← Chapters

အခန်း ၇၆၂

Vol. 37 Ch. 762

အခန်း ၇၆၂

Vol. 37 Ch. 762

အခန်း (၇၆၂) စမ်းသပ်မှု

မေသည် ခေါင်းညိတ်ပြလိုက်သော်လည်း မည်သည့်စကားမျှ မဆိုချေ။

မကြာမီအချိန်အတွင်း တောင်စောင်းကို နောက်ခံပြုထားသည့် ညီညာသော မြေကွက်လပ်တစ်ခုကို သူတို့ မြင်တွေ့လိုက်ရရာ ယင်းကား ချင်ယွမ်ဖုန်း ပြောဆိုခဲ့သော အနားယူနိုင်မည့် နေရာပင် ဖြစ်တော့သည်။

“ကဲ... ဒီနေရာမှာပဲ အနားယူကြတာပေါ့၊ မိုးလည်း ချုပ်လုနီးပြီဆိုတော့ ငါနဲ့အတူ စားစရာသွားရှာဖို့ လူနှစ်ယောက်လောက် လိုမယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

ချင်ယွမ်ဖုန်း၏ စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ယခင်က သူ့နောက်သို့ လိုက်ပါရန် ငြင်းဆန်ခဲ့ကြသော ဦးချိုကျိုး တစ်ပါးကျွန်းသား မိစ္ဆာများသည် အမောတကော အသက်ရှူရင်း၊ မျက်နှာများ ဖြူလျော်လျက် ရှေ့သို့ အလုအယက် ပြေးဝင်လာကြလေသည်။

“အရှင်သခင်... တကယ်ပဲ မိစ္ဆာသားရဲတွေ ရှိနေတာပါလား၊ အထဲကတစ်ယောက်ဆိုရင် အဲဒီသားရဲတွေရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပါပြီ” ဟု မိစ္ဆာသတ္တဝါတစ်ကောင်က ချင်ယွမ်ဖုန်းအနီးသို့ ချဉ်းကပ်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုရှာသည်။

ချင်ယွမ်ဖုန်းသည် ထိုတစ်ပါးကျွန်းသား မိစ္ဆာကို တစ်ချက်ကြည့်လိုက်ပြီး “ငါ မင်းတို့ကို အရင်ကတည်းက သတိပေးခဲ့သားပဲ၊ ဒါပေမဲ့ မင်းတို့က ငါ့စကားကို နားမထောင်ခဲ့ကြဘူး၊ နောက်တစ်ကြိမ် ထပ်ဖြစ်ရင်တော့ ငါ မင်းတို့ကို ထပ်ပြီး လက်ခံပေးမှာ မဟုတ်ဘူး” ဟု မိန့်ဆိုလိုက်ချေသည်။

ကျန်ရှိနေသော မိစ္ဆာ တစ်ဆယ်ကျော်တို့သည် ရှက်ကိုးရှက်ကန်းဖြစ်ကာ မျက်နှာများ ပူထူသွားကြရသည်။ သူတို့သည် ကြိုတင်သတိပေးခြင်း ခံခဲ့ရပါလျက်နှင့် ထိုစေတနာကို အသိအမှတ်မပြုခဲ့မိကြပေ။

ထိုသို့သော အခြေအနေမျိုးတွင်ပင် သူတို့အား ထပ်မံလက်ခံပေးသေးသဖြင့် လွန်စွာမှပင် ကျေးဇူးတင်ရှိနေကြတော့သည်။

“ကျေးဇူးကြီးလှပါတယ် သခင်ကြီး၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု လူအများက ကျေးဇူးတင်စကား ဆိုကြရင်း ညီညာသော မြေကွက်လပ်ထဲသို့ ဝင်ရောက်လာကြ၏။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်မိသည်။ သူတို့အား တစ်စတစ်စချင်းစီ သွန်သင်ဆုံးမရပေဦးမည်။

တောင်ပေါ်စခန်းသို့ ရောက်ရှိရန် ရက်ပေါင်းများစွာ လိုအပ်နေသေးသဖြင့် လမ်းခရီးတစ်လျှောက်တွင်ပင် စတင်သင်ကြားပြသပေးခြင်းက ပိုမိုကောင်းမွန်ပေရာ သို့မှသာ ပြန်လည်ရောက်ရှိချိန်တွင် ယခုကဲ့သို့ အသက်မပါသလို နာလန်မထူနိုင်သည့် အခြေအနေမျိုးမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

ကယ်တင်ခြင်း ခံလိုက်ရသော ဦးချိုကျိုး ၃၆ ယောက်အနက် ၃၅ ယောက် ကျန်ရှိနေသေးချေသည်။

“မင်းတို့အားလုံး ငါ့နောက်ကို လိုက်လာကြပြီဖြစ်တဲ့အတွက် မင်းတို့ဟာ ဦးချိုကျိုး တွေ မဟုတ်ကြတော့ဘူး၊ မင်းတို့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်အောင် သင်ယူရမယ်၊ ပြီးတော့ ပြန်လည်တိုက်ခိုက်ဖို့လည်း သင်ယူရမယ်”

ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးစွာ ပြောကြားလိုက်ပြီး “ငါ အစားအစာ သွားရှာဖို့အတွက် ကူညီပေးမယ့်လူ နှစ်ယောက် လိုတယ်” ဟု ဆက်လက်ဆိုသည်။

ထိုအခါ ယခင်က ချင်ယွမ်ဖုန်းအား ရေတိုက်ခဲ့ဖူးသော မိစ္ဆာမလေးသည် မတ်တတ်ထရပ်လိုက်၏။ သူမသည် သူမ၏ ခါးနှင့် ရင်ဘတ်ကိုသာ ဖုံးကွယ်ထားသည့် သားရေစ နှစ်ခုကိုသာ ဝတ်ဆင်ထားရှာသည်။

ရေရှည်အာဟာရချို့တဲ့မှု ခံစားခဲ့ရသော်လည်း သူမ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုမှာ အသင့်အတင့် ရှိနေဆဲဖြစ်ရာ လူသားတို့၏ စံနှုန်းနှင့် တိုင်းတာလျှင်ပင် လှပသော အမျိုးသမီးတစ်ဦး ဖြစ်တန်ရာသည်။

သူမ၏ ဦးခေါင်းပေါ်ရှိ ကျိုးပဲ့နေသော ဦးချိုနှစ်ခုက သူမအား တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိသော အသွင်ကို ဆောင်နှင်းပေးထား၏။

“နောက်ထပ် တစ်ယောက်ပေါ့” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ထပ်မံဆိုသည်။

ထိုအချိန်တွင် အခြားသော မိစ္ဆာအမျိုးသားတစ်ဦး မတ်တတ်ထရပ်ပြန်သည်။

ထိုမိစ္ဆာသည် တော်တော်ပင် သန်မာထွားကျိုင်းသော်လည်း ရေရှည်ငတ်မွတ်ခဲ့ရမှုကြောင့် အနည်းငယ် အားအင်ချိနဲ့နေပုံရသည်။

“ကောင်းပြီ၊ မင်းတို့နှစ်ယောက် ငါ့နောက်ကို လိုက်ခဲ့ကြ၊ ဒါပေမဲ့ ငါတို့ စားစရာရှာလို့ မတွေ့မချင်းနဲ့ ပြန်မရောက်မချင်း၊ မင်းတို့ထဲက တစ်ယောက်က ကင်းလှည့်ဖို့ တာဝန်ကို ယူရမယ်”

ဟု ချင်ယွုန်းဖုန်းက အေးဆေးစွာ ဆိုလိုက်ချေသည်။

ကျန်ရှိနေသော မိစ္ဆာများသည် ဘာလုပ်ရမှန်းမသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတော့သည်။

ချင်ယွမ်ဖုန်းသည် အနီးနားရှိ သစ်ပင်တစ်ပင်ဆီသို့ လျှောက်လှမ်းသွားပြီး တုတ်ခိုင်သော သစ်ကိုင်း တစ်ဆယ်ကျော်ကို ချိုးဖဲ့ကာ မြေပြင်ပေါ်သို့ ချထားလိုက်သည်။

“မင်းတို့ သုံးယောက်... တစ်ယောက်ကို သစ်သားတုတ်တစ်ချောင်းစီယူပြီး မီတာတစ်ဆယ်အကွာမှာ ကင်းလှည့်ကြ၊ အန္တရာယ်တစ်ခုခုတွေ့ရင် ချက်ချင်း အကူအညီတောင်းပြီး အန္တရာယ်ကို အတူတူ တိုက်ခိုက်ကြရမယ်” ဟု ချင်ယွမ်ဖုန်းက မိစ္ဆာအမျိုးသား သုံးဦးကို ကျပန်းရွေးချယ်ကာ စေခိုင်းလိုက်သည်။

“မင်းတို့လည်း ခဏနေရင် အဲဒီလူတွေနေရာမှာ အစားထိုးလဲလှယ်ရမယ်၊ ကျန်တဲ့လူတွေကလည်း အလှည့်ကျ ဆက်ပြီး လဲလှယ်သွားကြ” ဟု ချင်ယွမ်ဖုန်းက မိစ္ဆာအမျိုးသားအားလုံးကို ခေါ်ယူ၍ မှာကြားလိုက်၏။

မိစ္ဆာများသည် ခေါင်းညိတ်ပြကြပြီး မြေပြင်ပေါ်ရှိ သစ်သားတုတ်များကို ကောက်ယူလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် ထူးခြားသော ခံစားချက်တစ်ခုကို ခံစားလိုက်ကြရတော့သည်။

“အရှင်သခင်... နောက်ထပ် မိစ္ဆာသားရဲတွေ ထပ်ရှိနေဦးမလား” ဟု မိစ္ဆာတစ်ကောင်က မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ပြီး “ဒီအနီးအနားမှာတော့ မိစ္ဆာသားရဲတွေ မရှိပါဘူး၊ ဒါပေမဲ့ ရုတ်တရက် ပြေးဝင်လာနိုင်ခြေ ရှိတာကိုတော့ လျှော့တွက်လို့မရဘူး၊ မိစ္ဆာသားရဲတွေအပြင် လွန်စွာ အန္တရာယ်များတဲ့ စပါးအုန်းမြွေကြီးတွေလို တောရိုင်းတိရစ္ဆာန်တွေလည်း ရှိနေနိုင်သေးတယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

မိစ္ဆာများသည် လေးလံသော စိတ်အခြေအနေဖြင့် ခေါင်းညိတ်ကြရှာသည်၊ အကြောင်းမူကား သူတို့သည် အမြဲတစေ ကုန်စည်များအဖြစ်သာ ရှင်သန်ခဲ့ရသဖြင့် ယခုကဲ့သို့သော အလုပ်မျိုးကို တစ်ခါမျှ မလုပ်ဆောင်ခဲ့ဖူးကြပေ။

“အမျိုးသမီးတွေကတော့ မီးမွှေးဖို့ ထင်းကောက်တဲ့ တာဝန်ကို ယူရမယ်၊ တောသီးတောနှံ ဒါမှမဟုတ် တောဟင်းသီးဟင်းရွက်တွေ တွေ့ရင်လည်း ဆွတ်ခူးနိုင်တယ်၊ ဒါပေမဲ့ အရမ်း ဝေးဝေးလံလံတော့ မသွားကြနဲ့” ဟု ချင်ယွမ်ဖုန်းက မိစ္ဆာအမျိုးသမီးများကို မှာကြားလိုက်ချေသည်။

သူမတို့အားလုံးက ခေါင်းညိတ်ပြကြ၏။

ထိုအရာအားလုံးကို ရှင်းလင်းမှာကြားပြီးနောက် ချင်ယွမ်ဖုန်းသည် မေနှင့်အတူ ထိုတစ်ပါးကျွန်းသား မိစ္ဆာနှစ်ဦးကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့ပြီး မကြာမီအတွင်း သစ်တောအုပ်ကြီးထဲသို့ ပျောက်ကွယ်သွားကြတော့သည်။

“ဒါက တော်လှန်ပုန်ကန်ခြင်း ဆိုတာလား” ဟု မိစ္ဆာတစ်ကောင်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ချင်ယွမ်ဖုန်းက ပထမဆုံး ခေါ်ထုတ်သွားခဲ့သော မိစ္ဆာသုံးဦးသည် ဝန်လေးသော စိတ်ဖြင့် မီတာတစ်ဆယ်အကွာသို့ လျှောက်လှမ်းသွားကြပြီး ယပ်တောင်ပုံသဏ္ဌာန် ဖြန့်ကျက်ကာ ကင်းလှည့်ခြင်းကို စတင်လိုက်ကြသည်။

အကြောင်းမှာ သူတို့၏ နောက်ကွယ်တွင် တောင်နံရံကြီး ရှိနေသဖြင့် နောက်ကျောဘက်မှ ရန်သူကို ကာကွယ်ရန် မလိုအပ်သောကြောင့် ဖြစ်ပေသည်။

ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် ထိုတစ်ပါးကျွန်းသား မိစ္ဆာတစ်စုကို အစဉ်မပြတ် စောင့်ကြည့်နေခဲ့ရာ ယင်းသည် သူတို့အတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပေသည်။

“မင်းတို့ နာမည်တွေက ဘယ်လိုခေါ်လဲ” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။

“ကျွန်မနာမည်က အိုင်နာ ပါ” ဟု မိစ္ဆာမလေးက ဆိုသည်။

“အရှင်သခင်... ကျွန်တော့်နာမည်ကတော့ ဟော ပါ” ဟု မိစ္ဆာအမျိုးသားက ဆိုလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး “ငါ့နောက်ကို သေချာလိုက်ခဲ့ကြ၊ နောက်ကျမကျန်ခဲ့စေနဲ့၊ မဟုတ်ရင် ငါ မင်းတို့ကို မစောင့်ရှောက်နိုင်ဘဲ နေလိမ့်မယ်” ဟု မှာကြားလိုက်သည်။

သူတို့သည် သစ်တောနက်ထဲသို့ ဝင်ရောက်လာကြရာ ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားက မိစ္ဆာသားရဲအချို့ကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်ချေသည်။

ထိုမိစ္ဆာသားရဲများသည် ထူးခြားချက်တစ်ခုတည်းသာ ရှိကြရာ ယင်းကား ကြီးမားထွားကျိုင်းလှခြင်းပင် ဖြစ်သည်။

မိစ္ဆာသားရဲတစ်ကောင်သည် လူသုံးဆယ်ကျော်ကို ကျွေးမွေးရန် လုံလောက်လှပေသည်။

မကြာမီအချိန်အတွင်း သူတို့သည် ဆင်တစ်ကောင်ထက်ပင် ကြီးမားသော သတ္တဝါကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရတော့သည်။

“သခင်ကြီး... ဒါက သခင်ကြီးပြောတဲ့ စားစရာလားခင်ဗျာ” ဟု ဟောက မျက်လုံးအစုံ ပြူးကျယ်လျက် မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်၊ ငါ အဲဒီမိစ္ဆာသားရဲကို အမဲလိုက်တော့မယ်၊ မင်းတို့က ဘေးကနေ သေချာကြည့်ထားကြ၊ နောက်ကျရင် ငါ မင်းတို့ကို အမဲလိုက်နည်းတွေ သင်ပေးမယ်” ဟု ဆိုလိုက်၏။

ထိုသို့ ပြောဆိုပြီးနောက် ချင်ယွမ်ဖုန်းသည် မေ၏ လက်ကို ဖွဖွပုတ်လိုက်ပြီးနောက် ရှေ့သို့ လွှားကနဲ ခုန်ထွက်သွားခဲ့သည်။

သူသည် သစ်ပင်များနှင့် အရိပ်များကို အသုံးချကာ ထိုသတ္တဝါကြီးထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားသော်လည်း ထိုသတ္တဝါကြီးမှာမူ ယင်းနေရာတွင်ပင် အေးအေးလူလူ ဆက်လက်ရပ်တန့်နေဆဲ ဖြစ်သည်။

ယင်းကား ချင်ယွမ်ဖုန်းက အိုင်နာနှင့် ဟောတို့အား မည်ကဲ့သို့ အမဲလိုက်ရမည်ကို သရုပ်ပြသနေခြင်းသာ ဖြစ်ပေသည်၊ အကယ်၍ သူတစ်ယောက်တည်းသာ ဆိုပါက ယခုကဲ့သို့ အလုပ်ရှုပ်ခံနေမည် မဟုတ်ချေ။

မကြာမီအတွင်း ချင်ယွမ်ဖုန်းသည် ထိုအဆင့်နိမ့် မိစ္ဆာသားရဲအနီးသို့ ရောက်ရှိသွားပြီး ရုတ်တရက် ဝုန်းကနဲ ခုန်တက်ကာ သူ၏ လက်သီးဖြင့် သားရဲကြီး၏ ဦးခေါင်းကို အရှိန်အဟုန်ဖြင့် ထုနှက်လိုက်တော့သည်။

ပြင်းထန်သော မြည်ဟီးသံနှင့်အတူ ထိုသတ္တဝါကြီးသည် မြေပြင်ပေါ်သို့ လဲပြိုကျသွားပြီး ၎င်း၏ ဦးနှောက်များပါ လွင့်စင်ထွက်သွားရရာ ထိုမြင်ကွင်းကြောင့် အိုင်နာနှင့် ဟောတို့မှာ ကျောချမ်းသွားကြရတော့သည်။

ချင်ယွမ်ဖုန်းက သူတို့အား လက်ဟန်ပြကာ ခေါ်ယူလိုက်၏။

“သေချာကြည့်ထားကြ၊ မိစ္ဆာသားရဲရဲ့ အရေခွံမှာ အကြေးခွံတွေ ပါနေတဲ့အတွက် စားလို့မရဘူး၊ ဒါပေမဲ့ ဒါကို အဝတ်အစားလုပ်ဖို့ အသုံးချလို့ရတယ်...” ဟု ဆိုကာ ချင်ယွမ်ဖုန်းသည် ထိုသတ္တဝါကြီးကို ဗလာလက်ဗလာဖြင့် စတင် ခုတ်ထွင် ဖယ်ရှားရင်း အိုင်နာနှင့် ဟောတို့ကို ရှင်းလင်းပြသပေးလေသည်။

သို့သော်လည်း သူ၏ လက်များကို အသုံးပြုခြင်းက အဆင်မပြေလှသဖြင့် ချင်ယွမ်ဖုန်းသည် မိစ္ဆာသားရဲ၏ အရိုးတစ်ချောင်းကို ထုတ်ယူကာ ထိုနေရာရှိ ကျောက်ခဲတစ်လုံးဖြင့် သွေးပြီး သုံးရလွယ်ကူသော ဓားမြှောင်တစ်စင်းအဖြစ် ပြုလုပ်လိုက်သည်။

မိစ္ဆာသားရဲများ၏ အရိုးများသည် သစ်သားတုတ်များထက် များစွာ ပိုမိုခိုင်မာလှသဖြင့် လက်နက်အဖြစ် ပြုလုပ်သုံးစွဲပါက လွယ်လွယ်ကူကူ ပျက်စီးသွားခြင်း မရှိပေ။

ထို့ကြောင့် ချင်ယွုန်းဖုန်းသည် အိုင်နာနှင့် မေတို့အတွက် အရိုးဓားမြှောင် တစ်စင်းစီ ပြုလုပ်ပေးလိုက်ပြီး ဟောအတွက်မူ လက်နက်အဖြစ် သုံးစွဲနိုင်ရန် အရိုးလှံတစ်စင်း ပြုလုပ်ပေးလိုက်ချေသည်။

ကြီးမားလှသော သတ္တဝါကြီးကို လျင်မြန်စွာပင် ဖယ်ရှားစိပ်ဖြာပြီးစီးသွားခဲ့သည်။ ချင်ယွမ်ဖုန်းသည် အိုင်နာနှင့် မေတို့အတွက် ဝတ်ဆင်ရန် အနေတော်ဖြစ်သော ဝတ်စုံနှစ်စုံကိုပင် ပြုလုပ်ပေးခဲ့သေးရာ ယင်းဝတ်စုံများတွင် အရေးကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို အကြေးခွံများဖြင့် ကာကွယ်ပေးထား၏။

“ကဲ... ငါတို့ ပြန်ကြစို့” ဟု ဆိုကာ ချင်ယွမ်ဖုန်းသည် မိစ္ဆာသားရဲ၏ အသားများကို သူ၏ ပုခုံးပေါ်သို့ လွယ်ကူစွာပင် ထမ်းတင်လိုက်ရင်း ပေါ့ပါးစွာ ပြောဆိုလိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်မိသွားတော့သည်။

တစ်ချိန်တည်းမှာပင် စခန်းချရာနေရာ၌ မိစ္ဆာအမျိုးသမီးများသည် အုပ်စုလိုက် ထင်းကောက်ရန်နှင့် တောသီးတောနှံများ ရှာဖွေရန် ထွက်ခွာသွားကြသော်လည်း မိစ္ဆာအမျိုးသားတစ်ဦး၏ စိတ်ထဲတွင်မူ ယုတ်မာသော ရမ္မက်ဆန္ဒတစ်ခု နိုးထလာခဲ့ချေသည်။

သူသည် အခြားသော တစ်ပါးကျွန်းသား မိစ္ဆာမလေးတစ်ဦး တစ်ယောက်တည်း တစ်ဦးတည်းသော လမ်းကြောင်းတစ်ခုသို့ လျှောက်လှမ်းသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် လျင်မြန်စွာပင် ထွက်ခွာ၍ သူမ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်လံလေတော့သည်။

All Chapters