← Chapters

အခန်း ၇၅၆

Vol. 37 Ch. 756

အခန်း ၇၅၆

Vol. 37 Ch. 756

အခန်း (၇၅၆)ဝိညာဉ်သခင်

"ဆင်းကြတော့။"

မြင်းရထား၏ လိုက်ကာကို ပင့်မြှောက်လျက် ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ဦးက အပြင်သို့ ထွက်ခွာရန် လူတိုင်းအား အမိန့်ပေးလိုက်ချေသည်။

ချင်ယွမ်ဖုန်းသည် မေ၏ လက်ကလေးကို ဆုပ်ကိုင်ထားရင်း ပတ်ဝန်းကျင်အား အကဲခတ်ကြည့်ရှုမိရာ ထိုနေရာသည် လူသူအရောက်အပေါက်နည်းပါးလှသော ဝေးလံခေါင်ဖျားသည့် လူနေရပ်ကွက်တစ်ခု ဖြစ်နေကြောင်း တွေ့ရှိရပေသည်။

မလှမ်းမကမ်းတွင်မူ ထောင်ထောင်မတ်မတ် ရှိနေသော မြို့ရိုးကြီးများကို မြင်တွေ့နေရရာ ယင်းနေရာသည် မြို့ရိုးခြေရင်းတွင် တည်ရှိနေခြင်း ဖြစ်တန်ရာသည်။

"ကဲ... ကြည့်မနေကြနဲ့တော့၊ မြန်မြန်လုပ်ကြ၊ ထိုသိုင်းပညာရှင်တွေ မကြာခင် လိုက်လာကြလိမ့်မယ်။"

ဝတ်ရုံနက်ဝတ်ဆင်ထားသော လူက ဆိုပြီးနောက် ခြံဝန်းတစ်ခုအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားချေသည်။

ထို့နောက်တွင်မူ မြင်းရထားသည် လိုက်လံဖမ်းဆီးမည့် သိုင်းပညာရှင်များကို လမ်းလွှဲခေါ်ဆောင်သွားရန် အလို့ငှာ ထိုနေရာမှ လျင်မြန်စွာ မောင်းနှင်ထွက်ခွာသွားတော့သည်။

အုပ်စုလိုက် အိမ်တွင်းသို့ ဝင်ရောက်သွားကြရာ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူက အတွင်းရှိ လူများအား မျက်ရိပ်ပြလိုက်ချေသည်။

ထိုအခါ အိမ်ပိုင်ရှင်ဖြစ်သူက ချင်ယွမ်ဖုန်းနှင့် အခြားသူများအား လျှို့ဝှက်မြေအောက်လမ်းတစ်ခုအတွင်းသို့ ဦးဆောင်ခေါ်ညှိသွားတော့သည်။

ထိုလျှို့ဝှက်လမ်းအတိုင်း ရေနွေးကြမ်းတစ်ခွက်စာ အချိန်ခန့် လျှောက်လှမ်းပြီးနောက်တွင်မူ သူတို့သည် ကျောက်ခဲအပျက်အစီးများ ပြည့်နှက်နေသော တောင်ခြေရင်းတစ်ခုသို့ ထွက်ပေါ်လာကြပေသည်။

မလှမ်းမကမ်းတွင် ဆီယာမြို့တော်ကြီး ရှိနေသည်ဖြစ်ရာ သူတို့သည် မြို့ပြင်သို့ အမှန်တကယ် ရောက်ရှိသွားကြပြီ ဖြစ်ချေသည်။

ဝတ်ရုံနက်ဝတ်ဆင်ထားသော လူအချို့က ချင်ယွမ်ဖုန်းနှင့် သူ၏ အဖော်များအား ကြိုတင်ပြင်ဆင်ထားသော အခြားမြင်းရထားတစ်စီးထံသို့ ခေါ်ဆောင်သွားပြီးနောက် မောင်းနှင်ထွက်ခွာခဲ့ကြပေသည်။

ချင်ယွမ်ဖုန်းသည် မိမိကိုယ်မိမိ တော်လှန်ရေးတပ်ဖွဲ့ဟု ခေါ်ဆိုကြသော အဆိုပါလူများအပေါ် လွန်စွာစိတ်ဝင်စားမိချေသည်။

ယခုတစ်ကြိမ် ကယ်ဆယ်ရေးကို ကြည့်ခြင်းအားဖြင့် သူတို့သည် စည်းကမ်းသေဝပ်မှု ရှိကြပြီး သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို လက်မခံသည့် စည်းမျဉ်းကို တိကျစွာ လိုက်နာကြကြောင်း သတိပြုမိပေသည်။

ထိုအခါမှသာ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူများသည် မိမိတို့၏ မျက်နှာဖုံးများကို ဖြည်းညှင်းစွာ ချွတ်ပယ်လိုက်ကြရာ ၎င်းတို့၏ ရုပ်သွင်အမှန်များ ထွက်ပေါ်လာတော့သည်။

ထိုမိစ္ဆာများသည် ဦးချိုကျိုးနေကြသူများ ဖြစ်ကြပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ် ရှိကြပေသည်။ ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်မှာ ၎င်းတို့ထဲတွင် အမျိုးသမီးတစ်ဦးပင် ပါဝင်နေခြင်း ဖြစ်ချေသည်။

ထို့ပြင် အဆိုပါအမျိုးသမီးသည် ထိုဝတ်ရုံနက်ဝတ်ဆင်ထားသော လူစုထဲတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်နေပေရာသည်။

"နှုတ်ခွန်းဆက်သပါတယ်၊ ငါကတော့ ဒီစစ်ဆင်ရေးရဲ့ တာဝန်ခံ ရှီလင် ဖြစ်ပါတယ်၊ သူတို့ကတော့ မိုရီ၊ ဖီဒီနဲ့ အိုဘားမားတို့ပါပဲ။" အစွမ်းထက်ဆုံး မိန်းကလေးက မိတ်ဆက် စကားဆိုချေသည်။

အတူတကွ လွတ်မြောက်လာကြသော အရိုးစုကဲ့သို့ ပိန်လှီလှသော လူအချို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြကြရင်း မိမိတို့၏ အမည်များကို ပြောကြားကြပေသည်။

"ဖုန်း။" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

ရှီလင်က ခေါင်းညိတ်လျက် "ငါတို့ မင်းကို သတိထားမိနေတာ ကြာပါပြီ၊ မင်းက အရင်က သိုင်းပညာရှင်တစ်ယောက်လို့ ကြားသိရတယ် ဟုတ်လား။"

ချင်ယွမ်ဖုန်းကမူ ရေမွန်အဘိုးအိုက အခြေအနေအားလုံးကို ပြောပြပြီးဖြစ်၍ မိမိအနေဖြင့် ထပ်မံပြောကြားရန် မလိုတော့ဟု ယူဆကာ ဆိတ်ဆိတ်သာ နေလိုက်ချေသည်။

"မင်း အရင်က ဘယ်သူပဲဖြစ်ဖြစ် အခု ငါတို့ ကယ်ထုတ်လာပြီဆိုမှတော့ မင်းဟာ တော်လှန်ရေးအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီ၊ အစွမ်းထက်တဲ့ အပေါင်းအဖော်တွေကို ငါတို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။" ရှီလင်က သူမ၏ လက်ကို ကမ်းပေးလိုက်သည်။

ချင်ယွမ်ဖုန်းကမူ ရှီလင်၏ လက်ကို ပြန်လည်ဆုပ်ကိုင်ခြင်း မပြုဘဲ "ငါ အဖွဲ့ထဲမဝင်ဘူးဆိုရင်ကော။" ဟု မေးမြန်းလိုက်ချေသည်။

"အဖွဲ့ထဲမဝင်ဘူး ဟုတ်လား။" မိုရီက နှာခေါင်းရှုံ့လျက် "ငါတို့ မင်းကို ကယ်တင်ခဲ့တာလေ၊ မင်း ဘယ်ကို သွားနိုင်မယ် ထင်လို့လဲ၊ မင်း အခု ထွက်သွားရင်တောင် အလိုရှိ အကျဉ်းသား ဖြစ်နေမှာပဲ။"

ဖီဒီနှင့် အိုဘားမားတို့သည်လည်း ချင်ယွမ်ဖုန်း၏ သဘောထားအပေါ် လွန်စွာမကျေမနပ် ဖြစ်သွားကြသော်လည်း ရှီလင်တစ်ဦးတည်းသာ ချင်ယွမ်ဖုန်းကို စိတ်ဝင်တစား စိုက်ကြည့်နေချေသည်။

"မင်း အလွန်အစွမ်းထက်မှန်း ငါသိပါတယ်၊ ဒါပေမဲ့ မင်းက အရင်က သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့ဖူးတာဆိုတော့ ထိုတပ်မှူးကြီးတွေနဲ့ ယှဉ်ရင် မင်းလို အစွမ်းထက်တဲ့သူတောင် ဘယ်လောက်အထိ အားနည်းတယ်ဆိုတာ သိသင့်တာပေါ့၊ ဒါကြောင့် မင်း လက်ရှိအခြေအနေမှန်ကို သိစေချင်တယ်၊ အခုအချိန်မှာ မင်းဟာ ဦးချိုကျိုးတစ်ယောက်မျှသာ ဖြစ်တယ်လေ။"

ရှီလင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းကမူ အပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့သည် မည်သည့်အရပ်မျက်နှာသို့ ဦးတည်မောင်းနှင်နေသည်ကို မသိရှိရပေ။

"မင်းတို့ကိုယ်မင်းတို့ တော်လှန်ရေးတပ်ဖွဲ့လို့ ခေါ်ဆိုနေကြမှတော့ မင်းတို့ရဲ့ ရည်မှန်းချက်က ဘာလဲ။" ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

"မင်းက သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီးတော့ တော်လှန်ရေးအဖွဲ့က ဘာလုပ်လဲဆိုတာ မသိဘူးလား။" မိုရီက နှစ်ကြိမ်မျှ လှောင်ပြုံး ပြုံးလိုက်ချေသည်။

ရှီလင်က မိုရီအား စိုက်ကြည့်ကာ တားမြစ်လိုက်ပြီးနောက် ချင်ယွမ်ဖုန်းအား နူးညံ့သောအမူအရာဖြင့် ကြည့်ရှုလျက် "ငါ့အနေနဲ့ အဖွဲ့ဝင်အသစ်တွေကို ရှင်းပြရမှာပဲမို့ ငါတို့ တော်လှန်ရေးအဖွဲ့အကြောင်း ပြောပြပါရစေ။"

"တော်လှန်ရေးအဖွဲ့မှာ နှစ်ပေါင်းတစ်ရာကျော် သမိုင်းကြောင်း ရှိခဲ့တယ်၊ ငါတို့ထဲက အများစုဟာ ဦးချိုကျိုးတွေ ဖြစ်ကြပေမဲ့ ကောင်းမွန်တဲ့ စိတ်ထားရှိကြတဲ့ မှူးမတ်အချို့၊ သာမန်လူတန်းစားတွေနဲ့ အစွမ်းထက်တဲ့သူတွေလည်း ငါတို့နဲ့ ပူးပေါင်းပြီး ငါတို့ရဲ့ လမ်းစဉ်ကို ထောက်ခံခဲ့ကြတယ်။"

"ငါတို့ရဲ့ အဓိကတာဝန်ကတော့ ဖိနှိပ်ခံနေရတဲ့ ဦးချိုကျိုးတွေကို လွတ်မြောက်အောင် လုပ်ပေးဖို့၊ ကိုယ်ပိုင်တပ်မတော် ဖွဲ့စည်းဖို့နဲ့ ကျွန်စနစ်ကို ဖျက်သိမ်းဖို့ပဲ၊ ငါတို့ဟာ ဒီရည်မှန်းချက်အတွက် အမြဲတစေ ကြိုးပမ်းနေကြတာ ဖြစ်တယ်။"

ရှီလင်က တည်ငြိမ်စွာ ရှင်းပြချေသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း "သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကို ငြင်းပယ်တာကမှ မင်းတို့ပြောတဲ့ ကယ်ဆယ်ခြင်းလား။"

ထိုစကားကို ကြားရလျှင် မိုရီသည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကာ "မင်း ဘာပြောလိုက်တာလဲ။"

မေသည် အနည်းငယ် ကြောက်ရွံ့သွားကာ ချင်ယွမ်ဖုန်း၏ အနီးသို့ တိုးကပ်လာသော်လည်း ချင်ယွမ်ဖုန်းကမူ တည်ငြိမ်လျက်ပင် ရှိနေပေသည်။

"ဒါ အမှန်တရား မဟုတ်ဘူးလား၊ မင်းတို့ သက်ကြီးရွယ်အိုတွေကို ငြင်းပယ်ခဲ့တာ ငါကိုယ်တိုင် မြင်ခဲ့တယ်၊ ငါသာ မရှိရင် မေလည်း ဒီကို ရောက်လာမှာ မဟုတ်ဘူး။" ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။

ရှီလင်က ခေါင်းညိတ်လျက် "ဒီလိုလုပ်တာက ငါတို့ရဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်မှန်း ငါသိပါတယ်၊ ဒါပေမဲ့ လောလောဆယ်မှာ ငါတို့ရဲ့ အင်အားက မလုံလောက်သေးသလို ရိက္ခာလည်း အများကြီး မရှိဘူး၊ နောက်နောင်မှာ ဦးချိုးကျိုးတွေကို ပိုပြီး ကယ်တင်နိုင်ဖို့အတွက် အသုံးဝင်မယ့်သူတွေကိုပဲ အရင်ဆုံး စည်းရုံးသိမ်းသွင်းရတာ ဖြစ်တယ်။"

"အဲ့လူတွေ လွတ်မြောက်သွားရင်တောင် ငါတို့က လက်မခံရင် သူတို့ ဘယ်ကို သွားကြမလဲ၊ ဓားပြတွေ ဖြစ်သွားကြမှာလား၊ ဦးချိုကျိုး အများအပြားဟာ အပြင်မှာ ဓားပြတွေ ဖြစ်ကုန်ကြမှန်း ငါသိတယ်၊ ဒါပေမဲ့ အသက်ရှင်သန်ဖို့အတွက် သူတို့ဟာ အရပ်သားတွေကို လုယက်တာ၊ သတ်ဖြတ်တာနဲ့ ခိုးယူတာတွေ လုပ်ကြရတယ်၊ အဲဒီလိုဖြစ်မယ့်အစား သူတို့ အကျဉ်းချခံထားရတာကမှ အနည်းဆုံးတော့ လူကောင်းအဖြစ် ရှိနေနိုင်ဦးမယ်။

ချင်ယွမ်ဖုန်းသည် သူမနှင့် ထပ်မံအငြင်းပွားခြင်း မပြုတော့ပေ၊ အချို့သောအရာများသည် အမှားအမှန် ခွဲခြားရန် ခက်ခဲလှပေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းအနေဖြင့် အရေးကြီးသော သတင်းအချက်အလက်အချို့ကိုမူ ရရှိလိုက်ပေသည်။

ဦးချိုကျိုးအချို့သည် ကျွန်ဖြစ်မသွားဘဲ ဓားပြများ ဖြစ်လာကြသည် ဖြစ်ရာ ဦးချိုကျိုးများအတွက် ဓားပြဖြစ်လာခြင်းသည်လည်း လျှောက်လှမ်းနိုင်သည့် လမ်းစတစ်ခု ဖြစ်ဟန်တူပေသည်။

ချင်ယွမ်ဖုန်း ဆိတ်ဆိတ်နေသည်ကို မြင်လျှင် မိုရီနှင့် အခြားသူများသည် မိမိတို့ အနိုင်ရရှိသွားသည့်အလား မောက်မာသောအမူအရာများ ပြသလာကြချေသည်။

"ဒါဆို နောက်ထပ် မင်းတို့ ဘာအစီအစဉ် ရှိလဲ။" ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

ရှီလင်က ချင်ယွမ်ဖုန်းသည် မိမိတို့အား အသိအမှတ်ပြုပြီး အဖွဲ့ဝင်ဖြစ်ရန် သဘောတူလိုက်ပြီဟု ယူဆကာ ခေါင်းညိတ်လျက် "ဒါပေါ့... ငါတို့ ဦးချိုကျိုးတွေကို ဆက်ပြီး ကယ်တင်ရမယ်၊ လူအင်အား ပိုရလာမှ ထိုသိုင်းပညာရှင်တွေကို တော်လှန်ပုန်ကန်နိုင်မယ့် အင်အား ရှိလာမှာ။"

"ကောင်းပြီ။" ချင်ယွမ်ဖုန်းက ထပ်မံ၍ စကားမဆိုတော့ပေ။

မြင်းရထားသည် လမ်းမကြီးအတိုင်း မသွားဘဲ လူသူကင်းဝေးသော လမ်းကြားများအတိုင်း မောင်းနှင်ခဲ့ရာ ရက်အနည်းငယ်အကြာတွင် တောင်ကြီးတစ်လုံး၏ ခြေရင်းသို့ ရောက်ရှိလာကြပေသည်။

"ကဲ... ရထားပေါ်က ဆင်းကြစို့၊ ဒီကနေစပြီး လမ်းလျှောက်ရမယ်၊ ရထားက အပေါ်ကို တက်လို့မရဘူး။" ရှီလင်က ပြုံးလျက် ဆိုသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှီလင်သည် လူတိုင်းအား ရိက္ခာများ ဝေငှပေးခဲ့သော်လည်း အစားအစာတစ်ခုစီသည် ကောက်ညှင်းမုန့်ကဲ့သို့ သေးငယ်လှပြီး နူးညံ့ စေးကပ်ကာ မည်သည့်အရသာမျှ မရှိပေ။

ယင်းသည် မိစ္ဆာနယ်မြေတွင် အသုံးအများဆုံး ရိက္ခာခြောက်ဖြစ်သော ကောက်ညှင်းလုံးများ ဖြစ်ကြပြီး ရှန်းဝူ စကြဝဠာ တိုက်ကြီးရှိ ပေါက်စီများနှင့် ဆင်တူပေသည်။

ထိုလူစုသည် လျှို့ဝှက်လမ်းအတိုင်း လျှောက်လှမ်းကာ တောင်ထိပ်သို့ တက်လှမ်းခဲ့ကြပေသည်။ ကယ်ထုတ်လာသော ဦးချိုကျိုးအချို့မှာမူ မောဟိုက်လျက် အမောဖြေရန် ရပ်နားကြရပေရာ ထိုတောင်ကို တက်ရခြင်းမှာ လွယ်ကူလှသည် မဟုတ်ချေ။

ဆန့်ကျင်ဘက်အားဖြင့်မူ ချင်ယွမ်ဖုန်းသည် မေအား ကျောပိုးထားသည့်တိုင် လမ်းတစ်လျှောက်လုံး၌ ချွေးတစ်စက်မျှပင် ထွက်ခြင်းမရှိပေ။

ရှီလင်သည် ယခုတစ်ကြိမ် ခေါ်ဆောင်လာသောသူမှာ သာမန်လူ မဟုတ်ကြောင်း သိရှိသွားသဖြင့် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းမြောက်နေမိချေသည်။

ချင်ယွမ်ဖုန်းသည် တောင်ကို အမှီပြု၍ တည်ဆောက်ထားသော တော်လှန်ရေးတပ်ဖွဲ့၏ ဌာနချုပ်ကို ကြည့်ရှုလိုက်ရာ ယင်းသည် ကမ္ဘာမြေရှိ ရုပ်မြင်သံကြားများတွင် မြင်တွေ့ဖူးသော ဓားပြစခန်းများနှင့် အလွန်တူလှပေသည်။

စခန်းအပြင်ဘက်တွင် ဦးချိုကျိုး အစောင့်အရှောက်အချို့ ရှိနေသော်လည်း ၎င်းတို့၏ စောင့်ကြပ်မှုမှာ လွန်စွာ ပေါ့လျော့နေပေသည်။

သူသည် မျက်မှောင်ကြုတ်မိရုံမှတစ်ပါး အခြားမရှိတော့ချေ၊ ဤမျှလောက်သော အင်အားဖြင့် မင်းသား၏ သိုင်းပညာရှင်များကို တော်လှန်ရန် ကြိုးပမ်းခြင်းမှာ လွန်စွာ အလှမ်းဝေးလှသော စိတ်ကူးယဉ်မှုမျှသာ ဖြစ်ပေတော့သည်။

All Chapters