်မှာ ချက်ချင်းပင် အရှက်ရမှုနှင့် ဒေါသများ ပြည့်နှက်သွားတော့သည်။

"ငါ မင်းကို မျက်စိကျနေတာ ကြာပြီ… ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းတို့ရဲ့ ဥက္ကဋ္ဌလင်က မင်းတို့အပေါ် အရမ်းကောင်းလွန်းတော့ ငါ့အတွက် အခွင့်အရေး မရှိခဲ့ဘူး"

"ဟားဟားဟား… လင်ရှန်း ကာကွယ်မပေးဘဲ မင်းတို့ ဘာလုပ်ကြမလဲ ကြည့်ကြသေးတာပေါ့"

"ဒါတွေက ငါ့ရဲ့ သတ်မှတ်ချက်တွေပဲ… မင်း သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အဲဒါက မင်းအပေါ်မှာပဲ မူတည်တယ်"

"ငါ ဝမ်ယိုသယ် စကားဖြန့်လိုက်သရွေ့တော့ ဘယ်သူက ရှန်းရှီဖျော်ဖြေရေးကုမ္မဏီကုမ္မဏီကို ဝယ်ရဲမလဲ ကြည့်ကြတာပေါ့"

ဝမ်ယိုသယ်က ကြမ်းတမ်းစွာ ပြောဆိုလိုက်သည်။

ရောက်ရှိနေသူအားလုံးသည် အလွန်အမင်း နာကျင်ခံစားလိုက်ကြရပြီး တကယ့်ကို လွင်ပြင်ထဲသို့ ကျဆင်းသွားသော ကျားတစ်ကောင် ခွေးများ၏ အနိုင်ကျင့်ခြင်းကို ခံရသည်နှင့် တူနေပေ၏။

ဝမ်ယိုသယ်၏ မောက်မာသော မျက်နှာကို မြင်လိုက်ရချိန်တွင် လူတိုင်းက ပြန်လည်ခုခံလိုသော်လည်း သူတို့၌ ထိုသို့လုပ်ဆောင်ရန် ခွန်အား မရှိတော့သကဲ့သို့ ဖြစ်နေကြသည်။

"ဝမ်ယိုသယ်… မင်း…"

လင်ရှန်း လုံးလုံးလျားလျား ဒေါသထွက်သွား၏။ သူသည် သူ၏ စီးကရက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး မီးခဲကို ဝမ်ယိုသယ်၏ ဘောင်းဘီခြေထောက်ထဲသို့ ထိုးထည့်လိုက်လေသည်။

"သူ့ကို ရိုက်စမ်း"

ဝမ်ယိုသယ်က သူ၏ဘေးရှိ သက်တော်စောင့်အား အမိန့်ပေးလိုက်သည်။

သက်တော်စောင့် အမိန့်ရရှိပြီး လှုပ်ရှားတော့မည့်အချိန်မှာပင် တစ်ဝက်ပိတ်နေသော တံခါးသည် လေကြောင့် ရုတ်တရက် ပွင့်သွားတော့၏။

လူနှစ်ဦးသည် တစ်ယောက်ပြီးတစ်ယောက် လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာကြလေသည်။

All Chapters