← Chapters

အခန်း ၇၅၄

Vol. 37 Ch. 754

အခန်း ၇၅၄

Vol. 37 Ch. 754

အခန်း (၇၅၄)

"မဟုတ်ဘူး... သမီးလည်း တစ်နေ့ကျရင် ဒီကျွန်ဘဝ၊ ဒီလိုဘဝမျိုးကနေ ရုန်းထွက်ချင်တာ" ဟု မေက လှောင်အိမ်အပြင်ဘက်သို့ မျှော်လင့်ချက်ကြီးစွာဖြင့် ငေးကြည့်ရင်း ပြောရှာသည်။

ချင်ယွမ်ဖုန်းသည် စိတ်မကောင်းစွာဖြင့် သက်ပြင်းချမိလေသည်။ ဤမိစ္ဆာနယ်မြေတွင် စကားပြောတတ်စ အရွယ်ကလေးငယ်များပင်လျှင် ဦးချိုကျိုး ကျွန်ဘဝဖြင့်သာ သံသရာလည်ကြရမည့် ကံကြမ္မာအောက်ဝယ် ကျရောက်နေကြပြီး ၎င်းတို့၏ဘဝကို ပြောင်းလဲပစ်ရန် မည်သို့မျှ အခွင့်အရေးရှိလိမ့်မည် မဟုတ်ချေ။

"ဩော်... ဒါနဲ့၊ အချို့မိစ္ဆာတွေက အရမ်းစွမ်းကြတယ်လို့ သမီးကြားဖူးတယ်၊ အကယ်၍ သူတို့သခင်တွေရဲ့ မျက်နှာသာပေးမှုကို ရရှိရင် စစ်သည်တော်တွေ ဖြစ်လာနိုင်ပြီး ကျိုးသွားတဲ့ဦးချိုတွေကိုတောင် ပြန်ဆက်ခွင့်ရတယ်တဲ့" ဟု မေက ဆက်လက်ပြောပြပြန်သည်။

ယင်းက ကံဆိုးမိုးမှောင်ကျနေသော ဦးချိုကျိုးကျွန်များကို စိတ်ပျက်အားငယ်ပြီး အသက်မသေစေရန်၊ မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်ပေး၍ လှည့်ဖြားထားသော ကျွန်ပိုင်ရှင်များ၏ မုသားစကားသာ ဖြစ်တန်ရာသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် မေ၏ စိတ်ကူးအိပ်မက်ကို မဖျက်ဆီးလိုသဖြင့် ဘာမျှမပြောဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်လေသည်။

ထိုသို့ဖြင့် ၎င်းတို့ယာဉ်တန်းသည် မိစ္ဆာများ အခြေစိုက် နေထိုင်ကြသော မြို့တစ်မြို့သို့ ဆိုက်ရောက်လာခဲ့ကြတော့သည်။

ရက်အနည်းငယ်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် မေ၊ ပြီးနောက် ရေမွန်ဟုခေါ်သော ဦးချိုတစ်ဖက်တည်းရှိသည့် အဘိုးအိုတို့နှင့် ရင်းနှီးကျွမ်းဝင်ခွင့် ရရှိခဲ့သည်။

၎င်းတို့သည်လည်း ချင်ယွမ်ဖုန်းမှာ အမှားတစ်ခုပြုလုပ်ခဲ့မိသဖြင့် ဦးချိုကျိုးသွားရသော အတိတ်က စစ်သည်တော်တစ်ဦး ဖြစ်ကြောင်းနှင့် သာမန်ကာလျှံကာ ဆက်ဆံ၍ရသော လူစားမျိုးမဟုတ်ကြောင်း သိရှိသွားကြသည်။

ကျွန်ပိုင်ရှင်ဖြစ်သူမှာမူ အတိုင်းထက်အလွန် ဝမ်းမြောက်နေချေသည်။ သူသည် အမှတ်မထင် ဖမ်းဆီးလာခဲ့သော ဦးချိုကျိုးတစ်ယောက်မှာ ယခင်က စစ်သည်တော်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုသို့သော ဦးချိုကျိုးမျိုးမှာ အလွန်ရှားပါးလှသဖြင့် ၎င်းကို ကောင်းမွန်သော ဈေးနှုန်းတစ်ခုဖြင့် ပြန်လည်ရောင်းချနိုင်မည် ဖြစ်သည်။

ဤရက်ပိုင်းအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် အကြောင်းအရာ အတော်များများကို ရိပ်မိနားလည်လာခဲ့သည်။ ဥပမာအားဖြင့် မိစ္ဆာနယ်မြေတွင် သာမန်မိစ္ဆာအမြောက်အမြားလည်း ရှိကြပြီး ၎င်းတို့သည် ကျင့်စဉ်များကို မကျင့်ကြံနိုင်ကြဘဲ သိုင်းဝိညာဉ်တိုက်ကြီးပေါ်ရှိ သာမန်လူသားများကဲ့သို့သာ အသက်မွေးကြရသည်။

အနည်းငယ်မျှ စွမ်းအားရှိသော မိစ္ဆာများမှာမူ စစ်သည်တော်များ ဖြစ်လာကြပြီး နေရာအနှံ့အပြားတွင် စစ်ပွဲများ ဆင်နွှဲကြရလေသည်။

အမည်နာမ ကျော်ကြားလှသော လူကုံထံကြီးများမှာမူ အလွန်တရာ အစွမ်းထက်ကြရာ မိစ္ဆာနယ်မြေဟူသည်ကား သန်ရာစားစနစ် လွှမ်းမိုးသော အရပ်ဒေသတစ်ခု ဖြစ်ချေသည်။

ဤနေရာသည် လူသားတို့၏ မြို့များနှင့် ဆင်တူပြီး မြင့်မားသော မြို့ရိုးကြီးများနှင့် အရပ်လေးမျက်နှာလုံးတွင် မြို့တံခါးများ ရှိကြသော်လည်း ပုံစံချင်းမူ ကွဲပြားသည်။

မိစ္ဆာနယ်မြေ၏ ဗိသုကာလက်ရာများမှာ ချင်ယွမ်ဖုန်း ကမ္ဘာမြေပေါ်တွင် မြင်တွေ့ခဲ့ဖူးသော ဂေါသစ်အနုပညာလက်ရာများနှင့် အနည်းငယ် ဆင်တူလှပေသည်။

ယာဉ်တန်းကြီးသည် မြို့ထဲသို့ ဖြည်းညင်းစွာ မောင်းနှင်ဝင်ရောက်လာပြီး ဈေးကွက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ဤနေရာရှိ ဈေးကွက်တွင် ပစ္စည်းမျိုးစုံကို ရောင်းချကြပြီး အချို့ကို ချင်ယွမ်ဖုန်း တစ်ခါမျှပင် မမြင်ဖူးချေ။ သို့သော်လည်း ဤနေရာ၏ အရေးအကြီးဆုံး ကုန်စည်မှာ အစားအသောက်များသာ ဖြစ်သည်။

အစားအသောက်များ၏ ဈေးနှုန်းမှာ အလွန်တရာ ကြီးမြင့်လှသဖြင့် ချင်ယွမ်ဖုန်းပင် ထိတ်လန့်သွားရသည်။ မိစ္ဆာနယ်မြေတွင် အစားအစာ ပြတ်လတ်မှုဒုက္ခနှင့် ကြုံတွေ့နေရခြင်းလော ဟု တွေးတောမိသည်။

ထိုသို့ အစားအစာ မလုံလောက်မှုကြောင့်ပင် သူတို့သည် ရှင်သန်ရပ်တည်နိုင်မည့် နေရာတစ်ခု ရှာဖွေရန်အတွက် အခြားသော ကမ္ဘာများကို ကျူးကျော်တိုက်ခိုက်နေကြခြင်း ဖြစ်နိုင်သည်ဟု ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် ဆင်ခြင်မိနေတော့သည်။

မေသည် လမ်းဘေးဝဲယာရှိ အစားအစာများကို ကြည့်ရင်း သွားရည်တမြားမြား ကျနေရှာသည်။

"ဖုန်း... သမီးတို့ကို သခင်အသစ်က ဝယ်သွားရင် ဒီလို အစားအစာတွေကို ကျွေးမယ်လို့ ထင်လား" ဟု မေက အစားအစာများမှ မျက်စိမလွှဲဘဲ တိုးတိုးလေး မေးလာသည်။

ချင်ယွမ်ဖုန်းက ဘာမျှပြန်မပြောသော်လည်း အခွင့်အရေးသာ ရခဲ့လျှင် မေကို အဝအပြဲ ကျွေးမွေးမည်ဟု စိတ်ထဲက ဆုံးဖြတ်လိုက်မိသည်။

မကြာမီပင် ၎င်းတို့သည် ဈေးကွက်သို့ ရောက်ရှိသွားကြသည်။

ကျွန်ပိုင်ရှင်သည် လှောင်အိမ်များကို ဖွင့်လှစ်လိုက်ပြီး ဦးချိုကျိုးများအားလုံးကို အောက်သို့ ဆင်းခိုင်းကာ ကုန်ပစ္စည်းများကဲ့သို့ ထောင့်တစ်နေရာတွင် မတ်တတ်ရပ်ခိုင်းထားလေသည်။

ချင်ယွမ်ဖုန်းသည်လည်း မိမိ၏ အခြေအနေသစ်ကို ဖြည်းဖြည်းချင်း ကျင့်သားရလာပြီး တည်ငြိမ်သော မျက်နှာပေးဖြင့် မတ်တတ်ရပ်နေလိုက်သည်။

ကျွန်ပိုင်ရှင်များသည် ထိုဦးချိုကျိုးများကို အော်ဟစ်ကြော်ငြာ၍ ရောင်းချကြတော့သည်။

ထိုသို့ ကြော်ငြာရာတွင် သူတို့၏ အဓိက ဆွဲဆောင်မှုမှာ အခြားသူမဟုတ်ဘဲ ချင်ယွမ်ဖုန်း ဖြစ်နေသည်ကို တွေ့ရသဖြင့် သူ အံ့အားသင့်သွားရသည်။

သူတို့က ချင်ယွမ်ဖုန်းကို အမှားတစ်ခု လုပ်မိခဲ့သော စစ်သည်တော်ဟဟူသည့် ခေါင်းစဉ်ဖြင့် ကြော်ငြာနေကြခြင်း ဖြစ်သည်။

လူအများအပြားသည် ချင်ယွမ်ဖုန်းကို စိတ်ဝင်တစားဖြင့် ကြည့်ရှုလာကြသည်။ မည်သို့ပင်ဖြစ်စေ စစ်သည်တော်တစ်ဦးဟူသည်ကား သာမန်ဦးချိုကျိုးနှင့် မတူဘဲ စစ်မြေပြင်သို့ တကယ်တမ်း ရောက်ရှိခဲ့ဖူးသူ ဖြစ်သဖြင့် သာမန်လူများထက် များစွာ ပိုမိုသန်မာပေလိမ့်မည်။

မကြာမီပင် ခန္ဓာကိုယ်ဝတုတ်တုတ်နှင့် မိစ္ဆာတစ်ဦး လျှောက်လှမ်းလာခဲ့သည်။ သူ၏ ကိုယ်ပေါ်ရှိ ရွှေငွေရတနာ အဆင်တန်ဆာများနှင့် နောက်ကွယ်မှ ကိုယ်ရံတော်များကို ကြည့်ခြင်းအားဖြင့် သူဌေးကြီးတစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။

"အို... တိုရေးသခင်ကြီးပါလား၊ ဒီတစ်ခါကော ကျွန် ဘယ်နှယောက်လောက် ဝယ်ယူဖို့ စိတ်ကူးထားပါသလဲခင်ဗျာ" ဟု ကျွန်ပိုင်ရှင်က ထိုမိစ္ဆာကို ပြာပြာသလဲ ဆီးကြိုနှုတ်ဆက်လိုက်သည်။

"အင်း... အရင်က ဝယ်သွားတဲ့ကျွန်တွေက သုံးစားမရတဲ့အပြင် ကြည့်ရတာ မျက်စိနောက်လို့ အကုန် သတ်ပစ်လိုက်ပြီ၊ ဒီတစ်ခါတော့ အိမ်ပြန်ခေါ်သွားဖို့ အသစ်အချို့ ပြန်ဝယ်ရမယ်" ဟု တိုရေးက ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်လေသည်။

၎င်းတို့သည် ကျွန်တစ်ယောက်ကို ဝယ်ယူပြီးသည်နှင့် ထိုကျွန်အပေါ်တွင် သတ်ပိုင်ခွင့်၊ ဖြတ်ပိုင်ခွင့် အကြွင်းမဲ့ အာဏာကို ရရှိကြသည်။

အကယ်၍ ကျွန်က သခင်ကို သစ္စာဖောက်ဖျက်ပါက ထိုဦးချိုကျိုးကျွန်သည် တစ်နယ်လုံးတွင် အလိုရှိသူအဖြစ် သတ်မှတ်ခံရပြီး ပြေးစရာ မြေရှိလိမ့်မည် မဟုတ်ချေ။

"အလို... သခင်ကြီး လာတာ တကယ့်ကို အချိန်ကိုက်ပါပဲ၊ ဟိုးထောင့်က ကောင်ကို ဘယ်လိုသဘောရလဲခင်ဗျာ၊ သူက အရင်က စစ်သည်တော်တစ်ယောက် ဖြစ်ခဲ့ဖူးတာပါ" ဟု ကျွန်ပိုင်ရှင်က ဒူးသန့်ရှင်းလျက် ချင်ယွမ်ဖုန်းကို လက်ညှိုးထိုးပြကာ ပြုံးရွှင်စွာ ပြောဆိုလိုက်သည်။

တိုရေးသည် ချင်ယွမ်ဖုန်းကို ကြည့်လိုက်ရာ အခြားသော ဦးချိုကျိုးများနှင့် မတူဘဲ ထူးခြားနေသည်ကို မြင်တွေ့ရသဖြင့် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ နောက်ကွယ်မှ ကိုယ်ရံတော်တစ်ဦးကို လက်လှမ်းပြလိုက်သည်။

"သွားစမ်း... သူ့ရဲ့ စွမ်းရည်ကို သွားပြီး စမ်းသပ်ကြည့်စမ်း၊ တကယ့် စစ်သည်တော် ဟုတ်မဟုတ် ငါ သိချင်တယ်" ဟု တိုရေးက အေးဆေးစွာ အမိန့်ပေးလိုက်သည်။

ထိုကိုယ်ရံတော်က ခေါင်းညိတ်ကာ ဒေါသတကြီး မျက်နှာပေးဖြင့် ချင်ယွမ်ဖုန်းထံသို့ လျှောက်လှမ်းသွားတော့သည်။

ဘေးနားရှိ ဦးချိုကျိုးများမှာ လန့်ဖျန့်၍ လူစုခွဲလိုက်ကြသော်လည်း မေကမူ ချင်ယွမ်ဖုန်း၏ အင်္ကျီစကို မြဲမြံစွာ ဆွဲကိုင်ထားဆဲ ဖြစ်ပြီး လွှတ်မပေးရဲရှာပေ။

ချင်ယွမ်ဖုန်းက မျက်လုံးကို အနည်းငယ် မှေးစိုက်ကြည့်လိုက်သည်။ ဤကိုယ်ရံတော်မှာ ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းသည်ကလွဲ၍ သာမန်မိစ္ဆာတစ်ကောင်နှင့် ဘာမျှမခြားနားလှချေ။

ကိုယ်ရံတော်သည် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ချင်ယွမ်ဖုန်း၏ အနားသို့ ချဉ်းကပ်လာပြီး သူ၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

သူ၏ လက်သီးဆုပ်ပေါ်တွင် သေးငယ်သော အကြေးခွံများ ဖုံးလွှမ်းနေသည်ကို တွေ့ရ၏။

မေသည် ဆက်လက်၍ မကြည့်ရဲတော့သဖြင့် ပျာပျာသလဲ မျက်စိကို မှိတ်ထားလိုက်ရှာသည်။

ချင်ယွမ်ဖုန်းမှာမူ မလှုပ်မယှက်ဘဲ မတ်တတ်ရပ်နေဆဲ ဖြစ်သည်။

လက်သီးဆုပ်က သူ၏ မျက်နှာအနားသို့ ရောက်ရှိလာချိန်မှသာ သူသည် ခေါင်းကို အနည်းငယ် စောင်း၍ ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ လှံစွပ်ကဲ့သို့သော လက်ဝါးဖြင့် ထိုကိုယ်ရံတော်၏ နံဘေးဆီသို့ ပြင်းထန်စွာ ဆောင့်တွန်းပစ်လိုက်တော့သည်။

ကိုယ်ရံတော်သည် နာကျင်စွာဖြင့် အော်ဟစ်အော်မြည်လျက် နံရိုးအချို့ ကျိုးပဲ့သွားကာ နောက်သို့ ဒယိမ်းဒယိုင်ဖြင့် လဲကျသွားတော့သည်။

ဤတိုက်ကွက်တစ်ခုက လူတိုင်းကို မှင်တက်သွားစေခဲ့သည်။ ဘေးနားရှိ ဦးချိုကျိုးများမှာလည်း ချင်ယွမ်ဖုန်း စတင်ရောက်ရှိလာစဉ်က သူ့ကို သွားရောက် မနှောင့်ယှက်ခဲ့မိသည်ကို အလွန်ပင် ဝမ်းမြောက်နေကြတော့သည်။

ကျွန်ပိုင်ရှင်များမှာလည်း မျက်လုံးအပြူးသား ဖြစ်သွားကြရသည်။ ဤဖုန်း ဆိုသော လူမှာ အမှန်တကယ်ပင် သာမန်မဟုတ်ချေ။ သူ၏ ယခုပြသခဲ့သော စွမ်းရည်အရ မည်သူမျှ သူ့ကို အလွယ်တကူ စွန့်ပစ်ရဲကြမည် မဟုတ်ပေ။

သို့သော်လည်း သူတို့၏ စိတ်ထဲတွင် ပိုမိုနက်ရှိုင်းသော သံသယတစ်ခု ဝင်ရောက်လာသည်မှာ သူသည် မည်သည့် ကြီးမားသော အမှားမျိုးကို ပြုလုပ်ခဲ့မိ၍ စစ်သည်တော်ဘဝမှသည် ယခုကဲ့သို့ ဦးချိုကျိုး ကျွန်ဘဝသို့ ရောက်ရှိခဲ့ရသနည်းဟူ၍ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤအချက်က သူတို့ကို ဈေးနှုန်းတိုးမြှင့် တောင်းခံနိုင်စေရန် အခွင့်အလမ်း ပေးလိုက်ခြင်းပင် ဖြစ်သည်။

တိုရေးက သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ... ငါ ဒါကို ယူမယ်၊ မိစ္ဆာကျောက်တုံး ဘယ်လောက်လဲ" ဟု မေးမြန်းလိုက်သည်။

မိစ္ဆာကျောက်တုံး ဟူသည်ကား သိုင်းဝိညာဉ်တိုက်ကြီးပေါ်ရှိ ဝိညာဉ်ကျောက်တုံးများနှင့် အလားသဏ္ဌာန်တူပြီး ၎င်းတို့ကိုလည်း အနိမ့်စား၊ အလယ်အလတ်စား၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ ခွဲခြားထားသည်။

"သခင်ကြီး တိုရေး... မြင်တဲ့အတိုင်းပါပဲ၊ ဒီဖုန်းက အစွမ်းထက်ပြီး သခင်ကြီးကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာပါ၊ အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်တုံးဆိုရင်တော့ အဆင်ပြေဆုံး ဈေးနှုန်းဖြစ်မှာပါ" ဟု ကျွန်ပိုင်ရှင်က ဖားချင်ယောင်ဆောင်ကာ ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက စိတ်ထဲကနေ ဈေးတွက်ကြည့်လိုက်ရာ အနိမ့်စား မိစ္ဆာကျောက်တုံး တစ်တုံးလျှင် ပေါက်စီတစ်လုံး ဝယ်ယူနိုင်ပြီး ကမ္ဘာမြေပေါ်ရှိ ငွေကြေး တစ်ယွမ်ခန့်နှင့် ညီမျှကာ၊ အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်တုံးမှာမူ ငွေသောင်းဂဏန်းခန့်နှင့် ညီမျှလှပေသည်

တစ်နည်းအားဖြင့် ပြောရသော် မိမိကဲ့သို့သော လူကို ငွေသောင်းဂဏန်းဖြင့် ဝယ်ယူနိုင်လျှင် အခြားသော ဦးချိုကျိုးများကိုမူ အလယ်အလတ်စား မိစ္ဆာကျောက်တုံး တစ်တုံးမျှဖြင့်သာ ဝယ်ယူနိုင်မည် ဖြစ်ချေသည်။

"ငါ့ကို ငွေတစ်သောင်းနဲ့ ရောင်းတယ်ပေါ့... မင်းတို့ တကယ် မျက်စိကန်းနေကြတာပဲ" ဟု ချင်ယွမ်ဖုန်းက စိတ်ထဲတွင် ကျိတ်၍ သက်ပြင်းချမိသည်။

တိုရေးက ခေါင်းညိတ်ကာ "ကောင်းပြီ... ဒီဈေးနဲ့ တန်ပါတယ်" ဟု ဆိုသည်။

သို့သော်လည်း ကျွန်ပိုင်ရှင်က ဝမ်းသာအားရ မဖြစ်ရသေးမီမှာပင် ချင်ယွမ်ဖုန်းက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ "မင်း ငါ့ကို ဝယ်ချင်ရင် သမီးလေးကိုပါ တစ်ပါတည်း ဝယ်ရမယ်" ဟု အပြတ်အသတ် ပြောဆိုလိုက်လေသည်။

ချင်ယွမ်ဖုန်းက ဘေးနားရှိ မေကို လက်ညှိုးညွှန်ပြလိုက်ရာ မေသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး မျက်လုံးအစုံ ပြူးကျယ်သွားရတော့သည်။

ဦးချိုကျိုးများအတွက် သခင်ကောင်းတစ်ယောက်၏ ထံပါးတွင် ခိုလှုံခွင့်ရခြင်းမှာ အလွန် ကံကောင်းသော အကြောင်းအရာတစ်ခု ဖြစ်နိုင်ပြီး အနည်းဆုံးတော့ ဗိုက်ပြည့်အောင် စားရကာ လုံခြုံသော နေရာတစ်ခု ရရှိနိုင်မည် ဖြစ်သည်။

အချို့သော သဘောကောင်းသည့် သခင်များဆိုလျှင် အမျိုးသား၊ အမျိုးသမီး ဦးချိုကျိုးများကို အိမ်ထောင်ပင် ချပေးတတ်ကြသေးသည် မဟုတ်လော။

All Chapters